← Chapters

ဇူဟွားလောင်နှင့်မကျေပွဲ

Vol. 4 Ch. 48

ဇူဟွားလောင်နှင့်မကျေပွဲ

Vol. 4 Ch. 48

မိုးပြာရောင် ဂိုဏ်းထဲ ရောက်တာနဲ့ လီဖူချန်းက ထောက်ပံ့ရေး ဌာနကိုပဲ ဦးတည် လာခဲ့တယ်။ ဒီတစ်ခါတော့ တာဝန်ကျ အကြီးအကဲကို လီဖူချန်းကို အကြာကြီး စိုက်ကြည့်နေရုံက လွဲပြီး ဘာမှ မပြောတော့ပါဘူး။

သူက ထောက်ပံ့ရေးဌာနရဲ့ အကြီးအကဲ ဖြစ်ပေမဲ့လည်း ကျောင်းသားတွေရဲ့ လျှို့ဝှက်ချက်တွေကို ဝင်စွက်ဖက်တာက သင့်လျော်မှု မရှိဘူးလေ။

အရင်တစ်ခေါက်က မေးတာကို ဘာလို့ လိမ်ရတာလဲဆိုပြီး ပြဿနာ ရှာလို့ ရပေမဲ့ ဒီအကြီးအကဲက ဖြောင့်မတ်ပုံ ရပါသည်။ လီဖူချန်းကို အပြစ်မဆိုပဲ တိတိကျကျ ချိန်တွယ် ပေးနေပါသည်။  ပြီးတော့ ဒီအကြီးအကဲက သူ့ရဲ့ဒေါသကြောင့် တပည့်တစ်ယောက်ရဲ့ အလားအလာကို ပိတ်မပစ်ချင်ဘူးလေ။

ထောက်ပံ့ရေးဌာနကနေ ထွက်လာပြီးပြီဆိုမှ လီဖူချန်း တစ်ယောက် အသက်ဝဝ ရှူရဲတော့တယ်။

အကြီးအကဲက သူ့ကို ပြဿနာရှာမယ်လို့ ထင်ခဲ့ပေမဲ့ အရာအားလုံးက ချောချောမွေ့မွေ့ပဲ ပြီးဆုံးသွားခဲ့တယ်။

"ထောက်ပံ့ရေးရမှတ် ၃၆၈၀၀ က  တိုက်ပွဲဝင် ကြေးနီရောင် ခန္ဓာကိုယ် တတိယအဆင့်ကို ရောက်အောင် အထောက်အကူ ပြုနိုင်လောက်မှာပါကွာ"

လီဖူချန်းက သူ့ကိုယ်သူ အားပေးလိုက်တယ်။

ဒီကျင့်စဉ်ကို လီဖူချန်း လေ့ကျင့်တဲ့နှုန်းက အရမ်းကို မြန်နေတာ ဖြစ်တယ်။

အဲဒီအဓိပ္ပာယ်က လီဖူချန်းက  ဆေးဝါး အထောက်အကူတွေ အများကြီးယူ ခဲ့ရပြီဆိုတဲ့ အဓိပ္ပာယ်နဲ့ အတူတူပါပဲ။

တခြား တပည့်တွေတောင် လီဖူချန်းလောက် လေ့ကျင့်နှုန်း မမြန်ခဲ့ကြပါဘူး။

ဘာလို့လဲဆိုတော့ ဆေးဝါးတွေ ဝယ်ယူဖို့ အမှတ် မလောက်လို့ပါ။

ဒီခန္ဓာကိုယ် သန့်စင်တဲ့ကျင့်စဉ်တွေက သိတဲ့အတိုင်းပဲ အထောက်အကူပြု ဆေးဝါးတွေ အများကြီး လိုအပ်တယ်လေ။

ပြီးတော့ လီဖူချန်းရဲ့ စိတ်ဝိညာဉ်ကလည်း လီဖူချန်းကို တခြားသူတွေထက် ပိုသာအောင် အထောက်အပံ့ ပေးနေပါတယ်။

လီဖူချန်းရဲ့  အပြန်လမ်းမှာတော့ မိတ်ဆွေဟောင်းကြီး တစ်ယောက်က စောင့်ကြို နေပါတယ်။

"ခွေးမသားလေး … မင်း အရင်တစ်ခေါက်က အကြီးအကဲချန် ရှိနေလို့ ငါ့လက်က လွတ်သွားတာ။ ဒီတစ်ခေါက်တော့ မင်းကို ကယ်မဲ့သူ မရှိတော့ဘူး"

လီဖူချန်းကို ကြိမ်းမောင်း လိုက်တဲ့ သူကတော့ ဇူဟွားလောင်ပဲ ဖြစ်ပါတယ်။

သူက လီဖူချန်း သတ္တုရိုင်းတွေ အများကြီး သယ်လာပြီး အမှတ်အများကြီးနဲ့ လဲသွားတယ်ဆိုတဲ့ သတင်း ကြားကတည်းက လီဖူချန်းကို လိုက်ရှာနေခဲ့တာ ဖြစ်တယ်။

"မင်းက မင်းဟာနေမင်း အလိုက်တသိ ငါ့ရှေ့ ရောက်လာမှတော့ မင်းကိုလိုက်ရှာဖို့ အချိန်ကုန် သက်သာ သွားတာပေါ့"

“လီဖူချန်းကလည်း ဇူဟွားလောင်ကို တွေ့လိုက်ရလို့ ပျော်သွားတယ်။ ဒါက အနိုင်ကျင့်ခဲ့သူကို လက်တုံ့ပြန်နိုင်မယ့် အခွင့်အရေးလေ။ လီဖူချန်းက အကြင်နာ မေတ္တာတွေနဲ့ ပြည့်နှက်နေတဲ့ ရသေ့ သူတော်စင်လည်း မဟုတ်ပါဘူး။ ဒီကိစ္စကို ဘယ်လိုလုပ် မေ့ပစ်နိုင်မှာလဲ"

"မင်းက သေချင်နေပုံရတယ်"

ဇူဟွားလောင်က သူကြားလိုက် ရတာကိုတောင် သူမယုံနိုင်သလို ဖြစ်သွားတယ်။ သူ့မျက်လုံးတွေမှာ ဒေါသ အရောင်တွေ တောက်သွားပြီး အရင်တစ်ခါလိုပဲ လီဖူချန်းကို အနက်ရောင် စွမ်းအင်တွေပတ်နေတဲ့ လက်ဝါးနဲ့ ရိုက်ချလိုက်တယ်။

ဇူဟွားလောင်က လူသား နယ်ပယ်အဆင့် ၉ဖြစ်သည့်အပြင် ဂိုဏ်းတော်ကို ဝင်တုန်းက ရထားသည့် သံမဏိအခွံ ပညာရပ်ကိုလည်း အဆင့်၇ အထိ လေ့ကျင့်ပြီးပြီ ဖြစ်သည်။

သူ့ရဲ့အတွင်းအားတွေကို ထုတ်ပြီး စိတ်တန်ခိုးစွမ်းအင် ပုံဖော်ထားတဲ့ လက်ဝါးရိုက်ချက်က ကြောက်စရာ ကောင်းလွန်း လှပါတယ်။

ဂိုဏ်းတော်ကို ဝင်တုန်းကရတဲ့ ကျင့်စဉ်ကို အဆင့်၇အထိ လေ့ကျင့်နိုင်တဲ့ သူတွေက တကယ် တော်တဲ့သူတွေပဲ ဖြစ်တယ်။

ထို့ကြောင့် ဇူဟွားလောင်သည် ခေသူ တစ်ယောက်တော့ မဟုတ်ချေ။

"မြန်မြန် လာကြဟေ့။ ဟိုမှာ ဂိုဏ်းတူအစ်ကိုဇူနဲ့ လီဖူချန်း ချနေကြပြန်ပြီ"

"အရင်တစ်ခေါက်တုန်းက ဂိုဏ်းတူအစ်ကိုဇူက လီဖူချန်းရဲ့ လက်မောင်း တစ်ချောင်းကို ချိုးခဲ့တယ်။ ဒီတစ်ခါတော့ အစ်ကိုဇူက လီဖူချန်းကို ဒုက္ခိတ ဖြစ်အောင် ဆုံးမမှာပဲကွ"

မိုးပြာရောင် အပြင်စည်းဂိုဏ်းမှာ ဂိုဏ်းသား ၃၀၀၀၀ ကျော် ရှိတာ ဖြစ်တဲ့အတွက် ဘယ်နေရာကို သွားသွား ဂိုဏ်းတော် တပည့်တွေကတော့ ရှိမှာပင်။

အခုလည်း တပည့်တစ်အုပ်က လီဖူချန်းနဲ့ ဇူဟွားလောင် တိုက်ခိုက်နေတာကို မြင်လိုက်ရတဲ့ အတွက် ကျန်တဲ့ဟာတွေကိုပါ လှမ်းအော်ပြောပြီး သတိပေး လိုက်ကြတယ်။

လီဖူချန်းက တည်တည်ငြိမ်ငြိမ်နဲ့ ကျောက်စိမ်းနီ ကျင့်စဉ်ကို ထုတ်သုံးထားပြီး ဇူဟွားလောင်ရဲ့ လက်ဝါးကို ရှောင်လိုက်တယ်။

"ခွေးမသားလေး ... မင်းရဲ့သိုင်းပညာတွေကို ဖျက်ဆီးပစ်ပြီး ငါ့ဖိနပ်တွေကို လျှာနဲ့လျက်ခိုင်းပစ်မယ်"

ဇူဟွားလောင်က ခြေကို ဆောင့်လိုက်ပြီး လီဖူချန်းဆီ ခုန်ဝင်ကာ လက်သီးဖြင့် ထိုးလိုက်သည်။ ဒီလက်သီးချက်က လျှပ်ပြက်သလို မြန်ဆန်လွန်းလှတယ်။

ဒါပေမဲ့ လီဖူချန်းက အရင် လီဖူချန်း မဟုတ်တော့ဘူးလေ။ ဘယ်ဘက်လက်ကို မြှောက်လိုက်ပြီး ဇူဟွားလောင်ရဲ့ လက်သီးကို အားတောင် မစိုက်ပဲ ဆွဲဖမ်းလိုက်တယ်။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ဇူဟွားလောင်က သူ့လက်ကို ပြန်ဆွဲထုတ်ဖို့ ကြိုးစားသော်လည်း လီဖူချန်းက ပြုတ်တူ တစ်ချောင်းဖြင့် ညှပ်ထားသည့်အလား ဖမ်းဆုပ် ထားလေသည်။

"သေစမ်း ငါ-ိုးမကလေး"

ဇူဟွားလောင်က သူ့ရဲ့ကျန်နေသေးတဲ့ ဘယ်ဘက်လက်နဲ့ နောက်ထပ်တစ်ခါ ထပ်ထိုး လိုက်ပြန်တယ်။

"ဖတ်"

လီဖူချန်းက ညာဘက်လက်ကို မြှောက်ပြီး ဇူဟွားလောင်ရဲ့ ဘယ်ဘက် လက်သီးကို ထပ်ဖမ်းထား လိုက်ပြန်တယ်။

ပြီးတာနဲ့ လီဖူချန်းက ဇူဟွားလောင်ကို တုံ့ပြန်ဖို့ အခွင့်အရေး မပေးတော့ပဲ ဇူဟွားလောင်ရဲ့ ခါးအောက်ပိုင်းကို လှမ်းကန်လိုက်တယ်။

ဇူဟွားလောင်က ခါးကိုင်းပြီး သွေးတစ်လုတ် အန်လာခဲ့တယ်။

"မင်းက တခြားသူတွေကို ရိုက်နှက်ရတာကြိုက်တယ်မလား"

"ဒီနေ့ငါမင်းကို ကိုယ်ဖော်တဲ့ဆေးကို ကိုယ်ပြန် မြည်းခိုင်းဦးမယ်"

လီဖူချန်းက တစ်ချက်ပြီး တစ်ချက် ဆင့်ပြီး ဇူဟွားလောင်ကို ကန်လိုက်တယ်။

"ခွေးမသား ငါမင်းကို အသေသတ်ပစ်မယ်"

ဇူဟွားလောင်က သူ့ရဲ့သံမဏိ အခွံပညာရပ်ကို အဆုံးစွန်အထိ ထုတ်သုံးလိုက်ပြီး လီဖူချန်းလက်ထဲက လွတ်အောင် ရုန်းလိုက်တယ်။

"ဖုန်း"

ဒါပေမဲ့ လက်သီးတစ်လုံးက ထွက်လာပြီး ဇူဟွားလောင်ရဲ့ မေးရိုးနဲ့ မိတ်ဆက်သွားတယ်။ ဒီလက်သီးချက်က ဇူဟွားလောင်ကို မြေကြီးပေါ်  ဖင်ထောင်ပြီး လဲကျ သွားစေခဲ့တယ်။

"ဒါကင့ါကို မင်း အနိုင်ကျင့်ခဲ့တုန်းက လိုပဲလေ။ ဘယ်လိုလဲ။ နေလို့ ကောင်းတယ် မလား"

လီဖူချန်းက ဇူဟွားလောင်ရဲ့ ခေါင်းကိုနင်းပြီး မေးလိုက်တယ်။ ဇူဟွားလောင်ရဲ့ ခေါင်းကတော့ မြေကြီးထဲကို ကျွံဝင်နေပါတယ်။

သူက ကြိုးစားပြီး ခေါင်းထာင်ဖို့ လုပ်ပေမဲ့ လီဖူချန်းက ခြေထောက်ဖိအား မယှဉ်နိုင်ပါဘူး။ ဘေးမှာ ရပ်ကြည့်နေကြတဲ့ သူတွေကလည်း ပါးစပ် အဟောင်းသားဖြင့် ကြောင်ပြီး ကြည့်နေကြတယ်။

"ဒါက ဂိုဏ်းတူအစ်ကို ဇူဟွားလောင်ကော ဟုတ်ရဲ့လားဟ။ လီဖူချန်းက သူ့ကိုကလေးနဲ့ လူကြီးချနေသလို အေးဆေးလေး အနိုင်ယူ သွားပါလား"

"မင်း သတိထားမိလား။ လီဖူချန်းရဲ့ လှုပ်ရှားမှုတွေက အရမ်းကို မြန်လွန်းနေတယ် ဆိုတာကိုလေ။ ငါ့မျက်လုံးထဲမှာ ဘာဖြစ်လို့ ဖြစ်သွားမှန်းတောင် မသိလိုက်ရဘူး”

"ကြည့်ရတာ ဒီနှစ်လအတွင်းမှာ လီဖူချန်းက အရမ်း တိုးတက်လာတာပဲ။ ဒါကြောင့်သူက အစ်ကိုဇူ ရန်ရှာမှာကို မကြောက်ပဲ အပြင်ကို ထွက်လာတာပေ့ါ"

"အခြေအနေတွေ ကတော့ ပြောင်းကုန်ပြီဟ။ ကြည့်ရတာ ငါတို့အားလုံး လီဖူချန်းကို လျှော့တွက်မိပုံ ရတယ်"

ဘေးကနေ ရပ်ကြည့်နေတဲ့ လူတွေထဲမှာ တော်တော်များများက လီဖူချန်းကို ကြည့်ပြီး လေးစား အားကျ နေကြတယ်။ သူတို့ကလည်း လီဖူချန်းလို အနိုင်ကျင့် ခံခဲ့ရသူတွေပဲလေ။

အပြင်စည်း တပည့်တွေထဲမှာ တပည့်ပေါင်း  ၁၀၀၀၀ နီးပါးက နေ့စဉ် အနိုင်ကျင့်ခံနေရတာ ဖြစ်တယ်။ ဒါပေမဲ့ ဘယ်တစ်ယောက်ကမှ လီဖူချန်းလို မြန်မြန်ဆန်ဆန် ပြန်ကလဲ့စား မချေနိုင်ကြပါဘူး။

"ဒီကညီလေး။ အစ်ကိုထင်တာ မင်းတော်တော် လွန်နေပြီလို့ ထင်တယ်"

လီဖူချန်းက အသံလာရာကို လှည့်ကြည့် လိုက်တဲ့ အခါမှာတော့  လျိုခိုင်နဲ့ နောက်ထပ် လူငယ်တစ်ဦးကို တွေ့လိုက်ရတယ်။

လီဖူချန်းက လျိုခိုင်ကို တွေ့လိုက်တာနဲ့ မျက်လုံးတွေက အရောင် တောက်သွားခဲ့တယ်။ ဒီကောင်သာ ပါးစပ် မဖွာခဲ့ရင် တခြားတပည့်တွေက လီဖူချန်း ငါးတွေ မိလာတာကို သိမှာ မဟုတ်ဘူးလေ။

"လျိုခိုင်ရဲ့ဘေးနား မျက်ခုံးကောင်းကောင်းနဲ့ လူငယ်က လျိုဇောင်ထန်ပဲ။ သူက လူသားနယ်ပယ် အဆင့်၉ ကိုရောက်နေပြီ။

ဇူဟွားလောင်ထက် ပိုအစွမ်းထက်တယ်။

ဘေးနားက တပည့် တစ်ယောက်က လီဖူချန်းကို လှမ်းသတိ ပေးလိုက်တယ်။

"မင်းနဲ့ဒီ ကိစ္စက ဘာဆိုင်လို့လဲ"

လီဖူချန်းက သူ့ခြေထောက်ကို ဇူဟွားလောင် ခေါင်းက မဖယ်သေးပဲ လျိုဇောင်ထန်ကို ကြည့်ပြီး မေးလိုက်တယ်။

လျိုဇောင်ထန်က ရယ်လိုက်ပြီး

"ဇူဟွားလောင်ရဲ့ သိက္ခာတွေက မင်းကြောင့်တော့ ရေစုန် မမျောသွားသင့်ဘူး။ မင်းအခုလို သူ့ကို လုပ်နေတာတောင်မှ အတော်လေး လွန်လှပြီ။ ငါမင်းကို ဘယ်လိုလုပ် ဆက်ပြီး ဒီအတိုင်း ကြည့်နေနိုင်မှာလဲ"

လီဖူချန်းကလည်း မခန့်မလေးစား ပုံစံဖြင့် ရယ်လိုက်ပြီး

"ငါထင်တာကတော့ မင်းက  ဇူဟွားလောင်ထက် မင်းအတွက်ကို တွေးပြီး အရင် စိတ်ပူသင့်တယ်"

"စိတ်ကြီး ဝင်နေ လိုက်စမ်းတဲ့ ခွေးမသား ... မင်းက ငါ့အစ်ကိုကို ဒီလိုလေသံနဲ့ ပြောရဲတယ်လား။ လီဖူချန်း … အခုချက်ချင်း ဒူးထောက်ပြီး ငါ့အစ်ကိုကို တောင်းပန်စမ်း"

လျိုခိုင်က လီဖူချန်းကို ဒေါသတကြီးနဲ့ အော်လိုက်တယ်။

"ဒူးထောက်ရမယ် ဟုတ်လား  ... လျိုခိုင် ... အရင်တစ်ခေါက်က ငါမင်းကို ဆုံးမထားတာ မလောက်သေးဘူးနဲ့ တူတယ်။ မင်းပါးစပ်က နောက်တစ်ခေါက် အသံထွက်လာရင် မင်းရဲ့သွားတွေ အကုန် ရိုက်ချိုးပစ်မယ်။ အဲဒီအခါမှ ငါက ရက်စက်တယ် မပြောနဲ့နော်"

လီဖူချန်းက ဇူဟွားလောင် ခေါင်းပေါ်က သူ့ခြေထောက်ကို ဖယ်လိုက်ပြီး လျိုခိုင်ဆီကို လာခဲ့တယ်။

"အခု အသစ်ရောက်လာတဲ့ တပည့်တွေက တကယ့် အရိုင်းအစိုင်းတွေ ပါပဲလား"

လျိုဇောင်ထန်က ဇက်တစ်ချက် ချိုးလိုက်ပြီး အညောင်းဆန့်လိုက်တယ်။ ပြီးတာနဲ့ လီဖူချန်းကို ရုတ်တရက် ထိုးချလိုက်တယ်။

လီဖူချန်းကလည်း နောက်မဆုတ်ပဲ လျိုဇောင်ထန်ကို လက်သီးနဲ့ ပြန်ထိုးလိုက်တယ်။

"ဘုန်း"

လက်သီးနှစ်ခု ဆုံမိတဲ့အခါမှာတော့ ကျယ်လောင်သော အသံကြီးတစ်ခု ထွက်ပေါ်လာပြီး လီဖူချန်းကော လျိုဇောင်ထန်ကော နှစ်ယောက်စလုံးက အနောက်ကို ခြေသုံးလှမ်းစီ ဆုတ်လိုက်ရတယ်။

"မင်းလက်သီးက တော်တော် မာတာပဲ"

လီဖူချန်းက လျိုဇောင်ထန်နဲ့ လက်သီးချင်း ယှဉ်အထိုး အပြီးမှာတော့ လျိုဇောင်ထန်ကလည်း သူ့လိုပဲ ခန္ဓာကိုယ် နည်းစနစ်တစ်ခုခု ကျင့်ထားတယ် ဆိုတာ သိလိုက်တယ်။

အမှန်ဆိုရင် လက်သီးချက် တစ်ခုချင်းစီက အားတွေ ယှဉ်ကြည့်လိုက်ရင် လျိုဇောင်ထန်ရဲ့ လက်သီးက ပိုအားပြင်းပါတယ်။

ဒါပေမဲ့ လီဖူချန်းရဲ့ တိုက်ပွဲဝင်ကြေးနီရောင် ခန္ဓာကိုယ်ကျင့်စဉ်ကြောင့် လီဖူချန်းက ခံနိုင်ရည်အပိုင်းမှာ ပိုပြီး သာသွားပါတယ်။

ဒါကြောင့် နှစ်ဖက်စလုံးက သုံးလှမ်းစီ ဆုတ်လိုက်ရတာ ဖြစ်တယ်။

"မင်းက ဘာခန္ဓာကိုယ် သန့်စင်နည်းစနစ် ကျင့်ထားတာလဲ"

လျိုဇောင်ထန်ရဲ့ မျက်နှာက မည်းသွားတယ်။

သူ့ရဲ့ အတွင်းအားနဲ့ အပြင်အား နှစ်ခုပေါင်းထားတဲ့ လက်သီးက လီဖူချန်းကို ဘာမှ မဖြစ်စေခဲ့ဘူးလေ။

ဂိုဏ်းတော်ထဲကို ဝင်လာတာ မကြာသေးတဲ့ လီဖူချန်းက သူ့လက်သီးချက်ကို ယှဉ်ထိုး နိုင်နေပြီ ဆိုတော့ လီဖူချန်းရဲ့ အလားအလာက အရမ်းကို ကောင်းမည့်ပုံ ရှိသည်လေ။

ဒီလိုလူမျိုးကို ရန်စမိသည့် သူ့ကိုယ်သူတောင် အပြစ်ရှိနေသလို ခံစားနေရတယ်။

***

All Chapters