← Chapters

သတ္တုရိုင်းတောင်ကုန်း

Vol. 4 Ch. 45

သတ္တုရိုင်းတောင်ကုန်း

Vol. 4 Ch. 45

သူ့ရဲ့ ပြင်ပခွန်အား ၁၀၀၀ ကီလိုဂရမ် ရောက်တဲ့ အခါမှာတော့ လီဖူချန်းက သူ့ရဲ့ ကြွက်သားတွေကို ပိုမို ကျစ်လျစ်လာပြီး အရင်ကထက် ပိုသန်မာလာတာကို ခံစားလိုက်ရတယ်။ သူ့ခန္ဓာကိုယ် အလေးချိန်ကလည်း အရင်ကထက်ကို ပိုပြီး စီးလာတယ်။

"ခန္ဓာကိုယ် သန့်စင်နည်း စနစ်ရဲ့ အမြင့်ဆုံးအဆင့်ကို ရောက်သွားရင် ငါ့ခန္ဓာကိုယ် အလေးချိန်က သာမန်လူထက် ၁၀ ဆလောက် ပိုလေး သွားမလားတောင် မသိတော့ဘူးကွာ"

လီဖူချန်းက တိုက်ပွဲဝင် ကြေးနီရောင် ခန္ဓာကိုယ်ရဲ့ ပထမအဆင့်ကို အောင်မြင်ပြီးသွားတဲ့ နောက်မှာတော့ ဒုတိယအဆင့်ကို ဆက်ပြီး လေ့ကျင့် ချင်လာခဲ့တယ်။ ဒုတိယအဆင့်ရဲ့ အတွင်းအား လှည့်ပတ် စီးဆင်းပုံက ပထမ အဆင့်ထက်ကို ပိုမို ရှုပ်ထွေးတယ်။

သူသတိတစ်ချက် လွတ်လိုက်တာနဲ့ သွေးကြောတွေ ပျက်စီးပြီး ရူးသွပ်သွားစေ နိုင်တယ်လေ။ ပြီးတော့ ခန္ဓာကိုယ် ကြံ့ခိုင်မှု အထောက်အကူ ပြုတဲ့ ဆေးဝါးတွေလည်း အများကြီး ပိုလိုအပ်လာတယ်။ ဒါပေမဲ့ တကယ့် အရေးအကြီးဆုံး အချက်ကတော့ နာကျင်မှုကို တောင့်ခံ ထားနိုင်ပါ့မလား ဆိုတာပဲ။

ဒီကျင့်စဉ်ကို လေ့ကျင့်နေတဲ့ အချိန်မှာ လူက ရေနွေးအိုးထဲမှာ ထည့်ပြုတ် ခံထားရသလို ဖြစ်နေမှာလေ။ အတွင်းအားတွေကို စနစ်တကျ စီးဆင်းစေပြီး ကာကွယ်နိုင်မှသာ အပူချိန်ကို ခံနိုင်မှာ ဖြစ်ပါတယ်။ လီဖူချန်းက လူသား တစ်ယောက်ပဲလေ။

ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးထဲကလို အပူချိန်ကို ဒီအတိုင်း ဘယ်တောင့် ခံနိုင်ပါ့မလဲ။

ဒီလိုလုပ်ဖို့ ဆိုတာ ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ အားကောင်းတဲ့ စိတ်စွမ်းအား ရှိဖို့လည်း လိုအပ်ပါတယ်။

***

လီဖူချန်းရဲ့ ခြံဝင်း အတွင်းမှာတော့ အလွန်ကြီးမားတဲ့ အိုးကြီးတစ်လုံးကို ထင်းမီးအား ကောင်းကောင်းနဲ့ မြှိုက်ထားပါတယ်။ အိုးကြီးထဲက ရေတွေ ပွက်ပွက်ဆူလာတဲ့ အခါမှာတော့ လီဖူချန်းက အိုးကြီးထဲကို ဝင်ပြီး စိမ်လိုက်တယ်။ သူ့ရဲ့ ခေါင်းကိုတော့ အသက်ရှူဖို့ရာ ဖော်ထားပါတယ်။

ရေတွေ ဆူပွက်လာတာနဲ့အမျှ လီဖူချန်းရဲ့ ခန္ဓာကိုယ်ကလည်း ပုဇွန်တစ်ကောင်ကို ပြုတ်ထားတဲ့ အတိုင်းပဲ နီရဲလာပြီး မျက်နှာကလည်း နာကျင်မှု တွေကြောင့် ရှုံ့မဲ့လို့ နေပါတယ်။

ဒီတစ်ခေါက် နာကျင်မှုတွေက သူခံနိုင်တာထက်ကို ကျော်လွန် နေပါပြီ။ သူ့တစ်ကိုယ်လုံးက မီးလောင် နေသလိုပါပဲ။ သူအကြိမ်ကြိမ် အရှုံးပေးပြီး အိုးထဲက ထွက်ဖို့ လုပ်ခဲ့ပေမဲ့ သူ့ရဲ့ အသိစိတ်က သူ့ကို အိုးထဲက မထွက်နိုင်အောင် တားထားနေပါတယ်။ စကားပုံ တစ်ခုလိုပါပဲ။

“မင်းအရိပ် ကောင်းကောင်း ရချင်ရင်တော့ နေပူထဲက စောင့်ရမှာပါပဲ"

ဒီအချိန်လေးကို သူတောင့်မခံ ထားနိုင်ဘူးဆိုရင် သူ့ဘဝရဲ့ နောင်တအကြီးဆုံး ဖြစ်သွား နိုင်တယ်လေ။ နာကျင်မှုတွေကို ကြိုးစား မေ့ဖျောက်ပြီး လီဖူချန်းက သူ့အတွင်းအားတွေကို လှည့်ပတ်တဲ့ နေရာကိုပဲ ပိုပြီး အာရုံစိုက် လိုက်တယ်။ ဒီနာကျင်မှုဒဏ်ကို အတွင်းအားနဲ့ပဲ တောင့်ခံတာက အကောင်းဆုံးပါပဲ။ နှစ်နာရီ ကြာသွားပြီး နောက်မှာတော့

“ဝုန်း"

လက်နှစ်ဖက် စလုံးနဲ့ အိုးကြီးကို ရိုက်ခွဲလိုက်ပြီး အထဲကနေ လီဖူချန်းတစ်ယောက် ခုန်ထွက် လာခဲ့ပါပြီ။ လီဖူချန်းရဲ့ အသားအရေတွေဟာ ပူလွန်းလို့ ပက်ကြားတွေ အက်နေပါတယ်။ ကြည့်ရတာ ဒုတိယအဆင့်ကို အောင်မြင်သွားတဲ့ ပုံပါပဲ။

သူ့ရဲ့ စိတ်ဝိညာဉ် အားကောင်းမှုက ဒီအဆင့်ကို ကျော်ဖို့  တစ်ဖက်တစ်လမ်းက အကူအညီ ပေးခဲ့လို့ သာပေါ့။

မဟုတ်ရင် သူဒီအဆင့်ကို ကျော်နိုင်ဖို့ လမ်းမမြင်ပါဘူး။ အပြင်ရောက်တာနဲ့ လီဖူချန်းက ချက်ချင်း ထိုင်ချလိုက်ပြီး သူ့ရဲ့ အတွင်းအားတွေ အခြေတကျ ဖြစ်သွားအောင် လေ့ကျင့်နေတယ်။

နာကျင်မှုတွေ ရှိနေသေးပေမဲ့ ဒီလောက်ကိုတော့ သူက ခံနိုင်ရည် ရှိနေခဲ့ပြီလေ။ ညနေခင်း ရောက်တဲ့ အခါမှာတော့ လီဖူချန်းရဲ့ အသားအရေက တဖြည်းဖြည်း မည်းနက်တဲ့ ဘက်ကို ပြောင်းလာခဲ့တယ်။

“ဟူး ... ငါ ဒီတိုက်ပွဲဝင် ကြေးနီရောင် ခန္ဓာကိုယ် ဒုတိယအဆင့်ကို ကောင်းကောင်းကြီး အောင်မြင် သွားခဲ့ပြီပဲ"

လီဖူချန်းက သက်ပြင်း တစ်ချက် ချရင်းနဲ့ မျက်လုံးကို ဖွင့်လိုက်တယ်။ သူ့ရဲ့ အသားအရေတွေကလည်း ပုံမှန် ပြန်ဖြစ်နေပါပြီ။

***

ဒီအတောအတွင်း မှာတော့ လီဖူချန်းဘဝ အရမ်းကို ပုံသေ ဆန်နေခဲ့တယ်။ မနက်ပိုင်းဆို ဓားသိုင်းကျင့်တယ်။ နေ့လည် နေအပူချိန် မြင့်ပြီဆိုရင် ကြက်သွေးရောင် မီးကျင့်စဉ်ကို ကျင့်တယ်။ ညနေခင်းလောက်ဆို ကြေးနီရောင် ခန္ဓာကိုယ် ကျင့်စဉ်ကို ကျင့်တယ်။ ဒါတွေအားလုံး ပြီးသွားရင်တော့

ဆေးရည်တွေ ပေါင်းထည့်ထားတဲ့ အိုးကြီးတစ်လုံးထဲမှာ စိမ်ရင်း အနားယူပါတယ်။ လီဖူချန်းက တစ်နေ့တာကို ကောင်းကောင်းကြီး အသုံးချတတ် နေပါပြီ။

တိုက်ပွဲဝင် ကြေးနီရောင် ခန္ဓာကိုယ် ဒုတိယအဆင့်ကို ရောက်ပြီး ငါးရက် အကြာမှာတော့ လီဖူချန်းရဲ့ အရိုးတွေ သွေးသားတွေက အရမ်းကို သန့်စင် လာနေပါပြီ။

အခုဆိုရင် ကီလိုဂရမ် ၁၀၀၀ လေးတဲ့ ကျောက်တုံးကြီးကိုတောင် အားစိုက်စရာ မလိုပဲ သာသာယာယာ မနိုင်နေပြီလေ။

ဒီအဓိပ္ပာယ်က လီဖူချန်းရဲ့ ပြင်ပအားက ကီလိုဂရမ် ၁၀၀၀  ကျော်သွားပြီလို့ ပြောနေပါတယ်။

လီဖူချန်းက တိုက်ပွဲဝင် ကြေးနီရောင် ခန္ဓာကိုယ်ရဲ့ ဒုတိယအဆင့် အတားအဆီးကို ချိုးဖောက်ပြီး တတိယအဆင့်ကို ရောက်ဖို့ကတော့ အတော်လေး လိုအပ်နေပါသေးတယ်။

ဆေးဝါးတွေလည်း အများကြီး ဝယ်ရဦးမှာပါ။ လီဖူချန်းက သူ့ရဲ့ ကျန်နေသေးတဲ့ အမှတ် ၆၀၀၀ ကိုသုံးပြီး ပိုကောင်းတဲ့ ခန္ဓာကိုယ် သန့်စင်ဆေးလုံးတွေကို ဝယ်လိုက်ပါတယ်။ ၂၄ လုံးတိတိ ရလာခဲ့တယ်။

၃ လုံးကို တစ်ရက်နှုန်းနဲ့ သောက်သုံးပြီး လေ့ကျင့်ခဲ့ရာမှာ ၈ရက်မြောက်နေ့ မှာတော့ သူ့ရဲ့ ဆေးတွေ အကုန်လုံး ကုန်သွားခဲ့ပါပြီ။ လက်ရှိ လီဖူချန်းရဲ့ အပြင်ခွန်အား ကတော့ ၁၅၀၀ ကီလိုဂရမ် အထိကို ရောက်ရှိနေပြီ ဖြစ်သည်။

"ငါ့ရဲ့ အမှတ်တွေကော ဆေးတွေကော အကုန်လုံး ကုန်သွားပြီ။ ငါ ထောက်ပံ့ရေး ရမှတ်တွေ ထပ်ရဖို့တော့ လိုအပ်နေပြီ"

လီဖူချန်းက မိုးပြာရောင် ရေကန်ကို ထပ်သွားပြီး ငါးမျှားဖို့ ဆိုတာ မဖြစ်နိုင်မှန်း သိပါတယ်။ အဲမှာက သူ့ကို အမဲဖျက်ဖို့ စောင့်နေတဲ့ လူတွေ အများကြီးပါပဲ။

"အင်း ငါ သတ္တုရိုင်းတောင်ပေါ် တက်ပြီး သတ္တု သွားရှာတာပဲ ကောင်းမယ် ထင်တယ်။

သတ္တုရိုင်းတွေနဲ့ တွင်းထွက် ပစ္စည်းတွေက မိုးပြာရောင်ဂိုဏ်းရဲ့ နယ်နိမိတ် အတွင်းမှာ ပေါများလွန်း ပါတယ်။ သတ္တုရိုင်းတောင်တွေကနေ အမျိုးမျိုး အစားစားရှိတဲ့ သတ္တုတွေ ထွက်ပါတယ်။

အဝါရောင် အဆင့်ရှိတဲ့ သတ္တု ... ဆန်းကြယ် အဆင့်ရှိတဲ့ သတ္တု ... မြေကမ္ဘာ အဆင့်ရှိတဲ့ သတ္တု စသဖြင့်ပေါ့။

ဥပမာ သံမဏိဓားတွေ သွန်းလုပ်ဖို့ဆိုရင် အဝါရောင် အလယ်အလတ် အဆင့် သတ္တုရိုင်းတွေ လိုအပ်ပါတယ်။ ဆန်းကြယ်အဆင့်နဲ့ မြေကမ္ဘာ အဆင့် သတ္တုရိုင်းတွေ ကတော့ အရမ်းကို ရှားပါးပါတယ်။

မင်းတွေ့ချင်ရင်တောင် ရှာတွေ့မှာ မဟုတ်ပါဘူး။ တစ်ခါတုန်းက အပြင်စည်း တပည့်တစ်ယောက်က ကံကောင်းပြီး အဝါရောင် ထိပ်တန်းအဆင့် သတ္တုရိုင်း ၁ ကီလိုဂရမ်လောက် တွေ့တာတောင် အမှတ် ၅၀၀၀၀ ရခဲ့ဖူးတယ်။ ကန်ရှန်းတောင်က မိုးပြာရောင် တောင်တန်းတွေ ပေါ်က သတ္တုရိုင်းထွက်တဲ့ တောင်တစ်လုံး ဖြစ်ပါတယ်။

သုံးရက်မြောက်နေ့ နေ့လယ်ခင်းမှာတော့ လီဖူချန်းက ဒီတောင်ခြေကို ရောက်လာခဲ့တယ်။ ဒီတောင် တစ်ခုလုံးက ကျောက်တုံး ကျောက်ခဲတွေနဲ့ ပြည့်နှက်နေပြီး မြက်ပင်တွေ တောင်မှ ဒီတောင်မှာ ပေါက်ဖို့ ခဲယဉ်းပါတယ်။

“ကန်ရှန်းတောင်က သတ္တုရိုင်းထွက်တဲ့ တောင်တွေထဲမှာ အကြီးဆုံးပဲ။ ဒီတောင်ပေါ်ကနေ သတ္တုကြော တစ်ခုသာ ငါတွေ့လိုက်လို့ ကတော့ ပွပြီပဲ"

လီဖူချန်းက တောင်ကြီးကို မော့ကြည့်လိုက်ပြီး စိတ်ကူးယဉ်နေရင်းနဲ့ တောင်ခြေက လမ်းလေး အတိုင်း တောင်ပေါ်ကို တက်သွားတယ်။

“ဝါး ဒီတောင်ရဲ့ နေရာတိုင်းမှာ သတ္တုရိုင်းတွေ ရှိနေတာပဲ"

လီဖူချန်းက လမ်းအနည်းငယ်ပဲ လျှောက်ရ သေးတယ်။ သူ့ရှေ့မှာ သံရိုင်းတွေ ရှိနေတာကို တွေ့လိုက်ရတယ်။ ဒါပေမဲ့ ဒါတွေက ဘယ်လောက်မှ အဖိုးမတန်တဲ့ အတွက် ဆက်ပြီး လျှောက်လာခဲ့တယ်။

တောင်ရဲ့ အတွင်းပိုင်း တစ်နေရာကို ရောက်တဲ့ အခါမှာတော့

“ဟင် ဒါက ငွေနှင်း သတ္တုရိုင်းကြီးလားဟ"

လီဖူချန်းက ငွေရောင်ရင့်ရင့် အခဲကြီးတစ်ခုကို တွေ့လိုက်တယ်။

ဒီငွေနှင်းသတ္တု တစ်ကီလိုက ၂၀ မှတ်နဲ့လဲလို့ ရပါတယ်။ ဒီအခဲကြီးက ၅ ကီလိုဂရမ်လောက်ကို ရှိတယ်။ တစ်ချက်လောက် စဉ်းစားပြီးတဲ့ နောက်မှာတော့ လီဖူချန်းက ဒီသတ္တုခဲကို မကောက်ပဲ  တောင်ပတ်လမ်းတွေ ရှိရာဘက်ကို ဆင်းသွားတယ်။

လီဖူချန်းက သူ့ရဲ့ ဘယ်ဘက်မှာ ၁၀ မီတာလောက် ရှိတဲ့ တောင်ကုန်းလေးတွေ အများကြီး ရှိနေတာကို ရုတ်တရက် မြင်လိုက်တယ်။ လီဖူချန်းက နှလုံးခုန်သံ တွေတောင် မြန်လာတယ်။ သူဘယ်မှာ သတ္တုသွား ရှာရမလဲဆိုတာ  သူသိပြီလေ။

***

All Chapters