← Chapters

အပိုင်း(၅၆၇)

Vol. 38 Ch. 567

အပိုင်း(၅၆၇)

Vol. 38 Ch. 567

ရှစ်ဖုန့်ဆင်းသက်လာပြီးနောက် မင်းသားကွမ်းက သူ့အားကြည့်နေသည်ကို အာရုံခံမိလိုက်သည်။သို့သော်ရှစ်ဖုန့်က

၎င်းအား များစွာ အာရုံစိုက်မနေပေ။

ဤအခိုက်အတန့်တွင်   နောက်ထပ် ရွှေရောင်ပုံရိပ်တစ်ခုဖြစ်သော ရှစ်ကျင်းရွှိုက်ကလည်း ရှစ်ဖုန့်၏ဘေးတွင်ဆင်းသက်လိုက်သည်။  သူကပြုံးလိုက်ပြီး ရှစ်ဖုန့်ကို မေးလိုက်၏။

“ညီလေးရှစ်…ဘယ်လိုနေလဲ”

ရှစ်ကျင်းရွှိုက်မှာ ရှစ်ဖုန့်အား ကျောက်စိမ်းပြားလုယက်မှုအတွင်းဖြစ်

စဉ်နှင့်ပက်သက်ပြီးမေးလိုက်သည်။သို့သော် ရွှေရောင်ခေါင်းဆောင်းအောက်ရှိ  သူ၏မျက်နှာထက်မှလာသောအပြုံးအရရှစ်ဖုန့်အနေဖြင့် ၎င်းမှာ လည်း ကျောက်စိမ်းပြားကိုရရှိခဲ့လိမ့်မည်

ဟုခန့်မှန်းလိုက်သည်။

“ဒီသခင်လေးရခဲ့တယ်”

ရှစ်ဖုန့်က အေးအေးဆေးဆေးပင်ပြန်ဖြေလိုက်သည်။ ထို့နောက်   ကျောက်စိမ်းပြားအားသူ၏နဖူး

ပေါ်၌ဖိကပ်လိုက်ပြီး  အချက်အလက်များကိုဖတ်ရှုလိုက်၏။

“ပြိုင်ပွဲစင်မြင့်တစ်ဆယ် အမှတ်စဉ်တစ်ဆယ်”

ရှစ်ဖုန့်ကနောက်တစ်ကြိမ်ခြားနား

မှုမရှိသောလေသံဖြင့်   ပြောလိုက်သည်။

“အိုး”

ရှစ်ဖုန့်၏ စကားများအားကြားပြီးနောက်   ရှစ်ကျင်းရွှိုက်ကလည်း “အိုး”  ဟုပြောလိုက်သည်။ထို့နောက်   သူက ကျောက်စိမ်းပြားအား သူနဖူးပေါ်၌ ဖိကပ်လိုက်ပြီး ၎င်းအား စတင်ဖတ်ရှုလိုက်၏။

ထို့နောက် ရှစ်ကျင်းရွှိုက်က ဖြည်းညှင်းစွာပြောလိုက်သည်။

“ပြိုင်ပွဲစင်မြင့်တစ်ဆယ် အမှတ်စဉ် ရှစ်ဆယ့်ရှစ်”

ထို့နောက် ရှစ်ကျင်းရွှိုက်က ရှစ်ဖုန့်အားကြည့်၍ ပြောလိုက်သည်။

“မင်းနဲ့ငါစင်မြင့်တစ်ခုတည်းမှာအတူတူကျမယ်လို့မမျှော်လင့်ထားခဲ့ဘူး.. ညီလေးရှစ်.. အကယ်၍ နောက်ပိုင်းမင်းငါနဲ့တွေ့ရင်…မင်းငါ့ကို ညှာတာပေးရမယ်နော်”

“မင်းသာဒီသခင်လေးနဲ့တွေ့ရင် .. အရှုံးသာပေးလိုက်”

ရှစ်ဖုန့်က ရှစ်ကျင်းရွှိုက်အားပြောလိုက်သည်။

“အာ.. အင်း..ငါအဲ့အတွက်တိုက်ခိုက်ရမယ်.

အံ့ဖွယ်ကောင်းတာမျိုးလဲဖြစ်သွားနိုင်တာပဲ”

ရှစ်ကျင်းရွှိုက်ကပြောလိုက်သည်။

ထို့နောက်  ပုံရိပ်များတစ်ခုပြီးတစ်ခု   ဟင်းလင်းပြင်ထဲမှ  ဆင်းသက်လာသည်။  ဟင်းလင်းပြင်ထဲတွင်   ဝင့်ကြွားစွာရပ်နေဆဲဖြစ်သော မင်းသားကွမ်းမှလွဲ၍   အားလုံးမြေပြင်ပေါ်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။

မြေပြင်ပေါ်သို့ပြန်လည်ရောက်ရှိလာသောကျင့်ကြံသူများအထဲတွင်   အချို့က စိတ်ဓာတ်ကျနေကာ အချို့က ပျော်ရွှင်နေပြီး အချို့ကတော့ပြောင်းလဲမှုမရှိကြဘဲ အချို့ကဒေါသထွက်နေကြသည်။  လူပေါင်းတစ်သောင်းကျော်က ဟင်းလင်းပြင်ထဲမှပြိုင်ပွဲတွင်ပါဝင်ခဲ့ကြသည်ဖြစ်သည်။ထို့ကြောင့် အားလုံး၌ကွဲပြားသောစိတ်ခံစားချက်

များရှိနေကြ၏။

ပြိုင်ပွဲအတွင်း ထာဝရ အိပ်စက်သွားကြသောသူများလည်းရှိပြီး   သူတို့၏ဝိညာဉ်များကိုဝါးမျိုခံရကာသွေးများအား ခြောက်သွေ့သည်အထိ  စုပ်ယူခံရသည်။

“ပြိုင်ပွဲဝင်တို့ ကျေးဇူးပြုပြီးသင်တို့ရဲ့   ကိုယ်စားပြုရာ စင်မြင့်ဆီကိုသွားကြပါ”

အောက်တွင်ရှိနေသောလူအုပ်အားငုံ့ကြည့်၍   မင်းသားကွမ်းကထပ်မံပြောဆိုလိုက်သည်။  သူ၏အိုမင်းပြီး  ဩဇာရှိသောအသံက  လေထဲ၌ပဲ့ထင်ထပ်ပြီး အားလုံး၏နားထဲသို့တိုးဝင်သက်ဆင်းလာသည်။

သို့သော် မင်းသားကွမ်းစကားဆုံးပြီးပြီးချင်း ပုံရိပ်များတစ်ခုပြီးတစ်ခု  ဟင်းလင်းပြင်ထဲစတင်ပျံသန်းသွားကြသည်။  ရုတ်ခြည်းဆိုသလို  ဟင်းလင်းပြင်ထဲ၌ ကျင့်ကြံသူများ ပို၍ပို၍ ပေါ်လာသည်။

စင်မြင့်က ငါးမီတာမြင့်မားပြီးလေးထောင်ပုံရှိသော်လည်း  ၎င်းကအရမ်းကျယ်ဝန်းသည်ဖြစ်သည်။  စုစုပေါင်းစင်မြင့်တစ်ရာရှိပြီး  အားကစားကွင်းတစ်ခုစာကြီးမား

သည်ဖြစ်သည်။

ကျင့်ကြံသူမားစင်မြင့်ပတ်လည်သို့ ဆင်းသက်သေ အခါတွင်ဟင်းလင်းပြင်ထဲမှ ပုံရိပ်များတစ်ခုပြီးတစ်ခုကျဆင်းလာသည်။

စုစုပေါင်းပုံရိပ်တစ်ရာဖြစ်ပြီး  အားလုံးက စင်မြင့်တစ်ရာသို့ တစ်ယောက်ပြီးတစ်ယောက်ဆင်း

သက်ကြသည်။

ရှစ်ဖုန့်နှင့်ရှစ်ကျင်းရွှိုက်တို့က   စင်မြင့်တစ်ဆယ်တွင်ဖြစ်သည်။ ရှည်လျားသော အစိမ်းရောင်ဝတ်ရုံကိုဝတ်ဆင်ထားသော  သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က  စင်မြင့်ပေါ်သို့ဆင်းသက်လာသည်။  သူ၏ပုံစံမှာစာပေသမားတစ်ဦးကဲ့သို့  အားနည်းသောအသွင်ရှိ၏။

ထိုလူက စင်မြင့်ပေါ်သို့ ဆင်းသက်သောအခါတွင်   သူ၏လက်တို့အားနောက်တွင်ပစ်ထားပြီး ပတ်ဝန်းကျင်အား  စစ်ဆေးနေသည်။  သူကပြောလိုက်သည်။

“ငါကမင်းတို့ရဲ ဒိုင်လူကြီးဖြစ်လိမ့်မယ်..  မင်းသားကြီးက စည်းမျဉ်းအချို့ကို ရှင်းပြပြီး  ဖြစ်တယ်..ဒါကြောင့် ငါအပိုအလိုတွေထပ်ပြီးပြောမနေတော့ဘူး.. အခု နံပါတ်တစ်နဲ့နှစ်တို့   စင်မြင့်ပေါ်ကိုလာပြီး   ပြိုင်ကြတော့”

စာပေသမားကဲ့သို့ဝတ်ဆင်ထားသော  ဒိုင်လူကြီးမှာ  အရမ်းတဲ့တိုးဆန်ပြီး ရိုးရှင်းသည်။  စကားပြောပြီးနောက်  သူကလေထဲသို့မြင့်တက်သွား၏။

ဒိုင်လူကြီးစကားပြောပြီးသိပ်မကြာခင်  စင်မြင့်ဝန်းကျင်မှ ပုံရိပ်နှစ်ခုက   လှုပ်ရှားလိုက်ပြီး  စင်မြင့်အတွင်းသို့ပျံသန်းလိုက်ကာ စင်မြင့်အလယ်၌ ဆင်းသက်လိုက်သည်။

ယင်းမှာဘိုးဘေးနယ်ပယ်အဆင့်

ကျင့်ကြံသူလူငယ်နှစ်ယောက်ဖြစ်သည်။  ဤအချိန်တွင် ပုံရိပ်နှစ်ခုက တစ်ယောက်ကိုယ်တစ်ယောက်   မျက်နှာချင်းဆိုင်ထားပြီး  တိုက်ခိုက်ရန်အသင့်ဖြစ်နေ၏။မကြာခင် ဒိုင်လူကြီးအမိန့်ပေးသည်နှင့်   တိုက်ပွဲအားစတင်မည့်ပုံပင်ဖြစ်သည်။

“တိုက်ခိုက်မှုစတော့”

သက်လတ်ပိုင်းအရွယ်စာပေသမားက လေထဲ၌ပျံသန်းနေပြီး  သူ၏လက်တို့ဖြင့်  ဆီးလ်တစ်ခုအား  လုပ်လိုက်ကာ မကျယ်သောအသံဖြင့်အော်ပြောလိုက်သည်။

ဤအချိန်တွင်   ဒိုင်ဖြစ်သူကသူ၏လက်တို့ဖြင့် ဆီးလ်အားပုံဖော်လိုက်ပြီးသဏ္ဍန်မဲ့

စွမ်းအင်တစ်ခုက စင်မြင့်၏ လေးဘက်လေးတန်မှထွက်ပေါ်လာသည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။  ဤစွမ်းအင်မှာ  ရှစ်ကျင်းရွှိုက်သူ့အားယခင်ကပြောဖူးသော စွမ်းအင်နှင့်ဆင်တူသည်။တိုက်ပွဲ

အတွင်းစင်မြင့်ထက်မှ စွမ်းအင်မှာလျှံထွက်လာခြင်းကိုတားဆီးရန်အတွက်  ထျန်းမြောင်အင်ပါယာက   ကန့်သတ်ခြင်းတစ်ခုအားအထူး

တပ်ဆင်ထားပြီးဖြစ်သည်။

ဟင်းလင်းပြင်ထဲမှဒိုင်ဖြစ်သူက

အမိန့်ပေးပြီးနောက်  ပြိုင်ပွဲဝင်ကျင့်ကြံသူနှစ်ဦးက   ဘိုးဘေးနယ်ပယ်စွမ်းအင်တို့အား စင်မြင့်အတွင်း၌ ပေါက်ကွဲဖော်ထုတ်လိုက်သည်။  ရုတ်ခြည်းတိုက်ပွဲတစ်ခုစတင်ဖြစ်ပွားလာ၏။

စင်မြင့်ထက်ရှိတိုက်ပွဲအားစောင့်ကြည့်နေရင်း ရှစ်ဖုန့်အား ရှစ်ကျင်းရွှိုက်ကပြောလိုက်သည်။

“ညီလေးရှစ် မင်းကအမှတ်စဉ်တစ်ဆယ်ပဲ.. အလှည့်အချို့ပြီးတာနဲ့ မင်းအလှည့်လာတော့မယ်”

“ဒီအမြန်နှုန်းနဲ့ဆို သူတို့တိုက်ပွဲပြီးဖို့ကို ဘယ်လောက်တောင်အချိန်ယူရမလဲမသိဘူး. “

ရှစ်ဖုန့်ကလည်း စင်မြင့်ထက်မှတိုက်ပွဲအားစောင့်ကြည့်

နေရင်းပြောလိုက်သည်။

ဤကျင့်ကြံသူနှစ်ဦးက ကံပါလာသည်ဟုပြော၍ရသည်။ နှစ်ယောက်လုံးက ခွန်အားအတူတူပင်ဖြစ်၏။  ရှစ်ဖုန့်အစောကပြောသကဲ့သို့ပင်  သူတို့အတွက် အနိုင်ရရှိသူအားဆုံးဖြတ်ရန်  အချိန်အချို့ကြာမြင့်လိမ့်မည်ဖြစ်သည်။

ထို့နောက်ရှစ်ဖုန့်က  ဤစင်မြင့်မှအဝေးသို့ကြည့်လိုက်ပြီး သူ့အာရုံစိုက်မှုနှင့်ထိုက်တန်သောတိုက်ပွဲများရှိလေမလားဟု အခြားသော စင်မြင့်များကိုအကဲခတ်လိုက်သည်။

သို့သော် ခဏမျှကြည့်ရှုစစ်ဆေးပြီးနောက် ရှစ်ဖုန့်ကစိတ်ပျက်စွာဖြင့်သူ၏ခေါင်းအား

ခါယမ်းလိုက်၏။ထိုကဲ့သို့ပြိုင်ပွဲဝင်မျိုးမရှိသည့်ပုံပေါ်သည်။အကြွင်းမဲ့ ကျွမ်းကျင်သူများနှင့်တွေ့ဆုံပြီး  ကြမ်းကြမ်းတမ်းတမ်းတိုက်ခိုက်ခြင်းမျိုးများ လုံးဝရှိမနေချေ။

စင်မြင့်တစ်ဆယ်ထက်ရှိ တိုက်ပွဲက အနိုင်ရရှိသူအား နောက်ဆုံးမဆုံးဖြတ်ခင်အထိ   နှစ်နာရီအနည်းဆုံးကြာမြင့်ခဲ့သည်ဖြစ်သည်။သူတို့ထဲမှတစ်ယောက်က ပျော့ကွက်တစ်ခု ပေါ်သွားခဲ့ပြီးယင်းကအခြားလူငယ်က အမိအရဖမ်းဆုပ်ကာ သွေးရူးသွေးတမ်းတိုက်ခိုက်မှုများကိုထုတ်ဖော်၍  အခြားတစ်ဖက်မှလူငယ်အား စင်မြင့်အပြင်ဘက်သို့ တိုက်ရိုက် လွင့်ထွက်သွားစေခဲ့သည်။

“စင်မြင့်တစ်ဆယ်.. ကျင့်ကြံသူ အမှတ်စဉ်နှစ်အနိုင်ရရှိတယ်”

ထို့နောက် တည်ငြိမ်သော အသံတစ်ခုကအထက်မှထွက်ပေါ်လာသည်။၎င်းမှာ ဒိုင်ဖြစ်သူ၏ ကြေညာသည့်အသံပင်ဖြစ်သည်။

ကျင့်ကြံသူအမှတ်နှစ်က သူ၏ခေါင်းကိုငုံ့၍ စင်မြင့်ပေါ်မှ လွင့်ထွက်သွားသောလူငယ်အား  ကြည့်လိုက်သည်။လေပြင်းတစ်ချက်အဝှေ့တွင်  သူ၏ရှည်လျားသောဆံပင်နှင့်အဝတ်တို့က လေထဲ၌တဖျပ်ဖျပ်လူးလွန့်နေ၏။ သူက စိတ်ဝိညာဉ်မြင့်တက်နေသောအသွင်ရှိသည်။

ထိုလူအားအနိုင်ရရှိပြီးနောက် ကျင့်ကြံသူအမှတ်စဉ်နှစ်မှာ  အရာအားလုံးအားအနိုင်ရရှိသွားပုံပေါ်သည်။  သူကမင်းသမီးလင်လုံအားလက်ထပ်ပြီး ထျန်းမြောင်အင်ပါယာ၏ သားမက်တော် အိမ်ရှေ့စံတစ်ပါးဖြစ်လာသကဲ့သို့ပင်ဖြစ်သည်။

ထို့နောက်လူငယ်၏ကိုယ်က ဖျက်ခနဲလှုပ်ရှားလိုက်ပြီးစင်မြင့်အတွင်းမှထွက်ခွာလိုက်၏။

ပြိုင်ပွဲဝင်အမှတ်စဉ်နှစ်ထွက်ခွာသွားပြီးနောက်  ဒိုင်၏ ပြောင်းလဲမှမရှိသောလေသံက လေထဲ၌ပဲ့တင်ထွက်လာသည်.

“ပြိုင်ပွဲဝင်အမှတ်စဉ်သုံးနဲ့အမှတ်စဉ်လေးတို့ ကျေးဇူးပြုပြီးကွင်းထဲဝင်ပါ”

ဒိုင်၏အသံကမှေးမှိန်သွားသည်။ထို့နောက်တွင် “ဘန်း..ဘန်း” ဟူသောအသံနှစ်ခုနှင့်အတူ  ပုံရိပ်နှစ်ခုက စင်မြင့်ပေါ်သို့ဆင်းသက်လာသည်။

“တိုက်ခိုက်မှု စတင်တော့”

ပြိုင်ပွဲဝင်အမှတ်စဉ်သုံးနှင့်လေးကြားက တိုက်ပွဲကခွန်အားအရာ၌ကွာခြားသည်ဖြစ်သည်။ရလဒ်အားအဆုံးအဖြတ်ပေးရန် သိပ်မကြာလိုက်ပေ။ ကြယ်ကိုးပွင့်ဘိုး‌ဘေးနယ်ပယ်ဖြစ်သော ကျင့်ကြံသူအမှတ်စဉ်သုံးက ကြယ်သုံးပွင့်ဘိုးဘေးနယ်ပယ်ဖြစ်သော ကျင့်ကြံသူအမှတ်စဉ်လေးကို အနိုင်ယူလိုက်သည်။

ထို့နောက် ကျင့်ကြံသူအမှတ်စဉ်ငါးနှင့်ခြောက်တို့တိုက်ခိုက်ကြပြီးကျင့်ကြံသူအမှတ်စဉ်ငါးက အနိုင်ရသွားခဲ့၏။

အမှတ်စဉ်ခုနှစ်နှင့်ရှစ်တို့တိုက်ရာတွင် အမှတ်စဉ်ခုနှစ်ကအနိုင်ရခဲ့သည်။

ဤအချိန်တွင် ကောင်းကင်နေမင်းကြီးကလည်းမြင့်မားလာပြီး နေ့လည်ဘက်သို့ရောက်ရှိလာပြီဖြစ်သည်။

“ညီလေးရှစ်..မင်းအလှည့်ပဲ.. “

အမှတ်စဉ်ခုနှစ် စင်မြင့်ထက်မှထွက်ခွာသွားသောအခါတွင် ရှစ်ဖုန့်အားရှစ်ကျင်းရွှိုက်ကပြောလိုက်သည်။

ရှစ်ကျင်းရွှိုက်၏ စကားများအားကြားရသောအခါတွင်   ရှစ်ဖုန့်၏အကြည့်အခြားသောစင်မြင့်များထံမှ စင်မြင့်တစ်ဆယ်ပေါ်သို့ရွှေ့လိုက်သည်။ ဤအချိန်တွင် စင်မြင့်တစ်ဆယ်၏ အထက်မှ စာပေသမား  ဒိုင်ဖြစ်သူ၏ အသံပဲ့တင်ထွက်လာသည်။

“ပြိုင်ပွဲဝင်အမှတ်စဉ်ကိုးနဲ့တစ်ဆယ်တို့ ကျေးဇူးပြုပြီးစင်ပေါ်တက်ပေးပါ”

ဒိုင်အသံပျောက်ကွယ်မသွားခင် အဖြူရောင်အလင်းတစ်ခု စင်မြင့်ထက်၌တောက်ပလာသည်။ အဖြူအလင်းမှေးမှိန်ပျောက်ကွယ်သွားသောအခါ အနက်ရောင်ဝတ်ရုံနှင့်ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ထိုသူကရှစ်ဖုန့်ပင်ဖြစ်သည်။

ဆက်ရန်………

ဘာသာပြန်သူ-ARISE

All Chapters