အစီအစဉ်များ
Vol. 81 Ch. 1129
နောက်တစ်နေ့။
ထန်ရှုက အိုးရန်လုလုနှင့်အတူ လှည့်လည်သွားလာခဲ့သည်၊ အရသာရှိသည်များ စားသည်၊ ရှောပင်ထွက်သည်၊ ရုပ်ရှင်များ ကြည့်ရှု၏။ သို့သော် သူက အထူးနည်းလမ်းများအသုံးပြုကာ သူ၏အသွင်အပြင်အား ပြောင်းလဲထား၏။ လက်ရှိအချိန်တွင် သူက နာမည်ကျော်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး လူတော်တော်များများက သူ့အား မှတ်မိသောကြောင့်ပင်။
တစ်နေ့တာလုံး လူတော်တော်များ၏မျက်လုံးထဲတွင် နတ်ဆိုးမတစ်ယောက်နှင့်တူသော အိုးရန်လုလုက ထန်ရှုဘေးနားတွင် ပျော်ရွှင်သောမိန်းမငယ်လေးတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွား၏။
မှောင်ရီပျိုးလာချိန်တွင် ထန်ရှုက သူမနှင့်အတူ ရေလက်ဝါးပြာစံအိမ်သို့ ပြန်လာ၏။ လက်ရှိအချိန်တွင် ပုံမှန်အားဖြင့် ဧည့်သည်အနည်းငယ်သာ ရှိလေ့ရှိသည့် အပန်းဖြေနေရာက ဧည့်သည်များနှင့် ဝင်လာမစဲစဲဖြစ်နေတော့သည်။
“သူတို့ရဲ့အသွင်အပြင်အရ သူတို့အားလုံးက အောင်မြင်ကျော်ကြားတဲ့လူတွေပဲ”ထန်ရှု၏အကြည့်က သူ့နားတစ်ဝိုက်ရှိ ဧည့်သည်များထံ ရိုက်ခတ်သွားပြီး ပြုံးကာ ရေရွတ်လိုက်သည်။
“ဟမ့်၊ ဘာအောင်မြင်ကျော်ကြားတဲ့ပုံရိပ်တွေလဲ။ သူတို့က ဟိတ်ဟန်ထုတ်နေကြတာပဲ”အိုးရန်လုလုက ဝေဖန်လိုက်သည် “ရှင်က ဘီလီယံချီချမ်းသာကြွယ်ဝပေမယ့် အလွယ်တကူ မကြွားဝါဘူး၊ ရှင်ကမှ စစ်မှန်တဲ့အောင်မြင်သူပဲ”
“ဒီမှတ်ချက်က အတော်လေးအစွန်းရောက်သွားပြီ”ထန်ရှုက ရယ်ကာ ပြော၏ “မင်းက ငါ့ကို ချီးကျူးချင်တယ်ဆိုတာ ငါ သိပေမယ့် အခြားသူတွေကို ဒီလိုမတိုက်ခိုက်ရဘူးလေ။ ပြီးတော့ သာမန်လူတွေအတွက်တော့ အောင်မြင်ခြင်းရဲ့သတ်မှတ်ဘောင်က ပိုက်ဆံနှင့်အဆင့်အတန်းရှိခြင်းပဲ”
အိုးရန်လုလုက မေးပွတ်ကာ ပြောလိုက်သည် “ဟမ့်၊ ငါ့မျက်လုံးထဲမှာတော့ သူတို့တစ်ယောက်မှ မင်းထက် ပိုမကောင်းဘူး”
ထန်ရှုက ခေါင်းခါယမ်းလျက် ရှုံ့မဲ့သာ ပြုံးလိုက်သည်။ ထို့နောက် သူမ၏သွယ်လျသောပခုံးအား ဖက်ကာ အတွင်းသို့ ဘေးချင်းယှဉ်လျက် ဝင်သွား၏။
‘ထန်ရှု…”
သူတို့က လေလံခန်းမထဲသို့ ဝင်လာချိန်တွင် တစ်ယောက်ယောက်က သူ့နာမည်ခေါ်လိုက်သည်ကို ထန်ရှုက ကြားလိုက်ရ၏။သူက အနည်းငယ်မှင်တက်အံ့အားသင့်သွားသည်။ သူက သူ၏အသွင်အပြင်အား ပြောင်းလဲထားသည်ကို မှတ်ထားရမည်။ သူနှင့်အရမ်းနီးကပ်သူသာမဟုတ်လျှင် အခြားသူများက သူ့အား မှတ်မိရန် ခက်ခဲပေလိမ့်မည်။
“ကူးချန်မင်လား”
ထန်ရှုက အသံလာရာဉီးတည်ဘက်သို့ ကြည့်လိုက်သည်၊ ကူးချန်မင်နှင့်ကျင်းရှင်းခွိုက်တို့က သူ့ထံ လာနေသည်ကို ရုတ်တရက် မြင်လိုက်ရသည်။ သို့သော် သူ၏လက်ရှိအသွင်အပြင်ကို မြင်ပြီး သူတို့က အနည်းငယ်မှင်တက်နေသည်ကို သူက သိလိုက်ရ၏။
ထန်ရှုက အိုးရန်လုလု၏ပခုံးအား လွှတ်ကာ ပြုံးလျက် လျှောက်လာသည် “ဟေး၊ အကိုကူးနဲ့ကျင်းတို့ပါလား။ ဒီနေ့ ဒီနေရာမှာ မင်းတို့နှစ်ယောက်နဲ့ တွေ့ရလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ မင်းတို့ ဒီနေရာမှာ ဘာလုပ်နေတာလဲ၊ ရတနာအချို့ကို သိမ်းပိုက်ဖို့ စီစဉ်ထားတာလား”
ကူးချန်မင်နှင့်ကျင်းရှင်းခွိုက်တို့က အကြည့်ချင်း ဖလှယ်လျက် ထူးဆန်းသောအမူအရာတို့ ဖြစ်သွားကြ၏။ ကူးချန်မင်က မေးမြန်းလိုက်သည် “မင်းနဲ့တူတဲ့တစ်ယောက်ယောက်ကို မြင်လိုက်ရလို့ ငါတို့ ခေါ်လိုက်တာ။ ဒါပေမယ့် မင်းမျက်နှာကို မြင်လိုက်ရတဲ့အချိန်မှာ ငါက လူမှားသွားပြီလို့ တွေးလိုက်မိတယ်၊ ဒီအသွင်အပြင်က ဘယ်လိုလုပ်ပြီး…”
“ကျော်ကြားမှုကိုပဲ အပြစ်တင်ရမယ်၊ ငါ့ကို အခြားသူတွေ မမှတ်မိအောင် ငါ့ရဲ့ပုံပန်းကို အနည်းငယ် ပြောင်းထားတာ”ထန်ရှုက ပြုံးကာ ပြန်ပြောသည် “ငါက လူတွေ အာရုံစိုက်တာကို မကြိုက်တာ မင်းတို့နှစ်ယောက်လုံး သိပါတယ်”
ကူးချန်မင်နှင့်ကျင်းရှီခွိုက်တို့က လျင်မြန်စွာ နားလည်လိုက်ပြီး ရှေ့လူက ရယ်လိုက်သည် “မင်းက တကယ်ပါပဲ၊ အကိုထန်။ မင်းက အမြဲတမ်း နှိမ့်ချနေခဲ့တာ။ ဒါပေမယ့် ဒါကြောင့်ပဲ မင်းရဲ့ဒီညီအကိုတွေက မင်းကို လေးစားကြတာ။ ယနေ့ခေတ်မှာ ဘယ်လူငယ်ကများ သူရဲ့အောင်မြင်မှုနဲ့ ပတ်သက်ပြီး ဟိတ်ဟန်ထုတ်ရတာကို မုန်းလို့လဲ”
အခြားတစ်ဖက်မှ ကျင်းရှင်းခွိုက်က ပြုံးကာ ပြောလိုက်သည် “ဟုတ်ပါ့၊ မင်းက အမြဲတမ်း သိုသိုသိပ်သိပ်နေရင်း ကြွယ်ဝမှုတွေကို စုဆောင်းနေခဲ့တာပဲ၊ အကိုထန်။ ဒါနဲ့ မင်းက ငါ့ကို တကယ် စိတ်အနှောင့်အယှက်ပေးခဲ့တယ်ဆိုတာ မင်း သိလား။ ငါတို့က စီမံကိန်းအတွက် ပူးပေါင်းဆောင်ရွက်နေကြတယ်၊ စီမံကိန်းရဲ့တစ်ဝက်လောက်က ပြီးသွားပြီ၊ ဒါပေမယ့် မင်းက ဆောက်လုပ်ရေးနေရာကို ဘယ်တော့မှ မလာခဲ့ဘူး။ မင်းက ငါ့ကုမ္ပဏီကိုတောင် မလာခဲ့ဘူး။ ဒါက မများလွန်းဘူးလား”
“ဟီးဟီး၊ ဒါကတော့ ငါ့မှာ မင်းတို့ ရှိနေတာပဲ၊ အကိုကျင်း”ထန်ရှုက ပြုံးကာ ပြောလိုက်သည် “ပြီးတော့ မင်းတို့ကို ငါ မယုံကြည်ရင် ငါ အလုပ်နေရာကို တစ်နေ့ သုံးကြိမ်လောက် လာပြီးပေါ့”
ထန်ရှု၏တုံ့ပြန်မှုက ကျင်းရှင်းခွိုက်အား ပျော်ရွှင်သွားစေပြီး သူက ရယ်လိုက်သည်။ ထို့နောက် သူက ပြုံးစပ်စပ်နှင့် ပြော၏ “ဒီတော့ စိတ်ချပါ၊ ညီအကိုထန်။ ငါတို့ရဲ့စီမံကိန်းက ချောချောမွေ့မွေ့နဲ့ တိုးတက်နေတယ်၊ အများဆုံးနှစ်ဝက်လောက်မှာ ငါတို့က ဝင်ငွေအချို့ စတင်ရနိုင်တယ်။ အဲအခါကျရင် မင်းဆီ ပိုက်ဆံတွေ လိမ့်ဝင်လာတာကို စောင့်နေပေတော့”
ထန်ရှုက သူ့အား လက်မထောင်ကာ ချီးကျူးလိုက်သည် “မင်းတို့နဲ့ ပူးပေါင်းဆောင်ရွက်ရတာ တကယ်ကို အရမ်းကောင်းတာပဲ၊ အကိုကျင်း။ ဒါနဲ့ လေလံပွဲပြီးရင် ငါတို့ သောက်ကြရင် ဘယ်လိုလဲ”
“ငါ အဆင်ပြေတယ်…”
‘ရတာပေါ့”
ကူချန်းမင်နှင့်ကျင်းရှင်းခွိုက်တို့က ပြုံးကာ တုံ့ပြန်လိုက်သည်။
ချက်ချင်းလျှင်ပင် ရှန်းဟိုင်ရှိ စီးပွားရေးလုပ်ငန်းရှင်အချို့က ထန်ရှုနှင့်စကားပြောနေသောကူးချန်မင်နှင့်ကျင်းရှင်းခွိုက်တို့အား တွေ့ရှိသွားသည်။ သူတို့က တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်လာကြသည်။ သို့သော် ထန်ရှုက ဒီအပြင်လူများနှင့် စကားမပြောချင်ပေ၊ ဒါကြောင့် သူက ဆင်ခြေတစ်ခုပေးကာ ထွက်ခွာလာသည်။ သူနှင့်အိုးရန်လုလုတို့က လေလံခန်းမထဲ၌ နေရာယူထားလိုက်၏။
ဒီအကောင်ကတော့…”
ကူးချန်မင်က ခေါင်းခါယမ်းလိုက်ပြီး ထန်ရှုနောက်ကျောအား ကြည့်ကာ ရေရွတ်လိုက်သည်။
ကျင်းရှင်းခွိုက်က တီးတိုးပြောလိုက်သည် “ဒါ သူ့ရဲ့ပုံမှန်အပြုအမူပါပဲ၊ အကိုကူး။ ဒါ့အပြင် ယနေ့ကမ္ဘာမှာ ငါတို့အတွက် နေရာမရှိဘူးလေ”
“ဟမ့်။ မင်းက ဒါဘာဆိုလိုတာလဲ”ကူချန်းမင်က မှင်တက်သွားပြီး ရှုပ်ထွေးသောအမူအရာနှင့် မေးလိုက်သည်။
“သူ့မှာသာ ဟိတ်ဟန်ထုတ်တတ်တဲ့စရိုက်ရှိရင် သူ့ရဲ့စွမ်းရည်နဲ့အထောက်အထားအရ မရေမတွက်နိုင်လောက်တဲ့စီးပွားရေးအခွင့်အရေးတွေ သူ့ဆီ ရောက်လာမှာကို မင်း မတွေးမိဘူးလား”ကျင်းရှင်းခွိုက်က ပြောလိုက်သည် “သူ့လိုစွမ်းရည်ရှိသူတဲ့သူနဲ့ ဘယ်သူဌေးကများ မပူးပေါင်းချင်မှာလဲ။ ရှန်းဟိုင်တစ်ခွင်လုံးက လူတွေက သူနဲ့ ပူးပေါင်းဖို့အတွက် သူတို့ရဲ့ချက်စာအုပ်တွေကို ဝှေ့ယမ်းလိမ့်မယ်လို့ ငါ ပြောရဲတယ်”
ကူးချန်မင်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ရှုံ့မဲ့စွာ ပြုံးလျက် ပြော၏ “ဒါ အမှန်ပဲ။ သူ့ရဲ့စွမ်းရည်ကို ဖယ်ထုတ်လိုက်ရင်တောင် သူ့ရဲ့အထောက်အထားတစ်ခုနဲ့တင် သူ့ဘေးနားမှာ လူတွေ ဝန်းရံစေဖို့ လုံလောက်တယ်။ ဒါပေမယ့် ဒီအကြောင်းပြောရင် ငါ ဒီလူငယ်လေးကို တကယ် လေးစားတယ်။ မြို့တော်က အရေးပါတဲ့မိသားစုတွေရဲ့မျိုးဆက်တွေထဲကဘယ်တစ်ယောက်ကများ သူတို့ရဲ့အဆင့်အတန်းနဲ့နောက်ခံကို မမှီခိုလို့လဲ။ သူကတော့ ဒီလိုအရာတစ်ခုမှ မလုပ်ဘူး။ သူ့တံခါးဝဆီ အခြားသူတွေ ပို့လိုက်တဲ့ပိုက်ဆံကိုတောင် သူ တစ်ချက်ကလေးမှ ကြည့်မှာ မဟုတ်ဘူးလို့ ငါ ထင်တယ်”
“မှန်တယ်၊ ဒါကပဲ သူ့ကို ကြောက်စရာကောင်းစေတာ”ကျင်းရှင်းခွိုက်က သက်ပြင်းချလိုက်သည် “သူက အခြားသူတွေဆီကနေ ပိုက်ဆံကို ဘယ်တော့မှ မတောင်းဆိုဘူး၊ အခြားသူတွေပို့တဲ့ပိုက်ဆံကိုလဲ လက်ခံမှာ မဟုတ်လောက်ဘူး။ ဒါဆိုရင်တောင်မှ သူက သူ့ရဲ့ကိုယ်ပိုင်စွမ်းရည်နဲ့ပဲ ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုကို တည်ထောင်ခဲ့တယ်။ သူ့ရဲ့ကြွယ်ဝမှုပမဏဟာဆိုရင်တော့…။ လက်ရှိအချိန်မှာ သူက ငါတို့ထက်တောင် ပိုချမ်းသာနေရမယ်”
ကူး’ချန်မင်က ပြတ်ပြတ်သားသားခေါင်းညိတ်ကာ ပြောလိုက်သည် “မှန်တယ်။ ငါ့ခန့်မှန်းမှုအရ ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုတစ်ခုနဲ့တင် ယွမ်ငါးဆယ်ဘီလီယံကျော်ထိုက်တန်ဖို့ လုံလောက်တယ်”
“ဒါတော့ များသွားပြီမလား”ကျင်းရှင်းခွိုက်က တုန်လှုပ်သွားပြီး မယုံကြည်နိုင်မှုက သူ့မျက်လုံးထဲမှ ပြည့်လျှံလာသည်။ ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုက တည်ထောင်ထားသည်မှာ တစ်နှစ်ကျော်ကျော်သာ ရှိသေး၏။ အချိန်တိုအတွင်းမှာ ဘယ်လိုလုပ်ပြီး ဒီလောက်များတဲ့အကျိုးအမြတ်ကို ဖန်တီးနိုင်မှာလဲ။ သူတို့ရဲ့ထုတ်ကုန်က ဘယ်လောက်ပဲ ကောင်းကောင်း၊ ဈေးကွက်လိုအပ်ချက်က ဘယ်လောက်ပဲ များများပေါ့၊ အဲဒါကတော့ မဖြစ်နိုင်ဘူးမလား။
ကူချန်းမင်က ထူးဆန်းသေအမူအရာနှင့် ဆက်ပြောသည် “မင်း အခု ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုနဲ့ ပူးပေါင်းဆောင်ရွက်နေတာ မဟုတ်လား။ လက်ရှိမှာ ဒီကုမ္ပဏီက ကြယ်တာရာမြို့မှာ ရင်းနှီးမြှုပ်နေတယ်ဆိုတာကို မင်း မသိဘူးလို့တော့ မပြောဘူးမလား။ အဲဒီစီမံကိန်းရင်းနှီးမြှုပ်နှံမှုတစ်ခုနဲ့တင် ယွမ်ဆယ်ဘီလီယံအကျိုးအမြတ်ရဖို့က သေချာတယ်။ သူတို့ရဲ့ထုတ်ကုန်တွေက ဘဏ်ရဲ့ပုံနှိပ်စက်ထက်တောင် ပိုက်ဆံလုပ်တာ ပိုမြန်တယ်။ ငါ့ရဲ့အရင်ခန့်မှန်းချက်ယွမ်ငါးဆယ်ဘီလီယံက ၎င်းရဲ့အမှန်တကယ်တန်ဖိုးထက် အများကြီး နိမ့်ကျသေးတယ်လို့တောင် ငါ ထင်တယ်”
ကူချန်းမင်က ချဲ့ကားပြောနေသည်ဟု ကျင်းရှင်းခွိုက်က ထင်သည်။ ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုနှင့်ပတ်သက်၍ အချက်အလက်အချို့ သူ သိထားသည်။ ကုမ္ပဏီက ထုတ်ကုန်တစ်ခုစီအတွက် ထုတ်လုပ်မှုက သိပ်မများပေ။ တစ်ခုစီ၏တန်ဖိုးက အလွန်ဈေးကြီးသော်လည်း နှစ်စဉ်အကျိုးအမြတ်က နှစ်ဆယ်နှင့်သုံးဆယ်ဘီလီယံကြားရှိရန်ပင် မဖြစ်နိုင်ပေ။
“အကိုကူး၊ ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုက စုစုပေါင်းအသားတင်ကြွယ်ဝမှုငါးဆယ်ဘီလီယံရှိဖို့က မဖြစ်နိုင်ဘူးလို့ ငါ ထင်တယ်၊၊ ထန်ရှုမှာ အခြားရင်းနှီးမြှုပ်နှံမှုတွေ မရှိရင်ပေါ့”ကျင်းရှင်းခွိုက်က အလေးအနက် ပြောလိုက်သည်။
“မင်းက အမြဲလိုလို ဉာဏ်ကောင်းတာ၊ ဘာလို့ အခုကျမှ ဒီလောက်တောင် တုံးနေရတာလဲ”ကူးချန်မင်က ထူးဆန်းသောအမူအရာတစ်ခု ဖြစ်နေသည် “မင်းကုမ္ပဏီရဲ့အိမ်ခြံမြေလုပ်ငန်းကရော။ သူ့ရဲ့ရင်းနှီးမြှုပ်နှံမှုမရှိဘူးလား။ ပြီးတော့ သူက ထာဝရခန်းမရဲ့ပိုင်ရှင်ဆိုတာကို မင်း မေ့နေတာလား။ ခမ်းနားသောကံကြမ္မာကျောက်မျက်ရတနာလုပ်ငန်းကဟောင်လဲ့ကလဲ သူ့ရဲ့နောက်လိုက်ပဲ။ အခု မင်းတွက်ချက်ကြည့်စမ်း၊ ထာဝရခန်းမနဲ့ခမ်းနားသောကံကြမ္မာကျောက်မျက်ရတနာလုပ်ငန်းပါ ပေါင်းထည့်လိုက်ရင် ဘယ်လောက်ရှိမယ်ထင်လဲ”
ဟူး…
ဤအခါတွင်မှ သူက ထန်ရှု၏ကြွယ်ဝမှုအား အများကြီး လျှော့တွက်ခဲ့မိမှန်း ကျင်းရှီးခွိုက်က ရုတ်တရက် သဘောပေါက်သွားသည်။ ထာဝရခန်းမနှင့်ခမ်းနားသောကံကြမ္မာကျောက်မျက်ရတနာလုပ်ငန်းကို ဖယ်ထုတ်လိုက်လျှင်ပင် ထန်ရှုက သူ့ကုမ္ပဏီ၌ ရင်းနှီးမြှုပ်နှံထားသည်။ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစု၌ အခြားရင်းနှီးမြှုပ်နှံမှုများမရှိဟု ဘယ်သူက ပြောနိုင်မည်နည်း။ ရှိခဲ့မည်ဆိုလျှင်…ယွမ်ငါးဆယ်ဘီလီယံကို အသာထား၊ တစ်ရာဘီလီယံပင် ဖြစ်နိုင်ပေသည်။
“ဒါက ရွှေတောင်ပေါ်မှာ ထိုင်နေသလိုပဲ”ကျင်းရှင်းခွိုက်က ရှုံ့မဲ့ပြုံးလျက် သက်ပြင်းချလိုက်သည်။
ကူးချန်မင်က ပြုံးဖြဲဖြဲနှင့် ပြောသည် “သူ ရွှေတောင်ပေါ်မှာ ထိုင်နေတာပဲဖြစ်ဖြစ်၊ မထိုင်နေတာပဲဖြစ်ဖြစ်၊ သူ့ရဲ့အဆင့်အတန်းနဲ့နောက်ခံတစ်ခုနဲ့တင် ငါတို့တွေ သူနဲ့ ဆက်ဆံရေးကောင်းတွေ ရှိနေတာက ကံအကောင်းဆုံးအရာဖြစ်နေပြီ။ ကောင်းပြီလေ၊ ညအစာပြေစားချိန်အထိ စောင့်ကြတာပေါ့။ ငါ သူနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပြောမယ်။ သူ စိတ်ဝင်စားမယ်လို့ ငါ မျှော်လင့်ပါတယ်”
“မင်းက သူနဲ့ ပူးပေါင်းဆောင်ရွက်ချင်တာလား။ မင်းမှာ စီမံကိန်းကောင်းတစ်ခုခုရှိလို့လား”ကျင်းရှင်းခွိုက်က အံ့အားသင့်သွားသည်။
“မကြာသေးခင်က ပို့ဆောင်ရေးလုပ်ငန်းနဲ့ပတ်သက်ပြီး ငါ အတော်လေးစိတ်ဝင်စားမိလာတယ်”ကူးချန်မင်က ပြုံးကာ ပြော၏ “ပြည်တွင်းပို့ဆောင်ရေးကုမ္ပဏီကြီးတစ်ခုကို ငါ တည်ထောင်မယ်။ ပို့ဆောင်ရေးမြန်နှုန်းဖြစ်စေဒါမှမဟုတ်လွှမ်းခြုံမှုဧရိယာဖြစ်စေ၊ အခြားပို့ဆောင်ရေးကုမ္ပဏီတွေကို ဖိနှိပ်ရမယ်။ ထန်ရှုက ပူးပေါင်းဖို့ ဆန္ဒရှိရင် သူ့ရဲ့အထောက်အထားနဲ့နောက်ခံတွေကို အသုံးပြုပြီး e-commerceလုပ်ငန်းရှင်အချို့နဲ့ ညှိနှိုင်းရမယ်။ မင်း ဘယ်လိုထင်လဲ။ သူတို့မှာ ကိုယ်ပိုင်ပို့ဆောင်ရေးကွန်ရက်ရှိတယ်ဆိုရင်တောင် ဒီe-commerceလုပ်ငန်းရှင်တွေက ငါတို့ကို အကျိုးအမြတ်အချို့ ခွဲဝေပေးမှာလား”
ဤသည်ကို ကြည့်ပြီး ကျင်းရှင်းခွိုက်က ရှုံ့မဲ့ပြုံးလျက် ခေါင်းခါယမ်းလိုက်သည်။ ထို့နောက် သူက ချက်ချင်းပြောလိုက်၏ “မင်းက သူတို့ရဲ့အစာတွေကို လုယက်နေတာပဲ။ ထန်ရှုမရှိရင်တော့ အဲဒီ e-commerceကောင်တွေက မင်းကို တစ်ချက်တောင် လှည့်ကြည့်မှာမဟုတ်ဘူး။ ဒါတော့ သေချာတယ်”
“ဒါဆို ငါတို့က ဘာလို့ ထန်ရှုရဲ့အထောက်အထားကို ဖြုန်းတီးရမှာလဲ”ကူးချန်မင်က ပြုံးစပ်စပ်နှင့် ပြန်ဖြေသည်။