သူခိုးလူမိခြင်း
Vol. 82 Ch. 1135
ရှန်းဟိုင်။
ဟုန်ရှန်စီရင်စုရှိ အဆင့်မြင့်စတိုးဆိုင်တစ်ခုအပြင်ဘက်တွင် အနက်ရောင်သားရေကုတ်အင်္ကျီနှင့် လီယုချွမ်က လက်မြှောက်ကာ သူ့ဉီးထုပ်အစွန်းအား ဖိလိုက်သည်။ သူ့မျက်လုံးများက စတိုးဆိုင်၏ကျောက်ပြားပေါ်တွင် ရေးထားသည့် နတ်ဘုရားဝတ်ရည်၀၆ဟူသော ရွှေရောင်စာလုံးများအား မလှုပ်မယှက်ကြည့်နေလိုက်သည်။
နတ်ဘုရားဝတ်ရည်ဝိုင်…၎င်းက ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုမှ ထုတ်ကုန်တစ်ခုဖြစ်ပြီး ဘယ်အမှတ်တံဆိပ်မှ မယှဉ်နိုင်သည့် ဝိုင်များ၏ဘုရင်ဟု သတ်မှတ်ထားသည်။
သူ၏အထက်အရာရှိထံမှ လီယုချွမ်က ဤနတ်ဘုရားဝတ်ရည်ဝိုင်အား အရသာခံဖူးသည်။ သူနှင့်သူ့တပ်ဖွဲ့က သူတို့၏လုပ်ဆောင်ချက်ကောင်းများကြောင့် ဆုရခဲ့ပြီး သူတို့ခုနှစ်ယောက်က နတ်ဘုရားဝတ်ရည်ဝိုင်တစ်ပုလင်းအား သောက်သုံးခွင့်ရခဲ့၏။
ထိုကတည်းက သူက နတ်ဘုရားဝတ်ရည်ဝိုင်အား ထပ်အရသာခံရန် အိမ်မက်မက်ခဲ့သည်။
ထိုနေရာတွင် ဖြစ်ပွားခဲ့သည်များအရ လေလံစီစဉ်သူထံမှ သူက ပိုက်ဆံမရနိုင်တော့သည်ကို ကောင်းကောင်းသိ၏။ သို့သော် သူက ငွေအရေးတကြီးလိုအပ်နေသေးပြီး ထိုကိစ္စကိုသာ ထပ်တလဲလဲ ဉီးနှောက်ခြောက်မတတ်စဉ်းစားနေခဲ့၏။ တဖြည်းဖြည်းနှင့် သူ့အာရုံက ဤနတ်ဘုရားဝတ်ရည်စတိုးဆိုင်ထံ ပြောင်းသွားသည်။ သူက လေဂလိုက်ဒါအား လေလံစီစဉ်သူထံ မလွှဲပေးခင် နောက်ထပ်နည်းလမ်းတစ်ခုအား ချန်ထားခဲ့၏၊ ထိုနည်းလမ်းက နတ်ဘုရားဝတ်ရည်သီးသန့်စတိုးဆိုင်အား လုယက်ရန်ဖြစ်သည်။
၎င်းက လိုအပ်သောပိုက်ဆံကို ရရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ သူက ဤနေရာတွင် တစ်ပြားတစ်ချပ်မှ မရလျှင်ပင် နတ်ဘုရားဝတ်ရည်ဝိုင်သေတ္တာအချို့အား ခိုးယူကာ ထွက်သွားနိုင်သည်။ သူ့အတွင် ဤဝိုင်ရှိသရွေ့ မရေမတွက်နိုင်သောလူချမ်းသာများက ၎င်းအား ဝယ်ယူကြလိမ့်မည်ဟု သူ ယုံကြည်သည်။
မိနစ်အနည်းငယ်ကြာပြီးနောက် သူက စတိုးဆိုင်၏အနောက်လမ်းသို့ တိတ်တဆိတ် ရောက်ရှိလာသည်။ သူက ဘေးဘီဝဲယာအား ခဏ လှည့်ပတ်ကြည့်ပြီးနောက် သူ့ပုံရိပ်က ဒုတိယထပ်၏ပြတင်းပေါက်ရှေ့၌ လျင်မြန်စွာ ထွက်ပေါ်လာသည်။ လက်ထဲရှိဓားမြှောင်တစ်လက်နှင့်အတူ သူက အလွယ်တကူ သော့ဖွင့်လိုက်သည်။
“မနေ့က ရောက်လာတဲ့ နတ်ဘုရားဝတ်ရည်ဝိုင်အသုတ်က သေချာပေါက် မရောင်းရသေးဘူး။ ဒါ့အပြင် နေ့လည်ခင်းတိုင်း အမြဲလိုလိုရောက်လာတဲ့ အဲဒီထရပ်ကားတွေက စတိုးဆိုင်က ပိုက်ဆံတွေကို မယူသွားသေးလောက်ဘူး”
“အဲဒါက နှစ်သန်းလောက်ပဲ ရှိမှာ။ ဒါပေမယ့် ငါ အဲဒီပိုက်ဆံကို ရရမယ်”
အခန်းထဲသို့ ဝင်ပြီးနောက် သူက လှည့်ပတ်ကြည့်လိုက်သည်၊ သိုလှောင်ခန်းတစ်ခုအား တွေ့လိုက်ရသည်။ ထို့နောက် သူက တံခါးထံ တိတ်တဆိတ် သွားကာ တွန်းဖွင့်ပြီး အပြင်ဘက်အား အနည်းငယ် လေ့လာလိုက်၏။ အပြင်ဘက်ကော်ရီဒါတွင် တစ်ယောက်မှ မရှိ၊၊ စတိုးဆိုင်အတွင်းပိုင်းတစ်ခုလုံးက မှောင်မည်းနေသည်။
သို့သော် သူ ခိုးဝင်လာသည်နှင့် အနက်ရောင်အရိပ်တစ်ခုလည်း အခန်းထဲသို့ တိတ်တဆိတ်ဝင်လာကာ သူ့နောက်မှ လိုက်လာသည်ကို မသိခဲ့ပေ။
အဆက်မပြတ်လေ့လာရှာဖွေပြီးနောက် မကြာမီမှာပင် လီယုချွမ်က ဒုတိထပ်ရှိ သိုလှောင်ခန်းအား ရှာတွေ့သွားသည်။ သေတ္တာခြောက်ဆယ်ရှိပြီး ၎င်းတို့က မဖွင့်ဖောက်ရသေးပေ၊ နံရံအနီးနားတွင် စီစီရီရီထားထားသည်။ သို့သော် သူက တန်းမခိုးပေ၊ ၎င်းတို့အား သူ၏နောက်ဆုံးအားကိုးရာအဖြစ်သာ သတ်မှတ်ထားသည်၊ ထို့ကြောင့် သူက ဆက်လက်ရှာဖွေလိုက်ပြီး နောက်ဆုံးတွင် ရုံးခန်းအား တွေ့လိုက်ရ၏။
“မီးခံသေတ္တာကို တကယ် ဖွက်ထားတာပဲ”
စာအုပ်စင်တစ်ခုနောက်၊ နံရံပေါ်တွင် ချိတ်ဆွဲထားသော ပန်းချီကားတစ်ချပ်နောက်တွင် မီးခံသေတ္တာအား သူ တွေ့လိုက်ရသည်။ ကံကောင်းစွာနှင့် သူက မီးခံသေတ္တာနှင့် ပတ်သက်၍ ကျွမ်းကျင်သူတစ်ယောက်ဖြစ်၏။ ဝါယာတစ်ခုကို ယူထုတ်ကာ ကွေးလိုက်ပြီး မီးခံသေတ္တာထဲသို့ ထည့်သွင်းကာ ပထမဆုံးသော့အား လျင်မြန်စွာ ဖျက်ဆီးလိုက်သည်။ နောက်သော့က လက်ဗွေပုံစံ၊ ဒီဂျီတယ်စကားဝှက်အချို့နှင့် ဖြစ်သည်၊ ဒါကိုလည်း နည်းလမ်းအမျိုးမျိုးသုံးလျက် သူက ဖျက်ဆီးလိုက်၏။ နောက်ဆုံးတွင် မီးခံသေတ္တာအဖုံးက ဖြည်းဖြည်းချင်း ပွင့်သွား၏။
“ဒီလောက်လေးပဲလား”
သူက အကြိမ်အနည်းငယ် စစ်ဆေးလိုက်သည်၊ နောက်ဆုံးတွင် မီးခံသေတ္တာထဲရှိငွေသားက သုံးသိန်းခန့်သာရှိသည်ကို အတည်ပြလိုက်၏။ နှစ်သန်းမှ ၁.၇သန်းကို သူ လိုအပ်သေး၏။
“အလား၊ ကြည့်ရတာ နတ်ဘုရားဝတ်ရည်အချို့ကို ခိုးယူရမယ့်ပုံပဲ။ ဆယ်သေတ္တာက လုံလောက်ပြီ၊ ငါ ယူလာတဲ့ကားကလဲ အဲလောက်ပဲ သယ်လို့ရတယ်။ ဒါပေမယ့် ရှန်းဟိုင်ကနေ ထွက်သွားဖို့က အရမ်းခက်ခဲလိမ့်မယ်၊ ပြီးတော့ ဒီနေရာမှာ ရောင်းမယ်ဆိုရင် ငါ့ကို အလွယ်တကူ ရှာတွေ့သွားလိ့မ်မယ်”လီယုချွမ်က သက်ပြင်းချကာ သူ့ရာသူ ရေရွတ်လိုက်သည်။
ရုတ်တရက် အေးစက်သောအသံတစ်ခုက သူ့နောက်မှ ထွက်လာ၏ “ဒါဆို ရှန်းဟိုင်က အလွယ်တကူမထွက်နိုင်မှတော့ မင်းရဲ့အားထုတ်မှုကို မဖြုန်းနဲ့တော့”
“ဘယ်သူလဲ”
လီယုချွမ်က ဆံပင်ထောင်တက်သွားပြီး သူက နောက်ပြန်လှည့်ရင်း သူ၏စစ်တပ်သုံးဓားအား ချက်ချင်း ဆွဲထုတ်လိုက်သည်။ အခန်းက မှိန်နေသော်လည်း သူက အပေါက်ဝတွင် လူတစ်ယောက်အား ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။
“ငါက ဒီစတိုးဆိုင်ရဲ့လုံခြုံရေးအစောင့်ပဲ”
သက်လတ်ပိုင်းလူက သူ့ရာသူစဉ်းစားရင်း ပြုံးနေ၏- အားကောင်းတဲ့ရန်သူတစ်ယောက်ကို ဖမ်းမိတဲ့အတွက် ငါ ဆုရမယ်မလား။ ဂိုဏ်းကနေ ဆေးလုံးတွေကို အလွယ်တကူဝယ်လို့ရတဲ့အတွင်းတပည့်တွေနဲ့ မတူဘူး၊ ငါက သူတို့ကို ရဖို့ ရက်အနည်းငယ် အားထုတ်ခဲ့ရတယ်။ ငါ့ရဲ့ပိုက်ဆံအကုန်ထုတ်ပြီး အတွင်းတပည့်တစ်ယောက်ကို အကူအညီတောင်းပြီးမှ ဆေးလုံးတွေကို ဝယ်နိုင်ခဲ့တာ။ ဒါပေမယ့် အခု ငါက ဝက်တစ်ကောင်လို ဆင်းရဲနေပြီ။
စစ်သုံးဓားကို ကိုင်ထားလျက် လီယုချွမ်က အေးစက်စွာ ပြောလိုက်သည် “ငါ ဘယ်သူ့ကိုမှ မထိခိုက်စေချင်ဘူး၊ မသတ်ချင်ဘူး။ ဒါပေမယ့် ငါ ပိုက်ဆံ အရေးတကြီးလိုအပ်တယ်၊ ဒါကြောင့် မင်း ငါ့ကို မတားဖို့၊ မတိုက်ခိုက်ဖို့ ငါ မျှော်လင့်တယ်။ ငါ မင်းကို ချည်ရုံပဲ ချည်ထားမှာ၊ မနက်ဖြန်မနက် အခြားဝန်ထမ်းတွေ ရောက်လာတဲ့အခါကျရင် မင်း လွတ်လပ်သွားလိမ့်မယ်”
ဝမ်လျန်က ပေါ့ပေါ့ပါးပါးသာ ပြုံးလိုက်သည် “ကျုပ် ခန့်မှန်းတာ မှန်ရင် ခင်ဗျားက စစ်သားတစ်ယောက် ဖြစ်ရမယ်။ ပြီးတော့ ခင်ဗျားကိုယ်ထဲကစစ်သားအငွေ့အသက်ကို သာမန်လူဘဝနဲ့ မဆေးကြောပြီးသေးတာကြောင့် မကြာသေးခင်ကမှ ခင်ဗျားက စစ်တပ်ထဲက ထွက်လာတာ ဖြစ်ရမယ်။ ကောင်းပြီလေ၊ ခင်ဗျားက ကျုပ်လို စစ်တပ်ထဲကနေ ထွက်လာတဲ့သူဖြစ်တာကြောင့် ခင်ဗျားကို သွားခွင့်ပေးလိုက်မယ်။ ဒါမေပယ့် အခုကစပြီး ဒီလိုခိုးဝှက်တာကို ဘယ်တော့မှ မလုပ်ဖို့ ခင်ဗျား ကျုပ်ကို ကတိပေးရမယ်”
လီယုချွမ်က ခဏမှင်တက်သွားပြီးနောက် ချက်ချင်း အေးစက်စွာ ပြောလိုက်သည် “ငါ အချိန်တိုအတွင်းမှာ ပိုက်ဆံအများကြီး လိုအပ်တယ်။ ဒီနေရာက ငါ့အတွက် အကောင်းဆုံးအဖြေတွေထဲက တစ်ခုပဲ၊ ဒါပေမယ့် မင်း ငါ့ကို ရင်ဆိုင်နိုင်မယ်လို့ ထင်တာလား”
“ဟီးဟီးဟီး၊ ခင်ဗျားကို ရင်ဆိုင်ရတာ ခက်ခဲမှာမို့လို့လား”ဝမ်လျန်က ပြုံးကာ ပြန်မေးလိုက်သည်။
“မင်းနဲ့ ငြင်းခုံပြီး ငါ့စွမ်းအင်ကို ဖြုန်းတီးရတာ ပျင်းလွန်းတယ်”လီယုချွမ်က နှာခေါင်းရှုံ့လိုက်သည်။ “အသာတကြည်နဲ့ အချည်ခံမလား ဒါမှမဟုတ် အရှုံးကို ဝန်ခံအောင် ရိုက်နှက်ရမလား၊ မင်း ရွေးချယ်”
“လာစမ်းပါ”ဝမ်လျန်က ပြုံးကာ တုံ့ပြန်လိုက်သည်။
“ဟမ့်…”
လီယုချွမ်က နှာခေါင်းရှုံ့လိုက်သည်၊ သူ့ခန္ဓာကိုယ်က လျှပ်စစ်အလား ပြေးသွားပြီး ဝမ်လျန်အရှေ့၌ ချက်ချင်း ထွက်ပေါ်လာသည်။ သူ၏စစ်သုံးဓားက ထိုလူ၏ညာဘက်ပခုံးအား ပစ်မှတ်ထားလိုက်ပြီး သူ၏အခြားလက်က လက်သီးတစ်ချက် ပို့ဆောင်လိုက်၏။
“စစ်တပ်လက်ဝှေ့လား၊ ဟမ့်။ မင်းက လင်းယုန်ပြာအထူးတပ်ဖွဲ့ကလား”
စစ်တပ်သုံးဓားအား ရှောင်ရင်း ဝမ်လျန်က လီယုချွမ်၏လက်သီးအား သူ့ခန္ဓာကိုယ်နှင့် ထိပ်တိုက်တွေ့ပေးလိုက်သည်။ လီယုချွမ်က အံ့အားသင့်သွားပြီး နောက်လေးလှမ်းဆုတ်လိုက်ရသည်။
မျက်လုံးကျုံ့ကာ မယုံကြည်နိုင်မှုတို့ ဖြစ်ပေါ်လျက် သူ့လက်သီးက ကျောက်တုံးတစ်တုံးအား ထိုးမိသလို လီယုချွမ်က ခံစားရသည်။ ရပ်လိုက်ပြီးနောက် သူက ဝမ်လျန်အား သတိထားလျက် တစ်ချက်ကြည့်ကာ နက်ရှိုင်းသောအသံနှင့် မေးလိုက်၏ “မင်း ဘယ်သူလဲ။ လက်တစ်ဆုပ်စာလူတွေကသာ လင်းယုန်ပြာအထူးတပ်ဖွဲ့ရဲ့ဒီစစ်တပ်လက်ဝှေ့ပုံစံကို သိတာ။ မင်းက ဘယ်လိုလုပ်သိတာလဲ”
“ဘာကြောင့်လဲဆိုတော့…ငါက လင်းယုန်ပြာအထူးတပ်ဖွဲ့ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်ခဲ့လို့ပဲ”ဝမ်လျန်က ပြန်ဖြေလိုက်သည်။
“ဒါ မဖြစ်နိုင်ဘူး”လီယုချွမ်က မိုက်ကြည့်ကြည့်လိုက်သည် “ကျုပ် လင်းယုန်ပြာမှာ တာဝန်ထမ်းဆောင်တာ လေးနှစ်ကျော်ပြီ၊ ကတ်ပတိန်တောင် ဖြစ်ခဲ့တယ်။ ဒါပေမယ့် ခင်ဗျားကို လုံးဝမမြင်ဖူးဘူး။ နေပါအုံး၊ ခင်ဗျားရဲ့အသက်အရ…ခင်ဗျားက ရှေ့စီနီယာအဖွဲ့ဝင်တွေထဲကတစ်ယောက်ဖြစ်ရမယ်။ ဒါပေမယ့ ဘယ်လိုလုပ်ပြီး ခင်ဗျားက ဒီနေရာမှာ လုံခြုံရေးအစောင့်တစ်ယောက် ဖြစ်လာတာလဲ”
“လုံခြုံရေးအစောင့်တစ်ယောက်အဖြစ် လုပ်ရတာ ရှက်စရာလို့ မင်း ထင်တာလား”ဝမ်လျန်က ပြန်မေးလိုက်သည် “ဒီနေရာကို လူပေါင်းများစွာကို လိုချင်ပေမယ့် မရကြဘူးကွ။ ဒါမေပယ့် မင်းကရော၊ မင်းက လင်းယုန်ပြာအထူးတပ်ဖွဲ့က ထွက်လာတဲ့လက်ရွေးစင်တစ်ယောက်ဖြစ်ပြီး ဒီလိုရှက်စရာကောင်းတဲ့လုပ်ရပ်ကို တကယ် လုပ်ခဲ့တာလား။ မင်းက လင်းယုန်ပြာကို မျက်နှာပျက်အောင် လုပ်နေတာပဲ”
လီယုချွမ်မျက်နှာက ရှက်ရွံ့ခြင်းတို့ လောင်ကျွမ်းသွား၏။ သူက ပြန်ချေပချင်သော်လည်း ဝမ်းဗိုက်ထဲတွင်သာ ပြန်မျိုချထားလိုက်သည်။
“ငါ ပိုက်ဆံလိုလို့”လီယုချွမ်က ရေရွတ်လိုက်သည်။
“ဟမ့်၊ လူပေါင်းများစွာက ပိုက်ဆံလိုနေကြတာပဲ၊ ဒါပေမယ့် အဲဒါက သူတို့ကို ခိုးယူဖို့ အကြောင်းပြချက်တစ်ခုပေးတယ်လို့ မဆိုလိုဘူး”ဝမ်လျန်က နှာခေါင်းရှုံ့လိုက်သည် “ငါ မင်းကို ပြောမယ်၊ စတိုးဆိုင်ထဲကို ဝင်လာပြီးနောက် လုပ်သမျှ အရာအားလုံးအပါအဝင် စတိုးဆိုင်အပြင်ဘက်မှာ ထွက်ပေါ်လာကတည်းက မင်းကို လုံခြုံရေးဗီဒီယိုခန်းမှာ မှတ်တမ်းတင်ထားပြီးသား။ ဒါကြောင့် ငါ မင်းကို ထွက်ခွာခွင့်ပြုပြီး မင်းအတွက် အဲဒီဗီဒီယိုကို ဖြတ်ပေးမယ်လို့ ပြောခဲ့တာပဲ။ ဒါပေမယ့် မင်းက ငါ့ကို တိုက်ခိုက်ခဲ့ပြီး စစ်တပ်သုံးဓားကို အသုံးပြုခဲ့တယ်။ အခု ငါ မင်းကို ဘယ်လိုနည်းလမ်းနဲ့မှ အလွယ်တကူ ထွက်သွားခွင့်မပြုနိုင်ဘူး”
“ခင်ဗျားက တစ်ချိန်က တပ်ဖွဲ့ရဲ့စီနီယာတစ်ယောက် ဖြစ်ခဲ့တယ်၊ ဒါကြောင့် ကျုပ် ခင်ဗျားကို လေးစားတယ်”လီယုချွမ်က အေးစက်စွာ ပြန်ပြောသည် “ကျုပ် ခင်ဗျားကို ထပ်မတိုက်ခိုက်ချင်ဘူး၊ ဒါပေမယ့် ကျုပ် ငွေအရေးတကြီး လိုအပ်နေတယ်၊ ဒါကြောင့် ကျုပ် တောင်းပန်တယ်လို့ပဲ ပြောနိုင်တယ်”
မျက်ခုံးမြင့်တက်သွားလျက် ဝမ်လျန်က လီယုချွမ်အရှေ့၌ ရုတ်ချည်း ထွက်ပေါ်လာပြီး ရင်ဘက်အား လက်သီးတစ်ချက် ထိုးလိုက်သည်၊ သူ့ဘယ်ခြေထောက်က ထိုလူ၏မျက်နှာအား ဖြတ်ကန်လိုက်သည်။ ထို့နောက် သူက လီယုချွမ်အား ဖမ်းဆီးကာ ကြိုးတစ်ချောင်းယူလျက် ထောင့်တစ်ထောင့်တွင် ချည်နှောင်ထားလိုက်၏။
“ဒါ မင်းရဲ့နောက်ဆုံးအခွင့်အရေးပဲ။ ငါ့ကို ပြော၊ ဘာလို့ မင်း ခိုးနေရတာလဲ။ ပိုက်ဆံလိုတယ်လို့တော့ ထပ်မပြောနဲ့နော်။ ဘာလို့ မင်းက ပိုက်ဆံလိုနေရတာလဲ”
လီယုချွမ်၏တစ်သက်တွင် ယခုလို ကြောက်ရွံ့မှုမျိုး တစ်ခါမှ မဖြစ်ဖူးပေ။ သူက သူ၏ကိုယ်ပိုင်ခွန်အားအပေါ် ယုံကြည်ချက်ရှိသည်၊ အထူးသဖြင့် သူ၏တိုက်ခိုက်ရေးစွမ်းအားကိုပင်။ သူက စစ်တပ်ထဲတွင် ချန်ပီယံဆုကို ရရှိခဲ့ပြီး တိုက်ပွဲဘုရင်အဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရသည်။ သို့သော် သူ့ရှေ့ရှိသက်လတ်ပိုင်းလူအား သူက ပြန်တောင် မတိုက်ခိုက်နိုင်ခဲ့ပေ။
ဖြစ်နိုင်တာက…လင်းယုန်ပြာအထူးတပ်ဖွဲ့ရဲ့ယခင်စီနီယာအဖွဲ့ဝင်တွေက ကြောက်စရာကောင်းတဲ့တိုက်ခိုက်ရေးသမားတွေလား။
“ကျုပ်ဇနီးနဲ့ကလေးကို ကယ်ဖို့ ပိုက်ဆံလိုတယ်”လီယုချွမ်က မိနစ်အနည်းငယ်ကြာ နှုတ်ဆိတ်သွားပြီးနောက် အံကြိတ်လျက် ပြန်ဖြေလိုက်သည်။
“လာပြန်ပြီးလား။ မင်းဇနီးနဲ့ကလေးကို ကယ်ဖို့ မင်းက ယွမ်နှစ်သန်းလိုအပ်တာလား”ဝမ်လျန်က နှာခေါင်းရှုံ့လိုက်သည်။
“ဟမ်။ ကျုပ် အထဲကို ဝင်လာပြီးကတည်းက ခင်ဗျားက ကျုပ်နောက်မှာ ရှိနေတာလား”လီယုချွမ်က အံ့အားသင့်စွာနှင့် ပြောလိုက်သည်။
“ဟုတ်တယ်”ဝမ်လျန်က ခေါင်းညိတ်လိုက်သည်။
လေးစားသောမျက်နှာနှင့်အတူ လီယုချွမ်က ပြန်ပြောလိုက်၏ “လင်းယုန်ပြာအထူးတပ်ဖွဲ့က ခင်ဗျားလိုလူကို ဘာလို့ ထွက်ခွာခွင့်ပြုလိုက်မှန်း ကျုပ် တကယ်ကို နားမလည်နိုင်ဘူး။ ဒီတော့ ကျုပ် ခင်ဗျားကို အမှန်အတိုင်း ပြောပြမယ်။ ကျုပ် ယွမ်နှစ်သန်းကို တကယ် လိုအပ်တယ်၊ ကျုပ်မှာ အချိန်အများကြီး မရှိတော့ဘူး။ ပိုက်ဆံရတာနဲ့ အဲအကောင်ကို ကျုပ် ပေးရမယ်၊ အဲတော့မှ သူက ကျုပ်ဇနီးနဲ့ကလေးကို လွှတ်ပေးမှာ”
“ဒါဆို အဲဒီကောင်က ဘယ်သူလဲ”ဝမ်လျန်က မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
“ချန်ကောရှင်းရဲ့တူချန်ကျောက်”လီယုချွမ်က ပြန်ဖြေ၏။
ဝမ်လျန်၏မျက်လုံးများက လက်သွားပြီး သူက ဖြည်းဖြည်းချင်း ပြောလိုက်သည် “ချန်ကောရှင်းလား၊ ဟမ့်။ အရင်တုန်းက သူက စီနီယာကာနယ်တစ်ယောက်ဖြစ်ခဲ့တယ်၊ ဒါကြောင့် အခုဆိုရင် သူ့ပခုံးပေါ်မှာ ကြယ်ပွင့်အချို့ရှိတယ်မဟုတ်လား။ ဒါပေမယ့် သူ့တူက စစ်တပ်ထဲမှာ ရှိမယ်လို့ ငါ မထင်ထားဘူး။ ဒါကြောင့် ငါ သိချင်တာက သူ့တူက ဘာလို့ မင်းဇနီးနဲ့ကလေးကို ပြန်ပေးဆွဲထားရတာလဲ၊ ဘာလို့ ပြန်ရွေးဖို့အတွက် ယွမ်နှစ်သန်းကို ပေးရမှာလဲ”
“ဒါက ကျုပ်က အုပ်စုဖွဲ့တိုက်ပွဲရဲ့သားကောင်ဖြစ်လို့ပဲ”လီယုချွမ်က အေးစက်စွာ ပြောလိုက်သည်။
ဝမ်လျန်က ခေါင်းညိတ်တုံ့ပြန်ကာ ဖုန်းထုတ်လိုက်သည်။ သူက နံပါတ်တစ်ခုခေါ်ကာ ပြောလိုက်၏ “ခေါင်းဆောင်၊ နတ်ဘုရားဝတ်ရည်ဝိုင်စတိုး၀၆မှာ ထူးခြားတဲ့အနေအထားတစ်ခုရှိတယ်၊ ဒါကြောင့် ခင်ဗျား ချက်ချင်းလာဖို့လိုအပ်တယ်”