နိုင်ငံတော်သစ္စာဖောက်မှုနှင့်ကြံရာပါ
Vol. 81 Ch. 1132
ပဉ္စမထပ်တွင် ကူးချန်မင်က ခုံမှ ချက်ချင်း ထရပ်ကာ လေးလံသောအသံနှင့် ပြောလိုက်သည် “ဒီလူက ဒီပစ္စည်းကို ဝယ်ချင်တယ်၊ ဒါကြောင့် သူနဲ့ မယှဉ်ပြိုင်ဖို့ လူတိုင်းကို ကျုပ် ပြောချင်တယ်၊ မဟုတ်ရင် ခင်ဗျားတို့က ကျုပ်ကို ခင်ဗျားတို့ရဲ့ရန်သူအဖြစ် သတ်မှတ်ထားတာနဲ့ ညီမျှလိမ့်မယ်”
ချက်ချင်းလျှင်ပင် ခန်းမတစ်ခုလုံးက ဆူညံပွက်လောရိုက်သွားပြီး လူများစွာက ထိတ်လန့်တုန်လှုပ်သွားကာ ဆွေးနွေးလိုက်ကြ၏-
“ဒီနေရာမှာ ဘာဖြစ်နေတာလဲ။ ဘယ်လိုဖြစ်ပြီး ဒီအချိန်ကျမှ ကူးချန်မင်က ဒီလူငယ်ကို ထောက်ပံ့ဖို့ ထရပ်လာရတာလဲ။ ဒီကောင်က အတိအကျဘယ်သူလဲ”
“ဒါ အဓိပ္ပါယ်ရှိလို့လား။ ကူးချန်မင်က စိတ်လွတ်သွားတာလား။ ဒီတစ်ကြိမ် လေလံဝင်ဆွဲတဲ့သူဘယ်သူမဆို သူ့ရန်သူဖြစ်လာလိမ့်မယ်လို့ သူ ပြောခဲ့တာလား။ ဒါက ဒီနေရာမှာရှိတဲ့လူတိုင်းကို သူ့ရန်သူအဖြစ် သတ်မှတ်တာနဲ့ ညီမျှတယ်။ သူက စီးပွားရေးသမားတစ်ယောက်ပဲ။ ရှန်းဟိုင်နဲ့အနီးနားမြို့တွေက သူဌေးတွေအားလုံးကို ဆန့်ကျင်မိမှာကို သူ မကြောက်ဘူးလား”
“တစ်ခုခုတော့ တစ်ခုခုပဲ။ ဒီလူငယ်ရဲ့ဇာစ်မြစ်က အတိအကျဘာလဲ။ သူက ကူးချန်မင်ရဲ့အထောက်အပံ့ကို ရနိုင်ပုံထောက်ရင်။ သူက ကူးချန်မင်ရဲ့တရားမဝင်ကလေးများဖြစ်နေမလား”
“ဒီကိစ္စက ဘယ်ထိ သွားမလဲ စောင့်ကြည့်ကြတာပေါ့”
“…”
ဒုတိယထပ်တွင် ထိုင်နေသော လူအိုကြီးက ဒေါသထွက်သွားသည်။ သူက ကူးချန်မင်နှင့် သိပြီး ဒင်းနှင့် ဆက်ဆံရေးကောင်းအနည်းငယ်ပင် ရှိ၏။ သို့သော် ဤအချိန်တွင် ထိုလူက ဒီမောက်မာသောလူငယ်လေးအတွက် ထရပ်တည်ပေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူ ဘာလုပ်နေတာလဲ။ သူ တကယ်ပဲ ငါ့ရဲ့ရန်သူဖြစ်ချင်တာလား။
ကူးချန်မင်နှင့်ဒင်း၏တင်းရှန်မီဒီယာက အားကောင်းလျှင်ပင် သူကလည်း အားမနည်းပေ။ သူ၏ကြွယ်ဝမှုနှင့်အဆက်အသွယ်များကို သုံးကာ ထိုအကောင်အား ပြန်ဖိနှိပ်နိုင်စွမ်းရှိသည်။
“သူဌေးကူး၊ ခင်ဗျား ဘာလုပ်နေတယ်ဆိုတာကို ခင်ဗျား သိမယ်လို့ ကျုပ် ထင်တယ်။ ဒီကောင်လေးက ဒီနေရာက လူတိုင်းရဲ့ဆန့်ကျင်ဘက်မှာ ရှိနေတယ်ဆိုတာ ရှင်းလင်းနေတာပဲ။ ခင်ဗျားက သူ့အတွက် ထရပ်တည်ပေးတယ်ဆိုတော့ လက်ရှိရှိနေတဲ့လူတိုင်းနဲ့ ဆက်ဆံရေးအားလုံးကို တကယ်ပဲ ဆုတ်ဖြဲချင်တာလား”ခဏစဉ်းစားပြီးနောက် လူအိုကြီးက စိတ်မဝင်စားစွာနှင့် မေးလိုက်သည်။
ကူးချန်မင်က ထန်ရှုအား တစ်ချက်ကြည့်ကာ ဖြည်းဖြည်းချင်း ပြန်ပြောသည် “သူ့ကို ရန်သူလို့ သတ်မှတ်တဲ့ ဘယ်သူမဆို ကျုပ်ကိုလဲ ရန်သူအဖြစ် သတ်မှတ်ရမယ်လို့ ကျုပ် ပြောခဲ့ပြီးသား။ သူက ဒီပစ္စည်းကို လိုချင်တယ်၊ ဒါကြောင့် ဒီနေ့ တစ်ယောက်မှ သူ့ဆီကနေ မရနိုင်ဘူး”
လူအိုကြီးက ရုတ်ချည်းထရပ်ကာ အေးစက်စွာ ပြောလိုက်သည် “ခင်ဗျားက ဒီလိုပြောဖို့တောင် အရည်အချင်းမမှီဘူး၊ ကူးချန်မင်။ ဒီပျံသန်းရေးချပ်ပြားက ပစ္စည်းကောင်းတစ်ခုပဲ၊ ဒါက သေချာတယ်။ ဒီနေရာမှာရှိတဲ့လူတိုင်းက ဒါကို ရှင်းရှင်းလင်းလင်းသိတယ်။ မင်းကိုယ်တိုင် ဒီလိုပစ္စည်းကောင်းတစ်ခုကို ပိုင်ဆိုင်ဖို့အတွက် မင်းက သူနဲ့ ပေါင်းကြံနေတာလား”
ဤအချိန်တွင် ကျင်းရှင်းခွိုက်က ထရပ်ကာ ပြောလိုက်သည် “ကူးချန်မင်တစ်ယောက်တည်းက အရည်အချင်းမမှီသေးဘူးဆိုရင် ကျုပ်ကိုပါ ထည့်လိုက်။ ဒီကျင်းရှင်းခွိုက်က အားကောင်းတဲ့လူတစ်ယောက်မဟုတ်ပေမယ့် ကျုပ်က ဒီကောင်လေးအတွက် ရပ်တည်တယ်။ သူ့ဆီကနေ အဲဒီပစ္စည်းကို လိုချင်တဲ့ဘယ်သူအဆို ကျုပ်ကိုလဲ ရန်သူအဖြစ် သတ်မှတ်ရမယ်”
ကျီမူက ထန်ရှုအား လေးစားစွာ တစ်ချက်ကြည့်ကာ ချက်ချင်းထရပ်လျက် အော်လိုက်သည် “ဒါဆို ချန်ရှီက ကျီမိသားစုကိုလဲ ထည့်တွက်လိုက်။ သူ့ကို ဆန့်ကျင်တဲ့ဘယ်သူမဆို ကျီတွေကို ရန်သူအဖြစ် သတ်မှတ်တာပဲ”
အိုးရန်လုလုလည်း ထရပ်ကာ ပြောလိုက်သည် “ပြီးရင် ကျင်းမန်ကျွန်းက အိုးရန်တွေကိုပါ ထည့်တွက်လိုက်”
အဘွားအိုကွေယင်လည်း ခပ်ဖျော့ဖျော့ပြုံးလျက် ပြောလိုက်သည် “ဒီအဘွားကြီးက မြောက်ပိုင်းကနေ မထွက်ခွာတာ နှစ်ပေါင်းများစွာ ရှိပြီ၊ အိမ်ကကောင်လေးတွေက မိသားစုရဲ့စီးပွားရေးတွေကို ဘယ်လိုလုပ်နေသလဲဆိုတာ ငါ မသိဘူး။ ဒါပေမယ့် မစ္စတာထန်ကို ရန်သူအဖြစ် သတ်မှတ်တဲ့သူတွေက မြောက်ပိုင်းနယ်မြေရဲ့ရှန်းမိသားစုကို ရင်ဆိုင်ရလိမ့်မယ်လို့ ငါ ကတိပေးတယ်”
မယုံကြည်နိုင်မှု၊ ကြောက်ရွံ့မှု၊ အံ့ဩတုန်လှုပ်မှုတို့က ခန်းမထဲရှိ လူတိုင်း၏မျက်နှာပေါ်တွင် သိသာထင်ရှားနေလေသည်၊ သူတို့က ထရပ်လာသူများအား ကြည့်လိုက်ကြ၏။
ကျင်းရှင်းခွိုက်၊ ကျင်းတာအိမ်ခြံမြေလုပ်ငန်းရဲ့ပိုင်ရှင်လား။
တင်းရှန်မီဒီယာရဲ့သူဌေးကူးချန်မင်လား။
ချန်ရှီရဲ့ကျီမိသားစုလား။
ကျင်းမန်ကျွန်းက အိုးရန်အိမ်လား။
မြောက်ပိုင်းက ကျော်ကြားတဲ့ ရှန်းမိသားစုလား။
ချက်ချင်းလျှင်ပင် ရှိနေသူတိုင်းက ပဟေဌိတို့ ဖြစ်သွားကြ၏။ သူတို့၏အိမ်မက်ထဲလျှင်ပင် ကိစ္စများက ဒီအနေအထားအထိ ရောက်ရှိလာလိမ့်မည်ဟု မတွေးထားခဲ့ပေ။ ဒီအကောင်က ဘယ်သူလဲ။ ဒီလိုအရေးပါတဲ့မိသားစုတွေနဲ့သူဌေးကြီးတွေက တုံ့ဆိုင်းခြင်းမရှိဘဲနဲ့ သူ့ကို ဘာလို့ ထောက်ခံကြတာလဲ။
ဒုတိယထပ်ရှိထိုင်ခုံတွင် လူအိုကြီး၏အမူအရာက အလွန်အမင်းအရုပ်ဆိုးသွား၏။ အနေအထားက သူ မမျှော်လင့်ထားသည့်အရာပင်။
ရုတ်တရက် ခန်းမ၏အနောက်တန်းမှ ကျယ်လောင်သောအသံတစ်ခု ထွက်လာသည် “အဲဒီလေလံစင်မြင့်ပေါ်က ညီအကိုထန်နဲ့ ငါ မြောင်ဝမ်းထန်က သေဖော်ရှင်ဖက်ညီအကိုတွေပဲ။ သူ့ကို တိုက်ခိုက်ရဲတဲ့ဘယ်သူမဆို ဟိုင်ချင်ခရိုင်က မြောင်တွေရဲ့ကမ္ဘာ့ရန်ဘက်ဖြစ်လာရလိမ့်မယ်”
စက္ကန့်အနည်းငယ်ကြာပြီးနောက် နောက်ထပ်အသံတစ်သံက ထွက်ပေါ်လာသည် “လေလံစင်မြင့်ပေါ်က ညီငယ်လေးက ဘယ်သူလဲဆိုတာ ငါ မသိဘူး၊ ဒါပေမယ့် ကျင်းမန်ကျွန်းအိုးရန်အိမ်ရဲ့အိုးရန်လုလုက ငါ့ရဲ့ခယ်မလေးပဲ။ သူမကို မပျော်မရွှင်ဖြစ်အောင်လုပ်တဲ့ဘယ်သူမဆို ပေကျင်းရဲ့ထန်အိမ်ကို မပျော်မရွှင်ဖြစ်အောင် လုပ်သလို ဖြစ်လိမ့်မယ်”
ဟိုင်ချင်းခရိုင်ရဲ့မြောင်မိသားစုလား။
ပြီးတော့…ပေကျင်းရဲ့…ထန်မိသားစုလား။
ချက်ချင်းလျှင်ပင် လေလံခန်းမသို့ရောက်လာသောဧည့်သည်နှစ်ဆယ်ကျော်က ထိုလူနှစ်ယောက်၏အဆင့်အတန်းများကြောင့် မူးဝေသွားကြ၏။ ဟိုင်ချင်မှမြောင်များက အဆင်ပြေသေးသည်။ မြောင်မိသားစုက စွမ်းအားကြီးမားသော်လည်း သူတို့နှလုံးသားထဲ၌ ကြောက်ရွံ့မှုတို့ မဖြစ်စေပေ။ သို့သော် မြို့တော်ရှိ ထန်အိမ်က…အလွန်မတူညီသောပုံပြင်တပုဒ်ပင်။ ၎င်းက ဧရာမဘီလူးတစ်ကောင်လိုပင်။ ဘယ်သူမှ သူတို့အား ရန်မစရဲပေ။
လေလံစင်မြင့်ပေါ်တွင် မြောင်ဝမ်ထန်က ဤနေရာသို့ အမှန်တကယ် လာလိမ့်မယ်ဟု ထန်ရှုက မမျှော်လင့်ထားခဲ့ပေ။ သို့သော် သူ့ကို အံ့အားအသင့်စေဆုံးက ထန်ဝေ့ဆိုသောအကောင်ပင် ဤနေရာသို့ ရောက်လာသည်၊ သို့သော် ဒင်းက နောက်ဆုံးတန်းတွင် မိန်းကလေးတစ်ယောက်နှင့်အတူ နှိမ့်နှိမ့်ချချ ထိုင်နေ၏။
ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးကာ ပြောလိုက်သည် “ဒီလောက်လူများစွာက ကျုပ်ကို ထောက်ခံတဲ့အတွက် ကျုပ် ဝမ်းသာမိပါတယ်၊ ဒါပေမယ့် ဒီနေ့ကိစ္စကို ကျုပ်ကိုယ်တိုင် ဖြေရှင်းနိုင်ပါတယ်။ ကျေးဇူးပြုပြီး အားလုံးပဲ ထိုင်ခုံမှာ ပြန်ထိုင်ပေးကြပါ။ ကျုပ်ပြောစရာတစ်ခုခုရှိတယ်”
လူတိုင်းက ပြန်ထိုင်ပြီးနောက် ထန်ရှုက အနောက်ဘက်သို့ တစ်ချက်ကြည့်ကာ ပြောလိုက်သည် “ဒီလေလံပွဲရဲ့စီစဉ်သူက ဘယ်သူလဲဆိုတာ ကျုပ် မသိပေမယ့် ခင်ဗျားတို့က ဒီနေရာက အနေအထားကို ကြည့်နေမှာပဲ။ ခင်ဗျားတို့ ထလာပြီး မေးခွန်းအချို့ ဖြေပေးနိုင်မယ်လို့ ကျုပ် မျှော်လင့်တယ်”
တစ်စက္ကန့်အတွင်း ခန်းမတစ်ခုလုံးက တိတ်ဆိတ်သွားသည်။ လူတိုင်းက လှည့်ကြည့်လိုက်ပြီး ဤလေလံပွဲ၏စီစဉ်သူအား မြင်ချင်နေကြ၏။
အဟွတ်…အဟွတ်…
ဒဿမတန်းတွင် ထိုင်နေသော စာကြည့်မျက်မှန်တပ်ထားသည့် တရုတ်သင်တိုင်းအင်္ကျီနှင့်လူအိုကြီးတစ်ယောက်က ထရပ်လာကာ ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည် “ဒီညီလေးက ထန်မျိုးရိုးလား။ မင်းက ပေကျင်းထန်အိမ်က တစ်ယောက်ယောက်များလား”
“ကျုပ်ဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး။ အရေးကြီးတာက ခင်ဗျားရဲ့နာမည်ပဲ”ထန်ရှုက ပေါ့ပေါ့ပါးပါးနှင့် ပြန်ပြောသည်။
လူအိုကြီးက ဖြည်းဖြည်းချင်း ထွက်လာကာ ထန်ရှုရှိရာစင်မြင့်သို့ လျှောက်လာသည်။ ထန်ရှုအရှေ့သို့ ရောက်လာပြီးနောက် သူက ထန်ရှုအား ဂရုတစိုက်လေ့လာကြည့်ကာ ပြုံးလျက် ပြောလိုက်သည် “မျိုးရိုးနာမည်က မိန်။ မင်း ကျုပ်ကို အကြီးအကဲဝေ့လို့ ခေါ်နိုင်ပါတယ်”
“ခင်ဗျားက ကျုပ်ကို မေးခွန်းအနည်းငယ် ဖြေဖို့လိုတာကြောင့် ခင်ဗျားကို ဘယ်လိုခေါ်ရမယ်ဆိုတာက ကျုပ်ကိစ္စပဲ”ထန်ရှုက စိတ်မဝင်စားစွာ ပြောသည် “ဒါ့အပြင် ခင်ဗျားနောက်ကွယ်က အပါအဝင် ခင်ဗျားတို့အပေါ်မှာ ကံဆိုးမိုးမှောင်ကျမှာကို မျှော်လင့်ထားနိုင်တယ်”
လူအိုကြီး၏အပြုံးမျက်နှာက အေးခဲသွားသည်။ သူက မျက်လုံးစောင်းငဲ့ကြည့်လျက် မေးလိုက်၏ “ငါ လက်မခံရင်ရော”
ထန်ရှုက ဖုန်းထုတ်ကာ ဖုန်းနံပါတ်တစ်ခုအား ခေါ်လိုက်သည်။ တစ်ဖက်မှ ဖုန်းကိုင်ပြီးနောက် သူက လေးနက်သောအသံနှင့် စတင်ပြောလိုက်၏ “ရေလက်ဝါးပြာစံအိမ်မှာ တစ်ခုခုဖြစ်ပွားခဲ့တယ်။ နာရီဝက်အတွင်းမှာ ခင်ဗျားရဲ့လူတွေကို လွှတ်ပြီး အဲဒီနေရာကို ပိတ်ဆို့စေချင်တယ်။ ပြီးတော့ အပြင်ကမ္ဘာနဲ့ ဆက်သွယ်တဲ့ဘယ်လိုနည်းလမ်းကိုမဆို အမြန်ဆုံး ချိတ်ပိတ်လိုက်”
“သိပါပြီ”သွမ်မုလင်၏နက်ရှိုင်းသောအသံက ဖုန်းမှ ပြန်ဖြေလာသည်။
ထန်ရှုက ဖုန်းချပြီးနောက် သူ့မျက်လုံးများက လူအိုကြီးထံ ပြန်ရောက်သွား၏၊ လက်ရှိတွင် လူအိုကြီး၏အမူအရာက အနည်းငယ် ပြောင်းလဲနေသည်။ ထို့နောက် ထန်ရှုက လေးလံသောအသံနှင့် အော်လိုက်၏ “ဟူရှောက်ခန်း၊ အခု ထွက်လာ”
အစကတည်းက ဟူရှောက်ခန်းက လေလံခန်းမထဲတွင် ရှိနေသည်၊ သို့သော် သူက သိုသိုသိပ်သိပ်သာ နေနေခဲ့သည်။ သူက ထန်ရှုအသံကို ကြားလိုက်ပြီး ထန်ရှု၏သရုပ်မှန်အား သိသည်၊ ထို့ကြောင့် သူက ကမန်းကတန်း ထရပ်ကာ အားတင်းပြုံးလိုက်၏ “အာ၊ ထန်…အမ်၊ မင်း ငါ့ကို တစ်ခုခုပြောချင်တာရှိလို့လား”
“ဒီကျွန်းရဲ့ထွက်ပေါက်မှန်သမျှကို ပိတ်ဆို့ဖို့ ရေလက်ဝါးပြာစံအိမ်ရဲ့လုံခြုံရေးအစောင့်တွေကို ချက်ချင်း အသိပေးလိုက်”ထန်ရှုက နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည် “ငါ မင်းကို အဲလိုလုပ်ပိုင်ခွင့်ပေးတယ်၊ ထွက်ခွာရဲတဲ့ဘယ်သူ့ကိုမဆို သတ်ပစ်”
“အာ”ဟူရှောက်ခန်း၏အသားအရောင်က ပြောင်းလဲသွားပြီး သူက တုံ့ဆိုင်းစွာ ပြော၏ “ဒါက မကောင်းဘူးမလား…သူတို့အားလုံးက…”
“သူတို့က ဘယ်လိုလူစားတွေလဲဆိုတာ ငါ နည်းနည်းလေးတောင် ဂရုမစိုက်ဘူး”ထန်ရှုက လေးလံသောအသံနှင့် ပြန်ဖြေသည် “နောက်ကျမှ မင်းက နိုင်ငံတော်သစ္စာဖောက်မှုအတွက် ကြံရာပါမဖြစ်ချင်ရင် ငါ ပြောတာကို ချက်ချင်းလုပ်လိုက်”
နိုင်ငံတော်သစ္စာဖောက်မှုလား…ကြံရာပါလား။
ဟူရှောက်ခန်းက တုန်လှုပ်သွားသည်။ ထိုသို့လုပ်နိုင်သောထန်ရှု၏စွမ်းရည်အား သူက သံသယမရှိပေ။ တကယ်တမ်းတော့ သူ့နောက်တွင် ထန်အိမ်ရှိသည်၊ ထန်အိမ်က ဘာလုပ်နိုင်သည်ကို ခန့်မှန်းရန် ခက်ခဲ၏။
ချက်ချင်းလျှင်ပင် သူက နံပါတ်တစ်ခုခေါ်ကာ လေးလံသောအသံနှင့် အော်လိုက်သည် “ရေလက်ဝါးပြာစံအိမ်တစ်ခုလုံးကို ပိတ်ဆို့ဖို့ လုံခြုံရေးအစောင့်တွေကို ချက်ချင်း အသိပေးလိုက်။ ကျွန်းပေါ်က ထွက်လမ်းတိုင်းကို ပိတ်၊ တစ်ယောက်မှ ထွက်ခွာခွင့်မပြုနဲ့။ ခုခံရဲတဲ့ဘယ်သူ့ကိုမဆို…မင်းတို့ သတ်ပိုင်ခွင့်ရှိတယ်”
ဤအချိန်တွင် လူတိုင်းက တကယ်ထိတ်လန့်သွားသည်။ ထန်ရှုပြောသည့်နိုင်ငံတော်သစ္စာဖောက်မှုက သူတို့အား ကြောက်ရွံ့စေသည်။ ဤအခါတွင်မှ ထန်ရှု၏သရုပ်မှန်က အလွန်ကြောက်စရာကောင်းသည်ကို သူတို့က သဘောပေါက်လာ၏။ သို့မဟုတ်လျှင် ရေလက်ဝါးပြာစံအိမ်ပိုင်ရှင်က သူ့အား ဒီလောက်ထိ ကြောက်ရန် မဖြစ်နိုင်ပေ။
သူဘယ်သူလဲ။
သူက အတိအကျဘယ်သူလဲ။
ဒုတိယအတန်းရှိလူအိုကြီးက ရုတ်တရက် ထရပ်ကာ အော်လိုက်သည် “မင်းလုပ်ခဲ့တာက အနည်းငယ်များလွန်းနေပြီ၊ လူငယ်လေးထန်။ မင်းက ငါတို့ကို ယုံကြည်ရမယ့်အထောက်အထားအချို့ပြနိုင်မယ်ဆိုရင် ငါတို့က ဒီကိစ္စကို ကြည်ကြည်ဖြူဖြူနဲ့ စဉ်းစားနိုင်ပါသေးယ်၊ ဒါပေမယ့် မင်းက ငါတို့ကို ခြိမ်းခြောက်ခဲ့ပြီး ငါတို့ရဲ့လွတ်လပ်မှုကိုတောင် ကန့်သတ်ခဲ့တယ်။ ဒါက ကြီးလေးတဲ့ပြစ်မှုတစ်ခုပဲ…”
“ပြစ်မှုတစ်ခုလား၊ ဟမ့်”ထန်ရှုက နှာခေါင်းရှုံ့လိုက်သည် “မှန်တာပဲဖြစ်ဖြစ်၊ မှားတာပဲဖြစ်ဖြစ်၊ ခင်ဗျားတို့ ဘာပြောပြော ထည့်မတွက်ဘူး၊ ကျုပ်ကပဲ နောက်ဆုံးပြောပိုင်ခွင့်ရှိတယ်”
ထိုသို့ပြောပြီးနောက် သူက သိုလှောင်လက်စွပ်မှ အစိမ်းရောင်စာအုပ်ကို ထုတ်ယူကာ လူအိုကြီးမိန်၏မျက်နှာရှေ့တွင် ကပ်ပြပြီးနောက် အေးစက်သောလေသံနှင့် မေးလိုက်သည် “အခု၊ ကျုပ်ကို ပထမဆုံးမေးခွန်းဖြေ၊ ဒီလေလံပွဲမှာ ဒီလေဂလိုက်ဒါကို လေလံတင်ဖို့ ဘယ်သူက ခင်ဗျားကို အပ်ခဲ့တာလဲ”
လူအိုကြီး၏မျက်ခုံးများက ကျုံ့သွားပြီး သူက ခါးသီးသွား၏။ သူက ခေါင်းခါယမ်းကာ ပြောလိုက်သည် “ထိုလူက သူ့နာမည်ကို လျှို့ဝှက်ဖို့ တောင်းဆိုခဲ့တယ်၊ ငါတို့က သူ့အထောက်အထားကို လုံးဝမစုံစမ်းခဲ့ဘူး။ သူက အသက်၂၇နှစ်ပတ်လည်ရှိတဲ့လူငယ်တစ်ယောက်ပဲ၊ ပြီးတော့ သူ့မှာ စစ်သားအငွေ့အသက်ရှိတယ်”
စစ်သားအငွေ့အသက်လား။
ဤသည်ကို ကြားပြီး ထန်ရှုက ချက်ချင်း သဘောပေါက်လိုက်သည်။ သူက သက်ပြင်းတစ်ချက်ရှိုက်ကာ ထပ်မေး၏ “ဒီလေဂလိုက်ဒါကို ထိတွေ့တဲ့သူတွေက ဘယ်သူတွေလဲ။ သူတို့အားလုံးကို ဒီနေရာကို ဆင့်ခေါ်ပါ။ ခင်ဗျား လုပ်နိုင်လား”
“ငါ ချက်ချင်း စီစဉ်ပေးပါ့မယ်”အကြီးအကဲမိန့်က အားတင်းပြုံးလျက် ပြန်ဖြေသည်။
မိနစ်အနည်းငယ်အတွင်း ဤကိစ္စက ဘယ်လောက်လေးနက်သလဲကို ဧည့်သည်နှစ်ရာကျော်က နောက်ဆုံးတွင် ပြောလာနိုင်သည်။ သူတို့က ဖုန်းအသီးသီးထုတ်ကာ သူတို့ကိုယ်သူတို့ ကာကွယ်ရန်အတွက် ကိစ္စအား အပြင်သို့ ပြောပြရန် ဖုန်းခေါ်ရန် ပြင်ဆင်လိုက်ကြသည်။ ယနေ့မတော်တဆဖြစ်ရပ်က အလွန်တရာဆန်းကြယ်ပြီး သူတို့က အလေးအနက်ထားရပေမည်။
“ဘာဖြစ်နေတာလဲ။ ဘာလို့ ငါ့ဖုန်းက အလုပ်မလုပ်တော့တာလဲ”
“ဖုန်းလိုင်းမရှိတော့ဘူးလား။ ခဏက ဒီနေရာက ဖုန်းလိုင်းကို ဖျက်ဖို့ သူ တစ်ယောက်ယောက်ကို ပြောခဲ့တယ်။ တကယ်ပဲ လိုင်းဖျက်ခံလိုက်ရတာလား”
“သူ ဘယ်သူလဲ။ ဒီနေရာက ဖုန်းလိုင်းကို ဖျက်ဖို့ ဆက်သွယ်ရေးဌာနကိုတောင် အမိန့်ပေးနိုင်တဲ့စွမ်းရည် သူ့ဆီမှာ ဘယ်လိုလုပ်ရှိရတာလဲ”
“ချီးလိုပဲဟ။ ငါတို့က တကယ်ပဲ ဒီနေရာမှာ ပိတ်မိတော့မှာလား”