← Chapters

စုံစမ်းစစ်ဆေးမှုရလဒ်

Vol. 81 Ch. 1134

စုံစမ်းစစ်ဆေးမှုရလဒ်

Vol. 81 Ch. 1134

အဘွားအိုကွေရင်က ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း သူမက စွမ်းဆောင်ရည်ရှိသောလူတစ်ယောက်ဖြစ်သေးသည်၊ ရှန်းမိသားစု၏ကြီးပွားတိုးတက်မှုက သူမ၏အားထုတ်မှုမှ ခွဲခြားလို့မရနိုင်ပေ။ ထိုလူငယ်များ စကားပြောနေသည်ကို သူမက ကြည့်ရုံသာကြည့်ပြီး ဘာအတွေးမှ မရှိခဲ့ပေ။ သို့သော် ထန်ရှုနှင့် ဆက်ဆံရေးတစ်ခုတည်ဆောက်ရန် တွေးမိပြီးနောက် သူမက ပြုံးကာ ကြားဖြတ်ပြောလိုက်သည် “လက်ရှိအချိန်မှာ ငါက စီးပွားရေးလုပ်ငန်းမှာ ကိုယ်တိုင်ပါဝင်တာ ရှားပေမယ့် ရှန်းတွေမှာလဲ ကျွေးစရာပါးစပ်ပေါက်တွေ အများကြီး ရှိပါတယ်။ ဒီတော့ ဒီလုပ်ငန်းမှာ ရှန်းတွေကိုပါ ထည့်လိုက်ရန် ဘယ်လိုလဲ”

ထန်ရှုက မြောင်ဝမ်ထန်နှင့်ကွေရင်အား တစ်ချက်ကြည့်လိုက်သည်။ သူက ပြုံးကာ ပြောလိုက်၏ “ဒီကိစ္စမှာ လူ ဘယ်လောက်ပူးပေါင်းမလဲဆိုတာကို ကျုပ် ဂရုမစိုက်ပါဘူး။ အကိုကူးသဘောတူသရွေ့ ကျုပ်အတွက် အဆင်ပြေပါတယ်”

ကူးချန်မင်က စိတ်လှုပ်ရှားသွားသည်။ မြောင်ဝမ်ထန်နှင့်အဘွားအိုကွေရင်တို့၏အထောက်အထားများအား သူ သိသည်။ ထန်ရှုပါပေါင်းထည့်လိုက်လျှင် သူတို့လေးယောက်၏ပေါင်းစပ်မှုအားက တရုတ်ရှိ အကြီးမားဆုံးအွန်လိုင်းရောင်းဝယ်ရေးပလက်ဖောင်းနှင့်ထိုပို့ဆောင်ရေးကုမ္ပဏီကြီးများအား အလွယ်တကူဖိနှိပ်နိုင်သည်။

စီးပွားရေးလုပ်ရာ၌ ဘာက အဓိကလဲ။

ပိုက်ဆံက သေချာပေါက် အဖြေပင်။

ပိုက်ဆံရှိနေသရွေ့ လုပ်ချင်တာမှန်သမျှ လုပ်နိုင်သည်။ သူတို့လေးယောက်၏ပေါင်းစပ်မှုအရ ပိုက်ဆံရောစွမ်းအားပါ ရရှိနိုင်သည်။ ထိုရင်းနှီးမြှုပ်နှံမှုမှ ပိုက်ဆံမရရန် ဘာစိုးရိမ်စရာလိုမည်နည်း။

ကျင်းရှင်းခွိုက်က လျှာသပ်ရင်း အကူအညီမဲ့သလို စိတ်ထဲ၌ ခံစားမိသည်။ သူ၏ငွေရင်းအများစုအား အိမ်ခြံမြေစီမံကိန်းအသစ်၌ မြှုပ်နှံထားသည်။ နောက်ခြောက်လကြာလျှင် သူက ကြီးမားသောပမာဏတစ်ခု ရရှိနိုင်မည်ဖြစ်သော်လည်း လက်ရှိအချိန်တွင် သူ့လက်က ချည်နှောင်မိလျက်သား ဖြစ်နေ၏။ ထို့ကြောင့် ဤစီမံကိန်းက ပိုက်ဆံပြုလုပ်နိုင်မည်မှာ သေချာသောပစ်မှတ်တစ်ခုဖြစ်သော်လည်း သူက ဘာမှမတတ်နိုင်ပေ။

ရုတ်တရက် ကျီမူက ထရပ်ကာ ခြောက်ကပ်ကပ်ပြုံးလျက် စကားဝိုင်းထဲသို့ ပါဝင်လာသည် “အာ၊ အားလုံးပဲ…ခင်ဗျားတို့ ကျုပ်ကိုရော ဒီစီမံကိန်းထဲမှာ ထည့်သွင်းလို့ရမလား။ ကျီတွေက ငွေလုံးငွေရင်းအများကြီးမရှိပေမယ့် ခင်ဗျားတို့နဲ့အတူ တစ်လှေတည်းစီးလို့ရရင် စီးချင်ပါတယ်”

ချန်ဇီရဲ့ကျီတွေမှာ ငွေလုံးငွေရင်းအများကြီးမရှိဘူးတဲ့လား။

ကူးချန်မင်က မျက်လုံးတို့ လိမ့်သွားသည်။ သူက ပိုင်ဆိုင်မှုတစ်ဆယ်ဘီလီယံမှ နှစ်ဆယ်ဘီလီယံရှိသည့်လူတစ်ယောက်ဖြစ်သော်လည်း ချန်ဇီ၏ကျီများနှင့်ယှဉ်လျှင် သူက ပြောဆိုရန် မထိုက်တန်သည့်လူပုလေးတစ်ယောက်သာသာပင်။ ကျီမိသားစုက ချန်ဇီတွင် အလွန်အရေးပါထင်ရှားကျော်ကြားသောမိသားစုတစ်ခုဖြစ်ပြီး သူတို့၏အသားတင်ကြွယ်ဝမှုက တစ်ရာဘီလီယံထက် နည်းလျှင်ပင် အနိမ့်ဆုံးရှစ်ဆယ်ဘီလီယံပိုင်ဆိုင်မှုရှိသည်။

သို့သော် သူက အရေးကြီးသောပြဿနာတစ်ခုအား သဘောပေါက်ကာ မေးမြန်းလိုက်သည် “ညီအကိုကျီ၊ ခင်ဗျားရဲ့မိသားစုက ပူးပေါင်းချင်တယ်ဆိုရင်လဲ ကျုပ်ရဲ့လက်နှစ်ဖက်လုံးက ဖွင့်ထားပေးပါတယ်။ ပြီးတော့ ခင်ဗျားနဲ့ညီအကိုထန်က သူငယ်ချင်းတွေပဲ။ သူက ခင်ဗျားကို ယုံကြည်သရွေ့ ကျုပ် အဆင်ပြေပါတယ်။ ကျုပ်မေးချင်တာ တစ်ခုတော့ ရှိတယ်။ ခင်ဗျားက ကျီမိသားစုခေါင်းဆောင်ကို ကိုယ်စားပြုနိုင်လား”

“ဒါပေါ့၊ ကျုပ်အဖေက မိသားစုခေါင်းဆောင်ဖြစ်နေသေးပေမယ့် မိသားစုထဲကစွမ်းအားအများစုကို ကျုပ်ကို လွှဲပေးပြီးပြီ”ကျီမူက ပြုံးကာ ဖြေလိုက်သည် “ကျုပ်က ကျီမိသားစုကို ကိုယ်စားပြုပိုင်ခွင့်ရှိတယ်ဆိုတာ ကျုပ် အာမခံနိုင်တယ်”

ဤသည်ကို ကြားပြီး ကူးချန်မင်က စိတ်လှုပ်ရှားစွာနှင့် ပြန်ပြောသည် “ဒါ အရမ်းကောင်းတယ်။ ကျုပ်တို့တစ်ယောက်ချင်းစီမှာ ကိုယ်ပိုင်ခွန်အားရှိတယ်၊ ဒါကြောင့် ကျုပ်တို့ငါးယောက်ရဲ့ပူးပေါင်းမှုက ကြီးကျယ်ခမ်းနားတဲ့ရလဒ်တစ်ခုကို မျှော်လင့်ထားလို့ရတယ်။‌ ကောင်းပြီ၊ ကျုပ်တို့တွေ အသေးစိတ်ဆွေးနွေးကြတာပေါ့…”

ယခု အစည်းအဝေးက စီးပွားရေးရင်းနှီးမြှုပ်နှံမှုပူးပေါင်းခြင်းဖိုရမ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ သည်မတိုင်ခင်တုန်းက ဒီလိုဖြစ်လာမည်ဟု ဘယ်သူမှ မတွေးမိခဲ့ပေ။

သို့သော် ပိုက်ဆံရနိုင်သည့်ဘယ်လိုစီးပွားရေးကိုမဆို တစ်ယောက်မှ မငြင်းပယ်မည်မှာ သဘာဝပင်။

ဆွေးနွေးပြီးနောက် တစ်ဉီးလျှင် ဆယ်ဘီလီယံဆီ ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်ခဲ့ကြသည်။ ကူးချန်မင်ကိုယ်တိုင်က ဒီလိုပမာဏအား မတတ်နိုင်သော်လည်း လက်ရှိအချိန်တွင် ဆယ်ဘီလီယံပြည့်ရန်အတွက် သူက ဘဏ်မှ ပိုက်ဆံချေးနိုင်သေး၏။

အကြိုစီမံကိန်းပူးပေါင်းမှုသဘောတူညီချက်ပြီးမြောက်သွားပြီးနောက် ထန်ရှုက လက်ဝှေ့ယမ်းကာ ပြောလိုက်သည် “ကောင်းပြီ၊ အားလုံးပဲ။ ကျုပ်တို့က ပြောပြီးပြီဆိုတော့ လုပ်ငန်းဆိုင်ရာကိစ္စတွေမှာ ကျုပ် မပါဝင်တော့ဘူး။။ ကျုပ်တို့ဆွေးနွေးခဲ့တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး ခန်းရှဆီ ကျုပ် ဖုန်းဆက်လိုက်မယ်။ နောက်ကျရင် အသေးစိတ်လုပ်ငန်းစဉ်တွေကို ခင်ဗျားတို့ သူနဲ့ ဆွေးနွေးနိုင်တယ်”

အချိန်ကြောင့် ဆွေးနွေးမှုပြီးနောက် လူတိုင်းက ရေလက်ဝါးပြာစံအိမ်၌ အခန်းတစ်ခန်း ယူထားလိုက်ကြသည်၊ သူတို့က တစ်ညအနားယူပြီးမှ ထွက်ခွာရန် ပြင်ဆင်ထားသည်။ သို့သော် သူ့အတွက် အခန်းတစ်ခန်း ယူထားပြီဖြစ်သော်လည်း ကျီမူက အနားယူရန် ချက်ချင်းမသွားသေးဘဲ အခြားသူများ ထွက်ခွာသွားသည်ကို ကြည့်ရင်း ထန်ရှုနှင့်အတူ နေခဲ့၏။

“မင်းပြောစရာတစ်ခုခုရှိလို့လား”

ထန်ရှုက အိုးရန်လုလုအား တစ်ချက်ကြည့်လိုက်သည်။ သူမက ဧည့်ခန်းသို့ ဉီးတည်သွားသောကြောင့် ထန်ရှုက ကျီမူဘက်လှည့်ကာ မေးလိုက်သည်။

ကျီမူက ခေါင်းညိတ်ကာ ပြောလိုက်၏ “နောက်ရက်အနည်းငယ်အတွင်း မင်းမှာ အချိန်အနည်းငယ်ရှိလား။ ငါ့ချစ်သူနဲ့ ငါ လက်ထပ်တော့မယ်၊ မင်း ငါတို့ရဲ့လက်ထပ်ပွဲကို တက်ရောက်နိုင်မယ်လို့ ငါ မျှော်လင့်တယ်”

“အမ်။ မင်းရဲ့လက်ထပ်ပွဲကို အခုထိ အချိန်ဆွဲထားတာလား”ထန်ရှုက အံ့အားသင့်စွာနှင့် လွှတ်ခနဲ ပြောလိုက်သည်။

“ငါက အခုထိ အချိန်ဆွဲထားချင်တာကြောင့် မဟုတ်ဘူး”ကျီမူက ရှုံ့မဲ့ပြုံးလျက် ပြန်ဖြေသည် “ကလေးနဲ့ ပတ်သက်ပြီး တစ်ခုခု အမှားအယွင်းဖြစ်သွားလို့၊ ဒါကြောင့် အခုလို နှောင့်နှေးသွားတာ”

“ဘာဖြစ်ခဲ့လို့လဲ”ထန်ရှုက အမူအရာအနည်းငယ်ပြောင်းလဲသွားလျက် မေးလိုက်သည်။

ကျီမူက ခေါင်းခါယမ်းကာ ဘာတစ်ခုမှ မပြောခဲ့ပေ။ ထို့နောက် သူက အကူအညီမဲ့စွာနှင့် ပြောလိုက်သည် “အဲဒါကို ထားလိုက်ကြရအောင်။ အတိုချုပ်ပြောရရင် ကလေးမရှိတော့ဘူး၊ မကြာသေးမီက ငါ သူမနဲ့အတူ အကြာကြီး နေပေးခဲ့တယ်၊ ဒါကြောင့် လက်ရှိမှာ သူမရဲ့စိတ်အခြေအနေက ပိုကောင်းလာပြီ။ ဒါပေမယ့် နောက်ရက်အနည်းငယ်အတွင်း မင်းမှာ အချိန်အချို့ရှိသလားဆိုတာ မင်း ငါ့ကို ပြန်မဖြေရသေးဘူးနော်၊ ညီအကိုထန်”

“မင်း ရက်အတိအကျသတ်မှတ်ပြီပြီလား”ထန်ရှုက မေးလိုက်သည်။

“နောက်လရဲ့ပထမဆုံးရက်”ကျီမူက ပြန်ဖြေ၏။

ထန်ရှုက အချိန်တွက်ချက်ပြီးနောက် ပြောလိုက်၏ “နောက်လရဲ့ပထမဆုံးနေ့က နောက်ရက်အနည်းငယ်လောက်ဆိုရင်ပဲ။ ငါ လုပ်စရာကိစ္စတစ်ခုခုရှိသလားဆိုတာ ငါလဲ မသေချာဘူး၊ ဒါပေမယ့် အရေးတကြီးဖြစ်တာ မရှိရင် ငါ ချန်ဇီကို သေချာပေါက် လာမှာပါ။ ဒါပေမယ့် ငါ မလာနိုင်ဘူးဆိုရင် တစ်ယောက်ယောက်နဲ့ မင်းဆီ လက်‌ဆောင်ပို့ခိုင်းလိုက်မှာပါ။ အဲဒီလိုဖြစ်လာရင်လဲ စိတ်မရှိပါနဲ့”

ဤသည်ကို ကြားပြီး ကျီမူက ချက်ချင်းပြုံးလိုက်သည်။ ထို့နောက် သူက ခေါင်းညိတ်ကာ ပြောလိုက်၏ “အဆင်ပြေပါတယ်”

များမကြာမီက ကျီမူက သူ့အခန်းသို့ ပြန်သွားသည်၊ ထန်ရှုက စီးကရက်တစ်လိပ်ထုတ်ကာ မီးညှိလိုက်သည်။သူက အနားယူရန် အခန်းသို့ မပြန်သေးဘဲ ကော်ရီဒါတွင် ရပ်ရင်း လေလံပွဲကျင်းပခဲ့သည့်အဆောက်အဉီးအား ကြည့်နေ၏။ အဆောက်အဉီးက အနည်းငယ် တောက်ပနေသေးပြီး ယခုထိတိုင် သူ့ထံ ဘာသတင်းမှ မရောက်လာပေ။

လက်တွေ့တွင် ပြဿနာက စစ်တပ်မှ အစပြုသည်ကို တွေ့ရှိပြီးနောက် သူက စိတ်အေးသလို ခံစားမိသည်။ ပြဿနာက ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုနှင့် မပတ်သက်သ၍ သူက သွမ်မုလင်အား ဘာတစ်ခုမှ ရှင်းပြစရာမလိုပေ။ အရိုးသားဆုံးပြောရလျှင် ဤနေရာတွင် လေဂလိုက်ဒါ ထွက်ပေါ်လာမှုက သူ့အပေါ် ဘာသက်ရောက်မှုမှ မရှိပေ၊ ထိုအစား သူက အကျိုးအမြတ်အချို့ကို ရရှိနိုင်သည်။ အနည်းဆုံး လေဂလိုက်ဒါက ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစု၏ထုတ်ကုန်တစ်ခုဖြစ်သည်ကို ထိုချမ်းသာသောပုဂ္ဂိုလ်များက သိသွားခဲ့ပြီ၊ ၎င်းတို့အား အများပြည်သူရှေ့သို့ ရောင်းချချိန်၌ သူ့အား ထောက်ပံ့မည့်သူများက သေချာပေါက် ထွက်လာပေမည်။

“ရှင် မအိပ်တော့ဘူးလား”

နာရီဝက်ကြာပြီးနောက် အိုးရန်လုလုက အခန်းမှ ထွက်လာပြီး ထန်ရှု့ဘေးသို့ လျှောက်လာကာ မေးလိုက်သည်။

“ဒါကို မစိုးရိမ်ပါနဲ့”ထန်ရှုက ခေါင်းခါယမ်းကာ ပြုံးလျက် ပြောလိုက်သည် “ငါ လေလံခန်းမကနေ ဘာတစ်ခုမှ မကြားရသေးလို့ပဲ။ ငါ အနားယူဖို့ စိတ်ဒုံးဒုံးမချနိုင်ဘူးဖြစ်နေတယ်”

“တကယ်တော့ ပြဿနာက ရှင်တို့ရဲ့ကုမ္ပဏီနဲ့ မပတ်သက်မှတော့ ရှင်က ဘာမှစိုးရိမ်စရာမရှိပါဘူး”အိုးရန်လုလုက မှတ်ချက်ပြုလိုက်သည် “တစ်ဖက်မှာ စစ်တပ်ရဲ့အမှားဖြစ်တာကြောင့် သွမ်မုလင်ကပဲ ရှင့်ကို ရှင်းပြချက်တစ်ခုပေးရမှာ”

“မင်းက ဉာဏ်ကောင်းတဲ့လူတစ်ယောက်ဆိုတာ ငါ သိပြီးသားပါ။ မင်းက ဒီကိစ္စကိုလဲ ဆုပ်ကိုင်ပြီးဖြစ်မယ်လို့ ငါ မထင်ထားဘူး”ထန်ရှုက ပြုံးကာ ပြောလိုက်သည် “ကောင်းပြီလေ၊ သွမ်မုလင်က ပြဿနာကို အမြန်ဆုံးဖော်ထုတ်နိုင်ဖို့ မျှော်လင့်နေရုံပေါ့၊ မဟုတ်ရင် ငါ စိတ်အေးလက်အေးဖြစ်တော့မှာမဟုတ်ဘူး”

အိုးရန်လုလုက တစ်ခုခု ပြောမည့်ပြင်စဉ် လူတစ်ဖွဲ့က သူမတို့ထံ လျင်မြန်စွာ အသုတ်နှင်လာသည်ကို ရုတ်တရက် သတိပြုမိသည်၊ နောက်ဆုံးတွင် သူမမျက်လုံးများက သူတို့အား ဉီးဆောင်လာသည့် သွမ်မုလင်အား ဖမ်းမိသွားသည်။

“သူတို့လာပြီ။ ရှင်စောင့်နေတဲ့ရလဒ် ရောက်လာပြီ”

ထန်ရှုက ခေါင်းညိတ်ပြကာ သွမ်မုလင်ရောက်လာသည်ကို တိတ်တဆိတ် စောင့်နေခဲ့သည်။ ထို့နောက် သူက ထိုလူအား မေးလိုက်၏ “ခင်ဗျား စုံစမ်းပြီးပြီလား၊ စီနီယာသွမ်မု”

သွမ်မုလင်၏အမူအရာက အနည်းငယ်အရုပ်ဆိုးသွားပြီး သူက ခေါင်းညိတ်လိုက်သည် “ဒါနဲ့ ပတ်သက်ပြီး ပြောဖို့ တိတ်ဆိတ်တဲ့အခန်းတစ်ခုကို ရှာကြတာပေါ့”

“ကောင်းပြီလေ…”

ထန်ရှုက သွမ်မုလင်တို့အား သူနှင့်မြောင်ဝမ်ထန်တို့ စုဝေးခဲ့သည့် အခန်းသို့ ခေါ်သွားသည်။ အလုပ်သမားများက ရှင်းလင်းထားပြီးဖြစ်သောကြောင့် လက်ရှိတွင် အားလုံး သန့်ရှင်းနေသည်။

ထိုင်ခုံပေါ်တွင် ထိုင်ပြီးနောက် သွမ်မုလင်က ရှုံ့မဲ့ပြုံးကာ စတင်ပြောလိုက်သည် “ထန်ရှု၊ စုံစမ်းစစ်ဆေးမှုက ပြီးသွားပြီ၊ စစ်တပ်အတွင်းမှာ ပြဿနာတစ်ခုရှိတယ်ဆိုတာ ရှင်းလင်းတယ်။ ငါ စစ်တပ်ထဲက လူအချို့နဲ့ ဆက်သွယ်ပြီးပြီ၊ လီယုချွမ်လို့ခေါ်တဲ့အနားယူသွားတဲ့အရာရှိတစ်ယောက်က အထူးအကြောင်းပြချက်အချို့ကြောင့် စစ်တပ်ရဲ့ဂိုထောင်ကနေ လေဂလိုက်ဒါကို ခိုးသွားခဲ့တယ်။ ငါတို့က အဲဒါရဲ့စီးရီးနံပါတ်ကိုလဲ မေးမြန်းပြီးပြီ။ ဒီလေလံပွဲမှာ ထွက်ပေါ်လာတဲ့ လေဂလိုက်ဒါနဲ့ အတူတူပဲ”

“ကျုပ် သိချင်တာက ခင်ဗျားပြောတဲ့အထူးအကြောင်းပြချက်ဆိုတာ ဘာလဲ”ထန်ရှုက မေးလိုက်သည်။

“စစ်တပ်ထဲက အကြောင်းတွေကို ပြောဖို့ ငါ့အတွက် ခက်ခဲတယ်။ ဒီတော့ ဒါနဲ့ ပတ်သက်ပြီး ထပ်မမေးပါနဲ့တော့။ အခု လီယုချွမ်က တိုင်းပြည်က အလိုရှိတဲ့ လူတစ်ယောက်ဖြစ်သွားပြီ၊ တိုင်းပြည်ရဲ့သတင်းအချက်အလက်အေဂျင်စီရဲ့ကွန်ရက်ကို စေလွှတ်ထားပြီးပြီ။ ငါတို့ သူ့ကို သေချာပေါက် ဖမ်းမိမှာပါ”

ထန်ရှုက ခေါင်းညိတ်ကာ တုံ့ပြန်လိုက်သည် “ဒီဖြစ်ရပ်က ကျုပ်ကိုလဲ သတိပေးခဲ့တယ်။ ကြည့်ရတာ ခမ်းနားတဲ့ထန်စီးပွားရေးလုပ်ငန်းစုကလဲ ကျုပ်တို့ရဲ့လုံခြုံရေးကို မြှင့်တင်ရမယ့်ပုံပဲ။ စီနီယာသွမ်မု၊ ကျုပ်က အချိန်အချို့အားနေတာဆိုတော့ ကျုပ်ရဲ့ကိုယ်ပိုင်လုံခြုံရေးကုမ္ပဏီကို တည်ထောင်ဖို့ အိုင်ဒီယာတစ်ခု ရလာတယ်။ ခင်ဗျား ဘယ်လိုထင်လဲ”

“လုံခြုံရေးကုမ္ပဏီတစ်ခုလား”

သွမ်မုလင်က စိတ်ထဲ၌ အကူအညီမဲ့သလို ခံစားရလျက် သူ့တွင် ရွေးချယ်စရာမရှိပေ။ ထန်ရှု၏စွမ်းအားက လုံလောက်သည်ထက် ပိုကြီးမားနေပြီဖြစ်၏။ သူက လုံခြုံရေးကုမ္ပဏီတစ်ခုကို တည်ထောင်လျှင် ပိုတောင် အားကောင်းလာပေလိမ့်မည်။ ကျင့်ကြံသူများအတွက် မသင့်တော်သောကိစ္စတော်တော်များများအား ဤလုံခြုံရေးကုမ္ပဏီထံ လက်လွှဲပေးနိုင်သည်။

သူက သဘောမတူရမှာလား။

သူက သဘောမတူခဲ့လျှင် ယခုကဲ့သို့ မတော်တဆတစ်ခုထပ်ဖြစ်လာခဲ့လျှင် သူက တာဝန်ခံနိုင်မည်မဟုတ်ပေ။

“မင်း အဆင်ပြေရင် လုပ်ပါ၊ ထန်ရှု။ လုံခြုံရေးကုမ္ပဏီကို တည်ထောင်ဖို့အတွက် မင်း လိုအပ်တဲ့ လုပ်ငန်းစဉ်တွေနဲ့ သက်ဆိုင်တဲ့ လူအချို့နဲ့ ငါ ဆက်သွယ်လိုက်မယ်”သွမ်မုလင်က နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။

“ကျေးဇူးတင်ပါတယ်၊ စီနီယာသွမ်မုလင်”ထန်ရှုက ပြုံးကာ ပြော၏ “ကျုပ် ဖြေရှင်းပေးဖို့ လိုအပ်တဲ့ ကိစ္စတစ်ခုခုရှိရင် ကျုပ်ကို တန်းသာ ဆက်သွယ်လိုက်ပါ။ ကျုပ်တို့တိုင်းပြည်ရဲ့ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုအတွက် ကျုပ်မှာ တာဝန်ရှိပါတယ်”

သွမ်မုလင်က ထရပ်ကာ ပြောလိုက်၏ “မင်းစကားတွေကို ကြားရတော့ နောက်ကျရင် ငါ ကောင်းကောင်းမွန်မွန်နဲ့ အိပ်စက်နိုင်ပြီးပေါ့။ ဟုတ်ပြီလေ၊ ငါ မင်းရဲ့အနားယူမှုကို ထပ်မနှောင့်ယှက်တော့ပါဘူး။ ငါတို့ လီယုချွမ်ကို ဖမ်းမိတဲ့အချိန်ကျရင် ဒီပြဿနာက ပြီးသွားမှာပါ”

“အာ၊ ကျုပ် မေးချင်တဲ့ နောက်ထပ်ကိစ္စတစ်ခုရှိတယ်၊ စီနီယာသွမ်မုလင်”ထန်ရှုလည်း ထရပ်ကာ ထပ်ပြော၏။

“ဒါဆို ဘာများလဲ”သွမ်မုလင်က မေးလိုက်သည်။

“ဒီလေလံပွဲကို တက်ရောက်လာတဲ့ သူဌေးတွေနဲ့ပတ်သက်ပြီး ခင်ဗျား ဘာလုပ်မှာလဲ”

“သူတို့နဲ့ ပတ်သက်ပြီး ငါ ဘာလုပ်နိုင်မှာလဲ”သွမ်မုလင်က အားတင်းပြုံးလျက် ပြောလိုက်သည် “သူတို့က လေလံပွဲကိုပဲ တက်ရောက်ခဲ့တာ၊ သူတို့က ဘာဉပဒေတစ်ခုမှ မချိုးဖောက်ခဲ့ဘူးလေ။ ငါက တိုင်းပြည်ကနေ အကြွင်းမဲ့အာဏာစွမ်းအားတစ်ခုကို ကိုင်ထားရင်တောင် အကျိုးအကြေင်းမညီညွတ်ဘဲ ဘာမှ လုပ်လို့မရဘူး။ ဒါပေမယ့် သူတို့အားလုံးက လျှို့ဝှက်သဘောတူညီချက်တစ်ခုကို ပြုလုပ်ထားပြီးပြီ၊ သူတို့ကို မျက်ခြေမပြတ်စောင့်ကြည့်ဖို့အတွက်လဲ ငါ လူအချို့ လွှတ်ထားတယ်။ သူတို့က ဒီလေဂလိုက်ဒါနဲ့ ပတ်သက်တဲ့ သတင်းတစ်ခုခုကို ထုတ်ဖော်ရဲရင် သူတို့က နိုင်ငံတော်သစ္စာဖောက်မှုကို ကျူးလွန်တာနဲ့ ညီမျှတယ်၊ သူတို့အတွက် သေမိန့်တစ်ခုပဲ ရှိတယ်”

All Chapters