← Chapters

အပြာရောင်ရေလက်ဝါးစံအိမ် *

Vol. 81 Ch. 1122

အပြာရောင်ရေလက်ဝါးစံအိမ် *

Vol. 81 Ch. 1122

ခြံဝင်းအပြင်ဘက်တွင်။

ပေါရှေးကားကို ကြည့်ရင်း ထန်ရှုက အကူအညီမဲ့စွာ ပြောလိုက်သည် “ဒါနဲ့ ဒီကားကို မောင်းလာတာ ထင်ပေါ်လွန်းနေတယ်မလား။ ငါက အခုတောင် အတော်လေး လူသိများနေတာ”

“ဟားဟားဟား၊ အဲတော့ ဘာဖြစ်လဲ။ ရှင့်မှာ ကားကောင်းတစ်စီးနဲ့အလှလေးတစ်ယောက်ရှိတယ်၊ ရှင်က ဘာအတွက် မပျော်မရွှင်ဖြစ်နေတာလဲ”အိုးရန်လုလုက ရယ်လိုက်သည် “ကဲ၊ သွားကြရအောင်။ ရှင်ပဲ မောင်းတော့”

“ဒါဆို ကောင်းပါပြီ…”

ဤနေရာမှ အမြန်ဆုံးထွက်ခွာရန်က ထန်ရှု၏ရည်ရွယ်ချက်ဖြစ်သည်။ ထို့ကြောင့် သူက ဒရိုင်ဘာထိုင်ခုံတွင် တန်းထိုင်ကာ တံခါးပိတ်ပြီးနောက် အပြင်ဘက်သို့ ဉီးတည်ထွက်လာလိုက်သည်။ သို့သော် လမ်းက အလွန်ကျယ်သော်ငြား ကားသုံးစီးက ပိတ်ထား၏။

“ဒီနေရာမှာ ဘာဖြစ်နေတာလဲ”ထန်ရှုက ကားမှန်ချလျက် မေးလိုက်သည်။

သက်လတ်ပိုင်းအရွယ်ယောကျ်ားက သူ့အား နှုတ်ဆက်ကာ ရိုသေလေးစားစွာ ပြောလိုက်သည် “ဒီဂိုဏ်းစတားလေးတွေက ပြဿနာရှာချင်နေကြတယ်၊ ဒါကြောင့် ငါတို့ သူတို့ကို တားနေတာပါ၊ သူဌေး”

“ငါ သိပြီး။ လုံခြုံရေးအစောင့်တွေကို အသိပေးပြီး သူတို့ကို တန်းမောင်းထုတ်လိုက်”ထန်ရှုက လက်ဝှေ့ယမ်းကာ ပြောလိုက်သည် “ဒါနဲ့ ဟုတ်တယ်။ လွန်ခဲ့တဲ့အချိန်အချို့က ခန်းရှက ငါ့ဆီ ဖုန်းဆက်လာတယ်၊ သူမလဲ ဒီနေရာက ကိစ္စတွေကို ပြောခဲ့တယ်။ အခု ငါက ဒီအပိုင်းက စံအိမ်တွေအားလုံးကို ဝယ်ထားပြီးဆိုမှတော့ ဒီနေရာက လုံခြုံရေးအလုပ်ကို ကိုင်တွယ်ရမှာပေါ့။ သူတို့က သွားချင်ရင် သူတို့က သွားခွင့်ပေးလိုက်ပါ။ လမ်းက လူတိုင်းအတွက်ပဲ။ သူတို့က စံအိမ်တွေကို မကျူးကျော်မနှောင့်ယှက်ဘူးဆိုရင် သူတို့ကို လစ်လျူရှုထားလိုက်ပါ”

“နားလည်ပါပြီ…”သက်လတ်ပိုင်းအရွယ်ယောကျ်ားက လေးစားစွာ ခေါင်းညိတ်လိုက်သည်။

ထိုအချိန်တွင် မြေပြင်ပေါ်မှ တွားသွားထလာသောရွှေရောင်ဆံပင်လူငယ်က ထန်ရှုအား ဝါးမျိုချင်နေသည့်အလား ကြည့်လိုက်သည်။ ထန်ရှု၏စကားများကို ကြားပြီး သူက ဒေါသတကြီး ချက်ချင်း အော်ပြောလိုက်၏ “ဟေး၊ မင်းရဲ့ဖင်ကို ကားပေါ်ကနေ ကြွလာလိုက်စမ်း၊ ကောင်စုတ်။ မင်းရဲ့ခွေးတွေက ငါတို့ကို အဆက်မပြတ်ကိုက်နေတာ။ အခုပဲ မင်း ငါ့ကို ရှင်းပြချက်တစ်ခုပေးရမယ်၊ မဟုတ်ရင် ဒီပြဿနာက ဒီထက်ပိုကြီးသွားလိမ့်မယ်”

ထန်ရှုက မရယ်ဘဲ မနေနိုင်ကာ ပြောလိုက်သည် “ဒီနေရာက ငါတို့အားလုံးက အရွယ်ရောက်ပြီးသားလူတွေပဲမလား။ ပြီးတော့ မင်းတို့အားလုံးရဲ့အသွင်အပြင်ကို ကြည့်ရတာ မင်းတို့တွေက လူချမ်းသာတွေပါပဲ။ ဘာလို့ မင်းတို့ရဲ့သိက္ခာကို နည်းနည်းလောက်တောင် မထိန်းနိုင်ရတာလဲ”

လူငယ်၏အမူအရာက မဲ့ရွဲ့သွားလျက် သူက ဒေါသထွက်စွာ အော်ပြောလိုက်သည် “ဘာတွေလဲ။ ငါ့မှာ ဂုဏ်သိက္ခာရှိမရှိ မင်းနဲ့ ဘာဆိုင်လို့လဲ။ ဒီအိမ်ယာက မင်းရဲ့မိသားစုပိုင်ဆိုင်တာမဟုတ်ဘူး၊ ဒါတောင် မင်းက ဒီလောက်တောင် မောက်မာနေတာ၊ မင်းရဲ့လူတွေက လူတွေကို ရိုက်နှက်တာ မဆန်းပါဘူး။ ဒါက သိသိသာသာ မင်းရဲ့အမှားပဲ မဟုတ်လား”

ထန်ရှုက စိတ်ထဲ၌ တိတ်တဆိတ် သက်ပြင်းချလျက် ကားထဲမှ ထွက်ကာ လူငယ်အရှေ့၌ ရပ်လိုက်သည်။ သူက လူငယ်အား ဉီးညွှတ်ကာ စစ်မှန်သောအမူအရာနှင့် ပြောလိုက်၏ “ဒါဆို ငါ့ရဲ့ရိုင်းပြပြီးမဆင်မခြင်ပြုမူတဲ့အမူအရာအတွက် တောင်းပန်ပါတယ်။ သူတို့က သူတို့ရဲ့အလုပ်ကို ပြုလုပ်ခဲ့တာဖြစ်တာကြောင့် မင်း ငါ့ကို ခွင့်လွှတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”

“ဒါက…”

ထန်ရှုက ဒီလိုအကွက်တစ်ခုပြုလိမ့်မည်ဟု လူငယ်က မမျှော်လင့်ထားပေ။ အစက သူ့အား တိုက်ခိုက်ရန် အကြောင်းပြချက်တစ်ခုအနေဖြင့် ဆင်ခြေအနည်းငယ် ဖန်တီးချင်ခဲ့သည်၊ သို့သော် ယခု သူက အကူအညီမဲ့စွာနှင့်သာ ကျန်ရစ်လေသည်။

သူ့ဘေးနားရှိလူငယ်က အော်ပြောလိုက်သည် “ဟေး၊ ဒီလိုတောင်းပန်ရုံနဲ့ အရာအားလုံးက ပြီးသွားမယ်လို့ မင်း ထင်လား။ ဒီကမ္ဘာမှာ ဒီလိုကောင်းမွန်တဲ့အရာတစ်ခု ဘယ်လိုလုပ်ရှိနိုင်မှာလဲ”

‘တောင်းပန်တာက မကောင်းဘူးဆိုရင် မင်းတို့က ဘာလိုချင်တာလဲ”ထန်ရှုက ပြန်မေးလိုက်သည်။

“လျော်ကြေး၊ ပြီးတော့ ဆေးဝါး၊ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုနဲ့ အလုပ်နှောင့်နှေးမှုတွေအတွက် စရိတ်တွေအကုန်လုံးပေါ့”လူငယ်က နှာခေါင်းရှုံ့လိုက်သည် “ဒီနေရာမှာ ဒီလောက်များတဲ့စံအိမ်တွေကို ဝယ်ထားတယ်ဆိုတော့ မင်းက ချမ်းသာတယ်မဟုတ်လား။ ငါတို့က မင်းကို ငွေညှစ်နေတာမဟုတ်ပါဘူး၊ ဒါပေမယ့် လျော်ကြေးအနေနှင့် တစ်သန်းပေးမယ်ဆိုရင် အဆင်ပြေပါတယ်…”

“လျော်ကြေးအနေနဲ့ တစ်သန်းပေးရင် အဆင်ပြေမယ်ပေါ့၊ ဟုတ်လား”ထန်ရှုက ထူးဆန်းသောအမူအရာနှင့် မေးလိုက်သည်။

“ဒါ သေချာတာပေါ့”လူငယ်က နှာခေါင်းရှုံ့လိုက်သည်။

ထန်ရှုက သက်လတ်ပိုင်းအရွယ်ယောကျ်ားဘက် လှည့်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည် “ငါ့အတွက် တစ်သန်းယူလာပေးဖို့ ငါ မင်းကို အချိန်မိနစ်နှစ်ဆယ်ပေးမယ်။ ပြီးတော့ အနီးနားမှာ ကဖီးတစ်ခုရှိတယ်။ အဲကို ယူလာပါ”

“သိပါပြီ…”ထိုလူက ချက်ချင်း ထွက်သွားသည်။

ထန်ရှုက လူငယ်လေးယောက်ထံ ပြန်လှည့်ကာ ပြုံးလျက် ပြောလိုက်သည် “မင်းတို့က ငါ့ကို လျော်ကြေးပေးစေချင်တယ်မလား၊ ဒီတော့ ငါနဲ့အတူ ကဖီးကို သွားကြရင် ဘယ်လိုလဲ။ အဲနေရာမှာ ငါတို့ စကားပြောလို့ရတာပေါ့”

ရွှေရောင်ဆံပင်လူငယ်က ပေါရှေးကားအား တစ်ချက်ကြည့်လိုက်သည်၊ အရှေ့ထိုင်ခုံရှိအိုးရန်လုလုကို မြင်ပြီးနောက် သူ့ပါးအား ချက်ချင်း ဖုံးလိုက်၏။ ခဏစဉ်းစားပြီးနောက် သူက နှာခေါင်းရှုံ့လိုက်သည် “အဲနေရာကို ဉီးတည်သွားကြတာပေါ့။ ငါတို့က မင်းကို ကြောက်မယ်လို့တော့ မထင်နဲ့”

ထန်ရှုက စောင်းငဲ့သာ ကြည့်လိုက်ပြီး ကားဆီသို့ ပြန်လာ၏၊ ထို့နောက် သူက အိမ်ယာမှ မောင်းထွက်လာ၏။ များမကြာမီ စူပါကားလေးစီးက ကဖီးအပြင်ဘက်၌ ရပ်သွား၏၊ ထန်ရှုက အိုးရန်လုလုအား ကဖီးထဲသို့ ခေါ်လာပြီး တိတ်ဆိတ်သောထောင့်တစ်ထောင့်သို့ တန်းသွားသည်၊ သူတို့နောက်မှ လူငယ်လေးယောက်က လိုက်ပါလာ၏။

“ငါ မင်းကို တစ်ခုခုမေးလို့ရမလား၊ လုလု”ထိုင်ပြီးနောက် ထန်ရှုက ပြုံးကာ မေးလိုက်သည်။

“ဘာကိုလဲ”အိုးရန်လုလုက သိလိုစိတ်နှင့် ပြန်မေးလိုက်သည်။

“ဒီနားတစ်ဝိုက်မှာ စွန့်ပစ်စက်ရုံတစ်ခုတစ်လေများရှိလား”ထန်ရှုက မေး၏ “အဲဒါက ဧရိယာကျယ်ပြီး အလွန်ဝေးလံချောင်ကျတဲ့နေရာမှာရှိရင် အကောင်းဆုံးပဲ”

အိုးရန်လုလုက ခဏစဉ်းစားပြီးနောက် ခေါင်းခါယမ်းလိုက်သည် “ကျွန်မ မသိဘူး။ ရှန်းဟိုင်က နေရာတိုင်းမှာ ဖွံ့ဖြိုးတိုးတက်နေတာဆိုတော့။ ရှင် ရှင်းဟိုင်အပြင်ဘက်ကို သွားကြည့်ရမယ်ထင်တယ်။ ဟုတ်ပြီ၊ ချန်ရှီပဲ၊ ကျွန်မ အခုမှ မှတ်မိပြီ။ ရှန်းဟိုင်နဲ့ချန်ရှီလမ်းဆုံက ဝေးလံပြီးလူသူကင်းမဲ့တယ်။ ကျွန်မ ချီနန်နဲ့ အပြေးပြိုင်ပွဲဝင်ခဲ့တုန်းက စက်ရုံကြီးတစ်ခုရှိတဲ့နေရာအချို့ကို ဖြတ်ကျော်လာခဲ့ရတယ်။ အဲတုန်းက ကျွန်မ ချီနန်ကို မေးလိုက်သေးတယ်၊ အဲဒါက စွန့်ပစ်စက်မှုဇုန်ဧရိယာတစ်ခုလို့ သူမ ပြောတယ်”

“နောက်ကျရင် ငါ့ကို အဲနေရာကို ခေါ်သွားပါ”ထန်ရှုက ခေါင်းညိတ်လိုက်သည်။

“အဲဒီလိုနေရာတစ်ခုမှာ ရှင် ဘာလုပ်မလို့လဲ”အိုးရန်လုလုက မေးလိုက်သည်။

“ငါ လက်နက်အချို့ကို သန့်စင်ချင်တယ်”ထန်ရှုက ပြောလိုက်သည်။

အိုးရန်လုလုက ခေါင်းညိတ်တုံ့ပြန်လိုက်သည်။ သူမက ပြောမည့်ဆဲဆဲတွင် ထန်ရှုအိပ်ကပ်ထဲရှိ ဖုန်းမြည်သံကို ရုတ်တရက် ကြားလိုက်ရ၏။

ထန်ရှုက ခဏမှင်တက်သွားသည်။ သူက သိုလှောင်လက်စွပ်မှ ဖုန်းယူထုတ်လိုက်၏။ လက်ရှိအချိန်တွင် တစ်ယောက်ယောက်က သူ့အား ခေါ်လိမ့်မည်ဟု အတော်ကလေးမမျှော်လင့်ထားပေ။ ထို့နောက် သူက ဖုန်းစခရင်အား ကြည့်လိုက်ရာ ချက်ချင်းခေါင်းကုတ်မိပြီး ရှုံ့မဲ့ပြုံးလိုက်သည် “အလာ၊ ငါ ဒါကို မေ့နေတာပဲ”

ထိုသို့ပြောပြီးနောက် သူက အဖြေခလုတ်ကို နှိပ်လိုက်၏၊ လီချိုက်အသံက ဖုန်းမှ ထွက်လာသည် “နတ်ဆေးဆရာဝန်ထန်လား”

“ငါပဲ၊ မင်းတို့ရောက်ပြီးလား”ထန်ရှုက မေးလိုက်သည်။

“ကျွန်မတို့ မနေ့နေ့လည်ကတည်းက ရောက်နေတာ”လီချိုက်က ပြော၏ “ရောက်တာနဲ့ နတ်ဆေးဆရာထန်ကို ဖုန်းခေါ်ခဲ့တယ်၊ ဒါပေမယ့် ဆက်သွယ်လို့မရဘူးပဲ ပြောတယ်။ ကျွန်မတို့ အခု နတ်ဆေးဆရာထန်ဆီ လာလို့ရပြီလား”

“အာ၊ မင်းတို့ အခု ဘယ်နေရာမှာလဲ”ထန်ရှုက မေးလိုက်သည်။

“ရေလက်ဝါးပြာစံအိမ်မှာ”လီချိုက်က ပြန်ဖြေသည်။

ထန်ရှုက ခဏစဉ်းစားပြီးနောက် ပြောလိုက်သည် “ငါ့ကို လိပ်စာပို့လိုက်ပါ၊ ငါ လာခဲ့မယ်။ တွေ့တော့မှ ငါတို့ ပြောကြတာပေါ့”

“ဒါဆို ကောင်းပါပြီ။ အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ်၊ နတ်ဆေးဆရာထန်”လီချိုက်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ဖုန်းချပြီးနောက် ထန်ရှုက အိုးရန်လုလုအား ကြည့်ကာ မေးလိုက်သည် “ဒါနဲ့ ဒီရေလက်ဝါးပြာစံအိမ်က ဘယ်နေရာမှာလဲ”

အိုးရန်လုလု၏အဖြေကို မစောင့်ဘဲ သူတို့မှ မနီးမဝေးတွင် ထိုင်နေသော ရွှေရောင်ဆံပင်နှင့်လူငယ်က အထင်သေးသောအကြည့်နှင့် လှောင်ပြောင်းလိုက်သည် “ဟမ့်၊ မင်းက အရမ်းအားကောင်းတဲ့လူတစ်ယောက်လို့ ငါ‌ တွေးထားတာ၊ မင်းက ရေလက်ဝါးပြာစံအိမ်ကိုတောင် မသိဘူးပဲ။ တကယ်ကိုပဲ။ ဟုတ်ပါတယ်လေ၊ အထက်တန်းလွှာဆိုတာ မင်းတို့လို တောသားတွေ နားလည်နိုင်တဲ့အရာ ဘယ်ဟုတ်ပါ့မလဲ”

ထန်ရှုက သူ့အား စိတ်မဝင်စားစွာနှင့်သာ တစ်ချက်ကြည့်လိုက်ပြီး သူ့မျက်လုံးများက အိုးရန်လုလုထံ ပြန်ရောက်သွားသည်။

အိုးရန်လုလုက စားပွဲခုံကို ရိုက်လျက် လူငယ်အား မိုက်ကြည့်ကြည့်လိုက်သည် “နင့်ရဲ့ပါးစပ်ကို ပိတ်မလား ဒါမှမဟုတ် နင့်အမေကတောင် နင့်ကို မမှတ်မိတော့အထိ ငါ ရိုက်ပေးရမလား”

မူလက အိုးရန်လုလုအရှေ့တွင် လူငယ်က ထန်ရှုအား ဆုံးမချင်သဖြင့် သူ၏တောက်ပမှုအား ပြသခဲ့သော်လည်း သူမက အခုလို ရူးသွပ်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူ့အမူအရာက ချက်ချင်း အရုပ်ဆိုးသွားပြီး သူက ထန်ရှုအား စိုက်ကြည့်လျက် မကျေမနပ်ပြောလိုက်သည် “ဟမ့်၊ အမျိုးသမီးတစ်ယောက်ရဲ့အနောက်မှာ ပုန်းနေတဲ့ငကြောက်တစ်ကောင်ပဲ”

“ငါက ငကြောက်ဟုတ်လားမဟုတ်ဘူးလားဆိုတာ နောက်ကျရင် မင်းတို့ သိပါလိမ့်မယ်”ထန်ရှုက စိတ်မဝင်စားစွာ ပြောလိုက်သည် “သူတို့ကို ဂရုစိုက်ဖို့ မလိုဘူး၊ လုလု”

သူ့စကားကို ကြားပြီး အိုးရန်လုလုက ထန်ရှု၏ရည်ရွယ်ချက်အား နားလည်လိုက်သည်။ ဒီမတိုင်ခင်တုန်းက ဘာကြောင့် ထန်ရှုက ထိုအကောင်များအား ယွမ်တစ်မီလီယံလျော်ကြေးပေးပြီး သူတို့အား ဤနေရာသို့‌ ခေါ်လာခဲ့မှန်း သူမက နားမလည်ခဲ့ပေ။ ယခု ထန်ရှုက သူတို့အား ပိုက်ဆံပေးရန် စောင့်နေပြီး သူတို့၏မောက်မာမှုအတွက် ပြန်ပေးဆပ်ခိုင်းမည်ကို သူမက သဘောပေါက်ခဲ့သည်။

“ရေလက်ဝါးပြာစံအိမ်က ရှန်းဟိုင်ရဲ့အရှေ့တောင်ကမ်းရိုးတန်းမှာ ရှိတယ်။ အဲဒါက ရှန်းဟိုင်မှာ အလှပဆုံးအပန်းဖြေဧရိယာတွေထဲကတစ်ခုပဲ၊ သုခဘုံစံအိမ်ထက် အနည်းငယ်ပိုကောင်းတယ်။ ပြီးတော့ ရှင်က ဆိပ်ကမ်းကို မောင်းသွားဖို့ လိုတယ်၊ ပြီးမှ အဲနေရာကနေ လှေစီးသွားရမယ်”

ထန်ရှုက ခေါင်းညိတ်ကာ ထရပ်လိုက်သည် ‘ကောင်းပြီလေ၊ အဲကို အရင်ဆုံးသွားကြတာပေါ့”

ရွှေရောင်ဆံပင်နှင့်လူငယ်က ရုတ်ချည်းထရပ်ကာ လှောင်ပြောင်လိုက်သည် “ဘာလုပ်တာလဲ၊ မိတ်ဆွေ။ မင်းက ထွက်ပြေးဖို့ ဆင်ခြေတစ်ခုရှာခဲ့တာလား။ မင်းဆီကနေ ယွမ်တစ်မီလီယံလျော်ကြေး ယူမယ်လို့ ငါ ပြောခဲ့ပြီးလေ”

“မင်းတို့သေချာပေါက် ပိုက်ဆံရမှာပါ။ ဒါပေမယ့် ငါ အခု အလျင်လိုနေတယ်၊ မင်းတို့နဲ့ အဖော်ပြုပေးဖို့ အချိန်မရှိတော့ဘူး”ထန်ရှုက ပြော၏ “မင်းတို့က ဒီနေရာမှာ နေဖို့ ဆန္ဒရှိမယ်ဆိုရင် ငါ တစ်ယောက်ယောက်လွှတ်ပြီး မင်းတို့ဆီ ပို့ခိုင်းလိုက်မယ်။ ဒါပေမယ့် မင်းတို့က မနေချင်ဘူးဆိုရင် ငါနဲ့အတူ ရေလက်ဝါးပြာစံအိမ်ကို လိုက်လာခဲ့၊ ငါ့လူကို အဲနေရာဆီ ပိုက်ဆံယူလာဖို့ ပြောလိုက်မယ်”

“ဒါပေါ့၊ ငါက မင်းနဲ့ လိုက်သွားမှာပေါ့။ မင်းထွက်ပြေးသွားရင် ပိုက်ဆံကို ငါတို့က ဘယ်သူ့ဆီမှာ သွားတောင်းရမှာလဲ”ရွှေရောင်ဆံပင်လူငယ်က ပြောပြီးနောက် ဖုန်းထုတ်ကာ နံပါတ်တစ်ခုခေါ်လိုက်သည်။ တစ်ဖက်မှ ဖုန်းလက်ခံပြီးနောက် သူက ပြုံးလိုက်၏ “သခင်လေးခွန်း။ ကျီကျီနဲ့ကျန်တဲ့လူတွေနဲ့အတူ ငါ ရေလက်ဝါးပြာစံအိမ်ကို သွားမလို့၊ အမ်…ငါတို့ အဲမှာ တွေ့ကြတာပေါ့”

****

ရေလက်ဝါးပြာစံအိမ်က ရေများဝန်းရံထားသည့်ကျွန်းငယ်တစ်ခုဖြစ်ပြီး ဘောလုံးကွင်းအနည်းငယ်စာလောက် ကျယ်သည်။ သို့သော် အပန်းဖြေနေရာ၏ဆောက်လုပ်ထားမှုက အလွန်ထူးခြားသည်။ လက်ရာမြောက်သောတောင်ဘက်ခြမ်းဥယျာဉ်နှင့်မြောက်ဘက်ကုန်းမြေရှုခင်းတို့၏ပေါင်းစပ်ထားမှုက အလွန်အံ့ဩဖွယ်ရာကောင်းသောမြင်ကွင်းတစ်ခုအား ဖြစ်ပေါ်စေ၏။

စံအိမ်တစ်ခုထဲတွင် ဟူရှောက်ခန်းက ဖုန်းချပြီးနောက် သူ့အရှေ့ရှိ ဆယ့်ခြောက်နှစ်အရွယ်ပုံပေါက်နေသောမိန်းကလေးအား ကြည့်ကာ ပြုံးလျက် ပြောလိုက်သည် “အန်တီကျွမ်းရဲ့ရောဂါနဲ့ပတ်သက်ပြီး မင်း စိတ်ချထားလို့ရပြီ၊ ချိုက်အာ။ နတ်ဆေးဆရာဝန်ထန်နဲ့ ပတ်သက်ပြီး ငါ တစ်ခုခု သိထားတယ်။ သူက ကူညီဖို့ဆန္ဒရှိတယ်ဆိုကတည်းက သူက အန်တီရဲ့ရောဂါကို သေချာပေါက်ကုသနိုင်မှာပဲ။ ငါ သူ့ကို ဂုဏ်ထူးဆောင်ဧည့်သည်တစ်ယောက်အဖြစ် သတ်မှတ်ပြီး သူ့ကို အကောင်းဆုံးပြုမူဆက်ဆံမှာပါ”

“ကျေးဇူးတင်ပါတယ်၊ အကိုရှောက်ခန်း”လီချိုက်က ပြောလိုက်သည်။

ကောင်လေးက မနီးမဝေးရှိ ကမ်းရိုးတန်းအား လှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးများက ပင်လယ်ပြင်အား ရိုက်ခတ်သွားပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်သည် “ချိုက်အာ၊ အန်တီကျွမ်းကို နတ်ဆေးဆရာဝန်ထန် ကုသပေးဖို့က အရမ်းအရေးကြီးတယ်ဆိုပေမယ့် မင်းရဲ့ခန္ဓာကိုယ်ကိုလဲ နတ်ဆေးဆရာထန်ဆီ စစ်ဆေးခိုင်းရင် ပိုကောင်းမယ်။ ကိုးနှစ်တောင်ရှိပြီ၊ မင်းက ဒီလိုပုံပဲ အမြဲတမ်းဖြစ်နေတယ်။ အနာဂတ်မှာ မင်းရဲ့ကျန်းမာရေးပြဿနာက ပိုဆိုးလာမှာကို ငါ စိတ်ပူတယ်”

လီချိုက်က ခဏနှုတ်ဆိတ်သွားသည်။ သူမက အနည်းငယ်အကူအညီမဲ့စွာနှင့် ပြန်ဖြေလိုက်သည် “ပြည်တွင်းရော ပြည်ပမှာရော ဆေးရုံအများကြီးမှာ ငါ့ရဲ့ခန္ဓာကိုယ်ကို စစ်ဆေးခဲ့ပြီးပြီ။ လက်ရှိဆေးသိပ္ပံက ငါ့ရဲ့ခန္ဓာကိုယ်မှာ ဘာဖြစ်နေသလဲဆိုတာကို မစစ်ဆေးနိုင်ဘူး။ ငါ စိတ်ပူတာက…”

ဟူရှောက်ခန်းက သူမအား ကြည့်ကာ ပြောလိုက်သည် “ချိုက်အာ၊ ငါတို့က အန်တီကို ဆေးရုံများစွာကို ခေါ်သွားခဲ့ပေမယ့် သူမရောဂါရဲ့စစ်းဆေးမှုရလဒ်က အတူတူပဲမလား။ နတ်ဆေးဆရာထန်က အန်တီကို ကုသပေးနိုင်ရင် သူက မင်းကိုလဲ ကုသပေးနိုင်မှာပဲ။ ဒါပေမယ့် သူ လာတဲ့အချိန်မှာ မင်းက သူ့ကို မပြောချင်ဘူးဆိုရင် ငါကိုယ်တိုင် သူ့ကို ပြောမယ်။ ငါ သူ့ကို ဘယ်လောက်ပဲပေးရပေးရ ဂရုမစိုက်ဘူး”

***

All Chapters