← Chapters

ဂြိုလ်သား - ၂

Vol. 12 Ch. 167

ဂြိုလ်သား - ၂

Vol. 12 Ch. 167

အခန်း (၁၆၇) ဂြိုလ်သား - ၂

"မင်းနေထိုင်တဲ့ကမ္ဘာက ဂိမ်းတစ်ခုပဲ။ ငါက ကစားသမားတစ်ယောက်ပဲ…”

သူ ထိတ်လန့်တုန်လှုပ်သွားရသည်က၊ Electrolux သည် သူပြောရန် ကြိုးစားသမျှက ပေါက်ကရများသာ ဖြစ်သွားသည်ကို သဘောပေါက်သွားသည်။ ကြိုးစားမှုကို အရှုံးမပေးလိုသော်လည်း လက်တွေ့ကမ္ဘာနှင့် ပတ်သက်သည့် အချက်အလက်များကို ထုတ်ဖော်လိုပါက စနစ်က သူ့စကားလုံးများကို ပြောင်းလဲလိမ့်မည်ဖြစ်ကြောင်း သူသဘောပေါက်သွားသည်။

ဆိုက်ဘာလော့စ်က ခေါင်းယမ်းသည်။ "ဒါဟာ စိတ်ညှို့ဓာတ်မှတ်တမ်းနဲ့ အတူတူပါပဲ၊ အားလုံးဟာ အဓိပ္ပါယ်မရှိဘူး"

NPC သည် ကစားသမားတစ်ဦး၏ ထူးခြားမှုကို ပြောပြနိုင်သည်ကို Electrolux က အံ့သြသွားခဲ့သည်။ ပိုမိုလက်တွေ့ကျသော ဇာတ်ကောင်များကို အတုယူရန် ကြိုးပမ်းမှုတွင် ၎င်းကို ဆော့ဖ်ဝဲအင်ဂျင်နီယာမှ ရေးဆွဲထားခြင်း ဖြစ်ရမည်။

အရမ်း စစ်မှန်တယ်။ Electrolux အံ့သြသွားသည်။ သူသည် NPC က တကယ့်လူတစ်ယောက်လို ခံစားရစေသည်။ Galaxy သည် လက်တွေ့ဆန်သော ဂိမ်းတစ်ခုဖြစ်သည်။

နောက်ဆုံးတွင် သူသည် Galaxy ၁.၀ ထုတ်ဝေမှုအတွက် နာမည်ကို နားလည်ခဲ့သည်။ ဂိမ်းတီထွင်သူသည် ကစားသမားများအား စွန့်စားသွားလာသူများ ဖြစ်လာစေရန်၊ အခြားလက်တွေ့ကမ္ဘာကို ပထမဆုံးတွေ့ကြုံခံစားခွင့်ရရန် ဆန္ဒရှိခဲ့သည်။ ထို့ကြောင့် သူတို့သည် လက်တွေ့ခံစားချက်ကို ပျက်ပြားစေနိုင်သည့်အတွက် ကစားသမားများအား အဖြစ်မှန်များကို ထုတ်ဖော်ခွင့်မပြုပေ။ ထို့နောက် အွန်လိုင်းဂိမ်းဟောင်းတစ်ခုကို သတိရမိသည်။ စခန်းနှစ်ခုရှိ၍ စခန်းအသီးသီးမှ ကစားသမားများအား ဆက်သွယ်ခွင့်မပြုပါ။ ထိုဂိမ်းကို သားရဲကမ္ဘာဟု ခေါ်ပုံရသည်။

"ဒီလိုဖြစ်ရမယ်!" Electrolux အော်လိုက်သည်။

ကစားသမားများအား NPC မှပေးသော တုံ့ပြန်မှုများမှာ အသွင်တူအောင် ပြုလုပ်ထားကြောင်း သူသိသော်လည်း၊ သူ အလွန်သဘောကျခဲ့သည်။ ပရော်ဖက်ရှင်နယ်ကစားသမားတစ်ဦးအနေဖြင့် သူ၏တာဝန်အပြင် Electrolux သည် Galaxy ကို အလွန်စိတ်ဝင်စားခဲ့သည်။ နောက်ဘာတွေဆက်ဖြစ်မလဲဆိုတာတောင် သူမျှော်လင့်နေခဲ့တယ်။ ကစားသမားတွေ ပိုများလာမယ်၊ ဒီ NPC တွေက ဘယ်လိုတုံ့ပြန်မလဲ။

အစောင့်များသည် Electrolux ကို ပြန်လည်ခေါ်ဆောင်သွားသည်။ ဆိုက်ဘာလော့စ်သည် ဓာတ်ခွဲခန်းတွင် ဆက်နေခဲ့ပြီး ခွဲစိတ်မှုစားပွဲပေါ်ရှိ သွေးခြေရာများကို စုဆောင်းခဲ့သည်။ စမ်းသပ်မှုရလဒ်များသည် သာမန်လူများနှင့် အလွန်ကွာခြားသောကြောင့် သူ၏ မျက်လုံးများသည် စူးစမ်းလိုစိတ်ဖြင့် တုန်လှုပ်သွားစေသည်။

“ဒီဖြစ်ရပ်ဟာ ဂြိုလ်သားတွေ ရောက်ရှိလာခြင်းလို့ ဆိုကြပါစို့။ ဒါပေမယ့် ဒီဖြစ်စဉ်က ဘာလို့ ဒီနေရာမှာ ဖြစ်ပွားတာလဲ၊ ဘာကြောင့် ပျံ့နှံ့သွားတာလဲ။ ဂြိုလ်သားအများစုသည် လေထဲကနေ ထွက်ပေါ်လာပြီး ဒေတာဘေ့စ်မှတ်တမ်းတွေ မရှိကြဘူး။ လူမှုအဖွဲ့အစည်း အသစ်တစ်ခု မွေးဖွာလာတာမျိုးကလွဲရင်ပေါ့။ အခြား ဉာဏ်ရည်ထက်မြက်တဲ့ မျိုးစိတ်တွေဆီက (projection) စိတ်အာရုံမြင်ကွင်းတစ်ခု ဖြစ်နေနိုင်လား။”

ဆိုက်ဘာလော့စ်သည် သူ၏ကွန်ပြူတာကိုဖွင့်ပြီး အလွန်လျှို့ဝှက်ထားသောဖိုင်တစ်ခုကို ယူလိုက်သည်။ စာရွက်စာတမ်းတစ်ခုကို မဖွင့်မီ နေ့စဉ်နေ့တိုင်း ပြောင်းလဲထားသည့် သူ၏လက်ဗွေ၊ သူ၏မျက်ဝန်းနှင့် စကားဝှက်တို့ကို အသုံးပြု၍ စစ်ဆေးခဲ့သည်။ စကြဝဠာ သဘောတူစာချုပ် (၇ကြိမ်မြောက်)။ ‌ရေပင်လယ်ဂြိုလ်သည် ကီဒိုလက်စ် လူမှုအဖွဲ့အစည်း နှင့် ထိတွေ့ခဲ့ပြီး အသိပညာ ပိုမိုရရှိခဲ့သည်။ ဂျာမီနယ်အဖွဲ့အစည်းတွင်လည်း ဤစာချုပ်မိတ္တူလည်း ရှိသည်။

(high-level civilization) အဆင့်မြင့် လူမှုအဖွဲ့အစည်းတစ်ခုမှ စိတ်အာရုံမြင်ကွင်းသည် (low-level civilization) အဆင့်နိမ့် လူမှုအဖွဲ့အစည်းကို ရံဖန်ရံခါ ဝင်ရောက်စွက်ဖက်နိုင်သည်ဟု စာချုပ်တွင် ဖော်ပြထားသည်။ မသေဆုံးခြင်း၏ အထူးဝိသေသလက္ခဏာများသည် ပဋိညာဉ်ပေါ်ရှိ စိတ်အာရုံမြင်ကွင်း နည်းပညာဖော်ပြချက်နှင့် ဆင်တူသည်။ ဤသည်မှာ အမှန်ဆိုလျှင် ခေတ်မီသော လူမှုအဖွဲ့အစည်း၏ ကျူးကျော်ခြင်းပင် ဖြစ်သည်။ မဟုတ်သေးဘူး၊ အဖွဲ့အစည်းကို ကျူးကျော်ဖို့က ဒီလောက် ဒုက္ခရှာမှာမဟုတ်ဘူး။ ယုတ္တိတန်တဲ့ ရှင်းပြချက်တစ်ခုက ‌ရေပင်လယ်ဂြိုလ်ဟာ လူမှုအဖွဲ့အစည်း တစ်ခုအတွက် စမ်းသပ်ရာနေရာတစ်ခု ဖြစ်လာခြင်း ဖြစ်သည်။ ဆိုက်ဘာလော့စ်သည် လုံးဝ စိတ်ဆိုးခြင်းမရှိပေ။ တကယ်တော့ မထင်မှတ်ထားတဲ့ အဖြစ်အပျက်ကြောင့် သူ အရမ်းစိတ်လှုပ်ရှားနေခဲ့၏။

အကယ်၍ ဂြိုလ်သားအရေအတွက် ဆက်လက်တိုးလာပါက ‌ရေပင်လယ်ဂြိုလ်၏ ပုံစံသည် မသေဆုံးနိုင်သော လက္ခဏာဖြင့် သိသိသာသာ ပြောင်းလဲသွားမည် ဖြစ်သည်။

ဂြိုလ်သားများသည် ဦးနှောက်ဆေးကြောနိုင်ပြီး အလွန်အကျွံ အောက်ကျို့နိုင်သော်လည်း ၎င်းတို့၏ မူလနေရာအကြောင်း မေးမြန်းသောအခါတွင် သူတို့သည် ပေါက်တတ်ကရ စကားများ ပြောဆိုကြသည်။ ထိုအရာသည် ၎င်းတို့အတွက် ပင်ကိုယ်တုံ့ပြန်မှုတစ်ခု ဖြစ်နိုင်သည်။ ဤအတွက် သေချာပေါက် နောက်ထပ် စမ်းသပ်မှု အထောက်အထား လိုအပ်သည်။

ဤဂြိုလ်သားဖြစ်စဉ်၏ ကူးစက်ခြင်းအား မသိရသေးဘဲ တစ်ယောက်နှင့် တစ်ယောက် ကူးစက်နိုင်ခြင်း ရှိ၊ မရှိ ဆုံးဖြတ်ရန် မဖြစ်နိုင်ပေ။ စမ်းသပ်မှု၏ ရလဒ်များသည် ပုံမှန်ဖြစ်ပြီး၊ ဤဖြစ်စဉ်အတွက် ဖြစ်ပျက်မှုကို ရှင်းပြ၍မရပါ။ ၎င်းသည် ထူးခြားသောစွမ်းရည်၊ ရောဂါ သို့မဟုတ် မျိုးရိုးဗီဇပြောင်းလဲမှု ဖြစ်နိုင်သည်။

စိတ်ဝင်စားစရာကောင်းတာက ပုံမှန်မဟုတ်တဲ့ အိပ်စက်ခြင်းအလေ့အထကို သတိပြုမိခြင်း မရှိပေ။ အခါအားလျော်စွာ၊ ပျောက်ဆုံးမှုသည် ဂြိုလ်သားများ၏ 'အိပ်ချိန်' ဖြစ်နိုင်သည်။ အချို့သော ဂြိုလ်သားများတွင် အခြားသော စွမ်းရည်များ ရှိပြီး ၎င်းတို့၏ အစွမ်းသတ္တိမှာ အားနည်းနေပြီး ၎င်းတို့သည် အခြား မသိသော အကြောင်းပြချက်များအတွက် အလားအလာ ရှိပုံရသည်။

ဂြိုလ်သားတွေရဲ့ အသွင်အပြင်က ရေရှည်လား ဒါမှမဟုတ် ရေတိုလား။ ကိန်းဂဏန်းတွေ ဆက်တိုက်တိုးလာမှာလား။ ဂြိုလ်သားများကို ကူးစက်နိုင်သော သားရဲ ဖြစ်နိုင်ချေ ရှိပါသလား။ ရေရှည်တွင်၊ ဤဂြိုလ်သားဖြစ်စဉ်အတွက် အန္တရာယ်အချို့ရှိပုံရပြီး ကြိုတင်ကာကွယ်မှုအစီအမံအချို့ကို တတ်နိုင်သမျှ စောစောအကောင်အထည်ဖော်ရန် လိုအပ်ပါသည်။

သူ၏ နိဂုံးချုပ်ကောက်ချက်အား ချရေးပြီး ဆိုက်ဘာလော့စ်သည် အစီရင်ခံစာကို သူ၏ခေါင်းဆောင်ထံ လွှဲပြောင်းပေးခဲ့သည်။ သူ၏ခေါင်းဆောင်၏ ကမ္ဘာ့အမြင်ကိုလည်း အနည်းငယ်ထိခိုက်ခဲ့သော်လည်း ကံကောင်းစွာဖြင့် သူဆုံးဖြတ်ခဲ့သည်။ ပတ်ဝန်းကျင်တွင် ကြီးမားသော ‘အက်စ်ပါ’အမျိုးမျိုးကြောင့် သာမာန်လူများပင်လျှင် အလွန်ခံနိုင်ရည်ရှိကြပြီး၊ ထူးဆန်းသော ဖြစ်စဉ်အမျိုးမျိုးကို ခံနိုင်ရည်ရှိကြသည်။

“နိုင်ငံခြောက်ခုက ဂြိုလ်သားတွေကို အနှေးနဲ့အမြန်ဆိုသလို သတိထားမိလိမ့်မယ်။ ဒီလို ဖြစ်စဉ်တွေ ဖြစ်ပေါ်လာတာနဲ့အမျှ သူတို့ဟာ ငါတို့ရဲ့ရန်သူ ဖြစ်နေတယ်ဆိုတာ အရေးမကြီးတော့ဘူး။ သူတို့က ဒီလိုဖြစ်ပွားရခြင်းအကြောင်းအရင်းကို မေးမြန်းဖို့ (interstellar civilization )ကြယ်ခရီးသွား လူမှုအဖွဲ့အစည်းကို ဆက်သွယ်ရင်း စစ်ပွဲကို စတင်ဖို့ အချိန်ရှိမှာ မဟုတ်တော့ဘူး။ ဆိုလိုတာက ငါတို့ အသက်ရှူဖို့ အချိန်ရလိမ့်မယ်”

ခေါင်းဆောင်သည် ဂြိုလ်သားများ၏ ရောက်ရှိလာမှုကို အလွန်သိချင်သော်လည်း ကြယ်ခရီးသွား လူမှုအဖွဲ့အစည်းကို ဆက်သွယ်၍မရပေ။ သို့သော်၊ သူသည် အရေးကြီးသောပြဿနာတစ်ခုကို သတိပြုမိ၏။ ဂြိုလ်သားများသည် အမှန်တကယ်ပင် ဦးနှောက်ဆေးကြောခံရနိုင်ပြီး ၎င်းတို့သည် အလွန်နာခံမှုရှိကြသည်!

ထို့ကြောင့် သူသည် သဘာဝကျ‌သော ကောက်ချက်ချခြင်းသို့ ရောက်ရှိခဲ့သည်။

"သူတို့က သဘာဝ အမြောက်စာတွေပဲ!"

အန်ုဒရီရာပြည်မကြီးသည် ဂျာမီနယ် အဖွဲ့အစည်း၏ ပိုင်နက်ဖြစ်ပြီး၊ ခေါင်းဆောင်သည် လူများအား ဦးနှောက်ဆေးကြောရန်အတွက် သုတေသန နမူနာများကို ပြန်လည်ယူဆောင်ရန် အမိန့်ပေးခဲ့သည်။ အခြားသော တိုက်ကြီးသုံးတိုက်တွင်လည်း ဂြိုလ်သားများ ပေါ်လာသည်။ အခြေစိုက်စခန်းခွဲများ ဖြုတ်ချခံရခြင်းအတွက် နှမြောစရာဖြစ်ပြီး ၎င်းတို့ကို ဖမ်းရန် အနီးနားတွင် မည်သူမျှမရှိပေ။ ဇီးရိုးကြောင့် သူတို့အားလုံး အခွင့်အရေးဆုံးရှုံးသွားကြောင်းကို ခေါင်းဆောင်က အခုမှ သဘောပေါက်သွားသည်။ သူသည် အလွန်ဒေါသထွက်ပြီး သွားများကိုက်ခဲကာ ဇီးရိုး၏ နေရာကို ရှာဖွေရန် 'ကံကြမ္မာသား‌တော်' ကိုပင် အသုံးပြုချင်သော်လည်း စွန့်စားရန်ပြုရန် ဆုံးဖြတ်ချက် မချရသေးပေ။

ကြယ်ခရီးသွား လူမှုအဖွဲ့အစည်းက ဒီဖြစ်စဉ်ကို ဘယ်လိုမြင်မလဲ၊ ဒါက ရှားရှားပါးပါးလား ဒါမှမဟုတ် ပုံမှန်ပဲလား ငါမသိဘူး။

…

အနောက်တိုက်ကြီးတွင် အစပျိုးရွာအသစ် ၄ခုရှိကာ public beta ကို ဖွင့်လှစ်ထားသည်မှာ ရက်ပေါင်း ၂၀ကျော် ရှိနေသည်။ ကစားသမားများ၏ ပျမ်းမျှအဆင့်သည် အဆင့် ၁၀ သို့ရောက်ရှိသွားသောကြောင့် ဟန်ရှောင်းသည် [စွမ်းအင်လေ့ကျင့်ရေးနည်းစနစ်] ကို ကျွမ်းကျင်မှုစာရင်းတွင် ထည့်သွင်းရန် ပြင်ဆင်လိုက်သည်။ စျေးနှုန်းသည် အတွေ့အကြုံအမှတ် ၁၀,၀၀၀ နှင့် ရေပင်လယ်ဂြိုလ် ဒေါ်လာ ၃,၀၀၀ ဖြစ်သည်။ တချို့ကစားသမားတွေက တတ်နိုင်ကြသည်။

လေယာဉ်သည် အနောက်ပိုင်းတိုက်ကြီးရှိ ဖေဘီယန်၏ အဓိကအခြေစိုက်စခန်းတွင် ဆင်းသက်ခဲ့ပြီး အနောက်ပိုင်းတိုက်၏ ရာသီဥတုသည် အလွန်အေးသောကြောင့် ဟန်ရှောင်းသည် လေကို ပထမဆုံး ရှူရှိုက်လိုက်သောအခါ မသက်မသာ ခံစားခဲ့ရသည်။

ဤရက်အနည်းငယ်အတွင်း သူသည် PE-0 နာနို-လူလုပ်ဖိုင်ဘာ ဖြင့်ဖွဲ့စည်းထားသော အရိုးစုကိုအသုံးပြု၍ စပါးအုံးချပ်ဝတ်အစိတ်အပိုင်းများကို ဖန်တီးခဲ့သည်။ ၎င်းသည် အနက်ရောင် အသားကပ်ဘောင်းဘီများကဲ့သို့ဖြစ်ပြီး အပြင်ဘက်အလွှာသည် ကြွက်သားများနှင့်တူသည်။ ဟန်ရှောင်းတစ်ခါ စမ်းဝတ်ကြည့်တော့ ပေါ့ပါး၏။ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အရည်အချင်းတွေ တိုးတက်လာတာကို သူတွေ့ခဲ့ရသည်။ ဥပမာအားဖြင့်၊ လက်သီးဖြင့် ထိုးသောအခါ၊ အမျှင်များသည် ထိုးချက်၏ ဦးတည်ရာသို့ ဆွဲဆန့်၍ ရစ်ပတ်လိုက်ကာ တိုက်ခိုက်မှုကို အားကောင်းစေသည်။ ကြွက်သားများနှင့် အရွတ်များ အစုံလိုက်အသစ်ရရှိခြင်းနှင့် ဆင်တူသော်လည်း ၎င်းသည် ပိုမိုပြောင်းလွယ်ပြင်လွယ်ဖြစ်ပြီး အသုံးပြုသူသည် ၎င်းတို့အလိုရှိရာကို လုပ်ဆောင်နိုင်သည်။

အမှားရှာပြင်သည့်အဆင့်တွင်၊ အခြားပစ္စည်းများနှင့်အတူ ပါဝါဆုံးရှုံးမှုကို ကာကွယ်ရန် လိုအပ်ပါသည်။ ဟန်ရှောင်းသည် အချို့သောပစ္စည်းများရရှိရန် [အဆင့်မြင့် ကုန်ကြမ်းပစ္စည်း လေ့လာခြင်း] ကို အသုံးပြု၍ အတွေ့အကြုံအနည်းငယ်ကို အသုံးပြုခဲ့သည်။

ပါဝါစနစ်သည် mecha ကိုယ်ထည်အတွက် အရေးကြီးဆုံးဖြစ်သည်။ 'Bonfire' Mini Reaction Furnace သည် တိုးတက်မှုအတွက် နောက်ထပ်ကိရိယာတစ်ခုဖြစ်သည်။ ရောင်းသူသည် အနောက်တိုင်းတိုက်တွင် ရှိနေပုံရ၏၊ ထို့ကြောင့် ဟန်ရှောင်းသည် ဤနေရာကိုလာရန် ရွေးချယ်ခဲ့သည်။

mecha သည် တိုက်ခိုက်ရေးစွမ်းအားကို လျင်မြန်စွာ တိုးတက်စေသည့် နည်းလမ်းဖြစ်ပြီး၊ သူသည် Python-Lightweight Mecha ကို ဖန်တီးနိုင်သရွေ့ သူ၏ တိုက်ခိုက်ရေးစွမ်းအားသည် ကြီးမားစွာ ခုန်တက်သွားနိုင်သည်။

အစပျိုးရွာကိုသွားပြီး အတွေ့အကြုံအမှတ်တွေ အရင်စုဆောင်းမယ်။

ဟန်ရှောင်းသည် မြေပုံပေါ်ရှိ တည်နေရာကို အမှတ်အသားပြုပြီး ယာဉ်မောင်းအား ပေးအပ်လိုက်သည်။ ထိုအချိန်တွင် သူ့လက်ကိုင်ဖုန်း မြည်လာ၏။ သူသည် ဖုန်းကိုဖွင့်ကြည့်ရာ သွေးပဋိညာဉ်အဖွဲ့မှ သတင်းစကား ဖြစ်နေသည်။

“Black Phantom၊ ဒါက Dark Net ကပေးတဲ့ ဆုလာဘ်ပါ။ သင်၏တာဝန်မှာ မေပယ်လ်အရာရှိအနည်းငယ်၏ နေအိမ်သို့ ခိုးဝင်ပြီး အချို့သောစာရွက်စာတမ်းများကို ထိုနေရာတွင်ထားခဲ့ရန်ဖြစ်သည်။ တစ်စုံတစ်ယောက်သည် အနောက်တိုင်းတိုက်တွင် သင့်အားတွေ့ဆုံမည်ဖြစ်ပြီး တည်နေရာနှင့် မေပယ်လ်အရာရှိအချို့၏ တိကျသောအချက်အလက်များ အပါအဝင် သင်လိုအပ်မည့်စာရွက်စာတမ်းများကို ပေးလိမ့်မည်။"

ဟန်ရှောင်သည် မျက်ခုံးပင့်ကာ Bennett ကို ခေါ်လိုက်သည်။ "ဟေး မင်းဘာဖြစ်နေတာလဲ"

ဖုန်းခေါ်ဆိုမှုတစ်ခုသည် သူ့အား သတင်းအချက်အလတ်များ ရနိုင်သောကြောင့် ထိပ်တန်းရှိ လူတစ်ဦးကို သိရခြင်းမှာ အကျိုးရှိခဲ့ပါသည်။

“မေပယ်လ်က အကူအညီတွေ မပေးချင်ဘူး၊ ဒီအရာရှိအနည်းငယ်က လမ်းကြောင်းပေါ်ရောက်နေတာကြောင့်ပါ။ မေပယ်လ်မှာရှိတဲ့ အခြေအနေကို မင်းသိတယ်။ ဒီအရာရှိတွေရဲ့ ဘဏ္ဍာတိုက်ကို ငါတို့ထိလိမ့်မယ်၊ ဒါကြောင့် သူတို့က ငါတို့ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်နေတယ်။”

"ဘာအကူအညီလဲ" ဟန်ရှောင်းသည် စိတ်ပါနေသည့်အတိုင်း မျက်ခုံးပင့်လိုက်သည်။

“မင်းကို ငါမပြောရသေးဘူး၊ ဒါပေမယ့် အဖွဲ့အစည်းက ‘ခိုလှုံရေး’ လို့ခေါ်တဲ့ အကြီးစား စီမံကိန်းတစ်ခု စီစဉ်နေတယ်။ မူလက စီစဉ်ဖို့ အချိန်တစ်နှစ်ရှိပေမယ့် စစ်ပွဲစတင်တော့မှာဆိုတော့ အစီအစဉ်ကို ရှေ့တိုးလိုက်ရပြီး နိုင်ငံအားလုံးဆီက အကူအညီတွေ တောင်းခံရတယ်။ မေပယ်လ်ကသာ ပယ်ချလိုက်တယ်။”

ဟန်ရှောင်း၏ မျက်လုံးများ တောက်ပလာသည်။ ‘ခိုလှုံရေး’အစီအစဥ်က အစောကြီးကတည်းက စနေပြီ။ Dark Net နှင့် သူ၏ ဆက်ဆံရေးနှင့် ပက်သက်၍ သူသည် အစီအစဉ်ကို ယုံကြည်ပြီး ပွင့်ပွင့်လင်းလင်း မေးလိုက်သည်။ “’ခိုလှုံရေး’အစီအစဉ်ကဘာလဲ။ ငါ့အကူအညီ လိုသလား"

အခန်း (၁၆၇) ပြီး၏။

လင်းဆက်

+++++

All Chapters