← Chapters

ဆိုးဝါးတဲ့ကံကြမ္မာမရေမတွက်များစွာ *

Vol. 81 Ch. 1124

ဆိုးဝါးတဲ့ကံကြမ္မာမရေမတွက်များစွာ *

Vol. 81 Ch. 1124

ထန်ရှုက သူ၏စိတ်ဝိညာဉ်အာရုံအား ချက်ချင်း ထုတ်လွှတ်လိုက်ပြီး အအေးစွမ်းအင်၏အရင်းအမြစ်အား အလွယ်တကူရှာတွေ့ခဲ့သည်။ အိပ်ရာထဲတွင် လဲလျောင်းနေသော လူနာ၏ခန္ဓာကိုယ်မှ ထုတ်လွှတ်ခြင်းဖြစ်၏။

တစ်ခုခုထူးဆန်းတယ်။

သူက စိတ်ထဲ၌ တွေးလိုက်ပြီး အိပ်ရာသို့ တန်းသွားသည်။ သူက လူနာ၏လက်ကောက်ဝတ်အား ဆုပ်ကိုင်ကာ သူမ၏သွေးကြောအား စစ်ဆေးလိုက်သည်။ သူက နက်နက်ရှိုင်းရှိုင်း မျက်မှောင်ကြုတ်လိုက်ပြီး သူ့အမူအရာက ပိုပဟေဠိဖြစ်လာသည်။

“ဒါ နေကောင်းတာမဟုတ်ဘူးပဲ။ ရုပ်ပိုင်းဆိုင်ရာက လုံးဝအကောင်းကြီးပဲ။ ဒီအမျိုးသမီးက နေမကောင်းတာမဟုတ်ဘူး၊ သူမက အိပ်ပျော်နေတာနဲ့ ပိုတူတယ်”

ထန်ရှုက သူမ၏လက်ကောက်ဝတ်အား လွှတ်ကာ လီချိုက်အား မေးလိုက်၏ “မင်းအမေက ဘယ်လိုအခြေအနေမျိုး ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်ဆိုတာ ငါ့ကို ပြောပြနိုင်မလား”

“သူမ ဘာဖြစ်ခဲ့သလဲဆိုတာ ငါ မသိဘူး၊ နတ်ဆေးဆရာထန်”လီချိုက်က ခေါင်းခါယမ်းကာ ပြော၏ “သူမက လအနည်းငယ်ကြာ ကိုမာဖြစ်နေခဲ့ပြီး သွေးကြောကနေတစ်ဆင့် အစာအဟာရတွေ ထည့်သွင်းပြီး အသက်ဆက်နေရတာ”

“သူမ ကိုမာ မဖြစ်ခင် ဘာဖြစ်ခဲ့တယ်ဆိုတာ မင်း မှတ်မိသေးလား”ထန်ရှုက ထပ်မေး၏။

လီချိုက်က နက်ရှိုင်းစွာ တစ်ချက် တွေးပြီးနောက် ပြောလိုက်သည် “သူမ ကိုမာမဖြစ်ခင် ဘာဖြစ်ခဲ့တာလဲဆိုတော့…။ အမေက နေ့ရောညရောအိပ်မက်ဆိုးတွေ မက်နေပြီး လုံးဝအိပ်လို့မရနီးပါးဖြစ်နေခဲ့တယ်။ သူမ နိုးလာရင်တောင် သူမက ဂယောင်ချောက်ချဖြစ်နေပြီး သွေးတွေ အဆက်မပြတ်အန်တယ်။ ငါ မေးတဲ့အချိန်တိုင်း သူမ ငါ့ကို လစ်လျူရှုခဲ့တယ်”

သွေးလား။

တစ်ခုခုအား သဘောပေါက်သွားပြီး ထန်ရှုက ချိတ်ပိတ်နည်းစနစ်တစ်ခု ထုတ်ဖော်ကာ သူ့နဖူးကြားအား ရုတ်ချည်း ရိုက်လိုက်သည်။ ကြောက်စရာကောင်းသောအားတစ်ခုက သူ့အား ရုတ်တရက် ထိမှန်သွားသလို သူ့ခန္ဓာကိုယ်က စက္ကန့်အနည်းငယ် တုန်ယင်သွားပြီး သူက နောက်သို့ ခြေသုံးလှမ်းဆုတ်ကာ သွေးတစ်ပွက်အန်လိုက်သည်။

“ထန်ရှု…”

အိုးရန်လုလု၏မျက်ခုံးများက ကျုံ့သွားသည်။ သူမက ထန်ရှုထံ ပြေးလာကာ သူ့အား တွဲလိုက်သည်။

ထန်ရှုက နှုတ်ခမ်းပေါ်ရှိ သွေးသုတ်ကာ သူ့မျက်နှာက အလွန်လေးနက်နေသည်။ သူက စကားတစ်လုံးမှ မပြောဘဲ ခေါင်းခါယမ်းလိုက်ကာ အိပ်ရာဘေးသို့ လျှောက်လာ၏။ သူ့အမြင်အာရုံက အမျိုးသမီးပေါ်သို့ ကျရောက်သွားပြီး လက်ရှိအချိန်တွင် အနည်းငယ် စိတ်ရှုပ်ထွေးနေလေ၏။ ပြန်လှည့်ကာ ထွက်သွားချင်သော်လည်း သူက ဆန္ဒ၏စေ့ဆော်မှုနောက်သို့ လိုက်ပါရန် မတတ်နိုင်ခဲ့ပေ။

လီချိုက်က ထိတ်လန့်တုန်လှုပ်သွားပြီး ထန်ရှုက တစ်ခုခုဖြစ်သွားမည်ကို ကြောက်ရွံ့ကာ အလျင်စလိုမေးလိုက်၏ “ရှင် အဆင်ပြေရဲ့လား၊ နတ်ဆေးဆရာထန်။ ငါ့အမေက အတိအကျ ဘာဖြစ်ခဲ့တာလဲ”

ထန်ရှုက တစ်စက္ကန့်ကြာ တစ်ခုခုစဉ်းစားပြီးနောက် မေးလိုက်သည် “မင်းမိသားစုမှာ အခြားဘယ်သူရှိသေးလဲ။ မင်းအဖေကရော”

လီချိုက်က ပါးစပ်ဟလိုက်သော်ငြား သူမအမူအရာက ဝမ်းနည်းနေလေ၏။

ဟူရှောက်ခန်းက သူမပခုံးပအား ပုတ်ကာ အားတင်းပြုံးလိုက်သည် “လီချိုက်က အများကြီးပိုသနားစရာကောင်းတယ်၊ နတ်ဆေးဆရာထန်။ သူမ ခုနှစ်နှစ်တုန်းက သူမရဲ့အဖေက မတော်တဆဖြစ်ပြီး ဆုံးသွားတယ်၊ သူမရဲ့မိဘနှစ်ပါးလုံးက မိဘမဲ့တွေပဲ၊ ဒါကြောင့် လီချိုက်နဲ့အန်တီကျွမ်းတို့က တစ်ယောက်ကိုတစ်ယောက် မှီခိုပြီးနေလာခဲ့ကြတယ်”

‘ထင်ထားသလိုပါပဲ’

ထန်ရှုက သက်ပြင်းချကာ တံခါးဆီသို့ သွားရင်း ပြောလိုက်သည် “သူဌေးဟူ၊ ကျေးဇူးပြုပြီး ငါ့ကို တိတ်ဆိတ်တဲ့အခန်းတစ်ခု ရှာပေးပါ။ ငါ လီချိုက်နဲ့ သီသန့်စကားပြောဖို့လိုတယ်”

‘ကောင်းပါပြီ”

ဟူရှောက်ခန်းက လူတိုင်းအား ဘေးခန်းသို့ ခေါ်သွား၏။ သူက လက်ဖက်ရည်တစ်အိုး ကိုယ်တိုင် ပြုလုပ်၏။ ထန်ရှုထံ ကမ်းပေးပြီးနောက် သူက ပြောလိုက်၏ “အခု အန်တီကျွမ်းရဲ့အခြေအနေနဲ့ ပတ်သက်ပြီး မင်း ငါ့ကိုရော ပြောချင်လား၊ နတ်ဆေးဆရာထန်”

ထန်ရှုက သူ့အား တစ်ချက်မော့ကြည့်ကာ သက်ပြင်းချလိုက်သည် “ဟူး…ငါ ခန့်မှန်းတာ မှန်ရင် လီချိုက်က အသက်ဆယ့်ငါးနှစ်ဒါမှမဟုတ်ဆယ့်ခြောက်နှစ်လောက်ပဲ ရှိအုံးမယ်။ ပြီးတော့ မင်း၊ သူဌေးဟူ၊ မင်းက ကံကြမ္မာချည်နှောင်မှုအချို့ရှိနေပြီး ခြောက်ရက်လောက်ပဲ အသက်ရှင်ဖို့ ကျန်တော့မှာ။ ဒါ့အပြင် လူနာနဲ့ ထိတွေ့တဲ့သူတိုင်းက ကံဆိုးမိုးမှောင်ကျပြီး ကြိုတင်မခန့်မှန်းနိုင်တဲ့အဖြစ်အပျက်တွေ ကြုံတွေ့ရလိမ့်မယ်”

ဟူရှောက်ခန်း၏အမူအရာက ပြောင်းလဲသွားပြီး ကြောက်ရွံ့မှုက သူ့ထံ မွေးဖွားလာသည်။ ထန်ရှုက လီချိုက်၏အခြေအနေအား ခန့်မှန်းနိုင်လိမ့်မည်ဟု မမျှော်မှန်းထားခဲ့ပေ။ သူက ခဏနှုတ်ဆိတ်သွားပြီးနောက် လေးလံသောအသံနှင့်‌ မေးလိုက်သည် “မင်း ဒါဘာဆိုလိုတာလဲ၊ နတ်ဆေးဆရာထန်”

“လူနာကိုယ်တိုင်က ပြဿနာရဲ့ရင်းမြစ်ပဲ”ထန်ရှုက ခေါင်းခါယမ်းကာ ပြောလိုက်သည် “သူမဆီမှာ မူမမှန်တာတွေကို မင်းရော မတွေ့ဘူးလား”

သူက စဉ်းစားကြည့်ပြီးနောက် ပြောလိုက်၏ “အေးစက်စက်စွမ်းအင်တစ်ခုက အန်တီကျွမ်းရဲ့ခန္ဓာကိုယ်ကနေ ထွက်လာပြီး သူမဘေးနားကအပူချိန်ဒီဂရီကို အလွန်နိမ့်ကျသွားစေတာကိုတော့ ငါ သတိထားမိတယ်”

“ဒါက သာမန်အေးစက်တဲ့လေပဲ မဟုတ်ဘူး၊ အဲဒါက တကယ်တော့ အန္တရာယ်စွမ်းအင်ပဲ- ကပ်ဘေးဇာစ်မြစ်နဲ့အခြားတည်ရှိမှုတွေရဲ့ပြဿနာ(ဒုက္ခပေးသောအရာ)လို့ခေါ်တဲ့တစ်စုံတစ်ခုပဲ”ထန်ရှုက ပြော၏ “သူမ မွေးဖွားလာတဲ့အချိန်မှာ သူမက တစ်ယောက်တည်း ရှိဖို့ သတ်မှတ်ထားပြီးသား၊ သူမရဲ့ချစ်ရသူတွေအားလုံးက သေဆုံးရလိမ့်မယ်”

မှတ်ချက်က ဟူရှောက်ခန်းအား ဒေါသထွက်သွားစေပြီး သူက အပြစ်တင်လိုက်သည် “နတ်ဆေးဆရာထန်၊ ကျေးဇူးပြုပြီး ရိုသေလေးစားမှုအချို့ ရှိပါ။ အန်တီကျွမ်းကို ကုသဖို့ မင်းရဲ့တရုတ်တိုင်းရင်းဆေးပညာကျွမ်းကျင်မှုကြောင့် ငါတို့ ဖိတ်ခေါ်ခဲ့တာ၊ ဗေဒင်ဟောဖို့ မဟုတ်ဘူး”

“ဆန်းကြယ်တဲ့နည်းစနစ်တွေနဲ့ပေါင်းစပ်ထားတဲ့ဆေးကုသခြင်းပညာရပ်က ဆေးအတတ်တွေကို ပိုပြီးပြည့်စုံစေနိုင်တယ်။ လူတွေ ငါ့ကို နတ်ဆေးဆရာလို့ သတ်မှတ်ရတဲ့အကြောင်းပြချက်က ငါက ဆန်းကြယ်လေးနက်တဲ့နည်းစနစ်အချို့ကို သိလို့ပဲ”ထန်ရှုက ပြော၏ “စစ်ဆေးဖို့အတွက် မင်းတို့တွေ လူနာကို ဆေးရုံအများကြီးဆီ ခေါ်သွားခဲ့တာပဲ၊ ဒါကြောင့် သူမရဲ့အခြေအနေနဲ့ ပတ်သက်ပြီး မင်းတို့ ရှင်းရှင်းလင်းလင်း သိသင့်ပါတယ်။ လက်ရှိဆေးပညာအဆင့်အရ သူမရဲ့ပြဿနာကို စစ်ဆေးနိုင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး”

သူမက ကယ်တင်ရှင်တစ်ယောက်အား မြင်ရသည့်အလား လီချိုက်က ထန်ရှုအား ကြည့်ကာ ကမန်းကတန်း မေးလိုက်သည် “နတ်ဆေးဆရာထန်၊ ရှင့်မှာ အံ့အားသင့်စရာကောင်းတဲ့ကျွမ်းကျင်မှုအချို့ရှိတာပဲ။ ငါ့အမေရဲ့အခြေအနေကို ရှင် ဆုပ်ကိုင်မိပြီလား”

“ဟုတ်တယ်။ ဒါပေမယ့် ငါက သူမကို ကယ်ပြီး သူမကို နိုးလာအောင် လုပ်ဖို့ဆိုရင် မြင့်မားတဲ့အမိန့်တစ်ခု ဖြစ်လိမ့်မယ်”ထန်ရှုက အားတင်းပြုံးကာ ပြောလိုက်သည် “ငါ့ရဲ့လက်ရှိခွန်အားအရ ဒါကို လုပ်ဖို့က အတော်လေးခက်ခဲတယ်”

လီချိုက်၏အမူအရာက ရုတ်ချည်း စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။ ထန်ရှု၏ဆန်းကြယ်သောဆေးပညာကျွမ်းကျင်မှုများနှင့် ပတ်သက်၍ သူမက ကြားဖူးသည်၊ ဤလူက မကုသနိုင်သည့်လူနာများစွာအား ကုသနိုင်သည်ဟု ကြားသိခဲ့၏။ သို့သော် သူမအမေအား နိုးလာစေရန်အတွက် သူ့တွင် နည်းလမ်းမရှိဟု မမျှော်လင့်ထားမိခဲ့ပေ။

“ငါ လူနာကို မကူညီပေးနိုင်ပေမယ့် မင်း လုပ်နိုင်တယ်”ထန်ရှုက ပြော၏ “မင်းက တန်ဖိုးအချို့ ပေးဆပ်ဖို့ လိုအပ်ရုံပဲ”

လီချိုက်၏မျက်နှာပေါ်တွင် အလင်းတို့ ပြန်လည်ထွက်ပေါ်သွားပြီး သူမက အလျင်စလို ပြန်ပြော၏ “အဲဒါ ဘာပဲဖြစ်ဖြစ် ကျွန်မ လုပ်မယ်”

“နေအုံး”ဟူရှောက်ခန်းက ကြားဖြတ်ပြောလိုက်သည် “ငါ သိချင်စေတဲ့အရာတွေ ရှိသေးတယ်၊ နတ်ဆေးဆရာထန်။ အန်တီကျွမ်းက အခြားတည်ရှိမှုတွေရဲ့ဒုက္ခပြသနာ၊ သူမက သူမရဲ့ချစ်ရသူတွေကို သေစေလိမ့်မယ်လို့ မင်း ပြောခဲ့တယ်မလား။ ဒါပေမယ့် ဒါဆို ဘာလို့ ချိုက်အာက အခုထိ အသက်ရှင်နေရသေးတာလဲ။ ချိုက်အာက သူမရဲ့သွေးသားဖြစ်ပြီး သူမရဲ့အနီးကပ်ဆုံးပုဂ္ဂိုလ်ပဲ”

“သူတို့အမေရဲ့ဝမ်းဗိုက်မှာ ဆယ်လနီးပါး ရှိခဲ့တဲ့သူတွေက သူတို့ရဲ့အချစ်ရဆုံးသူတွေဆိုတာ သဘာဝပဲပေါ့”ထန်ရှုက သက်ပြင်းချလိုက်သည် “ဒါပေမယ့် ဒါကြောင့် လီချိုက်က ဒီဆိုးဝါးတဲ့ကံကြမ္မာရဲ့လွှမ်းမိုးမှုကို တန်ပြန်နိုင်တဲ့မွေးရာပါအထူးစွမ်းအားတစ်ခုရှိတာပဲ။ အပွင့်လင်းဆုံးပြောရရင် သူမရဲ့အတိတ်ဘဝမှာ လူနာ ဘာလုပ်ခဲ့တယ်ဆိုတာ ငါ အရမ်းသိချင်တယ်။ ကောင်းကင်ဘုံဉပဒေသနဲ့ပြန်လည်ဝင်စားခြင်းလမ်းကြောင်းခြောက်ခုက ဒီဆိုးဝါးတဲ့ကံကြမ္မာကိုတောင် မရိတ်သိမ်းနိုင်ပုံထောက်ရင်…”

“အန်တီကျွမ်းရဲ့ရောဂါကို သူမရဲ့အတိတ်ဘဝက ပြုလုပ်ခဲ့တဲ့ဆိုးဝါးတဲ့ကံကြမ္မာကြောင့်လို့ ပြောတာလား”ဟူရှောက်ခန်းက ထူးဆန်းသောအမူအရာနှင့် မေးလိုက်သည် “ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ဒါ မယုံကြည်နိုင်စရာကောင်းလွန်းမနေဘူးလား”

ထန်ရှုက လီချိုက်အား တစ်ချက်ကြည့်ကာ မေးမြန်းလိုက်သည် “မင်းအမေရဲ့အတိတ်ဘဝက ဘာလုပ်ခဲ့တယ်ဆိုတာကို ငါ ကြည့်မယ်ဆိုရင် မင်း ခွင့်ပြုမှာလား။ ပြီးတော့ ဘာလို့ ဒီလိုဆိုးဝါးတဲ့ကံကြမ္မာက သူမရဲ့လက်ရှိဘဝထိ ဝဋ်လိုက်နေရသလဲပေါ့”

လီချိုက်က ခဏတုံ့ဆိုင်းသွားပြီးနောက် သိလိုစိတ်နှင့် မေးလိုက်သည် “ဒါပေမယ့် ရှင်က ကျွန်မအမေရဲ့အတိတ်ဘဝကို မြင်နိုင်တယ်ဆိုတာက….ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…နတ်ဆေးဆရာထန်”

“ငါ့မှာ ငါ့ရဲ့ကိုယ်ပိုင်နည်းလမ်းတွေ ရှိတယ်။ ဒါပေမယ့် လူနာရဲ့အတိတ်ဘဝကို ရှာဖွေရင်း သူမရဲ့ဘဝအတွေ့အကြုံတွေကိုလဲ မြင်ရမယ်ဆိုတာ ငါ မင်းကို ကြိုတင်ပြောပါရစေ” ထန်ရှုက ပြော၏ “တိတိကျကျပြောရရင် အကြောင်းနဲ့အကျိုး၊ အတိုချုပ်အနေနဲ့ ကံကြမ္မာချည်နှောင်မှုတွေကို ငါ ဖော်ထုတ်နိုင်မယ်ဆိုရင် သူမရဲ့ကုသမှုနဲ့ပတ်သက်ပြီးတော့ ကြီးမားတဲ့ခြားနားချက်တစ်ခုကိုလဲ ပြုလုပ်နိုင်တယ်”

လီချိုက်က ဟူရှောက်ခန်းဘက် လှည့်ကာ မေးမြန်းသောအကြည့်နှင့် တစ်ချက်ကြည့်လိုက်သည်။

ထိုလူက ခဏစဉ်းစားပြီးနောက် လေးနက်သောမျက်နှာနှင့် ပြောလိုက်သည် “နတ်ဆေးဆရာထန်၊ လက်ရှိမှာ အရေးကြီးဆုံးပြဿနာက သူမရဲ့အခြေအနေပဲ။ သူမကို ကူညီနိုင်သရွေ့ ဘာပဲဖြစ်ဖြစ် ငါတို့ သဘောတူပါတယ်”

“ဒါဆို ကောင်းပြီလေ။ မင်းတို့အားလုံး ဒီနေရာမှာ နေခဲ့ပါ”ထန်ရှုက အနည်းငယ်ခေါင်းညိတ်လျက် ပြောလိုက်သည်။

များမကြာမီ သူက ယခင်အခန်းသို့ ပြန်သွားပြီး ထိုနေရာတွင် စိတ်ဝိညာဉ်အစီအရင်တစ်ခု တည်ဆောက်၏။ သူ့စွမ်းအားက လျင်မြန်စွာ တိုးတက်လာမှုကြောင့် သူက သဘာဝလွန်စွမ်းအားအချို့ကိုလည်း အသုံးပြုနိုင်ပြီး ယခုဆိုလျှင် အခြေတည်စိတ်ဝိညာဉ်အဆင့်ကျွမ်းကျင်သူများနှင့် ယှဉ်နိုင်ပေသည်။

လူ့ဝိညာဉ်အား ဆွဲဆောင်ပြီး သူတို့၏ကံကြမ္မာချည်နှောင်မှုများအား ရှာဖွေခြင်းက သာမန်အခြေတည်စိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူများ ပြုလုပ်နိုင်သောအရာတစ်ခုမဟုတ်ပေ၊ အင်မော်တယ်များလျှင်ပင် ဒါကို မအောင်မြင်နိုင်ပေ။ သို့သော် သူက အင်မော်တယ်ကမ္ဘာတွင် နက်နဲသိမ်မွေ့သောစွမ်းရည်အမျိုးမျိုးပိုင်ဆိုင်သည့် အန္တိမအရှင်တစ်ယောက်ဖြစ်ခဲ့သောကြောင့် ဒါကို ပြုလုပ်နိုင်သည်။

အစီအရင်ခင်းကျင်းပြီးနောက် ထန်ရှုက နည်းစနစ်ထုတ်ဖော်ပြီး သူ့စိတ်ဝိညာဉ်အာရုံအမျှင်တန်းတစ်ခုက အမျိုးသမီး၏စိတ်ပင်လယ်ထဲသို့ ရုတ်ချည်း ဝင်ရောက်သွားခဲ့သည်။

ဝီဝီဝီ…

သူ့စိတ်ဝိညာဉ်အာရုံက သူမ၏စိတ်ပင်လယ်ထဲသို့ ဝင်ရောက်သွားပြီးနောက် သူမအတိတ်ဘဝ၏မှတ်ဉာဏ်အပိုင်းအစများကို မြင်လိုက်ရပြီး ပြင်းထန်သောစာနာမှုတစ်ခုက သူ့ထံ မြင့်တက်လာ၏။ သူမဖြတ်သန်းခဲ့ရသည့်သနားစရာကောင်းသောဘဝနှင့်အတွေ့အကြုံများကြောင့်ပင်။ တစ်ချိန်တည်းတွင် သူမအတိတ်ဘဝ၏ဆိုးဝါးသောအပြုအမူများနှင့်ကံကြမ္မာချည်နှောင်မှုများက သန်မာလွန်း၏။

“အကြောင်း…အကျိုး…”

အမှောင်မြေအောက်ကမ္ဘာတွင် ကံကြမ္မာချည်မျှင်များအား ရှာတွေ့ရန် မိနစ်အနည်းငယ်ကြာသည်။ ထိုကံကြမ္မာကြိုးတန်းများနောက်လိုက်ရင်း သူမအတိတ်ဘဝနှင့်အတူ ပြဿနာရပ်အား သူက လျင်မြန်စွာ နားလည်ခဲ့၏။ သို့သော် သူက မတုန်လှုပ်ဘဲ မနေနိုင်ပေ၊ ဤအမျိုးသမီး၏အတိတ်ဘဝက ပြစ်မှုတစ်ပုံတစ်ခေါင်းအား ကျူးလွန်ခဲ့သည့် နတ်ဆိုးကျင့်ကြံသူတစ်ယောက်ဖြစ်သောကြောင့်ပင်။

“ကြယ်ကျောက်မျက်ပိုင်နက်၊ ဖရိုဖရဲနတ်ဆိုးဂိုဏ်း၊ သွေးယဇ်ကောင်…”

ထန်ရှုက သတ်ဖြတ်ခြင်းကမ္ဘာထဲသို့ နှစ်နာရီကြာ နစ်မြုပ်သွားခဲ့၏။ ကမ္ဘာမြေပေါ်တွင် သတ်ဖြတ်မှုများအားလုံးပေါင်းလျှင်ပင် ဤအမျိုးသမီး၏အတိတ်ဘဝလုပ်ဆောင်ခဲ့သည်နှင့် မနှိုင်းယှဉ်နိုင်ပေ၊ သမုဒ္ဒရာထဲရှိရေတစ်စက်သာသာပင်။

အသက်ဘီလီယံချီအား သတ်ဖြတ်ခြင်း။ သွေးများက ကြက်သွေးရောင်ပင်လယ်တစ်ခုအဖြစ်သို့ ပြောင်းသွား၏။ အလောင်းများက တောင်တန်းများပမာ စုပုံ၏။ ဂြိုလ်များ၊ ကြယ်များက ပျောက်ကွယ်သွား၏…သူမ ဖြတ်သန်းသွားပြီးနောက် ထိုကြယ်ပိုင်နက်တွင် သက်ရှိလက္ခဏာတစ်ခုပင် မရှိတော့။

သူမရဲ့ပြစ်မှုတွေ…

အားတင်းပြုံးလျက် ထန်ရှုက မျက်လုံးဖွင့်လိုက်သည်။ သူက အင်မော်တယ်ကမ္ဘာတွင် အန္တိမအရှင်တစ်ယောက်ဖြစ်ခဲ့ပြီး ထိုနေရာတွင် သတ်ဖြတ်မှုမရေမတွက်မှုများစွာ ကျူးလွန်ခဲ့သော်ငြား သူ မြင်ခဲ့သည်နှင့် နှိုင်းယှဉ်လျှင် အများကြီး နိမ့်ကျ၏။

အမျိုးသမီး၏ဖြူရော်သောမျက်နှာအား ကြည့်ရင်း ထန်ရှုက ခေါင်းခါယမ်းကာ ပြောလိုက်သည် “ခင်ဗျားက ဒီဆိုးဝါးတဲ့ကံကြမ္မာကို မဖယ်ရှားနိုင်ခင် ကျုပ်နဲ့ မတွေ့ခဲ့ရင် ခင်ဗျားက သံသရာရဲ့ပြန်လည်ဝင်စားခြင်းကိုးခုကို ဖြတ်ကျော်ဖို့ လိုမယ်လို့တောင် ကျုပ် ထင်တယ်။ အင်မော်တယ်တွေမှာ သတ်ဖြတ်ခြင်းကြောင့် ရလာတဲ့ ဆိုးဝါးတဲ့ကံကြမ္မာကို ဖယ်ရှားဖို့ နည်းလမ်းရှိတယ်။ ဒါပေမယ့် ခင်ဗျားက အဲလိုမလုပ်ဘဲ အဲအစား စုဆောင်းခဲ့တယ်။ ခင်ဗျားက ဒီလိုဆိုးဝါးတဲ့ကံကြမ္မာကို သုံးပြီး ကိုယ့်ကိုယ်ကိုယ်သန်မာအောင် ကြိုးစားခဲ့တယ်။ ဒီကျင့်ကြံခြင်းလမ်းကြောင်းက တကယ်ပဲ…”

ထန်ရှုပင် ဤအရာအား ဘယ်လိုအမူအရာနှင့် တုံ့ပြန်ရမှန်း မသိတော့ပေ။

ကျင့်ကြံသူနှင့်အင်မော်တယ်မရေမတွက်များစွာရှိသော်လည်း တစ်ယောက်မှ ဒီလိုရက်စက်သောလမ်းကြောင်းတစ်ခုကို မပြုလုပ်ကြပေ။ သူမအား နှလုံးသားမရှိသောအမျိုးသမီးဟု ဖော်ပြခြင်းကပင် လျှော့ပေါ့ပြောခြင်း ဖြစ်၏။

မိနစ်အနည်းငယ်ကြာပြီးနောက် ထန်ရှုက နောက်အခန်းသို့ သွားသည်။ ထို့နောက် သူ့မျက်လုံးများက ဆိုဖာပေါ်မှ ထလာသော လီချိုက်အပေါ်သို့ ကျရောက်သွားပြီး သူမအား နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည် “မင်တစ်ယောက်တည်းပဲ မင်းအမေကို နိုးလာအောင် လုပ်နိုင်တာ တကယ်ပဲ၊ ဒါပေမယ့် အချိန်မကျသေးဘူး။ မင်းက…လက်ရှိမင်းကိုယ်တိုင်နဲ့ မတူညီတဲ့တည်ရှိမှုတစ်ခုဖြစ်ဖို့ လိုအပ်တယ်၊ သည့်နေရာမှာ မင်းက မင်းရဲ့သက်တမ်းကို တိုးမြှင့်ဖို့လဲ လိုအပ်တယ်”

***

All Chapters