အစွမ်းပြပြီ
Vol. 4 Ch. 47
အချိန်တွေက မြစ်ထဲက ရေတွေ စီးဆင်းနေသလိုပဲ တစ်ရွေ့ရွေ့နဲ့ ကုန်ဆုံးလာတယ်။ မျက်စိတစ်မှိတ် အတွင်းမှာပဲ အချိန် တစ်လကျော် လွန်သွားခဲ့ပြီလေ။ ခြံဝင်း တစ်ခုထဲမှာတော့ ... လီဖူချန်းက သူ့လက်နှစ်ဖက်စလုံးမှာ အားထည့်လိုက်ပြီး ၃၀၀၀ ကီလိုဂရမ်လောက် လေးတဲ့ အလေးတုံးကြီးကို မလိုက်တယ်။ ဘောင်းဘီလေး တစ်ထည်သာ ဝတ်ထားတဲ့ လီဖူချန်းရဲ့ အသားအရေက နေရောင်အောင်မှာ ကြေးနီရောင် တောက်ပနေတယ်။
ကြည့်ရတာ ဓားနဲ့ခုတ်ရင်တောင် သူ့ရဲ့အရေပြားကို ပွန်းပဲ့ရာလေးပင် ဖြစ်စေမည့်ပုံ မပေါ်ပေ။ လီဖူချန်းရဲ့ ခန္ဓာကိုယ် ကြွက်သား ကောက်ကြောင်းတွေက ၁၆ နှစ် ၁၇ နှစ်သားလို ဖွံ့ဖြိုးနေချေပြီ။ ရုတ်တရက် ကြည့်လိုက်မယ် ဆိုရင် သူ့ကို ၁၄ နှစ်သားလို့ ထင်ကျမှာ မဟုတ်ပေ။
" ဘုန်း"
လီဖူချန်းက အလေးတုံးကြီးကို မြေပေါ် ပစ်ချလိုက်တယ်။ လီဖူချန်းရဲ့ အသက်ရှူသံကတော့ ပုံမှန်ပါပဲ။ ဒီလို သာမန်အရိုး တည်ဆောက်ပုံနဲ့ ကောင်လေးက အလေးချိန်၃၀၀ ကီလိုဂရမ်ကို မနိုင်တယ်ဆိုတာ ကိုယ်တိုင်လက်တွေ့ မမြင်ရရင် ယုံချင်စရာ တစ်စက်မှ ရှိမှာမဟုတ်ပေ။
လီဖူချန်းရဲ့ ခန္ဓာကိုယ် တစ်ခုလုံး အလေးချိန်တောင်မှ ၁၃၀ ကီလိုလောက်ပဲ ရှိတာလေ။
" နှစ်ပိုင်းပြတ်စမ်း"
လီဖူချန်းက သူ့လက်ဝါးကို ဓားပုံစံ သဘောထားပြီး အလေးတုံးကြီးကို ခုတ်ချလိုက်တယ်။ အလေးတုံးကြီးက နှစ်ပိုင်း ကွဲထွက် သွားတယ်။
"ပြင်ပခွန်အား ၃၀၀၀ ကီလိုဂရမ်က တကယ် အားရစရာပဲ"
ကြေးနီရောင် တိုက်ပွဲဝင်ခန္ဓာရဲ့ ဒုတိယအဆင့်နဲ့တင် လီဖူချန်းရဲ့ ခန္ဓာကိုယ်က အရမ်း သန်မာလွန်း နေပါပြီ။ သူလေတစ်ချက် မှုတ်လိုက်ရင်တောင်မှ အဲလေတွေက မြားတစ်စင်း အရှိန်နဲ့ သစ်ပင်ပေါ်က သစ်ရွက်တွေကို ကြွေကျ လာစေနိုင်တယ်။ သူ့ရဲ့ လက်သီးတစ်ချက်ဆိုရင် မြေကြီးပေါ်မှာ မီတာ အနည်းငယ်လောက် နက်တဲ့ တွင်းကြီးတစ်တွင်း ဖြစ်လာ စေနိုင်တယ်လေ။
ခန္ဓာကိုယ် သန်မာလာတာနဲ့အမျှ အကြီးမားဆုံး ပြောင်းလဲမှုကတော့ လီဖူချန်းရဲ့ အရေပြားနဲ့ အရိုးသိပ်သည်းဆ တွေပဲ။ လီဖူချန်းရဲ့ အရေပြားက လူသားတွေရဲ့ အရေပြားထက်ကို မာကျောနေပြီး မိစ္ဆာသားရဲ အရေပြားတွေလို ဖြစ်နေပါပြီ။ သူ့ကြွက်သားတွေကလည်း အားမစိုက် ထုတ်ခင်မှာ ပိုးသားလို နူးညံ့ ပျော့ပျောင်း နေပေမဲ့ အားထည့်လိုက်ပြီ ဆိုရင်တော့ ကျောက်တုံးတစ်တုံးလို မာကျော နေပါတယ်။ လီဖူချန်းက သူ့ကိုယ်သူ ရှိသမျှအား အစွမ်းကုန် ထုတ်ပြီး ထိုးရိုက်ကြည့်သော်လည်း နာကျင်မှုကို လုံးဝမခံစားရပဲ နှိပ်နယ် နေသလိုပဲ ခံစားနေရတယ်။ လီဖူချန်းရဲ့ ထိုးချက်တွေက သာမန်ထိုးချက်တွေ မဟုတ်ပါဘူး။
လီဖူချန်းရဲ့ လက်သီးတစ်ချက်က အခုဆိုရင် ဓားတွေကိုတောင် ကျိုးသွား စေနိုင်ပါတယ်။ ဒါပေမဲ့ ဒီလက်သီးချက်တွေက သူ့ကိုယ်သူ နာအောင်တော့ မထိုးနိုင်ခဲ့ဘူး။ လီဖူချန်းက ကြေးနီရောင် ခန္ဓာကိုယ် ကျင့်စဉ်ကို အားစိုက်ပြီး လေ့ကျင့်ခဲ့ပေမဲ့ တခြားသော ပညာရပ်တွေကိုလည်း မမေ့မလျော့ လေ့ကျင့် နေပါသေးတယ်။ လွန်ခဲ့တဲ့ တစ်ပတ်ကပဲ သူက လူသားနယ်ပယ် အဆင့် ၇ ကိုရောက်ရှိခဲ့ပြီး ဖြစ်သည်။ မိုးပြာရောင်ဂိုဏ်းရဲ့ စည်းကမ်းချက်တွေ အရဆိုရင် အသက်၂၀ ရောက်တဲ့ အထိ စိတ်တန်ခိုး ဖွဲ့စည်းခြင်း အဆင့်ကို မရောက်နိုင်တဲ့ တပည့်တွေ အားလုံးက ဂိုဏ်းထဲကနေ ထွက်ရမှာဖြစ်တယ်။ နှစ်စဉ်နှစ်တိုင်းမှာ ရာနဲ့ချီတဲ့ တပည့်တွေဟာ ဂိုဏ်းထဲကနေ ထွက်သွားရပြီး အပြင်စည်း လက်ထောက်တွေ အဖြစ် တာဝန်ထမ်းဆောင် ကြရတယ်။ ဒါပေမဲ့ ဒီစည်းမျဉ်းတွေက လီဖူချန်း အတွက်တော့ အကျုံးမဝင် သေးပါဘူး။
လီဖူချန်းက အသက် ၁၄နှစ်ပဲ ရှိသေးတာလေ။ မိုးပြာရောင် ဂိုဏ်းမှာ အားလုံးရဲ့ အိပ်မက်ကတော့ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်ကို စောနိုင်သမျှ စောစော တက်လှမ်း နိုင်ဖို့ပါပဲ။ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်ကို စောစော ရောက်လေလေ မြေကမ္ဘာအဆင့်ကို ရောက်ဖို့ အခွင့်အရေး ပိုများလာလေလေ ဖြစ်သည်။ မြေကမ္ဘာအဆင့်ရဲ့ အထက်မှာတော့ ကောင်းကင် ပိုးနယ်ပယ်နဲ့ ဘဝပြောင်း သန္ဓေတည်ခြင်း နယ်ပယ်နှစ်ခု ရှိပါသေးတယ်။ ကျင့်ကြံခြင်း အဆင့် မြင့်လာတာနဲ့အမျှ နယ်ပယ် နောက်တစ်ဆင့်ကို တက်လှမ်းတဲ့ နေရာတွေမှာလည်း အခက်အခဲတွေက ပိုပိုများလာတာ ဖြစ်သည်။
ကံအကြောင်း တိုက်ဆိုင်မှုတွေသာ မကြုံခဲ့ရင် ထိုအဆင့်တွေကို တက်လှမ်းဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ တချိူ့ ပါရမီရှင်တွေ ဆိုရင် အသက် ၂၀ကျော်မှာ မြေကမ္ဘာအဆင့်ကို ရောက်နေခဲ့ပေမဲ့ အဆင့်ထက် မတက်နိုင်တော့ပဲ သေဆုံး သွားရပါတယ်" ငါအပြင်ထွက်ပြီး နည်းနည်းပါးပါး လေကောင်း လေသန့်လေး ရှူဦးမှပဲ"
သူ့ရဲ့ ခန္ဓာကိုယ်ပြင်ပအားကော ကျင့်ကြံခြင်း နယ်ပယ်မှာပါ အဆင့်တက်လာပြီ ဖြစ်သဖြင့် လီဖူချန်းက သူ့ကိုယ်သူ ယုံကြည်ချက် တော်တော်လေး ရှိနေပါပြီ။ အခုချိန်မှာ သူ့ကို တော်ရုံလူ တစ်ယောက်က အနိုင်လာကျင့်လို့ မရနိုင်တော့ဘူးလေ။ သူ့ကို အခု ရန်လာစတဲ့ လူအကုန်လုံးကို နောက်မတွန့်ပဲ သူသေကိုယ်သေ ပြန်ချနိုင်တဲ့ အစွမ်းလည်း ရှိနေပါပြီ။
***
ကန်ရှန်းတောင်ရဲ့ တောင်ကြားလမ်း တစ်နေရာမှာတော့ ...
လီဖူချန်းက ကျန်နေသေးတဲ့ ငွေနှင်းသတ္တုရိုင်းတွေ အကုန် တူးယူလာပြီး လမ်းလျှောက် လာနေတယ်။ သူအခု သယ်လာတဲ့ သတ္တုရိုင်းတွေက ၁၈၀၀ ကီလိုဂရမ် နီးပါးကို ရှိပါတယ်။
သူလမ်း တစ်လှမ်းလျှောက် လိုက်တိုင်းမှာ မြေပြင်တောင်မှ တုန်ခါနေတယ်။ ဒါပေမဲ့ ဒီအလေးချိန်ကို လီဖူချန်းက ကောင်းကောင်းကြီး ထမ်းထားနိုင်ပါတယ်။ တဖြည်းဖြည်းနဲ့ လီဖူချန်း တစ်ယောက် ကန်ရှန်းတောင်ရဲ့ ထွက်ပေါက်ကို ရောက်လာခဲ့ပြီ။
***
ဒီတစ်ခါမှာတော့ လမ်းတစ်လျှောက်လုံးမှာ လီဖူချန်းက အနားလုံးဝမယူပဲ ပုံမှန်လေးပဲ ပြန်လာခဲ့တာ ဖြစ်သည်။ ဒီလောက် ခရီးအဝေးကြီးကို ပြန်လာရတာ ဖြစ်ပေမဲ့ မောပန်း နွမ်းနယ်မှုကို လုံးဝ မခံစားရပေ။
ငါးရက် ကြာတဲ့ နောက်မှာတော့ သူက မိုးပြာရောင် ဂိုဏ်းနားကို ရောက်လာခဲ့ပြီလေ။
" လီဖူချန်း မင်းဒီလောက် အလေးကြီး ဘာတွေ သယ်လာတုန်း။ ငါတို့လည်း သယ်ကူလို့ ရမလား"
ဘယ်အချိန်တည်းက သူအဲလောက် နာမည်ကြီးနေသလဲဆိုတာ လီဖူချန်း ကိုယ်တိုင်တောင် မသိတော့ဘူး။ ဖြစ်နိုင်တာကတော့ ပထမအချက်က ရတနာငါးတုန်းက အဖြစ်အပျက်ကြောင့် ဖြစ်မည်။
ပထမအကြိမ် ငါးဖမ်းပြီး ရမှတ် ၁၆၀၀၀ ရသွားတဲ့ တပည့်လေး ဆိုပြီး အပြင်စည်းဂိုဏ်းမှာ လီဖူချန်းတောင် မသိပဲ နာမည်ကြီး နေပြီလေ။
ဒုတိယ အချက်ကတော့ သံရိုင်းတွေ သယ်လာပြီး အမှတ်၃၀၀၀၀ ဖိုး ခန္ဓာကိုယ် အထောက်အကူပြု ဆေးတွေ ဝယ်သွားတဲ့ အချက်ကြောင့် ဖြစ်ပေလိမ့်မည်။
အာလုံးက ထင်ကြေး ပေးထားတာကတော့ လီဖူချန်း တစ်ယောက် သတ္တုရိုင်းတောင်ပေါ်မှာ အဆင့်မြင့် သတ္တုကြောတစ်ခု တွေ့ခဲ့တယ်ပေါ့။
ဒါတွေကို ဖုံးကွယ်ဖို့ အပေါ်ကနေ သံရိုင်းတွေကို ဖုံးအုပ် ထားခဲ့တာလို့ လည်းကောက်ချက် ချခဲ့ကြတယ်လေ။ အဲကတည်းက အပြင်စည်း တပည့်တွေက လီဖူချန်းကို ချောင်းနေကျတာ ဖြစ်တယ်။
အခုတော့ လူသားနယ်ပယ် အဆင့်ရှစ်ရှိတဲ့ တပည့်တစ်အုပ်က လီဖူချန်းကို ဝိုင်းထားလိုက်ကျပြီ။
" ဖယ်စမ်း"
လီဖူချန်းက ထိုလူအုပ်ကြီးကို အေးစက်စက် တစ်ချက် ကြည့်လိုက်ပြီး ဟိန်းဟောက် လိုက်တယ်။
"လီဖူချန်း မင်းရဲ့ ကိုယ်ကျိူးပဲ ကြည့်တဲ့ အတ္တကို နည်းနည်း လျော့စမ်း။ မင်းမကြားဖူး ဘူးလား။ မျှဝေခြင်းဟာ ကောင်းသော မင်္ဂလာတစ်ပါး ဖြစ်သည်တဲ့။ လောဘတကြီး ကိုယ်ကျိူး ရှာတယ်ဆိုတာ ကောင်းတဲ့ အလေ့အကျင့် မဟုတ်ဘူးနော်။''
အရပ်ရှည်ရှည်နဲ့ လူငယ် တစ်ယောက်က လီဖူချန်းကို လက်ညှိုးထိုးပြီး ပြောလိုက်တယ်။
" အစ်ကိုလျူ ဒီကောင့်ကို အချိန်ကုန်ခံပြီး ညှိနှိုင်းမနေပါနဲ့။ တစ်ယောက် တစ်ချက် ဝိုင်းထိုးလိုက်ရင် ဒီကောင် ကောင်းကောင်းကြီး အပိုးကျိုးသွားမှာပါ။ တခြား လူငယ် တစ်ယောက်ကလည်း ကောက်ကျစ်တဲ့ လေသံဖြင့် ထပ်ပြီး ပြောလိုက်တယ်။
" ဝုန်း"
လီဖူချန်းက ကျောပေါ်က ငွေနှင်းသတ္တုရိုင်းတွေ ပါတဲ့ ခြင်းတောင်းကို ပစ်ချလိုက်တယ်။ ထို့နောက် ပျင်းကြောတွေကို ဆန့်လိုက်ပြီး
" ငါအခုတလော သွေးပူလေ့ကျင့်ခန်း မလုပ်ရတာ ကြာပြီ။ မင်းတို့ အကုန်လုံး တစ်ခါတည်း တက်လာခဲ့။ မင်းတို့နဲ့ တစ်ယောက်ချင်းစီ ချနေရင် အချိန်ကုန်တယ်"
လီဖူချန်းက အားလုံးကို မလန့်လေးစား ကြည့်လိုက်ပြီး စိန်ခေါ်လိုက်တယ်။
" ဘဝင် မြင့်လိုက်တဲ့ ခွေးကောင်"
" အားလုံး ဒီခွေးမသားကို ချဟေ့"
အရပ်ရှည်ရှည်နဲ့ လူငယ်ကစပြီး လီဖူချန်းကို ထိုးလိုက်တယ်။ သူရဲ့ လက်သီးချက်က လီဖူချန်းရဲ့ ဘယ်ဘက် နားအုံကို ဦးတည် နေတယ်။
" ဖုန်း"
လီဖူချန်းက နှာခေါင်းတစ်ချက် ရှုံ့ပြီး ညာဘက် ခြေထောက်ကို မြှောက်လိုက်တဲ့ အခါမှာတော့ လူတစ်ယောက်က လေထဲ မြှောက်တက် သွားတော့တယ်။
လီဖူချန်းလို ပြင်ပခွန်အား ၃၀၀၀ ကီလိုဂရမ် ရှိတဲ့ လူတစ်ယောက်ကို ဘယ်သူက ယှဉ်နိုင်မှာလဲလေ။
အခုလက်ရှိ အားနဲ့ဆိုရင် သိုင်းကွက်တွေ ထုတ်သုံးစရာ မလိုပဲနဲ့တောင် ဒီလိုကောင်တွေကို အနိုင်ယူ နိုင်ပါတယ်။
ကျန်နေတဲ့ တပည့်တွေကလည်း လီဖူချန်းကို ဝိုင်းပြီး တစ်ပြိုင်တည်း တိုက်ခိုက် လိုက်ကြတယ်။
အရပ်မျက်နှာ ပေါင်းစုံက တိုက်ခိုက်လိုက်တဲ့ အရှိန်တွေက မုန်တိုင်းကြီးတစ်ခု တိုက်ခိုက် လာသလိုပဲ ။
" အစောတည်းက ငါပြောပြီးပဲ။ အကုန်လုံး လာခဲ့ပါလို့"
လီဖူချန်းရဲ့ မျက်လုံး ထဲမှာတော့ ဒီကောင်တွေရဲ့ လှုပ်ရှားမှုက အရမ်းကို နှေးကွေး နေသည်လေ။
လီဖူးချန်းရဲ့ ခြေထောက်က လျှပ်စီး လက်သလို လှုပ်ရှားသွားပြီးတဲ့ နောက်မှာတော့ လူအုပ်ထဲက နောက်တစ်ယောက် လွင့်ထွက် သွားပြန်သည်။
ခန္ဓာကိုယ်ကို တစ်ပတ်လှည့်ပြီး နောက်ထပ် ဝင်လာတဲ့ တိုက်ခိုက်မှု သုံးခုကို ရှောင်လိုက် အပြီးမှာတော့ လီဖူချန်းဆီက ခြေကန်ချက် နှစ်ခုက ထွက်ပေါ်လာပြီး
နောက်ထပ် နှစ်ယောက်ကို လေထဲပျံတက် သွားစေပြန်သည်။
ထို့နောက် လီဖူချန်း သူ့ရဲ့ ဘယ်ဘက်လက်နဲ့ အခြားသော လူငယ်တစ်ယောက်ရဲ့ လက်သီးကို ကာလိုက်ပြီးနောက် ညာဘက် လက်သီးက ထိုလူငယ်ရဲ့ ညာဘက် ချိုင်းအောက်ကို မြွေတစ်ကောင်ကဲ့သို့ တိုးဝင် တိုက်ခိုက် လိုက်တယ်။
" ဖုန်း ဖုန်း ဖုန်း"
နောက်ထပ် အသက်ရှူချိန် အနည်းငယ် အပြီးမှာတော့ လူငယ် ရှစ်ယောက်စလုံး မြေကြီးပေါ်မှာ လှဲနေကျပြီး လီဖူချန်း တစ်ယောက်သာ အေးအေးဆေးဆေး မြေပြင်ပေါ်မှာ မတ်တတ် ရပ်နေတာကို တွေ့မြင်ရမှာ ဖြစ်တယ်။
" ကြမ်းလိုက်တဲ့ ကောင်ကွာ"
သိပ်မဝေးတဲ့ အရပ်မှာတော့ လီဖူချန်းဆီက လုဖို့ စောင့်နေတဲ့ အပြင်စည်း တပည့်အချို့ ပုန်းအောင်းလျက် ရှိနေတယ်။ အစောပိုင်းတုန်းက လီဖူချန်းကို ကျားချောင်း ချောင်းနေတဲ့ သူတွေက အခုတော့ လက်လျော့ လိုက်ကြပါပြီ။
" ဒီကောင်လေးက စောက်ရမ်းကို ကြမ်းတယ်ဟ။ အပြင်စည်း ဂိုဏ်းတစ်ခုလုံးမှာ လူသားနယ်ပယ် အဆင့် ၉က ကောင်တွေတောင် ဒီကောင့်လို ရှစ်ယောက် တစ်ယောက် ချနိုင်မှာ မဟုတ်ဘူး"
" ဒီကောင်က ဒီကိုရောက်တာ သုံးလလောက်ပဲ ရှိသေးတယ်လေ။ ဘယ်လိုလုပ် ဒီလောက် အစွမ်းထက် နေရတာလဲ"
" ကြည့်ရတာ ဒီကောင်ကလည်း ကောင်းရှုတို့လို ပြိုင်ဖက်ကင်း အတန်းအစားထဲက ဖြစ်ရမယ်"
" တော်သေးတယ်ဟေ့။ ငါတို့ အရင် သွားမလုမိတာ။ မဟုတ်လို့ ကတော့ ဟိုစောက်ရူးတွေ နေရာမှာငါတို့ လှဲအိပ် နေရမှာကွ"
အားလုံးက လီဖူချန်းကို ကြောက်ရွံ့တဲ့ မျက်လုံးတွေနဲ့ ကြည့်ပြီး တီးတိုး ပြောဆို နေကျတယ်။ လီဖူချန်းကတော့ အေးအေး သက်သာပဲ လေကလေး ချွန်လျက်ခြင်းတောင်းလေးကိုကျောမှာသယ်ပြီး ထွက်သွားလေသည်။
" လီဖူချန်း ခွေးမသား ... မင်းတစ်နေ့ ငါ့အကြောင်း သိစေရမယ်။"
ထိုလူအုပ်ထဲက ခေါင်းဆောင်ဖြစ်ဟန် တူသော လူငယ်က လဲကျနေရာကနေ လက်ညှိုးထိုးပြီး အော်ဟစ် ပြောဆို လိုက်တယ်။
လီဖူချန်း သွားနေရာကနေ ရပ်လိုက်ပြီး
" ကြည့်ရတာ ငါ့လက်ဆ နည်းသွားပုံရတယ်"
စကားဆုံး သွားတာနဲ့ လီဖူချန်းက ခေါင်းဆောင် လူငယ်ရဲ့ အနားကို ချက်ချင်း ရောက်သွားတယ်။
" မင်း ... မင်း ဘာလုပ်မလို့လဲ"
ခေါင်းဆောင် လူငယ်က ကြောက်လန့်တကြား လီဖူချန်းကို ပြောလိုက်တယ်။
" မင်းရဲ့ မှတ်ဉာဏ်ထဲမှာ ဒီနေ့ အဖြစ်အပျက်ကို မေ့မသွားအောင် ကူညီမလို့ပါ"
" ဂျလွတ်"
လီဖူချန်းက တစ်ဖက်လူငယ်ရဲ့ ခြေထောက် တစ်ချောင်းကို နင်းချိုးပစ်လိုက်တယ်။
"အား ..."
ခေါင်းဆောင် လူငယ်က အသံနက်ကြီးဖြင့် အော်ပြီး မျက်ဖြူဆိုက် သွားတယ်။
"ကရုဏာ ကင်းမဲ့လိုက်တဲ့ ကောင်ဟေ့။ ဒီကောင့်ကို ဝေးဝေးက ရှောင်မှ ဖြစ်မယ်"
"ဒီကောင်တော့ ဒီတစ်ခါသွားပြီ။ ဒီကောင်အခု အရိုးချိုးပစ်လိုက်တဲ့ ကောင်က စွန်းယန်ပေါင်ကွ။ သူ့အစ်ကို ဝမ်းကွဲက အပြင်းစည်း ထိပ်ဆုံး တပည့် ၅၀၀ ထဲက တစ်ယောက်ကွ"
"မယုံရင် စောင့်ကြည့် နေလိုက်။ စွန်းယန်ပေါင်က ဒီကိစ္စကို သူ့အစ်ကို ဝမ်းကွဲကို သွားတိုင်ပြီး အကူအညီ တောင်းလိမ့်မယ်"
အဖြစ်အပျက်ကို ကြည့်နေတဲ့ အပြင်စည်း တပည့်တွေက တစ်ယောက်တစ်ပေါက် ပြောနေပေမဲ့ လီဖူချန်းကတော့ ဂရုမစိုက်ပဲ ငွေနှင်းသတ္တုရိုင်း ခြင်းတောင်းကို သယ်လျက် ထွက်သွားလေသည်။
***