← Chapters

တန်ဖိုးအရှိဆုံးရတနာ

Vol. 81 Ch. 1131

တန်ဖိုးအရှိဆုံးရတနာ

Vol. 81 Ch. 1131

ခန်းမထဲရှိ အလင်းများက မှေးမှိန်သွားပြီး လေလံစင်မြင့်က ပို၍ လင်းထိန်လာသည်။ ထို့နောက် အိုးရန်လုလုက တီးတိုးပြောလိုက်၏ “လေလံပွဲက စတင်တော့မယ်”

မျှော်မှန်းထားသလိုပင်၊ ဤအချိန်တွင် လေလံခန်းမသို့ တက်ရောက်လာသူများက အယောက်နှစ်ရာကျော်သည်၊ ခန်းမထဲရှိထိုင်ခုံအများစုက နေရာပြည့်နေ၏။ ဝင်ပေါက်တံခါးက ဖြည်းဖြည်းချင်း ပိတ်သွားပြီး အဖြူရောင်လက်အိတ်ကိုဝတ်ဆင်ထားသည့်လေလံပစ်သူက ပြုံးလျက် စင်မြင့်ပေါ်သို့ တက်လာ၏။

“ရေလက်ဝါးပြာစံအိမ်မှ ကြိုဆိုပါတယ်၊ အမျိုးသားအမျိုးသမီးကောင်းတို့ရေ။ ကျုပ်တို့ကို လေလံပွဲကျင်းပဖို့ နေရာပေးတဲ့အတွက် ရေလက်ဝါးပြာစံအိမ်ပိုင်ရှင်မစ္စတာဟူရှောက်ခန်းကို ကျေးဇူးတင်ပါတယ်။ ကျုပ်နာမည်က ချန်ဟွမ်း၊ ဒီလေလံပွဲရဲ့လေလံပစ်သူပဲ”

ဤအထိရောက်ပြီးနောက် သူက ခဏရပ်ကာ ခလုတ်ဖွင့်ထားသည့်ပရိုဂျက်တာထံ လက်ညှိုးထိုးပြလိုက်၏။ ထို့နောက် သူက ပြုံးလျက် ဆက်ပြော၏ “ဒါက ဒီနေ့လေလံတင်မယ့်ပစ္စည်းစာရင်းပဲ။ ခန်းမထဲက လေးစားရတဲ့ဧည့်သည်တွေအားလုံးက ပစ္စည်းအချို့ကို ကြိုတင်ကြားဖူးမှာပါ။ သူတို့ထဲမှာ ခင်ဗျားတို့ကြိုက်မယ့်ရတနာအချို့ ရှိနိုင်မှာပါ။ ကဲ၊ လေလံပွဲ စတင်ပါပြီ…”

“ပထမဆုံးလေလံတင်မည့်ပစ္စည်းက နာမည်ကြီးစုဆောင်းသူတစ်ယောက်စုဆောင်းထားတဲ့ပန်းချီကားတစ်ချပ်ပါပဲ…”

လေလံပွဲ၏လုပ်ငန်းစဥ်က စတင်လာသည်၊ သူလည်း ပန်းချီဆရာတစ်ယောက်ဖြစ်သောကြောင့် ပထမဆုံးလေလံပစ္စည်းအား ထန်ရှုက စိတ်မဝင်စားပေ။ သူ လိုချင်လျှင် သူ၏ပန်းချီလက်ရာကို လေလံတင်ကာ ကောင်းကင်ပမာမြင့်မားသောတန်ဖိုးကို ရရှိနိုင်သည်။

ဒုတိယပစ္စည်းက ရီရှင်းရွှံ့လက်ဖက်ရည်တစ်အိုးဖြစ်သည်၊ အင်ပါယာနန်းတော်၏တော်ဝင်လက်ဖက်ရည်တစ်အိုးဖြစ်ဟန်တူ၏၊ ၎င်းလည်း အတော်လေးဈေးရသည်။

လေလံပွဲက ဆက်သွားနေသည်။ ဧည့်သည်များစွာက ဈေးပြိုင်ပေးခဲ့သော်လည်း သတ်ဖြတ်လိုခြင်းတို့ တစ်ခုမှ မဖြစ်လာပေ။ ထို့ပြင် လေလံပစ္စည်းတစ်ခုစီ၏တန်ဖိုးက အတော်လေးနိမ့်သည်ဟု ပြောနိုင်၏။

“ကျီမူ၊ ဒီတစ်ကြိမ်လေလံတင်မယ့်ပစ္စည်းအရေအတွက်ကို မင်း မေးခဲ့လား”ထန်ရှုက မေးလိုက်သည်။

“စုစုပေါင်း၃၂ခုလို့ ငါထင်တယ်”ကျီမူက ပြန်ဖြေသည် “အချို့တလေရဲ့အချက်အလက်တော့ ငါ သိတယ်။ ကျန်တာတွေတော့ ငါ မသိဘူး”

ထန်ရှုက ခေါင်းညိတ်တုံ့ပြန်ပြီးနောက် သူ့အာရုံအား လေလံပစ်သူထံ ပြန်ပြောင်းလိုက်သည်။

ဆယ်နာရီရှိလာချေပြီ။ ကိုယ်ကျပ်သင်တိုင်းနှင့် လမ်းညွှန်မိန်းကလေးတစ်ယောက်က စင်မြင့်ပေါ် တက်လာပြီး လေလံပစ်သူက ပြုံးကာ ပြောလိုက်၏ “နောက်လာမယ့်ပစ္စည်းက အလွန်စိတ်ဝင်စားစရာကောင်းတဲ့ပစ္စည်းတစ်ခုပါပဲ၊ ဧည့်သည်တော်တို့ရေ။ အဲဒါက ရတနာကျွမ်းကျင်သူရာပြတ်ဆယ်ယောက်ကျော်က တန်ဖိုးဖြတ်ထားတယ်၊ ဒါပေမယ့် သူတို့ထဲကတစ်ယောက်မှ ဒီပစ္စည်းက ဘာလဲဆိုတာ မသိကြဘူး။ တစ်ခုသေချာတာကတော့ ဒီပစ္စည်းက နှစ်အတော်လေးကြာပြီ။ ကဲ၊ ကျုပ်တို့တွေ စခရင်ကို ကြည့်လိုက်ကြရအောင်”

ရှင်းလင်းသောပုံပန်းချီတစ်ခုက စခရင်ပေါ်တွင် ပြသလာသည်၊ ထို့နောက် လမ်းညွှန်မိန်းကလေးက ပစ္စည်းပေါ်ရှိ အဝါရောင်ပိုးခြည်အကာအား မတင်လိုက်ပြီး ပရိသတ်ထံ သစ်သားသေတ္တာတစ်ခုအား ပြသလိုက်ပြီး သလင်းကျောက်အလားကြည်လင်သောပုလဲတစ်လုံးက ထွက်ပေါ်လာသည်။

ဒါက မဟုတ်မှလွှဲရော…

အံ့အားသင့်မှုက ထန်ရှု၏မျက်လုံးများထဲ၌ လေးနက်သွားသည်၊ သူက စိတ်ဝိညာဉ်အာရုံအား ချက်ချင်း ထုတ်လွှတ်ကာ သလင်းကျောက်ပုလဲအား လျင်မြန်စွာ လွှမ်းခြုံလိုက်သည်။ သူက လေ့လာလေလေ၊ ထိတ်လန့်တုန်လှုပ်မှုက ပိုထင်ရှားလာလေပင်။

နဂါးပုလဲတစ်လုံးလာား။

သူ့မျက်လုံးများက လမ်းညွှန်မိန်းကလေး၏လက်ထဲရှိ နဂါးပုလဲထံမှ မရွေ့တော့ပေ၊ တုန်လှုပ်သောခံစားချက်တို့ကလည်း သူ့စိတ်ထဲ၌ မွေးဖွားလာနေသည်။ ထိုပုလဲအတွင်း၌ ကြီးမားသောစွမ်းအင်ပါဝင်သည်ကို သူက ရှင်းရှင်းလင်းလင်းအာရုံခံနိုင်၏။ ဒီနဂါးပုလဲက သာမန်နဂါးမှ မဟုတ်ပေ၊ ရှေးဟောင်းနဂါးတစ်ကောင်မှ ဖြစ်တန်ရာသည်။

ဒါပေမယ့်…ဒါဆိုရင် ဘယ်လိုလုပ်ပြီး ရှေးဟောင်းနဂါးတစ်ကောင်မှနဂါးပုလဲတစ်လုံးက ကမ္ဘာမြေပေါ်မှာ ထွက်ပေါ်လာတာလဲ။

အင်မော်တယ်ကမ္ဘာမှာတုန်းက သူက ဒီလိုတူညီသောပုလဲတစ်လုံးကို လက်ဝယ်ပိုင်ဆိုင်ခဲ့သည်၊ သို့သော် ၎င်းကို ရရှိရန် ပေးချရသောပမာဏက ကြီးမားလွန်း၏။ ထို့ပြင် ထိုနဂါးပုလဲထဲတွင် ပါဝင်သော ကြီးမားသောအဆီအနှစ်စွမ်းအင်က သူ့အား နောက်ဆုံးအတားအဆီးကို ချိုးဖြတ်စေပြီး အန္တိမအရှင်တစ်ယောက်ဖြစ်လာခဲ့၏။

ထန်ရှုက အံ့ဩတုန်လှုပ်နေသည်ကို အဘွားကွေရင်က ချက်ချင်း တွေ့သွားသည်။ သူမ၏အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး သူမက နဂါးပုလဲအပေါ် စက္ကန့်အနည်းငယ်အကြာ ချက်ချင်း အာရုံစိုက်ကြည့်လိုက်သည်။ ထို့နောက် သူမက တိုးတိုးလေးမေးလိုက်၏ “ဒီပစ္စည်းက ဘာလဲဆိုတာ မင်း သိတာလား၊ မစ္စတာထန်”

ထန်ရှုက ခေါင်းညိတ်လိုက်ပြီး သူမအား တစ်ချက်ကြည့်ကာ ပြန်ပြောသည် “ဒါက ပစ္စည်းကောင်းတစ်ခုပဲ”

“ဒါက အတိအကျ ဘာများလဲ”အဘွားအိုက ကမန်းကတန်း မေးလိုက်သည်။

ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးလျက်သာ ပြန်တုံ့ပြန်လိုက်သည်။ သူက ဘယ်လောက်အားကောင်းသလဲဆိုသည်ကို သူမ သိသောကြောင့် ဒီနဂါးပုလဲအတွက် အဘွားအိုကွေရင်က သူနှင့် ယှဉ်ပြိုင်မည်ကို သူ မကြောက်ပေ။

ဤနဂါးပုလဲအား ရယူရန် သူက အရာအားလုံးအား အသင့်ပြင်ထားပြီဖြစ်၏။

လေလံပစ်သူက ပီတိပြုံးပြုံးလျက် ပြောလိုက်သည် “ရတနာရာပြတ်ဆယ်ယောက်ကျော်က ဒီပစ္စည်းဘာလဲဆိုတာကို မဆုံးဖြတ်နိုင်ဘူး။ ဒါပေမယ့် ရှေးဟောင်းပစ္စည်းတွေက အမြဲတမ်း ပစ္စည်းကောင်းတွေဆိုတာကို ခင်ဗျားတို့ သဘောတူကြတယ်မလား။ ဒါ့အပြင် ဒီပုလဲက သလင်းကျောက်လို ကြည်လင်တယ်၊ ဒဏ္ဍာရီလာအမှောင်အလင်းပုလင်းနဲ့ ယှဉ်နိုင်လုနီးပါးပဲ။ ဒါကြောင့် ကျုပ်တို့တွေ ငါးသန်းနဲ့ လေလံစကြတာပေါ့။ ဒီပုလဲကို ရဖို့ ဆန္ဒရှိတဲ့ ဘယ်သူမဆို တစ်ကြိမ်ကို အနည်းဆုံး တစ်သိန်းစီ တိုးပေးရမယ်”

“ငါးသန်းလား”

“ပုလဲတစ်လုံးကလေ”

လေလံပစ်သူ၏အသံပျောက်သွားပြီးနောက် စက္ကန့်သုံးဆယ်ရှိလာသော်လည်း ဧည့်သည်နှစ်ရာကျော်ထဲမှတစ်ယောက်ကမှ လေလံဈေးမပေးကြပေ။ တကယ်တော့ အမည်မသိပစ္စည်းတစ်ခုဟု ဖော်ပြထား၏၊ ထို့ပြင် နောက်ထပ်ပစ္စည်းကောင်းများကလည်း စောင့်နေသေး၏။ ၎င်းက ရတနာတစ်ခုဟုတ်မဟုတ် ဘယ်သူက သိမည်နည်း။ ၎င်းက အမှိုက်ဖြစ်နေပြီး ၎င်းအတွက် ငါးသန်းသုံးစွဲခဲ့ရလျှင် သူတို့က သေချာပေါက် စိတ်ပျက်လက်ပျက်ဖြစ်ရပေမည်။

“၅.၁သန်း”

နောက်ဆုံးတွင် မျက်မှန်တပ်ထားသည့် လူအိုကြီးတစ်ယောက်က သူ့ဘေးနားရှိနံပါတ်ပြာအား မြှောက်လိုက်သည်။ လူတိုင်းက သူ့အား စိုက်ကြည့်လာသည်ကို တွေ့လိုက်ရသောအခါ သူက ချက်ချင်းပြုံးကာ ပြောလိုက်၏ “ဒါက ငါးသန်းမျှပဲလေ။ ငါ ကံကောင်းသွားရင် ဘယ်လိုလုပ်မလဲ။ ဒါက ပစ္စည်းကောင်းတစ်ခုလဲ ဖြစ်နိုင်တာပဲလေ”

လူအိုကြီး လေလံဆွဲသည်ကို ကြားတော့မှ လေလံပစ်သူက စိတ်သက်သာရာရသွားတော့သည်။ သူက လူအိုကြီးထံ ပြုံးပြကာ ချီးကျူးလိုက်သည် “ဒီအကြီးအကဲက တကယ်ကို မျက်စိအမြင်စူးရှတာပဲ။ ဒီပုလဲက တကယ်ကို ရတနာကြီးတစ်ခုပဲ။ ပြီးတော့ ၎င်းရဲ့တန်ဖိုးက ယွမ်ငါးသန်းအထက်မှာ ရှိတယ်လို့ ရတနာကျွမ်းကျင်သူရာပြတ်တွေက ပြောခဲ့ကြတယ်၊ ဒါက ဒီပစ္စည်းက သာမန်မဟုတ်ဘူးဆိုတာကို သက်သေပြတာပဲ။ ကျန်တဲ့လူတွေကရော။ ခင်ဗျားတို့ထဲမှ တစ်ယောက်ယောက်ကများ လေလံဈေးမတိုးပေးချင်ဘူးလား။ မဟုတ်ရင် ဒီခမ်းနားကြီးကျယ်တဲ့ရတနာက ဒီလူကြီးမင်းက ပိုင်ဆိုင်သွားတော့မှာနော်”

“၅.၅သန်း”

နောက်ဆုံးတွင် တစ်ယောက်ယောက်က ဈေးပေးလိုက်သည်။ သို့သော် အလွန်နည်းပါးသောသူတွေကသာ ဒီလိုအရာဝတ္ထုတစ်ခုအတွက် လေလံဈေးပေးရန် စိတ်ဝင်စားကြ၏။ နောက်ဆုံးတွင် တန်ဖိုးက ၆.၂သန်းထိ ရောက်ရှိလာ၏။

“တစ်ယောက်ယောက်က ဒီထက်‌ ဈေးပိုပေးချင်သေးလား”လေလံပစ်သူက ထပ်မေးလိုက်၏။

ထန်ရှုက သူ့ဘေးနားရှိ နံပါတ်ပြားအား ဖြည်းဖြည်းချင်း မကာ ပြုံးလျက် အော်လိုက်သည် “၆.၅သန်း”

တန်ဖိုးက တစ်ခါတည်းနှင့် သုံးသိန်းတိုးပေးလိုက်သဖြင့် အာရုံစိုက်မှုများစွာအား ရရှိလာခဲ့သည်။ အထူးသဖြင့် သူ၏သရုပ်မှန်အား သိသော ကူးချန်မင်နှင့်ကျင်းရှင်းခွိုက်တို့ပင်။ နှစ်ယောက်လုံးက နဂါးပုလဲထံ အကြည့်များပြောင်းလိုက်ကြ၏။

“ဒါက ပစ္စည်းကောင်းပဲ ဖြစ်မယ်။ သူ့မျက်လုံးကိုဆွဲဆောင်နိုင်တဲ့အရာတိုင်းက သေချာပေါက် သာမန်မဟုတ်ဘူး”ကျင်းရှင်းခွိုက်က အသံနှိမ့်လျက် မှတ်ချက်ပေးလိုက်သည်။

“အသေအချာပေါ့”ကူးချန်မင်က အနည်းငယ် ခေါင်းညိတ်ကာ ပြောလိုက်သည် “ဒါပေမယ့် သူက မျက်စိကျနေမှာတော့ ငါတို့တွေ လက်ရှောင်ကြရအောင်။ အဖိုးတန်ရတနာတစ်ခုအတွက်နဲ့ ငါတို့တွေ သူ့ကို ဆန့်ကျင်လို့မရဘူး”

“ငါ သိပါတယ်”ကျင်းရှင်းခွိုက်က တိုးတိုးလေး ပြန်ပြောသည် “ဒါပေမယ့် သူ ဒါကို လေလံဆွဲနိုင်သွားရင် ငါတို့‌သောက်တဲ့အခါကျမှ ဒီပစ္စည်းနဲ့ ပတ်သက်ပြီး သူ့ကို မေးကြတာပေါ့”

“ဟုတ်တယ်”ကူးချန်မင်က ပြန်ဖြေ၏။

၆.၂သန်းဈေးပေးခဲ့သောသက်လတ်ပိုင်းအရွယ်ယောကျ်ားက ထန်ရှုအား အံ့အားသင့်စွာနှင့် လှည့်ကြည့်လိုက်သည်၊ ဤလူက မရင်းနှီးသည်ကို သိလိုက်ရ၏။ ထန်ရှုက ငယ်ရွယ်လွန်းသောကြောင့် သူက အံ့ဩမိသော်ငြား သူက နံပါတ်ပြားအား ထပ်မြှောက်ပြကာ အော်လိုက်သည် “၇သန်း”

“၇.၅သန်း”ထန်ရှုက အော်လိုက်သည်။

“၈”သက်လတ်ပိုင်းအရွယ်လူက မျက်မှောင်ကြုတ်လိုက်သည်။

“၈.၅သန်း”ထန်ရှုက ထပ်မြှောက်ပြလိုက်သည်။

သက်လတ်ပိုင်းအရွယ်ယောကျ်ားက ခဏတုံ့ဆိုင်းသွားသည်။ သူက ထန်ရှုအား ပြန်လှည့်ကြည့်ပြီးနောက် ချက်ချင်း လက်လျှော့လိုက်တော့သည်။

နောက်ဆုံးတွင် ဤနဂါးပုလဲအား ထန်ရှုအား ယွမ်၈.၅သန်းနှင့် အနိုင်ရခဲ့သည်။ ထို့နောက် ၎င်းအား ယူရန် သူက စင်မြင့်နောက်သို့ အမြန်ဆုံး သွားပြီး နောက်ငါးမိနစ်ကျော်ကြာပြီးနောက် ပုလဲနှင့်အတူ သူ့ထိုင်ခုံသို့ ပြန်ရောက်လာသည်။

လက်ရှိအချိန်တွင် ထန်ရှုက ဘယ်လောက်စိတ်လှုပ်ရှားနေသလဲဆိုသည်ကို တစ်ယောက်မှ မသိပေ။ ဤရှေးဟောင်းနဂါးပုလဲက စွမ်းအင်ဧရာမပါဝင်သည်၊ ယွမ်၈.၅သန်းအသာထား၊ ကမ္ဘာတစ်ခုလုံးရှိဘဏ်များထဲရှိပိုက်ဆံများပေါင်းလိုက်လျှင်ပင် ၎င်းအား ဝယ်ယူရန် မလုံလောက်ပေ။

နာရီဝက်ကြာသွား၏၊ နောက်ဆုံးတွင် လေလံပွဲက ပြီးဆုံးတော့မည်ဖြစ်၏။ နောက်ထပ်ပစ္စည်းတစ်ခုက ထန်ရှု၏မျက်လုံးအရှေ့၌ ထပ်မံထွက်ပေါ်လာသည်။ သို့သော် စခရင်ပေါ်တွင် ပြထားသောပစ္စည်းပုံနှင့် လေလံပစ်သူထံမှ ဖော်ပြချက်ကို ကြားပြီးနောက် သိပ်သည်းသောသတ်ဖြတ်လိုစိတ်က သူ့မျက်လုံးများမှ လျှံကျလာသည်။

ဒါ လေဂလိုက်ဒါပဲ။

၎င်းက ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုက ထုတ်လုပ်ထားသော အဆင့်မြင်နည်းပညာပစ္စည်းဖြစ်၏။ စစ်တပ်နှင့် အရောင်းအဝယ်လုပ်ထားသည်မှလွှဲ၍ ၎င်း၏တစ်စိတ်တစ်ပိုင်းကိုပင် ဘယ်သူ့ကိုမှ မရောင်းရသေးပေ။ သို့သော် ၎င်းတို့ထဲမှတစ်ခုက ဤလေလံပွဲ၌ ရုတ်တရက် ထွက်ပေါ်လာသည်။ စစ်သည်မဟုတ်လျှင် သူ့ကုမ္ပဏီထဲ၌ ပြဿနာအချို့ရှိသည်ကို ထန်ရှုက သဘောပေါက်လိုက်၏။

“ဒီပစ္စည်းရဲ့လုပ်ဆောင်ချက်တွေအားလုံးကို ကျုပ်ရှင်းပြပြီးပြီဆိုတော့ ကြမ်းခင်းဈေးဆယ်သန်းနဲ့ လေလံစတင်ပါတော့မယ်၊ တစ်ခါတိုးတိုင်း တစ်သန်းထက် လျော့နည်းလို့မရပါဘူး”လေလံပစ်သူက ပြုံးကာ ကြေငြာလိုက်သည်။

“ရပ်စမ်း…”

ထန်ရှုက ခုံမှ ထရပ်လိုက်သည်။ လေလံပစ်သူနှင့်ဧည့်သည်နှစ်ရာကျော်၏အကြည့်များအောက်တွင် သူက လေလံစင်မြင့်ပေါ်သို့ တက်ကာ အေးစက်သောမျက်လုံးများနှင့် ပရိတ်သတ်ထံ ကြည့်လိုက်သည်။ ထို့နောက် သူက လေးလံသောအသံနှင့် ချက်ချင်း ပြောလိုက်၏ “ဘယ်လိုတောင်စိတ်ဝင်စားစရာကောင်းတဲ့ပစ္စည်းတစ်ခုလဲ။ ဒါပေမယ့် ဒီနေ့ ငါပဲ ဒါကို ရရမယ်။ ဘယ်သူရဲ့လေလံဈေးပဲဖြစ်ဖြစ် ယွမ်တစ်သန်းသာ ဆက်တိုးသွားလိုက်”

လေလံပစ်သူ၏အမူအရာက တရစပ်ပြောင်းလဲသွားပြီး ထိတ်လန့်တုန်လှုပ်သွား၏။ သို့သော် ထန်ရှု၏အေးစက်သောအမူအရာကို မြင်ပြီးနောက် သူက ကမန်းကတန်းပြောလိုက်သည် “ဆရာ၊ ကျေးဇူးပြုပြီး သေချာစဉ်းစားပါအုံး။ လေလံတန်ဖိုးက မြင့်မားလွန်းရင် ငါ ကြောက်တာက အဲဒါက မင်းကို…”

ထန်ရှုက လက်မြှောက်ကာ သူ့အား တားလိုက်ပြီး စိတ်မဝင်စားဟန်နှင့် ပြောလိုက်သည် “စိတ်ချပါ။ သူတို့က ငါနဲ့ ရင်ဆိုင်ရမှာ ဖြစ်တဲ့အတွက် ဒီနေ့ ဘယ်သူမှ လေလံဝင်ဆွဲရဲမှာမဟုတ်ဘူး။ ဒီနေရာမှာ ငါ့ရဲ့ထူးဆန်းသောသဘောထားကြောင့် လူတိုင်းကို အပြစ်ပြုမိမယ်ဆိုတာ ငါ သိပါတယ်၊ ဒါပေမယ့် ဒီပစ္စည်းက အရေးကြီးလွန်းတယ်၊ ငါ့ကို ဆန့်ကျင်ရဲတဲ့သူတွေက မရှုမလှနဲ့ အဆုံးသတ်သွားရလိမ့်မယ်”

ဒုတိယတန်းရှိထိုင်ခုံတွင် ထိုင်နေသော လူအိုကြီးတစ်ယောက်က မျက်မှောင်ကြုတ်ကာ မကျေမနပ် ပြောလိုက်သည် “စကားကို အရူးချီးပန်းမပြောနဲ့၊ လူငယ်လေး။ မင်းမှာ ပိုက်ဆံရှိရင်တောင် ငါတို့တွေကလဲ ဆင်းရဲနေတာ မဟုတ်ဘူး။ ဒီလိုလေလံပွဲတစ်ခုရဲ့အဆင့်က မင်း ဟိတ်ဟန်ထုတ်ရမယ့်နေရာမျိုးမဟုတ်ဘူး”

“ကျုပ်က ဟိတ်ဟန်ထုတ်နေတယ်လို့ ခင်ဗျားက ထင်တာလား။ ခင်ဗျား စမ်းကြည့်ချင်လား”ထန်ရှုက နှာခေါင်းရှုံ့လိုက်သည်။

All Chapters