← Chapters

စုံစမ်းစစ်ဆေးခြင်း

Vol. 81 Ch. 1133

စုံစမ်းစစ်ဆေးခြင်း

Vol. 81 Ch. 1133

ရဟတ်ယာဉ်သံများအား ကောင်းကင်မှ ကြားလိုက်ရပြီး လေလံခန်းမထဲတွင် ပိတ်မိနေသူတိုင်းက ကြောက်ရွံ့သွားကြသည်။ များမကြာမီ‌ လေလံခန်းမတံခါးက ပွင့်သွားပြီး စစ်သားအမြောက်အများက အထဲသို့ ပြေးဝင်လာကြ၏။

“အာ…ဘာဖြစ်နေတာလဲ”

စစ်တပ်က အမှန်တကယ် ထွက်ပေါ်လာလိ့မ်မည်ဟု ခန်းမထဲရှိ ဧည့်သည်နှစ်ရာကျော်က မမျှော်လင့်ထားပေ၊ သူတို့က ထန်ရှုအား‌ ကြောက်ရွံ့စွာ ကြည့်လိုက်ကြ၏။ လက်ရှိတွင် ဒုတိယအထပ်ရှိလူအိုကြီးက ဖြူဖတ်ဖြူရော်ဖြစ်နေပြီး ထိတ်လန့်တုန်လှုပ်မှုက မျက်နှာပေါ်တွင် အထင်သားပေါ်နေလေ၏။

ညီညာသောခြေလှမ်းများနှင့်အတူ ကျူးလုံက အထူးစွမ်းရည်ဗျူရိုမှ ကျွမ်းကျင်သူနှစ်ယောက်နှင့်အတူ အထဲသို့ ဝင်လာပြီး လူတိုင်း၏အကြည့်အောက်တွင် လေလံစင်မြင့်သို့ လျှောက်လာသည်။ သူက အရိုအသေတစ်ချက်ပေးကာ နက်ရှိုင်းသောအသံနှင့် တင်ပြလိုက်၏ “ကျူးလုံက စီနီယာအရာရှိကို တင်ပြပါတယ်။ ခေါင်းဆောင်က ဒီကိုလာတဲ့လမ်းပေါ်မှာ၊ နောက်မိနစ်လေးဆယ်ခန့်လောက်ကျရင် သူ ရောက်လာလိမ့်မယ်”

ထန်ရှုက ခေါင်းညိတ်တုံ့ပြန်ကာ ပြောလိုက်သည် “ကျွန်းတစ်ခုလုံးကို သေချာပိတ်ဆို့ထား။ မစစ်ဆေးဘဲနဲ့ ယင်ကောင်တစ်ကောင်တောင် မထွက်သွားစေနဲ့”

“နားလည်ပါပြီ…”

ကျူးလုံက ပြန်ဖြေကာ အပြင်သို့ ချက်ချင်း ပြေးထွက်သွား၏။

နောက်အခိုက်အတန့်တွင် အကြီးအကဲဝေ့က လူငါးယောက်နှင့်အတူ အပြင်ဘက်မှ ပြန်ရောက်လာပြီး ခေါင်းခါယမ်းကာ ပြောလိုက်၏ “ငါ သူ့ကို ရှာမတွေ့နိုင်ဘူး။ သူက ပျောက်သွားပြီ…”

အေးစက်မှုတို့က ထန်ရှု၏မျက်လုံးများထဲ၌ လက်သွားလျက် သူက ပြောလိုက်သည် “တစ်ယောက်မှ သတိမပြုမိဘဲ လစ်ထွက်သွားဖို့ဆိုရင် သူက ကျွန်းပေါ်က ထောက်လှမ်းရေးကိရိယာတွေအားလုံးကို ရှောင်တိမ်းဖို့ လိုတာကြောင့် ဒီလူကိုယ်တိုင်က အတော်လေးတိုက်ခိုက်ရေးစွမ်းရည်တစ်ခုကို ပိုင်ဆိုင်ရမယ်။ ဒါပေမယ့် သူက တရုတ်ပြည်မှာ ရှိနေသရွေ့ ဘယ်ကိုမှ မပြေးနိုင်ပါဘူး”

ခန်းမထဲတွင် အိုးရန်လုလုက တောက်ပသောမျက်လုံးများနှင့် ထန်ရှုအား ကြည့်နေသည်။ ထန်ရှုက အစိုးရအရာရှိတစ်ယောက်ဟု သူမက ဘယ်တော့မှ မစိတ်ကူးမိခဲ့ပေ။ ဒီမတိုင်ခင်တုန်းက သူက တိုင်းပြည်အတွက် မစ်ရှင်အချို့ထမ်းဆောင်ပေးခဲ့သည်ကိုတော့ သူမ ကြားဖူးသည်။ သူနှင့်ပတ်သက်၍ သူမသိထားသည်က မလုံလောက်သေးပုံရ၏။

အချိန်က ကုန်လွန်နေလေသည်၊ နောက်ဆုံးတွင် သွမ်မုလင်က အထူးစွမ်းရည်ဗျူရိုမှ ကျွမ်းကျင်သူတစ်ဖွဲ့နှင့်အတူ အပြေးအလွှားရောက်ရှိလာသည်။ လေလံခန်းမထဲရှိ မြင်ကွင်းကို မြင်ပြီး သူ့မျက်နှာပေါ်ရှိ ရှုပ်ထွေးမှုက ပိုသိသာထင်ရှားလာ၏။ သူက ထန်ရှုအား အမြဲတမ်း ယုံကြည်သည်။ ဒါပေမယ့် ဒါက ဖြစ်ရပ်ကြီးတစ်ခုနဲ့ မတူဘူးမလား။

‘ထန်…”

သွမ်မုလင်က ထန်ရှုအရှေ့သို့ ရောက်လာပြီး ပြောမည့်ဆဲဆဲတွင် ထန်ရှုက သူ့အား တားလိုက်သည်။ များမကြာမီ လူနှစ်ယောက်က လေလံခန်းမထောင့်သို့ ရောက်လာပြီးနောက် ထန်ရှုက နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည် “ခင်ဗျား ကျုပ်ကို ရှင်းပြချက်တစ်ခုပေးဖို့ လိုအပ်တယ်၊ စီနီယာသွမ်မု”

“မင်းက ဒါ ဘာပြောတာလဲ”သွမ်မုလင်က ရှုံ့မဲ့ပြုံးလျက် ပြန်ပြောသည်။ “ပြီးတော့ မင်းက ငါ့ကို ရှင်းပြစေချင်တယ်၊ ဒါပေမယ့် ငါက မင်းကို ဘာရှင်းပြရမှာလဲ”

ထန်ရှုက လင်ဗန်းပေါ်ရှိ အဝါရောင်ပိုးထည်အကာအား ဖွင့်လိုက်သည်။ လေဂလိုက်ဒါကို မြင်ပြီးနောက် သွမ်မုလင်က လျှပ်တစ်ပြက်အတွင်း နားလည်လိုက်၏။

“ဒီပစ္စည်းက ဘယ်လိုလုပ်ပြီး ဒီနေရာမှာ ထွက်ပေါ်လာတာလဲ”သွမ်မုလင်က အသံနှိမ့်လျက် မေးလိုက်သည်။

“အစကတော့ ကျုပ် ‌ဒီနေရာကို လေလံပွဲအတွက် ရောက်လာတာ၊ ဒါပေမယ့် ဒီပစ္စည်းကို လေလံတင်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး”ထန်ရှုက ရှင်းပြလိုက်သည် “ကျုပ် ခန်းရှကို ဆက်သွယ်ပြီးပြီ၊ လုံခြုံရေးအဖွဲ့ဝင်တွေအားလုံးက ကျုပ်တို့လူတွေဖြစ်တာကြောင့် စက်ရုံမှာ ဘာပြဿနာမှမရှိဘူးလို့ သူမက ကျုပ်ကို ပြောခဲ့တယ်။ ထပ်ပြောရရင် ကျုပ် ဒီလေလံပွဲရဲ့စီစဉ်သူကို မေးမြန်းပြီးပြီ။ ဒီလေဂလိုက်ဒါကို ပို့လိုက်တဲ့သူက စစ်သားတစ်ယောက်ရဲ့အငွေ့အသက်တစ်ခုရှိတယ်လို့ သူ ပြောတယ်”

သွမ်မုလင်၏မျက်ခုံးများက ကျုံ့သွားပြီး သူက ချက်ချင်း ပြောလိုက်၏ “ဒီအတွက် ငါ မင်းကို ဖြေရှင်းချက်တစ်ခု သေချာပေါက် ပေးပါ့မယ်။ ဒီလေလံပွဲရဲ့တာဝန်ရှိသူက ဘယ်သူလဲ”

“ငါပါ”

အကြီးအကဲဝေ့က အားတင်းပြုံးလျက် ဖြည်းဖြည်းချင်း လျှောက်လာသည်။ ထို့နောက် သူက ခါးသီးစွာ ပြုံးလျက် ပြောလိုက်သည် “ဒီအခြေအနေမျိုးမှာ ငါ မင်းနဲ့ တွေ့ရလိမ့်မယ်လို့ ဘယ်တော့မှ မထင်ထားဘူး၊ သွမ်မု”

ရောက်လာကတည်းက ထန်ရှုကိုသာ အာရုံစိုက်နေသော သွမ်မုလင်က သူ့သူငယ်ချင်းဟောင်းကိုပင် သတိမပြုမိခဲ့ပေ။ သို့သော် လူအိုကြီးမိန်အား မြင်သောအခါ သူ့မျက်ခုံးများက ကျုံ့သွားသည် “မင်းက ဒီလေလံပွဲရဲ့စီစဉ်သူလား၊ မိန်အဖိုးကြီး”

“ဟုတ်တယ်”လူအိုကြီးမိန်က ပြန်ပြောသည်။

သွမ်မုလင်က ဘေးပတ်လည်အား လျင်မြန်စွာ ကြည့်ကာ အသံနှိမ့်လျက် ချက်ချင်း ပြန်ပြောသည် “ငါတို့က ရဲဘော်ရဲဖက်ဟောင်းတွေပဲ၊ မိန်အဖိုးကြီး၊ ငါတို့က တစ်ယောက်အတွင်းတစ်ယောက်သိကြတယ်။ အခု ငါ့ကို အမှန်အတိုင်းပြောစမ်းပါ၊ မင်း ဒီပစ္စည်းကို ဘယ်နေရာက ရခဲ့တာလဲ”

“ငါ ဒါကို ဒီထန်လို့အမည်ရတဲ့လူငယ်လေးကို ပြောခဲ့ပြီးသား။ တစ်ယောက်ယောက်က ဒါကို ဒီနေရာကို ပို့လိုက်တာ၊ သူ့မှာ စစ်သားအငွေ့အသက်ရှိတယ်၊ အစစ်အမှန်တိုက်ပွဲတွေကို ဖြတ်သန်းဖူးတဲ့လူတစ်ယောက်လိုပဲ။ ငါ ဒါတော့ သေချာတယ်။ သူက စစ်သားဟောင်းတစ်ယောက်လို့ ငါ တွေးခဲ့တာ၊ ဒါပေမယ့် ဒီကိစ္စမှာ လျှို့ဝှက်ချက်အချို့ပါဝင်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး”

သွမ်မုလင်က ခဏနှုတ်ဆိတ်သွားခဲ့ပြီးနောက် ဖြည်းဖြည်းချင်း ပြောသည် “သူက ဘယ်လိုပုံစံလဲဆိုတာ မင်း ငါ့ကို ပြောနိုင်လား။ မင်းမှာ သူ့ရဲ့ဓာတ်ပုံရှိရင် ပိုကောင်းတယ်”

“ငါ လုပ်လိုက်မယ်”အကြီးအကဲမိန်က ခေါင်းညိတ်လိုက်သည်။

“ဒါကို ရှာဖို့ မလိုဘူး”ထန်ရှုက ခေါင်းခါယမ်းလိုက်သည် “ဒီနေရာရဲ့ပိုင်ရှင်က သူ့လူတွေကို ခေါ်ပြီး စောင့်ကြည့်ရေးဗီဒီယိုတွေအားလုံးကို စစ်ဆေးပြီးပြီ၊ သူတို့အားလုံးက ဖျက်ဆီးခံထားရတယ်။ စောင့်ကြည့်ရေးအခန်းထဲကလုံခြုံရေးအစောင့်တွေက မေ့မျောနေပြီး အခုထိ မနိုးလာသေးဘူး”

“ဒါ အရေးကြီးတဲ့ကိစ္စတစ်ခုပဲ၊ ထန်ရှု၊ ဒါကြောင့် ဒါကို ငါ့ဆီ လက်လွှဲပေးပါ”သွမ်မုလင်က ပြောသည် “ငါ ဒါကို သေချာပေါက် စုံစမ်းလိုက်မယ်”

“ဒါဆို ကျုပ် ခင်ဗျားကို အချိန်သုံးရက်ပေးမယ်”ထန်ရှုက ခေါင်းညိတ်ကာ ပြောလိုက်သည် “သုံးရက်အတွင်း ကျုပ် သတင်းလိုချင်တယ်။ ဒါ့အပြင် ဒီကိစ္စက ကျုပ်တို့ကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ ဆက်စပ်တယ်။ လေဂလိုက်ဒါက အပြင်ကမ္ဘာကို ရောက်သွားရင် ဒါက ကျုပ်ရဲ့ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုရဲ့တာဝန်ဖြစ်လာလိမ့်မယ်”

“ငါ သိပြီ၊ မစိုးရိမ်ပါနဲ့”သွမ်မုလင်က လေးနက်စွာ ပြောလိုက်သည်။

****

ဖြစ်ရပ်မှ ဆယ်ကီလိုမီတာကျော်ရှိ ကမ်းခြေအဆောက်အဉီးတစ်ခုထဲတွင် လီယုချွမ်က လက်ထဲရှိ မိုက်ခရိုစကုတ်ကို ချလိုက်သည်၊ သူ့မျက်နှာက လုံးဝခါးသီးနေသည်။ ဤအချိန်တွင် သူ့ကိုယ်သူအား ကပ်ဘေးတစ်ခုထဲသို့ တွန်းပို့မိသည်ကို သိ၏၊ သို့သော် သူက နောင်တမရပေ။ သူ ခက်ခက်ခဲခဲခိုးယူလာသည့် လေဂလိုက်ဒါက လေလံတင်ရန် ကျရှုံးသွားသောကြောင့် လက်မခံနိုင်လိုမှုကသာ သူ့နှလုံးသားထဲ၌ ပြည့်နေသည်။ ထို့ပြင် သူ့ကိုယ်သူပင် ထုတ်ဖော်ပြခဲ့မိ၏။

“ငါ ပိုက်ဆံလိုအပ်တယ်။ အများကြီးလိုတယ်”

“ဒီခွေးကောင်ကြောင့်…ငါ သူ့ကို သတ်လို့ရပေမယ့် ငါ့ဇနီးနဲ့ကလေးကိုတော့ ကယ်တင်နိုင်လိမ့်မှာမဟုတ်ဘူး”

“ဒီလေဂလိုက်ဒါကို ရောင်းပြီး ပိုက်ဆံရနိုင်ပေမယ့် အခုတော့ အခြားအဆက်တွေကို ရှာရတော့မယ်”

သူက ဆုပ်ထားသောလက်သီးအား ဖြေလျော့ကာ တံခါးသို့ ဉီးတည်လိုက်သည်။ သူက ဤနေရာမှ အမြန်ဆုံးထွက်ပြေးရန် လိုအပ်သည်။ သူ့တွင် အချိန်အများကြီးမရှိပေ။

****

ရေလက်ဝါးပြာစံအိမ်သို့ ပြန်ရောက်လာပြီးနောက် ခန်းမကျယ်တစ်ခုထဲတွင် ထန်ရှု၊ ကူးချန်မင်၊ ကျင်းရှင်းခွိုက်၊ ထန်ဝေ့၊ မြောင်ဝမ့်ထန်၊ အဘွားကွေရင်၊ ကျီမူနှင့် အခြားလူအနည်းငယ်တို့က စားသောက်ရင်း ကိစ္စမျိုးစုံ ဆွေးနွေးနေကြသည်။ အရိုးထဲ၌ အရိုင်းဆန်မှုတို့နှင့် မွေးဖွားလာသော အိုးရန်လုလုပင် ထန်ရှုဘေးနား၌ ကျိုးနွံစွာ ထိုင်နေ၏။

“မင်း ရှန်းဟိုင်ကို ရောက်လာလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး၊ အကိုမြောင်။ ဒီနေရာမှာ မင်းနဲ့ တွေ့ဆုံရတာ တကယ်ကို တိုက်ဆိုင်မှုတစ်ခုပဲ။ ဒါ့အပြင် မင်း ငါ့အတွက် ရပ်တည်ပေးလို့လဲ ငါက ကျေးဇူးမတင်ပါဘူးနော်၊ ဒီတော့ ချီးယား”ထန်ရှုက ပြုံးကာ ပြောလိုက်သည်။

မြောင်ဝမ့်ထန်က ခွက်မြှောက်ကာ ထန်ရှုနှင့် ချီးယားလုပ်လိုက်သည်။ ထို့နောက် သူက ပြုံးကာ ပြန်ပြော၏ “မင်းလိုအလုပ်များတဲ့လူတစ်ယောက်နဲ့ ဒီနေရာမှာ တွေ့ရလိမ့်မယ်လို့ ငါလဲ မမျှော်လင့်ထားခဲ့ပါဘူး။ စီမံကိန်းတစ်ခုပြင်ဆင်ဖို့အတွက် ငါ ရှန်းဟိုင်ကို လာခဲ့တာ”

“ဘာစီမံကိန်းလဲ”ထန်ရှုက မေးလိုက်သည်။

“ကားရောင်းဖို့”မြောင်ဝမ့်ထန်က ပြုံးကာ ပြန်ပြောလိုက်သည် “ငါ့မြောင်အုပ်စုထဲကစက်ရုံက ကားတွေကို ထုတ်လုပ်နေပြီးလေ”

ဘေးနားမှ ကူးချန်မင်၏အမူအရာက ပြောင်းလဲသွားပြီး သူက မေးလိုက်သည် “အကိုမြောင်၊ ခင်ဗျားရဲ့မြောင်အုပ်စုက ထုတ်လုပ်တဲ့ ကားအမျိုးအစားနဲ့မော်ဒယ်ကို ကျုပ် သိလို့ရမလား”

“အာ၊ ငါတို့မှာ အမျိုးအစားအားလုံးရှိတယ်”မြောင်ဝမ်ထန်က ပြုံးကာ ပြန်ပြောသည်။

ကူးချန်မင်က ထန်ရှုဘက် လှည့်ကြည့်လိုက်သည် “ဒါနဲ့ လက်ရှိ မင်းလက်ထဲမှာ ငွေပိုအချို့ရှိလား၊ အကိုထန်”

“အာ”ထန်ရှုက သိလိုစိတ်နှင့် ပြန်မေးလိုက်၏ “ဘာလို့ ဒါနဲ့ ပတ်သက်ပြီး‌ မေးရတာလဲ၊ အကိုကူး”

“ပွင့်ပွင့်လင်းလင်းပြောရရင် မကြာသေးမီက ငါ စီမံကိန်းကြီးတစ်ခုကို ပြင်ဆင်နေတယ်”ကူးချန်မင်က ပြောလိုက်သည် “ငါ မင်းနဲ့ ပူးပေါင်းချင်တယ်။ မင်းစိတ်ဝင်စားမယ်ဆိုရင် စကြတာပေါ့”

“ပြောပါ”ထန်ရှုက ပြုံးကာ ဆိုလိုက်သည်။

“ငါ ပို့ဆောင်ရေးကုမ္ပဏီတစ်ခုကို တည်ထောင်မလို့၊ အဲဒါက တိုင်းပြည်မှာ အကြီးမားဆုံးပို့ဆောင်ရေးကုမ္ပဏီဖြစ်လာလိမ့်မယ်”ကူးချန်မင်က ရှင်းပြလိုက်သည် “ဒါပေမယ့် ငါ့လက်ထဲမှာ ငွေရင်းအများကြီးမရှိဘူး။ ခြောက်ဘီလီယံပတ်လည်ပဲ ငါ ထုတ်နိုင်တယ်။ ငါ ငှားထားတဲ့ကျွမ်းကျင်သူကတော့ တရုတ်တစ်ပြည်လုံးကို လွှမ်းခြုံတဲ့ အကောင်းဆုံးပို့ဆောင်ရေးကုမ္ပဏီတစ်ခုကို တည်ထောင်ဖို့ဆိုရင် အနည်းဆုံးသုံးဆယ်ဘီလီယံလိုအပ်တယ်လို့ ပြောတယ်။ ဒါကြောင့် ပြောရမယ်ဆိုရင် ဘီလီယံသုံးဆယ်ကတောင် မလုံလောက်ဖို့ များတယ်”

ပို့ဆောင်ရေးလား။

ထန်ရှုက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည် “ပို့ဆောင်ရေးနဲ့ ပတ်သက်ပြီး ကျုပ် အများကြီး မသိပေမယ့် ကျုပ်တို့တိုင်းပြည်မှာ အဲဒီလိုပို့ဆောင်ရေးကုမ္ပဏီတွေရှိတာပဲ။ အထူးသဖြင့် အဲဒီပို့ဆောင်ရေးကုမ္ပဏီကြီးတွေ။ သူတို့က တိုင်းပြည်ရဲ့ထောင့်တိုင်းမှာ သူတို့ရဲ့ဖြန့်ဝေရေးကွန်ရက်ကို ဖြန့်ကျက်ထားပြီးပြီ။ ကျုပ်တို့က အခုမှ အကျိုးအမြတ်လိုချင်တယ်ဆိုရင် နောက်ကျနေလောက်ပြီ”

“အဲလိုမဟုတ်ဘူး”ကူးချန်မင်က ခေါင်းခါယမ်းကာ ရှင်းပြလိုက်သည် “အီလက်ထရောနစ်စီးပွားရေးက ပေါ်ပြူလာဖြစ်တာနဲ့အမျှ လက်ရှိအချိန်မှာ အွန်လိုင်းရောင်းဝယ်ရေးက ထိပ်တန်းဉီးစားပေးတစ်ခုပဲ။ ဒီအွန်လိုင်းရောင်းဝယ်ရေးပလက်ဖောင်းအများစုမှာ သူတို့ရဲ့ကိုယ်ပိုင်ပို့ဆောင်ရေးကွန်ရက်ရှိပေမယ့် မင်းက ငါနဲ့ ပူးပေါင်းဆောင်ရွက်သရွေ့ ငါတို့က သူတို့ဆီကနေ ကြီးကြီးမားမားရနိုင်မယ်လို့ ငါ ထင်တယ်”

ထန်ရှုက ခဏနှုတ်ဆိတ်သွာားပြီးနောက် ရုတ်တရက် မေးလိုက်သည် “အွန်လိုင်းရောင်းဝယ်ပလက်ဖောင်းတစ်ခုကို ပြုလုပ်ဖို့ ခင်ဗျား တွေးထားပြီးပြီလား။ ခင်ဗျားက ပို့ဆောင်ရေးလုပ်တော့မယ်ဆိုရင် ပို့ဖို့ ထုတ်ကုန်တွေ ရှိရမယ်။ အခြားသူတွေရဲ့ထုတ်ကုန်တွေကို ပို့ဆောင်တာထက် ကျုပ်တို့ထုတ်ကုန်တွေကို ပို့တာ ပိုကောင်းတယ်လို့ ကျုပ် ထင်တယ်။ ဒီလိုဆိုပေမယ့်အခြားသူတွေရဲ့ထုတ်ကုန်တွေကိုပါ ပို့ဆောင်ပေးနိုင်မယ်ဆိုရင်တော့ ပိုပြီးတော့တောင် ကောင်းတာပေါ့”

ကူးချန်မင်၏မျက်လုံးများက လင်းလက်သွားပြီး သူက ပြန်ပြောလိုက်သည် “မင်းက ငါနဲ့ ပူးပေါင်းဖို့ ဆန္ဒရှိတယ်ဆိုရင် ငါ အွန်လိုင်းရောင်းဝယ်ရေးပလက်ဖောင်းကို တည်ထောင်မယ်။ အွန်လိုင်းရောင်းဝယ်ရေးပလက်ဖောင်းနဲ့ပို့ဆောင်ရေးစီမံကိန်းကို တည်ထောင်ဖို့ ငါ မင်းရဲ့ရင်းနှီးမြှုပ်နှံမှုနဲ့မင်းရဲ့နာမည်ကိုပဲ လိုအပ်တယ်”

“အာ၊ ခင်ဗျားက ကျုပ်ကို နားလည်တာပဲ။ ဟားဟားဟား”ထန်ရှုက ရယ်ကာ ပြောလိုက်သည် “စီးပွားရေးကိစ္စတွေကို လုပ်ဖို့ ကျုပ် တကယ်ပဲ ပျင်းရိလွန်းတယ်။ ရင်းနှီးမြှုပ်နှံဖို့ ခင်ဗျား ကျုပ်ဆီကနေ ဘယ်လောက် လိုအပ်လဲ”

ကူးချန်မင်က ထန်ရှုအား ပြန်ဖြေသည်ကို မစောင့်ဘဲ မြောင်ဝမ့်ထန်က ပြုံးကာ ကြားဖြတ်ပြောလိုက်သည် “ဟေး၊ ဒီစီးပွားရေးလုပ်ငန်းနှင့် ပတ်သက်ပြီး မင်းတို့နှစ်ယောက်က ငါ့ကို ဖယ်ထားမလို့လား။ ငါလဲ ဒါကို စိတ်ဝင်စားတယ်၊ ငါ့ကိုပါ ထည့်တွက်လိုက်ရင် အများကြီးပိုကောင်းမယ်”

All Chapters