← Chapters

Galaxy ၏ စူးစမ်းရှာဖွေရေးဂျာနယ် ပထမပိုင်း

Vol. 12 Ch. 169

Galaxy ၏ စူးစမ်းရှာဖွေရေးဂျာနယ် ပထမပိုင်း

Vol. 12 Ch. 169

အခန်း (၁၆၉) Galaxy ၏ စူးစမ်းရှာဖွေရေးဂျာနယ် ပထမပိုင်း

ဟန်ရှောင်းက ဒီလိုအခြေအနေမျိုးကို ကြိုမြင်ထားပြီးသား ဖြစ်သည်။ ပထမအဆင့် တိုးတက်မှုတွင် လူတိုင်းသည် [စွမ်းအင်လေ့ကျင့်ရေးနည်းစနစ်] ကို သင်ယူကြမည်ဖြစ်သည်။ သို့သော် ကစားသမားများက သတိမထားမိကြပေ။ အဆင့် ၈ သို့မဟုတ် ၉ ရှိ ကစားသမားများအတွက် ၎င်းသည် မှော်ဆန်သည့်စွမ်းရည်ဖြစ်သည်။ ထပ်လောင်းအင်အားသည် ကစားသမား၏ အဆင့်မြှင့်တင်မှုအတွက် ရရှိသမျှကို ကျော်လွန်သွားခဲ့သည်။ ထို့အပြင် အချို့သော ကစားသမားများသည် သူတို့၏ ပင်မ (class) အတန်းအစားက အဆင့်မတက်ခဲ့ကြပေ။ ထို့ကြောင့် ၎င်းတို့သည် စွမ်းအင်ကို ပို၍ပင် ပံ့ပိုးပေးသည့် ကျွမ်းကျင်မှုတစ်ခု လိုအပ်မည်ဖြစ်သည်။

‌ရေပင်လယ်ဂြိုလ်သည် တရုတ်ကစားသမားအားလုံးအတွက် အဓိကဂြိုဟ်ဖြစ်သည်။ ဟန်ရှောင်းသည် ကစားသမားတိုင်း သင်ယူရမည့် ကျွမ်းကျင်မှုတစ်ခုကို ပေးအပ်ခဲ့ပြီး ၎င်းသည် ကစားသမားများကို လှည့်စားနေပုံရသော်လည်း ထိုသို့မဟုတ်ပေ။ အစောပိုင်းအဆင့်များတွင် အားသာချက်အနည်းငယ်ရရှိခြင်းသည် လူတစ်ဦးကို နှင်းဘောလုံးဖြစ်စေပြီး ပိုမိုသန်မာလာစေကြောင်း သတိပြုရန် အရေးကြီးပသည်။

တစ်နည်းဆိုရသော် ဟန်ရှောင်းသည် အဆင့် ၁၀ ကစားသမားများအား အဆင့် ၂၀ တွင်သာ ရရှိနိုင်သော အရည်အချင်းများကို ရယူခွင့်ပေးခဲ့သည်။ ဤနည်းအားဖြင့် သူ၏ လုပ်ဆောင်ချက်များသည် နှစ်‌ဖက်လုံး အကျိုးရှိသော အခြေအနေနှင့် ညီမျှသည်။

သူက အတွေ့အကြုံအမှတ် ကို ထူးထူးခြားခြား ပမာဏအထိ ရရှိခဲ့ရုံသာမက၊ တရုတ်ကစားသမားများကိုပါ အခြားသော ဂြိုလ်များ၏ ကစားသမားများထက် သာလွန်မှုကို ရရှိစေခဲ့သည်။

ပြီးပြည့်စုံ၏။

ဟန်ရှောင်းက သူ့အစီအစဉ်ကို သဘောကျသည်။ သူက ဘာလို့ ကစားသမားတွေကို လှည့်စားရမှာတလဲ။ အဲဒီ ခံယူချက်တွေအားလုံးက သူ့အပေါ် လူတွေရဲ့ မလိုမုန်းထားမှုတွေနဲ့ နားလည်မှုလွဲနေခြင်းပင်။ သူ့အမိမြေကို တကယ်ချစ်၏။ အတိတ်ကို ပြန်တွေးကြည့်လျှင် သူ့အဖေက သူ့ကို 'မျိုးချစ်ရှောင်' ဟု နာမည်ပေးခါနီးတုန်းက၊ အိမ်မှာရှိတဲ့ ကျားမကြီး၏ အုပ်ချုပ်မှုအောက်တွင် သူ့အဖေက သူ့လက်ရှိနာမည် 'ဟန်ရှောင်း' ဆိုပြီး ပြောင်းပေးလိုက်ရသည်။

[စွမ်းအင်လေ့ကျင့်ရေးနည်းစနစ်] သင်ယူရန် အတွေ့အကြုံအမှတ် ၁၀,၀၀၀ လိုအပ်ပြီး အလားအလာရှိသော အမြတ်အစွန်းများကို တွေးတောရင်း သူ့နှလုံးခုန်နှုန်း အလွန်မြန်ဆန်လာသည်။ ကစားသမားများ ပထမအကြိမ် မတိုးတက်ခင်သာ သူသည် [စွမ်းအင်လေ့ကျင့်ရေးနည်းစနစ်] ကို ဖြန့်ဝေပြီး အမြတ်ငွေများ သိမ်းယူနိုင်မည်ဖြစ်သည်။ ဒါဟာ မဆင်မခြင်နိုင်သော အပေးအယူမျိုး ဖြစ်သော်လည်း၊ သူတတ်နိုင်သမျှ ယူရမယ်။ ကစားသမား၏ စိတ်အားထက်သန်မှု အတိုင်းအတာကို ကြည့်ပြီး၊ ဟန်ရှောင်းသည် ဗားရှင်း ၁.၀ တွင် သူရရှိသော အတွေ့အကြုံအမှတ် သည် အလွန်ကြီးမားသော ကိန်းဂဏန်းတစ်ခုဖြစ်မည်ဟု ခံစားနေရသည်။

သူသည် အနောက်ပိုင်းတိုက်မှ အစပျိုးရွာ၌ အလုပ်ရှုပ်နေချိန်တွင် Bun-hit-dog သည် နောက်ဆုံးတွင် ဖိုရမ်တွင် ပထမပိုင်းကို ထုတ်ပြန်လိုက်သည်။

Galaxy ၏ စူးစမ်းလေ့လာရေးဂျာနယ် - Black Phantom (၁)

...

Bun-hit-dog မှာ နာမည်ကောင်းတစ်ခုရပြီး ဗီဒီယိုကို လွှင့်တင်လိုက်တဲ့အခိုက်မှာ သူ့ရဲ့ အမာခံ ပရိသတ်များနှင့် စူးစမ်းလိုစိတ်ရှိတဲ့ ဖြတ်သွားဖြတ်လာတွေက ချက်ခြင်း ကလစ်နှိပ်လိုက်ကြသည်။

"နောက်ဆုံးတော့၊ ဒါက မိုက်လိမ့်မယ်!"

"အံ့အားသင့်စရာ ထုတ်လွှင့်မှုပဲ!"

“အကြောင်းအရာက Black Phantom ပဲ။ Bun-hit-dog က သူ့အဖွဲ့မှာ ရောက်နေပြီလား။”

အစီအစဉ်ကို ဖိုရမ်၏ ဗီဒီယိုကဏ္ဍတွင် ထုတ်ပြန်ခဲ့သည်။ ဖိုရမ်သည် အရသာမရှိသော အတင်းအဖျင်းပြောခြင်းအတွက်သာမဟုတ်ဘဲ အခြားလုပ်ဆောင်ချက်များပါရှိသည်။ ဂိမ်းကစားနေစဉ် ကစားသမားများအား အချိန်ကုန်စေခြင်းငှာ ဗီဒီယိုများသည် များပြားလှပြီး ကြည့်ရှုသူဟောင်းများ ထပ်တိုးလာသည်နှင့်အမျှ ကြည့်ရှုသူအရေအတွက် အများအပြား တိုးလာခဲ့သည်။

အဖွင့်ခေါင်းစဉ်များတွင် ပရိုမိုရှင်းတည်းဖြတ်မှုနှင့် ဗီဒီယိုမစတင်မီ ရှုခင်းမြင်ကွင်းအချို့ ပါဝင်ပါသည်။ ပထမဆုံးပေါ်လာတာက Bun-hit-dog ၏ (TPP) တတိယလူမြင်ကွင်း ဖြစ်သည်။ ၎င်းသည် ဂိမ်း၏ ကြိုတင်ထည့်သွင်းထားသည့် ကြည့်ရှုခြင်း လုပ်ဆောင်ချက်ဖြစ်ပြီး၊ အပြင်ပိုင်းကို စစ်ဆေးရန်လည်း အသုံးပြုနိုင်သည်။ နောက်ခံမှာ ဘလက်ပိုင်း နေထိုင်စု ဖြစ်သည်။ Bun-hit-dog သည် ကင်မရာ၏ ဦးတည်ရာသို့ လက်ဝှေ့ယမ်းပြပြီး သူ့အဖွင့်လိုင်းသည် တစ်ကိုယ်တော် စကားပြောခန်းဖြစ်သည်။

“ထာဝရကမ္ဘာသည် သက်ရှိအားလုံးမှ ဆင်းသက်လာသော Yin နှင့် Yang ကို ဖြစ်ပေါ်စေ၏။ တိုင်းပြည်၏ အကျိုးကျေးဇူးများက ငါ့ဘဝရဲ့ ကုန်ကျစရိတ်များ ဖြစ်ကြလေသည်။ နွေဦးရာသီတိုင်းဟာ အဖိုးထိုက်တန်၏။ Galaxy ၏ စူးစမ်းလေ့လာရေးဂျာနယ်မှ ကြိုဆိုပါတယ်။ ကျွန်တော်က Bun-hit-dog ဖြစ်ပါတယ်။"

လူအုပ်ကြီးထဲ လှောင်ပြောင်မှုများနှင့် ပြည့်နှက်သွားသည်။

“ဘယ်လိုခပ်တုံးတုံး စကားပြောခန်းလဲ။”

“ငါ အဲဒီ ကဗျာတစ်ကြောင်းကို ဖတ်ဖူးတယ်…”

"ငါ့တိုင်းပြည်ကို ပေါင်းစည်းဖို့ ငါ ဘယ်လောက်ယုံကြည်ချက်ရှိလဲဆိုတာ အရှေ့က နေထွက်တာနဲ့ တူတယ်၊ ဖားကနေ နတ်သားဖြစ်လာဖို့ဆိုတာ သင်ယူဖို့ အနှစ်တစ်ထောင်လိုတယ်။"

Bun-hit-dog ဖျော်ဖြေပွဲကို ဆက်လက်ကျင်းပသည်။ “အသစ်မတင်တာကြာပြီ။ Galaxy စီးရီးရဲ့ ပထမဆုံးအပိုင်း ဖြစ်တာကြောင့်၊ ကျွန်တော်က ဇာတ်ကောင်တစ်ဦးရဲ့ ရှုထောင့်ကို ဗီဒီယိုရိုက်မှာဖြစ်ပြီး လူတိုင်းက ကျွန်တော့်ရဲ့ လေ့လာရေးခရီးကို မြည်းစမ်းကြည့်နိုင်ပါစေ။ ဒီဇာတ်ကောင်ဟာ ကစားသမားတွေအတွက် ယန္တရားပညာရှင်၊ လူသစ်တန်းခေါင်းဆောင်၊ လျှို့ဝှက်ဆန်းကြယ်သော NPC၊ လျှို့ဝှက်တာဝန်တွေ စတဲ့ အထင်အမြင်တွေ အများအပြား ချန်ထားခဲ့တယ်။ စခရင်ရှေ့ရှိ ပရိသတ်တွေကလည်း ဒီဇာတ်ကောင်ရဲ့ စရိုက်လက္ခဏာကို သိချင်နေကြမယ်လို့ ယူဆပါတယ်။ မှန်ပါတယ်၊ သူကတော့ Black Phantom ဆိုတဲ့ ခေါင်းစဉ်ထဲက လူတစ်ယောက်ပါ”

"ဝိုး၊ ကိုးရိုးကားရားနိုင်တဲ့ စကားပြောပဲ၊ ငါ မင်းကို အလေးပြုပါတယ်"

“နောက်ဆုံးတော့…”

"အဲဒါအတွက် ငါတို့လာခဲ့တာ!"

Bun-hit-dog ၏ အမြင်ကိုပြသရန် ကင်မရာကို ပြောင်းလိုက်သည်။ တရားဝင်အကြောင်းအရာသည် ယခုမှ စတင်၏။

ဗီဒီယိုတွင် Bun-hit-dog မှ ရိုက်ကူးထားသော ဗီဒီယိုအပိုင်းလေးများ ပါဝင်ပြီး ၎င်းသည် အကြိမ်များစွာ တည်းဖြတ်ပြီးနောက် မတူညီသည့် အပိုင်းများ ဖြစ်လာသည်။ အထူးပြုလုပ်ချက်များနှင့် ဇာတ်ကြောင်းပြောပြချက်ကို နောက်ပိုင်းတွင် ထည့်သွင်းထားသည်။ Bun-hit-dog သည် ဟာသပုံစံကို အသုံးပြုပြီး ဟန်ရှောင်းနှင့် ပထမဆုံးတွေ့ဆုံမှုကို ရှင်းပြသည်။ အစိမ်းရောင်တောင်ကြားမြို့၌ ဝံပုလွေတစ်အုပ်ကို ဟန်ရှောင်းက တွန်းလှန်ခဲ့ပုံနှင့် စစ်ဘုရင်နှစ်ပါးကြား ထိပ်တိုက်တွေ့မှုကို ရပ်တန့်ခဲ့ပုံတို့ကို ပြသသည်။ Bun-hit-dog သည် ဟန်ရှောင်း၏ သြဇာလွှမ်းမိုးမှုကို ခွဲခြမ်းစိတ်ဖြာမှု စတင်ပြုလုပ်နေချိန်တွင် (FPP) ပထမလူမြင်ကွင်းကို ပြသနေသည်။

"စကားတစ်ခွန်းတည်းနဲ့၊ Black Phantom က စစ်ဘုရင်နှစ်ပါးကို သူ့စကားလုံးတွေနဲ့ အဝေးကို ရွှေ့သွားစေပြီး သူ့ရဲ့ လွှမ်းမိုးနိုင်မှုကို ပြသခဲ့တယ်။ ခွဲခြမ်းစိတ်ဖြာမှုမစခင်မှာ စစ်ဘုရင်နှစ်ပါးရဲ့ အထောက်အထားတွေကို မိတ်ဆက်ပေးချင်ပါတယ်…” မြင်ကွင်းက ပြောင်းလဲသွားပြီး ဘလက်ပိုင်း နေထိုင်စုကို ရောက်သွားသည်။ Bun-hit-dog သည် ဤကြီးမားသော အခြေချနေထိုင်စု၏ ခေါင်းဆောင် လူချိန်ကို မိတ်ဆက်ပေးခဲ့သည်။ သူသည် ကြီးမားသောစစ်တပ်နှင့် စစ်ရထားများစွာကို ပိုင်ဆိုင်ထားသည်။ နောက်တော့ ခေါင်းစဉ်ပြောင်းသွား၏။

"လူချိန်မှာ ဒီလို ကြီးကျယ်တဲ့ စွမ်းအားတွေ ပိုင်ဆိုင်ထားပေမယ့် Black Phantom ကို ကြောက်တယ်။ ဒါဆိုရင် Black Phantom ရဲ့ လွှမ်းမိုးမှုက ဘယ်ကလာတာလဲ။ ကျွန်တော် မောင်ဘွန်း ပြောတာကို သေချာနားထောင်ပါ။” သူသည် Black Phantom အပေါ် ပရိသတ်များ ပိုမိုစိတ်ဝင်စားစေရန် လူချိန်ကို ငါးစာအဖြစ် အသုံးပြုလိုက်သည်။ ရလဒ်များမှာ အလွန်ကောင်းမွန်ခဲ့၏။

ဓါးရူးသည် လေးစားဖွယ်ဧည့်သည်အဖြစ် သရုပ်ဆောင်ခဲ့ပြီး ဤရှိုးတွင် ပါဝင်ခဲ့သည်။ သူသည် သူတို့၏စကားဝိုင်းတွင် ဟန်ရှောင်း၏ ဝိသေသလက္ခဏာကို ခွဲခြမ်းစိတ်ဖြာပြီး ဟန်ရှောင်း၏ လျှို့ဝှက်ဆန်းကြယ်သောဇစ်မြစ်၏ ရေခဲတောင်ထိပ်ကို ဖြည်းညှင်းစွာ ထိတွေ့လိုက်သည်။

ပထမဦးစွာ နှစ်ဦးစလုံးသည် ဟန်ရှောင်းဟုထင်ရသည့် Black Phantom ၏ အမည်ကို ထုတ်ဖော်ခဲ့သည်။ အစပိုင်းတွင်၊ ကြယ်နဂါးနိုင်ငံ ထောက်လှမ်းရေးအေဂျင်စီတွင်၊ ဤအရာသည် မည်သူမျှမသိခဲ့သော အချက်အလက်ဖြစ်ပြီး တစ်ချက်တည်းနှင့်၊ ၎င်းသည် လူတိုင်း၏အာရုံကိုဖမ်းစားခဲ့သည်။ လူတိုင်းသည် အကြောင်းအရာကို လေးလေးနက်နက် ဖတ်နေကြသည်။

ဓါးရူး သည် beta-testing အတွင်း ဟန်ရှောင်းအား ကပ်နေခဲ့သော်လည်း ဟန်ရှောင်း၏ အစစ်အမှန်အထောက်အထားကို သူ သတိမထားမိခဲ့ပေ။ Black Phantom သည် နိုင်ငံ၆နိုင်ငံ ဘက်တွင်သာရှိကြောင်း သူနားလည်ခဲ့သည်။ သို့သော်လည်း အကြောင်းတစ်ခုခုကြောင့် Black Phantom သည် ကြယ်နဂါးနိုင်ငံမှ ထွက်ခွာကာ Dark Net နှင့် သွေးပဋိညာဉ်အဖွဲ့ နှစ်ခုတွင် ပါဝင်ခဲ့သည်။ ဤအချက်အလက်သည် [အလွန်သေစေနိုင်သော] အားကြီးသောရန်သူ - လွီချိန် ထံမှလာသည်။ ဤစွမ်းအားစုနှစ်ခု၏ အသေးစိတ်အချက်အလက်များကို သူမသိသော်လည်း ၎င်းတို့သည် ကြီးမားသော ကျောထောက်နောက်ခံများဖြစ်ကြောင်း သိရှိထားပြီး ၎င်းတို့သည် လက်ရှိတွင် ကစားသမားများ မဆက်ဆံနိုင်သော အဆင့်မြင့် စွမ်းအားစုများထံတွင် ရှိနေသည်။ ၎င်းတို့သည် Black Phantom ၏ မူလရင်းမြစ်များထဲတွင်လည်း ပါဝင်နေသည်။

Bun-hit-dog နှင့် ဓါးရူးတို့သည်လည်း လူတွေက Black Phantom ကို ကြောက်ကြတဲ့ အဓိက အကြောင်းအရင်းမှာ သူ့ရဲ့ စွမ်းဆောင်နိုင်မှုကြောင့်လို့ ထင်မြင်ကြသည်။ ကစားသမားများ၏ လက်ရှိအဆင့်ဖြင့်၊ ၎င်းတို့သည် အဆင့်မြင့်ဇာတ်ကောင်များ၏ ကိန်းဂဏန်းအတိအကျကို မမြင်နိုင်ပါ။ သို့သော်လည်း၊ ဟန်ရှောင်းသည် အခြားသော [အလွန်အမင်းသေစေသော] NPC များကို တစ်ကြိမ်ထက်ပို၍ သတ်ဖြတ်ခဲ့သည်ကို ၎င်းတို့ မြင်တွေ့ခဲ့ရပြီး ထိုအချက်ကိုထောက်လျှင် Black Phantom ၏ စွမ်းရည်များသည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။

ဂျာမီနယ် နှင့် ရန်သူဖြစ်လာခြင်းသည် Black Phantom ၏ လက်ရှိပြသနေသော အကြီးမားဆုံးပန်းတိုင်ဖြစ်သည်။ သဲလွန်စမရှိခြင်းကြောင့် Black Phantom နှင့် ဂျာမီနယ်တို့၏ ပဋိပက္ခနောက်ကွယ်မှ အကြောင်းရင်းကို နားမလည်နိုင်ခဲ့ကြပေ။ ဓါးရူးသည် beta-testing ၏ အခြေအနေကို အမှန်တကယ် ထုတ်ဖော်ပြသခဲ့သည်။ beta-testing မှ public-testing အထိ၊ ဂိမ်းသည် သုံးလကျော်ကြာခဲ့ပြီး ဟန်ရှောင်းသည် လူသစ်တစ်ဦးကို ဖန်တီးလိုက်သကဲ့သို့ Black Phantom ဖြစ်လာခဲ့သည်။ ဒီအချက်အလက်ကို ထုတ်ပြန်လိုက်တာနဲ့ ပရိသတ်တွေရဲ့ သိချင်စိတ်ကို ချက်ချင်း ဖြစ်ပေါ်စေခဲ့သည်။

ဒီနေ့ သူ့ကို Black Phantom ဖြစ်လာစေခဲ့တဲ့ အတွေ့အကြုံက ဘာလဲ။

အရာအားလုံးသည် အထောက်အထားမရှိဘဲ ယူဆချက်မျှသာဖြစ်သည်။ ရှိုးက မရှင်းမလင်းဖြစ်ပြီး Bun-hit-dog ၏ တကယ့်ရည်ရွယ်ချက်မှာ ပရိသတ်၏ စူးစမ်းလိုစိတ်ကို ဆွဲဆောင်ရန်အတွက် ရှိုး၏ချိတ်တစ်ခုအဖြစ် လုပ်ဆောင်ရန် ဤမေးခွန်းကို ထုတ်လွှတ်ပစ်ရန် ဖြစ်သည်။

ဆက်လက်ပြီး Bun-hit-dog နှင့် ဓါးရူး တို့သည် အစပျိုးရွာများကို ကျက်စားသည့် Black Phantom ၏ လုပ်ဆောင်ချက်များကို ဆွေးနွေးခဲ့ကြပြီး Black Phantom သည် လူသစ်တန်း ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း ပြတ်ပြတ်သားသား သက်သေပြခဲ့ကြောင်း သဘောတူညီခဲ့သည်။ ရက်ပေါင်း နှစ်ဆယ်ကျော်ကြာ ဖျော်ဖြေမှုပြီးနောက် NPC ၏ လုပ်ဆောင်ချက်နှင့် အတွေးများသည် အလွန် 'အစစ်အမှန်' ဖြစ်ကြောင်း ကစားသမားများက သဘောပေါက်ကြပြီး Black Phantom သည် ကစားသမားများကို ဆက်တိုက် တုန်လှုပ်စေမည်ဖြစ်သည်။ Black Phantom သည် မည်သည့်အကြောင်းကြောင့် ကစားသမားများနှင့် မကြာခဏ အပြန်အလှန် တုံ့ပြန်ပြီး ထင်ရှားသော အစီအစဉ်များတွင် သူ့ကိုယ်တိုင် ပါ၀င်နေသနည်း။ အကြောင်းပြချက်တစ်ခုရှိရမည်ဖြစ်သော်လည်း ရှိုးပွဲက ခဏတဖြုတ်သာ ဖော်ပြခဲ့သည်။

Bun-hit-dog က သူနှင့် ဓါးရူး နှစ်ဦးစလုံးသည် Black Phantom ၏ လျှို့ဝှက်တာဝန်ကို အစပျိုးခဲ့ပြီး Black Phantom အကြောင်းကို အရိပ်လိုလိုက်ပြီး သတင်းပို့နိုင်ကြောင်း သက်သေပြခဲ့သည်။ ထို့အပြင်၊ သူသည် Black Phantom မှ ရရှိသော အကျိုးကျေးဇူးများအားလုံးကို ပြောပြသည်။ ဟန်ရှောင်းက အရည်အသွေးမြင့် သေနတ်နှစ်လက်ကို ဓါးရူး လက်ဆောင်ပေးအပ်သည့် မြင်ကွင်းကို ပြသခဲ့သည်။ ၎င်းတို့သည် Black Phantom ၏ နောက်သို့ လိုက်ကာ အစပျိုးရွာထက် အဆင့်ပိုမြင့်သော မြေပုံဖြစ်သည့် Black Pine သို့ ရောက်ရှိပြီး စေတနာအပြည့်ဖြင့် မစ်ရှင်များကို ထုတ်ပေးမည်ဖြစ်သည်။

ဗီဒိယိုသည် ရုပ်ပိုင်းဆိုင်ရာ အကျိုးတရားများနှင့် ပြည့်နှက်နေပြီး ပရိသတ်က သူတို့အား အဆုံးမရှိ ငြူစူကြကုန်သည်။ Black Phantom ၏ လျှို့ဝှက်တာဝန်များကို အစပျိုးနိုင်သူများသည် ကံအကောင်းဆုံးသူများဖြစ်သည်။

"ငရဲကိုသွားလိုက်တော့၊ လူယုတ်မာ!"

“ဟူး…”

“အသက်ရှုအောင့်ထားတာက ကံကောင်းခြင်းတချို့ကို ယူဆောင်နိုင်တယ်ဆိုတာ ငါကြားတယ်။ ငါ…”

ပြသမှုပြီးဆုံးချိန်တွင် Bun-hit-dog က “Black Phantom ရဲ့ စီးရီးဟာ လောလောဆယ် အပိုင်းတစ်ပိုင်းပဲရှိပါတယ်။ နောက်အပိုင်းသည် အခြားအကြောင်းအရာဖြစ်နိုင်သည်။ နောက်ဆုံးတော့၊ ဓါးရူး နဲ့ ကျွန်တော်ဟာ Black Pine မှာ ကျန်ရစ်ခဲ့တယ်။ သို့သော်၊ သင်စိုးရိမ်စရာမလိုပါဘူး။ Black Phantom ရဲ့ အတိတ်ဘ၀ကို ဆက်လက်ရှာဖွေပြီး စူးစမ်းလေ့လာပါမည်။ အဲဒီမတိုင်ခင်အထိ၊ နောက်အပိုင်းတွေမှာ ခွေးကြည့်သူတွေအားလုံးကို ပြန်တွေ့ကြတာပေါ့။”

ဇာတ်လမ်းတွဲကို တစ်ခါတည်းနဲ့ ပြီးသွားတဲ့ ပရိသတ်တွေကတော့ အတွေးတစ်ခုပဲ ရှိခဲ့သည်။

စိတ်လှုပ်ရှားဖို့ကောင်းတယ်။

Bun-hit-dog ၏ ပထမလူမြင်ကွင်းမှ ဘေးထွက်ရှင်းပြချက်သည် Black Phantom ၏ ရှုထောင့်သို့ ဖြတ်တောက်ဝင်ရောက်ကာ သာမန်လူများမသိရသေးသည့် အချက်အလက်များစွာကို မိတ်ဆက်ပေးခဲ့သည်။ ၎င်းသည် ကမ္ဘာ့နောက်ခံနှင့် ဗဟုသုတများစွာကို ထုတ်ပြလိုက်ပြီး ၎င်းသည် ရှုပ်ထွေးသောပြဿနာများစွာကို အဖြေပေးခဲ့သည်။

ထို့အပြင် စတိုင်လ်သည် စိတ်အေးလက်အေးဖြစ်ပြီး အကြောင်းအရာသည် စိတ်လှုပ်ရှားဖွယ်ကောင်းသည်။ ၎င်းသည် စိတ်ဝင်စားစရာကောင်းသော ယူဆချက်အမျိုးမျိုးကို ပေးစွမ်းပြီး ပရိသတ်က အပြည့်အဝ ကျေနပ်ခဲ့ကြသည်။ ၎င်းတို့သည် ၎င်းကို အခြားဖိုရမ်များတွင် အကြံပြုခဲ့ပြီး နောက်ထပ်ကစားသမားများကို ပါဝင်ခွင့်ပေးခဲ့သည်။

Bun-hit-dog ၏ ပထမအပိုင်း၏ အကြောင်းအရာကို ကောင်းစွာရွေးချယ်ခဲ့သည်။ တိုက်ဆိုင်စွာပင်၊ ဟန်ရှောင်းသည် အနောက်တိုင်းတိုက်သို့ သွားရောက်လည်ပတ်ခဲ့ပြီး သူ၏ ဖြစ်တည်မှုအကြောင်းကို လူတိုင်းသိခွင့်ရခဲ့သည်။ နာမည်ကြီးအကြောင်းအရာဖြစ်ခဲ့သည်။ Bun-hit-dog ၏ ဗီဒီယိုသည် အလွန်ရေပန်းစားလာပြီး ကြည့်ရှုသူဦးရေ တိုးလာသည်။

ပထမအပိုင်းသည် လုံးဝ ဗိုင်းရပ်စ်လို ကူးစက်သွားတော့သည်။

Bun-hit-dog အတော်လေး အံ့အားသင့်နေသည်။ ဤအပိုင်း၏ အကြောင်းအရာအတွက် သူ၏ရွေးချယ်မှုသည် မှန်ကန်သောဆုံးဖြတ်ချက်ဖြစ်ကြောင်း သက်သေပြခဲ့သည်။

အဆိုပါ ဗီဒီယိုသည် ဟန်ရှောင်း၏ ကျော်ကြားမှုကြောင့် ရေပန်းစားလာခဲ့ပြီး ယင်းသာမက ဟန်ရှောင်း၏ ဂုဏ်သတင်းကိုလည်း များစွာ ကြီးမားလာစေသည်။

လူတိုင်း၏ စိတ်နှလုံးထဲတွင် ဟန်ရှောင်းကို အထင်ကြီးလေးစားမှုသည် လျှို့ဝှက်ဆန်းကြယ်သောကုန်သည်နှင့် ကျွမ်းကျင်မှုသင်တန်းဆရာမှ လွှမ်းမိုးမှုကြီးသော NPC သို့ တဖြည်းဖြည်းပြောင်းလာသည်။ သူ့ဇာစ်မြစ်ကို မှန်းဆခြင်းက တဖြည်းဖြည်းနှင့် နေ့စဉ်အကြောင်းအရာ ဖြစ်လာလေသည်။

အခန်း (၁၆၉) ပြီး၏။

လင်းဆက်

+++++

All Chapters