သတ္တုတူးပြီးပြန်ပြီ
Vol. 4 Ch. 46
လီဖူချန်းက သူ့ရဲ့ ခြင်းတောင်းကို ချလိုက်ပြီး တောင်ကုန်းပေါ်ကို အိမ်မြှောင် တစ်ကောင်လို တွယ်တက် သွားတယ်။ တောင်နံရံရဲ့ တစ်နေရာ အရောက်မှာတော့ လီဖူချန်းက ရပ်လိုက်ပြီး တောင်နံရံကို လက်သီးဖြင့် အားကုန် ထိုးလိုက်တယ်။ လီဖူချန်းရဲ့ စိတ်ဝိညာဉ်က အခုဆိုရင် အစိမ်းရောင် ဘက်ကို ၈၀ ရာခိုင်နှုန်းလောက် ရှိနေပြီ ဖြစ်သည်။လီဖူချန်းရဲ့ အသိစိတ်နဲ့ ဒီနေရာမှာ သတ္တုကြော ရှိမရှိကို အာရုံခံဖို့ ဒီပေါ်ကို တက်လာတာ ဖြစ်သည်။
ငါးမျှားတုန်းက လိုပေါ့။ သူ့အသိစိတ်က အတားအဆီးတွေကို ဖောက်ပြီး တွေ့မြင် နိုင်တယ်လေ။ လီဖူချန်းက သူ့လက်သီးချက်ကြောင့် ဖြစ်သွားတဲ့ တွင်းငယ်လေးထဲကို လက်ထည့်လိုက်ကြီး အာရုံ ခံလိုက်တယ်။ ရုတ်တရုတ် ငွေရောင် အလင်းတန်းလေး တစ်ခုက သူ့ရဲ့ အသိစိတ်လိုက် ရောင်ပြန် ဟပ်နေတာကို ခံစားလိုက်ရတယ်။ လီဖူချန်းက ထိုငွေရောင် အလင်းတန်း ထွက်လာတဲ့ နေရာကို ကူးသွားပြီး တောင်မျက်နှာပြင်ကို ရိုက်ချလိုက်တယ်။ သူ့ရဲ့ လက်ဝါးရိုက်ချက်ကြောင့် တောင်ကုန်းပေါ်က ကျောက်တုံံး အပိုင်းအစတွေ ပြိုဆင်း လာပြီးနောက် ငွေရောင်ရင့်ရင့် သတ္တုကြောကြီး တစ်ခုကို လီဖူချန်းက တွေ့လိုက်ရတယ်။
“ဒီလောက်ဆို လုံလောက်ပြီ ထင်တယ်"
လီဖူချန်းရဲ့ မျက်လုံးတွေ ကတော့ အရောင်တွေ တောက်ပနေတယ်။
သူက ဒီတောင်ကုန်းပေါ်မှာ ဒီသတ္တုကြော ရှိမယ်ဆိုပြီး ခုန်တက်ခဲ့တာ မဟုတ်ပါဘူး။ တောင်ကုန်းတွေ အများကြီးထဲက တွေ့ရာတစ်ခုကို ကံစမ်းပြီး တက်လိုက်တာပါ။ ကံကောင်းတာက သူတက်လိုက်တဲ့ တောင်ကုန်း မှန်သွားခဲ့တာပဲ။ သံမဏိတူရွင်း တစ်ခုကို ထုတ်လိုက်ပြီးတော့ လီဖူချန်းက ငွေနှင်းသတ္တု ကြောကြီးကို ရသလောက် တူးပါတော့တယ်။
လီဖူချန်းရဲ့ ၁၅၀၀ ကီလိုအားကြောင့်
သက်သက်သာသာပဲ တူးယူလို့ရခဲ့ပါတယ်။
“အား ဒီသတ္တုခဲကြီးက ၃၀၀၀ ကီလိုဂရမ် ကတော့ အနည်းဆုံးပဲ" ဖူချန်းက ပျော်လွန်းလို့ ထတောင် ကချင်နေပါပြီ။ ဒါက အနည်းဆုံး ရမှတ် ၆၀၀၀၀ ကျော် ရမဲ့ဟာကြီးလေ။
ဒီလောက်ကြီးတဲ့ သတ္တုကြောကြီးကို ငါအကုန် တူးသွားပြီး ယူသွားရင် လူတိုင်းက ငါ့ကို သတိထားမိမှာပဲ။
ငါနည်းနည်းစီခွဲပြီး သယ်သွားမှ တော်ကာကျမယ်။
လီဖူချန်းက သေသေချာချာ စဉ်းစားပြီးတဲ့ နောက်မှာတော့ ၂၀ ရာခိုင်နှုန်းလောက် ကိုသာဖဲ့ပြီး တူးလိုက်တယ်။ အဲတာကို မကြည့်လိုက်တဲ့ အခါမှာတော့ ၇၀၀ ကီလိုလောက် အထိ လေးနေတာကို သိလိုက်ရတယ်။
“ဒီလောက်ကိုတော့ လူတွေ မရိပ်မိပါစေနဲ့ကွာ"
လီဖူချန်းက သူတူးထားတဲ့ ကျွင်းကို ကောင်းကောင်း ပြန်ဖုံးဖိလိုက်ပြီး တောင်ကုန်းပေါ်ကနေ ပြန်ဆင်း လာခဲ့တယ်။
“ဒီတစ်ခေါက် ငါ့ကံက တော်တော်လေး ကောင်းတာပဲ။ ဟား ဟား"
လီဖူချန်းက သတ္တုခဲကြီးကို ခြင်းတောင်းထဲ ထည့်ပြီး အူမြူးစွာနဲ့ ပြန်လာခဲ့တယ်။
“လှံထမ်း လာတာကို မြင်ရတယ်။ ကံထမ်း လာတာကို မမြင်ရဘူး ဆိုတာ ဒီလိုမျိုးကို ပြောတာပဲ ဖြစ်မည်"
ပထမဆုံး သူ့ဆီမှာ ရွှေရောင် အဆောင်လက်ဖွဲ့ ရောက်လာတယ်။ နောက်တော့ သူ့စိတ် ဝိညာဉ်က အဆင့်တက်ပြီး ပုံပြောင်းသွားတယ်။
အခုလည်း သတ္တုကြောကြီး တစ်ခု တွေ့နေပြီ။ သူ့ဘဝက သာသာယာယာ ပါပဲလား။
ကံတရား ဆိုတာက အရမ်းကို ထူးဆန်း အံ့သြစရာ ကောင်းလှသည့် အရာတစ်ခုပင် မဟုတ်ပါလော။ သူသာ အဲသည်နေ့က မိုးနတ်မင်းကြီးကို ကျိန်ဆဲဖို့ တောင်ပေါ်ကို မသွားခဲ့ရင်
ကောင်းမိသားစုကသာ လက်ထပ်ဖို့ ကိစ္စကို မပယ်ဖျက်ခဲ့ရင် ဒီလိုတွေ ဖြစ်လာမလား ဆိုတာ သူမသိနိုင်ပေ။ သေချာတာ တစ်ခုကတော့ သူက လီကလန်ရဲ့ သာမန် အရိုးတည်ဆောက်ပုံ ပိုင်ရှင် လီဖူချန်းအဖြစ်နဲ့ ဘဝကို ဖြစ်သလို ဖြတ်သန်း နေရမှာတော့ မလွဲဧကန်ပင်။
***
ငွေနှင်းသတ္တုတုံးကြီးကို သယ်ပြီး ကန်ရှန်းတောင်ပေါ်က ဆင်းလာတဲ့ လီဖူချန်းကို ကြည့်ပြီး အပြင်စည်း တပည့်တော်တော်များများက မင်္သကာသလို ကြည့်နေကျသည်။
လီဖူချန်းရဲ့ ခြေလှမ်းကြောင့် ဖြစ်ပေါ်လာတဲ့ ခြေရာတွေကို ကြည့်ချင်းအားဖြင့် သူ့ခြင်းတောင်းထဲမှာ အလွန်လေးတဲ့ အရာတွေ သယ်လာတယ် ဆိုတာကို တန်းသိနိုင်တယ်လေ။
“ကြည့်ရတာ မင်းတောင်ပေါ်ကနေ ပစ္စည်း ကောင်းလေးတွေ ရလာတဲ့ပုံပဲ။ ငါတစ်ချက်လောက် ကြည့်လို့ရမလား"
ဝါစဉ်ကြီး တပည့်တစ်ယောက်က လီဖူချန်းကို တားပြီး ခြင်းတောင်းကို ဖွင့်ပြဖို့ တောင်းဆို လိုက်သည်။
လီဖူချန်းကလည်း ငနုံတစ်ယောက် မဟုတ်ပေ။ ဒီလို ဖြစ်လာနိုင်တယ် ဆိုတာကို ကြိုတင် တွေးထားပြီး ဖြစ်သည်။ ထို့ကြောင့် သူက တောင်ပေါ်က မဆင်းခင်မှာ သံရိုင်းတွေ အများကြီး ကောက်လာခဲ့ပြီး အပေါ်ကနေ ဖုံးထားပြီး ဖြစ်သည်။
လီဖူချန်းက လုံးဝ တုံ့ဆိုင်းမရှိပဲ ခြင်းတောင်းကို ဖွင့်ပြလိုက်လေသည်။
“ကြည့်ပါ .. ကြည့်ပါ အစ်ကိုကြီး"
ထိုလူက လီဖူချန်းရဲ့ ခြင်းတောင်းထဲကို ကြည့်လိုက်တဲ့ အခါမှာတော့ လက်သီးဆုပ်လောက် ရှိတဲ့ သံရိုင်းတွေ အများကြီးကိုပဲ တွေ့လိုက်ရတယ်။
“သံရိုင်းတုံးတွေ ပါလား။ ကောင်းတယ်။ ကောင်းတယ်"
ထို အပြင်စည်းတပည့်ရဲ့ မျက်နှာပေါ်မှာ စိတ်ပျက်မှုတွေက အထင်းသား ဖြစ်သွားသည်။
သံရိုင်းတွေက တစ်ကီလိုမှ တစ်မှတ်ပဲရတာလေ။ မင်းကီလို ၁၀၀၀ သယ်လာရင်တောင်မှ အမှတ် ၁၀၀၀ ပဲရမှာ။ ဒီလို သံရိုင်းတုံးလေးတွေ အတွက်နဲ့ ဝါစဉ်ကြီး တပည့်တစ်ယောက်က တပည့်သစ် တစ်ယောက်ဆီကနေ လုယူသည်ဟု သတင်းထွက်လိုက် လို့ကတော့ သူ့သိက္ခာတွေ ဘာမှ ကျန်တော့မည် မဟုတ်ပေ။ ကျောင်းတော်သားတွေရဲ့ ပါးစပ်မှာ သူ့ဘဝ ရေစုန်မျော သွားနိုင်သည်။ မတန်ပေ။ လုံးဝမတန်ပေ။
"သွားတော့ သွားတော့။ ဒီလို သံရိုင်းတွေ အများကြီး သယ်လာတာ မင်းကစောက်ရူးပဲ"
ဝါစဉ်ကြီးတပည့်က လီဖူချန်းကို ထွက်သွားခွင့် ပြုလိုက်သည်။ ဒီလိုနဲ့ပဲ လီဖူချန်းက ထောက်ပံ့ရေး ဌာနကို ရောက်လာခဲ့သည်။
***
"ငွေနှင်းသတ္တုရိုင်းတွေ လား"
တာဝန်ကျ အကြီးအကဲက လီဖူချန်းကို ကြက်သေ သေပြီး အကြာကြီး စိုက်ကြည့် နေမိတယ်။ ဒီကောင်က ဟုတ်ကော ဟုတ်သေးရဲ့လားပေါ့။
ပထမတစ်ခေါက် လာတုန်းကလည်း ထောက်ပံ့ရေးရမှတ် ၁၆၀၀၀ ဖိုးရှိတဲ့ ရတနာငါးတွေ ဖမ်းလာတယ်။ အခုလည်း အမှတ် တစ်သောင်းကျော်ဖိုးလောက် ရှိတဲ့ သတ္တုရိုင်းတွေ သယ်လာပြန်ပြီ။ ဒီလောက် ကံကောင်းတဲ့လူ ရှိသေးတယ်ပေါ့လေ။ သတ္တုတွေကို သေသေချာချာ ချိန်တွယ်ပြီးတဲ့ နောက်မှာတော့ အကြီးအကဲက လီဖူချန်းရဲ့ ရမှတ်ကို ပြောပြလိုက်သည်။
"သံရိုင်းသတ္တုတွေ အတွက် အမှတ် ၁၀၀ရမယ်။ ငွေနှင်းသတ္တုရိုင်း ၇၈၀ ကီလို အတွက်ကတော့ အမှတ် ၁၅၆၀၀ ရမယ်။ အမှတ်အားလုံး စုစုပေါင်း ၁၅၇၀၀ ရမယ်။ မင်းကျေနပ်ရဲ့လား"
လီဖူချန်းက အစောကြီးတည်းက အမှတ် ၁၅၀၀၀ လောက်ရမည်ဟု ခန့်မှန်းထားသော်လည်း အခု တရားဝင် ၁၅၇၀၀ မှတ်ရမည်ဟု အကြီးအကဲက ပြောလိုက်တဲ့ အခါမှာတော့ ဝမ်းသာလွန်းလို့ ထပြီး ကချင်စိတ်တောင် ပေါက်နေပြီ ဖြစ်သည်။
ရမှတ်တွေကို ယူပြီး နောက်မှာတော့ လီဖူချန်းက ထောက်ပံ့ရေး ဌာနကနေ အမြန်ထွက်ခွာပြီး ကန်ရှန်းတောင်ကို နောက်တစ်ခါ ထပ်သွားပြန်တယ်။
ရက်အနည်းငယ် အကြာမှာတော့ သူက ကီလို ၁၀၀၀ နီးပါးရှိတဲ့ ငွေနှင်းသတ္တုရိုင်းတွေ သယ်လာပြီး ထောက်ပံ့ရေး ဌာနကို ထပ်ရောက် လာပြန်တယ်။ ဒီတစ်ခါတော့ လီဖူချန်းက လမ်းမှာ ပြဿနာ နည်းနည်း တက်လာခဲ့တယ်။
လူသားနယ်ပယ် အဆင့်ရှိတဲ့ တပည့်ကြီး နှစ်ယောက်က လမ်းမှာ လီဖူချန်းကို တားပြီး သူရဲ့ခြင်းတောင်းကို လုယူဖို့ ကြိုးစားကျတယ်လေ။
လီဖူချန်းကလည်း ရွေးစရာမရှိသည့် အဆုံးမှာတော့ ထိုနှစ်ယောက်ကို လက်ဝါးတစ်ချက်စီ ရိုက်ခဲ့မိသည်။ ထိုနှစ်ယောက်စလုံး အဆင်ပြေကြပါစေလို့ သူဆုတောင်း ပေးခဲ့ပါသေးသည်။
အဘယ်ကြောင့် ဆိုသော် သူထွက်လာချိန် အထိ ထိုနှစ်ယောက်က သတိမရသေးသော ကြောင့်ဖြစ်သည်။
ကံကောင်းရင်တော့ ထိုတပည့် နှစ်ယောက်က ဆန်ပြုတ်ကို ၃ လလောက်ပဲ ကောင်းကောင်းကြီး လွေးရမှာပါ။ ကံဆိုးရင်တော့ ဆေးဝါးဌာနမှာ သမားတော်ပင့် ကုသ ရမှာပေါ့လေ။
အခုချိန်မှာ ဇူဟွာလောင် လာရင်တောင် အရင်လို သူ့ကို လက်ဝါးတစ်ချက်တည်းနဲ့ အနိုင်ယူ နိုင်တော့မှာ မဟုတ်ပေ။ အဘယ်ကြောင့် ဆိုသော် လီဖူချန်းရဲ့ ပြင်ပခွန်အားက ၅၀၀ ကီလိုဂရမ်ကနေ ၁၅၀၀ ကီလိုဂရမ်အထိ တိုးလာပြီလေ။
လျိုခိုင်ကို လမ်းမှာတွေ့ဖို့ သူဆုတောင်းခဲ့ ပေမဲ့ မိုးနတ်မင်းကြီးက လျိုခိုင်ဘက်မှာ ရှိနေသည့် ပုံပင်။
"တောက် ... ဒီတစ်ခါ လျိုခိုင်ကို တွေ့လို့ကတော့ ဒီကောင့် မျက်ခွက်ကို သူ့အမေတောင် မမှတ်မိအောင် ထိုးထားပေးဦးမယ်"
လီဖူချန်းက စိတ်ထဲက ကြိမ်းဝါးရင်းနဲ့ ထောက်ပံ့ရေး ဌာနထဲကို ဝင်လာခဲ့သည်။
“သံရိုင်း ၅၀ ကီလိုဂရမ်။ ငွေနှင်းသတ္တုရိုင်း ၉၅၀ ကီလိုဂရမ် ။ အားလုံး စုစုပေါင်း ၁၉၀၅၀ မှတ် ရမယ်။ အကြီးအကဲက ဒီတစ်ခါတော့ လီဖူချန်း သတ္တုကြောကြီး တစ်ခု တွေ့ထားတယ် ဆိုတာကို လုံးဝ သေချာသွားပြီ။ ဒီကောင်က နည်းနည်းချင်းစီ ဖဲ့ပြီး ယူလာတာပဲ ဖြစ်မည်။
“လီဖူချန်း ………
ငါ့ကို အမှန်အတိုင်း ပြောစမ်းပါ။ မင်း ငွေနှင်းသတ္တုကြောများ တွေ့ထားတာလား"
အကြီးအကဲက မနေနိုင်တော့ပဲ မေးလိုက်တယ်။ လီဖူချန်းက ခေါင်းခါလိုက်ပြီး
“မတွေ့ရပါဘူးဗျာ။ ဒီတစ်ခေါက် သယ်လာတာက အကုန်ပါပဲ။ ကျွန်တော် ကံကောင်းပြီး နည်းနည်းလေး တွေ့ခဲ့တာပါ"
“ဟုတ်လို့လား ကွာ"
လီဖူချန်း လိမ်နေသလား အမှန် ပြောနေသလား ဆိုတာကို အကြီးအကဲက အသေအချာ အကဲခတ် နေတယ်။ လီဖူချန်းကတော့ အေးဆေးပဲ လုံးဝမူမပျက်ပဲ နေနေတယ်။
အချိန် အတော်ကြာပြီး နောက်မှာတော့ အကြီးအကဲက ဝေခွဲမရသဖြင့် လီဖူချန်းကို သွားခွင့်ပြုလိုက်တယ်။
“မင်းသွားလို့ရပြီ"
ထောက်ပံ့ရေး ဌာနကနေ ထွက်ပြီးတော့မှ လီဖူချန်းလည်း စိတ်လေးလက်အေး ဖြစ်သွားတော့တယ်။
“ဒီအတိုင်းဆိုရင် ငါနှစ်လလောက် ကန်ရှန်းတောင်ကို မသွားပဲ နေမှဖြစ်မယ်။ မဟုတ်ရင် လူတွေ အကုန်လုံး ငါ့ကို ရိပ်မိ ကုန်လိမ့်မယ်"
၃၄၇၅၀ မှတ်နဲ့ဆိုရင် သူလိုအပ်တာ မှန်သမျှကို လက်မတွန့်ပဲ ဝယ်နိုင်ပြီလေ။ သူက အရင်းအမြစ် ဌာနကို သွားပြီး ခန္ဓာကိုယ် အထောက်အကူပြု ဆေးလုံး ၁၃၉ လုံးကို တစ်ခါတည်း ဝယ်ချလာခဲ့တယ်။
နောက်ထပ် သူလုပ်ရမှာကတော့ ဒီဆေးလုံးတွေ အားကိုးနဲ့ ကြေးနီရောင် ခန္ဓာကိုယ်ကျင့်စဉ် တတိယအဆင့်ကို ရောက်အောင် ကြိုးစားကျင့်ဖို့ပဲ လိုတော့တယ်။
***