← Chapters

ပြိုင်ဘက်ကင်းပါရမီရှင်အသစ်

Vol. 4 Ch. 56

ပြိုင်ဘက်ကင်းပါရမီရှင်အသစ်

Vol. 4 Ch. 56

" နဲ့မင်တောင် ရှုံးသွားတယ်လား လုံးဝ လက်သင့်မခံ နိုင်စရာပဲ ..."

" ဒီလီဖူချန်းက ထိပ်ဆုံး၅၀၀ တပည့်စာရင်းမှာ  အနည်းဆုံးတော့ အဆင့်၂၀၀ အတွင်း ဝင်နိုင်တယ်ကွ"

" ဒါပေါ့ … ရေထဲမှာ တိုက်ခိုက်တာက နဲ့မင်ရဲ့ အားသားချက် ဖြစ်ပေမဲ့ လီဖူချန်းရဲ့ ဓားသိုင်းကို ဒီကောင်လုံးဝ မယှဉ်နိုင်ခဲ့ဘူးလေ။ ဒီလီဖူချန်းရဲ့ ဓားသိုင်းက ငါတို့ ထင်ထားတာ ထက်တောင် အပုံကြီး သာနေပြီ"

ဘေးက ကြည့်ရှုနေကျတဲ့ တပည့်တွေက တိုက်ပွဲ အကြောင်းကို စတင်ပြီး ဝေဖန် နေကျပါတယ်။

" လီဖူချန်း ... ငါ့ကိုလည်း မင်းနဲ့ လက်ရည် စမ်းခွင့်ပြုပါဦး"

ရေကန်နဲ့ သိပ်မဝေးတဲ့ လူအုပ်ထဲကနေ အရိပ်တစ်ခုက လီဖူချန်းဆီ မြားတစ်စင်း ပစ်လိုက်သလို ခုန်ဝင်လာပြီး အပေါ်ကနေမိုးပြီး ဓားနဲ့ ခုတ်ချလိုက်တယ်။

ဒီဓားချက်ကြောင့် လေထုထဲမှာ နဂါး အော်သံကဲ့သို့ အသံတွေ ထွက်ပေါ်လာပါတယ်။ ရှင်းရှင်း ပြောရမယ် ဆိုရင် ဒီဓားချက်က ကောင်းကင်ကြီးကိုတောင် နှစ်ပိုင်း ဖြတ်တော့မယ့် ဟန်ပင်။

ဒါက အဝါရောင် ထိပ်တန်း ဓားသိုင်းဖြစ်တဲ့ နဂါးငိုသံ ဓားသိုင်း ဖြစ်ပါတယ်။

" အခုလာတဲ့ ကောင်က ဖန်လီဟိုင်ရဲ့ လက်ရွေးစင် ခုနစ်ယောက်ထဲက နံပါတ်၃ ဖြစ်တဲ့ မိုင်ယုလုံ ဟ။ ဒီကောင်က ထိပ်ဆုံး တပည့်၅၀၀ စာရင်းမှာ အဆင့် ၁၉၈  တောင်ရှိတယ်။ လူအုပ်ထဲက တပည့် တစ်ယောက်က အသစ်ရောက်လာတဲ့ လူရဲ့အကြောင်းကို ရှင်းပြလိုက်တယ်။

" မင်းလာတဲ့ နေရာကို ပြန်သွားစမ်း"

လီဖူချန်းက သူ့ကို ခုတ်ပိုင်းလာတဲ့ ဓားချက်ကို ချက်ချင်း ပြန်ပက် လိုက်တယ်။

ခန္ဓာကိုယ် ပြင်ပအား ၅၀၀၀ ကီလိုဂရမ် အားကို ထုတ်သုံးထားတာ ဖြစ်တဲ့အတွက် မိုင်ယုလုံက ဘာမှမတတ်နိုင်ပဲ နောက်ပြန် ဆုတ်လိုက်ရတယ်။

"ဒီဓားချက်က သံလိုက်လို တွန်းကန်အားတွေ ပါတယ်ဟ။ ဘယ်လောက် ထူးဆန်းတဲ့ ဓားသိုင်းလဲ"

ဘေးနားမှာ ရပ်ကြည့်နေကျတဲ့ တပည့်အများစုက လီဖူချန်းကို ချီးကျူး ထောပနာ ပြုလိုက်ကျတယ်။

" မင်းက ငါ့ကို ပြန်တိုက်ရဲတယ် ပေါ့လေ"

မိုင်ယုလုံရဲ့ မျက်နှာက မည်းနက် သွားတယ်။ သူ့ရဲ့ ပြိုင်ဖက်က သူ့ဓားချက်ကို အကောင်းဆုံး ခုခံသွားတာလေ။

ဒီမြန်လည်းမမြန် နှေးလည်းမနှေးတဲ့ လီဖူချန်းရဲ့ ဓားကွက်က သူ့ဓားကွက်ရဲ့ အားအနည်းဆုံး နေရာကို ဝင်လာပြီး တိုက်ခိုက်လိုက်တာ ဖြစ်တယ်။ မဟုတ်ရင် သူဒီလို ရုပ်ပျက်ဆင်းပျက် အနောက်ကို ဆုတ်လိုက်ရမှာ မဟုတ်ပါဘူး။

သူ့ရဲ့ ခြေထောက်တွေကို ကန်ရေပြင်ပေါ်မှာ သေသေချာချာ နေရာ ချထားပြီးတဲ့ နောက်မှာတော့ မိုင်ယုလုံက ခန္ဓာကိုယ်ကို ၄၅ဒီဂရီ ကိုင်းလိုက်ပြီး ထူးဆန်းတဲ့ ကိုယ်ဟန် အနေထားနဲ့ လီဖူချန်းဆီ ပြေးဝင်သွားခဲ့တယ်။ လီဖူချန်းနဲ့ နီးကပ်လာတဲ့ အချိန်မှာတော့ သူ့ရဲ့ ဓားတစ်ခုလုံးက တုန်ခါလာပြီး ဓားရိပ် ၃ခု ဖြစ်လာပါတယ်။

ဒီဓားရိပ်သုံးခုက လီဖူချန်းကို လှောင်အိမ်ထဲ ထည့်ပိတ်ထားလိုက်တဲ့ အတိုင်း ထိန်းချုပ် ထားပါတယ်။

ဒီဓားကွက်က နဂါးငိုသံ ဓားသိုင်းရဲ့ ဒုတိယ အကွက်ဖြစ်တဲ့ "နဂါးသုံးကောင် တူပျော်ပျော်'' ဓားကွက်ပါ။

"ဒီအကြို ပြီးပြည့်စုံခြင်း အဆင့် ဓားသိုင်းလောက်နဲ့ ငါ့ကို ထိန်းထားနိုင်မယ် ထင်နေတယ် ပေါ့လေ။ မင်းငါ့ကို အရမ်းထင်သေးရာ ရောက်သွားပြီပဲ"

လီဖူချန်းက ပြောပြီးတာနဲ့ သူရဲ့ဓားကို တစ်ချက် လှုပ်လိုက်လေသည်။

" ထန်"

လီဖူချန်းရဲ့ ဓားချက်က ဓားရိပ်သုံးခုထဲက အစစ်ကို ရွေးချယ် တိုက်ခိုက် လိုက်ပြီးနောက် လီဖူချန်းကို လွှမ်းခြုံထားတဲ့ ဓားရိပ်တွေက ပျောက်ချင်းမလှပျောက်သွားလေတော့သည်။

" ဒီတစ်ခါတော့ ငါ့ကိုတိုက်ခွင့်ပြုပါဦး"

လီဖူချန်း ခြေလှမ်းကျဲကျဲ တစ်လှမ်း လှမ်းလိုက်ပြီး မုယုံလောင်ကို တိုက်ခိုက်လိုက်ပါတယ်။

"အစွန်းရောက်ဓားသိုင်း ..."

ရိုးရှင်းပြီး ရည်ရွယ်ချက် တစ်ခုတည်းရှိတဲ့ ဓားကွက်က အင်အားအပြည့်နဲ မုယုံလောင်ဆီကို တိုးဝင်လာပါတယ်။

လီဖူချန်းရဲ့ ခန္ဓာကိုယ်အပြင်အား ၅၀၀၀ ကီလိုဂရမ် အားကလည်း ဓားချက်ကို ကျားကို အတောင်ပံ တပ်ပေး လိုက်သလိုပါပဲ။ မုယုံလောင်က လီဖူချန်းရဲ့ တန်ပြန်ဓားကွက်က ဒီလောက် အားပါပြီး မြန်ဆန် လိမ့်မယ်လို့ မထင်ထားပါဘူး။ သူက ဒီဓားကွက်ကို ရှောင်တိမ်းဖို့ အချိန် မမီတော့ပါဘူး။

ခုခံမယ် ဆိုရင်လည်း ဓားကွက်ရဲ့ အရှိန်က အရမ်းရနေပြီ ဖြစ်တဲ့အတွက် သူရှုံးဖို့  အခွင့်အရေး ပေးလိုက် ရနိုင်ပါတယ်။

" ရိုင်းလိုက်တဲ့ စောက်ကလေး ... နောက်ပြန်ဆုတ်စမ်း"

လီဖူချန်းရဲ့ ဓားက မိုင်ယုလုံကို ထိခါနီး ဆဲဆဲမှာပဲ လူရိပ် တစ်ရိပ်က မိုင်ယုလုံရဲ့ အရှေ့မှာ ပေါ်လာပြီး လီဖူချန်းရဲ့ ဓားကွက်ကို သူ့လက်ထဲက ဓားနဲ့ ပြန်တိုက် လိုက်တယ်။

ရေကန်တစ်ခုလုံး ပေါက်ကွဲသံတွေနဲ့ ဆူညံသွားပြီး ကန်ထဲက ရေတွေဟာလည်း အတွင်းအား အစွမ်းတွေကြောင့် ရေပေါ် မြှောက်တက် လာကျတယ်။ ပြန်ကျလာတဲ့ ရေစက် ရေပေါက်တွေရဲ့ ကာဆီး ထားမှုကြောင့် ကန်ရေပြင်ပေါ်မှာ တိုက်ခိုက်နေတဲ့ လူတွေကိုတောင် သဲသဲကွဲကွဲ မမြင်ရတော့ပါဘူး။

အခြေအနေတွေ ပြန်တည်ငြိမ်သွားတဲ့ အခါမှာတော့ သူ့ရဲ့ဓားချက်ကို ခုခံလိုက်တဲ့သူက အရပ်ရှည်ရှည် ရုပ်ချောချောနဲ့ လူငယ် တစ်ယောက် ဖြစ်နေတာကို လီဖူချန်းက တွေ့လိုက်ရပါတယ်။

သူ့ရဲ့ အရှိန်အဝါတွေက အရမ်းကို တော်ဝင် ဆန်နေပြီး တစ်လောကလုံးက သူ့လက်အောက်မှာ ရှိနေသကဲ့သို့ ဘဝင်မြင့်နေတဲ့ အရိပ်အယောင် တွေလည်း ပေါ်နေပါတယ်။

" အဲတာ ဖန်လီဟိုင်ပဲဟ"

ဘေးက ပွဲကြည့် ပရိသတ်တွေက ပါးစပ် အဟောင်းသား ဖြစ်နေကျသည်။ ဖန်လီဟိုင်က အပြင်စည်း ဂိုဏ်းရဲ့ ပြိုင်ဘက်ကင်း ပါရမီရှင် ၁၀ ယောက်ထဲက တစ်ယောက်လေ။ ပြီးတော့ သူက ထိပ်ဆုံး၅၀၀ စာရင်းမှာလည်း အဆင့်၁၂ ဖြစ်တယ်။ သူက ကြယ်လေးပွင့် အထူး အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားပြီး ရှန်ဟိုင်းမြို့စားရဲ့ သားတော်လည်း ဖြစ်ပါတယ်။

သူက မိုးပြာရာင် ဂိုဏ်းကို ဝင်လာကတည်းက အားလုံးရဲ့ ပစားပေးခြင်းကို ခံလာရတာ ဖြစ်တယ်။ သူရဲ့ ဂုဏ်အဆင့်အတန်းက   ဂိုဏ်းတော်ရဲ့ အတွင်းစည်း အကြီးအကဲတွေရဲ့ သားသမီးတွေနဲ့ တောင် ယှဉ်နိုင်သူလည်း ဖြစ်တယ်။

" လီဖူချန်းက ဘယ်လောက်တောင် ထူးချွန်သလဲတော့ မသိဘူးဟေ့။  သူက နဲ့မင်ကို အနိုင်ယူရုံတောင် မကဘူး။ မိုင်ယုလုံကိုလည်း အသာစီး တိုက်နိုင်တယ်ကွ။ အခုလည်း ဖန်လီဟိုင်နဲ့ တွေ့နေပြန်ပြီ"

" ဖန်လီဟိုင်က အစောတုန်းက အားကုန် မထုတ်ထားလို့ပါကွာ။ မဟုတ်လို့ကတော့ လီဖူချန်းက ဘယ်ခံနိုင်မှာလဲ"

" မှန်တယ်။ ဖန်လီဟိုင်က အပြင်စည်း ဂိုဏ်းရဲ့အဆင့်၁၂  ဆိုတော့ လီဖူချန်းက ဘယ်လိုမှ ယှဉ်နိုင်စရာ အကြောင်းမရှိဘူး။ အဆင့်၁၂ နဲ့ အဆင့်၁၀၀ ကျော်ဆိုတာ နည်းတဲ့ ကွာဟချက်မှ မဟုတ်တာ"

အပြင်စည်း ထိပ်ဆုံး၅၀၀ စာရင်းမှာ အဆင့်၁ ကနေ ၁၀၀ အတွင်း ဝင်တဲ့လူတွေနဲ့ အဆင့်၁၀၁ ကနေ ၅၀၀ အတွင်း ဝင်တဲ့လူတွေရဲ့ စွမ်းရည်ကိုက အတော်ကလေး ကွာခြားကျပါတယ်။

အဆင့် ၁၀၀ အတွင်းက တပည့်တွေက ဂိုဏ်းတော်ရဲ့ ထိပ်တန်း တပည့်တွေလို့ကို ဆိုနိုင်ပါတယ်။ ဒီအဆင့်၁၀၀ အတွင်းက တပည့်တွေဟာ လူသားနယ်ပယ် အဆင့်၉ရဲ့ အထွတ်အထိပ်ကို ရောက်ပြီး နေကျသူတွေပဲ ဖြစ်ပါတယ်။

သူတို့ရဲ့ အခြေခံ ဒါမှမဟုတ် တိုက်ခိုက် နိုင်စွမ်းတွေကလည်း တခြားတပည့်တွေ ထက်ကို အတော်လေး သာလွန်နေပါပြီ။ အဲလို တပည့်တွေထဲမှာ အဆင့် ၁၂  ချိတ်တယ်ဆိုတဲ့ အဓိပ္ပာယ်က ဒီတပည့်က တခြားတပည့်တွေနဲ့ မတူညီတဲ့ အဆင့်အတန်း တစ်ခုမှာ ရောက်နေပြီလို့ ပြောတာနဲ့ အတူတူပါပဲ။ သူတို့ကို လူသားနယ်ပယ် အဆင့်မှာ ဘုရင်တွေလို့ သတ်မှတ် ထားနိုင်ပါတယ်။

ဒါပေမဲ့လည်း ဖန်လီဟိုင်က အားကုန်ထုတ်ပြီး တိုက်ခိုက်သည် ဖြစ်စေ၊ မတိုက်ခိုက်သည် ဖြစ်စေ အပြင်စည်း တပည့်တွေကတော့ လီဖူချန်းကို အသစ် ပေါ်ပေါက်လာတဲ့ ပြိုင်ဖက်ကင်း ပါရမီရှင် တစ်ယောက်အဖြစ် သတ်မှတ် ထားခဲ့ပါပြီ။ တစ်ချိန်ချိန်မှာတော့ ပြိုင်ဖက်ကင်း ပါရမီရှင် ၁၀ ယောက်ထဲက တစ်ယောက်ကတော့ နေရာ ဖယ်ပေး ရတော့မှာပါ။

ဖန်လီဟိုင်က ကန်ရေပြင်ပေါ်မှာ ကောင်းကောင်း ခြေကုတ် ယူပြီးတဲ့ နောက်မှာတော့ လီဖူချန်းကို လှမ်းပြောလိုက်ပါတယ်။

" မဆိုးဘူးပဲ ။ မင်းက ငါ့အား ၃၀ ရာခိုင်နှုန်း ထည့်ထားတဲ့ ဓားချက်ကိုတောင် ခုခံ နိုင်တာပဲ"

လီဖူချန်းက ခံစားမှု ကင်းမဲ့သော လေသံဖြင့်

" မင်းလည်း မဆိုးဘူး"

" ခိ ခိ "

ဖန်လီဟိုင်က လီဖူချန်းကို လှောင်ပြောင် လိုက်တယ်။

" မင်းက တကယ်ကြီး မင်းကိုယ်မင်း အထင်ကြီးနေတာပဲ။ ဒါမှမဟုတ် မင်းဦးနှောက်တွေက အလုပ် မလုပ်တော့ တာလား။ ငါဆိုတဲ့ ဖန်လီဟိုင်က မင်းနဲ့ အဆင့်အတန်း မတူတဲ့လူကွ။ မင်းလိုကောင် ၁၀ ယောက် ပေါင်းရင်တောင် တစ်ချက်စာပဲ ရှိတယ်ဆိုတာ မင်းမှတ်ထားစမ်း"

လီဖူချန်းက အမှုမထားဟန်ဖြင့် ရယ်မော လိုက်ပြီး

" မင်းက တကယ် တော်ပါတယ်။ ဒါပေမဲ့ ငါနဲ့ မတိုက်ရသေးပဲနဲ့ မင်းကိုယ်မင်း နိုင်မယ်လို့ သတ်မှတ် မထားနဲ့ဦးလေ ။ မင်းကိုယ်မင်း အရမ်း အထင်ကြီးတာ လေးလည်း လျော့ပါဦး"

" ဟုတ်ပါပြီကွာ ... ဖန်လီဟိုင်က မဲ့ပြုံးတစ်ချက် ပြုံးလိုက်ပြီးနောက် မျက်လုံးတွေက ရက်စက်တော့မည့် ပုံဖြင့် လီဖူချန်းကို ကြည့်လိုက်လေသည်။

“ ဖန်လီဟိုင် ... ဒီကောင်လေးက မင်းနဲ့လက်ရည် မညီပါဘူးကွာ။ သူ့ကို ခွင့်လွှတ် ပေးလိုက်ပါ။ ဒီကောင်လေးက အခုမှ ကလေးပဲ ရှိပါသေးတယ်"

ဖန်လီဟိုင်နဲ့ လီဖူချန်းတို့ တိုက်ခိုက်တော့မည့် ဆဲဆဲမှာ အစောပိုင်းတုန်းက လီဖူချန်းကို ကြည့်ပြီး ကောက်ချက် ချနေတဲ့ ဖြောင့်မတ်ပုံရတဲ့ တပည့်တစ်ဦးက ကြားဝင် လာခဲ့တယ်။

ဖန်လီဟိုင်က ခေါင်းကို စောင်းငဲ့ပြီး လှည့်ကြည့် လိုက်ပြီးနောက်

လွန်စွာ စိတ်တိုနေသော အသံဖြင့်

" ဂေါင်ချန်းရှန် ... မင်းက ဒီကိစ္စထဲ ဝင်စွက်ဖက် ချင်တာလား"

ဂေါင်ချန်းရှန်ကလည်း အပြင်စည်းဂိုဏ်းရဲ့ ပြိုက်ဘက်ကင်း ပါရမီရှင် ၁၀ ယောက်ထဲက တစ်ယောက်ပါပဲ။ ဒါပေမဲ့သူက တရားမျှတမှုကို လိုလားတဲ့ သူတစ်ယောက် ဖြစ်ပါတယ်။

ဒီလိုဝါစဉ်ကြီး တပည့်တစ်ယောက်က အားနည်းတဲ့ တပည့်သစ်လေး တစ်ယောက် အနိုင်ကျင့်တာ မျိုးကိုတော့ သူကလုံးဝ လက်မခံပါဘူး။

" ဝင်စွက်ဖက်ချင်လို့ ဒီလို ပြောတာပေါ့ကွ" ဂေါင်ချန်းရှန်က လေသံ တုံးတိဖြင့် ပြန်ပြော လိုက်သည်။ ဖန်လီဟိုင်က ဒေါသတွေကို မနည်း ထိန်းထားရသည့် ပုံဖြင့်

" ဂေါင်ချန်းရှန် ... ငါ့ကိုခေါင်းလာ မစားနဲ့နော်။ ငါလည်း အရင်က မင်းကိစ္စတွေကို ဝင်ပါခဲ့တာ မဟုတ်ဘူး။ ဒီနေ့ မင်းငါ့ကို ဝင်ရှုပ်ရင်တော့ ငါက မင်းကိုလည်း ညှာမှာ မဟုတ်ဘူးကွ"

ဂေါင်ချန်းရှန်က လက်ကာ ပြလိုက်ပြီး

" နေစမ်းပါဦးကွ။ မင်းက ဘယ်တုန်းက ငါ့ကို ညှာတာ လိုက်တာလဲ"

သူတို့က ဂိုဏ်းတော်ထဲကို စဝင်လာကတည်းက မတည့်ကျတဲ့ သူနှစ်ယောက်ပါ။ သူတို့ရဲ့ အရည်အချင်း တွေကလည်း အတူတူ နီးပါးပါပဲ။ တစ်ယောက်က အဆင့်၁၀ ဖြစ်ပြီး တစ်ယောက်က အဆင့်၁၂ ဖြစ်ပါတယ်။ ကြားထဲမှာ တစ်ဆင့်သာ ကွာခြားတာပါ။ တကယ်တိုက်မယ် ဆိုရင် ဘယ်သူ နိုင်သွားမလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။

" မင်းက တကယ် သေချင်နေတာပဲ"

ဖန်လီဟိုင်က ဒေါသ အရမ်းထွက်လာပြီး သူ့ရဲ့ သံမဏိ ကြေးခွံပညာရပ် အဆင့်၉ ကို ထုတ်သုံးလိုက်ပါတယ်။ ကြောက်စရာ ကောင်းလှတဲ့ အရှိန်အဝါ တစ်ခုက သူ့ခန္ဓာကိုယ် တစ်ခုလုံးကနေ ထွက်ပေါ်လာနေပါပြီ။ တစ်ချိန်တည်းမှာပဲ အနက်ရောင် စိတ်စွမ်းအားတွေ ကလည်း ဓားကို ရစ်ပတ် ထားနေပါတယ်။

" ငါကကော မင်းကို ကြောက်နေလို့လား"

ဂေါင်ချန်းရှန် ကလည်း သူ့ရဲ့ သက်ရင့် ကျောက်စိမ်း ပညာရပ်ကို ထုတ်ဖော် လိုက်ပါတယ်။ သန့်စင်တဲ့ အရောင်အဝါ တစ်ခုက ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံသွားပြီး သူ့လက်ထဲက ဓားပေါ်မှာလည်း အစိမ်းရောင် စိတ်စွမ်းအင်တွေ ပေါ်လာပါတယ်။

" ဘုန်း'"

သူတို့ နှစ်ယောက်ရဲ့ တိုက်ခိုက်မှုက ပြင်းထန် လွန်းလှတဲ့အတွက် ဟိုးအဝေးကြီးက နေတောင် စိတ်စွမ်းအင် ပေါက်ကွဲသံတွေကို ကြားနိုင်ပါတယ်။

" အံ့သြစရာ ကောင်းလိုက် တာကွာ။ ဒါက ပြိုင်ဘက်ကင်းတွေရဲ့ တကယ့် အစစ်အမှန် စွမ်းအားတွေပဲ"

" ဒီလို ပြိုင်ဘက်ကင်းတွေ ကြားမှာ တိုက်ပွဲမဖြစ်တာ အရမ်းကို ကြာနေပြီကွ။ နောက်ဆုံးတစ်ခေါက် ဖြစ်ခဲ့တာတောင် တစ်နှစ်ခွဲလောက် ကြာခဲ့ပြီကွ"

ပွဲကြည့်နေတဲ့ သူတွေကတော့ စတင်ပြီး မှတ်ချက်တွေ ပေးနေပါပြီ။ တိုက်ခိုက်နေကျတဲ့ သူနှစ်ယောက်ကို ကြည့်ပြီး လီဖူချန်းရဲ့ မျက်လုံးထဲမှာ တိုက်ပွဲကို ဆာလောင်တဲ့ အရိပ် အငွေ့တွေတောင် ဖြစ်ပေါ် လာနေပါတယ်။

ဒီတိုက်ခိုက်နေတဲ့ နှစ်ယောက်ရဲ့ စွမ်းအားတွေက တကယ်ကို အထင်ကြီး အားကျစရာ ကောင်းလွန်း လှပါတယ်။ နှစ်ယောက်စလုံးရဲ့ ဂိုဏ်းတော်ကို ဝင်တုန်းက ရထားတဲ့ ကျင့်စဉ်တွေကလည်း အဆင့်ကိုး အထွတ်အထိပ်ကို ရောက်ပြီး နေကျပါပြီ။

မိုးပြာရောင် ဂိုဏ်းကပေးတဲ့ ဝင်ခွင့် ကျင့်စဉ်တွေက အဝါရောင် ထိပ်တန်းကျင့်စဉ်တွေ ဆိုပေမဲ့ ဒီနှစ်ယောက်ရဲ့ လက်ထဲမှာတော့ အဆင့်နိမ့် ဆန်းကြယ် အဆင့်ရှိတဲ့ သိုင်းတွေလိုပဲ အရမ်းကို အစွမ်းထက် နေပါတယ်။ ဒီကျင့်စဉ်တွေက ကျင့်တဲ့သူတွေရဲ့ စွမ်းရည်အလိုက် ထပ်ပြီးတော့ကို အဆင့်တက်နိုင် ပါသေးတယ်။

ဒါပေမဲ့ ဒီလိုကျင့်စဉ် အဆင့်ထပ်တက်ဖို့က အနည်းဆုံးတော့ ကြယ်လေးပွင့် အဆင့် အရိုးတည်ဆောက်ပုံ ရှိဖို့ လိုအပ်ပါတယ်။

ကြယ်လေးပွင့် အဆင့်အောက်က သူတွေကတော့ ကျင့်စဉ် အထောက်အကူပြု ဆေးတွေ သောက်သုံးရင်တော့ အဆင့်ကိုးကနေ ထပ်ပြီးတက်နိုင်ဖို့ မဖြစ်နိုင်တော့ပါဘူး။

***

All Chapters