သနားငဲ့ညှာပေးရန်အတွက် ဒူးထောက်တောင်းပန်ခြင်း
Vol. 82 Ch. 1140
“စစ်တပ်က လေဂလိုက်ဒါရဲ့သူခိုးကို စုံစမ်းစစ်ဆေးနေတယ်၊ ခင်ဗျားရဲ့အဆင့်အတန်းအရ ဒါနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာသတင်းအချို့ကို ရရှိထားမှာပါ”ထန်ရှုက အေးစက်စွာ ပြော၏ “အဲဒီလေဂလိုက်ဒါကို ခိုးတဲ့သူက လင်းယုန်ပြာအထူးတပ်ဖွဲ့ခေါင်းဆောင်လီယုချွမ်ပဲ။ သူ ဘာလို့ အရဲစွန့်ပြီး အဲဒါကို ခိုးရတယ်ဆိုတာ ခင်ဗျား သိလား”
“ချန်ကျောက်က ကြိုးကိုင်ခဲ့လို့လား”ချန်ကောရှင်းက ထိတ်လန့်တုန်လှုပ်သွားသည်။
“သူက မကြိုးကိုင်ခဲ့ပါဘူး၊ ဒါပေမယ့် အဲလိုလုပ်ဖို့ သူက ဖိအားပေးခဲ့တာလေ”ထန်ရှုက ပြန်ဖြေ၏ “ခင်ဗျားရဲ့ချစ်မြတ်နိုးရတဲ့တူက သူ့ဇနီးနဲ့ကလေးကို ပြန်ပေးဆွဲပြီး ယွမ်နှစ်သန်းနဲ့ သူတို့ကို ပြန်ရွေးခိုင်းခဲ့တယ်လေ။ အထက်ကအဲဒီလူတွေ ဒါကို စုံစမ်းတဲ့အခါ ခင်ဗျားက သူနဲ့ခင်ဗျားရဲ့ဆက်ဆံရေးကို ဖြတ်တောက်ပြီး ပြဿနာကို ဖယ်ရှားနိုင်မယ်လို့ ခင်ဗျား ထင်လား”
ချန်ကျောက်က ဒေါသတကြီး အော်လိုက်သည် “ဒီခွေးမသားက ဘယ်လိုလုပ်ပြီး ဒီလောက် သတ္တိရှိနေရတာလဲ။ သခင်လေးထန်၊ ကျေးဇူးပြုပြီး ဒီပြဿနာကို ဖုံးဖိဖို့ ငါ့ကို နည်းလမ်းတစ်ခုရှာပေးပါ။ အဲဒီခွေးကောင်။ ငါ…ငါ သူ့ကို သင်ခန်းစာကြီးကြီးပေးရမယ်”
“အခုလဲ ဒင်းက ကျုပ်ရှေ့မှာ မောက်မာပြီး ဘဝင်မြင့်နေတယ်လေ။ သူ့ကို ဘယ်လိုပြောမလဲဆိုတာ ခင်ဗျားဟာခင်ဗျားပဲ တွေးတော့”ထန်ရှုက ထပ်ပြောလိုက်၏။
ထိုသို့ပြောပြီးနောက် ထန်ရှုက မသင်္ကာဖြစ်နေသောချန်ကျောက်ထံ ဖုန်းပစ်ပေးကာ စိတ်မဝင်စားစွာ ပြောလိုက်သည် “ငါ့မှာ ရှိတဲ့စွမ်းအားကို မင်း မြင်ချင်တယ်မလား။ မင်း ငါ့ရှေ့မှာ ဒူးထောက်တောင်းပန်အောင် လုပ်ဖို့ ဖုန်းတစ်ချက်ဆက်ဖို့ပဲ လိုတယ်။ ဖုန်းယူလိုက်…။ ငါ ပြောနေတဲ့လူက ဘယ်သူလဲဆိုတာကို မင်း ကြားမယ်ဆိုတာ ငါ သိတယ်”
ချန်ကျောက်လက်များက တုန်ယင်သွားပြီး သူက ဖုန်းကို ဖမ်းလိုက်၏။ ဤကမ္ဘာတွင် သူ့အား ကြောက်ရွံ့အောင် ပြုလုပ်နိုင်သောသူများရှိလျှင် သူ့ဉီးလေးက သေချာပေါက် တစ်ယောက်ဖြစ်သည်။
“အမ်…”
ချန်ကျောက် ပြောရန် ကြိုးစားခဲ့သော်လည်း သူ စပြောပြီးနောက် တားဆီးခံလိုက်ရသည်။
“ဘာအမ်လဲ၊ ခွေးကောင်။ မင်းက ပြဿနာဘယ်လောက်ရှာခဲ့တယ်ဆိုတာ မင်း သိလား။ ထန်အိမ်က ထိပ်တန်းမိသားစုပဲ၊ ငါတောင်မှ နှစ်ဆင့်တက်ချင်ရင် သူတို့ကို မှီခိုရမှာ။ ဒါပေမယ့် မင်းက ထန်အိမ်ရဲ့သခင်လေးထန်ကို တိုက်ခိုက်ရဲတယ်။ မင်းက ဘယ်က သတ္တိတွေ ရနေတာလဲ”ချန်ကောရှင်း၏ဒေါသတကြီးအသံအား ဖုန်းမှ ကြားလိုက်ရ၏။
ထန်အိမ်ရဲ့သခင်လေး၊ ထန်ရှုလား။
ချန်ကျောက်၏မျက်နှာက ချက်ချင်း ပြောင်းလဲသွားသည်။ ထန်ရှုအား ပထမဆုံးအကြိမ်မြင်လိုက်ချိန်တွင် ဘာကြောင့် ရင်းနှီးသလို ခံစားမိသည်ကို သူ အခုမှ သဘောပေါက်လာသည်။ သူက ထန်အိမ်ရဲ့ထန်ရှုကိုး။ ထန်မိသားစုရဲ့အနာဂတ်ခေါင်းဆောင်။ ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုရဲ့ပိုင်ရှင်၊ နတ်ဆေးဆရာထန်အဖြစ် ကျော်ကြားသူပဲ။
ငါတော့ သွားပြီ…
သူက ပျားအုံကို တုတ်နဲ့ ထိုးမိတာပဲ။ သူက မသေရင်တောင် အနည်းဆုံး အရေခွံနွှာခံရတော့မှာ။
သူ့ဉီးလေး၏ဒေါသတကြီးဟိန်းသံအား ဖုန်းမှ ထပ်ကြားလိုက်ရသည်။ “အခု မင်း သခင်လေးထန်ရဲ့ဒေါသကို ပြေပျောက်အောင်လုပ်။ ပြီးရင် မင်းရဲ့သနားစရာကောင်းတဲ့အသက်ကို ကယ်ပေးဖို့ သူ့ကို တောင်းပန်။ ငါက မင်းရဲ့ဖင်ကို မကယ်နိုင်ဘူး၊ မင်းကြောင့် ငါတောင် အမှုပတ်မှာ။ ငါ့ရဲ့စစ်တပ်ယူနီဖောင်းကို ချွတ်ရဖို့ထိတောင် မင်း မျှော်လင့်ထားနိုင်တယ်”
ချန်ကျောက်က ထိတ်လန့်တုန်လှုပ်သွားကာ ချက်ချင်း အလန့်တကြား ပြောလိုက်၏ “ဉီးလေး၊ ငါ…”
“ခွေးကောင်။ မင်းဉီးနှောက်မှာ ချီးတွေ ပြည့်နေတာလား။ ဘာလို့ မင်းက လီယုချွမ်ရဲ့ကလေးနဲ့ဇနီးကို ပြန်ပေးဆွဲခဲ့တာလဲ။ အဲဒီယွမ်နှစ်သန်းကို ရဖို့အတွက် သူ ဘာလုပ်ခဲ့တယ်ဆိုတာ မင်း သိလား။ အဲဒါက မင်းရဲ့ခေါင်းကို အကြိမ်တစ်ရာ ဖြတ်ဖို့ လုံလောက်တယ်။ အခု၊ ငါ ပြောတာ နားထောင်။ ထန်ရှုရဲ့အဆင့်အတန်း ဘယ်လောက်ကြီးသလဲဆိုတာ မင်း စိတ်ကူးလို့ရနိုင်တဲ့အရာမဟုတ်ဘူး။ ငါတောင် မင်းကို မကယ်နိုင်ဘူး၊ လက်ရှိမှာ သူကပဲ မင်းကို ကယ်နိုင်မှာ။ ဒီပြဿနာကို မင်းကိုယ်တိုင် ကောင်းကောင်းကိုင်တွယ်နိုင်ရင် ပိုကောင်းတယ်။ မဟုတ်လို့ကတော့ မင်း ပြန်လာတဲ့အခါကျရင် ငါ မင်းခြေထောက်ကို သေချာပေါက် ချိုးပစ်မယ်”
ဖုန်းချပြီးနောက် ကြောက်ရွံ့လွန်းသဖြင့် ချန်ကျောက်၏စိတ်က ချုံးချုံးကျနေလေသည်။ သူက ထန်ရှုနှင့်လီယုချွမ်တို့အား ကြောက်ရွံ့မှုအပြည့်မျက်လုံးများနှင့် ကြည့်လိုက်၏။
သူ တကယ်ကို သွေးနားထင်ရောက်ခဲ့တာပဲ။ သို့သော် သူက သွေးရူးသွေးတန်းဖြစ်နေသည်ဟု မဆိုလိုပေ။ သေခြင်းတရား၏ခြိမ်းခြောက်မှုကို ရင်ဆိုင်ရချိန်၌ သူက သာမန်လူများထက်တောင် ပိုအားနည်းသည်။ ကပ်ဘေးက ကျရောက်လာပြီကို သူ သဘောပေါက်သည်၊ လက်ရှိတွင် သူ့ရှေ့ရှိထန်ရှုတစ်ယောက်ကသာ သူ့ကို ကယ်နိုင်တော့မည်။
ထန်ရှုရှေ့သို့ ခြေနှစ်လှမ်းတက်ကာ ချန်ကျောက်က ကြမ်းပြင်ပေါ်သို့ ဒူးထောက်ထိုင်ချလိုက်သည်။ စိုးရိမ်မှုများနှင့်အတူ နောင်တတို့အား သူ၏ချောမောခန့်ညားသောမျက်နှာပေါ်တွင် မြင်နိုင်ပေ၏။ သူ့နှုတ်ခမ်းများက တွန့်လိမ်သွားလျက် သူက ပြောလိုက်သည် “သခင်လေးထန်၊ ဒီချန်ကျောက်ရဲ့မျက်လုံးတွေက ကန်းနေလို့ သခင်လေးကို မမှတ်မိခဲ့တာပါ။ ဒါအားလုံးက ငါ့ရဲ့အပြစ်တွေပါပဲ၊ ဒီလိုစက်ဆုပ်စရာကောင်းတဲ့အပြုအမူတွေကို ငါ မလုပ်ခဲ့သင့်ဘူး။ ဒါပေမယ့် မင်းကိုယ်မင်း ငါ့အဆင့်အထိ မနှိမ့်ချပါနဲ့။ မင်း…မင်း ငါ့ကို ရိုက်နှက်လို့ရတယ်၊ ကြိုက်သလို လုပ်လို့ရတယ်၊ ဒါပေမယ့် မင်းရဲ့ဒေါသကို ဖြေဖျောက်ပြီး ငါ့ကို ကူညီပေးပါ”
တစ်ဖက်တွင် ရွှယ်ဇမ်းမိန်က လုံးဝမှင်တက်နေသည်။ ထန်ရှု ဖုန်းပြောကတည်းက သူမက ဆိုးရွားသောခံစားချက်တစ်ခုရနေ၏၊ ယခု ချန်ကျောက်၏အပြုအမူကို မြင်ပြီး သူမနှလုံးသားက လှိုင်းထန်ကာ ကြောက်ရွံ့မှုအပြည့်ဖြစ်လာသည်။
သခင်လေးထန်လား။ သူက ချန်ကောရှင်းမှီခိုနေရတဲ့ပေကျင်းထန်အိမ်ရဲ့သခင်လေးလား။
ထန်မျိုးရိုးတွေကပဲ ချန်ကျောက်လိုကောင်ကို ဒူးထောက်အောင် လုပ်နိုင်မှာပေါ့။
ရွှယ်ဇမ်းမိန်က သူမ၏အမြင်အာရုံအား ချန်ကျောက်၏မျက်နှာမှ ထန်ရှု၏မျက်နှာသို့ ပြောင်းလိုက်သည်။ သူမက တစ်ခုခု ပြောသင့်သည်ဟု ခံစားမိသော်လည်း ဒီမတိုင်ခင်တုန်းက ထန်ရှုအပေါ် သူမ၏သဘောထားအား ပြန်အမှတ်ရမိကာ သူမ၏စကားလုံးများအား ပြန်မျိုချလိုက်ရသည်။
ဘာပြောရမှာလဲ။ ချန်ကျောက်အတွက် တောင်းပန်ပေးရမှာလား။
ရွှယ်ဇမ်းမိန်က သူမ၏ကိုယ်ပိုင်အဆင့်အတန်းအား မသိသူမဟုတ်ပေ။ သူမ၏မိသားစုက ချန်များနှင့် အလွန်နီးကပ်သော်လည်း ထန်အိမ်နှင့် လုံးဝဆက်နွယ်မှုမရှိပေ။ သူမက ဒီလိုမျက်နှာသာပေးဖို့ တောင်းရင် တစ်ဖက်လူက သူမကို ဘယ်လိုတုံ့ပြန်မှာလဲ။
ရုတ်တရက် သူမက ထန်ရှု၏ယခင်တောင်းဆိုချက်အား သတိရကာ ဖြည်းဖြည်းချင်း ပြောလိုက်သည် “မစ္စတာထန်၊ ကျွန်မရဲ့အကြောက်အလန့်ကင်းခဲ့မှုအတွက် တောင်းပန်ပါတယ်။ ဒီနေ့ကစပြီး ကျွန်မရဲ့လက်ဖက်ရည်ဆိုင်ကို ပိတ်လိုက်ပါ့မယ်”
ထန်ရှုက သူမအား စိတ်မဝင်စားစွာ တစ်ချက်ကြည့်ကာ ချက်ချင်း ပြန်ပြောလိုက်သည် “မင်းက သင်ခန်းစာတစ်ခုရခဲ့တယ်လို့ သတ်မှတ်နိုင်တယ်။ နောက်မှ ဆုံးရှုံးမှုကြီးမားတာထက်ဆိုရင် ဆုံးရှုံးမှုအချို့ ခံစားရတာ ပိုကောင်းပါတယ်။ ဒီနေ့ဖြစ်ပျက်ခဲ့တာတစ်ခုကိုမှ ငါ မင်းကို မထုတ်ဖော်စေချင်ဘူး။ ဟုတ်ပြီ၊ မင်း အရင်သွားလို့ရပြီ”
ရွှယ်ဇမ်းမိန်က စိတ်မဆိုးဟု မဆိုလိုပေ။ သူက ချမ်းသာသောမိသားစုမှ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ဤနှစ်များတစ်လျှောက် သူမ၏မိသားစုအား မမှီခိုဘဲ သူမကိုယ်သူမ ရပ်တည်ခဲ့သည်။ တစ်ယောက်ယောက်က သူမအား ခြိမ်းခြောက်သည်မျိုး ဘယ်တော့မှ မရှိခဲ့ပေ။ သို့သော် ထန်ရှု၏စွမ်းအားနှင့်စွမ်းရည်များက သူမတိုက်ခိုက်နိုင်သည့်အရာမဟုတ်မှန်း သဘောပေါက်သည်၊ ထို့ကြောင့် ဒေါသကို ဖိနှိပ်ရင်းသာ သူမက လှည့်ကာ ထွက်ခွာလာသည်။
ထို့နောက် ထန်ရှု၏မျက်လုံးများက ချန်ကျောက်ထံ ပြန်ရောက်သွားပြီးနောက် ပြောလိုက်သည် “ဒီလိုဖြစ်လာမယ်ဆိုတာ သိရင် ဘာလို့ ဒါကို လုပ်ခဲ့တာလဲ။ ငယ်ရွယ်ခြင်းက အားလုံးကောင်းပေမယ့် ဉပဒေကို ချိုးဖောက်ပြီး ပြစ်မှုတွေ ကျူးလွန်တာက မင်းရဲ့မိသားစုကို အရှက်ရစေတယ်။ အခု လီယုချွမ်ရဲ့ဇနီးနဲ့ကလေးကို လွှတ်ပေးလိုက်တော့”
ချန်ကျောက်က ကမန်းကတန်း ခေါင်းညိတ်ပကာ ထိတ်လန့်တုန်လှုပ်နေသောသူ့ကိုယ်ရံတော်လေးယောက်ထံ လှည့်လိုက်၏။ “မင်းတို့ ဘာကြောင်ကြည့်နေတာလဲ။ လီယုချွမ်ရဲ့ဇနီးနဲ့ကလေးကို ဒီနေရာဆီ ချက်ချင်း ခေါ်လာခဲ့စမ်း”
သူတို့ထဲမှ တစ်ယောက်က တုံ့ဆိုင်းတုံ့ဆိုင်းနှင့် ရှုံ့မဲ့ပြုံးလိုက်သည် “ အမျိုးသမီးက အဆင်ပြေပါတယ်…ဒါပေမယ့် သူ့ကလေးက…အမ်၊ သူရဲ့ခြေထောက်နှစ်ဖက်လုံး…ကျိုးသွားပြီ။ ကျုပ်တို့ သူ့ကို ဆေးရုံကို အရင်ပို့သင့်တယ်လို့ မထင်ဘူးလား”
ချန်ကျောက်၏မျက်ခုံးများက ကျုံ့သွားပြီး သူ့နှလုံးသားက ကြောက်ရွံ့မှုတို့ ပြည့်သွားသည်။
“မင်း ဘာပြောတာလဲ”
လီယုချွမ်၏မျက်နှာက မယုံကြည်နိုင်မှုတို့ အပြည့်ဖြစ်နေသည်၊ သူက ထိုကိုယ်ရံတော်ထံ ပြေးသွားကာ သူ့ကော်လံကို ဆွဲလျက် စိုက်ကြည့်လိုက်သည်။
ကိုယ်ရံတော်၏နှုတ်ခမ်းများက တုန်ယင်လျက် ပြောလိုက်သည် “ဒါ ငါတို့ကို အပြစ်တင်လို့မရဘူး။ မင်းက တစ်ယောက်ယောက်ကို အပြစ်တင်ချင်ရင် ဒီလိုအသက်အရွယ်နဲ့ ကြမ်းတမ်းရက်စက်လွန်းတဲ့မင်းရဲ့သားကိုပဲ အပြစ်တင်ရမယ်။ သူ ကန်လိုက်တာကြောင့် သခင်လေးချန်က မိန်းမစိုးဘဝရောက်သွားဖို့ပဲ။ အဲအချိန်တုန်းက ငါ ရှိနေတယ်၊ ဒါကြောင့် ငါ အားလုံး မြင်ခဲ့တယ်။ သခင်လေးချန်က ကြမ်းပြင်ပေါ်မှာ လူးလိမ့်ပြီး အချိန်အတော်ကြာ အော်နေခဲ့ရတယ်”
လီယုချွမ်က ထိုအကောင်အား လွှတ်ကာ ချက်ချင်း ပြန်လှည့်ပြီး ချန်ကျောက်အား စိုက်ကြည့်ရင်း အော်ပြော၏ “ငါ့သားက ရှစ်နှစ်ပဲ ရှိတာ၊သူက လူတွေကို အလွယ်တကူ ဘယ်တော့မှ မရိုက်နှက်ဘူး”
ချန်ကျောက်က ထန်ရှုအား ကြည့်ကာ အားတင်းပြုံးလိုက်သည်။ “မင်းရဲ့သားက အားနည်းသလို ထင်ရပေမယ့် တကယ်တမ်းတော့ သူက အရမ်းကြမ်းတမ်းတာ။ သူ့ကန်ချက်ကြောင့် လဝက်ကျော်လောက် ငါ အမျိုးသမီးတွေကို မထိနိုင်ခဲ့ဘူး။ ကုသဖို့အတွက် ငါ ဆေးရုံကို ချက်ချင်းသွားတာ ကံကောင်းတယ်၊ မဟုတ်လို့ကတော့ ငါ့ဒီတစ်သက် အမျိုးသမီးတွေကို ထိနိုင်တော့မှာမဟုတ်ဘူး”
ထန်ရှုက သူတို့အား လက်ဝှေ့ယမ်းပြကာ ကြားဖြတ်ပြောလိုက်သည် “ဒါတွေ မပြောနေနဲ့တော့၊ သူတို့ကိုပဲ ချက်ချင်းခေါ်လာ။ ငါက ဆေးဆရာတစ်ယောက်ပဲ၊ ကြီးမားတဲ့ပြဿနာမဟုတ်ရင် ငါ သူ့ကို ကုသနိုင်တယ်”
ချန်ကျောက်က ထန်ရှု၏အဆင့်အတန်းအား ရုတ်တရက် သတိရကာ ချက်ချင်းခေါင်းညိတ်လိုက်သည် “ဟုတ်တယ်၊ ဒါ မှန်တယ်။ သခင်လေးထန်က တိုင်းပြည်မှာ အကျော်ကြားဆုံးနတ်ဆေးဆရာတစ်ယောက်ပဲ။ သူ့ရဲ့စွမ်းရည်အရ မင်းသားကို သူ ကုသနိုင်မှာ သေချာတယ်။ ပြီးတော့ မင်းတို့ကောင်တွေ၊ ဘာရပ်လုပ်နေပြန်တာလဲ။ သူတို့ကို ဒီနေရာကို အမြန်ဆုံးခေါ်လာခဲ့’
လျင်မြန်စွာနှင့် လီယုချွမ်၏ဇနီးနှင့်သားတို့အား ရုံးသို့ ခေါ်လာသည်။ သူတို့စုံတွဲတွေ့ချိန်တွင် အမျိုးသမီးက ငိုလိုက်ပြီး လီယုချွမ်ကမူ မျက်ရည်တို့ စိုဆွတ်သော်လည်း မငိုပေ။
ဘမ်း…
ထန်ရှုက စွမ်းဆောင်နိုင်သည်ကို မြင်တွေ့ခဲ့ရုံသာမက သူက တရုတ်ရှိ ကျော်ကြားသောနတ်ဆေးဆရာတစ်ယောက်ဆိုသည်ကို သိလိုက်ရပြီးနောက် လီယုချွမ်က ထန်ရှုအရှေ့၌ ဒူးထောက်ချကာ မျက်ရည်များနှင့် ပြော၏ “မစ္စတာထန်၊ ကျေးဇူးပြုပြီး ငါ့သားကို ကူညီပေးပါ။ သူက အရမ်းငယ်သေးတယ်၊ မသန်မစွမ်းဖြစ်သွားရင် သူ့ဘဝက ပျက်ဆီးသွားလိမ့်မယ်။ ငါ့အသက်က ဘာမှ မထိုက်တန်ပါဘူး၊ ဒါပေမယ့် မင်း သူ့ကို ကုသပေးနိုင်မယ်ဆိုရင် ငါ့အသက်ကို ပေးနိုင်ပါတယ်”
ထန်ရှုက စိတ်ထဲ၌ သက်ပြင်းချလိုက်သည်။ ဤခုနှစ်နှစ်ကျော်ကလေး၏ခြေထောက်များက တကယ်ကို ဒဏ်ရာပြင်းထန်သည်။ သူ့ဒူးများကပင် သွေးတို့ ထွက်နေသည်။ ကမ္ဘာရှိ ထိပ်တန်းဆေးကုသမှုကပင် ပြန်ကောင်းအောင် မလုပ်နိုင်သည်ကို မည်သူမဆို ပြောနိုင်သည်။ ဤကလေးက သူ့တစ်ဘဝလုံး ဝှီးချဲပေါ်တွင် နေရပေမည်။
“မင်း တကယ် အဲလိုစိတ်ဆုံးဖြတ်ထားတာ သေချာလား”ထန်ရှုက မေးလိုက်သည်။
“သေချာပါတယ်”လီယုချွမ်က ပြတ်ပြတ်သားသား ပြော၏။
ထန်ရှုက ခေါင်းညိတ်လိုက်သည် “ရေ၊ ပိတ်နဲ့ ကျောက်ပတ်တီးတို့ကို ချက်ချင်း ပြင်ဆင်ပေးဖို့ ခဏက ဒီနေရာမှာ ရှိခဲ့တဲ့ အမျိုးသမီးကို ပြောလိုက်။ သူမမှာ မရှိရင် အနီးနားက ဆေးရုံမှာ သွားဝယ်ဖို့ ပြော။ ငါ ကုသနေချိန်မှာ မင်းတို့အားလုံး အပြင်မှာ စောင့်နေ”
ခဏကြာပြီးနောက် ရုံးခန်းတွင် ထန်ရှုနှင့်မျက်ရည်ပြည့်လျှံနေသောကောင်လေးသာ ကျန်တော့သည်။ ကောင်လေးက ငိုရန် မကြိုးစားခဲ့ပေ၊ လက်သီးကို တင်းတင်းကျပ်ကျပ်ဆုပ်ထားသည်။ သူ၏စိတ်တန်ခိုးစွမ်းအားက အသိအမှတ်ပြုစရာပင်၊ ဘယ်လောက်ပင် နာကျင်နေသော်ငြား သူ့ပါးစပ်မှ အသံတစ်စက်မှ မထွက်လာပေ။
ထန်ရှုက ချက်ချင်း မကုသဘဲ ဆိုဖာပေါ်တွင် မှီနေသောကောင်လေးအား ကြည့်ကာ မေးလိုက်သည် “အနာဂတ်မှာ မင်းက ဝှီးချဲပေါ်မှာ နေရတော့မယ်ဆိုရင် မင်း စိတ်ပျက်မှာလား”
ကောင်လေး၏နှုတ်ခမ်းများက တွန့်လိမ်သွားသော်ငြား သူက ခေါင်းသာ ခါယမ်းလိုက်သည်။ ထို့နောက် သူက ပြော၏ “သူ့ကို ရိုက်နှက်မယ်ဆိုရင် ငါ ရိုက်နှက်ခံရမယ်ဆိုတာ ငါ သိတယ်။ သူတို့က ငါ့အဖေကို ငါ့အဖေကို ခက်ခဲအောင် လုပ်ချင်ကြတယ်။ သူတို့က သူ့ကို ပစ်မှတ်မထားသရွေ့ ဝှီးချဲပေါ်မှာ နေရမယ်ဆိုလဲ ငါ လက်ခံပါတယ်”
“မင်း တကယ် ဆန္ဓရှိတာလား”ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးလျက် ထပ်မေးလိုက်သည်။
“ငါ မဖြစ်ချင်ပါဘူး၊ ဒါပေမယ့် ငါ လုပ်နိုင်တာလဲ ဘာမှ မရှိဘူးလေ”ကောင်လေးက ခေါင်းခါယမ်းလိုက်သည် “ဉီးလေး၊ အရိုးတွေတောင် ပေါ်တဲ့အထိ ငါ့ခြေထောက်ဒဏ်ရာက ဆိုးရွားတယ်။ အနာဂတ်မှာ ငါ ဘာဖြစ်လာမယ်ဆိုတာ ငါ သိပြီးသားပါ၊ ဒါပေမယ့် ငါ ဝမ်းနည်းတာက…”
‘မင်းက ဘာအတွက် ဝမ်းနည်းရတာလဲ”ထန်ရှုက မေးလိုက်သည်။
“ငါ့အဖေလို သူရဲကောင်းတစ်ယောက်မဖြစ်နိုင်တော့မှာကို ငါ ကြောက်တယ်”ကောင်လေးက ပြန်ဖြေသည်။