← Chapters

ရိုးတွင်းခြင်ဆီကို သန့်စင်ပြီး သွေးကြောတွေကို သန့်စင်တာလား။

Vol. 81 Ch. 1126

ရိုးတွင်းခြင်ဆီကို သန့်စင်ပြီး သွေးကြောတွေကို သန့်စင်တာလား။

Vol. 81 Ch. 1126

အမူအရာအနည်းငယ်ပြောင်းလဲသွားလျက် ဟူရှောက်ခန်းက ပြုံးနေသောအိုးရန်လုလုအား မျက်မှောင်ကြုတ်ကာ ကြည့်လျက် မပျော်မရွှင်နှင့် တုံ့ပြန်လိုက်သည် “မင်း ပြောခဲ့တာက မင်း…”

“ရှင့်စိတ်ထဲမှာ ဘာရှိသလဲဆိုတာ ကျွန်မ သိတယ်၊ ဟူရှောက်ခန်း”အိုးရန်လုလုက သူ့အား တားကာ ပြုံးလျက် ပြောလိုက်၏ “သူ့ကို ပျော်အောင် လုပ်ဖို့ သုခဘုံစံအိမ်ကို ကျွန်မ အသုံးမပြုဘူးလို့ ပြောခဲ့တဲ့အကြောင်းပြချက်ကတော့ ကျွန်မက သူ့အပေါ် အကြွင်းမဲ့ယုံကြည်ချက်ရှိလို့ပဲ။ ဒီလိုဆိုပေမယ့် သူ လောင်းကြေးရှုံးဖို့ကိုတောင် ကျွန်မ တကယ်‌ မျှော်လင့်နေတယ်၊ အဲလိုဖြစ်လာတဲ့အခါကျရင် ကျွန်မကို ထောက်ပံ့ဖို့ သူ့ကို တောင်းဆိုနိုင်ပြီပေါ့”

ယခု ဟူရှောက်ခုန်း၏မျက်လုံးများက ဆန့်သွားကာ သူက ခေါင်းခါယမ်းလျက် သက်ပြင်းချလိုက်သည် “အဲဒါသာ ဖြစ်လာရင် ငါ မင်းကို တကယ်တောင်းပန်ပါတယ်။ သုခဘုံစံအိမ်ရဲ့နှစ်စဉ်အကျိုးအမြတ်က အတော်လေးများတယ်၊ ဒါပေမယ့် ဒါကို လူတစ်ယောက်ကို ဒီလိုပေးလိုက်တာကတော့…။ ထန်ရှုရဲ့အဆင့်အတန်းက ဘယ်လိုနည်းနဲ့မှ သာမန်မဟုတ်ဘူးဆိုတာ ငါ သိပါတယ်၊ ဒါပေမယ့် မင်းရဲ့သုံးစွဲမှုကို မင်းရဲ့ကိုယ်ပိုင်ဝင်ငွေနဲ့ ထောက်ပံ့တာက ဂုဏ်သိက္ခာပိုရှိတယ်လို့ မင်း မထင်ဘူးလား”

“ရှင်သိလား၊ တစ်ခါက ထန်ရှု ကျွန်မကို ပြောခဲ့တာကို နောက်ဆုံးတော့ နားလည်လာပြီ၊ အဲဒါဘာလဲဆိုတော့ ဤလောကီကမ္ဘာမှာ အခြားသူတွေနဲ့ အမြင်ချင်းတူဖို့က တကယ်ခက်ခဲတယ်တဲ့။ ဟူရှောက်ခန်း၊ ရှင်က ထန်ရှုနဲ့ ပတ်သက်ပြီး အရာအားလုံးသိတယ်လို့ ရှင် ထင်တယ်၊ ဒါပေမယ့် ရှင် တကယ်ပဲ သူ့ကို နက်နက်ရှိုင်းရှိုင်းရော သိလို့လား။ ဒါ့အပြင်…ဒီကိစ္စကို ဒီနေရာမှာ ထားလိုက်ပါတော့။ အစကတည်းက ဒီအကြောင်းပြောနေတာက အဓိပ္ပါယ်မရှိဘူးမလား။ ထန်ရှုက ကုသပြီးတဲ့အခါကျရင် ရှင် အဲဒါကို နားလည်လာလိမ့်မယ်ဆိုတာ ကျွန်မ အာမခံတယ်”

ဟူရှောက်ခန်းက ဆက်မပြောတော့ပေ၊ သို့သော် လက်ရှိတွင် သူက အိုးရန်လုလုအား တကယ်ကို စာနာမိ၏။ အချစ်နွံထဲသို့ကျရောက်သွားသည့်အမျိုးသမီးများက သူတို့၏ဉာဏ်ရည်အား ဆုံးရှုံးသွားနိုင်ဟု ပြောကြသည်ကို သူ ယုံကြည်လေ့မရှိပေ။ ယခု သူက လက်တွေ့မျက်မြင်ကြုံတွေ့ရလေပြီ။

ဘေးခန်းတွင်။

ထန်ရှုက စားပွဲဘေးနားသို့ လျှောက်သွားပြီး ထိုင်ခုံတစ်လုံး ယူကာ ကျင့်ကြံခြင်းပညာရပ်တစ်စုံအား လျင်မြန်စွာ ရေးချလိုက်သည်။ သူက လီချိုက်ထံ ချက်ချင်း မပေးဘဲ ပြောလိုက်သည် “ဟူရှောက်ခန်းက ငါ့ကို ရေလက်ဝါးပြာစံအိမ်ရဲ့၄၉ရှယ်ယာကို ပေးတာနဲ့ ပတ်သက်ပြီး မင်း ဘာထင်လဲ”

လီချိုက်က စက္ကန့်အနည်းငယ်ကြာ နှုတ်ဆိတ်သွားပြီးနောက် ဖြည်းဖြည်းချင်း‌ ပြောလိုက်၏ “သူ ရှယ်ယာ၄၉ရာခိုင်နှုန်းဆုံးရှုံးတာကို ကျွန်မ လိုချင်တယ်၊ ဒါပေမယ့် သူ ကျွန်မဆီကနေ လျော်ကြေးတောင်းတာကိုလဲ ဖြစ်စေချင်တယ်။ ဒါပေမယ့် သူ အဲဒါကို ဘယ်တော့မှ မလုပ်ဘူးလို့ ကျွန်မ လုံးဝယုံကြည်တယ်”

“ဒါဆို ငါ တကယ်ပဲ မင်းအမေကို ကုသနိုင်မယ်ဆိုရင်ရော”ထန်ရှုက ပြုံးကာ ပြောလိုက်သည်။

“အဲလိုဖြစ်လာမယ်ဆိုရင် သူ့ရဲ့ဆုံးရှုံးမှုကို အစားထိုးပေးဖို့အတွက် ကျွန်မရဲ့ကြွယ်ဝမှုကို အသုံးပြုလိုက်မယ်”

ထန်ရှုက လက်မထောင်ကာ ချီးကျူးလိုက်သည် “ဟူရှောက်ခန်းက ဒေါသထွက်ခဲ့ပေမယ့် သူက ရေလက်ဝါးစံအိမ်ရဲ့ရှယ်ယာ၄၉ရာခိုင်နှုန်းကို မင်းအမေရဲ့အသက်အတွက် ဖလှယ်ဖို့ ဆန္ဒရှိခဲ့တယ်။ သူက လူကောင်းတစ်ယောက်ဆိုတာ သူ့ကိုယ်သူ သက်သေပြခဲ့တာပဲ။ ပြီးတော့ မင်းရဲ့သူ့အပေါ် ယုံကြည်မှုက မင်းတို့နှစ်ယောက်က ဘယ်လိုလူစားမျိုးဆိုတာကိုလဲ ငါ့ကို သိစေတယ်။ မစိုးရိမ်ပါနဲ့၊ ငါ မင်းအမေရဲ့ရောဂါကို ကုသနိုင်ရင်တောင် အဲဒီရှယ်ယာတွေကို မယူပါဘူး။ ဒါပေမယ့် ယွမ်သန်းတစ်ရာပေးချေမှုက မလုံလောက်သေးဘူး။ နောက်လာမယ့်ကုသမှုက အများကြီးကုန်ကျစေလိမ့်မယ်”

“ရှင်က တကယ်ကို ကောလဟာလတွေထဲကလို ဆရာဝန်ကောင်းတစ်ယောက်ပဲ၊ နတ်ဆေးဆရာဝန်ထန်”လီချိုက်က မျက်လုံးတို့လင်းလက်လျက် အမှန်အတိုင်း ပြောလိုက်၏ “အခု ရှင်က ကျွန်မ အမေကို ကုသနိုင်တယ်ဆိုတာကိုတောင် ကျွန်မ ပိုယုံကြည်လာပြီ”

“ကောင်းပြီလေ၊ စိတ်နှလုံးကို အလေးထားတဲ့ ဒီကျင့်ကြံခြင်းပညာရပ်ကို မှတ်ထားပါ။ ပြီးရင် ငါ မင်းကို သင်ကြားပေးမယ်”ထန်ရှုက ပြုံးကာ ပြောလိုက်သည်။

“စိတ်အခြေအနေကျင့်ကြံခြင်းပညာရပ်လား”

လီချိုက်က သိလိုသောမျက်နှာနှင့် စာရွက်အား ကြည့်လိုက်သည်။ သူမက ၎င်းအား ဂရုတစိုက် ဖတ်ကာ အံ့အားသင့်စွာနှင့် မေးလိုက်သည် “ဒါက ကျင့်ကြံခြင်းပညာရပ်တစ်ခုလို့ ရှင် ပြောခဲ့တာလား၊ နတ်ဆေးဆရာဝန်ထန်။ ကျင့်ကြံခြင်းနဲ့ဒီအစစ်အမှန်ချီဆိုတာ အတိအကျ ဘာတွေလဲ။ သိုင်းလောကကကျွမ်းကျင်သူတွေမှာရှိတဲ့အရာတွေလိုလား”

“ဟာ၊ တကယ်တော့ မင်းက အတော်လေးကံကောင်းတယ်ဆိုတာ မင်း သိလား”ထန်ရှုက သက်ပြင်းချလိုက်သည် “မင်းရဲ့မိခင်ရောပဲ၊ မင်းတို့နှစ်ယောက်လုံးက ငါနဲ့ လာတွေ့ခဲ့တာကြောင့်ပဲ။ မင်းတို့နှစ်ယောက်လုံးအတွက် ငါ တကယ် ဝမ်းမြောက်မိတယ်။ ပြောရမယ်ဆိုရင်တော့ ငါ မင်းကို သင်ကြားပေးခဲ့တဲ့ဒီကျင့်ကြံခြင်းပညာရပ်ကို မှတ်ရုံပဲမှတ်ထားပါ။ ဒါပေမယ့် အခြားတစ်ယောက်ကို ဘယ်တော့မှ မပြောပြပါနဲ့၊ အဲဒီလူက ဟူရှောက်ခန်းလို မင်း အယုံကြည်ရဆုံးလူဆိုရင်တောင်မှပေါ့။ ဒါ့အပြင် ငါ မင်းဆီကနေ နောက်ထပ် ကတိတစ်ခု တောင်းချင်သေးတယ်”

အမူအရာလေးနက်သွားလျက် လီချိုက်က ပြောလိုက်သည် “ရှင် ကျွန်မကို သင်ကြားပေးတာ ဘာပဲဖြစ်ဖြစ် အခြားသူတွေကို ကျွန်မ ဘယ်တော့မှ မဖြန့်ဝေပေးပါဘူး၊ နတ်ဆေးဆရာဝန်ထန်။ ပြီးတော့ ကျေးဇူးပြုပြီး ကျွန်မကို ပြောပါ၊ ရှင် ကျွန်မဆီကနေ ဘာကတိလိုအပ်လို့လဲ”

“ဒီဘဝနဲ့ဒီကမ္ဘာမှာ မင်းက ပေကျင်းရဲ့ထန်အိမ်နဲ ဘယ်တော့မှ ရန်သူမဖြစ်ရဘူး။ “ထပ်ပြောရရင် မင်းက ငါ့ကို အကြွေးတင်တယ်ဆိုတာက မင်းက ထန်အိမ်မှာ အကြွေးတင်တာနဲ့ ညီမျှတယ်ဆိုတာကို မှတ်ထားရမယ်။ အနာဂတ်မှာ ထန်အိမ်က ပြဿနာဖြစ်လာရင် မင်းက သူတို့ကို တစ်ကြိမ် ကူညီပေးဖို့ တာဝန်ရှိတယ်”

“ထန်မိသားစုမှာ အဲလိုအနေအထားတစ်ခု ဖြစ်လာတဲ့အခါ ကျွန်မရဲ့လုပ်နိုင်စွမ်းအားအတွင်းမှာ ရှိနေသရွေ့ ကျွန်မ ဘယ်တော့မှ နောက်မတွန့်ဘူး၊ လစ်လျူမရှုဘူးလို့ ကျွန်မ ကျိန်ဆိုတယ်။ ရှင်က ထန်မိသားစုကို တစ်ကြိမ်ပဲ ကူညီပေးဖို့ တောင်းဆိုခဲ့ပေမယ့် ကျွန်မမှာ စွမ်းရည်ရှိတယ်ဆိုရင် သူတို့ကို သုံးကြိမ်တိုင်တိုင် ကူညီပေးမယ်လို့ ကျိန်ဆိုပါတယ်”

လီချိုက်၏ကျမ်းကျိန်မှုက ထန်ရှုအား အများကြီး ကျေနပ်သွားစေသည်၊ ထို့ကြောင့် သူက ခေါင်းညိတ်ကာ ပြောလိုက်၏ “ဒါဆို ကောင်းပြီလေ။ ဒီကျင့်ကြံခြင်းပညာရပ်ကို ဘယ်လိုလေ့ကျင့်ရမလဲဆိုတာ ငါ မင်းကို အရင် သင်ကြားပေးမယ်”

နှစ်နာရီကြာပြီးနောက် ကျင့်ကြံခြင်း၏ရှုထောင့်အားလုံးအား ထန်ရှုက လီချိုက်ထံ သင်ကြားပေးနိုင်ခဲ့သည်။ သေချာသည်ကတော့ သူမ၏မှတ်ဉာဏ်ကောင်းမှုကိုလည်း ကျေးဇူးတင်ရပေမည်၊ အစစ်အမှန်အဆီအနှစ်စွမ်းအင်နှင့်စွမ်းအင်ဖြတ်သန်းမည့်အရေးကြီးဆုံမှတ်များအတွက် လည်ပတ်မှုလမ်းကြောင်းအား သူမက လျင်မြန်စွာနှင့် အပြည့်အဝမှတ်မိနိုင်ခဲ့၏။

“ဒီအသက်အဆီအနှစ်ဆေးလုံးကို သောက်ပြီး ငါ သင်ကြားပေးခဲ့တဲ့ ကျင့်ကြံခြင်းပညာရပ်ကို စတင်ကျင့်ကြံပါ။ ပြီးတော့ အဲဒါကို ပြုလုပ်တဲ့အချိန်မှာ မင်းရဲ့စိတ်နှလုံးကို တည်ငြိမ်အောင် ထားပါ”ထန်ရှုက အသက်အဆီအနှစ်ဆေးလုံးအား ယူထုတ်ကာ လီချိုက်ထံ ကမ်းပေးလိုက်သည်။

အသက်အဆီအနှစ်ဆေးလုံးလား။

ဆေးလုံးနှင့်ပတ်သက်၍ လီချိုက်က ဘာမှမသိပေ၊ သို့သော် လက်ရှိအချိန်တွင် သူမက ထန်ရှုအား ယုံကြည်ရန် ရွေးချယ်ခဲ့ပြီး တုံ့ဆိုင်းခြင်းမရှိဘဲ တန်းကာ မျိုချလိုက်သည်။

“အာ…”

အပူလှိုင်းများက သူမ၏လည်ချောင်းမှ ဝမ်ဗိုက်ထဲသို့ ဒလဟော လိမ့်ဝင်လာပြီး ယခုကဲ့သို့ဆန်းကြယ်သောအနေအထားတစ်ခုကြောင့် သူမက မတုန်လှုပ်ဘဲမနေနိုင်ပေ။

“မင်းရဲ့စိတ်ကို မပျံ့လွင့်စေနဲ့၊ ငါ ပြောသလို ချက်ချင်း လုပ်ပါ”ထန်ရှုက နက်ရှိုင်းသောအသံနှင့် အမိန့်ပေးလိုက်သည်။

လီချိုက်က သူမ၏စိတ်အား လျင်မြန်စွာ ထိန်းချုပ်ကာ အာရုံစိုက်လိုက်သည်။

အချိန်က ကုန်လွန်နေလေသည်။ ခုနှစ်နာရီကြာ ဖြတ်သန်းပြီးနောက် လီချိုက်၏ခန္ဓာကိုယ်က ရုတ်တရက် တုန်လှုပ်သွားသည်။ သူမက မျက်လုံးဖွင့်လိုက်ပြီး သူမခန္ဓာကိုယ်မှ အနံ့ဆိုးအား အနံ့ရမိလိုက်၏။

အဆီအနှစ်စုဆောင်းဆေးလုံးအား ယူထုတ်ရန် ထန်ရှုက တုံ့ဆိုင်းမနေဘဲ သူမအား ပြောလိုက်သည် “အနံ့ဆိုးက မင်းရဲ့ခန္ဓာကိုယ်အဖွဲ့အစည်းမှ ထွက်လာတာပဲ။ ဒါပေမယ့် ဒါက မင်းရဲ့ခန္ဓာကိုယ်ထဲကနေ အညစ်အကြေးတွေကို စွန့်ထုတ်လိုက်တာကြောင့်ပဲ။ မင်းက သန့်ရှင်းမှုကို ကြိုက်နှစ်သက်တယ်ဆိုတာ ငါ သိတယ်၊ ဒါပေမယ့် အခုက အချိန်မတန်သေးဘူး။ ဒီအဆီအနှစ်စုဆောင်းဆေးလုံးကို အရင်သုံးလိုက်ပါ၊ မင်း ကျင့်ကြံခြင်းလမ်းကြောင်းပေါ်မှာ ခြေချနိုင်အောင် ငါ ကူညီပေးမယ်”

သူမခန္ဓာကိုယ်အဖွဲ့အစည်းထဲတွင် ဒီလောက်များသည့်အညစ်အကြေးများ ရှိနေမည်ဟု မထင်ခဲ့သောကြောင့် လီချိုက်က မျက်နှာအနည်းငယ်ပူသွားသည်။ သို့သော် ထန်ရှု၏တုံ့ပြန်ချက်အား လေ့လာပြီးနောက် သူမခန္ဓာကိုယ်မှ အနံ့ဆိုးအား ထိုလူက ဂရုမစိုက်သည်ကို သိလိုက်၏။ ထိုအခါတွင်မှ သူမက နောက်ဆုံးတွင် စိတ်သက်သာရာရသွားပြီး အဆီအနှစ်စုဆောင်းဆေးလုံးအား ယူကာ တစ်ခါတည်း မျိုချလိုက်သည်။

ညက မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာသည်။

သူမက မျက်လုံးထပ်ဖွင့်လိုက်၏၊ သူမနှုတ်ခမ်းများက အကြိမ်အနည်းငယ် တွန့်လိမ်သွားပြီး သူမမျက်လုံးများက တောက်ပမှုအပြည့်ဖြစ်သွား၏။ သူမခန္ဓာကိုယ်ထဲရှိ စွမ်းအားအား သိသိသာသာ ခံစားမိပြီး အခြေအနေအားဖြင့် သူမက ယခင်ကထက် အများကြီးပိုကောင်းလာသည်ကို ခံစားမိလာ၏။

သူမအရှေ့တွင် တင်ပျဉ်ခွေထိုင်နေသော ထန်ရှုက သိုလှောင်လက်စွပ်မှ ကျောက်စိမ်းပုလင်းတစ်လုံး ယူထုတ်ကာ လီချိုက်ထံ ကမ်းပေးလိုက်သည် “ဒီနေရာမှာ အသက်အဆီအနှစ်ဆေးလုံးအချို့ရှိတယ်။ မင်း တစ်နေ့တစ်လုံး သောက်ရမယ်။ ပြီးရင် ငါ သင်ကြားပေးခဲ့တဲ့ကျင့်ကြံခြင်းပညာရပ်အတိုင်း စတင်ကျင့်ကြံပါ။ ဒီအသက်အဆီအနှစ်ဆေးလုံးအားလုံးကို သုံးစွဲပြီးတဲ့အခါကျရင် ငါ့ကို တိုက်ရိုက်ဆက်သွယ်ပါ၊ အဲအခါကျရင် မင်းအမေကို ကုသဖို့ အချိန်ပဲ”

လီချိုက်က ထရပ်လိုက်သည်။ ထို့နောက် သူက ပြောလိုက်၏ “ငါ မင်းရဲ့ညွှန်ကြားချက်တွေကို စိတ်ထဲမှာ မှတ်ထားပါ့မယ်၊ နတ်ဆေးဆရာထန်။ ဒါပေမယ့်…ရှင် ခဏလောက် စောင့်ပေးလို့ရမလား။ ကျွန်မ…ကျွန်မ ရေချိုးချင်တယ်”

ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးကာ လက်ဝှေ့ယမ်းလိုက်၏ “အခုက အတော်လေး နောက်ကျနေပြီ။ ငါ ထပ်မနေတော့ဘူး။ ရေသွားချိုးလိုက်ပါ။ အသက်အဆီအနှစ်ဆေးလုံးအကုန်လုံးကို မင်းသုံးစွဲပြီးတဲ့အခါကျမှပဲ ငါ မင်းဆီ ပြန်လာတွေ့မယ်”

“ဒါပေမယ့် အခုက နောက်ကျနေပြီ၊ ပြီးတော့ ရှင် ဒီနေ့ စားသောက်တာကိုလဲ ကျွန်မ မမြင်တွေ့ခဲ့ရဘူး၊ နတ်ဆေးဆရာထန်”လီချိုက်က တုံ့ဆိုင်းနေပြီးနောက် ပြောလိုက်သည် “ဘာလို့ ရှင် ဒီမှာ ခဏလောက် နေပြီး ညစာမစားတာလဲ။ ကျွန်မ အကိုဟူရှောက်ခန်းကို ရှင့်အတွက် အခန်းတစ်ခု ပြင်ခိုင်းလိုက်မယ်၊ ဒါဆို ရှင် ဒီနေရာပဲ ညအိပ်လို့ရပြီပေါ့”

ထန်ရှုက ငြင်းပယ်မည်ပြင်စဉ် သူက အိုးရန်လုလုနှင့်အတူရှိနေပြီး မုဝမ်ရင်က ကြယ်ပြာအိမ်ယာတွင် ရှိနေသေးသည်ကို ရုတ်တရက် အမှတ်ရလိုက်သည်။ ဤညတွင် ဤအင်ပါယာအမျိုးသမီးက ထွက်သွားစရာအကြောင်းရင်းမရှိပေ၊ သူက သူမအား ကြယ်ပြာအိမ်ယာသို့ ခေါ်သွားပြီး ထိုနေရာတွင် မုဝမ်ရင်နှင့် ထိပ်တိုက်တွေ့လျှင် ဘာဖြစ်မည်ကို နတ်ဘုရားများကသာ သိပေမည်။

“ဒါဆိုလဲ ကောင်းပါပြီ၊ ဒီည ငါ ဒီနေရာမှာပဲ နေတော့မယ်”နောက်ဆုံးတွင် ထန်ရှုက သဘောတူလိုက်ပြီး ပြန်လှည့်ကာ ထွက်လာ၏။

ဤအချိန်တွင် ဟူရှောက်ခန်းက စိုးရိမ်တကြီးအမူအရာနှင့် အခန်းအပြင်ဘက်၌ ခေါက်တုံခေါက်ပြန်‌လမ်းလျှောက်နေသည်။ တစ်နေ့လုံး ထန်ရှုနှင့်လီချိုက်တို့က အခန်းထဲမှ မထွက်လာသဖြင့် သူ့အား အလွန်ရတတ်မအေးဖြစ်စေသည်။

ကျွီ…

တံခါးပွင့်သွားပြီး ထန်ရှုက အထဲမှ ထွက်လာသည်ကို ဟူရှောက်ခန်းက မြင်လိုက်ရသည်။ ထို့နောက် သူက အလျင်စလို မေးလိုက်၏ “အန်တီကျွမ်းက ဘယ်လိုလဲ။ သူမကို မကုသရသေးဘူးလား”

“လက်ရှိအချိန်မှာ ငါ လူနာကို မကုသနိုင်ဘူးလို့ အစောကတည်းက မင်းကို ပြောခဲ့ပြီးပြီမလား”ထန်ရှုက ပြန်ဖြေသည် “ဒါပေမယ့် မစိုးရိမ်ပါနဲ့၊ ရက်အနည်းငယ်အတွင်း ငါ စတင်ကုသမှာပါ”

“ဒါဆို မင်းတို့ တစ်နေ့လုံး ဘာလုပ်နေတာလဲ”ဟူရှောက်ခန်းက အလျင်စလို မေးလိုက်သည်။

ဤအချိန်တွင် လီချိုက်က ထန်ရှုအနောက်ဘက်ရှိတံခါးမှ ထွက်လာသည်။ သူမက ဟူရှောက်ခန်းကိုပင် မကြည့်ဘဲ ရေချိုးခန်းသို့ ကမန်းကတန်း ပြေးသွား၏။

“ဒီအနံ့ဆိုးက…”

ဟူရှောက်ခန်းက နက်နက်ရှိင်းရှိုင်း မျက်မှောင်ကြုတ်ကာ နှာခေါင်းပိတ်လိုက်သည်။ ပြင်းထန်သောအနံ့ဆိုးက သူ့အား အန်ထုတ်ရန် တိုက်တွန်း၏။ အနံ့ဆိုးက လီချိုက်၏ခန္ဓာကိုယ်မှ ထွက်လာခဲ့သည်မှာ အမှန်ဖြစ်သည့်အတွက် သူက ထိတ်လန့်တုန်လှုပ်သွားသည်။

သူမက သန့်သန့်ရှင်းရှင်းနေရသည်ကို သဘောကျမှန်း သူ သိသည်။ သူမက ချွေးအနည်းငယ် ထွက်လျှင်ပင် အမြဲတမ်း ဆေးကြောသန့်စင်၏။ ဒါပေမယ့် ဒီနေ့ကျမှ သူမက ဘယ်လိုလုပ်ပြီး ဒီလောက်အနံ့ဆိုးထွက်နေရတာလဲ။

“ကောင်းပြီ၊ ဒီလိုငေးကြည့်တာကို ရပ်လိုက်ပါ၊ ဟုတ်ပြီလား”ထန်ရှုက ပြော၏။ “လီချိုက်က အဆင်ပြေပါတယ်။ ငါ အထူးနည်းလမ်းတစ်ခုကို သုံးပြီး သူမခန္ဓာကိုယ်က အညစ်အကြေးတွေကို စွန့်ထုတ်ပစ်လိုက်တယ်၊ ဒါက သူမအတွက် အရမ်းအကျိုးရှိစေတယ်။ ပြီးတော့ ငါတို့ ဒီည ဒီနေရာမှာပဲ နေကြမယ်၊ ဒါကြောင့် ငါတို့အတွက် အခန်းတစ်ခု စီစဉ်ပေးပါ”

ဤသည်ကို ကြားပြီး ဟူရှောက်ခန်းက စိတ်သက်သာရာရသွားသည်။ သို့သော် ထန်ရှုက လူ့ခန္ဓာကိုယ်မှ အညစ်အကြေးအား ဘယ်လိုထုတ်ပစ်ခဲ့သည့်အပေါ် သူက အလွန်သိချင်သေး၏။ သိုင်းလောကက ကျွမ်းကျင်သူတွေ ရိုးတွင်းခြင်ဆီတွေ သန့်စင်ပြီး သွေးကြောတွေ ဆေးကြောတာလိုလား။

“ကောင်းပါပြီ၊ အဲဒါကို ငါ ချက်ချင်း စီစဉ်ပေးလိုက်မယ်။ မင်း တစ်ယောက်ခန်းလိုချင်လားဒါမှမဟုတ်နှစ်ယောက်ခန်းလိုချင်လား”

ထန်ရှုက ဟူရှောက်ခန်းအား ပြုံးကာ ပြန်မေးလိုက်သည် “မင်း ဘယ်လိုထင်လဲ”

“အာ…”

ဟူရှောက်ခန်းက ရှက်ရွံ့သောအမူအရာနှင့် မျက်နှာပွတ်လိုက်သည်။ အိုးရန်လုလုက ထန်ရှုနှင့် ဤနေရာတွင် တစ်ညလုံးဖြတ်သန်းမည်ကို မမြင်ချင်သော်လည်း အမှန်တရားက ရက်စက်ပေ၏။ သူတို့က ယောကျ်ားတစ်ယောက်နှင့်မိန်းမတစ်ယောက်၊ စုံတွဲလည်း ဖြစ်သည်။ သူတို့က ညအား အတူတကွ ဖြတ်သန်းသည်မှာ လုံးဝတရားမျှတပေသည်။

တကယ်နှမြောစရာပဲ….

သူက စိတ်ထဲ၌ ခေါင်းခါယမ်းလိုက်သည်။

All Chapters