ဒရာမာဆန်သောသဘောထားပြောင်းလဲမှု *
Vol. 81 Ch. 1123
ဆိပ်ကမ်းငယ်တစ်ခုတွင် အဖြူရောင်လက်အိတ်စွပ်ထားသည့် မီးခိုးရောင်စွပ်ကျယ်နှင့်ကျောက်သုန်ဖုန်းက ကမ်းခြေကားပါကင်ရှိ ဈေးကြီးသောဇိမ်ခံကားများကို ကြည့်ရင်း စိတ်အားတက်ကြွနေလေ၏။
နတ်ဆေးဆရာဝန်ထန်ရှုပဲ။
နာမည်က ကျော်ကြားလွန်းသဖြင့် သူ ကြားဖူးသည်မှာ ကြာပြီ။ အသားတင်ကြွယ်ဝမှုယွမ်ဆယ်ဘီလီယံကျော်သော ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစု၏ပိုင်ရှင်ဖြစ်သည့်ထန်ရှု၏အခြားအထောက်အထားကိုလည်း သူ သိသည်။ ယခင်က သူ့တစ်သက်တွင် ဒီလိုမဟာအကျော်အမော်တစ်ဉီးအား ဘယ်တော့မှ တွေ့ခွင့်ရလိမ့်မည်မဟုတ်ဟု တွေးထားခဲ့သည်။ ရေလက်ဝါးပြာစံအိမ်၏ဗဟိုမန်နေဂျာအနေနှင့် ထန်ရှုအား ကြိုဆိုရန် သူ့သူဌေးက အသိပေးလာမည်ဟု မမျှော်လင့်ထားခဲ့ပေ။
ဝွန်း…
ကားအင်ဂျင်သံများကြားတွင် ကျောက်သုန်ဖုန်း၏စိတ်ဝိညာဉ်က တုန်လှုပ်သွားသည်။ သူ့မျက်လုံးများက အဝေးမှ အရှိန်တင်လျက် မောင်းလာသော စူပါကားလေးစီးထံမှ မရွေ့ပေ။ သူက ခေါ်လာသည့်ဝန်ထမ်းနှစ်ယောက်အား ချက်ချင်း အချက်ပြလိုက်ပြီးနောက် သူတို့အား ကြိုဆိုနှုတ်ဆက်ရန် ရှေ့သို့ အသုတ်နှင်လိုက်၏။
“ဟယ်လို၊ နတ်ဆေးဆရာဝန်ထန်…”
ထန်ရှုက ကားပေါ်မှ ဆင်းလာသည့်အခိုက်တွင် တစ်ချက်ကြည့်လိုက်ရုံနှင့် ကျောက်သုန်ဖုန်းက မှတ်မိသည်၊ သူက သူ့နှလုံးသားထဲရှိစိတ်လှုပ်ရှားမှုအား ဖိနှိပ်လျက် ကြိုဆိုနှုတ်ဆက်လိုက်၏။
တုံ့ပြန်သည့်အနေနှင့် ထန်ရှုက သူ့အား အနည်းငယ် ခေါင်းညိတ်ပြကာ အရှေ့ခုံတွင် ထိုင်နေသောအိုးရန်လုလုထံ လက်ဝှေ့ယမ်းပြလိုက်သည်။ ထို့နောက် သူက ရှေ့လူထံ ပြောလိုက်၏ “မင်းတို့က ရေလက်ဝါးပြာစံအိမ်ကလား”
အိုးရန်လုလုအား သတိပြုမိလိုက်ချိန်တွင် ကျောက်သုန်ဖုန်းက စိတ်ထဲ၌ အနည်းငယ် တုန်လှုပ်သွား၏။ သူသည်လည်း ရှန်းဟိုင်တွင် စားသောက်ဆိုင်များဖွင့်လှစ်ထားသည့် စီးပွားရေးလုပ်ငန်းရှင်များထဲမှတစ်ယောက်ဖြစ်သောကြောင့် အိုးရန်လုလု၏အဆင့်အတန်းအား မသိစရာအကြောင်းမရှိပေ။ ထန်ရှုနှင့်သူမတို့၏နီးကပ်သောဆက်ဆံရေးကို မြင်ပြီး သူတို့နှစ်ယောက်က ကောင်းကင်ကသတ်မှတ်ထားသောစုံတွဲများဟုပင် ကျောက်သုန်ဖုန်းက ရုတ်တရက် ခံစားမိ၏။
“နတ်ဆေးဆရာဝန်ထန်၊ ငါက ရေလက်ဝါးပြာစံအိမ်ရဲ့ဗဟိုမန်နေဂျာပါ။ ငါ့အလုပ်ရှင်ရဲ့ညွှန်ကြားချက်အရ…”
ပခုံးချင်းယှဉ်လျက် လျှောက်လာသာ ရွှေရောင်ဆံပင်လူငယ်နှင့်အခြားသုံးယောက်က ထန်ရှုအား အထင်သေးသောအကြည့်နှင့် တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူက ကြားဖြတ်ဝင်ပြောလိုက်၏ “ဟေ၊ ငါတို့ကို လာကြိုဖို့ သူ့သူဌေးက သူ့ကို ခိုင်းထားတာ။ ဟေ့ထန်ကောင်လေး။ ရေလက်ဝါးပြာစံအိမ်က ငါတို့လိုလူတွေ နှစ်သက်ပျော်ပါးနိုင်တဲ့အရာတစ်ခုဆိုတာ မင်း မြင်ပါလိမ့်မယ်၊ ဒါပေမယ့် မင်းကတော့ အထဲမှာ အချိန်ဖြုန်းဖို့ အရည်အချင်းမမှီဘူး”
“ဒီလိုလား”ထန်ရှုက စိတ်မဝင်စားစွာ တုံ့ပြန်လိုက်သည် “ဒါပေမယ့် မင်းတို့နဲ့စကားပြောနေတယ်လို့ ငါ ဘာလို့ မခံစားရတာလဲ”
ကျောက်သုန်ဖုန်းကိုယ်တိုင်က ရွှေရောင်ဆံပင်လူငယ်နှင့်သူ့အဖော်လေးယောက်တို့အား သိသည်။ သူတို့က ရှန်းဟိုင်ဒေသခံများမဟုတ်ကြပေ။ သူတို့က မိသားစုကြီးများမှ ဖြစ်ကြပြီး ရှန်းဟိုင်သို့ မကြာသေးခင်ကမှ ရောက်ရှိလာကြ၏။ သို့သော် သူတို့က သူ့အလုပ်ရှင်နှင့် ကောင်းမွန်သောဆက်ဆံရေးတစ်ခုရှိသည်။ ရေလက်ဝါးပြာစံအိမ်၏ဗဟိုမန်နေဂျာအနေနှင့် သူက အမြင်စူးရှသည်၊ ဤလူငယ်နှင့်ထန်ရှုကြား ယမ်းငွေ့အနည်းငယ်သမ်းနေသည်ကို သူက သတိပြုမိ၏။
သို့သော် ထန်ရှု၏စိတ်မဝင်စားသည့်အမူအရာကို မြင်ပြီး သူက အနည်းငယ်တုံ့ဆိုင်းခဲ့ပြီးနောက် သူ့ကိုယ်သူအားပေးလျက် ပြောလိုက်သည် “သခင်လေးဝူ၊ နတ်ဆေးဆရာဝန်ထန်ကို လာကြိုဖို့ ငါ့သူဌေးက ငါ့ကို ညွှန်ကြားခဲ့တာပါ။ သူ့ရဲ့မိတ်ဆွေကောင်းအချို့ လာလည်တာကို သိရင် သူက သေချာပေါက် ပျော်လိမ့်မယ်လို့ ငါ အာမခံပါတယ်”
ရွှေရောင်ဆံပင်နှင့်ဝူတာလုံ၏အမူအရာက ရုတ်တရက် အလွန်အရုပ်ဆိုးသွားသည်။ ကျောက်သုန်ဖန်း၏မှတ်ချက်က သူ့မျက်နှာအား ဖြတ်ရိုက်လိုက်သလိုပင်။ သူက အလှလေးအရှေ့တွင် သူ၏တင့်တယ်မှုအား ပြသချင်သော်လည်း ရလဒ်က သူ့ကိုသာ အရှက်တကွဲအကျိုးနည်းဖြစ်သွားစေ၏။
“ဘာလို့ မင်းပါးစပ်ကို မပိတ်နိုင်ရတာလဲ၊ ကျောက်မျိုးရိုးရဲ့”
ဝူတာလုံက လက်သီးဆုပ်လျက် တင်းမာခက်ထန်စွာ မြှောက်လိုက်သည်။ သူ့နောက်တွင် ရေလက်ဝါးပြာစံအိမ်၏ဝန်ထမ်းနှစ်ယောက်သာမရှိလျှင် သူက ဤလူအား လက်သီးနှင့် ထိုးမိပေလိမ့်မည်။
ကျောက်သုန်ဖန်းက အသက်တစ်ချက်ရှုလိုက်သည်။ ဝူတာလုံက သူ့ဘက် ရုတ်တရက် လှည့်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သို့သော် ဤလူငယ်၏အထောက်အထားကို ကြောက်ရွံ့သောကြောင့် သူ့ဒေါသအား စိတ်ထဲ၌ဿာ ဖိနှိပ်ထားလိုက်၏။ သူက ရှုံ့မဲ့ပြုံးလျက် ပြောလိုက်သည် “ငါ မင်းကို အမှန်အတိုင်းပြောနေတာပဲ၊ သခင်လေးဝူ။ မင်း ငါ့သူဌေးနဲ့တွေ့တဲအခါကျရင် နားလည်ပါလိမ့်မယ်။နတ်ဆေးဆရာဝန်ထန်၊ သခင်မအိုးရန်၊ ကျေးဇူးပြုပြီး လှေပေါ်တက်ပါ၊ ငါ့အလုပ်ရှင်က သင်တို့ကို စောင့်နေပါတယ်”
ထန်ရှုက ဝူတာလုံအား ပြောင်စပ်စပ်နှင့် တစ်ချက်ကြည့်ကာ ရယ်လိုက်သည်၊ ထို့နောက် သူက အိုးရန်လုလု၏လက်ကို ဆွဲလျက် လှေပေါ်သို့ လျင်မြန်စွာ ခုန်တက်လိုက်၏။
ဝူတာလုံက အကြိမ်အနည်းငယ်ပင့်သက်ရှိုက်လိုက်သည်။ သူ့မျက်လုံးမျာားက ကျန်ရှိနေသည့်ဝန်ထမ်းနှစ်ယောက်ပေါ်သို့ ကျရောက်သွားကာ အော်ပြောလိုက်၏ “မင်းတို့ကောင်တွေက အရူးတွေလို ဘာငေးကြောင်နေတာလဲ။ ငါ့ကို လှေပေါ် မြန်မြန် ခေါ်သွားပေးစမ်း”
ထိုသို့ပြောပြီးနောက် သူနှင့်အခြားသုံးယောက်ကလည်း နောက်လှေတစ်စီးပေါ်သို့ လျင်မြန်စွာ တက်သွား၏။ လှေထွက်လာပြီးနောက် ဝူတာလုံနှင့်အတူရှိနေသောလူငယ်ဟောင်ကျီကျီက ရုတ်တရက် ခေါင်းခါယမ်းကာ ပြောလိုက်သည် “ငါတို့တော့ ပြဿနာဖြစ်ပြီထင်တယ်၊ အကိုတာလုံ။ ပြီးတော့ ဒါက မင်းရဲ့နေ့တိုင်းဖြစ်နေကျဖြစ်ဿနာတွေနဲ့ မတူဘူး”
ဝူတာလုံက ခဏမှင်တက်သွားပြီးနောက် မျက်မှောင်ကြုတ်လျက် အေးစက်သောမျက်နှာနှင့် ပြန်ပြောလိုက်သည် “မင်းတစ်ခုခုပြောစရာရှိတယ်ဆိုရင် တစ်ခါတည်းပြော၊ ဟိုထိန်ဒီချန်လုပ်မနေနဲ့”
“မင်း သိလား၊ ကျောက်မျိုးရိုးက ထန်မျိုးရိုးကို နတ်ဆေးဆရာဝန်ထန်လို့ မိတ်ဆက်ပေးခဲ့တယ်”ဟောင်ကျီကျီက အားတင်းပြုံးလျက် ပြောလိုက်သည် “ဒါက ငါ့ကို တိုင်းပြည်မှာ လူငယ်နတ်ဆေးဆရာထန်အဖြစ် နာမည်ကျော်ကြားတဲ့တစ်စုံတစ်ယောက်ကို သတိရသွားစေတယ်။သူက တရုတ်တိုင်းရင်းဆေးပညာရှင်တစ်ယောက်မျှပဲဆိုရင် ပြဿနာတစ်ခုမဟုတ်ဘူး၊ ဒါပေမယ့် သူ့မှာ အခြားအထောက်အထားနှစ်ခုရှိနေတာပဲ။ မင်းက ပြည်ပကို နှစ်အနည်းငယ် ထွက်သွားပြီး အချိန်အကြာပြီး ပြန်မလာတော့ သူ့ကို တစ်ခါမှ မကြားဖူးတာပဲ။ ဒါပေမယ့် သူတို့နှစ်ယောက်က ငါပြောသလို အတူတူဖြစ်ဖို့များတယ်”
အခြားလူငယ်နှစ်ယောက်၏အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး သူတို့က တစ်ခုခုအား ရုတ်ချည်း အမှတ်ရလိုက်သည်။ တစ်ယောက်က တုန်လှုပ်သွားကာ ကမန်းကတန်း ပြေလိုက်သည် “လှေကို ရပ်ပြီး နောက်ပြန်လှည့်”
“မင်း ဘာဖြစ်နေတာလဲ”ဝူတာလုံက သူ့အား ဒေါသတကြီးအော်ပြောလိုက်သည် “မင်း ပြောစရာတစ်ခုခုရှိရင် တန်းပြော။ အဲဒီအကောင်ရဲ့နောက်ခံက အတိအကျဘာလဲ”
“ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုကို မင်း ကြားဖူးမှာပါ”ဟောင်ကျီကျီက အားတင်းပြုံးလျက် ပြောလိုက်သည် “သူက အဲဒီကုမ္ပဏီရဲ့သူဌေးကြီးထန်ရှုပဲ။ ဒါ့အပြင် သူက ပေကျင်းထန်မိသားစုရဲ့အားကောင်းတဲ့မိသားစုဝင်တစ်ယောက်လဲဖြစ်တယ်”
ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုနှင့် ပေကျင်းကထန်မိသားစုလား။
ဝူတာလုံ၏မျက်ခုံးများက ကျုံ့သွားလျက် ကြောက်ရွံ့မှုက သူ့မျက်လုံးများမှ ပြည့်လျှံကျလာတော့သည်။ ထန်ရှုက ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစု၏ပိုင်ရှင်မျှသာဆိုလျှင် သူ ဒီလောက်ထိ အံ့ဩမည်မဟုတ်သော်လည်း ပေကျင်း၏ထန်မိသားစုက သူ့နှလုံးသားအား ပစ်ထည့်လိုက်သည့် နျူကလီးယားလက်နက်တစ်ခုလိုပင်။
လက်ရှိတွင် တိုင်းပြည်ရှိ မိသားစုများကြီးထဲ၌ ဘယ်မိသားစုက အားအကောင်းဆုံးဟုပြောလျှင်…သံသယရှိစရာမလို၊ ပေကျင်း၏ထန်မိသားစုပင်ဖြစ်သည်။ မြို့တော်၏စူပါမိသားစုဖြစ်သောယောင်အိမ်ကိုပင် ဤမိသားစုက ဖျက်ဆီးပစ်ခဲ့၏။
မျက်နှာဖြူဖတ်ဖြူရော်သွားလျက် ဝူတာလုံက ဟောင်ကျီကျီအား စိုက်ကြည့်ကာ မေးလိုက်သည် “မင်း မမှားဘူးဆိုတာ သေချလား။ ဒီအကောင်က…တကယ်ပဲ ထန်အိမ်ရဲ့မျိုးဆက်တစ်ယောက်လား”
ဟောင်ကျီကျီက ခေါင်းညိတ်လိုက်သည် “သူပဲဖြစ်မှာ သေချာတယ်။ ငါ့သူငယ်ချင်းတစ်ယောက်က ထန်မိသားစုခေါင်းဆောင်ရဲ့ရှစ်ဆယ်နှစ်ပြည့်မွေးနေ့ကို တက်ရောက်ခဲ့ပြီး အဲမှာ ထန်ရှုကို သူ မြင်ခဲ့တယ်။ ပြီးတော့ သူ့ဆီကနေ ငါ တစ်ခုသိထားသေးတယ်။ ထန်ရှုက ထန်အိမ်ရဲ့နောင်ဖြစ်လာမယ့်ခေါင်းဆောင်တဲ့”
ဟူး…
ဝူတာလုံက ပင့်သက်ရှိုက်လိုက်မိပြန်သည်။ အရေးပါသောမိသားစုတစ်ခု၏မျိုးဆက်အနေနှင့် ထန်အိမ်၏သာမန်ဂျူနီယာများနှင့်အမွေဆက်ခံသူများကြား အဆင့်အတန်းကွာဟချက်ကို သူ သိသည်။ သူတို့က ထန်အိမ်၏သာမန်ဂျူနီယာတစ်ယောက်အား ဆန့်ကျင်မိလျှင် ဒုက္ခအနည်းငယ်သာ ဖြစ်ပေလိမ့်မည်၊ သို့သော် ထိုထန်မျိုးရိုးက ထန်မိသားစု၏အနာဂတ်ခေါင်းဆောင်အဖြစ် လျာထားခြင်းခံရသူဆိုလျှင် ဤကိစ္စက ကြီးမားပေလိမ့်မည်။ ဤအသေးအဖွဲ့ပြဿနာက သူ့မိသားစုတစ်ခုလုံးကိုပါ ငြိစွန်းစေပြီး သူတို့က ကံဆိုးမိုးမှောင်ကျသွားနိုင်၏။
ငါ ဘာလုပ်ရမလဲ။
သူ့စိတ်ထံ၌ အတွေးတို့ လှုပ်ရှားနေပြီး ဝူတာလုံ၏အမူအရာက ဆယ်စက္ကန့်တိုင်း ပြောင်းလဲနေသည်။ နောက်ဆုံးတွင် သူက အံကြိတ်ကာ ပြောလိုက်သည် “ပြန်လှည့်ကြစို့”
များမကြာမီ သူတို့လေးယောက်က ကမ်းခြေသို့ ပြန်ရောက်လာပြီး တစ်ဖက်ကမ်းသို့ ရောက်ရှိသွားသောထန်ရှုနှင့်အိုးရန်လုလုတို့အား ကြည့်လိုက်သည်။ ဝူတာလုံက ခဏနှုတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည် “ကျီကျီနဲ့မင်းတို့ကောင်တွေ။ မင်းတို့ ငါ့ကို တစ်ခုခုကူညီပေးဖို့ လိုတယ်”
‘ဘာကိုလဲ”ဟောင်ကျီကျီက မေးလိုက်သည်။
“ငါတို့တစ်ယောက်စီက ယွမ်ဆယ်သန်းထုတ်ကြမယ်။ တောင်းပန်တဲ့အနေနဲ့ ငါတို့ ပိုက်ဆံကို ထန်ရှုထံ ပို့လိုက်မယ်”ဝူတာလုံက ပြောသည် “ဒါ့အပြင် မင်းက သူ့ကို ဒီလိုပြောပေးရမယ်၊ ငါက ဒီနေ့ ဆိုးဆိုးဝါးဝါးအရိုက်ခံရပြီး လှေပေါ်မှာ သွေးအန်နေလို့ ဆေးရုံကို ကုသဖို့ ပို့လိုက်ရတယ်လို့ ပြော။ ပြီးတော့ သူကို့ ပြော၊ ငါက မောက်မာခဲ့မိတာကို ရုတ်တရက် သဘောပေါက်သွားပြီး ငါ့ရဲတောင်းပန်မှုအတွက် မင်းကို လွှတ်လိုက်တာလို့ ပြော”
‘ဒါက…”
ထန်ရှု၏အဆင့်အတန်းကို သိပြီးနောက် ဟောင်ကျီကျီက သူ့အား မျက်နှာချင်းမဆိုင်ချင်တော့ပေ။ ထန်ရှုက စိတ်ဆိုးနေလျှင် သူက ပစ်မှတ်တစ်ခုဖြစ်သွားမည်ကို စိတ်ပူသည်။ သို့သော် သူက ဝူတာလုံကိုလည်း မငြင်းပယ်ရဲပေ။ သူ့မိသားစုက စွမ်းအားအချို့ရှိလျှင်ပင် ဝူတာလုံတို့ထက် နိမ့်ကျသေးသည်။ သူက ဤအကောင်၏တောင်းဆိုမှုအား ငြင်းပယ်လိုက်လျှင် သူ့အနာဂတ်နေ့ရက်များက ရင်ဆိုင်ရခက်ခဲလာပေလိမ့်မည်။
ဝူတာလုံက မျက်မှောင်ကြုတ်ကာ နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည် “ဘာဖြစ်လို့လဲ။ မင်း မသွားချင်တာလား”
“ငါ သွားမှာပါ”ဟောင်ကျီကျီက ကမန်းကတန်း တုံ့ပြန်လိုက်သည်။
****
ကျွန်းပေါ်တွင်။
ရေလက်ဝါးပြာဆိပ်ကမ်းတွင် ထန်ရှုနှင့်အိုးရန်လုလုတို့က လှေပေါ်မှ ဆင်းပြီးနောက် အဝေးမှ လာနေသောအမျိုးသားတစ်ယောက်နှင့်အမျိုးသမီးတစ်ယောက်အား မြင်လိုက်ရသည်။ အမျိုးသားက အသက်နှစ်ဆယ့်ငါးနှစ်လောက်ရှိကာ ချောမောခန့်ညား၏၊ အမျိုးသမီးက အသက်ဆယ့်ခြောက်နှစ်လောက်သာရှိပြီး လှပသည်။ အမျိုးသမီးက သူနှင့် video callတွင် စကားပြောခဲ့သည့်လီချိုက်ဖြစ်သည်ကို ထန်ရှုက ချက်ချင်းမှတ်မိလိုက်၏။
‘နတ်ဆေးဆရာထန်”
သူ့ထံ ရောက်လာပြီးနောက် လီချိုက်က ကမန်းကတန်း ခေါ်လိုက်သည်။ သူမ၏သဘောထားက အလွန်လေးစားပျူငှာ၏။
ထန်ရှုက သူမအားအနည်းငယ် ခေါင်းညိတ်ပြပြီးနောက် မေးလိုက်သည် “မင်းအမေရော ဘယ်မှာလဲ”
လီချိုက်ဘေးနားရှိဟူရှောက်ခန်းက မှင်တက်သွား၏၊ သူ့နှလုံးသားက ငိုရမလားရယ်ရမလားမသိ ဖြစ်သွားလေသည်။ သူက ထန်ရှုနှင့် တစ်ခါမှ မတွေ့ဖူးသော်ငြား သူ့အထောက်အထားအား သိသည်။ ထန်ရှုက သူ့အား လစ်လျူရှုကာ လာရင်းကိစ္စအား တန်းမေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သို့သော် အမြင်ကောင်းတစ်ခုပေးရန်အတွက် သူက လီချိုက်၏အဖြေကို မစောင့်ဘဲ လက်တွဲနှုတ်ဆက်ရန်အတွက် လက်ဆန့်ပေးကာ ပြုံးလိုက်သည် “ဟယ်လို၊ နတ်ဆေးဆရာထန်။ ငါက ဒီရေလက်ဝါးစံအိမ်ရဲ့ပိုင်ရှင်ဟူရှောက်ခန်းပါ။ အန်တီကျွမ်းက လက်ရှိမှာ ဧည့်ခန်းထဲမှာ ရှိပါတယ်၊ သူမရဲ့အခြေအနေက မကောင်းလှဘူး”
ထန်ရှုက သူ့အား လေ့လာရင်း လက်တွဲနှုတ်ဆက်လိုက်သည်။ ထို့နောက် သူက ခေါင်းညိတ်ကာ ပြော၏ “ဒီနေရာကို လူနာကုသဖို့ လာမှတော့ အာလာပသလ္လာပစကားတွေကို တစ်ချက်ဘေးဖယ်ထားကြတာပေါ့”
“ကောင်းပါပြီ”
လျင်မြန်စွာ ပြန်ဖြေလျက် ဟူရှောက်ခန်းနှင့်လီချိုက်တို့က ထန်ရှုနှင့်အိုးရန်လုလုတို့အား အထဲသို့ ခေါ်သွား၏။ များမကြာမီ သူတို့လေးယောက်က လူနာရှိနေသည့်အခန်းသို့ ရောက်ရှိလာသည်။
အတွင်းပိုင်းက သေချာအလှဆင်ထား၏။ အခန်းက တောက်ပကာ နေရာကျယ်ပြီး လေထဲတွင် စံပယ်ပန်းရနံများနှင့် ပြည့်နေသည်။ နေက ပြတင်းပေါက်ကို ဖြတ်ကာ အခန်းထဲထိတိုင် လင်းထိန်နေပြီး အိပ်ရာပေါ်တွင် လဲနေသော မျက်နှာဖြူဖတ်ဖြူရော်နှင့်အမျိုးသမီးအား ရောက်ပြန်ဟပ်နေတော့သည်။
“ဟမ့်”
အခန်းထဲသို့ ဝင်လာပြီးနောက် ထန်ရှုက တန်းကာ မျက်မှောင်ကြုတ်လိုက်သည်၊ အထဲအပူချိန်က အပြင်ကထက် ဒီဂရီအနည်းငယ်နိမ့်ကျသွားသည်ကို သူ သတိထားလိုက်မိသောကြောင့်ပင်၊ သို့သော် အထဲတွင် လေအေးပေးစက်မရှိသလို အခြားအအေးအသုံးအဆောင်ပစ္စည်းများလည်း ရှိမနေပေ။
***