ငါ ပိုက်ဆံပြတ်နေတာ မဟုတ်ဘူး
Vol. 81 Ch. 1128
ဒီမတိုင်ခင်တုန်းက လီချိုက်က ထန်ရှုအား နတ်ဘုရားလို တည်ရှိမှုဟု သတ်မှတ်ခဲ့သည်၊ သူ့အား ကိုးကွယ်ဆည်းကပ်ချင်ခဲ့၏။ သို့သော် ထန်ရှုပြောခဲ့သည်အား သူမက တကယ် လက်မခံနိုင်ပေ၊ သူ့အပေါ် သူမ၏ယုံကြည်မှုပင် ယိမ်းယိုင်သွားသည်။ သူမအတွက် သူမအမေက ကမ္ဘာပေါ်တွင် အကြင်နာဆုံးအမျိုးသမီးဖြစ်ပြီး လူခုနှစ်ဘီလီယံကျော်အသာထား၊ သူမက ဘယ်သူ့ကိုမှ မသတ်ခဲ့ပေ။
“ရှင် သေချာပေါက် အထင်လွဲမှားနေတာ ဖြစ်ရမယ်၊ နတ်ဆေးဆရာထန်”
“ငါက လျှို့ဝှက်ချက်တွေ အများကြီး ထုတ်ဖော်ပြောလို့မရဘူး”ထန်ရှုက ခေါင်းခါယမ်းကာ ပြောလိုက်သည် “ဒါပေမယ့် ရိုးရှင်းတဲ့အရာအချို့ကိုတော့ ငါ မင်းကို ပြောနိုင်ပါတယ်။ မင်းအမေက သူမရဲ့အတိတ်ဘဝမှာ ကျင့်ကြံသူတစ်ယောက်ဖြစ်ခဲ့တယ်၊ နောက်ပိုင်းမှာ ကြောက်စရာကောင်းပြီးအားကောင်းတဲ့အမျိုးသမီးနတ်ဆိုးတစ်ယောက်အဖြစ် အဆုံးသတ်ခဲ့တယ်။ ဒါပေမယ့် သူမရဲ့အတိတ်ဘဝက ဒီကမ္ဘာမှာ မဟုတ်ဘူး၊ ဒါပေမယ့်် သူမရဲ့မှတ်ဉာဏ်တွေကနေ သွေးတွေက မြစ်တစ်စင်းအလား အရိုးတောင်လိုပုံနေတဲ့ပင်လယ်ထဲကို စီးဆင်းသွားတဲ့မြင်ကွင်းတွေကို ငါ မြင်လိုက်ရတယ်”
ကျင့်ကြံသူတစ်ယောက်နှင့်အမျိုးသမီးနတ်ဆိုးတစ်ယောက်လား။
မျက်ရည်များက လီချိုက်၏မျက်လုံးများထဲ၌ စိုဆွတ်လာသည်။ သူမက ခေါင်းခါယမ်းကာ ပြောလိုက်၏ “ဒါ မဖြစ်နိုင်ဘူး။ လုံးဝပဲ။ အမေ၊ သူမက…”
“ငါတို့တစ်ယောက်ချင်းစီတိုင်းမှာ ငါတို့ရဲ့ကိုယ်ပိုင်ကံကြမ္မာတစ်ခုရှိတယ်။ မင်းက ကျင့်ကြံမှုကို စတင်ကာစပဲရှိသေးတယ်၊ မင်းက မင်းခန္ဓာကိုယ်ထဲက အစစ်အမှန်အဆီအနှစ်စွမ်းအင်အတက်အကျခပ်ဖျော့ဖျော့ကိုပဲ ခံစားနိုင်ပေမယ့် မင်းက ကျင့်ကြံခြင်းလမ်းကြောင်းအပေါ် အခြေချထားပြီဖြစ်တယ်။ သံသရာလှည်းဘီးထဲကပြန်လည်မွေးဖွားခြင်းလမ်းကြောင်းခြောက်ခုလို လက်ရှိမှာ မင်းသိဖို့မသင့်လျော်တဲ့အရာတွေရှိတယ်။ သူတို့က မြေအောက်ကမ္ဘာနဲ့ငရဲဘုရင်တွေနဲ့အတူ တည်ရှိတယ်။ လီချိုက်၊ ကမ္ဘာက ဆန်းကြယ်မှု၊ မှော်ဆန်မှုတွေနဲ့ အပြည့်ပဲ”
“ငါ လိုအပ်တယ်…တစ်ယောက်တည်းနေဖို့ အချိန်လိုအပ်တယ်”
လီချိုက်က သူမ၏ဝိညာဉ်အား ဆုံးရှုံးသွားပုံရကာ အခန်းထဲမှ ထွက်သွားသည်။
အိုးရန်လုလုက သူမပျောက်ကွယ်သွားသည်ကို စာနာသနားသောမျက်လုံးများနှင့် ကြည့်လိုက်သည်၊ ထို့နောက် သူမမျက်လုံးများက ထန်ရှုထံ လိမ့်လာပြီး မာဆတ်ဆတ်နှင့် ပြောလိုက်၏ “ဒီလိုအရာတွေ ပြောပြတာက သူမအတွက် ရက်စက်လွန်းတယ်ဆိုတာ ရှင် မသိဘူးလား။ ဒါက သူမနဲ့ တွေ့ဆုံတာ ငါ့ရဲ့ပထမဆုံးအကြိမ်ဖြစ်ပေမယ့် သူမက သန့်စင်ရိုးစင်းသောမိန်းကလေးတစ်ယောက်ဆိုတာ ငါ ပြောနိုင်တယ်”
“သူမရဲ့သက်တမ်းကို တိုးဖို့ ကျင့်ကြံခြင်းပညာရပ်တစ်ခုကို ငါ သင်ကြားပေးခဲ့တယ်”ထန်ရှုက တည်ငြိမ်စွာ ပြောလိုက်သည် “သူမက ကြိုးစားပြီး အခွင့်အလမ်းကောင်းတစ်ခုနဲ့ ကြုံကြိုက်မယ်ဆိုရင် အနာဂတ်မှာ သူမက ကြီးမြတ်သောတက်လှမ်းခြင်းအဆင့်ကို ရောက်သွားနိုင်တယ်။ ဒါပေမယ့် သူမရဲ့စိတ်အခြေအနေက ဆိုးရွားတယ်။ သူမက သစ်ပင်ကြီးတစ်ပင်ရဲ့ဖျက်ဆီးခြင်းကို ခံရတဲ့ မြက်ပင်ငယ်တစ်ပင်လိုပဲ၊ မုန်တိုင်းကို ပျက်ပြယ်စေဖို့က သူမအတွက် ခက်ခဲလိမ့်မယ်။ ဒါပေမယ့် သူမရဲ့စိတ်က အပြောင်းအလဲဖြစ်သွားသရွေ့ သူမက အနာဂတ်မှာ ဆက်တိုးတက်နိုင်မှာပါ။ ဒါကြောင့် ငါ သူမကို အခုကတည်းက ကြမ်းကြမ်းတမ်းတမ်းလုပ်ခဲ့တာ။ ဒါပေမယ့် သနားစရာတစ်ခုကတော့…”
“သနားစရာလား။ အဲဒါ ဘာများလဲ”သူမက ထန်ရှု၏အမြင်အား နားလည်သော်လည်း အိုးရန်လုလုက မေးလိုက်သည်။
“သူမအမေစုဆောင်းထားတဲ့ဆိုးဝါးတဲ့ကံကြမ္မာက လေးလံလွန်းတာပဲ”ထန်ရှုက သက်ပြင်းချလိုက်သည် “ငါက သူမရဲ့အမေကို ယာယီကုသပေးနိုင်ရင်တောင် သူမက ဆယ်နှစ်ပဲ ကျန်မှာကို ငါ စိတ်ပူတယ်။ ဒါကလဲ ငါက သူမရဲ့သက်တမ်းကို ဆွဲဆန့်ဖို့ လီချိုက်ရဲ့သက်တမ်းကို အသုံးပြုလို့ပဲ။ ဒါကြောင့် လီချိုက်က အများဆုံးခြောက်ဆယ်အထိပဲ အသက်ရှင်နိုင်မယ်”
“နှစ်ခြောက်ဆယ်လား”အိုးရန်လုလုက တုန်လှုပ်သွားပြီး သူမက သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
“ဟုတ်တယ်”ထန်ရှုက ခေါင်းညိတ်ကာ ရှင်းပြလိုက်သည် “သူမက ငါနဲ့ မတွေ့ရင် လီချိုက်က နှစ်ရှစ်ဆယ်ကျော်သက်တမ်းရှိတယ်။ သူမက အခု အသက်နှစ်ဆယ်ကို နည်းနည်းလေးကျော်နေပြီ၊ ဒါပေမယ့် သူမက မကြာခင် သေရလိမ့်မယ်။ ဒါကြောင့် ငါ သူမကို အသက်အဆီအနှစ်ဆေးလုံးပေးပြီး ကျင့်ကြံခြင်းလမ်းကြောင်းအပေါ် အခြေချနိုင်အောင် ကူညီပေးခဲ့တာပဲ။ ပြီးရင် ငါဆိုလိုတာက အနာဂတ်မှာ သူမက ကြိုးစားအားထုတ်ပြီး အခွင့်အလမ်းကောင်းတစ်ခုကို ရှာတွေ့နိုင်ရင် သူမရဲ့ကျင့်ကြံခြင်းအဆင့်တိုးတက်မှုအရ သူမက နောက်ထပ်ဆယ်နှစ်ဒါမှမဟုတ်နှစ်နှစ်ဆယ်ကျော် အသက်ရှင်နိုင်မယ်”
အိုးရန်လုလုက ကုလားထိုင်မှ ရုတ်ချည်းထရပ်ကာ ခေါင်းခါယမ်းလျက် ပြောလိုက်သည် “ဒီနည်းလမ်းက လီချိုက်အတွက် ရက်စက်လွန်းတယ်လို့ မထင်ဘူးလား။ ရှင် သူမကို ဘာလို့ အရင်မပြောခဲ့တာလဲ”
“ဘာလို့လဲဆိုတော့ ငါ သူမကို ပြောပြရင်တောင် သူမက သူမအမေရဲ့အသက်ကို ကယ်တင်ဖို့ နည်းနည်းလေးတောင် တုံ့ဆိုင်းနေမှာ မဟုတ်လို့ပဲ”ထန်ရှုက ပြော၏ “ဒါပေမယ့် အကျိုးဆက်တွေကို မသိတာက သူမရဲ့နှလုံးသားထဲမှာ ဘာဝန်လေးမှုမှ မရှိစေတော့ဘူး၊ ဒါကြောင့် သူမက ကောင်းကောင်းမွန်မွန်အသက်ရှင်နိုင်လိမ့်မယ်။ သို့မဟုတ်ရင် သူမက ကံစီရင်မှုကို ဘယ်ရင်ဆိုင်နိုင်ပါ့မလဲ”
အိုးရန်လုလုက နှုတ်ဆိတ်သွားပြီး သူမက အကြောင်းပြချက်အား နားလည်သွား၏။
“သူမက တကယ် သနားစရာကောင်းတာပဲ…”သူမက သက်ပြင်းဖျော့ဖျော့ချလိုက်၏။
“ဒါက သူမရဲ့ကံကြမ္မာဖြစ်နိုင်သလို သူမရဲ့အခွင့်အရေးလဲ ဖြစ်တယ်”ထန်ရှုက ပြော၏ “သူမက ဘယ်လိုအနာဂတ်မျိုးရှိမယ်ဆိုတာ သူမအမေအပေါ် မူတည်တယ်”
“မင်း ဘာဆိုလိုတာလဲ”အိုးရန်လုလုက ခေါင်းရှုပ်စွာနှင့် မေးလိုက်သည်။
“သူမအမေက စောစောသေသွားရင် ငါ သူမကို တပည့်တစ်ယောက်အဖြစ် လက်ခံပြီး မြင့်မားတဲ့တန်ဖိုးတစ်ခုပေးချေရရင်တောင် သူမရဲ့ဆုံးရှုံးသွားတဲ့သက်တမ်းကို ငါ ပြန်အစားထိုးပေးမယ်”ထန်ရှုက ပြော၏ “အချိန်ကြာလာတာနဲ့အမျှ သူမက ပိုသန်မာလာပြီး အင်မော်တယ်အဖြစ် တက်လှမ်းဖို့တောင် ဖြစ်နိုင်တယ်”
အိုးရန်လုလုက ပြောစရာစကားမဲ့သွားသည်။ ဤကိစ္စနှင့်ပတ်သက်၍ သူမက ဘာမှမပြောနိုင်ပေ။
ဆယ်မိနစ်ကြာပြီးနောက် ဟူရှောက်ခန်းက အခန်းထဲသို့ ဝင်လာ၏၊ ညစာစားနေသောထန်ရှုနှင့်အိုးရန်လုလုတို့အား တွေ့လိုက်ပြီးနောက် သူက သိလိုစိတ်နှင့် မေးလိုက်သည် “အာ၊ ချိုက်အာက မလာဘူးလား။ သူမက အခု ဘယ်မှာလဲ”
“သူမက အနားယူဖို့ ပြန်သွားတယ်”ထန်ရှုက ပြန်ဖြေသည်။
ခေါင်းညိတ်တုံ့ပြန်လျက် ဟူရှောက်ခန်းက ထန်ရှုအရှေ့သို့ ရောက်လာပြီး ဘဏ်ကတ်တစ်ခု ကမ်ပေးလိုက်၏ “ဒါနဲ့ မင်းကို လူကိုယ်တိုင် တောင်းပန်ဖို့ ဟောင်ကျီကျီက မင်းနဲ့ တွေ့ချင်တယ်တဲ့။ ဒါပေမယ့် မင်းက အနားယူသွားပြီလို့ ငါ သူ့ကို ပြောခဲ့တယ်၊ ဒါကြောင့် သူက ဒါကို မင်းဆီ ပေးခိုင်းခဲ့တယ်”
ဘဏ်ကတ်တစ်ခုလား။
ထန်ရှု၏အမူအရာက အေးစက်သွားသည်။ လူတွေက သူ့အား ရန်စသည့်အခါတိုင်း ပိုက်ဆံလျော်ကြေးပေးခြင်းက သူတို့အတွက် နောက်ဆုံးအဖြေ ဖြစ်လာကြသည်။
“ငါ ပိုက်ဆံပြတ်နေတာမဟုတ်ဘူး”ထန်ရှုက တည်ငြိမ်စွာ ပြောလိုက်၏။
ဟူရှောက်ခန်းက တုံ့ဆိုင်းပြီးနောက် အားတင်းပြုံးလိုက်သည် “ထန်ရှု၊ ဟောင်ကျီကျီနဲ့ ဝူတာလုံတို့က ငါ့ရဲ့သူငယ်ချင်းကောင်းတွေပဲ။ ငါ့မျက်နှာကို ထောက်ပြီး သူတို့ကို ခွင့်လွှတ်ပေးပါ။ ငါ ဒီကောင်တွေအကြောင်း သိတယ်။ သူတို့ရဲ့မိသားစုတွေက အလိုလိုက်ထားတာကြောင့် သူတို့က ပျက်ဆီးနေပေမယ့် အရမ်းတော့မဆိုးသွမ်းကြပါဘူး။ ပြောရမယ်ဆိုရင် နောက်ကျရင် သိုသိုသိပ်သိပ်နှိမ့်နှိမ့်ချချနေဖို့ သူတို့ကို ငါ ဆုံးမပါမယ်”
ထို့နောက် ထန်ရှုက ဘဏ်ကတ်ကို ယူကာ မေးလိုက်သည် “ဘယ်လောက်လဲ”
“ယွမ်သန်းလေးဆယ်။ သူတို့က တစ်ယောက်ကို သန်းတစ်ဆယ်စီ ပေးတယ်”ဟူရှောက်ခန်းက စိတ်အေးသွား၏။
ထန်ရှုက ခေါင်းညိတ်လိုက်သည် “ဒါက ငါ လက်ခံဖူးသမျှထဲမှာ အနည်းဆုံးလျော်ကြေးပဲ၊ ဒါပေမယ့် ဒီကိစ္စကို ဒီနေရာမှာပဲ ချန်ထားလိုက်ကြတာပေါ့။ ပြီးတော့ သူတို့ရဲ့မိသားစုတွေကို ဒုက္ခမပေးဖို့ သူတို့ကို ပြောလိုက်ပါ၊ ကပ်ဘေးတွေကို သူတို့ရဲ့မိသားစုဆီ မခေါ်လာပါစေနဲ့။ သူတို့က ပျက်ဆီးရုံတင်မက သူတို့ရဲ့အိမ်တွေလဲ သူတို့နောက်ကို လိုက်သွားရလိမ့်မယ်”
“ငါ သူတို့ကို သေချာပေါက် ဆုံးမလိုက်ပါ့မယ်”
ဟူရှောက်ခန်း၏မျက်နှာက လေးနက်နေသေးသည်။ ထန်ရှု၏စကားများက ဟောင်ကျီကျီတို့အဖွဲ့အတွက်သာမက သူ့အတွက်လည်းဖြစ်သည်ကို သူ ပြောနိုင်သည်။ သူက ထန်ရှု၏အထောက်အထားအား အမှတ်ရလိုက်ပြီး အနည်းငယ်ခေါင်းကိုက်သွား၏။ ဤလူက သာမန်လူတစ်ယောက်မျှသာဆိုလျှင် သူက ထန်ရှုနှင့် ထိပ်တိုက်ရင်ဆိုင်ရဲသည်။ သို့သော် ထန်ရှုက စူပါမိသားစုတစ်ခု၏မျိုးဆက်တစ်ယောက်ဖြစ်ပြီး သူ၏တောက်ပမှုနှင့်ထူးချွန်သောအရည်အသွေးများက ဆန့်ကျင်လို့မရသောအားကောင်းသည့်လူတစ်ယောက်ဖြစ်ကြောင်း သက်သေပြ၏။
“ဒါနဲ့ အခြားကိစ္စတစ်ခုနဲ့ ပတ်သက်ပြီး စကားပြောဖို့ အဆင်ပြေလား၊ နတ်ဆေးဆရာထန်”ဟူရှောက်ခန်းက သူ့အိတ်ကပ်မှ ဘဏ်ကတ်တစ်ခု ယူထုတ်ကာ ထန်ရှုအရှေ့၌ ထားလိုက်သည်။
“ဟမ့်၊ မင်းက တစ်ခုခုပြောချင်တာကြောင့်နဲ့ ငါ့ကို ပိုက်ဆံပေးဖို့ လိုအပ်လို့လား”ထန်ရှုက ထူးဆန်းသောအမူအရာနှင့် မေးလိုက်သည် “ဒါက ၄၉ရာခိုင်နှုန်းရှယ်ယာနဲ့ပတ်သက်တယ်ဆိုရင် အဲကိစ္စကို ထားလိုက်တော့”
“အဲဒါနဲ့ပတ်သက်ပြီးမဟုတ်ဘူး”ဟူရှောက်ခန်းက ခေါင်းခါယမ်းလိုက်သည် “အခြားတစ်ခုနဲ့ ပတ်သက်ပြီး ဆွေးနွေးမလို့ပါ”
“ကောင်းပြီ။ ငါ နားထောင်နေပါတယ်”ထန်ရှုက ခုံအား လက်ညှိုးထိုးလိုက်သည်။
ထန်ရှုအရှေ့တွင် ထိုင်ပြီးနောက် ဟူရှောက်ခန်းက အားတင်းပြုံးကာ ပြောလိုက်သည် “ငါ အကြာကြီး အသက်မရှင်ရဘူးလို့ မင်း ပြောခဲ့တယ်မလား။ ကျေးဇူးပြုပြီး ငါ့ကို တစ်ချက်ကြည့်ပေးပါအုံး၊ ငါ့ရဲ့သက်တမ်းတိုးအောင် မင်း ကူညီပေးနိုင်မလား”
“အာ။ မင်း ငါ့ကို မယုံကြည်ဘူးလို့ ပြောခဲ့တယ်မလား”ထန်ရှုက ထူးဆန်းစွာ မေးလိုက်သည်။
“သူမက ယုံကြည်မှတော့ ငါ ယုံကြည်ရမှာပေါ့”ဟူရှောက်ခန်းက ခြောက်ကပ်ကပ်ပြုံးကာ ပြောလိုက်သည် “ပြောရမယ်ဆိုရင် မင်းက တိုင်းပြည်မှာ ကျော်ကြားတဲ့လူငယ်နတ်ဆေးဆရာတစ်ယောက်လေ။ မင်း ပြောခဲ့တာတွေက အမှန်ဆိုရင် ဒါဆို ငါ…”
“ကောင်းပြီလေ”ထန်ရှုက ပြုံးကာ ပြန်ပြော၏ “မင်းရဲ့ဒီကတ်ထဲမှာ ဘယ်လောက်ထိ ရှိတာလဲ”
“သန်းတစ်ရာ”ဟူရှောက်ခန်းက ကမန်းကတန်းပြော၏။
ထန်ရှုက လက်မထောင်ကာ ချီးကျူးလိုက်သည် “မင်း က တကယ်ကို သတ္တိရှိတာပဲ။ မင်းက ငါ့ကို သံသယတွေရှိပေမယ့် ယွမ်သန်းတစ်ရာနဲ့ မင်းကို ကူညီဖို့ မေးရဲသေးတယ်။ ကောင်းပြီလေ၊ ပိုက်ဆံကြောင့် ငါ မင်းကို ဆေးတစ်လုံးပေးမယ်။ အဲဒါကို သောက်ပြီးရင် မင်းက အနည်းဆုံးနောက်ထပ်ဆယ်နှစ်ကျော် အသက်ရှင်နိုင်မယ်လို့ ငါ အာမခံတယ်”
ဆေးလုံးလား။
ဟူရှောက်ခန်းက ထန်ရှုအား ပဟေဠိဖြစ်သောအကြည့်နှင့် တစ်ချက်ကြည့်လိုက်သည်။
ထန်ရှုက သူ့အား အသက်အဆီအနှစ်ဆေးလုံးတစ်လုံးပေးကာ ပြောလိုက်သည် “မင်းက ကြီးမားတဲ့အကျိုးအမြတ်အချို့ရခဲ့တယ်လို့ ပြောနိုင်တယ်။ မင်းက ဒီဆေးကို သောက်ပြီး နောက်ရက်အနည်းငယ်အတွင်းမှာ ကောင်းမှုအချို့လုပ်ရင် မင်းက ဆယ်နှစ်ကျော် အသက်ထပ်ရှင်နိုင်မယ်။ ပြီးတော့ မင်းက ကောင်းမှုတွေကို ပိုလုပ်လေလေ၊ မင်းရဲ့သက်တမ်းက ပိုကြာရှည်လေပဲ။ မင်းက ကောင်းမှုတွေကို အတိုင်းအတာတစ်ခုအထိ ပြုလုပ်စုဆောင်းပြီးတဲ့အချိန်ကျရင် မင်းက အသက်ကြာရှည်ပြီး မအိုမနာဘဲ သေရလိမ့်မယ်လို့ ငါ အာမခံတယ်”
ဟူရှောက်ခန်းက အသက်အဆီအနှစ်ဆေးလုံးအား ဂရုတစိုက် ပွတ်သပ်လိုက်သည်။ ထို့နောက် ဆေးလုံးအား သူ့ပါးစပ်ထဲသို့ ပစ်ထည့်လိုက်၏။ သို့သော် သူက ကမန်းကတန်း ထွေးထုတ်ချင်သည့်အချိန်တွင် ဆေးလုံးက အပူစီးကြောင်းတစ်ခုအဖြစ်သို့ ပြောင်းသွားပြီး သူ့ဝမ်းဗိုက်ထဲသို့ ရောက်သွား၏။
“ဒါက…”
ဟူရှောက်ခန်းက ကြောက်ရွံ့နေသော်လည်း အပူစီးကြောင်းက သူ့အား မနာကျင်စေဘဲ ထို့အစား သူ့ခြေလက်များနှင့်အရိုးငါးခုထဲသို့ စိမ့်ဝင်ပျံ့နှံ့သွားသည်ကို ခံစားမိ၏။ ချက်ချင်းလျှင်ပင် သူ့ခန္ဓာကိုယ်က အလွန်သက်သောင့်သက်သာရှိသလို ခံစားမိလာပြီး သူ့အခြေအနေက အရင်ကထက် အများကြီးပိုကောင်းလာသည်ဟု ပြောနိုင်သည်။
ဒါက အံ့ဖွယ်ဆေးတစ်မျိုးလိုပဲလား။ ဟူရှောက်ခန်းက အရူးအမူး ဝမ်းသာသွားတော့သည်။
မိနစ်အနည်းငယ်ကြာပြီးနောက် သူ့ခန္ဓာကိုယ်အခြေအနေက အများကြီးပိုကောင်း၊ ပိုကျန်းမာလာသည်ကို သူက ခံစားမိ၏။ သက်သောင့်သက်သာရှိသောခံစားချက်က သူ့အား အိပ်စက်ရန် တိုက်တွန်းနေခဲ့သည်၊ ထို့ကြောင့် သူက ထန်ရှုအား နှုတ်ဆက်ကာ အပြင်ဘက်သို့ ထွက်သွားသည်။ သူက အခန်းထဲမှ ထွက်မည့်ဆဲဆဲတွင် တစ်ခုခုအား သတိရသွားပုံပေါ်ကာ ထန်ရှုထံ ပြန်လာပြီး သူ့အိတ်ကပ်ထဲမှ ရွှေရောင်ကတ်တစ်ခုယူထုတ်ကာ ကမ်းပေးပြီးနောက် ပြောလိုက်၏ “မစ္စတာထန်၊ မနက်ဖြန်ကျရင် လေလံပွဲငယ်တစ်ခု ကျင်းပလိမ့်မယ်။ မင်း တက်ရောက်ဖို့ စိတ်ဝင်စားလား”
လေလံပွဲတစ်ခုလား။
ထန်ရှုက သိလိုစိတ်နှင့် မေးလိုက်သည် “ဘာပစ္စည်းတွေကို လေလံတင်မှာလဲ”
“ပစ္စည်းတွေက နည်းနည်းလေးပဲ၊ ဒါပေမယ့် သူတို့ရဲ့တန်ဖိုးကို အာမခံတယ်”ဟူရှောက်ခန်းက ပြော၏ “တကယ်တော့ နှစ်တိုင်း ဒီနေရာမှာ လေလံပွဲငယ်နှစ်ခုသုံးခုကို ငါ အမြဲတမ်း ကျင်းပတယ်၊ ယွမ်ဆယ်သန်းကျော်ထိုက်တန်တဲ့ပစ္စည်းတွေကိုပဲ လေလံတင်လို့ရတယ်”
သူက မနက်ဖြန်၌ ဘာလုပ်စရာမှ မရှိပေ၊ ထို့ကြောင့် သူက လေလံပွဲကျင်းပမည့်အချိန်ကို မေးလိုက်သည်။ အဖြေကို ကြားပြီးနောက် သူက ချက်ချင်း သဘောတူလိုက်၏။ သို့သော် အိုးရန်လုလုက မသည်းခံနိုင်ဘဲ သူ့အား မျက်လုံးလိမ့်လျက် ကြည့်လိုက်သည်။
ဟူရှောက်ခန်းထွက်သွားပြီးနောက် အိုးရန်လုလုက ချက်ချင်း ပြောလိုက်တော့သည် “မနက်ဖြန်ကျရင် ကျွန်မနဲ့အတူ ရှောပင်ထွက်ပြီး ရုပ်ရှင်တွေ ကြည့်မယ်လို့ ရှင် ကတိပေးခဲ့တယ်မလား”
“ကောင်းပါပြီ၊ လေလံပွဲမှာ ပါဝင်တာက ရှောပင်ထွက်တာ၊ ရုပ်ရှင်ကြည့်တာတွေကို အနှောင့်အယှက်မဖြစ်စေပါဘူး”ထန်ရှုက ရယ်ကာ ပြောလိုက်သည် “အဆင့်မြင့်လေလံပွဲတွေမှာ ပစ္စည်းကောင်းတွေ အမြဲတမ်းရှိတယ်။ မင်းကြိုက်တာတွေ့ရင် ငါ မင်းကို ဝယ်ပေးမယ်လေ။ ကတိ”