ဆရာတင်လို့မရပါ
Vol. 81 Ch. 1127
ကျယ်ဝန်းကာ တောက်ပသော အခန်းတစ်ခုထဲတွင် ထန်ရှုက အေးအေးလူလူလူရေချိုးပြီးနောက် အဝတ်အစားအသစ်တစ်စုံပြောင်းလိုက်သည်။ ထို့နောက် ဆိုဖာပေါ်တွင် ပျင်းရိစွာ ထိုင်နေသော အိုးရန်လုလုအား ကြည့်လိုက်သည်။ အပြုံးတစ်ခုက သူ့မျက်နှာပေါ်တွင် တင်သွားပြီး သူက မေးလိုက်၏ “မင်း ရေမချိုးတော့ဘူးလား”
အိုးရန်လုလုက နှုတ်ခမ်းစူလျက် မပျော်ရွှင်စွာ ပြောလိုက်သည် “ဒီနေ့ ရှင်က ကျွန်မနဲ့အတူတူ ရှော့ပင်ထွက်ပြီး အရသာရှိတာတွေ စားမယ်၊ ရုပ်ရှင်တွေကြည့်မယ်လို့ သဘောတူခဲ့တယ်။ ဒါပေမယ့် အခု ရှင့်ရဲ့လူနာကို ကုသမှုကြောင့်နဲ့ အရာအားလုံး နှောင့်နှေးခဲ့တယ်။ ဒါက ဒီဘေဘီရဲ့နှလုံးသားကို နာကျင်စေတယ်၊ သူမက ရေချိုးဖို့တောင် ခွန်အားမရှိတော့ဘူး”
ထန်ရှုက မရယ်ဘဲ မနေနိုင်ကာ ပြောလိုက်သည် “ဘယ်လိုလုပ်ပြီး မင်းက ကလေးတစ်ယောက်လို လုပ်နိုင်ရတာလဲ။ ငါလဲ ဒီလိုမျိုး ဘယ်ဖြစ်ချင်ပါ့မလဲ။ ကောင်းပါပြီ၊ ကောင်းပါပြီ၊ မနက်ဖြန်တစ်နေ့လုံး ငါ မင်းနဲ့အတူ ရှိနေပေးမယ်ကွာ”
အိုးရန်လုလု၏မျက်နှာပေါ်ရှိမကျေမနပ်မှုတို့က ချက်ချင်း ပျောက်ကွယ်သွားသည်။ သူက ဆိုဖာမှ ချက်ချင်း ခုန်ထကာ ပြုံးကာ ပြောလိုက်၏ “သေချာတယ်နော်၊ နောက်ပြန်မရုတ်သိမ်းရဘူးနော်”
‘အေးပါဆို”ထန်ရှုက ပြုံးကာ ခေါင်းညိတ်လိုက်သည်။
အိုးရန်လုလုက ရေချိုးခန်းထဲသို့ ဝင်သွားပြီး ရေသံအား ကြားလိုက်ရပြီးနောက် ထန်ရှုက ဖုန်းထုတ်ကာ မုဝမ်ရင်၏နံပါတ်အား ခေါ်လိုက်သည်။ ထို့နောက် သူက ပြောလိုက်၏ “ဝမ်ရင်၊ ငါ အခု ရေလက်ဝါးပြာစံအိမ်မှာ ရှိနေတယ်၊ လီချိုက်က သူမအမေကို ခေါ်လာတာကို ရုတ်တရက် သိလိုက်ရလို့ပါ။ ဒါကြောင့် လူနာရဲ့အခြေအနေကို စစ်ဆေးဖို့ ငါ သွားခဲ့တာ”
“ရှင် သူမကို ကုသနိုင်လား”
ထန်ရှုက ရုတ်တရက် ထွက်ခွာသွားသောကြောင့် မုဝမ်ရင်က အတော်ကလေးမကျေမနပ်ဖြစ်သော်လည်း သူမက စိုးရိမ်စွာ မေးလိုက်သေး၏။
“ငါ ကုသနိုင်ပါတယ်၊ ဒါပေမယ့် အတော်လေးတော့ ကြိုးစားရမယ်”ထန်ရှုက ပြုံးကာ ပြောလိုက်သည် “ဒါနဲ့ အခုက နောက်ကျနေပြီ၊ ဒါကြောင့် ငါ ဒီညမပြန်လာတော့ဘူး”
“ဒါဆို ကောင်းကောင်းအနားယူအိပ်စက်ပါ”မုဝမ်ရင်က ပြန်ပြော၏ “ပြီးတော့ နောက်ရက်အနည်းငယ်အတွင်း ကျွန်မလဲ ရှင်နဲ့ အဖော်မပြုပေးနိုင်တော့ဘူး။ နေ့လည်တုန်းက ကုမ္ပဏီက ကျွန်မကို အကြောင်းကြားလာတယ်၊ ကျွန်မရှိဖို့လိုအပ်တဲ့အရေးကြီးကိစ္စတစ်ခုရှိနေလို့တဲ့”
“ဒါဆို ကောင်းပါပြီ။ မင်း ပြီးစီးတဲ့အခါကျရင် ငါ့ကို ခေါ်လိုက်ပါ”ထန်ရှုက ပြော၏။
ဖုန်းချပြီးနောက် ထန်ရှုက မုဝမ်ရန်အတွက် စိတ်ထဲ၌ ဝမ်းနည်းသလို ခံစားမိ၏။ သို့သော် အရူးမအိုးရန်လုလုက ရင်ဆိုင်ရာ အမြဲတမ်းခက်ခဲသည်။ သူက သူမနှင့် အတူမရှိပေးလျှင် ဘယ်နေရာဘယ်အချိန်တွင် သူမက သူ့အား လာရှာမည်ကို မသိနိုင်ပေ။
ညဆယ်နာရီ။
သလင်းကျောက်မီးအိမ်အလင်းက နေ့အချိန်အလား အခန်းတစ်ခုလုံး လင်းထိန်နေသည်။ လီချိုက်၏ခန္ဓာကိုယ်က ခပ်ဖျော့ဖျော့ရနံ့တစ်ခု ထုတ်လွှတ်နေပြီး သူမက မှန်ရှေ့တွင် ရပ်ရင်း သူမ၏အသားအရေအား အဆက်မပြတ်လေ့လာနေသည်။ ရေချိုးပြီးနောက် သူမ၏အသားအရေက ယခင်ကနှင့် အနည်းငယ်ကွဲပြားနေသည်ကို ခုလေးတင် သူမက သဘောပေါက်သွား၏။
ယခင်က ကြမ်းတမ်းသောအသားအရေဆိုလျှင် ယခုက နူးညံ့ချောမွေ့သောအသားအရေဟု ပြောနိုင်သည်။
“မင်း မှန်ရှေ့မှာပဲ ဆက်ကြည့်နေအုံးမလို့လား၊ ချိုက်အာ။ ငါ့ကို ပြောစမ်းပါ၊ ထန်ရှုက မင်းကို ဘာလုပ်ခဲ့တာလဲ။ မင်းကြည့်ရတာ တစ်နေ့တည်းနဲ့ ပြောင်းလဲသွားပုံပဲ။ မင်းရဲ့အသားအရေက အများကြီးပိုချောလာရုံတင်မကဘူး၊ မင်းရဲ့အရပ်ကလဲ အရင်ကထက် နှစ်ဒါမှမဟုတ်သုံးစင်တီမီတာခန့်လောက် ပိုမြင့်သွားတယ်”ဟူရှောက်ခန်းက လီချိုက်အနောက်ရှိ ဆိုဖာပေါ်တွင် ထိုင်နေပြီး သူက ထိတ်လန့်တုန်လှုပ်စွာနှင့် ပြောလိုက်၏။
လီချိုက်က လှည့်ကြည့်ကာ မေးလိုက်သည် “စောစောက ဘာပြောခဲ့တာလဲ၊ အကိုရှောက်ခန်း။ ကျွန်မက အရင်ကထက် နှစ်ဒါမှမဟုတ်သုံးစင်တီမီတာလောက် ပိုမြင့်လာတယ်ပေါ့လေ”
“ဟုတ်တယ်၊ ငါတို့ အခန်းထဲကို အတူဝင်လာတဲ့အချိန်မှာ သိလိုက်ရတာ”ဟူရှောက်ခန်းက ခေါင်းညိတ်ကာ ပြော၏ “မင်းရဲ့အရပ်က ငါ့ပခုံးလောက်ပဲ ရှိတယ်ဆိုတာ ငါ မှတ်မိပါတယ်၊ အခု မင်းက ငါ့မေးစေ့နီးပါးရှိနေပြီ။ နေ့တစ်ရက်ပဲ ရှိသေးတယ်၊ မင်းက နှစ်ဒါမှမဟုတ်သုံးစင်တီမီတာလောက် ပိုမြင့်လာတယ်၊ ဒီထက်တောင် ပိုနိုင်တယ်”
လီချိုက်က ပင့်သက်ရှိုက်လိုက်ပြီး သူမမျက်လုံးထဲရှိတောက်ပမှုက ပိုတောင် ပြင်းထန်လာကာ ရေရွတ်လိုက်၏ “အံ့အားသင့်စရာပဲ။ နတ်ဆေးဆရာထန်က တကယ်ကို နတ်ဘုရားတစ်ယောက်လိုပဲ။ ဒီကမ္ဘာမှာ သူ့ထက် ပိုအံ့အားသင့်စရာကောင်းတဲ့သူရှိမယ်လို့ ငါ မထင်ဘူး”
သူ့ရှေ့တွင် လီချိုက်က ထန်ရှုအား ချီးကျူးသည့်အပေါ် သူက ဘယ်လောက်ပဲ မပျော်မရွှင်ဖြစ်နေပါစေ၊ ထန်ရှုက တကယ်စွမ်းရည်ရှိသည်ကို သူက ဝန်ခံရမည်။ ဒီလိုနည်းလမ်းတစ်ခုက သူ့အတွက် အံ့ဖွယ်တစ်ခုပင်။
“ငါ့ကို မြန်မြန်ပြောပါ၊ ထန်ရှုက မင်းကို ဘာလုပ်ခဲ့တာလဲ၊ ချိုက်အာ”
လီချိုက်က အသိပြန်ဝင်လာသည်။ သူမက တုံ့ဆိုင်းပြီးနောက် ပြောလိုက်၏ “ဒါနဲ့ပတ်သက်ပြီး ငါ အများကြီး ပြောလို့မရဘူး၊ အကိုရှောက်ခန်း။ ဘယ်သူ့ကိုမှ မပြောပြဖို့ ငါ သူ့ကို ကတိပေးခဲ့လို့ပဲ။ ဒါပေမယ့် ကျေးဇူးပြုပြီး နတ်ဆေးဆရာထန်ကို ယုံကြည်ပေးပါ။ သူက အရမ်းတော်ပြီး မှင်တက်စရာကောင်းလောက်အောင် စွမ်းဆောင်နိုင်တယ်၊ သူက ကောင်းကင်ဘုံသားတွေနဲ့တောင် နှိုင်းယှဉ်နိုင်တယ်။ သူက ငါ့ကို အများကြီး သင်ကြားပေးခဲ့တယ်ဆိုတာ ငါ ပြောနိုင်တယ်၊ သူ ငါ့ကို သင်ကြားပေးခဲ့တဲ့အရာတွေက သူ့ကို ငါ့ဆရာအဖြစ် မိတ်ဆက်ဖို့အတွက် လုံလောက်သည်ထက်တောင် ပိုတယ်”
ဟူရှောက်ခန်းက နှုတ်ဆိတ်သွားသည်။ သူက လီချိုက်၏စရိုက်အား ကောင်းကောင်းသိသည်။ သူမက တစ်ခုခုအား ကတိပေးခဲ့လျှင် ဘယ်တော့မှ ပြောင်းလဲမည်မဟုတ်တော့ပေ။ သူ ဆက်မေးလျှင်ပင် အဖြေ ဘယ်လိုမှ မရနိုင်ပေ။ သို့သော် သူ့စိတ်ထဲတွင် ကိစ္စတစ်ခုက ပေါ်လာခဲ့ပြီး သူက ဆက်ပြော၏ “ချိုက်အာ၊ ထန်ရှု မင်းကို သင်ပေးခဲ့တာတွေနဲ့ပတ်သက်ပြီး ငါ မမေးတော့ဘူး။ ဒါပေမယ့် မင်း ငါ့ကို နောက်တစ်ခုတော့ ဖြေပေးရမယ်”
‘ဘာကိုလဲ”လီချိုက်က မေးလိုက်သည်။
“သူက မင်းရဲ့သက်တမ်းကို တိုးပေးနိုင်တယ်လို့ နတ်ဆေးဆရာထန်က ပြောခဲ့တယ်။ ဒါ အမှန်ပဲလား”ဟူရှောက်ခန်းက မေးလိုက်သည်။
မိန်းကလေးက ခဏတုံ့ဆိုင်းပြီးနောက် ခေါင်းညိတ်လိုက်၏ “ဒါ အမှန်ပဲလို့ ငါ ထင်တယ်။ အခု ငါ ဘယ်လိုပြောင်းလဲသွားသလဲဆိုတာ ရှင်လဲ မြင်တာပဲ။ နတ်ဆေးဆရာထန်က ငါ့ကို အလွန်ဆန်းကြယ်တဲ့ဆေးတစ်လုံး ပေးခဲ့တယ်။ အဲဒါက ငါ့ရဲ့ရုပ်ပိုင်းဆိုင်ရာကို ပြောင်းလဲပေးရုံတင်မကဘူး၊ ငါ့ကို ဆက်ကျော်သက်အရွယ်ကို ပြန်ရောက်စေခဲ့တယ်လို့ ငါ ရေးရေးလေးခံစားမိတယ်”
ဤသည်ကို ကြားပြီး ဟူရှောက်ခန်း၏အမူအရာက ပြောင်းလဲသွားပြီး သူက လျင်မြန်စွာ မေးလိုက်သည် “သူက အန်တီကျွမ်းကို ဘယ်အချိန်ကုသမယ်လို့ ပြောခဲ့လား”
သူ ငါ့ကို ဆေးလုံးအနည်းငယ် ပေးခဲ့တယ်ဦ အသက်အဆီအနှစ်ဆေးလုံးတွေလို့ ခေါ်ပုံပဲ”လီချိုက်က ပြော၏ “ငါ ဒီဆေးလုံးတွေကို သောက်ပြီးတဲ့အခါကျရင် ငါ့အမေကို ကုသပေးမယ်လို့ သူ ပြောတယ်”
ဟူရှောက်ခန်းက တစ်ခုခုအား စဉ်းစားမိပုံရကာ ထန်ရှုအား သူကိုယ်တိုင်တွေ့ရန် ဆုံးဖြတ်ပြီးနောက် လက်ဝှေ့ယမ်းကာ ပြောလိုက်သည် “ကောင်းပါပြီ၊ ဒါဆို မင်း ကောင်းကောင်းအနားယူပါ၊ ချိုက်အာ။ ငါ နတ်ဆေးဆရာထန်နဲ့ စကားတစ်ချက် ပြောလိုက်အုံးမယ်”
“အာ၊ စောင့်ပါအုံး။ ငါလဲ သွားမယ်”လီချိုက်က ကမန်းကတန်း ပြောလိုက်သည်။
“ဘာအတွက်လဲ”ဟူရှောက်ခန်းက မေးလိုက်သည်။
“ငါ အခုထိ ဘာမှ မစားရသေးဘူးလေ”လီချိုက်က ပြောလိုက်သည် “ငါ နည်းနည်းလေးတောင် ဆာတယ်လို့ မခံစားမိပေမယ့် ငါ့ဗိုက်ကို တစ်ခုခုတော့ ဖြည့်ရမှာပဲ။ အာ၊ ဟုတ်တယ်၊ ရှင် နတ်ဆေးဆရာထန်ဆီကိုရော အစားအစာတွေ မပို့ပေးခဲ့ဘူးလား။ သူက တစ်နေ့လုံး ဘာမှ မစားရသေးဘူး”
ဤသည်ကို ကြားပြီး ဟူရှောက်ဖန်က သူ့နဖူးအား ချက်ချင်းရိုက်လိုက်သည် “အလာ၊ ဒါ ငါ့ရဲ့အမှားပဲ။ ငါ ပေါ့ဆလွန်းတာပဲ။ ငါ အခုပဲ စီစဉ်ပေးလိုက်မယ်”
များမကြာမီ ဟင်းပွဲဆယ်ပွဲကျော်က ထန်ရှုနေသောအခန်းသို့ ရောက်ရှိလာသည်။ လီချိုက်လည်း အတူတကွ ရောက်လာပြီး ပြုံးကာ ပြောလိုက်သည် “နတ်ဆေးဆရာထန်၊ အမအိုးရန်၊ ဒီနေ့ အမတို့နှစ်ယောက်လုံးကို ခက်ခဲစေမိပြီ၊ ဒါကြောင့် ငါ အကိုရှောက်ဖန်ကို စားပွဲတစ်ခု ပြင်ဆင်ခိုင်းလိုက်တယ်။ ငါတို့ ညစာအတူတူစားကြမလား”
“ငါ အဆင်ပြေပါတယ်…”
အိုးရန်လုလုကိုယ်တိုင်က လီချိုက်အား အရမ်းသဘောကျသည်၊ ထို့ကြောင့် သူမက အဖြူရောင်မျက်နှာသုတ်ပဝါအား ဘေးသို့ ပစ်ထုတ်ကာ မိန်းကလေးဆီ လျှောက်လာလျက် သူမလက်ကို ဆွဲကာ အဖြေပေးလိုက်သည်။
“ဟူရှောက်ခန်းရော”ထန်ရှုက မေးလိုက်သည်။
“သူ အစက အတူတူလာမလို့ပဲ၊ သူ ရှင့်ကို မေးစရာတစ်ခုရှိတယ်လို့ ပြောခဲ့တယ်”လီချိုက်က ပြော၏ “ဒါပေမယ့် ဟောင်မျိုးရိုးလို့ခေါ်တဲ့သူငယ်ချင်းတစ်ယောက်က သူ့ကို တစ်နေကုန်စောင့်နေတယ်ဆိုတာ ကျွန်မ ကြားလိုက်ရတယ်၊ ဒါကြောင့် အဲဒီသူငယ်ချင်းနဲ့ အရင်တွေ့ဖို့ သူ သွားတယ်။ ပြီးတော့…ကျွန်မ ရှင့်ကို တစ်ခု မေးလို့ရမလား၊ နတ်ဆေးဆရာထန်”
“မေးပါ”ထန်ရှုက ခေါင်းညိတ်လိုက်သည်။
သူ့အား ကြည့်ရင်း လီချိုက်မျက်လုံးထဲရှိမျော်လင့်ချက်က သူမအား သစ္စာဖောက်ခဲ့သည် “နတ်ဆေးဆရာထန်၊ အနာဂတ်မှာ ကျွန်မ ရှင့်ကို ဆရာတစ်ယောက်လို့ ခေါ်လို့ရလား”
“ငါ့ကိုလား။ ဆရာလား”ထန်ရှု၏အမူအရာက ထူးဆန်းသွားသည်။
“ရှင်က ကျွန်မကို ဗဟုသုတအများကြီး သင်ပေးခဲ့တယ်၊ နတ်ဆေးဆရာထန်။ ဒါ့အပြင် ရှင်က ကျွန်မကို ပြန်လည်မွေးဖွားသလို တစ်စုံတစ်ခု ပေးခဲ့တယ်”လီချိုက်က ကမန်းကတန်း ရှင်းပြလိုက်သည် “ဒါကြောင့် ရှင့်အပေါ် ကျွန်မရဲ့လေးစားမှုကို ဖော်ပြဖို့ ကျွန်မက ရှင့်ကို ဆရာလို့ ခေါ်သင့်တယ်လို့ ထင်တာကြောင့်ပါ”
စားပွဲပေါ်ရှိ ဟင်းပွဲများအား လျင်မြန်စွာ သိမ်းနေသော စားပွဲထိုးများကို ကြည့်ရင်း ထန်ရှုက စီးကရက်မီးညှိလိုက်သည်။ သူတို့က ဝိုင်ပုလင်းအနည်းငယ်သာ ချန်ကာ လျင်မြန်စွာ ထွက်သွားကြသည်။ ထို့နောက် သူက တစ်ဖွာရှိုက်ကာ ခေါင်းခါယမ်းလိုက်သည် “မင်းအမေက အသက်ရှင်နေသေးတယ်၊ ဒါကြောင့် ငါ မင်းကို တပည့်တစ်ယောက်အဖြစ် မလက်ခံနိုင်ဘူး။ သူမနဲ့ချည်နှောင်ထားတဲ့ဆိုးဝါးတဲ့ကံကြမ္မာက အရမ်းလေးလံတယ်၊ ငါတို့က ဆရာတပည့်အဖြစ် ချည်နှောင်လိုက်တာနဲ့ ဆိုးဝါးတဲ့ကံကြမ္မာက ငါ့ဆီ လှည့်လာမှာကို ငါကြောက်တယ်။ ငါက အဲဒီဆိုးဝါးတဲ့ကံကြမ္မာချည်နှောင်မှုကို ငါ့ရဲ့စွမ်းအားနဲ့ ယာယီဖြတ်လိုက်ရင်တောင် ငါ့ရဲ့ကျင့်ကြံခြင်းကို ထိခိုက်စေဖို့ များတယ်”
“ဆိုးဝါးတဲ့ကံကြမ္မာလား”လီချိုက်က ပဟေဠိဖြစ်ကာ မေးလိုက်သည် “ဆိုးဝါးတဲ့ကံကြမ္မာဆိုတာ အတိအကျ ဘာလဲ”
“ဒါနဲ့ပတ်သက်ပြီး ထပ်မမေးဖို့ ငါ မင်းကို အကြံပေးချင်တယ်”ထန်ရှုက အားတင်းပြုံးကာ ပြောလိုက်၏ “မဟုတ်ရင် အဲဒါက မင်းရဲ့စိတ်အခြေအနေနဲ့နှလုံးသားကို အကြီးအကျယ် သက်ရောက်စေလိမ့်မယ်။ ဒီလိုလွှမ်းမိုးမှုမျိုးက မင်းရဲ့အနာဂတ်ကျင့်ကြံခြင်းမှာ အောင်မြင်တွေရဖို့ ခက်ခဲစေလိမ့်မယ်”
“ဒါပေမယ့် ဒါက ငါ့အမေရဲ့ကိစ္စနဲ့ ပတ်သက်တာကြောင့် ငါ တကယ်သိချင်တယ်”လီချိုက်က ပြောလိုက်သည် “ရှင့်ဆီကနေ ဘယ်လိုကျင့်ကြံရမလဲဆိုတာကို သင်ယူရတာ ကျွန်မအတွက် ကံကောင်းတဲ့အရာတစ်ခုပဲ၊ နတ်ဆေးဆရာထန်၊ ဒါကြောင့် အနာဂတ်မှာ အဲဒါက ဘယ်လိုသက်ရောက်မှုမျိုးရှိပါစေ၊ ကျွန်မ မကြောက်ဘူး”
သက်ပြင်းချကာ ထန်ရှုက ပြောလိုက်သည် “ဒါဆို မင်း တိုက်တွန်းမှတော့ ငါ မင်းကို ပြောပြမယ်။ မင်းအမေရဲ့အတိတ်ဘဝမှာ ငါ စိတ်ကူးနိုင်တာထက်ပိုတဲ့ပြစ်မှုတွေကို ကျူးလွန်ခဲ့တယ်။ သူမကို ကုသတဲ့အချိန်မှာ ကောင်းကင်ဘုံရဲ့ရှာဖွေတွေ့ရှိမှုကို ကာကွယ်ဖို့ ဖုန်းရွှေအစီအရင်တစ်ခုကို ခင်းကျင်းထားမယ်ဆိုရင်တောင် ငါ့ကို အကြီးအကျယ် ထိခိုက်စေလိမ့်မယ်”
မျက်လုံးကျုံ့သွားလျက် လီချိုက်က သူမခေါင်းအား ကမန်းကတန်း ခါယမ်းကာ ပြောလိုက်သည် “ရှင်အထင်မှားနေတာဖြစ်ရမယ်၊ နတ်ဆေးဆရာထန်။ အမေက သတ္တဝါသေးသေးလေးတွေတောင် ဒဏ်ရာရသွားမှာကို ကြောက်ရွံ့တဲ့ ကြင်နာတတ်တဲ့လူတစ်ယောက်ပဲ။ ဘယ်လိုလုပ်ပြီး သူမက ဒီလိုပြစ်မှုတွေကို ကျူးလွန်ဖို့ ဖြစ်နိုင်မှာလဲ”
“သူမရဲ့အတိတ်ဘဝမှာ လုပ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ငါ ပြောနေတာ”ထန်ရှုက ပြန်ပြော၏ “မင်တို့နှစ်ယောက် ငါနဲ့ လာဆုံတာ အရမ်းကံကောင်းတယ်လို့ ငါ အရင်က ပြောခဲ့တယ်မလား၊ မဟုတ်ရင် အဲဒီဆိုးဝါးတဲ့ကံကြမ္မာက သူမရဲ့နောက်ဘဝတွေထိ လိုက်ပါသွားပြီး ဘယ်တော့မှ အဆုံးသတ်လိမ့်မှာမဟုတ်ဘူး”
လီချိုက်က ထန်ရှုအား စိုက်ကြည့်ကာ မေးလိုက်သည် “သူမရဲ့အတိတ်ဘဝမှာ ဘာလုပ်ခဲ့တာလဲ”
“သတ်ဖြတ်ခြင်း”ထန်ရှုက နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည် “သူမသတ်ခဲ့တဲ့သက်ရှိအရေအတွက်က ဒီဂြိုလ်ပေါ်က လူအရေအတွက်ထက် ကျော်လွန်တယ်”
“ဘာ…”
လီချိုက်က အံ့အားသင့်စွာ ပြောလိုက်ပြီး မယုံကြည်နိုင်မှုက သူမမျက်လုံးထဲ၌ လျှံကျလာတော့သည်။ ကမ္ဘာမြေပေါ်တွင် လူဘယ်လောက် နေထိုင်သည်ကို သူမက မသေချာသော်ငြား အရေအတွက်က သေချာပေါက် လူခုနှစ်ဘီလီယံကျော်သည်။ ဒါပေမယ့် သူမအမေရဲ့အတိတ်ဘဝမှာ သတ်ခဲ့တဲ့အရေအတွက်က ခုနှစ်ဘီလီယံထက် ကျော်တာလား။
ဒါ…ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ကမ္ဘာကြီးရဲ့ဘယ်နေရာမှာများ သူမသတ်ဖို့အတွက် ဒီလောက်များတဲ့လူတွေ ရှိတာလဲ။