← Chapters

မင်းအသက်ကို ထိန်းသိမ်းခြင်း

Vol. 82 Ch. 1142

မင်းအသက်ကို ထိန်းသိမ်းခြင်း

Vol. 82 Ch. 1142

“ငါတို့ရဲ့သတင်းအချက်အလက်ကွန်ရက်ကို တည်ဆောက်ဖို့ ငါတို့က လူတွေရဲ့နှလုံးသားကို ဝယ်ဖို့ လိုအပ်တယ်”ထန်ရှု၏မျက်လုံးများက လက်သွားကာ ရှင်းပြလိုက်၏ “ပိုက်ဆံက သာမန်လူတွေအတွက် အလုပ်လုပ်နိုင်ပေမယ့် စွမ်းအားနဲ့ကြွယ်ဝမှုတွေရှိတဲ့လူတွေအတွက်ကတော့ ငါတို့က ငွေလုံးငွေရင်းတွေ ပိုထောက်ပံ့ဖို့ လိုအပ်တယ်။ ဒါက ငါတို့ရဲ့သတင်းအချက်အလက်ကွန်ရက်ကို တည်ဆောက်နေတဲ့အချိန်မှာ မင်း ရင်ဆိုင်နေရတဲ့ အတားအဆီးဆိုတာ အတိအကျပဲမလား”

“ဂိုဏ်းချုပ်ပြောတာ အတိအကျပဲ”ဤသည်ကို ကြားပြီးနောက် ကျင်းရှီက ပြန်ဖြေသည် “ဒါက ကျုပ်အကူအညီမဲ့နေတဲ့အချက်ပဲ။ လူမှုအဖွဲ့အစည်းရဲ့အောက်ခြေအဆင့်ကနေ ထောက်လှမ်းရေးတွေ ရွေးချယ်တဲ့အခါ ပိုလွယ်ကူပေမယ့် အဆင့်မြင့်အသိုင်းအဝိုင်းကလူတွေမှာတော့ အနည်းငယ်ပြဿနာများတယ်”

“ဉပမာအနေနဲ့က”ထန်ရှုက မေးလိုက်သည်။

“ကုမ္ပဏီအသေးစားတစ်ခုရဲ့သူဌေးတစ်ယောက်လိုပေါ့”ကျင်းရှီက စတင်ရှင်းပြ၏ “သူ့မှာ ပိုင်ဆိုင်မှုအားဖြင့် သန်းအနည်းငယ်ပဲရှိတယ်၊။ သူက သာမန်ချမ်းသာတဲ့စီးပွားရေးသမားတစ်ယောက်ဖြစ်ပေမယ့် ငါတို့က သူ့ကို ငါတို့အပေါ် သစ္စာခံစေချင်တယ်ဆိုရင် အမြောက်အများပေးဖို့လိုအပ်တယ်။ ဂိုဏ်းက ငါ့ကို ယွမ်တစ်ဘီလီယံပေးခဲ့ပေမယ့် ဒါက အဲဒီလိုလူဆယ့်နှစ်ယောက်ကို သိမ်းသွင်းဖို့အတွက်ပဲ လုံလောက်တယ်၊ ငါက တစ်ရာကို ယွမ်သန်းတစ်ရာလောက် အသုံးပြုရမှာဆိုတော့လေ။ ဒီအတိုင်းသာ ဆက်သွားရင် ယွမ်တစ်ဘီလီယံအသာထား၊ ယွမ်တစ်ရာဘီလီယံကတောင် လုံလောက်မှာမဟုတ်ဘူး”

“ဒါ့အပြင် ဒါက သာမန်လောက်ပဲချမ်းသာတဲ့စီးပွားရေးသမားတွေအတွက်ပဲ။ အမှန်တကယ်ချမ်းသာတဲ့လူတွေက ပိုက်ဆံကို တစ်ချက်တောင် ကြည့်မှာ မဟုတ်ဘူးလို့ ငါ သံသယရှိတယ်၊ စွမ်းအားရှိတဲ့လူတွေကတော့ သူတို့မှာ ငွေလုံးငွေရင်းရနိုင်တဲ့အဆက်အသွယ်တွေအများကြီးရှိတာကြောင့် ပိုတောင် အထင်အမြင်သေးကြမှာ”

ထန်ရှုက ခေါင်းညိတ်တုံ့ပြန်ကာ ပြောလိုက်သည် “ကောင်းပြီလေ၊ ဒီအတွက် ငါ မင်းကို တချို့တလေဖြေရှင်းပေးမယ်။ အခုကစပြီး စီရင်စုတစ်ခုစီက သတင်းအချက်အလက်ကွန်ရက်ခေါင်းဆောင်ကို ရွေးချယ်ဖို့ ငါ မင်းကို ကူညီပေးမယ်။ ရွေးချယ်ပြီးတာနဲ့ သူတို့က မင်းရဲ့နောက်လိုက်တွေ ဖြစ်လာလိမ့်မယ်၊ ပြီးရင် မင်းကိုယ်တိုင် စီရင်စုရဲ့ဌာနခွဲခေါင်းဆောင်ကို ရွေးရမယ်။ ဒါပေမယ့် မင်းက သူတို့နှစ်ယောက်ကြားအဆက်အသွယ်နဲ့ချိတ်ဆက်မှုတွေကို သီးခြားဖို့လိုတယ်၊ တစ်ချိန်တည်းမှာ သူတို့ဆီက သတင်းအချက်အလက်တွေ စုဆောင်းရမယ်”

“ဒါဆို ဂိုဏ်းချုပ်ကိုယ်တိုင် သတင်းအချက်အလက်ကွန်ရက်တည်ဆောက်တဲ့အခါမှာ ပါဝင်မယ်ဆိုရင် ငါတို့အတွက် အများကြီးပိုလွယ်ကူလိမ့်မယ်”ကျင်းရှီက ပျော်ရွှင်အံ့အားသင့်သွားသည်။

“အစကတော့ ငါ အချိန်အနည်းလောက် အနားယူချင်တာ”ထန်ရှုက‌ ခေါင်းခါယမ်းလိုက်သည် “ဒါပေမယ့် ပြည်မက အနေအထားကို ငါ ကူညီဖြေရှင်းပေးမယ်ဆိုပေမယ့် ပြည်ပမှာတော့ မင်းကိုယ်တိုင်ပဲ သတင်းကွန်ရက်ကို တည်ဆောက်ရမယ်။ နောက်ခြောက်လအတွင်း တရုတ်ကို ငါတို့ရဲ့လုပ်ငန်းစဉ်စင်တာအဖြစ် အပြီးအစီးလုပ်ဖို့ ငါ မျှော်လင့်တယ်၊ ဒီနေရာက ကွန်ရက်တည်ဆောက်ပြီးရင် ပြည်ပမှာ စတင်တိုးချဲ့ရမယ်”

“ငါ သိပါပြီ…”

သူတို့၏ဆွေးနွေးမှုက လျင်မြန်စွာနှင့် နှစ်နာရီကုန်သွား၏။ ထန်ရှုက ကျင်းရှီနှင့်ဝံပုလွေခေါင်းတို့နှင့်အတူ ခန်းမမှ ထွက်လာ၏၊ လီယုချွမ်က အပြင်ဘက်တွင် စောင့်နေပြီး ရွှယ်ဇမ်းမိန်က သူနှင့်အတူ ရှိနေသည်။

“မင်းက တုန်ရှန်စီရင်စုက ရွှယ်အိမ်ကမလား”ထန်ရှုက ရွှယ်ဇမ်းမိန်အား ကြည့်ကာ အေးစက်စွာ မေးလိုက်သည်။

“ဟုတ်ပါတယ်။ ရွှယ်ကွမ်ကျုံးက ငါ့အဖေပါ”ရွှယ်ဇမ်းမိန်က ခေါင်းညိတ်လိုက်သည်။

“ရွှယ်ကွမ်ကျုံးလား။ သူက တုန်ရှန်စီရင်စုရွှယ်တွေရဲ့ခေါင်းဆောင်မလား”ထန်ရှုက ဆိုလိုက်သည် “ဟီးဟီး…ရွှယ်တွေက ငါ့တံခါးဆီ သူတို့ကိုယ်သူတို့ ပိုလိုက်တာပဲ၊ ဒါကြောင့် ရွှယ်တွေကနေ အရင်စကြတာပေါ့။ ရွှယ်ဇမ်းမိန်၊ မင်းအဖေနဲ့ တွေ့ဖို့ ငါ့ကို ခေါ်သွားပေး။ သူ့ရဲ့အချိန်ဇယားမှာရှိသမျှ အရာအားလုံးကို ရပ်ထားပြီး ငါ့ကို ရွှယ်မိသားစုအိမ်တော်မှာ စောင့်နေခိုင်းပါ”

ရွှယ်ဇမ်းမိန်၏အမူအရာက ပြောင်းလဲသွားကာ ကမန်းကတန်း ပြောလိုက်သည် “သခင်လေးထန်၊ အရင်ကိစ္စတွေက ကျွန်မအမှားပါ၊ ဒါပေမယ့် ကျေးဇူးပြုပြီး ကျွန်မရဲ့လစ်လျူရှုမှုကို ခွင့်လွှတ်ပေးပါ။ ကျွန်မက ရှင့်ကို ဆန့်ကျင်ခဲ့တာကို သူ သိရင် အဖေက ကျွန်မကို သေချာပေါက်သတ်လိမ့်မယ်”

“ဒီလိုအသေးအဖွဲ့ကိစ္စတစ်ခုအတွက်လောက်နဲ့ ပြဿနာရှာဖို့ ငါ မင်းအဖေကို ရှာနေတာ မဟုတ်ဘူး”ထန်ရှုက စိတ်မဝင်စားစွာ ပြောလိုက်သည် “ငါ သူနဲ့ အရေးကြီးကိစ္စအချို့ သီးသန့်ဆွေးနွေးစရာရှိတယ်လို့ မင်းအဖေကို အသိပေးလိုက်ပါ။ ရွှယ်တွေမှာရှိတဲ့အလျှို့ဝှက်ဆုံးနေရာကို ရွေးဖို့ သူ့ကို ပြော။ ပြီးတော့ ငါတို့ရဲ့တွေ့ဆုံမှုနဲ့ပတ်သက်ပြီး ဘယ်သူ့ကိုမှ မသိစေချင်ဘူး”

ရွှယ်ဇမ်းမိန်၏အမူအရာက ပြောင်းလဲသွားကာ သူမက ချက်ချင်း ခေါင်းညိတ်လိုက်၏ “ဒါဆို ငါ သူ့ကို အခုချက်ချင်း အကြောင်းကြားလိုက်ပါ့မယ်”

“ထန်ရှုက ခဏစဉ်းစားပြီးနောက် လက်ဝှေ့ယမ်းပြလိုက်သည် “ထားလိုက်တော့။ မင်းပဲ အဲကို အရင်သွားလိုက်။ ဒါနဲ့ပတ်သက်ပြီး မင်းအဖေကို လူကိုယ်တိုင်ပြောပါ။ ငါတို့ကြားတွေ့ဆုံမှုကို ရွှယ်တွေရဲ့ပင်မအဖွဲ့ဝင်တွေကတောင် သိဖို့မလိုဘူးလို့ သူ့ကို‌ ပြော။ ဒီကိစ္စကို ငါတို့သုံးယောက်ပဲ သိရမယ်”

“နားလည်ပါပြီ…”ရွှယ်ဇမ်းမိန်က ခေါင်းညိတ်ကာ လျင်မြန်စွာ ထွက်ခွာသွားသည်။

လီယုချွမ်ထံ ပြောင်းကြည့်လျက် ထန်ရှုက ပြောလိုက်၏ “ရေလက်ဝါးပြာစံအိမ်ကို သွားကြစို့”

****

ရေလက်ဝါးပြာစံအိမ်တွင်။

လက်ရှိတွင် ဤနေရာအား အထူးစွမ်းရည်ဗျူရိုက သိမ်းပိုက်ထားပြီး သွမ်မုလင်ကိုယ်တိုင် ဤစစ်ဆင်ရေးအား ဉီးဆောင်ကာ လီယုချွမ်၏သတင်းအား စောင့်မျှော်နေသည်။

“မင်းတို့ ဘာတစ်ခုမှ မတွေ့သေးဘူးလား”သွမ်မုလင်က ရေမိန်းကလေးထံ လေးလံသောအသံနှင့်‌ မေးလိုက်သည်။

“မတွေ့ဘူး။ ငါတို့ ဘာမှ မတွေ့သေးဘူး၊ ခေါင်းဆောင်”ရေမိန်းကလေးက ခါးသီးစွာ ပြောလိုက်သည် “လီယုချွမ်က ပျောက်သွားပုံရတယ်။ ငါတို့က သတင်းအချက်အလက်ကွန်ရက်ကလူတိုင်းကို အသိပေးထားပြီးပြီ၊ ဒါပေမယ့် သူ့ရဲ့ဆံပင်တစ်မွေးတောင် ရှာမတွေ့သေးဘူး”

ဆိုဖာပေါ်မှ ထလျက် သွမ်မုလင်က ထပ်ပြောမည့်ဆဲဆဲတွင် စားပွဲပေါ်ရှိ သူ့ဖုန်းက ရုတ်တရက် မြည်လာသည်။ သူ့အမူအရာက ပြောင်းလဲသွားကာ ဖုန်းကိုင်လိုက်၏။ ထို့နောက် သူက နက်ရှိုင်းသောအသံနှင့်‌ မေးလိုက်သည် “ဘာတဲ့လဲ”

“မစ္စတာထန်က ရေလက်ဝါးပြာစံအိမ်ကို ပြန်ရောက်လာပြီ၊ ခေါင်းဆောင်။ ပြီးတော့ သူ…သူနဲ့အတူ ငါတို့အလိုရှိနေတဲ့လီယုချွမ်ကိုလဲ ခေါ်လာတယ်”နက်ရှိုင်းသောအသံတစ်ခုက ဖုန်းမှ ပြန်ဖြေ၏။

ထန်ရှုက လီယုချွမ်နဲ့အတူရှိတာလား။

သွမ်မုလင်က မျက်မှောင်ကြုတ်မိသွားသည်။ ထို့နောက် သူက ဖုန်းချကာ အပြင်ဘက်သို့ လျှောက်သွား၏။ များမကြာမီ ကားပါကင်တွင် ထန်ရှုနှင့်လီယုချွမ်တို့အား သူ မြင်လိုက်ရ၏။

“ဒီနေရာမှာ ဘာဖြစ်နေတာလဲ၊ ထန်ရှု”သွမ်မုလင်က ရှေ့တိုးကာ လီယုချွမ်အား အေးစက်စွာ တစ်ချက်စိုက်ကြည့်ပြီးနောက်‌ မေးလိုက်သည်။

“ဒီကိစ္စကနေ ဘေးဖယ်နေဖို့က ကျုပ်ရဲ့ရည်ရွယ်ချက်ပဲ၊ ဒါပေမယ့် ကျုပ်က သူနဲ့ ပက်ပင်းဆုံမိခဲ့တယ်လေ”ထန်ရှုက ရှုံ့မဲ့ပြုံးလျက် ပြောလိုက်သည် “သူက လေဂလိုက်ဒါကို ခိုးသွားတဲ့ လီယုချွမ်ဆိုတာပဲ။ ဒီနေရာက ကိစ္စတွေ ပေါ်သွားတာနဲ့ သူက ချက်ချင်းပြေးသွားလိ့မ်မယ်လို့ ကျုပ် မမျှော်လင့်ထားခဲ့ဘူး။ ဒါ့အပြင် သူက အသက်ရှင်နေသေးပြီး ပိုင်ဆိုင်မှုအချို့ခိုးဖို့အတွက် ရှန်းဟိုင်က ကျုပ်ရဲ့ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုရဲ့ဆိုင်ခွဲတစ်ခုထဲကို ခိုးဝင်လာတယ်။ ဒါကြောင့် ငါ့လူတွေက သူ့ကို နေရာမှာတင် ဖမ်းမိခဲ့တာပဲ”

သွမ်မုလင်က ဘာမှ မပြောဘဲ ခေါင်းညိတ်တုံ့ပြန်လိုက်သည်။ ထို့နောက် သူက လီယုချွမ်အား ကြည့်ကာ နက်ရှိုင်းသောအသံနှင့် မေးလိုက်သည် “လေဂလိုက်ဒါရဲ့အချက်အလက်တွေနဲ့ ပတ်သက်ပြီး လေလံစီစဉ်သူအပြင် မင်း အခြားတစ်ယောက်ယောက်ကို ပြောခဲ့သေးလား”

“သူက လွဲပြီး အခြားဘယ်သူ့ကိုမှ ငါ မပြောခဲ့ဘူး”လီယုချွမ်က ခေါင်းခါယမ်းကာ ပြောလိုက်သည် “ပြီးတော့ လေလံပွဲစီစဉ်သူဆီ ငါ ပေးခဲ့တဲ့အချက်အလက်က အပြည့်အစုံမဟုတ်ဘူး။ ၎င်းရဲ့အရေးကြီးတဲ့လုပ်ဆောင်ချက်တော်တော်များများကို ငါ ချန်ထားခဲ့တယ်”

“မင်းက ဘာလို့ အဲဒါကို ခိုးရတာလဲ”သွမ်မုလင်က နက်ရှိုင်းသောအသံနှင့် မေးလိုက်သည်။ “ဒီလေဂလိုက်ဒါက ငါတို့တိုင်းပြည်ရဲ့လျှို့ဝှက်ချက်ဆိုတာ မင်းလဲ သိတာပဲမလား”

“ငါ ပိုက်ဆံ အရေးတကြီး လိုအပ်လို့ပါ”လီယုချွမ်က ခါးသီးစွာ ပြောလိုက်သည်။

သူ ပိုက်ဆံလိုတာလား၊ တကယ်လား။

အတွေးမရေမတွက်များစွာက သွမ်မုလင်၏စိတ်ထဲ၌ ထွက်ပေါ်လာသည်။ အကြောင်းပြချက်က ဒီလောက်ရိုးရှင်းမည်ဟု တကယ် မထင်ထားခဲ့ပေ။ သူက ပိုက်ဆံလိုအပ်တာကြောင့်နဲ့ စစ်တပ်ကနေ ခိုးရဲတာလား။ ဒီလိုပြစ်မှုအတွက် စစ်တရားရုံးသို့ ပို့ကာ သေမိန့်ချခံရမည်ကို သိထားရပေမည်။

သွမ်မုလင်က သူ့အကြည့်အား ထန်ရှုထံ ပြောင်းကာ အားတင်းပြုံးလိုက်သည် “ငှက်တွေက အစာအတွက် သေရတယ်၊ လူတွေက ချမ်းသာကြွယ်ဝမှုအတွက် သေရတယ်လို့ ဘာကြောင့် လူတွေ ပြောခဲ့သလဲဆိုတာ ငါ နားလည်သွားပြီ။ တိုင်းပြည်အတွက် အန္တရာယ်မစ်ရှင်များစွာကို ထမ်းဆောင်ပေးခဲ့တဲ့ လင်းယုန်ပြာအထူးတပ်ဖွဲ့ရဲ့ယခင်ခေါင်းဆောင်က ပိုက်ဆံအတွက် ဒီလိုရူးသွပ်သွားခဲ့တာပဲ”

“သူ့အခြေအနေနဲ့ပတ်သက်ပြီး ဒီကိစ္စကို ရှင်းရှင်းလင်းလင်းစုံစမ်းသင့်တယ်လို့ ကျုပ်ထင်တယ်”ထန်ရှုက ပြောလိုက်သည် “အဲဒီလိုအပယ်ခံရပြီးနောက် လူမှုအဖွဲ့အစည်းထဲမှာ ရှင်သန်ရပ်တည်ဖို့က မလွယ်ဘူးလေ။ စစ်တပ်ထဲက ပလ္လင်လုပြိုင်ပွဲတွေက သူ့စိတ်ကို ပြောင်းလဲစေခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်တယ်”

“ဒီလိုလူတွေက သေဖို့ ထိုက်တန်တယ်”သွမ်မုလင်က အေးစက်စွာ ပြောလိုက်သည်။

“ကောင်းပြီ၊ သူက လေဂလိုက်ဒါနဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှ မပြောခဲ့မှတော့ ဒီကိစ္စက ပြီးသွားပြီလို့ ကျုပ် ထင်တယ်၊ စီနီယာသွမ်မုလင်”ထန်ရှုက ပြုံးကာ ပြောလိုက်သည် “ခင်ဗျား ဒီကောင်ကို ကျုပ်ဆီ ပေးလိုက်ပါ၊ ကျုပ် သူ့ကို ဒုတိယမျိုးဆက်လေဂလိုက်ဒါရဲ့စမ်းသပ်သူလုပ်ခိုင်းမလို့”

“မင်းက သူ့ကို လေဂလိုက်ဒါအတွက် စမ်းသပ်သူတစ်ယောက်ဖြစ်စေချင်တာလား”သွမ်မုလင်က ထူးဆန်းသောလေသံနှင့်် ပြောလိုက်သည် “ထန်ရှု၊ ဒီလိုစမ်းသပ်သူတစ်ယောက်ကို ရှာဖို့က မင်းအတွက် လွယ်တာပဲမလား။ သူက ဉပဒေကို ချိုးဖောက်ခဲ့တယ်၊ သူက သေမိန့်ကနေ မလွတ်နိုင်ဘူး”

“အဲလိုမဟုတ်ဘူး”ထန်ရှုက ခေါင်းခါယမ်းလိုက်သည် “လေဂလိုက်ဒါရဲ့လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ခင်ဗျားက ကောင်းကောင်းသိမယ်ဆိုတာ ကျုပ် သေချာတယ်၊ စီနီယာသွမ်မုလင်။ သုတေသနလုပ်တဲ့အချိန်မှာ‌ ပြောင်းလဲပြုပြင်မှုတွေ လုပ်ဖို့အတွက် ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုက စမ်းသပ်သူအချို့ လိုအပ်တယ်၊ ပြောင်းလဲပြုပြင်မှုလုပ်ငန်းစဉ်မှာ အလွန်အမင်းဆိုးဝါးတဲ့အန္တရာယ်တွေကို မျှော်လင့်ထားနိုင်တယ်။ ပထမမျိုးဆက်လေဂလိုက်ဒါကို စမ်းသပ်တဲ့အချိန်မှာ လူနှစ်ရောကျော်သေသွားတယ်ဆိုတာ ခင်ဗျားကို ကျုပ် ပြောပြနိုင်တယ်”

“မင်း ဘာပြောတာ”ထန်ရှုပြောခဲ့သည်အား နောက်ဆုံးတွင် သဘောပေါက်သွားပြီး မုန်တိုင်းတစ်ခုက သူ့နှလုံးသား၌ စတင်လာသည်။ ပထမမျိုးဆက်လေဂလိုက်ဒါကို စမ်းသပ်ဖို့အတွက် ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုက ဒီလောက်များတဲ့အသက်တွေကို အသုံးပြုခဲ့မယ်လို့ သူ ဘယ်လိုလုပ် တွေးထားနိုင်မှာလဲ။

ဒါက…တကယ်ကို လူမဆန်တာပဲ။ သူတို့က…ဘယ်လိုလုပ်ပြီး ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုက ဒီလို လုပ်ရဲ…

တစ်ချက်ကြည့်လိုက်ရုံနှင့် တုန်လှုပ်မှုနှင့်ဒေါသတို့က သွမ်မုလင်၏မျက်နှာပေါ်တွင် သိသိသာသာပေါ်နေသည်ကို ထန်ရှုက မြင်နိုင်သည်၊ ထို့ကြောင့် သူက ဆက်ပြောလိုက်၏ “ရလဒ်အချို့အတွက် တန်ဖိုးတစ်ခု ပေးဖို့ လိုမှာပဲလေ။ ခင်ဗျား ဒေါသထွက်ဖို့ လိုမယ်လို့ ကျုပ် မထင်ဘူး၊ ကျုပ်ကုမ္ပဏီက သုတေသနပြုသူတွေနဲ့သိပ္ပံပညာရှင်တွေက လူ့အသက်ကို တန်ဖိုးမထားဘူးလို့တော့ မတွေးလိုက်ပါနဲ့။ ဒါ့အပြင် ကျုပ်တို့က ဘာဉပဒေမှ မချိုးဖောက်ခဲ့ဘူးဆိုတာ ကျုပ် ပြောနိုင်တယ်၊ ကျုပ်ကုမ္ပဏီအသုံးပြုခဲ့တဲ့ စမ်းသပ်သူတွေအားလုံးက ပြည်ပအကျဉ်းထောင်တွေက‌နေ တိတ်တဆိတ် ဝယ်ထားတဲ့ သေမိန့်ချခံထားရသူအပြစ်သားတွေပဲ။ ဒီသေမိန့်ချခံထားရသူတွေကို ဝယ်တဲ့အတွက် ကျုပ်တို့က တရုတ်နိုင်ငံရဲ့ဉပဒေကို ချိုးဖောက်ခဲ့တယ်လို့ ခင်ဗျား ထင်လား”

သူ၏ထုတ်ပြောမှုက သွမ်မုလင်အား မှင်တက်သွားစေသည်။ ထိုသေမိန့်ချခံထားသူများအား ပြည်တွင်းအကျဉ်းထောင်များမှ ဝယ်ခဲ့သည်ဆိုလျှင် သူက သူက သေချာပေါက် ဒေါသထွက်ရပေလိမ့်မည်၊ သို့သော် သူတို့က အခြားတိုင်းပြည်များမှ ဝယ်ခဲ့သည့်အတွက် သူက ဘာမှ လုပ်မရပေ။

ထို့ပြင် အထူးစွမ်းရည်ဗျူရိုမှညွှန်ကြားရေးမှူးတစ်ယောက်အနေနှင့် သူက ဘယ်သောအခါမှ နူးညံ့ကြင်နာတတ်သူတစ်ယောက်မဟုတ်ခဲ့ပေ၊ ထို့ကြောင့် သူ့စိတ်ထဲရှိ ဒေါသက ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

All Chapters