← Chapters

အဖေလိုသား

Vol. 82 Ch. 1141

အဖေလိုသား

Vol. 82 Ch. 1141

ထန်ရှုက သူ၏ခေါင်းသေးသေးလေးအား ပုတ်ကာ ပြုံးလျက် ပြောလိုက်သည် “ငါ မင်းကို ကုသပေးနိုင်တယ်၊ မင်းရဲ့အရင်အခြေအနေအတိုင်း ပြန်ဖြစ်လာစေရမယ်။ မစိုးရိမ်ပါနဲ့၊ ကလေး။ အနာဂတ်မှာ မင်းက စွမ်းအင်ပြည့်ဝနေတဲ့လူငယ်တစ်ယောက်ဖြစ်လာမှာပါ”

ကောင်လေး၏မျက်လုံးများက လင်းလက်သွား၏၊ သူက ထန်ရှုအား စက္ကန့်အနည်းငယ်အကြာ လေ့လာပြီးနောက် ပြောလိုက်သည် “ဉီးလေး၊ ငါ့အဖေက ဉီးလေးအတွက် အလုပ်လုပ်မယ်ဆိုရင် နောက်ကျရင် ငါလဲ ဉီးလေးအတွက် အလုပ်လုပ်မယ်”

“အာ၊ ဟားဟားဟား”ထန်ရှုက မရယ်ဘဲ မနေနိုင်ပေ။ “ငါ့အတွက် လုပ်ပေးတာ ဂုဏ်ယူစရာကောင်းတယ်လို့ မင်း ခံစားရတာလား”

“အဖေရဲ့အမြင်ကို ငါ ယုံတယ်၊ ဉီးလေးက အရမ်းအားကောင်းတဲ့လူတစ်ယောက်လို့ ငါလဲ ခံစားရတယ်”ကောင်လေးက ပြော၏ “အခြားသူတွေက ဉီးလေးကို အရမ်းကြောက်တယ်ဆိုတာ ငါ ပြောနိုင်တယ်”

ထန်ရှုက ငိုရမလားရယ်ရမလားမသိတော့ပေ၊ သူက ထပ်မေး၏ “သူတို့က ငါ့ကို အရမ်းကြောက်တယ်လို့ မင်း ပြောတယ်။ မင်း ဘာကို ကြည့်ပြီး ပြောနိုင်တာလဲ”

“ငါ့ကို ခေါ်လာတုန်းက အခန်းထဲမှာ လူငါးယောက်ရှိတယ်”ကောင်လေးက ရှင်းပြ၏ “ဉီးလေးက သူတို့ထဲကတစ်ယောက်ပဲ၊ အခြားတစ်ယောက်က ဉီးလေးနဲ့ အသက်ရွယ်တူလောက်ရှိတယ်။ ဉီးလေးကို ကြည့်တဲ့အချိန်မှာ သူ့မျက်လုံးထဲမှာ တစ်စုံတစ်ခုရှိတယ်၊ သူတို့က ကြောက်စရာကောင်းတဲ့လူတစ်ယောက်နဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ လူတွေက ထုတ်ပြတတ်တဲ့ အရာမျိုးပဲ။ ပြီးတော့ အဖေကလဲ ဉီးလေးကို ကြောက်တယ်၊ တစ်ခါတစ်ရံမှာ သူက တစ်ခုခုကို ပြောချင်ပေမယ့် မပြောခဲ့ဘူး။ အခြားလူနှစ်ယောက်က ဉီးလေးကို ရိုသေလေးစားစွာနဲ့ ကြည့်နေကြတယ်၊ ဒါပေမယ့် ဒီရိုသေလေးစားမှုက ကြေက်ရွံ့မှုကနေ ထွက်ပေါ်လာတာပဲ”

“အတော်လေးကျိုးကြောင်းဆက်စပ်နိုင်ပါလား။ မင်းမှာ ဒီလိုခွဲခြမ်းစိတ်ဖြာနိုင်တဲ့စွမ်းရည်တစ်ခုရှိမယ်လို့ ငါ မထင်ထားခဲ့ဘူး။ “ထန်ရှုက ပြုံးကာ ပြော၏ “ဒါနဲ့ မင်းက ဒါတွေအားလုံးကို လေ့လာအကဲဖြတ်ခဲ့တာလား”

ကောင်လေးက ခေါင်းညိတ်လိုက်သည်။

ထန်ရှုက စိတ်ထဲ၌ အနည်းငယ် တုန်လှုပ်သွား၏။ ကလေးတစ်ယောက်တွင် ယခုလိုထက်မြက်သောအကဲဖြတ်စွမ်းရည်တစ်ခုရှိနိုင်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ လက်ရှိအချိန်တွင် ဤကလေးက အလွန်နာကျင်နေသည်ကို မှတ်ထားရမည်။ သာမန်ကလေးများက နာကျင်မှုကြောင့် အော်ညည်းနေကြပြီး အခန်းထဲရှိ လူတိုင်းအား လေ့လာအကဲဖြတ်ရန်အတွေးများရှိမည်မဟုတ်ပေ။

“မင်း နောက်ထပ်မေးခွန်းတစ်ခုကို ဖြေပေးနိုင်လား”ခဏကြာပြီးနောက် ထန်ရှုက မေးလိုက်သည်။

ကောင်လေးက ထပ်ခေါင်းညိတ်လိုက်သည်။

“မင်းက အခုမှ ရှစ်နှစ်ပဲ ရှိအုံးမှာမလား။ ပြီးတော့ မင်းရဲ့အသက်အရွယ်အရ မင်းက မူလတန်းကျောင်းရဲ့ဒုတိယတန်းလောက် ရှိရမယ်”ထန်ရှုက ပြောလိုက်သည် “မင်းရဲ့ပညာရေးရမှတ်နဲ့ ပတ်သက်ပြီး ငါ့ကို ပြောပြနိုင်မလား”

ဂုဏ်ယူသောအကြည့်တစ်ခုက ကောင်လေး၏မျက်နှာပေါ်တွင် ထွက်ပေါ်လာပြီး သူက ပြန်ဖြေ၏ “ငါက စာမေးပွဲမှာ အမြဲတမ်းနံပါတ်တစ်ပဲ၊ ကျောင်းက လေးတန်းကျောင်းသား၆၈၀ထဲမှာ ပထမပဲ”

“လေးတန်းလား”ထန်ရှုက အံ့အားသင့်သွားသည်။

“ဟုတ်ပါတယ်။ ငါ နှစ်တန်းကျော်ခဲ့တယ်”ကောင်လေးက ပြန်ဖြေ၏။

ထန်ရှုက လက်မထောင်ကာ သူ့အား ချီးကျူးလိုက်သည်။ “မင်းက ဂျီးနီးယပ်တစ်ယောက်ဖြစ်လိမ့်မယ်လို့ ဘယ်တော့မှ မထင်ထားခဲ့ဘူး။ ဒါပေမယ့် အဖေက စွမ်းဆောင်ရည်ရှိတဲ့လူတစ်ယောက်ဖြစ်မှတော့ သားကလဲ ဘယ်ဆိုးမလဲ”

“ဟုတ်တယ်၊ အနာဂတ်မှာ ငါက ဖီးမာရှယ်တစ်ယောက်ဖြစ်ချင်တယ်၊ ဒါကြောင့် ငါ ကြိုးစားရမယ်”ကောင်လေးက ပြောလိုက်သည်။

သူ့အဖြေကြောင့် ထန်ရှုက ငိုရမလားရယ်ရမလား မသိတော့ပေ။ သူက ကောင်လေးအား ပြုံးပြကာ ပြောလိုက်သည် “ယနေ့ခေတ်မှာ ဖီးမာရှယ်လို့ခေါ်တဲ့ရာထူးမရှိတော့ဘူးလေ။ ဒါပေမယ့် ဒါ ကိစ္စမရှိပါဘူး။ အနာဂတ်မှာ မင်းက ငါတို့တိုင်းပြည်မှာ အားအကောင်းဆုံးလူတစ်ယောက်ဖြစ်လာနိုင်မှာပါ”

ဤသည်ကို ကြားပြီးနောက် ကောင်လေး၏အမူအရာက အနည်းငယ် တင်းမာခက်ထန်သွားသည်။

များမကြာမီ ရေနွေးတစ်ဇလုံ၊ သန့်ရှင်းသောပဝါအနည်းငယ်၊ ပိတ်နှင့်ကျောက်ပတ်တီးတို့လိုဆေးပစ္စည်းများက အခန်းထဲသို့ ရောက်လာသည်။ ရွှယ်ဇမ်းမိန်က အပြင်ဘက်မှ တံခါးပိတ်လိုက်ပြီးနောက် ထန်ရှုက သိုလှောင်လက်စွပ်မှ ဓားမြှောင်တစ်လက်ယူထုတ်ကာ ကောင်လေး၏ဘောင်းဘီအား ဆုတ်ဖြဲသည်။ ထို့နောက် သူက ပြောလိုက်၏ “ဒါက အတော်လေးနာလိမ့်မယ်။ မင်း ဒါကို ခံနိုင်လား”

ကောင်လေးက အနည်းငယ်တုန်ယင်သွားပြီးနောက် ပြောလိုက်သည် “ငါ့ကို ပဝါတစ်ထည် ပေးလို့ရမလား၊ ဉီးလေး”

ထန်ရှု၏အမူအရာက ပြောင်းသွားကာ မေးလိုက်၏ “မင်းက ဒါကို မင်းပါးစပ်ထဲ ဆို့ထားချင်တာလား”

“ဟုတ်ပါတယ်”ကောင်လေးက ခေါင်းညိတ်လိုက်သည်။

ထန်ရှုက သူ့အား အဖြူရောင်ပဝါတစ်ထည် ကမ်းပေးလိုက်သည်၊ ကောင်လေးက ပဝါအား ပါးစပ်ထဲ ထည့်၏။ ထန်ရှုက စိတ်ထဲ၌ သူ့အား မချီးကျူးဘဲ မနေနိုင်ပေ။ ထို့နောက် သူက မူလဖရိုဖရဲစွမ်းအားကို အသုံးပြုလျက် ကောင်လေး၏ဒူးခေါင်းပေါ်ရှိ ကျိုးနေသောအရိုးများအား ဆေးကြောသည်၊ ပြီးနောက် ကျိုးနေသောအရိုးများအား သူတို့၏မူလနေရာအတိုင်း ဖြည်းဖြည်းချင်း ပြုပြင်ပေး၏။ ကောင်လေးခံစားနေရသောနာကျင်မှုအား ထန်ရှုက ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်၊ သူ၏သေးသွယ်သောခန္ဓာကိုယ်က တုန်ယင်လျက် ချွေးလုံးများက အဆက်မပြတ် လိမ့်ဆင်းနေ၏။

“နောက်ထပ် ခဏလောက်ပဲ သည်းခံပါ”

ထန်ရှုက သိုလှောင်လက်စွပ်မှ ခန္ဓာကိုယ်သန့်စင်ခြင်းဆေးရည်ယူထုတ်ကာ ဆေးတစ်စက်အား ကောင်လေး၏ဒူးပေါ်သို့ ပွတ်လိမ်းလိုက်သည်။ ကောင်လေးက အော်ညည်းနေရင်း ထန်ရှုက သူ့လက်ဖဝါးဖြင့် ဒူးအား နှိပ်နယ်ပေးလိုက်၏။

အချိန်က တရွေ့ရွေ့နှင့် နာရီဝက်ကြာသွား၏၊ ထန်ရှုက သူ့လက်အား ကောင်လေး၏ဒူးခေါင်းမှ ဖယ်ရှားလိုက်သည်။ ချွေးသံရဲရဲထွက်နေသောကောင်လေးအား ကြည့်ရင်း သူက အတော်လေးအံ့အားသင့်မိသည်။ သူ၏ကုသမှုက ရိုးရှင်းကာ တိုက်ရိုက်ဖြစ်သော်လည်း လူကြီးများပင် နာကျင်မှုအား ရင်ဆိုင်ရန် ခက်ခဲသည်။ သို့သော် ဤကောင်လေးက တည်တည်ငြိမ်ငြိမ်နှင့် ဖြတ်ကျော်နိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

သူ့ရဲ့စိတ်စွမ်းအားက သာမန်အရွယ်ရောက်သူတွေထက် အများကြီး ပိုမြင့်တာပဲ။ သာမန်ကျင့်ကြံသူအချို့တောင် သူ့ထက် စိတ်စွမ်းအား ပိုအားနည်းကြတယ်။ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာက သာမန်ဖြစ်တာ တကယ်ကံမကောင်းတာပဲ၊ မဟုတ်ရင် သူက လေ့ကျင့်ပေးဖို့ထိုက်တန်တဲ့ကျင့်ကြံခြင်းဂျီးနီးယပ်တစ်ယောက်ဖြစ်လာလိ့မ်မယ်။ ဒီလိုဆိုပေမယ့် သူ့ရဲ့အသက်အရွယ်အရ သူ့ကို ကောင်းကောင်းလေ့ကျင့်ပေးရင် သူက အနာဂတ်မှာ ကြီးကျယ်တဲ့အောင်မြင်မှုတွေကို ဖန်တီးနိုင်ဖို့ များတယ်။

အတွေးက ထန်ရှု၏စိတ်ထဲ၌ လက်သွားပြီး သူက ကောင်လေး၏ဒူးအား ကျောက်ပတ်တီးစည်းပေးလိုက်သည်။ ထို့နောက် သူက ပြုံးကာ ပြောလိုက်၏ “ဒီနေ့ကစပြီး နောက်ခုနှစ်ရက်အတွင်း မင်းက ဒီနေရာမှာပဲ နေရမယ်၊ မင်းကို လမ်းလျှောက်ဖို့ ခွင့်မပြုဘူး။ ဒီအချိန်အတွင်း မင်း လိုအပ်တာ လုပ်ခိုင်းဖို့ အခြားသူတွေကို လိုလိမ့်မယ်၊ ဒါပေမယ့် နောက်တစ်ပတ်ကျရင် မင်း အပြည့်အဝပြန်ကောင်းလာမှာပါ”

ကောင်လေး၏ခန္ဓာကိုယ်က တုန်ယင်သွားပြီးနောက် သူက မေးလိုက်သည် “ငါ ခဏလောက် အနားယူလို့ရမလား”

“ဒါပေါ့၊ မင်း ကောင်းကောင်းအိပ်ပါ…”ထန်ရှုက ပြုံးကာ ပြန်ဖြေသည်။

အခန်းအပြင်ဘက်ရှိ စင်္ကြံလမ်းတွင်။

လီယုချွမ်က သူ့ဇနီးကို ပွေ့ဖက်လျက် သူ့မျက်နှာက စိုးရိမ်သောကအပြည့်ဖြစ်နေသည်။ ချန်ကျောက်၏မှတ်ချက်အရ ထန်ရှုက လူငယ်နတ်ဆေးဆရာဝန်ဆိုသည်ကို သိသော်လည်း ထန်ရှုက သူ့သား၏ခြေထောက်အား ကုသနိုင်သလားဆိုသည်ကို သူက အပြည့်အဝမယုံကြည်ရဲပေ။ သူ ကြောက်သည်…ထန်ရှုက သူ့သားအား မကုနိုင်ဘဲ ကောင်လေးက အနာဂတ်တွင် မသန်မစွမ်းဖြစ်သွားမည်ကို သူ ကြောက်သည်။ ထိုသို့သာ ဖြစ်သွားလျှင် နောင်တနှင့်အပြစ်ရှိခြင်းတို့က သူ့လက်ကျန်ဘဝတစ်လျှောက် လိုက်ပါလာပေလိမ့်မည်။

ရုံးခန်းတံခါးပွင့်သွားသောအခါ သူက သူ့ဇနီးအား ချက်ချင်းလွှတ်ပြီး ပြေးကာ မေးလိုက်သည် “ဘယ်လိုလဲ၊ မစ္စတာထန်”

“မင်းရဲ့သားကို နောက်ခုနှစ်ရက်အထိ လမ်းလျှောက်ခွင့်မပြုနဲ့”ထန်ရှုက ပြုံးကာ ပြန်ဖြေသည်။ “အာ၊ မေ့လိုက်တော့။ မင်းက လုပ်စရာတစ်ခုရှိသေးတယ်လေ။ ချန်ကျောက်၊ မင်းရဲ့အပြစ်ကို ပြန်ဆပ်ဖို့အတွက် ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်။ မင်း ဒီကလေးကို ဂရုစိုက်စောင့်ကြည့်ရမယ်၊ သူ လိုအပ်သမျှ အရာအားလုံးကို ထောက်ပံ့ပေးရမယ်။ မင်း ဒါကို လုပ်နိုင်ရင် မင်းရဲ့ပြဿနာကို ငါ စဉ်းစားပေးမယ်၊ မဟုတ်လို့ကတော့ မင်းရဲ့အသက်နဲ့ ပြန်ပေးဆပ်ရမယ်”

“ငါ မင်းပြောတဲ့အတိုင်း လုပ်ပါ့မယ်၊ သခင်လေးထန်”ချန်ကျောက်က ကမန်းကတန်း ပြန်ဖြေသည် “ငါ သူ့ကို သေချာဂရုစိုက်ပါ့မယ်”

ထန်ရှုက ခေါင်းညိတ်တုံ့ပြန်ပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်သည် “လီယုချွမ်၊ မင်းက မင်းရဲ့ဇနီးနဲ့ကလေးနဲ့ အတူရှိချင်တယ်ဆိုတာ ငါ သိတယ်၊ ဒါကြောင့် ငါ မင်းကို အချိန်နာရီဝက်ပေးမယ်။ ပြီးရင် မင်းရဲ့ပြဿနာကို ဖြေရှင်းဖို့ မင်း ငါနဲ့အတူ လိုက်လာရမယ်”

“ကျေးဇူးတင်ပါတယ်၊ မစ္စတာထန်…”လီယုချွမ်က ပြန်ဖြေသည်။

“ဒါ မလိုအပ်ဘူး”ထန်ရှုက ခေါင်းခါယမ်းကာ ပြောလိုက်သည် “မင်း အရင်က ဘာကတိပေးခဲ့တယ်ဆိုတာကို မမေ့ဘူးမလား”

လီယုချွမ်က ခဏမှင်တက်သွားပြီးနောက် သူက ချက်ချင်း ခေါင်းညိတ်ကာ အလေးအနက်ထားလျက် ပြန်ဖြေသည် “ငါ ဒါကို မမေ့ပါဘူး”

လက်ဖက်ရည်ဆိုင်၏ခန်းမထဲတွင်။

မျက်နှာပေါ်တွင် သိလိုသောအကြည့်တစ်ခုနှင့် ဝံပုလွေခေါင်းက ထန်ရှုအရှေ့တွင် ရပ်ကာ မေးလိုက်သည် “တကယ်ပဲ လီယုချွမ်ကို မင်းရဲ့နောက်လိုက်အဖြစ် ခေါ်ထားချင်တာလား၊ ဂိုဏ်းချုပ်။ သူ ဒါကို လုပ်ခဲ့တာ သူ့မိသားစုအတွက်ပဲဆိုတာ မင်းလဲ သိပါတယ်၊ ဒါကြောင့်…”

ထန်ရှုက သူ့အား တားကာ ပြောလိုက်၏ “စစ်တပ်က သူ့ကို မစွန့်ပစ်ခဲ့ရင် သူက ဒီလိုအရာတစ်ခုကို ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး။ ဒါဆို ငါ မင်းကို မေးပါရစေ။ သူ့နေရာမှာ မင်းဆိုရင်ရော မင်း ဘာလုပ်မှာလဲ”

ဝံပုလွေခေါင်းက ခဏစဉ်းစားပြီးနောက် ခါးသီးစွာ ပြောလိုက်သည် “ငါလဲ သူ့လို လုပ်မှာပဲလို့ ငါ ထင်တယ်”

“ဒါ မှန်တယ်”ထန်ရှုက ခေါင်းညိတ်ကာ ပြောလိုက်သည် “အရာအားလုံးမှာ ဘက်နှစ်ဖက်ရှိတယ်။ အနေအထားက မင်းရဲ့ထိန်းချုပ်မှုအောက်မှာဆိုရင် မင်းက ဇာတ်ကောင်အနေနဲ့ ပါဝင်နိုင်တယ်။ သူက သူ့ဇနီးနဲ့သူ့သားအတွက် စွန့်စားနိုင်တယ်။ သူတို့အတွက် သူ့အသက်ပေးရမှာကို မကြောက်ဘူး၊ သူက သေရမှာ မကြောက်ဘူးလို့ ဆိုလိုတယ်။ အနာဂတ်မှာ သူက ငါတို့ရဲ့ညီအကိုဖြစ်လာရင် ငါတို့က သူ့ကို အနီးကပ်ဆုံးညီအကိုအဖြစ် ဆက်ဆံသရွေ့ သူက ငါတို့ကို သူ့မိသားစုဝင်တွေအဖြစ် ဆက်ဆံမှာပဲ။ အရိုးသားဆုံးပြောရရင် ငါက ဒီလိုလူမျိုးကို တန်ဖိုးထားတယ်၊ ဒါ့အပြင် သူက တိုင်းပြည်အတွက် အသက်ပေးရဲတဲ့ မီးပင်လယ်ကို ဖြတ်ကျော်ဖို့ ဆန္ဒရှိတဲ့ စစ်သားတစ်ယောက်လဲ ဟုတ်တယ်”

ဝံပုလွေခေါင်းက ခေါင်းညိတ်ကာ ပြန်ပြော၏ “တိုင်းပြည်နဲ့ ပြည်သူပြည်သားတွေကို သစ္စာရှိဖို့က စစ်သားတိုင်းအတွက် မရှိမဖြစ်လိုအပ်ချက်ပဲ။ ဒါပေမယ့် ငါတို့က စစ်တပ်ထဲက ထွက်လာပြီးပြီ၊ ငါတို့ရဲ့သစ္စာရှိမှုကို ဂိုဏ်းချုပ်ကိုပဲ ပေးထားတယ်”

“တကယ်တော့ ငါလဲ ဒီတိုင်းပြည်ကို သစ္စာရှိပါတယ်”ထန်ရှုက အနည်းငယ်ပြုံးလျက် ပြန်ပြော၏။ ရုတ်တရက် သူ့အမူအရာက ပြောင်းလဲသွားပြီး ပြုံးကာ ပြောလိုက်၏ “ကြည့်ရတာ ငါ့အမိန့်ကို ရပြီးနောက် ကျင်းရှီက မရပ်မနားဘဲ လာခဲ့တာ ထင်တယ်။ သူက အခု အပြင်မှာ ရောက်နေပြီ။ သူ့ကို ဒီခေါ်လာခဲ့”

မိနစ်အနည်းငယ်ကြာပြီးနောက် ဝံပုလွေခေါင်းက ကျင်းရှီအား ခန်းမသို့ ခေါ်လာသည်။ ထန်ရှုအရှေ့တွင် ရပ်ပြီးနောက် ကျင်းရှီက ရိုသေလေးစားစွာ မေးလိုက်သည် “ငါ့ကို ညွှန်ကြားစရာတစ်ခုခုများ ရှိလို့လား၊ ဂိုဏ်းချုပ်”

ထန်ရှုက ခေါင်းညိတ်ပြလိုက်ပြီး လက်ဝှေ့ယမ်းကာ သူ့အား ထိုင်ခိုင်းလိုက်သည်။ “ဝံပုလွေခေါင်းက ငါ့ကို အိုင်ဒီယာတစ်ခုပေးတယ်၊ ဒါက ကောင်းမွန်တဲ့အိုင်ဒီယာတစ်ခုလို့ ငါ ထင်တယ်။ ငါ မင်းနဲ့ ဒါကို ဆွေးနွေးချင်တာကြောင့် မင်းကို ခေါ်လိုက်ရတာပဲ”

ကျင်းရှီက ဝံပုလွေခေါင်းအား တစ်ချက်ကြည့်ပြီးနောက် ရိုသေလေးစားစွာ ပြောလိုက်သည် “မင်းပေးတဲ့အမိန့်မှန်သမျှကို ငါ အလေးအနက်ထားထမ်းဆောင်ပါ့မယ်၊ ဂိုဏ်းချုပ်”

“ကျင်းရှီ၊ မဆွေးနွေးခင် ငါ မင်းကို အရင်မေးစရာ မေးခွန်းတစ်ခုရှိတယ်။ မင်းထက်အရင် အားဝူနဲ့ကျန်လူတွေ ထန်ဂိုဏ်းရဲ့အကြီးအကဲတွေ ဖြစ်လာတဲ့အပေါ် မင်း ဘယ်လိုမြင်လဲ”

ကျင်းရှီက ခဏနှုတ်ဆိတ်သွားပြီးနောက် အားတင်းပြုံးကာ ပြောလိုက်သည် “အပွင့်လင်းဆုံးပြောရရင် အဲဒါနဲ့ ပတ်သက်ပြီး ငါ အလွန်မလိုလားဘူး။ ဒါပေမယ့် ဂိုဏ်းချုပ်ကိုယ်တိုင်က စည်းမျဉ်းသတ်မှတ်ထားတာပဲလေ၊ အဲတုန်းက ငါက ရွှေအမြုတေအဆင့်ကို မရောက်သေးဘူးဆိုတာက ငါ့ရဲ့အားထုတ်မှုက မလုံလောက်ဘူးဆိုတာ သက်သေပြတာပဲ။ ဒါကြောင့ ငါ ဂိုဏ်းရဲ့အကြီးအကဲမဖြစ်လာနိုင်ဘူးပေါ့”

“မင်းမှာ ဒီလိုနားလည်မှုရှိတဲ့အတွက် ငါ ဝမ်းသာတယ်”ထန်ရှုက ခေါင်းညိတ်ကာ ဆက်ပြော၏ “ဒီတော့ ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်။ နှစ်နှစ်အတွင်း မင်းက ကမ္ဘာရဲ့ထောင့်တိုင်းကို လွှမ်းခြုံတဲ့ သတင်းအချက်အလက်ကွန်ရက်တစ်ခုကို တည်ဆောက်နိုင်မယ်ဆိုရင် ငါ မင်းကို ထန်ဂိုဏ်းရဲ့နောက်ဆုံးအကြီးအကဲအဖြစ် ခန့်အပ်မယ်”

ကျင်းရှီ၏မျက်လုံးများက လင်းလက်သွားပြီး သူက နက်ရှိုင်းသောအသံနှင့် ပြန်ဖြေသည် “ငါ သေချာပေါက် အကောင်းဆုံးလုပ်ပါ့မယ်၊ ဂိုဏ်းချုပ်”

“နောက်ခေါင်းစဉ်ကို သွားကြတာပေါ့။ ငါ မင်းကို ပြောမှာက ဂိုဏ်းရဲ့အပြင်တပည့်တိုးချဲ့ဖို့အကြောင်းပဲ”ထန်ရှုက ပြောလိုက်သည်။

“မင်းက ဂိုဏ်းရဲ့အပြင်တပည့်အရေအတွက်ကို တိုးချဲ့ချင်တာလား၊ ဂိုဏ်းချုပ်”ကျင်းရှီက သိလိုသောအမူအရာနှင့် အတည်ပြုရန် မေးလိုက်သည်။

“ဟုတ်တယ်”ထန်ရှုက ခေါင်းညိတ်ကာ ပြောလိုက်၏ “ဒါ့အပြင် ဒီအပြင်တပည့်တွေက အရမ်းပြောင်မြောက်တဲ့ကျင့်ကြံခြင်းရှိဖို့မလိုဘူး၊ ဒါပေမယ့် ဂိုဏ်းအတွက် အရမ်းအကျိုးရှိတဲ့ ဧရာမအကူအညီကို သူတို့က ထောက်ပံ့ပေးနိုင်ရမယ်”

ကျင်းရှီ၏အမူအရာက ပြောင်းလဲသွားသည်။ ထန်ရှုက စီးကရက်တစ်လိပ်ယူထုတ်သည်ကို မြင်ပြီးနောက် သူက ကမန်းကတန်း မီးညှိပေးကာ မေးလိုက်သည် “အသေးစိတ်ပြောပြနိုင်မလား၊ ဂိုဏ်းချုပ်”

All Chapters