← Chapters

မတန်တဆတောင်းဆိုခြင်း

Vol. 81 Ch. 1125

မတန်တဆတောင်းဆိုခြင်း

Vol. 81 Ch. 1125

“ငါ့သက်တမ်းကို တိုးမြှင့်မှာလား”

လီချိုက်က မှင်တက်သွားပြီး ထန်ရှုအား ကြောင်အစွာ ကြည့်လိုက်သည်၊ သူမ ကြားခဲ့သည်အား မယုံကြည်နိုင်ခဲ့ပေ။ သူမဘေးနားရှိဟူရှောက်ခန်းက အလားတူအံ့အားသင့်သွားသည်။

“မင်း နားကြားလွဲတာ မဟူတ်ဘူး”ထန်ရှုက ခေါင်းညိတ်လိုက်သည် “မင်းရဲ့သက်တမ်းကို တိုးမြှင့်ရမယ်၊ မဟုတ်ရင် မင်းမှာ အသက်ရှင်ဖို့ ရက်အနည်းငယ်ဘဲ ကျန်တော့တယ်”

ဘန်း…

သူ့အသံပျောက်ကွယ်သွားသည်နှင့် ဟူရှောက်ခန်းက စားပွဲကို ရိုက်ကာ ထန်ရှုအား အော်ပြောလိုက်၏ “နတ်ဆေးဆရာထန်၊ ငါက တရုတ်တိုင်းရင်းဆေးပညာကို အမြဲတမ်း လေးစားခဲ့တယ်၊ ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုလိုကုမ္ပဏီကြီးတစ်ခုကို ငယ်ငယ်ရွယ်ရွယ်နဲ့ တည်ထောင်နိုင်ခဲ့တဲ့အတွက်လဲ မင်းကို အားကျမိတယ်။ ဒါပေမယ့် မင်းက ထန်အိမ်ရဲ့အမွေဆက်ခံသူဆိုရင်တောင် ငါ ဒီနေ့ မင်းကို ပြောရမှာပဲ…မင်းရဲ့အဓိပ္ပါယ်မရှိတဲ့မှတ်ချက်တွေကို ငါတို့ကို မပြောပါနဲ့၊ ပြီးတော့ အန်တီကျွမ်းရဲ့အခြေအနေနဲ့ ပတ်သက်ပြီး ဟာသမလုပ်စမ်းပါနဲ့”

ထန်ရှုက ခဏနှုတ်ဆိတ်သွားပြီးနောက် အားတင်းပြုံးလိုက်သည်။ ဟူရှောက်ခန်း၏ပေါက်ကွဲမှုက သူမျှော်လင့်ထားသည်အတွင်း ရှိသည်၊ တကယ်တော့ ဤလူက သာမန်လူတစ်ယောက်မျှသာ။ ဤအကောင်က ကမ္ဘာပေါ်တွင် ထိုကဲ့သို့သောလူများရှိသည်ကို သိရှိစရာ အကြောင်းရင်းမရှိပေ။

ရှင်းပြရမှာလား။

လိုအပ်သည်ဟု သူမထင်။ သူက ဆရာဝန်တစ်ယောက်ဖြစ်ပြီး သူ့တွင် သူ့ကိုယ်ပိုင်ကုသရေးနည်းလမ်းများ ရှိသည်။ ဤလူက သူ့အား မယုံကြည်မှတော့ လီချိုက်ကသာ ရွေးချယ်ရမည်။ သူမက သူ့အား မယုံကြည်ရန် ရွေးချယ်ခဲ့လျှင် ဤကျွမ်းအမည်ရသောအမျိုးသမီးက နိုးထနိုင်စရာနည်းလမ်းမရှိတော့ပေ၊ သူမက သေမည့်နေ့ကိုသာ စောင့်မျှော်ရန်ရှိသည်ဟု ဆိုလို၏။

ထို့ကြောင့် ထန်ရှု၏မျက်လုံးများက လီချိုက်မျက်နှာပေါ်သို့ ကျရောက်သွား၏။

သံသယနှင့်ချီတုံချတုံဖြစ်မှုတို့က လီချိုက်၏နှလုံးသားထဲ၌ ပြည့်နေသည်။ သို့သော် ဆယ်စက္ကန့်ကြာပြီးနောက် ထိုသံသယနှင့်ချီတုံချတုံဖြစ်မှုတို့က သူမမျက်နှာမှ ပျောက်ကွယ်သွား၏။ ဤကမ္ဘာတွင် ဆန်းကြယ်သောကိစ္စရပ်များစွာ ရှိသည်ကို တွေးမိသောကြောင့် သူမက သက်တမ်းတိုးမြှင်ခြင်းကိစ္စအား အနည်းငယ် ယုံကြည်နိုင်သည်၊ ထို့ပြင် ထန်ရှုတွင်လည်း ထိုသို့သောနည်းလမ်းများ ရှိနိုင်ရန်များပေ၏။

ထို့ပြင် ဤကား မျက်ကန်းယုံကြည်ခြင်းမဟုတ်ပေ။ ဥပမာတစ်ခုအနေဖြင့် ယနေ့ခေတ်သိပ္ပံပညာဖြင့် မရှင်းပြနိုင်သည့် သူမ၏ရုပ်ပိုင်းဆိုင်ရာကြောင့်ပင်။ သူမအမေလည်း နောက်ထပ်ဉပမာတစ်ခုဖြစ်၏။ သူမက အသက်ရှင်နေသေးသော်ငြား သူမ၏ခန္ဓာကိုယ်အပူချိန်ကို စစ်ဆေးချိန်တွင် တာမိုမီတာက ၃၆.၅ဒီဂရီကို ပြသခဲ့၏။ သူမခန္ဓာကိုယ်ထဲရှိ အေးစက်စက်စွမ်းအင်ကြောင့် ဆေးပညာရှင်များစွာကပင် ပဟေဠိဖြစ်ခဲ့ရသည်။

“ကျွန်မရှင့်ကို ယုံပါတယ်၊ နတ်ဆေးဆရာဝန်ထန်”လီချိုက်၏မျက်လုံးများက မရှင်းပြနိုင်သောအလင်းတို့လက်လျက် ဖြည်းဖြည်းချင်း ပြော၏။

သို့သော် ဟူရှောက်ခန်း၏အမူအရာက ပြောင်းလဲသွားပြီး သူက ဒေါသတကြီး အော်လိုက်၏ “ချိုက်အာ၊ နတ်ဆေးဆရာဝန်ထန်က ကျီစယ်နေတာပဲ။ ဒီကမ္ဘာမှာ သက်တမ်းတိုးဖို့က ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

“သူဌေးဟူ၊ လီချိုက်က လူနာရဲ့မိသားစုဝင်တစ်ယောက်ပဲ။ သူမက ငါ့ကို ယုံကြည်ဖို့ ရွေးချယ်မှတော့ လူနာရဲ့အခြေအနေကို စဉ်းစားဖို့က ငါ့တာဝန်ပဲ”ထန်ရှုက လက်ဝှေ့ယမ်းကာ ပြောလိုက်သည် “ငါ အသုံးပြုတဲ့နည်းလမ်းက မင်းအတွက် နားမလည်နိုင်စရာဖြစ်ပေမယ့် လူနာကို ကုသတဲ့အခါမှာ မင်း ကူညီနိုင်တာ ဘာမှမရှိဘူး။ ဒါကြောင့် ကျေးဇူးပြုပြီး မင်း နောက်ဆုတ်ပေးပါ”

ဒေါသများက ဟူရှောက်ခန်း၏နှလုံးသားထဲ၌ လောင်ကျွမ်းလာတော့သည်။ ဤလူ၏အထောက်အထားကြောင့်သာမဟုတ်လျှင် သူက ထန်ရှုမျက်နှာအား ရိုက်မိပေလိမ့်မည်။ အန်တီကျွမ်းက သူနှင့်‌‌ သွေးသားမတော်စပ်သော်ငြား သူမက သူ့အား ဆယ်နှစ်ကျော်ဂရုစိုက်ခဲ့သည်ကို မှတ်မိနေသေး၏။

အတိတ်တွင် ဟူမိသားစု၏စီးပွားလုပ်ငန်းက ပြဿနာကြီးများ ရင်ဆိုင်ရချိန်တွင် သူမက ငွေအလုံအရင်း ထည့်ဝင်ပေးလျက် သူ့မိသာားစု၏စီးပွားရေးလုပ်ငန်းအား ပြောင်းလဲပြင်ဆင်ပေးခဲ့၏။ အတိတ်တွင် သူမယောကျ်ား၏သေဆုံးမှုကပင် သူ့မိသားစု၏အခြေအနေနှင့် ဆက်စပ်သည်။ ထို့ကြောင့် သူက သူမအား မိသားစုဝင်တစ်ယောက်အဖြစ် သတ်မှတ်ခဲ့သည်၊ သွေးသားမတော်စပ်သော်ငြား သူ၏သွေးချင်းထက်ပင် ပိုမိုနီးကပ်၏။

ယခု တိုင်းပြည်တစ်ခုလုံးတွင် နတ်ဆေးဆရာဝန်အဖြစ် ကျော်ကြားသော ထန်ရှုက သူမ၏အခြေအနေနှင့်ပတ်သက်ပြီး ဟာသလုပ်ခဲ့သည်။ ဒါက သူ့အတွက် တကယ် သည်းမခံနိုင်စရာပင်။

ဟူရှောက်ခန်းက သက်ပြင်းတစ်ချက်ရှိုက်လျက် ထန်ရှု၏ထူးမခြားနားသောမျက်နှာအား ကြည့်ပြီးနောက် သူ့ဒေါသကို ဖိနှိပ်လိုက်၏။ ထို့နောက် သူက စကားတစ်လုံးချင်းစီကို အလေးအနက်ထားလျက် ပြောလိုက်သည် “ထန်ရှု၊ ငါက အန်တီကျွမ်းနဲ့ ဘာသွေးသားတော်စပ်မှုမှ မရှိပေမယ့် သူမက ငါ့အတွက် အမေတစ်ယောက်လိုပဲ။ နှစ်သစ်ကူးချိန်ရောက်တိုင်း ငါက အန်တီကျွမ်းနဲ့ချိုက်အာတို့နဲ့ အမြဲတမ်းရှိနေတယ်ဆိုတာကို မင်း ချိုက်အာကို မေးကြည့်လို့ရတယ်။ မင်းက အခြားတစ်ယောက်ဆိုရင် ငါ ရှင်းပြမှာမဟုတ်ပေမယ့် မင်းက အဲဒီထန်ရှုဖြစ်လို့ပဲ၊ ဒါကြောင့် မင်း နားလည်နိုင်မယ်လို့ ငါ‌ မျှော်လင့်တယ်၊။ ငါက တစ်စိမ်းတစ်ယောက်မဟုတ်သလို အပြင်လူတစ်ယောက်လဲ မဟုတ်ဘူး၊ ဒါကြောင့် ငါ နောက်ဆုတ်ပေးမှာမဟုတ်ဘူး။ သူမရဲ့ကုသမှုဖြစ်စဉ်တစ်ခုလုံးကို ငါ နားလည်ဖို့ လိုအပ်တယ်”

“အဲဒါ ဟုတ်လား”ထန်ရှုက သူ့အား စိတ်မဝင်စားစွာ တစ်ချက်ကြည့်ပြီးနောက် လီချိုက်ဘက် လှည့်ကြည့်လိုက်၏။

မိန်းကလေးက ကမန်းကတန်း ခေါင်းညိတ်ပြ၏ “ဒါ ဟုတ်ပါတယ်၊ နတ်ဆေးဆရာဝန်ထန်။ ငါ့အမေဘေးနားမှာ ငါကလွဲပြီး အကိုရှောက်ခန်းက အနီးကပ်ဆုံးဆွေမျိုးပဲ။ သူ ကလေးဘဝတည်းက အမေက သူ့ရဲ့သားလေးအဖြစ် နှစ်ပေါင်းများစွာ ဂရုစိုက်ခဲ့တယ်။ သူက ငါတို့အတွက် တကယ်ကို မိသားစုဝင်တစ်ယောက်ပဲ”

သူမ၏အတည်ပြုချက်ကို ကြားပြီး ထန်ရှုက အနည်းငယ်ခေါင်းညိတ်ကာ တုံ့ပြန်လိုက်သည်။ သူက ဟူရှောက်ခန်းအား ပြန်ကြည့်ကာ ပြော၏ “ကုသဖို့အတွက် လူနာက အရမ်းတန်ဖိုးရှိတဲ့ဆေးတစ်မျိုးလိုအပ်တယ်။ မင်းက လူနာကို ဆွေမျိုးတစ်ယောက်လို သတ်မှတ်ထားမှတော့ ကုသခအနေနဲ့ ယွမ်သန်းတစ်ရာက မများဘူးလို့တော့ ငါ ထင်တယ်”

“ဘာပြောလိုက်တာ”

သူကြားခဲ့သည်အား မယုံကြည်နိုင်စွာနှင့် ထန်ရှုက ဟူရှောက်ခန်းအား ကြည့်လိုက်သည်။ သူက ထရပ်မတတ်ပင် ဖြစ်သွား၏။

အန်တီကျွမ်းကို ကုသဖို့အတွက် ယွမ်သန်းတစ်ရာလား။ ဒီလောက်ထိ ကုန်ကျတဲ့ဆေးဆိုတာ ရှိလို့လား။

ထန်ရှုက မျက်မှောင်ကြုတ်လျက် မေးလိုက်သည် “ဘာဖြစ်လို့လဲ။ ဒါက ဈေးကြီးလွန်းပြီး မင်း မကြိုက်လို့လား။ ဒါက မင်းအတွက် ဈေးကြီးလွန်းတယ်ဆိုရင် ကုသမှုကို ဆက်မလုပ်လို့ ရပါတယ်”

လီချိုက်က ဟူရှောက်ခန်းနှင့်ထန်ရှုတို့အား တစ်လှည့်စီ ကြည့်လိုက်သည်။ တုံ့ဆိုင်းနေပြီးနောက် သူမက ပြောလိုက်၏ “ချိုက်အာက ရှင့်ကို ယွမ်သန်းတစ်ရာပေးပါ့မယ်၊ နတ်ဆေးဆရာဝန်ထန်။ ရှင် ကျွန်မအမေကို ကုသနိုင်သရွေ့ ကျွန်မ ရှင့်ကို ပိုတန်ဖိုးရှိတဲ့လက်ဆောင်တစ်ခုပေးအုံးမယ်”

“ကြည့်ရတာ မင်းတို့က တကယ်ပဲ ပိုက်ဆံရှိပုံပဲ။ ကောင်းပြီလေ၊ ဒါဆိုလဲ ငါ့ရဲ့ကုသမှုကို ဆက်လုပ်ဖို့အတွက် ဈေးပြောရတာပေါ့”ထန်ရှုက ခေါင်းခါယမ်းကာ ပြောလိုက်သည် “တကယ်တော့ ပိုက်ဆံက ငါ့အတွက် ဘာအဓိပ္ပါယ်မှ မရှိဘူး၊ ဒါပေမယ့် သူဌေးဟူက ငါ့ကို မယုံကြည်မှတော့ ငါ့ရဲ့နောက်ထပ်တောင်းဆိုမှုအတွက် အပြစ်မတင်နဲ့တော့။ ငါ ရေလက်ဝါးပြာစံအိမ်ရဲ့ရှယ်ယာလေးဆယ့်ကိုးရာခိုင်နှုန်းကို လိုချင်တယ်”

ဟူး…

ခပ်ရေးရေးလေးရိပ်မိသော်ငြား ထန်ရှု၏လောဘက ဒီလောက်ကြီးမားလိမ့်မည်ဟု ဟူရှောက်ခန်းက စိတ်ကူးမရဲခဲ့ပေ။ ရေလက်ဝါးပြာစံအိမ်၏၄၉ရာခိုင်နှုန်းရှယ်ယာလား။ ဤစံအိမ်၏အသားတင်ကြွယ်ဝမှုက နှစ်ဘီလီယံကျော်ရှိသည်၊ သို့သော်…

လီချိုက်က စက္ကန့်အနည်းငယ်ကြာ နှုတ်ဆိတ်သွားပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်၏ “ကျွန်မမိသားစုက အသားတင်ကြွယ်ဝမှု၃.၆ဘီလီယံရှိတယ်ဆိုတာ မကြာသေးခင်ကမှ သိခဲ့ရတယ်၊ နတ်ဆေးဆရာထန်။ ရှင်က ကျွန်မအမေရဲ့အခြေအနေကို အပြည့်အဝကုသပေးနိုင်မယ်ဆိုရင် အဲဒါတွေအားလုံးကို ရှင့်ဆီ လွှဲပြောင်းပေးမယ်။ ဒါပေမယ့် ဒီကိစ္စမှာ အကိုရှောက်ခန်းကို ဆွဲထည့်တာကို ရပ်တန့်ပေးလို့ရမလား”

၃.၆ဘီလီယံလား။

ထန်ရှုက ခေါင်းခါယမ်းလျက် ပြောလိုက်သည် “ကြွယ်ဝမှုဆိုတာ ငါ့အတွက် ဘာအဓိပ္ပါယ်မှ မရှိဘူးလို့ ငါ မင်းကို ပြောခဲ့ပြီးသားမလား။ ရေလက်ဝါးပြာစံအိမ်ရဲ့ရှယ်ယာ၄၉ရာခိုင်နှုန်းကိုပဲ ငါ လိုချင်တယ်။ သူ သဘောတူမယ်ဆိုရင် မင်းအမေကို ကုသတဲ့အချိန်မှာ သူ့ရဲ့ထင်မြင်ချက်ကို ငါ လစ်လျူမရှုတော့ဘူး။ ဒါပေမယ့် သူ သဘောမတူဘူးဆိုရင် သူက မင်းနဲ့မင်းအမေတို့ကို သူ့ရဲ့မိသားစုဝင်တွေအဖြစ် မသတ်မှတ်ထားဘူးလို့ ဆိုလိုတယ်။ ဒါကြောင့် ငါ ဘယ်လိုကုသမလဲဆိုတာကို သိဖို့ သူ့မှာ အရည်အချင်းမမှီဘူး”

ဟူရှောက်ခန်းက ပင့်သက်ရှိုက်လိုက်ပြန်သည်။ ထန်ရှု၏စိတ်မဝင်စားသောမျက်နှာအား စိုက်ကြည့်ရင်း ဤအချိန်တွင် သူ့မျက်လုံးများက အနည်းငယ် ရဲရဲနီနေတော့သည်။ နောင်တရမှုက သူ့ထံ ပြည့်လျှံလာ၏။ ယခုကဲ့သို့သောအနေအထားတစ်ခုအထိ ဖြစ်စေမည်ကို သိလျှင် သူက ဤလူအား မေးခွန်းထုတ်တော့မည်မဟုတ်ပေ။

ရေလက်ဝါးပြာစံအိမ်ရဲ့လေးဆယ့်ကိုးရာခိုင်နှုန်းလား။

ဤအပန်းဖြေနေရာတစ်ခုလုံးအား သူတစ်ယောက်တည်းက ပိုင်ဆိုင်သည်၊ သို့သော် ၎င်းက သူ့မိသားစုထံမှ ရရှိထားသည့် ပိုင်ဆိုင်သမျှ အမွေအားလုံးပင်။ ဟူမိသားစုက ပိုင်ဆိုင်မှုများစွာရှိသည့်မိသားစုကြီးတစ်ခုဖြစ်သော်လည်း သူ့တွင် အကိုနှစ်ယောက်ရှိသေး၏။ ထို့ကြောင့် မိသားစုပိုင်ဆိုင်မှုများနှင့်ပတ်သက်၍ ညီအကိုသုံးယောက် အငြင်းမပွားစေရန် ခေါင်းဆောင်က သူတို့အား အမွေစောစောခွဲပေးခဲ့သည်၊ မိသားစု၏ပိုင်ဆိုင်မှုစုစုပေါင်းကို သုံးပိုင်းခွဲပြီး ညီအကိုသုံးယောက်က ဝေစုညီတူမျှတူရရှိထား၏။

ဒီလိုဆိုရင် …သူက ရေလက်ဝါးပြာစံအိမ်ရဲ့၄၉ရာခိုင်နှုနးကို ထန်ရှုဆီ ပေးရမယ်ဆိုရင် သူ့ရဲ့ဆုံးရှုံးမှုက ကြီးမားလွန်းတယ်မဟုတ်လား။

ခွေးကောင်စုတ်…

သူက စိတ်ထဲ၌ ဒေါသတကြီး ကျိန်ဆဲလိုက်သော်ငြား စိတ်ဆုံးဖြတ်လိုက်သည်။ သူက ကြွယ်ဝမှုအား ပြန်ရှာနိုင်သော်လည်း အန်တီကျွမ်းသာ သေသွားခဲ့လျှင် သူက အမေတစ်ယောက်ကို ဆုံးရှုံးရပေလိမ့်မည်။

သူ၏မကျေမနပ်မှုအား အောင့်အည်းလျက် ဟူရှောက်ခန်းက ပြောလိုက်၏ “ထန်ရှု၊ မင်းက အန်တီကျွမ်းရဲ့ရောဂါကို ကုသနိုင်သရွေ့ ရေလက်ဝါးပြာစံအိမ်ရဲ့ရှယ်ယာ၄၉ရာခိုင်နှုန်းကို မင်းဆီ လွှဲပေးဖို့ ငါ သဘောတူတယ်”

ဘေးနားမှ အိုးရန်လုလုက ကြားဖြတ်ဝင်ပြောလိုက်၏ “ဟေ၊ ထန်ရှုက လူနာရဲ့ရောဂါကို မကုသနိုင်ရင် ကျွန်မ ရှင့်ကို သုခဘုံစံအိမ်ပေးမယ်။ ကျွန်မ ကတိမပျက်စေရဘူး”

ဟူရှောက်ခန်းက စိတ်ထဲ၌ တုန်လှုပ်သွားပြီး သူ့မျက်နှာပေါ်တွင် မယုံကြည်နိုင်သောအကြည့်တစ်ခုက ထွက်ပေါ်လာ၏။ အိုးရန်လုလုက သုခဘုံစံအိမ်၏ပိုင်ရှင်ဖြစ်သည်ကို သူ သိပြီးသားပင်၊ သို့သော် သူမက ထန်ရှုအား ဒီလောက်ထိ ယုံကြည်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

သုခဘုံစံအိမ်၏စုစုပေါင်းတန်ဖိုးက ရေလက်ဝါးပြာစံအိမ်လောက် မရှိသော်ငြား အများကြီးမကွာလှပေ။ ထို့ပြင် လောင်းကြေးအနေဖြင့် ရှယ်ယာ၄၉ရာခိုင်နှုန်းကိုသာ ပေးရန် လိုအပ်သည်။ အနိုင်ရခဲ့လျှင် ဒါက သူ့အတွက် အသာစီးပင်။

“ဒါဆို ငါ သဘောတူတယ်”ဟူရှောက်ခန်းက လက်သီးဆုပ်လျက် အလေးအနက်ပြောလိုက်သည်။

ထန်ရှုက ပြုံးကာ အိုးရန်လုလုအား ပျော်ရွှင်စွာ ကြည့်လိုက်သည်။ ထို့နောက် သူက ‌ခေါင်းညိတ်ကာ ပြောလိုက်၏ “ကျေးဇူးပြုပြီး ငါနဲ့အတူ ဘေးခန်းကို လိုက်လာပါ၊ လီချိုက်”

“ငါလဲ သွားမယ်”ဟူရှောက်ခန်းက ချက်ချင်း ပြောလိုက်၏။

“ငါက သူမရဲ့သက်တမ်းကို တိုးမြှင့်ပေးရမှာ”ထန်ရှုက လက်ဝှေ့ယမ်းကာ ရှင်းပြလိုက်သည် “ငါ့ရဲ့နည်းလမ်းတွေကို အပြင်လူသိလို့မရဘူး၊ ဒါကြောင့် မင်း လိုက်လို့မရဘူး။ ဒါပေမယ့် လူနာကို ကုသအချိန်ကျရင်တော့ မင်း ရှိနေလို့ရတယ်”

ဟူရှောက်ခန်းက ခဏစဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။

မကြာမီ ဟူရှောက်ခန်းနှင့်အိုးရန်လုလုတို့သာ အခန်းထဲတွင် ကျန်၏။ အိုးရန်လုလု၏လှပသောအသွင်ကြောင့် ဟူရှောက်ခန်းက သူမအား သဘောကျနေသည်မှာ ကြာပြီ၊ သူက သူမအား အမြဲတမ်းပိုးပန်ချင်ခဲ့၏။ သို့သော် ကမ္ဘာတစ်ဝှမ်းရှိ ဆေးရုံများနှင့် ဆက်သွယ်ရန် အန်တီကျွမ်းအား ကူညီပေးရသောကြောင့် သူက ခြေလှမ်းတိုးရန် အချိန်မရှိခဲ့ဘဲ ယခုထိတိုင် နှောင့်နှေးနေခဲ့သည်။

သို့သော် ပန်းကလေးက ယခု ပိုင်ရှင်တစ်ယောက်ရှိနေပြီ၊ ပိုင်ရှင်ကိုယ်တိုင်က သူ ရန်စရန် တတ်နိုင်သောတစ်ယောက်မဟုတ်ပေ၊ ထို့ကြောင့် သူက စိတ်ထဲ၌သာ သက်ပြင်းချလျက် လက်လျှော့လိုက်ပေသည်။

အိုးရန်လုလု၏လှပသောမျက်နှာအား ကြည့်ရင်း ဟူရှောက်ခန်းက ဖြည်းဖြည်းချင်း ပြောလိုက်၏ “မင်းနဲ့ထန်ရှုတို့က ချစ်သူတွေဆိုတာ ငါ သိပါတယ်၊ မစ္စအိုးရန်၊ ဒါပေမယ့် သူ့အတွက်နဲ့ သုခဘုံစံအိမ်ကို အသုံးပြုတာက ထိုက်တန်လို့လား”

အိုးရန်လုလုက တုံ့ပြန်သည့်အနေနှင့် ပြုံးကာ ပြောလိုက်၏ “ဒါက ငါ့ရည်ရွယ်ချက်မဟုတ်ဘူး။ ဒါကို လုပ်တာက သူ့ကို ဒီလောက် ပျော်ရွှင်စေမယ်ဆိုရင် ငါ အဲဒါကို သူ့ဆီ ချက်ချင်းပေးပြီး သူလုပ်ချင်တာ ဘာပဲဖြစ်ဖြစ် ခွင့်ပြုပေးလိုက်မယ်”

***

All Chapters