ရေပြင်ပေါ်မှတိုက်ပွဲ
Vol. 4 Ch. 54
ကြက်သွေးရောင် မီးကျင့်စဉ် အဆင့်၈ကို ရောက်ပြီးသွား ကတည်းက လီဖူချန်းရဲ့ ကျင့်ကြံမှုနှုန်း ကလည်း ပိုပြီး မြန်ဆန်လာခဲ့ပါပြီ။
"ငါက လူသားနယ်ပယ် အဆင့်၇ရဲ့ အထွတ်အထိပ်ကို ရောက်နေတာတောင် တော်တော် ကြာနေပြီပဲ။ နောက်ထပ် တစ်လ အတွင်းမှာ လူသားနယ်ပယ် အဆင့်၈ ကိုရောက်အောင် အမြန်လေ့ကျင့်မှ ဖြစ်မယ်"
ဆောင်းရာသီရဲ့ မနက်ခင်း နေရောင်ခြည်လေးတွေကို ကျောက်တုံးတစ်တုံး ပေါ်မှာ ထိုင်ပြီး နေပူစာ လှုံနေရင်း လီဖူချန်းက ဆုံးဖြတ် လိုက်သည်။
လူသားနယ်ပယ် အဆင့်တစ်ဆင့်ကနေ နောက်တစ်ဆင့်ကို တက်လှမ်းဖို့ ဆိုတာ အရမ်းလွယ်ကူတဲ့ အရာတော့ မဟုတ်ပေမဲ့ လီဖူချန်းကတော့ ခြွင်းချက်ပါပဲ။ ကြက်သွေးရောင်မီး အဆင့်၈ အစွမ်းနဲ့ဆိုရင် မကြာခင်မှာပဲ သူ့ရဲ့ ကျင့်ကြံမှုအဆင့်က နောက်တစ်ဆင့်ကို တက်လှမ်း သွားနိုင်မှာပါ။
***
ဖလတ် ... ဖလတ် ...
ပထမအဆင့် တပည့်တွေရဲ့ နယ်မြေ အလယ်တည့်တည့်မှာ ရေကန်လေး တစ်ကန် တည်ရှိပါတယ်။ ထိုရေကန်လေးက ရေတွေက အရပ်လေး မျက်နှာကို ခွဲပြီး စီးဆင်းနေပါတယ်။
ကြည်လင်နေတဲ့ ကန်ရေပြင် ထက်မှာတော့ လူရိပ်တစ်ရိပ်က မြေပြင်ထက်မှာ ပြေးလွှားနေသည့် အတိုင်း လျင်မြန်စွာ ပြေးလွှားနေသည်။ ထိုလူငယ်ရဲ့ ခြေထောက်တွေက ရှည်လျားပြီး သန်မာမည့်ပုံ ရှိပါသည်။ သူရဲ့ ခြေဖဝါးအောက်နား မှာတော့ အပြာရောင် စွမ်းအင်တွေက ရစ်သိုင်းနေပြီး တိမ်တိုက်တွေလို ဖြစ်ပေါ်နေပါတယ်။
" ဝှစ် "
ကန်ရဲ့ အဆုံးနားကို ရောက်တဲ့ အခါမှာတော့ ထိုလူငယ်က ခုန်လိုက်ပြီး မြေပြင်ပေါ်ကို ညင်ညင်သာသာ ကျလာခဲ့တယ်။
" ဟိုစောက်ကလေးက ဒီနားမှာ နေတာပဲဖြစ်ရမယ်"
ထိုလူငယ်ကို ကြည့်ရတာ ဘယ်သူ့ကိုမှ ဂရုမစိုက်သည့် ပုံပင်။ သူ့ရဲ့ရှည်လျားတဲ့ ခြေထောက်တွေက သူ့အရပ်ရဲ့ ခြောက်ဆယ် ရာခိုင်နှုန်းလောက်ကို နေရာ ယူထားပေသည်။
သူ့မှာစူးရှတဲ့ မျက်လုံးအစုံနဲ့ ထူထဲသော မျက်ခုံးတစ်စုံလည်း ရှိနေပါသည်။ အချိန် အနည်းငယ်လေး အတွင်းမှာပဲ ထိုလူငယ်က လီဖူချန်းရဲ့ ခြံဝင်းကို ရှာဖွေ တွေ့ရှိသွားသည်။
"ဖတ် "
ထိုလူငယ်က လျင်မြန်စွာ ခြံဝင်းရဲ့ နံရံပေါ်ကို ခုန်တက်လိုက်တယ်။
ခြံဝင်းထဲမှာတော့ လီဖူချန်းက ဓားသိုင်း လေ့ကျင့်နေရာမှ အသံတစ်သံ ကြားလိုက်ရတဲ့ အတွက် ထိုလူငယ် ရှိရာကို ဖျတ်ခနဲ လှည့်ကြည့် လိုက်တယ်။ သူတို့နှစ်ယောက်ရဲ့ အကြည့်ချင်း ဆုံတွေ့မိတဲ့ အခါမှာတော့ နှစ်ယောက်စလုံးက သွေဖယ်မသွားပဲ အကြည့်ချင်း ပြိုင်နေကျလေသည်။
"စူးရှလိုက်တဲ့ အကြည့်ပဲ"
လူစိမ်းဖြစ်သော လူငယ်က မျက်လုံး မှေးလိုက်ပြီး မှတ်ချက် ချလိုက်တယ်။
" ကောင်းလိုက်တဲ့ အတွင်းအား"
လီဖူချန်းကလည်း တစ်ဖက်လူရဲ့ အကြည့်ကနေ ပြီးတော့ သိပ်သည်းတဲ့ အတွင်းအား တွေကို ခံစားမိလိုက်တယ်။
လီဖူချန်းက ရန်ဖြစ်ရတာကို မကြိုက်ပေမဲ့ ဒီလို ပြိုင်ဘက် ကောင်းမျိုးနဲ့တော့ အမြဲလက်ရည် စမ်းချင်နေခဲ့တာပါ။
ဒီလူငယ်ရဲ့ အတွင်းအားက ဝမ်ဟူရဲ့ နှစ်ဆလောက် ရှိမည့်ပုံပါပဲ။ ကြည့်ရတာ ထိပ်ဆုံးတပည့် ၅၀၀ စာရင်းမှာ အမှတ်စဉ် ၃၀၀ ဝန်းကျင်လောက်တော့ ရှိမည့်ပုံပင်။
"မင်းက လီဖူချန်းဆိုတာလား ..."
ထိုလူငယ်ကစပြီး မေးလိုက်သည်။
" အေး"
လီဖူချန်းက ဓားကို ဓားအိမ်ထဲ ထည့်ရင်း ပြန်ဖြေလိုက်တယ်။
" ငါ့နာမည်က နဲ့မင် ... တစ်ပွဲလောက် တိုက်ကြည့်ရအောင်"
" ဘာအတွက်လဲ"လီဖူချန်းက မေးလိုက်တယ်။
"မင်း အစ်ကိုဖန်ကို ရန်စခဲ့တဲ့အတွက်ပဲ" နဲ့မင်ကလည်း ပြန်ဖြေလိုက်တယ်။
" ငါသိပြီ"
ကြည့်ရတာ နဲ့မင်က ဂိုဏ်းတူ အစ်ကိုဖန်ရဲ့ အဖွဲ့ထဲက တစ်ယောက် ဖြစ်ပုံရသည်။ သာမန် အဖွဲ့ဝင်တော့ ဟုတ်မည်မထင်။ အရေးကြီး အဖွဲ့ဝင် တစ်ယောက်ပဲ ဖြစ်ရပေမည်။
" ဒီနေရာက တိုက်ခိုက်လို့ သင့်တော်တဲ့ နေရာမဟုတ်ဘူး။ အပြင်ဘက်ကို သွားကြတာပေါ့"
ခြံဝင်းတံခါးကို တွန်းဖွင့်လိုက်ပြီး လီဖူချန်းက နေရာကျယ်တဲ့ ဘက်ကို ထွက်လာခဲ့တယ်။ မြက်ခင်းပြင်ကျယ် တစ်ခုကို အရောက်မှာတော့ သူတို့ နှစ်ယောက်စလုံးက တစ်ယောက်နဲ့ တစ်ယောက် ၁၀မီတာ အကွာမှာ ရပ်လိုက်ကြတယ်။
"မင်းက ထိပ်ဆုံးတပည့် ၅၀၀မှာ နံပါတ်ဘယ်လောက်လဲ"
လီဖူချန်းက နဲ့မင်ကိုမေးလိုက်တယ်။
" မင်းဒီတစ်ခါတော့ ကံဆိုးသွားပြီ။ ငါက အဆင့်၂၇၂ ပဲ။" နဲ့မင်က ဂုဏ်ယူ ဝံ့ကြွားစွာနဲ့ ပြောလိုက်တယ်။
အပြင်စည်း တပည့်၅၀၀ စာရင်းမှာ ပါတဲ့ လူတွေက တကယ့်ကို ပါရမီရှင်တွေပဲ ဖြစ်ပါတယ်။ အဲစာရင်းထဲက အများစုက လူသားနယ်ပယ် အဆင့်၉ကို ရောက်နေတာ တစ်နှစ် နှစ်နှစ်လောက်တော့ ကြာနေပြီးသား တွေလေ။ သူတို့က တိုက်ပွဲ အတွေ့အကြုံလည်း ရင့်ကျက်နေပြီးတော့ သူတို့ရဲ့ ကျင့်စဉ်တွေကလည်း အဆင့်၈ လောက်တော့ အနိမ့်ဆုံး ရောက်ပြီးသားပါပဲ။ ဒါကြောင့် သူတို့ကို အနိုင်ယူဖို့ဆိုတာ တကယ် မလွယ်ကူတဲ့ အရာပါပဲ။
" ၂၇၂ ပဲလား ... အဟက်"
ဒီကောင့်အဆင့်က ကောင်းရှုထက်တော့ မြင့်သားပဲ။ ဒါပေမဲ့ ကောင်းရှုက ပညာလျှို ထားသေးတာလည်း ဖြစ်နိုင်တာပဲ။
" မင်းစလို့ရပြီ"
လီဖူချန်းက သူ့ဓားကို မသုံးပဲနေဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီအဆင့်လောက်က ကောင်ကိုတော့ သူက လက်နက်မဲ့ဖြင့်ပင် အေးအေးဆေးဆေး အနိုင်ယူနိုင်တယ်လေ။
ပြီးတော့ ထိပ်ဆုံး၃၀၀ စာရင်းထဲက သူတစ်ယောက်ရဲ့ တိုက်ခိုက်ရေး စနစ်တွေက ဘယ်လောက် အဆင့်ရှိသလဲ ဆိုတာလည်း သူက သိချင်ပါသေးတယ်။
" ကြိုက်ပြီလေ ... လက်နက်မဲ့ပဲ တိုက်ကြတာပေါ့" နဲ့မင်က လျင်မြန် သွက်လက်စွာ စတင် လှုပ်ရှားလိုက်တယ်။ သူရဲ့ ရှည်လျားတဲ့ ခြေတံတစ်စုံက လေပွေရိုင်း တစ်ခုလိုပဲ လီဖူချန်းဆီကို ဝင်လာခဲ့တယ်။ ဒါက နဲ့မင်ရဲ့ အကြိုက်ဆုံး ခြေသိုင်းဖြစ်တဲ့ တိမ်လွှာခြေသိုင်း ဖြစ်ပါတယ်။
လီဖူချန်းကလည်း မာန်တစ်ချက် သွင်းလိုက်ပြီး နဲ့မင်ကို ခြေထောက်တွေနဲ့ ပြန်လည် တိုက်ခိုက် လိုက်တယ်။ လီဖူချန်း အသုံးပြုလိုက်တဲ့ ခြေသိုင်းကတော့ သူသုံးနေကျ လေပွေ မုန်တိုင်း ကန်ချက်ပဲ ဖြစ်ပါတယ်။
" ဖုန်း ဖုန်း ဖန်း ဖန်း "
ကန်ချက်တွေက မြန်လွန်းလို့ အသက်ရှူချိန် အနည်းငယ်လေး အတွင်းမှာပဲ နှစ်ယောက်စလုံး ကန်ချက် မည်မျှ ထုတ်သုံး သွားကျသလဲ ဆိုတာတောင် မသိတော့ပါဘူး။
နှစ်ယောက်စလုံးရဲ့ ကန်ချက်တွေ ကြောင့် ပတ်ဝန်းကျင် တစ်ခုလုံးက မြက်ပင်တွေက မုန်တိုင်းဒဏ် ခံစားနေရသည့် အလား ယိမ်းထိုးနေကျပါတယ်။ နဲ့မင်က ကောင်းရှုလိုပဲ ရေဓာတ်ကို အထူးပြုတဲ့ ငွေလှိုင်းဖြူ ကျင့်စဉ်ကို လေ့ကျင့်တာ ဖြစ်တယ်။
ပြီးတော့ သူက အဆင့်၈ အထိ ရောက်အောင် ကျင့်ထားပြီး သူတစ်ယောက်လည်း ဖြစ်သေးတယ်။
လူသားနယ်ပယ် အဆင့် ၉ အစွမ်းရယ် ... ငွေလှိုင်းဖြူကျင့်စဉ် အဆင့်၈ အစွမ်းနဲ့ဆိုရင် လီဖူချန်းလို လူသားနယ်ပယ် အဆင့်၇က တပည့်အသစ် တစ်ယောက်ကို သက်သက်သာသာပင် အနိုင်ယူနိုင်ရမှာပါ။
ဒါပေမဲ့ နဲ့မင်က လီဖူချန်းကို အနိုင်မယူနိုင်သည့် အပြင် လီဖူချန်းရဲ့ ကန်ချက်တွေက တောင်မှ သူ့ကိုပြန်ပြီး ခြိမ်းခြောက်နေပါတယ်။ လီဖူချန်းရဲ့ ကြက်သွေးရောင် မီးကျင့်စဉ်ကလည်း အဆင့် ၈ အထိ ရောက်နေပြီ ဆိုတာ ဘယ်သူမှ မမျှော်လင့် ထားကျဘူးလေ။
လီဖူချန်ရဲ့ ခြေသိုင်းက နဲ့မင်ရဲ့ ခြေသိုင်းထက် တစ်ဆင့် နိမ့်နေပေမဲ့ လီဖူချန်းရဲ့ စိတ်ဝိညာဉ်က အဲဒီ အားနည်းချက်ကို ဖြည့်ထား ပေးနိုင်ပါတယ်။ ပြီးတော့ လီဖူချန်းရဲ့ ပြင်ပခွန်အား ချည်း ပဲသက်သက်တောင် ၅၀၀၀ ကီလို ရှိတာလေ။ ပြင်ပခွန်အားက ကျင့်ကြံခြင်း အဆင့် ကွာခြားနေတာကို ထပ်ပြီး ဖာထေး ပေးထာတဲ့အတွက် လီဖူချန်းက နဲ့မင်ထက် အဖက်ဖက်မှာ သာလွန်နေပါတယ်။
" ကောလဟာလတွေ အတိုင်းပဲ ဒီကောင်က တကယ် ကြောက်စရာ ကောင်းတာပဲ။ ဒီကောင်နဲ့ ခြေထောက်ချင်း ယှဉ်ကန်မိတာ ငါ့ခြေထောက်တွေတောင် ထုံကျဉ် လာသလိုပဲကွာ"
နဲ့မင်ကတော့ မျက်နှာ ပျက်နေပါပြီ။ ဒီကို မလာခင်တုန်းက သူထင်ထားခဲ့တာက သူ့စွမ်းရည်နဲ့ လီဖူချန်းကို ဆုံးမဖို့ဆိုတာ အရမ်းလွယ်ကူတဲ့ အလုပ်ပဲလို့လေ။
ဒါပေမဲ့ အခုတော့ သူဒီလို မထင်တော့ပါဘူး။
" မင်းက ဘယ်ခန္ဓာကိုယ်သန့်စင်တဲ့ပညာ ကျင့်ထားတာလည်း"
နဲ့မင်က မေးလိုက်တယ်။ သူလည်း ခန္ဓာကိုယ်သန့်စင်တဲ့ ကျင့်စဉ်တစ်ခု လေ့ကျင့်ထားတာလေ။
ဒါပေမဲ့ သူကျင့်ထားတဲ့ ကျင့်စဉ်က အရမ်း အကောင်းကြီးထဲက မဟုတ်တဲ့ ရွှေခေါင်းလောင်း ပညာရပ် ဖြစ်ပါတယ်။ သံမဏိ ချပ်ဝတ်တန်ဆာ ကျင့်စဉ်ထက် အနည်းငယ်လေး ပိုကောင်းရုံလောက်ပဲ ရှိတာဖြစ်တယ်။ လီဖူချန်းက ဒီတစ်ခါတော့ ပြန်ဖြေလိုက်တယ်။
" ကြေးနီရောင် တိုက်ပွဲဝင် ခန္ဓာကိုယ် ကျင့်စဉ်"
" ဘာ ... မင်းကတကယ်ကြီး ကြေးနီရောင် တိုက်ပွဲဝင် ခန္ဓာကိုယ် ကျင့်စဉ်ကို လေ့ကျင့်တယ်ပေါ့"
လီဖူချန်းရဲ့ အဖြေက နဲ့မင်ကို လုံးဝ တုန်လှုပ် သွားစေတယ်။
ဒီကြေးနီရောင် ခန္ဓာကိုယ်ကျင့်စဉ်က အရမ်းကို ခက်ခဲလွန်းတယ်လို့ နာမည်ကျော်တဲ့ ကျင့်စဉ် တစ်ခုလေ။ မိုးပြာရောင် ဂိုဏ်းသမိုင်း တစ်လျှောက်မှာ တောင်မှ တပည့်အနည်းငယ်ပဲ ဒီကျင့်စဉ်ကို လေ့ကျင့် အောင်မြင်ခဲ့ကျတာ။ ဒီကျင့်စဉ်ကို ရွေးတဲ့သူတွေထဲမှာ အများစုက လမ်းတစ်ဝက်မှာ လက်မြှောက် အရှုံးပေးသွားတဲ့ သူတွေ ချည်းပါပဲ။
" လီဖူချန်း ... ရေပေါ်မှာ တိုက်ကြရအောင်"
နဲ့မင်က ပျံလွှားငှက်လေးတစ်ကောင်လို ရေကန်ထဲကို ခုန်ဆင်းသွားပြီး ရေကန် မျက်နှာပြင်ပါ်မှာ မတ်တတ်ရပ်နေတယ်။ မြေပေါ်မှာ ချရင်တော့ လီဖူချန်းကို အနိုင်ယူဖို့ သူ့ကိုယ်သူ ယုံကြည်ချက် မရှိတော့ဘူးလေ။ ဒါပေမဲ့ ရေပေါ်မှာ ဆိုရင်တော့ ဖြစ်နိုင်ချေ ရှိပါသေးတယ်။
" တိုက်ဆိုလည်း တိုက်တာပေါ့"
လီဖူချန်းက စိတ်တန်ခိုး စွမ်းအင်တွေကို ခြေထောက်စီ ပို့ဆောင်လိုက်ပြီး ကန်ရေပြင်ပေါ်ကို ဆင်းလာခဲ့တယ်။ သူတို့နှစ်ယောက်စလုံးက ရေပေါ်မှာ သွားနေတဲ့ ရေပင့်ကူတွေလိုပဲ အေးအေး ဆေးဆေး လှုပ်ရှား နေကျတယ်။
" ဒီကောင်က လွယ်တဲ့ကောင် မဟုတ်ဘူးပဲ။ စိတ်တန်ခိုး စွမ်းအင်တွေတောင် ပုံဖော် တတ်နေပြီဟ"
နဲ့မင်က လီဖူချန်းကို ကြည့်ပြီး ယုံကြည်မှုတောင် နည်းနည်း လျော့သွားပါတယ်။ စိတ်တန်ခိုး စွမ်းအင်တွေကို ခြေတွေလက်တွေကို ပို့ဆောင်ရတဲ့ အလုပ်က လူသားနယ်ပယ်အဆင့် ၉က လူတွေအတွက် ဆိုရင်တော့ လွယ်ပါတယ်။
ဒါပေမဲ့ လီဖူချန်းလို လူသားနယ်ပယ် အဆင့်၇က လူငယ်လေးကလည်း အသုံးပြုနိုင်တယ် ဆိုတာက တော်တော် မဖြစ်နိုင်သည့် အရာတစ်ခုပါ။
ပြီးတော့ လီဖူချန်း ပုံဖော်ထားတဲ့ စိတ်တန်ခိုး စွမ်းအင်တွေက အတော်လေး ကျစ်လျစ် သိပ်သည်း နေပါသေးတယ်။
" ဒီကောင်က လူမဟုတ်ဘူး" ဒီအတွေးက နဲ့မင်ဆီမှာ ဖြစ်ပေါ် လာနေတယ်။
" ကြည့်စမ်းဟေ့ ... ရေကန်ပေါ်မှာ တိုက်ပွဲတစ်ပွဲ ဖြစ်တော့မယ့် ပုံပဲ"
ဒီပထမအဆင့် အပြင်စည်း တပည့်တွေရဲ့ နယ်မြေမှာ တပည့်ပေါင်း ရာနဲ့ချီပြီး ရှိပါတယ်။
ရေကန်ပေါ်မှာ ရပ်နေတဲ့ လီဖူချန်းတို့ကို တပည့်တစ်ယောက်က တွေ့သွားပြီး အော်လိုက်တဲ့ အခါမှာတော့ အနီးအနားက ပထမအဆင့် တပည့်တွေကလည်း ရေကန်ထဲကို ခုန်ချလာကျပြီး ကန်ရေပြင်ပေါ်မှာ မတ်တတ်ရပ်ကာ စူးစမ်းနေကြပါတယ်။
" အဲဒါ နဲ့ မင်ပဲဟ။ ဒီကောင်က ဖန်လီဟေးရဲ့ လက်ရွေးစင် ခုနစ်ယောက်ထဲက တစ်ယောက်ပဲ။
" ဟုတ်တယ် အဲဒါ နဲ့မင်ပဲ ... သူက လက်ရွေးစင် ခုနစ်ယောက်ထဲက နံပါတ်ငါးကွ။ ဒီကောင်က လက်နက်မဲ့ တိုက်ခိုက်တဲ့ နေရာမှာ နာမည်ကြီးတယ်။
" သူ့ရဲ့ ပြိုင်ဖက်ကကော ဘယ်သူလဲဟ။ ငါသူ့ကို တစ်ခါမှ မမြင်ဖူးပါလား"
"ငါသူ့ကိုသိတယ်။ ဒီကောင်က အခု အပြင်စည်း ဂိုဏ်းမှာ နာမည်ကြီးနေတဲ့ လီဖူချန်းဆိုတဲ့ ကောင်လေ "
“ သြော် ……အဲဒါ ဒီကောင်လေးလား ။
ငါကြားတာတော့ ဒီကောင်က ထောက်ပံ့ရေး ဌာနကနေ အမှတ်တွေ အများကြီး ထုတ်သွားတယ်ဆို"
ပထမအဆင့် တပည့်တွေဆိုတာ နှယ်နှယ်ရရသူတွေတော့ မဟုတ်ပါဘူူး။
ထိပ်ဆုံး တပည့် ၅၀၀ စာရင်းထဲက ၇၀ ရာခိုင်နှုန်းလောက်က ဒီပထမ အဆင့် တပည့်တွေထဲကပဲလေ။
ဒီလို လူတွေကတောင် လီဖူချန်းကို သိတယ်ဆိုတော့ လီဖူချန်းက တကယ်ကို နာမည်ကျော် တစ်ယောက် ဖြစ်နေပါပြီ။
***