ယန္တရားဝတ်စုံဖြင့် တကယ့်တိုက်ပွဲ
Vol. 12 Ch. 176
အခန်း (၁၇၆) ယန္တရားဝတ်စုံဖြင့် တကယ့်တိုက်ပွဲ
"သားရဲတွေ အချင်းချင်း သတ်ကုန်ကြပြီ။"
သူတို့၏မျက်နှာပေါ်တွင် အပြုံးများပေါ်လာပြီး စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။
သားရဲများသည် နာရီဝက်ကျော်ကြာ တိုက်ပွဲဝင်ခဲ့ပြီး အလောင်းများ နေရာအနှံ့ ပြန်ကျဲကုန်သည်။ ခြင်္သေ့ဖြူသည် နောက်ဆုံးအနိုင်ရခဲ့သည်။ အခြားသော သားရဲများ၏ သွေးများသည် ၎င်း၏ ဖြူစွတ်စွတ် အမွေးများတွင် အနီရောင် စွန်းထင်းစေခဲ့သည်။ ၎င်းသည် ကွက်လပ်ရှေ့တွင် ရပ်နေကာ သူတို့သည် ၎င်း၏ သားကောင်များဖြစ်ကြောင်း ညွှန်ပြသည်။ သားရဲတို့သည် ကျောခိုင်း၍ သားရဲဘုရင်အတွက် သားကောင်ကို စွန့်ခွါသွားကြ၏။
သားရဲအုပ်ပျောက်သွားပြီဖြစ်သော်လည်း ၎င်းတို့အားလုံးတွင် အားအကြီးဆုံးဖြစ်သော ခြင်္သေ့ဖြူသည် အပြင်တွင် စောင့်ဆိုင်းနေဆဲဖြစ်သည်။ ၎င်းက အပေါက်ကို ကုတ်ခြစ်နေသောကြောင့် အပေါက်က ပိုပိုကျယ်လာသည်။ ရန်ဒန်နဲ့ နက်သည် သိပ်မကြာခင်မှာဘဲ ပုန်းကွယ်စရာနေရာ မရှိဘဲ ဖြစ်တော့မည် ဖြစ်သည်။
သူတို့ မျှော်လင့်ချက်များ ကုန်ဆုံးသွား၏
နက်က သူ့နှုတ်ခမ်းကို ကိုက်လိုက်ပြီး “မင်းရဲ့ ဒဏ်ရာတွေက အရမ်းပြင်းထန်တယ်။ မင်းဟာ ငါးစာပဲ၊ ငါအသက်ရှင်နိုင်တယ်"
ရန်ဒန်က သူ့ဒဏ်ရာကြီးကြီးမားမားရနေတဲ့ ခန္ဓာကိုယ်ကို ကြည့်ပြီး “ကျွန်တော် လွတ်မြောက်နိုင်မှာ မဟုတ်တာတော့ အမှန်ပါပဲ။ နှစ်ယောက်စလုံးထက် တစ်ယောက်ပဲ သေတာက ပိုကောင်းပါတယ်။ မင်းအသက်ရှင်နေနိုင်ရင် ငါ့မိသားစုကို ဂရုစိုက်ဖို့မမေ့နဲ့။"
“ငါလုပ်မယ်။ မင်းရဲ့ကလေးကို ငါပြုစုပျိုးထောင်ပြီး မင်းမိန်းမကို စောင့်ရှောက်မယ်။"
တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ခေတ္တတိတ်ဆိတ်နေကြ၏။ ထို့နောက် နှစ်ယောက်စလုံး ခါးသီးစွာ ပြုံးပြကြသည်။
“ပေါက်ကရ စကားတွေ ရပ်လိုက်တော့။ ငါတို့သေရင် အတူတူသေကြမယ်။"
ရန်ဒန်က ရုန်းကန်ကာ မတ်တပ်ရပ်လိုက်ပြီး "ငါတို့ရှိတာ အကုန်သုံးမယ်"
နက်ခေါင်းညိတ်သည်။ တိုက်ပွဲဝင်ရန် အသင့်ပြင်ထားရင်း အဖြူရောင်အလင်းတန်းများက သူ့လက်ပေါ်သို့ စတင်တောက်ပလာသည်။
သူတို့ထွက်သွားပြီး သူတို့မှာရှိတဲ့အရာအားလုံးကို အသုံးပြုတော့မည့် အချိန်တွင်၊ ညကောင်းကင်ယံမှာ အပြာရောင်အလင်းတန်းတွေ ဖြတ်ပြီး ခြင်္သေ့ဖြူရဲ့ ဘယ်ဘက်မျက်လုံးကို ထိမှန်သွားတယ်။ ချက်ချင်းပင် သွေးများထွက်ကျလာသည်။ ထို့နောက် သေနတ်သံ ကြားလိုက်ရသည်။
ခြင်္သေ့ဖြူသည် ဒေါသတကြီးဟောက်ကာ သေနတ်သံ၏ အရင်းအမြစ်ဆီသို့ ပြေးသွား၏။
ရန်ဒန်နှင့် နက်တို့ ထိတ်လန့်သွားပြီး စိတ်လှုပ်ရှားမှုအဖြစ်သို့ ပြောင်းလဲသွားသည်။
"တစ်ယောက်ယောက်က ကူညီတာလား!"
မီတာငါးရာအကွာတွင် ဟန်ရှောင်းသည် Ghost စနိုက်ပါရိုင်ဖယ်ဖြင့် ကြမ်းပြင်ပေါ်တွင် မှောက်လျက် လဲလျှောင်းနေပြီး သေနတ်၏ကိုယ်ထည်ရှိ ဆားကစ်များတစ်လျှောက် အပြာရောင်အလင်းတန်းများ တောက်ပနေသည်။
စနိုက်ပါ မြင်ကွင်းမှတဆင့် ခြင်္သေ့ဖြူသည် သွေးစွန်းနေသော ဘယ်ဘက်မျက်လုံးဖြင့် သူ့ဆီသို့ ပြေးလာသည်ကို တွေ့လိုက်ရသည်။
ဤပစ်ခတ်မှုသည် Flaming Will ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ ဤတစ်ကြိမ်တွင် ၎င်းသည် ကံကောင်းသော ၂.၂ ဆ ထိခိုက်ပျက်စီးနိုင်မှု၊ [Overload] နှင့် ပေါင်းစပ်ခြင်း၊ သေကွင်းသေကွက်နေရာ၊ အလစ်ချောင်းတိုက်ခိုက်မှုနှင့် ပြင်းထန်သော ပျက်စီးနိုင်မှုတို့ကို အတူတကွ ဖြစ်ပေါ်စေသည်။ ထိခိုက်ပျက်စီးမှုမှာ အံ့ဩစရာကောင်းလောက်အောင် ၁,၈၀၀ ဖြစ်သည်။ ဒါသည် ဟန်ရှောင်း၏ အကောင်းဆုံး ထိခိုက်နိုင်မှုတစ်ခုပင်။
သို့သော် ခြင်္သေ့ဖြူသည် အသက်ရှင်ဆဲဖြစ်ပြီး ၎င်းကို မထိခိုက်စေခဲ့ပေ။ ဟန်ရှောင်းသည် အင်တာဖေ့စ်ပေါ်ရှိ အချက်အလက်ကို ကြည့်ပြီး သူမျှော်လင့်ထားသည့်အတိုင်း ခြင်္သေ့ဖြူသည် အမှန်ပင် သားရဲဘုရင်ဖြစ်သည်။ ၎င်း၏အမည်ရင်းမှာ မျိုးဗီဇပြောင်း ခြင်္သေ့ဖြူဘုရင်၊ အဆင့် ၅၆ ဖြစ်သည်။ ၎င်းတွင် သားရဲအထူးပြု စွမ်းရည်များစွာရှိသည်။ ဥပမာအားဖြင့်၊ ၎င်း၏ သွေးအမှတ်သည် ကြောက်မက်ဖွယ်ကောင်းသော ပမာဏ ၁၈,၀၀၀ကျော် ဖြစ်သောကြောင့် ပစ်ခတ်မှုသည် သွေးအမှတ်၏ ၁၀% ခန့်သာရှိပြီး ဆုံးရှုံးခြင်းလည်းဖြစ်သည်။
_________________________________
မျိုးဗီဇပြောင်း ခြင်္သေ့ဖြူဘုရင်
အဆင့် - ၅၆
သွေးအမှတ် - ၁၅၇၂၄/၁၈၇၀၀
အခြေအနေ - -၅၀% မြင်ကွင်း၊ အလယ်အလတ် သွေးထွက်နေသောအခြေအနေ
ပင်ကိုယ်အရည်အသွေးများ - ၁၃၅ ခွန်အား ၊ ၁၂၆ လက်စွမ်း ၊ ၂၄၀ ခံနိုင်ရည် ၊ ၃၀ ဉာဏ်ရည် ၊ ၂၂ လျှို့ဝှက်ဆန်းကြယ်မှု ၊ ၃၁ ကျက်သရေ ၊ ၂၄ ကံကောင်းခြင်း ။
_________________________________
၎င်း၏ ပင်ကိုယ်အရည်အသွေးများသည် အလွန်မြင့်မားပြီး သွေးအမှတ် ကျဆင်းလာသည်နှင့်အမျှ [ရူးသွပ်သောဒေါသ] ဟုခေါ်သော အထူးစွမ်းရည်များစွာ ပါ၀င်သည်။ အလွန်အန္တရာယ်များသောစွမ်းရည် ဖြစ်သည်။
ဤဘော့စ်ကို အဖွဲ့တစ်ဖွဲ့ဖြင့် တိုက်ခိုက်ရမည်ဟု ယူဆရသော်လည်း ဟန်ရှောင်းသည် တစ်ကိုယ်တော်ဖြစ်သည်။ သို့သော် ယန္တရားဝတ်စုံ အသစ်ဖြင့် စွန့်စားရမှု များစွာ နည်းပါးခဲ့သည်။
ဟန်ရှောင်းက မတ်တပ်ရပ်လိုက်ပြီး သူ့စနိုက်ပါကို အဆက်မပြတ် ပစ်ခတ်ရင်း နောက်သို့ လျှောကျသွားသည်။ Viper ကို ၀တ်ဆင်ထားသော်လည်း အနီးကပ်တိုက်ခိုက်ခြင်းကို မရွေးချယ်ပေ။ တိုက်ခိုက်ရေးနည်းဗျူဟာများ ရောစပ်ခြင်းသည် မှန်ကန်သောနည်းလမ်းဖြစ်သည်။ စနိုက်ပါနှင့် ယန္တရားဝတ်စုံကို တစ်ချိန်တည်းတွင် အသုံးပြုခြင်းဖြင့် အနီးကပ်နှင့် အကွာအဝေးတိုက်ပွဲ နှစ်ခုစလုံးတွင် အားသာချက်တစ်ခု ရရှိနိုင်သည်။ စကင်န်ဖတ်ခြင်း မော်ဂျူးသည် အနီးနားရှိ မြေမျက်နှာသွင်ပြင်ကို ပိုင်းခြားစိတ်ဖြာပြီး ဟန်ရှောင်းကို နောက်ကြောင်းပြန်ကြည့်စရာမလိုဘဲ အလိုအလျောက် ကူညီပေးထားသောကြောင့်၊ ထိခိုက်ပျက်စီးစေမှုများကို အပြည့်အဝ အာရုံစိုက်နိုင်မည်ဖြစ်သည်။
အချိန်အတော်ကြာအောင် ရွေ့လျားပြီး၊ ဟန်ရှောင်းသည် Red Falcon နှင့် Berserk Eagle ၏ ကျည်ကပ်အားလုံး ကုန်သွားသောအခါတွင် မျိုးဗီဇပြောင်း ခြင်္သေ့ဖြူဘုရင်သည် နောက်ဆုံးတွင် မီတာတစ်ရာအတွင်းသို့ ဝင်ရောက်လာသည်။
ဟန်ရှောင်းသည် ရပ်တန့်လိုက်ပြီး သားရဲဘုရင်ထံ ပြေးဝင်သွားလိုက်သည်။
"တိုက်ခိုက်ရေးမုဒ်သို့ ပြောင်းပါ။" ဟန်ရှောင်းက အော်လိုက်တယ်။
လျှပ်စစ်ဓာတ်အားက ကြိုးများမှတဆင့် ပို့လွှတ်လိုက်သည်။ သူ့နောက်ကျောရှိ Bonfire Reaction Furnace မှ တောက်ပသော အနီရောင် အလင်းတန်းများ ထွန်းလင်းလာပြီး၊ ဝတ်စုံရှိ ကြွက်သားမျှင်များသည် ကျယ်ပြန့်လာကာ ဟန်ရှောင်းအား ပို၍ပင် စွမ်းအားများ ပေးစွမ်းနိုင်ခဲ့သည်။
သူ့လက်သီးကို ဆုပ်ထားလိုက်ရာ ဟန်ရှောင်းသည် ယန္တရားဝတ်စုံအတွင်းမှ စွမ်းအားပမာဏကို ရှင်းရှင်းလင်းလင်း ခံစားရပြီး စွမ်းအားများက တိုးထွက်လာရန် စောင့်ဆိုင်းနေကြသည်။ ဝတ်စုံမှ ထပ်ပေါင်းထားသော ပင်ကိုယ်အရည်အသွေးများသည် သူ၏ ခွန်အားနှင့် လက်စွမ်းထက် နှစ်ဆပိုများသည်။
ရန်ဒန်နဲ့ နက်တို့က ဟန်ရှောင်းကို ခြင်္သေ့ဖြူဘုရင်ကြီး ထိပ်တိုက်ရင်ဆိုင်ရတော့မယ်ဆိုတာ အဝေးကနေ မြင်လိုက်ရသည်။
"သူ့ကို ဒီလောက် အနီးကပ် မတိုက်နဲ့!" သူတို့က ဟန်ရှောင်းကို ထိတ်လန့်တကြား အော်လိုက်၏။
ယန္တရားဝတ်စုံဝတ်ထားသည့် ဤလျှို့ဝှက်ဆန်းကြယ်သောလူသည် သူတို့ကို ကယ်တင်ရန် ထိုနေရာတွင် ရှိနေခဲ့သည်။ သူသည် သူတို့၏ မျှော်လင့်ချက်ဖြစ်သည်။ ရန်ဒန်မည်မျှ လွယ်ကူစွာ ရှုံးနိမ့်ခဲ့သည်ကို သူတို့ မှတ်မိနိုင်ပြီး၊ ဤလူသည် ထိုအတိုင်းပင် အဆုံးသတ်သွားနိုင်သည်။
ထိုသို့သော အရွယ်အစားသေးငယ်သော လူသားတစ်ဦးဖြစ်သော်လည်း၊ သူသည် ကြီးမားလှသော သားရဲကို ထိပ်တိုက်ရင်ဆိုင်ရန် ရွေးချယ်ခဲ့သေးသည်။ ကြက်ဥကို ကျောက်ခဲနဲ့ ပစ်သလိုပင်၊ အဲဒါက အကျိုးသက်ရောက်မှု မရှိပေ။
လူနှင့် ခြင်္သေ့တို့သည် အချင်းချင်း တိုက်မိကြသည်။ ရလဒ်သည် ရန်ဒန်နှင့် နက်တို့၏ စိတ်ထဲတွင် သေချာနေသည်။ သူတို့သည် လျှို့ဝှက်ဆန်းကြယ်သော လူသားအတွက် အဆုံးသတ်သည် မည်မျှ ရက်စက်မည်ကို မမြင်ချင်ကြသလို မျက်လုံးများကိုမှိတ်ထားချင်ကြသည်။
ဒါပေမယ့် သူတို့မှားခဲ့၏။ လျှို့ဝှက်ဆန်းကြယ်သောလူသားသည် ကြေကွဲဖွယ် ဆုံးရှုံးမှုကို မခံစားခဲ့ရရုံသာမက နာကျင်စွာ အော်ဟစ်နေသည်မှာ ခြင်္သေ့ဖြူလည်းဖြစ်သည်။ ခြင်္သေ့ဖြူဘုရင်ကြီးက နောက်ပြန်ဆုတ်သွားပြီး ဟန်ရှောင်း၏ ခန္ဓာကိုယ်တစ်ဝက်မှာ မြေကြီးထဲ ဝင်သွား၏။ သူတို့သည် မယုံနိုင်လောက်အောင် လက်ရည်မျှနေကြသည်!
ဟန်ရှောင်းသည် ပို၍ ပေါ့ပါး၏။ သူ့ကို မဖြိုချနိုင်အောင် ခွန်အားကို မြေပြင်သို့ လမ်းလွှဲပေးလိုက်ရသည်။ ခြေထောက်ကြွက်သားများသည် ၎င်းတို့၏ စွမ်းအင်ကို ထုတ်လွှတ်လိုက်သဖြင့်၊ ဟန်ရှောင်းသည် မြေကြီးထဲမှ ခုန်တက်ကာ ခြင်္သေ့ဖြူ၏ ဦးခေါင်းပေါ်သို့ နှင်တံကဲ့သို့ ခြေထောက်ကို ရိုက်ချလိုက်သည်။ ကျယ်လောင်သော အသံနှင့်အတူ လေထဲတွင် လှိုင်းလုံးကြီး ပေါ်လာသည်။
ခြင်္သေ့ဖြူ၏ ဦးခေါင်းခွံသည် စွမ်းအားကြောင့် ပုံသဏ္ဍာန်ပြောင်းသွားသည်။ တစ်ကိုယ်လုံး လူးလိမ့်ပြီး မြေပြင်ပေါ်သို့ လိမ့်ကျသွားသည်။
"အိုဘုရားရေ!"
ရန်ဒန်နှင့် နက်တို့သည် မြင်လိုက်ရသည့်အရာကြောင့် အံ့အားသင့်သွားကြသည်။
သူတို့၏ အရွယ်အစားသည် ဆယ်ဆကျော်ကွာပြီး ကြောက်မက်ဖွယ်ကောင်းသော ခြင်္သေ့ဖြူသည် ဤလျှို့ဝှက်ဆန်းကြယ်သောလူကို ခွန်အားပိုင်းတွင် ရှုံးနိမ့်သွားရသည်။
ရန်ဒန် လည်ချောင်းတွေ ခြောက်သွားသလို ခံစားလိုက်ရသည်။ သူမြင်ခဲ့ရတာတွေက သက်ရောက်မှု ရှိလွန်းသည်။ သူမလုပ်နိုင်သောကြောင့် အခြားသူများ မလုပ်နိုင်ဘူးလို့ ဆိုလိုတာမဟုတ်ပေ။ သူသည် သူ့ထက် သန်မာသော အခြား ‘တိုက်ခိုက်သူ’များနှင့် တိုက်ခိုက်ခဲ့ဖူးပြီး၊ သူတို့ထဲက ဘယ်သူမှ ခြင်္သေ့ဖြူဘုရင်လို အင်အားမကြီးပေ။ သို့တိုင် ဤလျှို့ဝှက်ဆန်းကြယ်သောလူသည် ထိုထက်ပင် အားကောင်းနေသေးသည်။
"ဒါက ဘာစက်ရုပ်ဝတ်စုံလဲ။ တစ်ခါမှ မမြင်ဖူးဘူး” လို့ ရန်ဒန်က ပြောပါတယ်။
နက်၏မျက်လုံးများသည် ရန်ဒန်ကို တစ်ချက်မျှ လှည့်မကြည့်ဘဲ ရှေ့တည့်တည့် စိုက်ကြည့်နေသည်။ "ဒါဟာ အဖွဲ့အစည်းကြီးတစ်ခုရဲ့ လျှို့ဝှက်သုတေသနတစ်ခု ဖြစ်နိုင်သလား"
တိုက်ခိုက်ရေးမုဒ်တွင် Viper သည် ၇၈ ခွန်အားနှင့် ၄၅ လက်စွမ်းတို့ကို မြှင့်တင်ပေးခဲ့ပြီး ဟန်ရှောင်း၏ ဤပင်ကိုယ်အရည်အသွေးနှစ်ရပ်သည် ခြင်္သေ့ဘုရင်ထက်ပင် ပိုမိုမြင့်မားသွားစေသည်။ ပိုထိတ်လန့်စရာကောင်းတာက သူ့ရဲ့ [Overload] သည် Viper ရဲ့ အရည်အချင်းတွေကို ပိုမိုတိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်ခြင်းပါပဲ။
ဟန်ရှောင်းသည် ရန်ဒန်နှင့် နက်ကို စောစောက သတိပြုမိခဲ့သော်လည်း ၎င်းတို့သည် မည်သူဖြစ်သည်ကို မသိသောကြောင့် သူသည် ထိုကိစ္စကို သိပ်စိတ်မ၀င်စားခဲ့ပေ။
ဟန်ရှောင်းသည် မျိုးဗီဇပြောင်း ခြင်္သေ့ဖြူဘုရင်ကို အလွန်အနီးကပ် တိုက်ခိုက်ခဲ့ပြီး သူ၏ ထိုးချက်များနှင့် ကန်ချက်တိုင်းသည် ထိခိုက်ပျက်စီးစေမှု ပမာဏများစွာကို ထုတ်လွှတ်ပေးနေသည်။ စွမ်းအင်သည် Mini Bonfire Reaction Furnace မှ လျင်မြန်စွာ စီးဆင်းနေပြီး၊ မြင့်မားသောခုခံမှုရှိသည့် ချပ်ဝတ်တန်ဆာများသည် ခြင်္သေ့ဖြူဘုရင်၏ တိုက်ခိုက်ခြင်းမှ ကာကွယ်ပေးသည်။
လက်သီးနှင့် ခြေထောက်များကိုသာ အသုံးပြုခြင်းသည် ယန္တရားဝတ်စုံမှာ လုပ်ဆောင်မှုအားလုံးအတွက် လုံးလုံးလျားလျား ဖြုန်းတီးမှုဖြစ်သည်။ ဟန်ရှောင်းသည် အပူပေးလက်အိတ်နှင့် နေပိုးကောင်ကို ဖွင့်ထားပြီး ခြင်္သေ့ဘုရင်၏ အမွေးများကို မီးတင်ရှို့ကာ သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် မီးလောင်ဒဏ်ရာများ ကျန်ရစ်စေသည်။
သူတို့၏ တိုက်ပွဲသည် မြေငလျင်ကဲ့သို့ တုန်လှုပ်သွားသည်။ အဝေးကနေ ကြည့်နေသူတွေတောင် ရင်သပ်ရှုမောပြီး ပြင်းထန်သော တိုက်ခိုက်မှုတွေကို ကြည့်ပြီး ခံစားရနိုင်၏။ ခြင်္သေ့ဘုရင်၏ တိုက်ခိုက်မှုများသည် အချိန်ကြာလာသည်နှင့်အမျှ ပိုမိုပြင်းထန်လာသော်လည်း ဟန်ရှောင်းသည် အသာစီးရနေဆဲဖြစ်သည်။ သူ၏ သွက်လက်မြန်ဆန်မှုကြောင့် တိုက်ခိုက်မှုအများစုကို ရှောင်လွှဲနိုင်ခဲ့ပြီး၊ မရှောင်နိုင်တဲ့ တိုက်ခိုက်မှုများက သူ့ဝတ်စုံကို မထိုးဖောက်နိုင်ပေ။
ထို၂ယောက်သည် ကူညီရန် ရည်ရွယ်ထားသော်လည်း သူတို့သည် မတတ်နိုင်ရုံသာမက၊ ကူညီရန် ကြိုးစားလျှင်ပင် ဝန်ထုပ်ဝန်ပိုးဖြစ်လာနိုင်သည်ကို သတိပြုမိကြသည်။ သို့သော်၊ သူတို့သည် သူတို့၏ကယ်တင်ရှင်ကို နောက်ကွယ်တွင် မထားခဲ့နိုင်သောကြောင့် ဘေးနားတွင် ခိုကိုးရာမဲ့ကြည့်နေကြ၏။
ဟန်ရှောင်း၏ ယန္တရားဝတ်စုံအပေါ် စူးစမ်းလိုစိတ်နှင့် အံ့သြခြင်းတို့သည် စိတ်ထဲတွင် ပြည့်နှက်နေသည်။ ဤမျှလောက် အားကောင်းပြီး များစွာသော လုပ်ဆောင်ချက်များစွာဖြင့် ပြုလုပ်နိုင်သည့် တစ်ပေါင်းတည်းယူနစ် တိုက်ခိုက်ရေးဝတ်စုံကို ယခင်က မည်သည့်နိုင်ငံကိုမှ မမြင်ခဲ့ဖူး သို့မဟုတ် မကြားခဲ့ဖူးပေ။
ရေပင်လယ်ဂြိုလ်၏ ယန္တရားဝတ်စုံ သုတေသနတွင် တိုးတက်မှုသည် အမြဲနောက်ကျကျန်နေသည်။ သီးစီးရပ်စ်တိုင်းပြည်တွင်သာ ပြင်ပကိုယ်ထည် ယန္တရားဝတ်စုံ ရှေ့ပြေးပုံစံများရှိသည်၊ သို့သော် ၎င်းတို့သည် လေးလံပြီး ကြီးမားပြီး အသုံးပြုသူ၏ ရုပ်ပိုင်းဆိုင်ရာစွမ်းရည်ကို မြှင့်တင်မပေးနိုင်ကြောင်း ကောလဟာလများရှိသည်။ သို့သော် ဤယန္တရားဝတ်စုံသည် ၎င်းတို့၏ အသိပညာနှင့် နားလည်မှုထက် ကျော်လွန်နေ၏။
(Galactic civilizations) ကြယ်စင်စု လူမှုအဖွဲ့အစည်းများတွင်၊ တစ်ပေါင်းတည်းယူနစ် တိုက်ခိုက်ရေးဝတ်စုံသည် စစ်သားများအတွက် စံပြကိရိယာဖြစ်ပြီး၊ ၎င်းသည် လူသားများနှင့် စူပါလူသားအကြား ကွာဟမှုကို လျှော့ချပေးသည်။
Viper သည် ၎င်း၏ ခေတ်ရှေ့ပြေးနေသည့် စက်ပစ္စည်းတစ်ခုဖြစ်သည်။ ဗားရှင်း ၁.၀ တွင် ကစားသမားများရှေ့တွင် တစ်ခါမျှ ပေါ်မလာသင့်ပေ။ တကယ်တော့၊ ယန္တရားဝတ်စုံကို ဗားရှင်း ၁.၀ တွင် ဖန်တီးထားခြင်းမရှိခဲ့ဘဲ မည်သည့်ကစားသမားမှ ပိုင်ဆိုင်ခြင်းမရှိသည်မှာ သေချာသည်။
အခန်း (၁၇၆) ပြီး၏။
လင်းဆက်
+++++