အနှောင့်အယှက်ပေးသော ပြဿနာများ
Vol. 81 Ch. 1121
မုဝမ်ရင်၏အနည်းငယ်ပြုံးနေသောမျက်နှာအား ကြည့်ရင်း ထန်ရှုက မရယ်ဘဲ မနေနိုင်ကာ ပြောလိုက်သည် “ငါ့ရဲ့ကုသမှုအတွက် တစ်ဖက်လူက ဘာပေးပေး ငါ ဂရုမစိုက်ဘူးဆိုတာ မင်း သိလား။ ဒီလိုဆိုပေမယ့် ဒီကိစ္စကနေ ငါ တစ်ခုခုကို သဘောပေါက်ခဲ့တယ်”
“အိုး၊ ဘာများလဲ”မုဝမ်ရင်က ခေါင်းရှုပ်သွား၏။
“ကောင်းပြီ၊ မင်းက အမေတစ်ယောက်မဖြစ်လာခင် အတင်းအဖျင်းပြောတတ်တဲ့အန်တီတစ်ယောက်ဖြစ်လာပြီးဆိုတာ ငါ အခုပဲ သိလိုက်ရတယ်”ထန်ရှုက ဆက်ပြော၏ “မကြာသေးခင်က အလုပ်တွေ အားနေတော့ မင်းက နေကြာစေ့ဝါးရင်း အတွေးတွေ များနေတာ ဖြစ်ရမယ်”
မုဝမ်ရင်က ရှက်သွားသည်။ သူမ၏နူးညံ့သောစရိုက်အရ အတိတ်တွင် ဖြစ်ပျက်သမျှ အရာအားလုံးအား ပေါ့ပေါ့ပါးပါးသာ ပြုမူခဲ့သည်။ သို့သော် ထန်ရှုနှင့် အတူရှိလာပြီးနောက် သူမ၏အမျိုးသမီးဆန်သောဘက်ခြမ်းက နိုးထလာပြီး ရံဖန်ရံခါတွင် သူမက မိန်းကလေးဆန်သောဘက်ခြမ်းကိုပင် ထုတ်ပြခဲ့၏။
အားလပ်ချိန်က လျင်မြန်စွာ ရွေ့လျားနေပြီး မျက်စိတစ်မှိတ်အတွင်း နှစ်ရက်က ကုန်ဆုံးသွားသည်။ ထန်ရှုက ရှန်းဟိုင်မှ ပြန်ရောက်လာသည့်သတင်းက မပျံ့နှံ့သေးပေ၊ ထို့ကြောင့် ဒီနှစ်ရက်အတွင်း သူက အလွန်အားလပ်နေခဲ့ပြီး ဘာပြဿနာမှ သူ့အား မနှောင့်ယှက်ခဲ့ပေ။
မနက်စောစောတွင် အရှေ့အရပ်မှ နေထွက်လာချိန်တွင် ကြယ်ပြာအိမ်ရာ၏အသစ်ပြောင်းလာသောလုံခြုံရေးခေါင်းဆောင်ကျောက်ဖန်ကန်းက အစောင့်တဲတွင် စီးကရက်သောက်လျက် ရှိနေသည်။ သူ့မျက်လုံးများက အိမ်ရာမှ ဝင်နေထွက်နေသောစံအိမ်ပိုင်ရှင်တိုင်းထံ ဝေ့ဝိုက်ရွေ့လျားနေသည်။ လက်ရှိအချိန်တွင် ထူးခြားတာ ဘာတစ်ခုမှ မဖြစ်လောက်ဟု သူက တွေးနေစဉ် ပေါ်ရှေးစူပါကားတစ်စီးက ရုတ်တရက် ဘရိတ်အုပ်လျက် ဂိတ်အပြင်ဘက်၌ ရပ်သွားသည်။
အလာ၊ နောက်ထပ်ချမ်းသာကြွယ်ဝတဲ့မျိုးဆက်တစ်ယောက်လား…
သူက စိတ်ထဲ၌ သက်ပြင်းချလိုက်သည်။ သူက တွေးကာ စိတ်ထဲ၌ ရေတွက်လိုက်သည်။ သူက တစ်လလျှင် ဒေါ်လာတစ်သောင်းရသဖြင့် လက်ချောင်းများချလျက် ရေတွက်၏ “ဒီယွမ်တစ်မီလီယံတန်တဲ့စူပါကားကို ဝယ်ဖို့ ငါ့အနေနဲ့ နှစ်ဘယ်လောက်ကြာမှာလဲ”
ကျွိ…
ပွမ်၊ ပွမ်…
ကားဘရိတ်အုပ်သံများက ထပ်မံထွက်ပေါ်လာပြီး နောက်ထပ်စူပါကားအနည်းငယ်က အဝေးမှ မောင်းနှင်လာကာ ဟွန်းတီးလိုက်ကြ၏။ ထို့နောက် နားကွင်းများဝတ်ဆင်ထားသည့် ရွှေရောင်ဆံပင်နှင့်လူရွယ်တစ်ယောက်က ဒရိုင်ဘာထိုင်ခုံပြတင်းမှ ခေါင်းပြူထွက်လာကာ အော်လိုက်သည် “ဟေး၊ မင်းတို့တွေ မြန်မြန်လေး ဂိတ်ကို မပိတ်နိုင်ကြဘူးလား”
အရှေ့ရှိ ဝေါ်ရှေးကားဒရိုင်ဘာတံခါးက ပွင့်သွားပြီး အနီရောင်ကုတ်အင်္ကျီ၊ အပေါ်ဝတ်ရုံနှင့် သားရေဖိနပ်တို့ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက်က ထွက်လာ၏။ သူမက အနောက်ရှိ စူပါကားများအား တစ်ချက်လှည့်ကြည့်ပြီးနောက် လုံခြံရေးအစောင့်များထံ ပြောလိုက်သည် “ငါ ဒီကားသစ်ကို စာရင်းမသွင်းရသေးဘူး၊ ဒါကြောင့် ငါ့အတွက် အခုပဲ စာရင်းသွင်းပေးပြီး နောက်ကျရင် ငါ့ကို တိုက်ရိုက်ဖြတ်ကျော်ခွင့်ပေးဖို့ မှတ်ထားကြ”
‘ကောင်းပါပြီ”
အစောင့်များက သူမအား သိမှန်း သိသာပြီး သူမအား နတ်ဘုရားမတစ်ယောက်အလား ဆက်ဆံကြသည်။ သူမအား မြင်ပြီး အစောင့်များထဲမှတစ်ယောက်က လုံခြုံရေးခန်းသို့ ချက်ချင်း ပြေးသွား၏။
“ဘာဖြစ်တာလဲ”
ထိုကဲ့သို့ပေါ်ရှေးကားတစ်စီးအား ဝယ်နိုင်ရန်အတွက် သူ့လစာအား ဘယ်နှစ်နှစ်လောက်ထိ စုဆောင်းရမလဲ တွေးနေသော ကျောက်ဖန်းကန်းက ပဟေဠိဖြစ်သွားလျက် မေးလိုက်သည်။
အစောင့်လူငယ်က စာရင်းသွင်းဖောင်အား ဆုပ်ကိုင်လျက် စိတ်လှုပ်ရှားသောမျက်နှာနှင့် ပြန်ဖြေလိုက်သည် “အဲဒါ မစ္စအိုးရန်ပဲ၊ ခေါင်းဆောင်။ ငါ သူမကားကို အရင်စာရင်းသွင်းလိုက်အုံးမယ်”
“ဟမ်။ လုပ်ထုံးလုပ်စဉ်အရ ကားတွေကို ပိုင်ရှင်ကိုယ်တိုင် စာရင်းသွင်းဖို့ လိုတယ်မလား။ သူမက လှပလွန်းတာကြောင့် မင်း သတိမေ့သွားတာလား”ကျောက်ဖန်းကန်းက မကျေမနပ်ပြောလိုက်သည်။
“ဟေး၊ ဟေး၊ စကားကို ဒီလိုလက်လွတ်စပယ်မပြောနဲ့၊ ခေါင်းဆောင်”အစောင့်လူငယ်က ကမန်းကတန်း ပြောလိုက်၏ “ငါတို့ရဲ့အိမ်ရာမှာနေတဲ့သူတွေအားလုံးက ချမ်းသာပြီး ငါတို့တွေ ပြစ်မှားလို့မရတဲ့သူတွေပဲ။ အထူးသဖြင့် မစ္စတာထန်နှင့် မစ္စအိုးရန်တို့ပဲ။ သူတို့က ဘယ်တော့မှဆန့်ကျင်လို့မရတဲ့သူတွေထဲမှာ ပါတယ်၊ မဟုတ်ရင် မင်းက ဒုက္ခအကြီးအကျယ်ဖြစ်ဖို့ကို မျှော်လင့်ထားနေရမယ်”
“အာ၊ မင်း ပြောနေတာ ဘယ်မစ္စတာထန်နဲ့ဘယ်မစ္စအိုးရန်လဲ”ကျောက်ဖန်းကန်းက မျက်မှောင်ကြုတ်လိုက်သည်။
“အတွင်းအကျဆုံးစံအိမ်အနည်းငယ်က မစ္စတာထန်ရဲ့ပိုင်ဆိုင်မှုပဲ။ လွန်ခဲ့တဲ့တစ်ပတ်က ဖြစ်ခဲ့တာကို မင်း မေ့သွားပြီလိုတော့ ငါ့ကို မပြောဘူးမလား။ အပြင်က ဒီတစ်ယောက်က မစ္စအိုးရန်။ သူမက မစ္စတာထန်ရဲ့အမျိုးသမီးပဲ၊ ငါတို့တွေ အပြစ်ပြုလို့မရတဲ့သူပဲ”
ကျောက်ဖမ်းကန်းက စိတ်ထဲ၌ တုန်လှုပ်သွားပြီး သူ့မျက်နှာက အနည်းငယ်အရုပ်ဆိုးသွားသည်။ ထိုအချိန်က ဤနေရာတွင် အလုပ်လုပ်သည့် သူ၏ပထမဆုံးအကြိမ်ဖြစ်သည်။ သူက စစ်ဆေးရန် သွားချိန်တွင် တစ်စုံတစ်ယောက်က သူ့အား တားဆီးခဲ့သည်။ လုံခြုံရေးခေါင်းဆောင်အထောက်အထားအား ပြသခဲ့သော်လည်း သူ့အား ဝင်ခွင့်မပေးခဲ့သဖြင့် ထိပ်တိုက်ရင်ဆိုင်မှုတစ်ခု ဖြစ်ပွားခဲ့၏။ သူက ထိုလူအနည်းငယ်အား အလွယ်တကူအမှောင်သိပ်နိုင်မည်ဟု တွေးခဲ့သည်။ ရလဒ်က သုံးစက္ကန့်အတွင်း သူသာ ထွက်လာရခြင်းပင်။ နောက်တွင် ထိုကိစ္စနှင့် ပတ်သက်၍ သူက စုံစမ်းမေးမြန်းခဲ့ပြီး အကြောင်းပြချက်အား လုံခြုံရေးအဖွဲ့ထံမှ သိရှိလာရသည်။ ထို့ကြောင့် သူက ထိုစံအိမ်ပိုင်ရှင်နှင့်သူ့လူများအား တိတ်တဆိတ် မှတ်ထားခဲ့လေ၏။
ထို့ပြင် သူက တစ်ခုလည်း သိသည်။ ထိုစံအိမ်ပိုင်ရှင်က အခြားနေရာမှ ပြန်ရောက်လာကာစဖြစ်သည်ပင်။ သူက အမျိုးသမီးတစ်ယောက်ကို ခေါ်လာပြီး လက်ရှိတွင် သူတို့က စံအိမ်ထဲတွင် ရှိသည်ကိုလည်း ကြားသိရ၏။
“ဒါနဲ့ မစ္စတာထန်မှာ မိန်းမတွေ အများကြီးရှိတာလား”ကျောက်ဖန်းကန်းက အစောင့်လူငယ်ထံ အသံနိမ့်လျက် မေးလိုက်သည်။
“အများကြီးရှိတယ်။ နောက်မှ ငါ ပြောပြမယ်”လူငယ်က အသံနိမ့်လျက် ပြန်ဖြေသည်။
ထိုသို့ပြောပြီးနောက် သူက အိုးရန်လုလု၏ကားဆီသို့ သွားကာ ကားနံပါတ်အား စာရင်းသွင်းလိုက်သည်။ သို့သော် အနောက်ရှိကားများမှ ကားတံခါးများပွင့်လာသည်ကို မြင်ပြီး သူက မျက်မှောင်ကြုတ်လိုက်သည်။ အတိအကျဆိုရလျှင် ရွှေရောင်ဆံပင်လူငယ်က ထွက်လာပြီး အရှေ့က ပေါရှေးကားဆီသို့ ဉီးတည်လာနေခြင်းပင်။
ဒေါက်…ဒေါက်…
ရွှေရောင်ဆံပင်လူငယ်က ပေါရှေးကားဒရိုင်ဘာထိုင်ခုံပြတင်းအား ခေါက်လိုက်သည်။ ပြတင်းမှန်ချလာပြီး သူက ခေါင်းငုံ့ကာ အိုးရန်လုလုအား အကြိမ်အနည်းငယ် ပြုံးပြလိုက်သည် “ညပွဲကနေ ပြန်လာတဲ့ အလှလေးတစ်ယောက်မလား။ မင်း ငါနဲ့အတူ လက်ဖက်ရည်သောက်ချင်လား”
“မလိုဘူး။ ငါ့မှာ အချိန်မရှိဘူး”
အိုးရန်လုလုက ပြတင်းမှန်အား ပြန်တင်လိုက်သည်။ ထို့နောက် သူမက အထဲသို့ မောင်းဝင်သွား၏။
ရွှေရောင်ဆံပင်လူငယ်က မေးစေ့ပွတ်ကာ ရေရွတ်လိုက်သည် “ငရုတ်ကောင်းလို ပူပြင်းတဲ့ အလှပိုင်ရှင်လေးပဲ။ ဟေး၊ မင်းတို့တွေ၊ ဒီအလှလေးက ဘယ်သူလဲ၊ သူမက ဘယ်စံအိမ်မှာ နေတာလဲ”
ဤလူငယ်ကလည်း အလားတူ သွားရှုပ်လို့ရသည့်လူစားမျိုး မဟုတ်မှန်း လူငယ်အစောင့်က သိသည်၊ သူက ချက်ချင်း ပြန်ဖြေလိုက်၏ “မစ္စအိုးရန်က ပုံမှန်အားဖြင့် ဒီနေရာမှာ မနေဘူး။ ဒါပေမယ့် သူမရဲ့ချစ်သူက ဒီနေရာမှာ နေတယ်”
“စံအိမ်နံပါတ်ကရော…”ရွှေရောင်ဆံပင်လူငယ်က မျက်မှောင်ကြုတ်လိုက်သည်။
လူငယ်အစောင့်က ခေါင်းခါယမ်းကာ ပြောလိုက်သည် “ငါတို့ အဲလိုလုပ်လို့မရဘူး။ ပိုင်ရှင်ရဲ့အချက်အလက်ကို မပေါက်ကြားစေဖို့ တားမြစ်ထားတယ်။ မင်း သိချင်တယ်ဆိုရင် မင်းကိုယ်တိုင်ပဲ စစ်ဆေးကြည့်ပါ”
လူငယ်က ဒေါသထွက်သွားပြီး သူ့အား ရိုက်မည်ပြင်သည်။ သို့သော် သူက တစ်ခုခုအား သတိရသွားပြီး နောက်ထပ်လူငယ်တစ်ယောက်ထံ လက်ညှိုးထိုးပြီးနောက် သူ့ကားဆီသို့ လျင်မြန်စွာ ပြန်သွား၏။ ထို့နောက် သူ့ကားက အတွင်းပိုင်းသို့ မောင်းဝင်သွားလေ၏။
မိနစ်အနည်းငယ်ကြာပြီးနောက် ရွှေရောင်ဆံပင်လူငယ်က ဖယ်ရာရီကို မောင်းလျက် အိုးရန်လုလု၏ကားအား လိုက်မီလာသည်။ သို့သော် သူက နံပါတ်၁၀စံအိမ်သို့ မောင်းဝင်မည်ပြင်စဉ် အနက်ဝတ်သက်လတ်ပိုင်းအရွယ်လူနှစ်ယောက်က သူ့လမ်းအား လျင်မြန်စွာ တားဆီးလာ၏။
“ဘာကောင်တွေလဲ။ ငါ့ရှေ့က လမ်းဖယ်ပေးကြစမ်း။ မနက်စောစော မင်းတို့က မျက်လုံးပေါက်ထွက်ချင်နေကြတာလား”ဆံဖြူလူငယ်က ခေါင်းပြူထွက်လျက် ဆဲဆိုလိုက်သည်။
သူတို့ထဲမှတစ်ယောက်က အေးစက်စွာ ပြော၏ “မင်းက ဒီနေရာကို အရင်ဆုံးကျူးကျော်လာတာ။ ငါတို့က မင်းကို ဒီတစ်ကြိမ်တော့ ခွင့်လွှတ်လိုက်မယ်၊ နောက်ကျရင် မင်းရဲ့ပါးစပ်ကို သန့်သန့်ရှင်းရှင်းထားပါ။ ဒီအိမ်ရာအနည်းငယ်က သီးသန့်ထားထားတာ၊ မင်းကို ဝင်ဖို့ ခွင့်မပြုဘူး”
“ဘာကွာ”လူငယ်က ဒေါသတကြီး ကျိန်ဆဲလိုက်သည် “ဒီအဖေကြီးက ဒီကြယ်ပြာအိမ်ရာရဲ့ပိုင်ရှင်ပဲ။ ငါ သွားချင်တဲ့နေရာ သွားနိုင်တယ်။ အခု လမ်းဖယ်ပေးပါ၊ မဟုတ်ရင် ငါ မင်းတို့ကို သတ်ရလိမ့်မယ်။ အထူးသဖြင့် မင်းပဲ”
အေးစက်စက်အလင်းတစ်ခုက ထိုလူ၏မျက်လုံးများထဲ၌ လက်သွား၏။ သူက ဖယ်ရာရီကားဆီသို့ ပြေးသွားကာ ကားတံခါး ဆွဲဖွင့်လိုက်သည်။ သူက ရွှေရောင်ဆံပင်လူငယ်အား အထဲမှ ဆွဲထုတ်ပြီး ခပ်ကြမ်းကြမ်း ပါးရိုက်ချလိုက်သည်၊ ထို့နောက် နောက်ဆုံးပိတ်အနေနှင့် ဒင်းအား ကန်ထည့်လိုက်၏။
“ဟမ့်၊ အပေါစားပါးစပ်က ဒါနဲ့ပဲ ထိုက်တန်တယ်”
ရွှေရောင်ဆံပင်နှင့်လူငယ်က အငြိုးတေးအပြည့်မျက်လုံးများနှင့်အတူ မြေပြင်ပေါ်သို့ လဲကျသွား၏။
လူငယ်သုံးယောက်က အနောက်ရှိစူပါကားနှစ်စီးမှ ပြေးထွက်လာသည်၊ နှစ်ယောက်က ရွှေရောင်ဆံပင်လူငယ်အား ကူညီရန် ပြေးလာပြီး အခြားတစ်ယောက်က သက်လတ်ပိုင်းအရွယ်လူထံ လက်ညှိုးထိုးကာ အော်ပြောလိုက်သည် “မင်းတို့ကောင်တွေက ဘယ်သူလဲ။ မင်းတို့က ဒီနေရာမှာ လူတွေကို ရိုက်ရဲတာလား။ ဒီသူဌေးကြီးက မင်းတို့ရဲ့အရိုးတွေကို ချိုးဖို့ လူတွေ ရှာနိုင်တယ်ဆိုတာ မှတ်ထားကြ”
“ထွက်သွားစမ်း…”
လူကြီးက လက်ဝှေ့ယမ်းလျက်သာ တုံ့ပြန်လိုက်သည်၊ ထိုလူငယ်က စွန်တစ်ခုအလား လွင့်ထွက်သွားတော့၏။
စံအိမ်တစ်ခု၏လေသာဆောင်တွင်။
အပြင်ဘက်ရှိ ရုတ်ရုတ်သဲသဲဖြစ်ရပ်အား ကြားလိုက်ရသဖြင့် ထန်ရှုက မျက်လုံး ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ သို့သော် အိုးရန်လုလုက ပေါရှေးကားထဲတွင် ရှိနေသည်ကို မြင်သောအခါ သူက မျက်လုံးမလိမ့်ဘဲ မနေနိုင်ပေ။ သူ့နားတွင် မိန်းမအနည်းငယ်ရှိသော်လည်း သူက သူမနှင့် အထိတွေ့အများဆုံးဖြစ်သည်။ သူ့ဖုန်းအား သိုလှောင်လက်စွပ်ထဲသို့ ထည့်ထားခဲ့သည်မဟုတ်လျှင် သူမထံမှ ဖုန်းခေါ်ဆိုမှုအား နေ့တိုင်းနေ့တိုင်း လက်ခံရရှိနေမည်မှာ သေချာသည်။
အာ၊ သွားပြီ။ ငါက ဖုန်းကို သိုလှောင်လက်စွပ်ထဲ ထည့်ထားတာပဲ။ လွန်ခဲ့တဲ့နှစ်ရက်က သူမဆီက ဘာဖုန်းအခေါ်မှ မရခဲ့ဘူး။ သူမက ငါ့ကို ဖုန်းခေါ်ခဲ့မှာ သေချာတယ်။ ဘယ်လိုခေါင်းကိုက်စရာလဲ။ ငါ ပြန်ရောက်လာတယ်ဆိုတာ သူမကို မပြာခဲ့ဘူး။ ဒီအန်တီကြီးက ငါ့ကို ပွစိပွစိလုပ်တော့မှာ အသေအချာပဲ။
ထန်ရှုက ထိုအကြောင်းအား တွေးမိလိုက်သည့်အခိုက်တွင် သူက ခေါင်းကိုက်သလို ခံစားမိလာသည်။ ဒီထက်ပိုဆိုးသောအရာတစ်ခုလည်းရှိ၏။ မနေ့ညက မောပန်းလွန်းသောကြောင့် မုဝမ်ရင်က အိပ်ရာထဲတွင် ရှိနေသေး၏။ သူမအား မြင်လျှင် အိုးရန်လုလုက ရူးသွပ်သွားပေလိမ့်မည်။
သူက ခေါင်းခါယမ်းလျက် အိပ်ခန်းသို့ ပြန်သွား၏၊ မုဝမ်ရင်က နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတုန်းပင်။ သူက ကမန်းကတန်း ဝတ်ဆင်ပြီးနောက် အောက်ထပ်သို့ ဆင်းလာချိန်တွင် အိမ်ဖော်နှင့်စကားပြောနေသောအိုးရန်လုလုအသံအား ကြားလိုက်ရသည်။
“လုလု…”
ထန်ရှုက သူမထံ လျှောက်သွား၏။
သူ့ကို မြင်ပြီး အိုးရန်လုလု၏မျက်လုံးများက ချက်ချင်း လင်းလက်သွားကာ မကျေမနပ် ပြောလိုက်၏ “ရှင် ဘယ်နေရာကနေ ပြန်ရောက်လာတာလဲ၊ ဟမ့်။ ဘာလို့ ကျွန်မကို မပြောတာလဲ”
“နှစ်ရက်ရှိပြီ၊ ငါ ကိစ္စတစ်ခုနဲ့ အလုပ်ရှုပ်နေတာကြောင့် မင်းကို ဖုန်းမခေါ်ရသေးတာ”ထန်ရှုက ပြုံးလိုက်သည် “ထပ်ပြောရရင် ငါ မင်းကို ဖုန်းခေါ်တော့မလိုပဲ၊ ဒါပေမယ့် မင်းက ဒီကို ရောက်လာတာ”
“ရှင့်ရဲ့ဖုန်းက ဘာဖြစ်ပြန်တာလဲ”အိုးရန်လုလုက မြည်တောက်တီးလိုက်သည် “ကျွန်မ ရှင့်ကို ဖုန်းခေါ်ခဲ့တယ်၊ ဒါပေမယ့် ရှင်က လိုင်းမမိတဲ့နေရာမှာ ရှိတယ်လို့ပဲ ပြောတယ်။ ရှင် ဖုန်းကို သိုလှောင်လက်စွပ်ထဲမှာ ထားခဲ့ပြန်ပြီးမလား”
“မင်းက ငါ့မိဘတွေလိုပဲ၊ ငါ့အကြောင်း အကုန်သိနေတာပဲ၊ လုလု”ထန်ရှုက လက်မထောင်ကာ ချီးကျူးလိုက်သည် “မင်းက ငါ့ဝမ်းဗိုက်ထဲကသန်ကောင်တစ်ကောင်များလို့တောင် ငါ သံသယဖြစ်မိတယ်”
ထန်ရှု၏အပြောက သူမအား အများကြီးသဘောကျသွားစေ၏၊ သို့သော် သူမ၏လှပသောမျက်လုံးများက သူ့ထံ လိမ့်လာနေတုန်းပင်။ သူမ အမြဲလုပ်နေကြအတိုင်း ထန်ရှအား ပွေ့ဖက်လိုက်ပြီးနောက် ပြုံးကာ ပြောလိုက်၏ “ဘာ၊ ရှင်ကပဲ သန်ကောင်ဖြစ်မှာ။ ကျွန်မ ဘာမှ ဂရုမစိုက်တော့ဘူး။ အခု ကျွန်မ ရှင့်ကို ဖမ်းမိပြီး၊ ဒီတော့ ရှင် ကျွန်မနဲ့အတူ အပြင်သွားရမယ်”
ထန်ရှုက ပြုံးလိုက်သည်။ အိမ်ဖော်ထွက်သွားပြီးနောက် သူက ခေါင်းညိတ်ကာ ပြောလိုက်၏ “ကောင်းပြီလေ၊ မင်းက အပြင်ထွက်ချင်မှတော့ လိုက်ပတ်ကြတာပေါ့။ ပြီးတော့ ဒီနေ့ ငါ့မှာလဲ လုပ်စရာတွေ မရှိဘူးလေ။ လိုက်သွားမယ်၊ ရှော့ပင်ထွက်မယ်၊ ရုပ်ရှင်ကြည့်မယ်၊ ညစာစားကြမယ်…”
“ဒါဆို ကောင်းပြီလေ”
အိုးရန်လုလုက နောက်ဆုံးတွင် ကျေနပ်စွာ ပြုံးလိုက်ပြီး သူမက ထန်ရှုအား အပြင်သို့ ဆွဲခေါ်သွားလေ၏။
***