အသိအကျွမ်းများ
Vol. 81 Ch. 1130
ကူးချန်မင်၏အစီအစဉ်အား ထန်ရှုက မသိပေ၊ လက်ရှိတွင် သူက အပြင်မှ အဆက်မပြတ်ဝင်လာနေသောဧည့်သည်များအား လေ့လာနေသည်၊ အများစုက ရင်းနှီးသောမျက်နှာများဖြစ်ကြ၏။ ဤကား သူ့အား လာမည့်လေလံပွဲအား မျှော်လင့်စောင့်စားမိလာစေသည်။
“ဒီလေလံပွဲကို လာတဲ့သူတွေ အတော်များတာပဲ”
အိုးရန်လုလုလည်း သူမ၏အသိအကျွမ်းများအား မြင်တွေ့ရသည်၊ သို့သော် သူမက သူတို့အား နှုတ်ဆက်ရန် မထပေ၊ အလားတူစွာပင် သူမလည်း အခြားသူများနှင့် စကားမပြောချင်ပေ။
“ဟုတ်တယ်၊ အနီးနားမြို့က နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင်အချို့လဲ တက်ရောက်လာတယ်”ထန်ရှုက ပြုံးကာ ပြန်ဖြေသည် “ပြီးတော့ လျှို့ဝှဏ်ဂိုဏ်းက အချို့လဲ ရောက်လာတယ်”
“အာ၊ လျှို့ဝှက်ဂိုဏ်းကလူတွေလဲ ရောက်လာတာလား”အိုးရန်လုလုက အံ့အားသင့်သွားသည်။ “ဒီနေရာမှာ မှော်လက်နက်တစ်ခုခုကိုများ လေလံပစ်မလို့လား”
“ဘယ်သူသိမှာလဲ”ထန်ရှုက ပြုံးလိုက်သည် “ပြောရမယ်ဆိုရင် ဒီလျှို့ဝှက်ဂိုဏ်းကလူတွေက လူအုပ်ရဲ့အလယ်မှာ ပုန်းနေကြတာ။ သူတို့က သာမန်လူတွေလို နေထိုင်ကြတယ်၊ ထူးခြားတဲ့အခြေအနေတွေကျမှ သူတို့ရဲ့သရုပ်မှန်ကို ဖော်ထုတ်ပြကြတာ။ ဒီလိုလူတွေမှာ မှင်တက်စရာကောင်းတဲ့စွမ်းရည်တွေ ရှိမှာပဲလေ”
“ဒါ မှန်တယ်”အိုးရန်လုလုက ခေါင်းညိတ်လိုက်သည် “လျှို့ဝှက်ဂိုဏ်းကလူတွေမှာ ထူးဆန်းတဲ့နည်းစနစ်တွေ ရှိတယ်။ ကြွယ်ဝမှုကို ရှာဖို့အတွက် သူတို့ရဲ့ကိုယ်ပိုင်နည်းလမ်းတွေ ရှိတယ်၊ အနည်းငယ်အားထုတ်ရုံနဲ့ ကံကောင်းမှုတစ်ခုကို ရနိုင်တယ်။ ဒါ့အပြင် အချို့က စီးပွားရေးလုပ်ငန်းတွေမှာလဲ ပါဝင်ကြတယ်"
ထန်ရှုက ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ပြောမည်ပြင်စဉ် သူ့မြင်ကွင်းထဲသို့ ရင်းနှီးသောမျက်နှာတစ်ခုက ရုတ်တရက် ရောက်ရှိလာသည်။ ချန်ရှီမြို့မှ ကျီမူဖြစ်၏။
“ဘာဖြစ်လို့လဲ”
အိုးရန်လုလုက ထန်ရှု၏အမူအရာအား သတိပြုမိပြီး သူ့အကြည့်နောက်သို့ ချက်ချင်းလိုက်ပါသွားရင်း မေးလိုက်သည်။
“ချန်ရှီက ငါ့ရဲ့သူငယ်ချင်းတစ်ယောက်ကို တွေ့လို့”ထန်ရှုက ပြန်ဖြေသည်။
“ရှင်က သူနဲ့ ဆက်ဆံရေးကောင်းရှိတာလား”အိုးရန်လုလုက မေးလိုက်သည်။
ထန်ရှုက စဉ်းစားပြီးနောက် ပြန်ပြောသည် “မဆိုးဘူးလို့တော့ ငါ ထင်တယ်။ သူ့မှာ ကောင်းမွန်တဲ့အကျင့်စရိုက်တစ်ခုရှိတယ်။ ဒီကောင်လဲ ကျင့်ကြံသူတစ်ယောက်ပဲ၊ ဒါပေမယ့် ဒီလောက်အချိန်တိုလေးအတွင်းမှာ သူက ချီသန့်စင်ခြင်းအလယ်ဆင့်ကို ရောက်ရှိနိုင်လိမ့်မယ်လို့ ငါ မထင်ထားဘူး”
“ဟမ့်။ ချီသန့်စင်ခြင်းအလယ်ဆင့်လောက်နဲ့”အိုးရန်လုလုက နှာခေါင်းရှုံ့လိုက်သည် “ငါ့လက်တစ်ချောင်းလှုပ်ရုံနဲ့ ငါ သူ့ကို သတ်နိုင်တယ်”
ထန်ရှုက မရယ်ဘဲ မနေနိုင်ကာ သူမအား အပြစ်တင်လိုက်သည် “သူက မင်းထက် နောက်ကျမှ ကျင့်ကြံခဲ့တာ၊ လုလု။ ဒါ့အပြင် မင်းမှာ ငါပေးထားတဲ့ကျင့်ကြံခြင်းအရင်းအမြစ်ရဲ့အကူအညီတွေရှိတယ်၊ သူ့မှာတော့ တစ်ခုမှ မရှိဘူး။ သူ့ရဲ့အားထုတ်မှုကိုပဲ မှီခိုခဲ့တာ၊ ဒါပေမယ့် သူက အစစ်အမှန်အဆီအနှစ်စွမ်းအင်အနည်းငယ်ကို ကျင့်ကြံနိုင်ခဲ့တယ်”
ဤသည်ကို ကြားပြီး အိုးရန်လုလုက ချက်ချင်း ခေါင်းညိတ်လိုက်သည်၊ သူမက ထိုလူအပေါ် အထင်သေးသောအမြင် မရှိတော့ပေ။
“ကောင်းပြီ၊ ငါတို့နဲ့ ထိုင်ဖို့ သူ့ကို ခေါ်လိုက်မယ်”ထန်ရှုက ပြုံးကာ ပြောလိုက်သည်။
ချက်ချင်းလျှင်ပင် သူ့နှုတ်ခမ်းက အနည်းငယ် လှုပ်ရှားသွားပြီး သူက သူ့အသံအား ကူးပြောင်းပေးလိုက်သည်။
လေလံခန်းမထဲတွင် ကျီမူက ငွေရောင်ဆံပင်အဘွားအိုတစ်ယောက်နှင့်အတူရှိနေသည်။ ရုတ်တရက် အသံတစ်ခုက သူ့နားထဲသို့ ဖြတ်သန်းလာသည်။ သူက မှင်တက်သွားပြီး လှည့်ပတ်ကြည့်လိုက်၏။ ထို့နောက် သူ့အား လက်ဝှေ့ယမ်းပြနေသည့်ရင်းနှီးသောမျက်နှာတစ်ခုအား မြင်လိုက်ရသည်၊ သို့သော် သူက ထိုလူအား ဘယ်နေရာတွင် မြင်ဖူးသည်ကို မမှတ်မိနိုင်ပေ၊ ဤကား သူ့အား ပဟေဠိဖြစ်စေသည်။
ဒီကောင်က ဘယ်သူလဲ။
ကျီမူက တွေးလိုက်သည်။ ထို့နောက် သူက ငွေရောင်ဆံပင်အဘွားအိုထံ ချဉ်းကပ်ကာ တီးတိုးပြောလိုက်၏ “အဘွား၊ အရင်ထိုင်နေမလား။ ကျွန်တော်က တစ်ယောက်ယောက်နဲ့ သွားတွေ့မလို့”
ငွေရောင်ဆံပင်အဘွားအိုက နူးညံ့ညင်သာကြင်နာသည်။ သူမက ပြုံးကာ ခေါင်းညိတ်လျက် ပြန်ပြော၏ “မင်းတို့လူငယ်တွေမှာ မင်းတို့ရဲ့ကိုယ်ပိုင်အသိုင်းအဝိုင်းရှိတာပဲ၊ ဒါကြောင့် ငါနဲ့အတူ နေပေးဖို့ မလိုပါဘူး။ ပြီးတော့ ဒီနေ့လေလံပွဲပြီးရင် ငါ မြောက်ပိုင်းကို ပြန်တော့မယ်”
ကျီမူက ထိတ်လန့်တုန်လှုပ်သွားပြီး သူက အနည်းငယ်တွန့်ဆုတ်စွာနှင့် မေးလိုက်သည် “ချန်ရှီမှာ အချိန်အနည်းငယ်လောက် ထပ်မနေတော့ဘူးလား၊ အဘွား။ ဒီရက်တွေမှာ အဘွားနောက်လိုက်ရင်းနဲ့ ငါ အများကြီး သင်ယူခဲ့ရတယ်။ ဒီတစ်လျှောက်မှာ ငါ အဘွားကို ကောင်းကောင်းဂရုမစိုက်ရသေးဘူးလို့ ခံစားမိတယ်”
လူအိုကြီးက ပြုံးကာ ပြန်ပြောသည် “တွေ့ဆုံမှုတိုင်းမှာ နှုတ်ဆက်မှုဆိုတာ ရှိလာမှာပဲ၊ လူကလေး။ မင်းအဘွားနဲ့ ငါ မတွေ့ရတာ ဆယ်စုနှစ်တစ်ခုကျော်ပြီ၊ သူက ငါ့ကို အခုလို ခွဲခွာသွားလိမ့်မယ်လို့ ငါ ဘယ်တော့မှ မတွေးခဲ့ဘူး။ ပြီးတော့ ငါ ချန်ရှီမြို့မှာနေတာ အချိန်အနည်းငယ်ကြာပြီလေ၊ ဒါကြောင့် အခုက ငါ့အနေနဲ့ မြောက်ပိုင်းကို ပြန်ဖို့ အချိန်ပဲ၊ မဟုတ်ရင် အိမ်က ကောင်လေးတစ်အုပ်က ရန်ပွဲတွေ သေချာပေါက် ဖန်တီးနေလိမ့်မယ်”
ကျီမူက အကူအညီမဲ့စွာနှင့် ခေါင်းညိတ်ကာ တီးတိုးပြောလိုက်သည် “ဒါဆို ငါ့သူငယ်ချင်းကို အရင်သွားနှုတ်ဆက်လိုက်မယ်၊ အဘွား။ နောက်မှ အဘွားဆီ ငါ ပြန်လာမယ်”
“ဒါဆို သွားပါ”လူအိုကြီးက ဖြည်းဖြည်းချင်း ခေါင်းညိတ်ကာ ပြန်ပြောသည်။
ကျီမူက အနည်းငယ်ခေါင်းညိတ်ကာ ထန်ရှုရှိရာဉီးတည်ဘက်သို့ လျှောက်လာသည်။ စောစောကအသံက သူ့အတွက် အလွန်ထူးဆန်းသည်။ သူ့အား ပုံမှန်အတိုင်း အော်ခေါ်မည့်အစား ၎င်းက သူ့နားထဲသို့ တိုက်ရိုက်ဝင်လာ၏။ ဤအရာက သူ့အား မှင်တက်ကြောက်ရွံ့သွားစေသည်။
ဒါပေမယ့် အဲဒီရင်းနှီးသောလူပုဂ္ဂိုလ်က ဘယ်သူလဲဆိုတာ ငါ မသိဘူး၊ သူ့ကို ဘယ်နေရာမှာ မြင်ဖူးသလဲဆိုတာကိုလဲ ငါ မမှတ်မိနိုင်ဘူး…
“ခဏက မင်း ငါ့ကို ခေါ်လိုက်တာလား၊ မိတ်ဆွေ…”
ကျီမူက ထန်ရှုအရှေ့သို့ လျှောက်လာကာ လက်သီးဆုပ်လျက် ပြောလိုက်သည်။ သို့သော် သူ့မျက်လုံးများက ထန်ရှုဘေးနားရှိ အိုးရန်လုလုထံ ကျရောက်သွားချိန်တွင် သူ့မျက်ခုံးများက ရုတ်တရက် ကျုံ့သွားတော့သည်။
ထန်ရှုက သူတို့အနားရှိ ခုံနေရာလွတ်အား လက်ညှိုးထိုးကာ ပြုံးလျက် ပြောလိုက်သည် “အဲဒါ ငါပဲ၊ ကျီမူ။ တစ်ယောက်ယောက် ငါ့ကို မှတ်မိမှာကို မလိုချင်လို့၊ ဒါကြောင့် ငါ့ရဲ့အသွင်အပြင်ကို ပြောင်းလဲခဲ့တာ”
ကျီမူက အံ့အားသင့်သွားသည်။ အိုးရန်လုလုထံ ခေါင်းညိတ်ပြပြီးနောက် သူက ထန်ရှု၏အခြားတစ်ဖက်၌ နေရာယူကာ စိတ်လှုပ်ရှားစွာနှင့် ပြောလိုက်သည် “ဒီနေရာမှာ မင်းနဲ့ လာဆုံတွေ့ရလိမ့်မယ်လို့ ငါ ဘယ်တော့မှ မထင်ထားဘူး၊ ညီအကိုထန်။ မင်းရဲ့မျက်နှာပြောင်းနည်းစနစ်က တကယ်အံ့အားသင့်စရာပဲ။ မင်းမျက်နှာကို အတော်ကလေး ရင်းနှီးသလို ခံစားရပေမယ့် ငါ မင်းကို တကယ်မမှတ်မိခဲ့ဘူး”
“ဒါက အသေးစားလှည့်ကွက်လေးပါ”ထန်ရှုက ပြုံးကာ ပြန်ပြောသည် “မင်းကမှ အရမ်းတော်တာ၊ မင်းက ချီသန့်စင်ခြင်းအလယ်ဆင့်ကို ချိုးဖြတ်သွားလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ ဒါနဲ့ ငါ ထင်တာမှန်ရင် မင်းဘေးနားက အဲဒီအဘွားအိုက မင်းကို လမ်းညွှန်မှုအချို့ ပေးခဲ့တာ ဖြစ်ရမယ်”
“ဟုတ်ပါတယ်”ကျီမူက ခေါင်းညိတ်လိုက်သည် “အဘွားကွေယင်က ငါ့ကို လမ်းညွှန်ပေးခဲ့တယ်၊ အဲဒါက ငါ့အတွက် အတော်လေးအကျိုးရှိစေတယ်”
အနီးနားတွင် ငွေရောင်ဆံပင်အဘွားအိုက ကြုံရာခုံနေရာလွတ်တစ်ခုရှာကာ ထိုင်လိုက်သည်။ သို့သော် သူမမျက်လုံးများက ကျီမူ၏ဉီးတည်ဘက်သို့ တစ်ချက်ကြည့်လိုက်ပြီး သူမက သူမ၏အမြင်အာရုံအား ပြန်ရုတ်သိမ်းမည့်ဆဲဆဲတွင် သူမ၏အမူအရာက ရုတ်တရက် အနည်းငယ် ပြောင်းလဲသွားပြီး သူမမျက်လုံးများက ထန်ရှုနှင့်ကျီမူထံမှ မရွေ့တော့ပေ။
“အဲဒီလူက…”
အဘွားအိုက ပိုအာရုံစိုက်ကြည့်သည်၊ စက္ကန့်အနည်းငယ်ကြာပြီးနောက် သူမခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားသည်။ သို့သော် သူမက ပျော်ရွှင်သွားပုံပေါ်ပြီး ထရပ်ရန် မတုံ့ဆိုင်းလဲ ထန်ရှုရှိရာဉီးတည်ဘက်သို့ လျှောက်လာသည်။ သူမက သူ့အရှေ့သို့ ရောက်လာပြီးနောက် ထရပ်လာသောကျီမူအား လစ်လျူရှုကာ နှုတ်ဆက်လိုက်သည် “မင်းက မစ္စတာထန်မလား”
ထန်ရှုက ထရပ်ပြီး ပြုံးကာ ပြောလိုက်သည် “အာ၊ ခင်ဗျားက ကျုပ်ကို မှတ်မိနိုင်ပုံပဲ။ ဟိမဝန္တာကနေ ခင်ဗျား အခုမှ ပြန်လာတာလား”
အဘွားအိုက စိတ်လှုပ်ရှားစွာ ပြောလိုက်သည် “ငါ ဒီမှာ ရောက်နေတာ ခဏတဖြုတ်လောက်တော့ ကြာပြီ။ ထိုနေရာက စစ်ဆင်ရေးက အဆင်ပြေချောချောမွေ့မွေ့ပဲ၊ ဒါကြောင့် ငါ ခရီးတစ်ခေါက် ထွက်လာခဲ့တာ။ ချန်ရှီမြို့က ငါ့ရဲ့ညီအမဟောင်းဆီ လာလည်တာ၊ ဒါပေမယ့် သူမက လွန်ခဲ့တဲ့နှစ်အနည်းငယ်က ထွက်သွားပြီးဖြစ်လိမ့်မယ်လို့ ငါ ဘယ်တော့မှ မထင်ထားဘူး”
“ကျေးဇူးပြုပြီး ဒီလိုသတိထားနေစရာမလိုပါဘူး။ ထိုင်ခုံမှာ အရင်ထိုင်ပြီး ပြောကြတာပေါ့”ထန်ရှုက ပြုံးကာ ပြောလိုက်သည်။
“ကောင်းပါပြီ…”
အဘွားအိုက မှင်တက်နေသောကျီမူထံ အကြည့်ပြောင်းကာ ပြောလိုက်သည် “ငါ မင်းထိုင်ခုံကို ယူလို့ရမလား”
ကျီမူက မှင်တက်ရာမှ နိုးထလာပြီး သူမအတွက် နေရာဖယ်ပေးကာ ပြောလိုက်သည် “ရတာပေါ့။ ကျေးဇူးပြုပြီး ထိုင်ပါ၊ အဘွား”
အဘွားအိုက ထိုင်ပြီးနောက် အသံနှိမ့်လျက် ပြောလိုက်၏ “ဟိမဝန္တာကနေ ငါတို့ ခွဲထွက်သွားပြီးရင် မင်းကို ထပ်တွေ့ရဖို့ အရမ်းခက်ခဲမယ်လို့ ငါ ထင်ထားတာ၊ မစ္စတာထန်။ ဒီနေရာမှာ မင်းနဲ့ တွေ့ရလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ ငါတို့လူအိုကြီးတွေက မင်းကို သေချာပေါက် အားကျနေတာ။ ဒါ အမှန်ပဲ”
ထန်ရှုက လက်ဝှေ့ယမ်းကာ ပြောလိုက်သည် “ဟုတ်ပါပြီ၊ ကျုပ်တို့က ကျင့်ကြံခြင်းလမ်းကြောင်းအပေါ် လျှောက်လှမ်းနေတဲ့ တာအိုပညာရှင်တွေပဲ၊ ဒါကြောင့် ကျုပ်တို့ တစ်ယောက်နှင့်တစ်ယောက် တွေ့ဖို့က အရမ်းလွယ်ပါတယ်။ ခင်ဗျားက ဒီကောင်ကျီမူနဲ့ ရှိလိမ့်မယ်လို့ မမျှော်လင့်ထားရုံပဲ”
“ငါနဲ့ကျီမူရဲ့အဖွားက အတူတူကြီးပြင်းလာကြတဲ့ ညီအမတွေပဲ”အဘွားအိုက ရှင်းပြ၏ “ဒါကြောင့် သူမနဲ့ တွေ့ဖို့ ချန်ရှီမြို့ဆီ ငါ လာလည်ခဲ့တာ”
“ကျုပ်ထင်တာမှန်ရင် ကျီမူရဲ့အဘွားလဲ ကျင့်ကြံသူတစ်ယောက်ဖြစ်ရမယ်မလား”ထန်ရှုက ပြုံးကာ ပြောလိုက်သည် “ဒါပေမယ့် ငါ ထူးဆန်းသလို ခံစားမိတာ တစ်ခုခုရှိတယ်။ ဘာလို့ ကျီမိသားစုရဲ့နောက်ပိုင်းမျိုးဆက်တစ်ယောက်မှ သူမရဲ့အမွေကို မဆက်ခံကြတာလဲ”
ငွေရောင်ဆံပင်အဘွားအိုက ခေါင်းခါယမ်းကာ ပြောလိုက်သည် “အကြောင်းပြချက်အတိအကျကိုတော့ ငါလဲ မသိဘူး။ သူ့ရဲ့ဒီထူးချွန်တဲ့မြေးတစ်ယောက်ကိုပဲ သင်ကြားပေးဖို့ သူမက တွေးခဲ့တာ ဖြစ်နေမလား”
သူမဘေးနားတွင် ထိုင်နေသော ကျီမူက ကမန်းကတန်း ပြောလိုက်သည် “အဘွား၊ ငါ့အဘွားက ငါ့ကို ကျင့်ကြံဖို့ သင်ကြားပေးခဲ့တာ မဟုတ်ဘူး၊ ဒါပေမယ့် ညီအကိုထန်ပဲ”
အဘွားအိုက မှင်တက်သွားပြီး ချက်ချင်း အမှတ်တမဲ့ ပြောလိုက်လေသည် “မစ္စတာထန်က မင်းကို ကျင့်ကြံဖို့ သင်ကြားပေးခဲ့တာလား။ မင်းနဲ့သူနဲ့ဆက်ဆံရေးက…”
“ကျုပ်နဲ့ကျီမူက မိတ်ဆွေတွေပါ”ထန်ရှုက ပြုံးကာ ပြောလိုက်သည်။
ဤသည်ကို ကြားပြီး ကျီမူက ရုတ်တရက် တုန်လှုပ်သွားသည်။ သူမက သူ့ကို သူမရဲ့အကြီးအကဲအဖြစ် သတ်မှတ်ထားသလို သူ လေးစားတဲ့အဘွားအိုက ထန်ရှုအား အလွန်ရိုသေလေးစားတာကို သူ ဘယ်လိုလုပ်ပြီး မမြင်နိုင်ရမှာလဲ။ သူ့နှလုံးသားထဲရှိ ထန်ရှု၏နေရာက အဆင့်အနည်းငယ်မြှင့်တက်လာသည်။
အဘွားအိုက ပြုံးကာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူမက ကျီမူအား လှည့်ကြည့်ကာ သက်ပြင်းချလိုက်၏။ “မူလေး၊ ထန်ရှုလို မိတ်ဆွေတစ်ယောက်ရှိတာ မင်းအတွက် ကောင်းချီတစ်ခုပဲ။ နောက်ကျရင် မစ္စတာထန်ဆီကနေ မင်း အကြံဉာဏ်တွေ ပိုတောင်းရမယ်”
“နားလည်ပါပြီ…”
ကျီမူက ထန်ရှုအား စိတ်အားထက်သန်စွာ ကြည့်ကာ သူတေးထားသည့်မေးခွန်းအား မေးလိုက်သည် “အဘွား မြောက်ပိုင်းကနေ ထွက်လာတာ ကြာပြီးလား။ ဘယ်လိုလုပ်ပြီး ထန်ရှုနဲ့ သိကျွမ်းနေရတာလဲ။ ပြီးတော့ အဘွားတို့ ပြောခဲ့တာလေ၊ အဲဒီဟိမဝန္တာမှာ အတိအကျ ဘာဖြစ်ခဲ့တာလဲ”
ငွေရောင်ဆံပင်နှင့်အဘွားအိုက သူမအကြည့်အား ထန်ရှုထံ ပြောင်းကာ တိတ်တဆိတ် ခေါင်းခါယမ်းလိုက်သည်။
ထန်ရှုက ပေါ့ပေါ့ပါးပါးပြုံးလျက် ရှင်းပြလိုက်သည် “တကယ်တော့ ဘာမှ မဖြစ်ခဲ့ပါဘူး၊ နတ်ဆိုးသားရဲတွေနဲ့တိုက်ပွဲမှာ ငါတို့က ဘေးချင်းယှဉ်တိုက်ခိုက်ခဲ့တာလေ။ မင်းရဲ့လက်ရှိခွန်အားက အားနည်းလွန်းသေးတယ်၊ ဒါကြောင့် ဒါနဲ့ ပတ်သက်ပြီး ထပ်မမေးနဲ့တော့၊ ဟုတ်ပြီလား။ မင်း အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရောက်တော့မှ အဲနေရာကို သွားပြီး ကိုယ်တိုင် တွေ့ကြုံကြည့်ပေါ့၊ ရွှေအမြုတေအဆင့်ရောက်မှ သွားရင်တော့ ပိုကောင်းတာပေါ့”
နတ်ဆိုးသားရဲလား…
ကျီမူက ထပ်မံတုန်လှုပ်သွားပြန်သည်။ ထန်ရှုနှင့်အဘွားကွေယင်တို့ ဘယ်လောက်အားကောင်းသလဲကို သူ ကောင်းကောင်းသိသည်။ ထန်ရှု၏ကျင်ကြံခြင်းအဆင့်နှင့် ပတ်သက်၍ သူ မသိပေ၊ ထန်ရက အလွန်အားကောင်းသည်ကိုသာ သိ၏။ သို့သော် အဘွားကွေယင်က အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနှောင်းပိုင်းအဆင့်ရှိပြီး သေချာပေါက် အလွန်သန်မာသောတည်ရှိမှုတစ်ခုဖြစ်သည်။