← Chapters

မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ။

Vol. 82 Ch. 1139

မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ။

Vol. 82 Ch. 1139

ဘမ်း…

အပြင်ဘက်မှ တံခါးကန်ဖွင့်လိုက်ပြီး ဝံပုလွေခေါင်းနှင့်လီယုချွမ်က အခန်းထဲသို့ ပြေးဝင်လာသည်။ ချန်ကျောက်နှင့်အမျိုးသမီးတို့၏မျက်လုံးအကြည့်များအောက်တွင် ထန်ရှုက နောက်မှ လိုက်လာ၏။

အမျိုးသမီး၏အမူအရာက ပြောင်းလဲသွားသည်။ သူမက လီယုချွမ်၏ဓာတ်ပုံအား မြင်ဖူးသည်၊ သူ့အား ချက်ချင်း မှတ်မိလိုက်၏၊ သို့သော် ဝံပုလွေခေါင်းနှင့်ထန်ရှုတို့က ဘယ်သူဖြစ်သည်ကိုတော့ သူမက မပြောနိုင်ပေ။

“ရှင်တို့က ဘယ်သူတွေလဲ”

ထန်ရှုကို မြင်ပြီး သူမက ရှေ့နှစ်လှမ်းတိုးကာ ချက်ချင်း မေးလိုက်သည်၊ ဤလူက အတော်လေး ထူးခြားသည်ဟု သူမက ခံစားမိ၏။

ထန်ရှုက သူမအား တစ်ချက်သာ ကြည့်ပြီးနောက် သူ့မျက်လုံးများက ချန်ကျောက်အပေါ်သို့ ပြန်ရောက်လာ၏။ သူက ထိုအကောင်၏ဘေးသို့ လျှောက်သွားကာ ဒင်းအား ဆိုဖာပေါ် တွန်းချလိုက်သည်။ ထို့နောက် သူက စီးကရက်တစ်လိပ်မီးညှိကာ ပေါ့ပေါ့ပါးပါးနှင့် ပြောလိုက်၏ “မင်းက အဲဒီချန်ကျောက်မလား”

ထန်ရှုက အတော်လေးရင်းနှီးသည်ကို ချန်ကျောက်က တွေးမိသော်လည်း ဘယ်နေရာတွင် မြင်ဖူးမှန်း သူက မမှတ်မိနိုင်ပေ။ သို့သော် ထန်ရှု၏တွန်းထုတ်မှုက သူ့အား ဒေါသထွက်သွားစေပြီး သူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည် “ဟမ့်၊ မင်းတို့လို လူရမ်းကားတွေက ဘယ်နေရာက လာတာလဲ။ မင်းက ဒီလီမျိုးရိုးအတွက် ရပ်တည်ပေးချင်တာလား”

“မင်း ပြောတာ မှန်တယ်။ ငါက လီမျိုးရိုးအတွက် ရပ်တည်ပေးမလို့”ထန်ရှုက ခေါင်းညိတ်လိုက်၏ “မင်းက လီယုချွမ်ကို ခက်ခဲအောင် လုပ်တာကို ငါ ဂရုမစိုက်ပေမယ့် ဇနီးနဲ့ကလေးတွေကို သုံးပြီး သူ့ကို ခြိမ်းခြောက်တာက ထုံးစံနဲ့ ဆန့်ကျင်နေတယ်”

“ဟမ့်၊ ဥပဒေကို အားကောင်းတဲ့သူတွေက ချမှတ်ထားတာ”ချန်ကျောက်က နှာခေါင်းရှုံ့လိုက်သည် “လီယုချွမ်က ဘာမှ မဟုတ်ဘူး၊ အဝေးကို ပစ်ထုတ်ခံလိုက်ရတဲ့စစ်တုရင်အပိုင်းအစတစ်ခုလို သနားစရာကောင်းတဲ့တီကောင်တစ်ကောင်ပဲ။ ဟေး၊ ကောင်လေး။ မင်း ဘယ်သူလဲဆိုတာ ငါ ဂရုမစိုက်ဘူး၊ ဒါပေမယ့် ငါ့ကိစ္စမှာတော့ လာမရှုပ်နဲ့၊ မဟုတ်ရင် မင်းက လီယုချွမ်ထက် ပိုသနားစရာကောင်းတဲ့အဖြစ်နဲ့ အဆုံးသတ်ရလိမ့်မယ်”

“မင်းက ငါ့ကို ခြိမ်းခြောက်နေတာလား”

ထန်ရှုက စီးကရက်တစ်ဖွာရှိုက်ကာ နှာခေါင်းရှုံ့လိုက်သည် “မင်းရဲ့ဉီးလေးသာမရှိရင် ငါ မင်းကို အခု ဒီနေရာမှာတင် သတ်လိုက်လို့ရတယ်။ ဟုတ်ပြီလေ၊ ငါ မင်းလိုကောင်မျိုးနဲ့ အချိန်မဖြုန်းချင်ဘူး။ ငါ့ကို လီယုချွမ်ရဲ့ဇနီးနဲ့ကလေးတွေကို ပေးပါ၊ ဒါဆို ငါ ဒီကိစ္စကို ခွင့်လွှတ်လိုက်မယ်။ ဒါပေမယ့် နောက်ကျရင် မင်းက ဒီလို စက်ဆုပ်စရာကောင်းတဲ့အပြုအမူတစ်ခုကို ကျူးလွန်ရဲရင် ပြင်းထန်တဲ့ရိုက်နှက်မှုတစ်ခုကို ခံရဖို့ မျှော်လင့်ထားနိုင်တယ်”

မျက်လုံးစောင်းငဲ့ကြည့်လျက် ဤအကောင်က နောက်ခံစွမ်းအားမရှိဘဲ သူ့ရှေ့တွင် ဟိတ်ဟန်လာနေသည်ဟု ချန်ကျောက်က တွေးလိုက်သည်။ ထို့ပြင် ဤကောင်က သူ့ဉီးလေးအား ကြောက်ပုံရ၏၊ ထိုသို့သောအတွေးတစ်ခုက ချန်ကျောက်အား ဒေါသထွက်သွားစေသည်။ သူက ထန်ရှု၏မျက်နှာချင်းဆိုင်သို့ လျှောက်သွားကာ ဆိုဖာပေါ်တွင် ထိုင်လျက် နှာခေါင်းရှုံ့လိုက်သည် “ဟမ့်။ မင်းက ငါ့ဉီးလေးကို သိတာလား၊ ကောင်စုတ်။ ဒါဆိုရင် ငါက အလွယ်တကူရန်စလို့ရတဲ့လူတစ်ယောက်မဟုတ်မှန်း မင်း သိမှာပါ။ မင်းက ငါနဲ့ ကစားချင်နေမှတော့ ငါ မင်းနဲ့ ပူးပေါင်းပေးပါ့မယ်”

“မင်းကိုယ်မင်း ဘယ်သူလို ထင်နေတာလဲ”

အရူးတစ်ယောက်အား ကြည့်နေရသလို ထန်ရှုက သူ့အား ကြည့်လိုက်သည်။ သူက ခေါင်းခါယမ်းကာ ပြောလိုက်၏ “မင်းဉီးလေးနဲ့ ပတ်သက်ပြီး အချက်အလက်တွေ ငါ ဖတ်ပြီးပြီ၊ သူ့မှာ အသေးစားစွမ်းရည်အချို့တော့ ရှိပါတယ်။ ဒါပေမယ့် ဘယ်လိုလုပ် သူ့ရဲ့ဆွေမျိုးက ဒီလောက် တုံးအရတာလဲ”

ချန်ကျောက်၏မျက်နှာ အေးစက်သွားပြီး သူက ကြိမ်းဝါးလိုက်သည် “ငါကို ထပ်ပြောစမ်း။ မင်းက ဘာကောင်လဲ။ မင်းက ဘာမို့ ငါ့ဉီးလေးကို ဝေဖန်ရဲတာလဲ”

ဖြန်း…

ကျင်းရှီက ရှေ့တက်ကာ ထိုအကောင်အား ပါးရိုက်လိုက်သည်၊ ထို့နောက် လည်ပင်းမှ ဆွဲလျက် ဒင်းအား ကြမ်းပြင်ပေါ် ပစ်ချလိုက်၏။

ထိုအချိန်တွင် သန်မာသောလူလေးယောက်က အပြင်မှ ပြေးဝင်လာသည်။ ချန်ကျောက်အရိုက်ခံနေရသည်ကို မြင်ပြီး သူတို့၏အမူအရာက ပြောင်းလဲသွားကာ သူ့အား ကူညီရန် ပြေးလာခဲ့ကြ၏။

ချန်ကျောက်က သူ့ပါးအား ဖုံးလိုက်သည်၊ သို့သော် သူ့လူများအား ပြန်တိုက်ခိုက်ရန် အမိန့်မပေးခဲ့ပေ။ သူက လီယုချွမ်၏အထောက်အထားအား သိသည်၊ ထိုအကောင်က လင်းယုန်ပြာအထူးတပ်ဖွဲ့၏ယခင်ခေါင်းဆောင်ဖြစ်ပြီး အသိအမှတ်ပြုလောက်စရာကျွမ်းကျင်မှုရှိသည်။ သူ့လူများက သူ့ပြိုင်ဘက် လုံးဝမဖြစ်နိုင်ပေ။ သူက စိတ်ရှည်ရမည်ကို သိသည်။ အမရွှယ်၏လုံခြုံရေးအစောင့်များရောက်လာတော့မှ သူက လက်စားပြန်ချေရမည်။

သူ့ပါးအား ပွတ်ရင်း ချန်ကျောက်က ပြုံးဖြဲဖြဲပြုသည်။ သူက ကျင်းရှီအား စိုက်ကြည့်ကာ လက်မထောင်လျက် ချီးကျူးလိုက်၏ “အရင်တုန်းက ငါ့ကို တစ်ယောက်ယောက် ရိုက်ခဲ့တယ်၊ အဲနောက် ငါ သူ့လက်ကို ဖြတ်လိုက်တယ်၊ အခြားတစ်ယောက်က ငါ့ကို ကန်ခဲ့တယ်၊ အဲတာနဲ့ ငါ့လူတွေကို အမိန့်ပေးပြီး သူ့ရဲ့ခြေလက်နှစ်ဖက်စလုံးကို ချိုးခိုင်းလိုက်တယ်။ ဒါ ခြိမ်းခြောက်တာ မဟုတ်ဘူး၊ ငါက မင်းကို အမှန်တရားတစ်ခု ပြောပြနေတာ။ မင်းတို့က ဒီနေရာကို လာပြီး ငါ့ကို ပြဿနာရှာရဲတယ်၊ ဒါကြောင့် မင်းတို့မှာ ကျောထောက်နောက်ခံကောင်းတစ်ခုရှိတယ်လို့ ငါ ယူဆတယ်။ အခု မင်းတို့ဆက်သွယ်လို့ရသမျှလူတိုင်းကို ဆက်သွယ်ဖို့ ငါ မင်းတို့ကို အခွင့်အရေးတစ်ခုပေးမယ်။ ငါကိုယ်တိုင်က အကြံအစည်သမားတစ်ယောက်ဆိုပေမယ့် လက်ရှိမှာ ဒီလိုဂိမ်းတစ်ခုကို မကစားချင်ဘူး၊ ငါ မင်းတို့နဲ့ ပွင့်ပွင့်လင်းလင်းပူးပေါင်းကစားပေးမယ်”

ထန်ရှုက ခဏနှုတ်ဆိတ်သွားပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်သည် “မင်းက ချန်ကောရှင်းရဲ့တူ၊ ဒီတော့ ဒီနေ့ ငါ မင်းကို သင်ခန်းစာတစ်ခုပေးမယ်၊ မင်းက ရန်သူတွေကို ရင်ဆိုင်တဲ့အခါ သူတို့က အားကောင်းတဲ့ဟာဂျီမွန်တွေပဲဖြစ်ဖြစ်ဒါမှမဟုတ်သေးငယ်တဲ့ပုရွက်ဆိတ်လေးတွေပဲဖြစ်ဖြစ်၊ သူတို့ကို အရင်ဆုံးစုံစမ်းစစ်ဆေးလေ့လာရမယ်၊ ဘယ်လိုရန်သူကိုမဆို ဘယ်တော့မှ အထင်မသေးရဘူး။ မင်းရဲ့ရန်သူနဲ့မင်းကိုယ်မင်းသိမှ တိုက်ပွဲတိုင်းကို အောင်နိုင်လိမ့်မယ်။ ဒါပေမယ့် မင်းက သူတို့ကို လျော့တွက်မယ်ဆိုရင် မင်းကိုယ်မင်း တွင်းနက်ထဲကို တွန်းပို့သလို ဖြစ်လာလိမ့်မယ်”

“ဟမ့်၊ မင်း ငါ့ကို တရားဟောစရာမလိုပါဘူး”ချန်ကျောက်က လှောင်ပြောင်လိုက်သည်။

အမျိုးသမီးရွှယ်ဇမ်းမိန်၏ရမ္မက်သွေးကြွစရာနှုတ်ခမ်းများက တွန့်လိမ်သွား၏။ ထန်ရှုက အခန်းထဲသို့ ဝင်လာသည့်အခိုက်တွင် သူမမျက်လုံးများက သူ့ထံတွင်သာ မပြောင်းမရွှေ့ရှိနေခဲ့သည်။ မကြာသေးမီနှစ်များက သူမက သူတို့၏လုံခြုံရေးကုမ္ပဏီအား စီမံခန့်ခွဲရန် သူမအဖေအား ကူညီပေးခဲ့ပြီး လုံခြုံရေးအဖွဲ့ဝင်များနှင့်သာ အချိန်တော်တော်များများ ကုန်ဆုံးခဲ့ရ၏။ ထို့ကြောင့် သူမက အပြင်ဘက်ရှိ သတင်းများအား ကောင်းကောင်းမသိပေ။ ထို့ကြောင့် ဤလူငယ်ဘယ်သူလဲအား သူမက မဝေခွဲနိုင်ပေ။

သို့သော် သူမ၏အကဲဖြတ်စွမ်းရည်ကိုတော့ သူမက အလွန်ယုံကြည်ချက်ရှိသည်။ ထန်ရှုက သူမအား နက်နဲသိမ်မွေ့သောအထင်အမြင်တစ်ခု ပေးသည်။ သူ၏အပြုအမူအပြောအဆိုများမှတစ်ဆင့် မြင့်မားသောနေရာမှတစ်စုံတစ်ယောက်၏အရှိန်အဝါတစ်ခုအား သူမက ခံစားမိ၏။ ထို့ကြောင့် သူမက စိတ်ထဲ၌ သတိမပြတ်ထားထားသည်။

“မဆိုးဘူး”

ထန်ရှုက အသိအမှတ်ပြုရန်ထိုက်တန်သည်ကို တွေ့ရှိပြီးနောက် နောက်ဆုံးတွင် ရွှယ်ဇမ်းမိန်က မှတ်ချက်ချလိုက်သည်။ လက်ရှိတွင် သူတို့က ရန်လိုသောအနေအထားတစ်ခုတွင် ရှိသော်ငြား တန်ဖိုးထားလေးစားမှုအား သူမမျက်လုံးထဲတွင် မြင်နိုင်ပေ၏။

“မင်းက သာမန်မဟုတ်ဘူးပဲ၊ မစ္စတာ။ မင်းနာမည်ကို ငါ သိခွင့်ရှိမလား”

ထန်ရှုက သူမအား တစ်ချက်ကြည့်ကာ စိတ်မဝင်စားစွာ ပြန်ပြော၏ “လောကဝတ်က ဘာလဲဆိုတာ မင်း မသိဘူးလို့တော့ ငါ့ကို မပြောနဲ့။ အခြားသူတွေကို မမေးခင် ဘာလို့ မင်းကိုယ်မင်း အရင် မမိတ်ဆက်တာလဲ”

ရွှယ်ဇမ်းမိန်၏အမူအရာက အနည်းငယ်ပြောင်းလဲသွားသော်ငြား သူမက ပြန်ဖြေ၏ “ငါ့နာမည်က ရွှယ်ဇမ်းမိန်ပါ။ မင်း ငါ့ကို သူဌေးမရွှယ်ဒါမှမဟုတ်မစ္စရွှယ်လို့ ခေါ်ဆိုနိုင်ပါတယ်။ ငါက ဒီလက်ဖက်ရည်ဆိုင်ရဲ့ပိုင်ရှင်ပဲ”

“မင်းက ဒီလက်ဖက်ရည်ဆိုင်ရဲ့ပိုင်ရှင်ဆိုတော့ ဒီနေရာမှာ ဒီကောင်ရဲ့ဆိုးဝါးတဲ့လုပ်ရပ်တွေကို ကူညီပေးနေတာပေါ့” ထန်ရှုက အထင်သေးစွာ ပြောလိုက်သည် “ဒီနေ့ကစပြီး မင်းရဲ့လက်ဖက်ရည်ဆိုင်ကို ပိတ်လို့ရပြီ”

အေးစက်စက်အလင်းတစ်ခုက ရွှယ်ဇမ်းမိန်၏မျက်လုံးများထဲ၌ လက်သွားလျက် သူမက ခပ်ဖျော့ဖျော့ပြောလိုက်သည် “ငါ့ကို ဒီလက်ဖက်ရည်ဆိုင်ကို ပိတ်ခိုင်းဖို့ဆိုတာ ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် မင်းမှာ ငါ ကြောက်ရလောက်မယ့်စွမ်းအား ရှိလို့လား။ မင်းရဲ့အဓိပ္ပါယ်မရှိတဲ့ပြောဆိုချက်တွေလောက်နဲ့ ငါ့ရဲ့လက်ဖက်ရည်ဆိုင်ကို ပိတ်ရမယ်ဆိုရင် ဒါက လူရယ်စရာတစ်ခုမဟုတ်လား”

ထန်ရှုက ချန်ကျောက်အား လက်ညှိုးထိုးကာ မေးလိုက်သည် “မင်းရဲ့စွမ်းအားဒါမှမဟုတ်မင်းနောက်ကစွမ်းအားမှာ ဘယ်တစ်ခုက သူ့ထက် ပိုသန်မာတာလဲ”

စက္ကန့်အနည်းငယ်ကြာ စဉ်းစားပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်သည် “နှစ်ခုကြားမှာ ရွေးချယ်စရာမရှိဘူး”

“ဒါက အတူတူပဲလို့ မင်းပြောတယ်နော်။ ဒါဆို ငါ့အရှေ့မှာ ဒီအကောင် ကျွန်တစ်ယောက်လို ဒူးထောက်တောင်းပန်အောင် လုပ်နိုင်ရင် ငါ့မှာ ဒီလက်ဖက်ရည်ဆိုင်ကို ပိတ်အောင်လုပ်နိုင်တဲ့စွမ်းရည်ရှိတယ်လို့ ပြောနိုင်လား”

“မှန်ပါတယ်”

ရွှယ်ဇမ်းမိန်က ထန်ရှုနှင့် ပတ်သက်ပြီး သိချင်သည်။ ဤလူက ဘာလုပ်နိုင်သည်ကို သူမက တကယ်မြင်ချင်သည်။ ချန်ကျောက်က သူ့ရှေ့မှာ ဒူးထောက်အောင် သူ တကယ်ပဲ လုပ်နိုင်လား။

ထန်ရှုက သူ့ဖုန်းထုတ်ကာ စာရွက်စာတမ်းများမှ ချန်ကောရှင်း၏ဖုန်းနံပါတ်အား ရှာကာ ခေါ်လိုက်သည်။

တောင်ပိုင်းစစ်တန်းလျား။

ချန်ကောရှင်းက မနက်စောစောအိပ်ရာထသည်။ သူက မြင့်မားသောရာထူးတစ်ခု ရှိထားသော်လည်း သူ၏လေ့ကျင့်ခန်းလုပ်သည့်အလေ့အထားအား ထိန်းထားတုန်းပင်၊ ထို့ကြောင့် ယခုထိတိုင် သူက ကောင်းမွန်သောရုပ်ပိုင်းဆိုင်ရာတစ်ခု ရှိနေသေး၏။ သူက ရေတစ်ခွက်သောက်ပြီးချိန်တွင် စားပွဲပေါ်ရှိ သူ့ဖုန်းက မြည်လာ၏။

ထန်အိမ်၏အကူအညီနှင့် သူ့ရန်သူများအား ဖြုတ်ချနိုင်ခဲ့သောကြောင့် လက်ရှိအချိန်တွင် သူက စိတ်ကောင်းဝင်နေ၏။ အားကောင်းသောနောက်ခံတစ်ခုမရှိလျှင် သူ့အနေနှင့် ဒီလိုမြင့်မားသောရာထူးတစ်ခုအား ရရှိရန် အလွန်ခက်ခဲပေလိမ့်မည်။ ထို့ကြောင့် သူက ထန်အိမ်နှင့် ပိုနီးကပ်ရန် လိုအပ်သည်။

ဤသစ်ပင်ကြီးအား ဆက်လက်မှီတွယ်နိုင်ပါက အနာဂတ်တွင် သူ့ပခုံးပေါ်၌ နောက်ထပ်ကြယ်နှစ်ပွင့်ထပ်တိုးရန် အလွန်ဖြစ်နိုင်ပေသည်။

“ဒီအချိန်ကျမှ ဘယ်သူက ခေါ်နေတာလဲ”

ချန်ကောရှင်းက ဖုန်းကိုင်ကာ စခရင်ပေါ်ရှိ ဖုန်းနံပါတ်အား ကြည့်လိုက်သည်။ ရှန်းဟိုင်ဧရိယာမှ ယူဆနိုင်သည့် မရင်းနှီးသောဖုန်းနံပါတ်တစ်ခုဖြစ်၏၊ ထို့ကြောင့် သူက ငြင်းပယ်ရန် တွေးလိုက်သည်။ သို့သော် ရှန်းဟိုင်တွင် ရှိနေသော သူ့တူထံမှ ဖြစ်နိုင်သည်ကို တွေးမိပြီးနောက် သူက တုံ့ဆိုင်းသွားသည်။ နောက်ဆုံးတွင် သူက ဖုန်းကိုင်ကာ ပြောလိုက်၏ “ဘယ်သူပါလဲ”

“ကျုပ်က ထန်အိမ်မှထန်ရှုပါ”သာမန်မျှသောအသံတစ်ခုက ဖုန်းမှ ပြန်ဖြေလာ၏။

ချန်ကောရှင်းက စိတ်ထဲ၌ တုန်လှုပ်သွားပြီး သူ့မျက်လုံးများက အရောင်လက်သွားသည်။ သူက ထန်အိမ်၏အဖွဲ့ဝင်တစ်ယောက်မဟုတ်သော်လည်း ဤမိသားစုနှင့်ပတ်သက်၍ အချက်အလက်အချို့ သိရှိထား၏၊ အထူးသဖြင့် ထန်ရှုနှင့်ပတ်သက်သည့်သတင်းအချက်အလက်ပင်။ ထန်အိမ်၏ခေါင်းဆောင်ဟောင်းထန်ကောရှန်းက ထန်ရှုအား မိသားစု၏ဆက်ခံသူတစ်ယောက်ကဲ့သို့ သတ်မှတ်ထားကြောင်းကို သူ ရှင်းရှင်းလင်းလင်းသိသည်။ သူ့ကိုယ်ပိုင်သားသုံးယောက်ထက်ပင် ဤလူငယ်အား သူက ပိုအလေးအနက်ထား၏။

ဤအချိန်တွင် သူ့အမူအရာက ချက်ချင်း ပြောင်းလဲသွား၏။ အနာဂတ်တွင် ထန်ရှုက ထန်အိမ်၏ခေါင်းဆောင်ဖြစ်လာနိုင်သောကြောင့် သူက အလွန်နှိမ့်ချစွာ ပြန်ပြောသည် “မင်းက ငါ့ကို ဖုန်းခေါ်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး၊ သခင်လေးထန်။ မင်းအတွက် ကျုပ်လုပ်ပေးနိုင်တာ တစ်ခုခုရှိမလား”

“ချန်ကျောက်က ခင်ဗျားရဲ့တူမလား”ထန်ရှုက ပေါ့ပေါ့ပါးပါးနှင့် မေးလိုက်သည် “သူက ပြဿနာအများကြီးရှာခဲ့တယ်၊ အခု သူ့ရှေ့မှာ နည်းလမ်းနှစ်ခုပဲ ရှိတော့တယ်”

ငလျင်တစ်ခုက ချန်ကောရှင်း၏နှလုံးသားထဲ၌ လှုပ်ခတ်သွားပြီး သူက ကမန်းကတန်း ပြန်ပြော၏ “ချန်ကျောက်၊ အဲဒီအကောင်က မင်းကို ရန်စခဲ့တာလား၊ သခင်လေးထန်။ ဒီလိုဆိုရင် စိတ်ချပါ။ မင်းကို တောင်းပန်ဖို့ ကျုပ် သူ့ကို သင်ခန်းစာတစ်ခုပေးလိုက်မယ်”

“ကျုပ်ကို ရန်စတာက အသေးအဖွဲ့ကိစ္စတစ်ခုပါ။ ဒါပေမယ့် ခင်ဗျားရဲ့အခုလိုရိုသေလေးစားတဲ့အပြုအမူကြောင့် ကျုပ် ဒီကိစ္စကို ဒီအတိုင်းထားလိုက်မယ်”ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးသည် “သူရန်စခဲ့တဲ့လူက အစိုးရရဲ့အထူးစွမ်းရည်ဗျူရိုမှတစ်စုံတစ်ယောက်ပဲ။ ဒီလူတွေက ခင်ဗျားအတွက် မစိမ်းဘူးဆိုတာ ကျုပ် သိတယ်”

ဂတ်…

ချန်ကောရှင်းက လေအေးတစ်ချက်ရှိုက်ကာ တုန်လှုပ်စွာ ပြောလိုက်သည် “သခင်လေးထန်၊ အထူးစွမ်းရည်ဗျူရိုနဲ့ ပတ်သက်ပြီး အချက်အလက်အချို့ ကျုပ် သိပါတယ်။ သူတို့က ကြောက်စရာကောင်းတဲ့စွမ်းရည်အသုံးပြုသူတစ်ဖွဲ့ပဲ။ ဒါပေမယ့် ရွေးချယ်မှုနှစ်ခုအကြောင်း မင်း‌ ပြောခဲ့တယ်မလား။ ဘယ်တစ်ခုကများ အဲဒီသုံးစားမရတဲ့အကောင်ရဲ့အသက်ကို ထိန်းထားနိုင်မလဲဆိုတာ ကျုပ် သိလို့ရမလား”

“ပထမတစ်ခုကတော့ အထူးစွမ်းရည်ဗျူရိုရဲ့လူတွေ သူ့ကို စုံစမ်းပြီး သူ့ကို တိတ်တဆိတ် ကွပ်မျက်တာကို ခင်ဗျား‌ စောင့်နေရုံပဲ”ထန်ရှုက ပေါ့ပေါ့ပါးပါးနှင့် ပြောသည် “ဒုတိယတစ်ခုကတော့ သူ့ကို စစ်တပ်တရားရုံးတစ်ခုကို ပို့တာ၊ နိုင်ငံတော်သစ္စာဖောက်မှုနဲ့ သူက သေမိန့်ချခံရဖို့တော့ များတယ်။ သေချာတာကတော့ ကျုပ်လဲ သူ့အသက်ကို ကယ်ပေးနိုင်ပါတယ်၊ ဒါပေမယ့် သူက ကျုပ်ရှေ့မှာ အဆက်မပြတ်ဆဲဆိုနေတယ်၊ သူ့ဉီးလေးက စစ်တပ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်တာကြောင့် သူက မောက်မာပြနေတယ်။ အခု ခင်ဗျား ကျုပ်ကို ပြောကြည့်၊ ဒီလိုအကောင်အတွက် ကျုပ်ရဲ့နည်းလမ်းကို အသုံးပြုဖို့ လိုအပ်လား”

“စစ်တပ်တရားရုံးလား”ချန်ကောရှန်းက ကမန်းကတန်း ပြန်ပြောသည် “သူ ဘာတွေ လုပ်ခဲ့တာလဲ၊ သခင်လေးထန်။ ဒါကို စဉ်းစားကြည့်ရင်…”

All Chapters