စကားစမြည်ပြောဆိုခြင်း
Vol. 82 Ch. 1144
နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားမှာလား။
ထန်ရှု၏ရည်ရွယ်ချက်အား လီယုချွမ်က ချက်ချင်း သဘောပေါက်သည်။ သူက…ငါ့သားကို ကျင့်ကြံစေချင်တာလား။ ဒါပေမယ့် သူက အခုမှ ရှစ်နှစ်ပဲ ရှိသေးတာလေ။
ထန်ရှုက လီယုချွမ်အား တည်ငြိမ်အေးချမ်းသောမျက်နှာနှင့် ကြည့်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည် “မင်းရဲ့စိတ်ထဲမှာ စိုးရိမ်မှုတွေရှိတာကို ငါ သိတယ်။ မင်းကို ခြိမ်းခြောက်စရာတစ်ခုအနေနဲ့ ငါu မင်းရဲ့သားကို လေ့ကျင့်ပေးမယ်လို့ မင်း ထင်တာလား။ မင်းမှာ ဒီလိုအတွေးတစ်ခုရှိရင် ငါ့မျက်လုံးထဲမှာ မင်းရဲ့စွမ်းရည်က မထိုက်တန်တာကြောင့် မင်း အခုထွက်သွားလို့ရတယ်”
ထိုအချိန်တွင် ထန်ရှုက ဘေးဘီဝဲယာကြည့်လိုက်သည်။ ကားနှစ်စီးဘေးနားတွင် သူ၊ ကျင်းရှီ၊ ဝံပုလွေခေါင်းနှင့် အထူးစွမ်းရည်ဗျူရိုမှလူနှစ်ယောက်သာရှိသည်။ ထန်ရှုက လီယုချွမ၏လက်မောင်းအား ချက်ချင်း ဆုပ်ကိုင်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်း သူက လီယုချွမ်အား ဆွဲကာ ကျင်းရှီနှင့်ဝံပုလွေခေါင်းတို့၏အရှေ့၌ ထွက်ပေါ်လာသည်။
“ဘာ…”
ရုတ်တရက်ပြောင်းလဲမှုက လီယုချွမ်အား ကြောက်ရွံ့သွားစေသည်။ ထန်ရှုက သူ့လက်မောင်းအား လွှတ်လိုက်သည်ကို ခံစားမိပြီးနောက် သူက မျက်လုံးပွတ်ကာ သူ့ခါးအား ဆိတ်ကြည့်လိုက်၏။
ဒါ ပုံရိပ်ယောင်တစ်ခုမဟုတ်ဘူးပဲ၊ ငါ အိပ်မက်မက်နေတာ မဟုတ်ဘူးပေါ့။ ဒါက…
ထန်ရှုက ကားပေါ်တွင် ထိုင်လိုက်ပြီး အပြင်ဘက်ရှိ အလွန်အံ့အားသင့်နေသောလီယုချွမ်အား ကြည့်ကာ ပေါ့ပေါ့ပါးပါးပြောလိုက်သည် “အခု ငါ ဘာဆိုလိုလဲဆိုတာ မင်း နားလည်ပြီလား။ မင်းက ငါ့မျက်လုံးထဲမှာ ကျင့်ကြံဖို့ထိုက်တန်တဲ့အားနည်းတဲ့လူတစ်ယောက်မျှပဲ။ ဒါပေမယ့် ဒီကမ္ဘာမှာ မင်းလို အားနည်းတဲ့သူတွေက မရေမတွက်များစွာရှိတယ်၊ ဒါကြောင့် မင်းရဲ့သားနဲ့ ခြိမ်းခြောက်ရလောက်အောင် မင်းက မထိုက်တန်ဘူး”
ကားက စထွက်သွား၏။ လီယုချွမ်က ခပ်ဖျော့ဖျော့ပြုံးနေသောဝံပုလွေခေါင်းထံ လှည့်ကြည့်လိုက်သည်။ ဝံပုလွေခေါင်းက ပေါ့ပေါ့ပါးပါးနှင့် ပြောလိုက်၏ “မင်း ပျော်နေသင့်တယ်၊ ဂိုဏ်းချုပ်ရဲ့ရည်ရွယ်ချက်ကို သံသယမရှိသင့်ဘူး။ လက်တစ်ဆုပ်စာလူတွေလောက်ကပဲ သူ့ကို စိတ်ဝင်စားအောင် လုပ်နိုင်တာ၊ မင်းနဲ့မင်းရဲ့သားအတွက် ဒီအခွင့်အရေးကို အမြတ်တနိုးထားသင့်တယ်”
သူ့နှလုံးသားက အရှိန်မြန်လာသည်ကို လီယုချွမ်က ခံစားမိသည်။ မိုးခြိမ်းသံအုပ်အုပ်နှင့် တူ၏။ သူက တစ်ခုခုအား ရုတ်တရက် သဘောပေါက်ကာ ဝံပုလွေခေါင်းဘက် လှည့်ကာ မေးလိုက်သည် “သူဌေးက ငါ့သားကို ကျင့်ကြံစေချင်တယ်ဆိုတာ မင်း ဘယ်လိုလုပ် သိတာလဲ”
သူ့မေးခွန်းအပေါ် ဝံပုလွေခေါင်းက မျက်လုံးတို့ လိမ့်လိုက်ပြီး ဒရိုင်ဘာထိုင်ခုံသို့ သွား၏။ ထို့နောက် သူက ပေါ့ပေါ့ပါးပါး ပြောလိုက်သည် “သူဌေးရဲ့အသံက မကျယ်ပေမယ့် ဒီနေရာကနေ ငါ ကြားနိုင်ပါသေးတယ်။ ဒါပေမယ့် ငါ့ရဲ့အကြားအာရုံက သာမန်လူထက် အနည်းဆုံး ဆယ်ဆပိုသန်မာတာကို အရင်က မင်းကို ပြောဖို့ မေ့နေခဲ့တာ”
သူက ကြားလိုက်ရုံပဲလား။ ဒါက ဆယ်မီတာကွာတာလေ၊ ဒါကို ဝံပုလွေခေါင်းက ရှင်းရှင်းလင်းလင်းကြားနိုင်တာလား။
သမန်းဝံပုလွေက ကားစထွက်နေသည်ကို မြင်ပြီး လီယုချွမ်က အရှေ့ထိုင်ခုံသို့ လျင်မြန်စွာ နေရာယူလိုက်သည်၊ ထို့နောက် သူက လျင်မြန်စွာ မေးလိုက်၏ “မင်းတို့ကောင်တွေက အတိအကျ ဘယ်သူတွေလဲ”
“ငါတို့က ထန်ဂိုဏ်းကပဲ”ဝံပုလွေခေါင်းက စိတ်မဝင်စားစွာ ပြောလိုက်သည်။
“ထန်ဂိုဏ်းလား။ အဲဒါက ဘာလဲ”လီယုချွမ်က ထပ်မေးလိုက်သည်။
ဂုဏ်ယူမှုအား ဝံပုလွေခေါင်း၏မျက်နှာပေါ်တွင် မြင်တွေ့နိုင်ပြီး သူက အလေးအနက်ထားလျက် ပြောလိုက်၏ “အဲဒါက ကျင့်ကြံသူတွေနဲ့ ဖွဲ့စည်းထားတဲ့ ဂိုဏ်းတစ်ခုပဲ။ မင်းက ဒီဂိုဏ်းရဲ့အပြင်တပည့်တစ်ယောက်ဖြစ်ချင်ရင် အရင်ဆုံး မစ်ရှင်အမြောက်အများ ထမ်းဆောင်ဖို့ လိုတယ်။ အဲဒါပြီးမှ မင်းက တပည့်တစ်ယောက်ဖြစ်ဖို့ အရည်အချင်းမှီမယ်”
ကျင့်ကြံသူတွေလား။
လီယုချွမ်က ဤကဏ္ဍတွင် အတွေ့အကြုံမရှိသည့်သာမန်လူတစ်ယောက်မဟုတ်ပေ။ သူက လင်းယုန်ပြာအထူးတပ်ဖွဲ့၏ယခင်ခေါင်းဆောင်ဖြစ်သည်၊ ထို့ကြောင့် သူက လျှို့ဝှက်ချက်များစွာ သိထားသည်။ ပြည်ပ၌ တာဝန်ထမ်းဆောင်ချိန်တွင် သူက စွမ်းရည်အသုံးပြုသူများ၊ ကျင့်ကြံသူများနှင့် တွေ့ဆုံဖူးသည်။
မထင်မှတ်ထားမိတာပဲ၊ သူတို့အားလုံးက ကျင့်ကြံသူတွေလား။
သူက စိတ်လှုပ်ရှားမှုအား ဖိနှိပ်ကာ လျင်မြန်စွာ ထပ်မေးလိုက်၏ “ဒါဆို ထန်ဂိုဏ်းမှာ သူဌေးထန်ရဲ့အဆင့်အတန်းက ဘာလဲ။ ငါက အခု တပည့်တစ်ယောက်ဖြစ်ပြီလား”
ဝံပုလွေခေါင်းက မရယ်ဘဲ မနေနိုင်ပေ။ သူက မျက်လုံးတို့ လိမ့်လျက် မာဆတ်ဆတ်ပြောလိုက်သည် “မင်းက အိပ်မက်မက်နေတာလား။ ဂိုဏ်းချုပ်က မင်းကို သူ့ရဲ့နောက်လိုက်အဖြစ် ခေါ်ယူဖို့ ဆန္ဒရှိရင်တောင် မင်းက အပြင်အဖွဲ့ဝင်တစ်ယောက်ပဲ ဖြစ်လာနိုင်မယ်။ မင်း အကျိုးဆောင်မှုတွေ လုပ်ပြီးမှပဲ အတွင်းအဖွဲ့ထဲကို ဝင်နိုင်မှာ”
“ဟမ်”လီယုချွမ်က မယုံနိုင်သောမျက်နှာတစ်ခုနှင့် မေးလိုက်သည် “သူဌေးထန်က တကယ်ကို ထန်ဂိုဏ်းရဲ့ဂိုဏ်းချုပ်လား”
မျက်နှာပေါ်တွင် နက်ရှိုင်းသော ရိုသေလေးစားမှုနှင့်အတူ ဝံပုလွေခေါင်းက ခေါင်းညိတ်လိုက်သည် “သူဌေးက ဂိုဏ်းကို သူကိုယ်တိုင် တည်ထောင်ခဲ့တာ၊ ဒါကြောင့် သူက ဂိုဏ်းချုပ်ပဲပေါ့။ ဒါပေမယ့် အတွင်းအဖွဲ့ကို မဝင်ခင် ငါ မင်းကို အကြံတစ်ခုပေးမယ်။ အပြင်အဖွဲ့မှာ မစ်ရှင်းတွေကို ထမ်းဆောင်နေချိန်မှာ အမိန့်တွေကို ထမ်းဆောင်ဖို့ အကြွင်းမဲ့နာခံခြင်းက ရှိကိုရှိရမယ့်အရာတစ်ခုပဲ။ ဂိုဏ်းမှာ စည်းမျဉ်းအနည်းငယ်ပဲ ရှိတယ်၊ ဒါပေမယ့် အဆင့်အတန်းတွေကြား ကွာခြားချက်က အရမ်းရှင်းလင်းတယ်။ အတွင်းအဖွဲ့က တစ်ယောက်ယောက်ကို တွေ့တဲအခါတိုင်း မင်းက သူတို့ကို ရိုသေလေးစားရမယ်၊ အကြီးအကဲတစ်ယောက်ယောက်ကို မြင်ရင် မင်းက နှိမ့်ချရမယ်။ အတွင်းအကြီးအကဲတွေရဲ့အရှေ့မှာ ငါကတောင် လေးလေးစားစားပြုမူရတယ်”
“ထန်ဂိုဏ်းမှာ တပည့်တွေ ဘယ်လောက်ရှိတာလဲ။ ပြီးတော့ အပြင်တပည့်တွေက ဘယ်လောက်ရှိတာလဲ”လီယုချွမ်က မေးလိုက်သည်။
ဝံပုလွေခေါင်းက သူ့အား တစ်ချက်ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည် “ဒါက ဂိုဏ်းရဲ့လျှို့ဝှက်ချက်ပဲ၊ ငါ တစ်ခုမှ မင်းကို ပြောလို့မရဘူး။ ဒါပေမယ့် ငါ မင်းကို ကြိုတင်သတိပေးမယ်။ အတိတ်မှာ မင်းရဲ့ရန်သူဖြစ်ခဲ့တဲ့သူတွေနဲ့ ဂိုဏ်းထဲမှာ မင်း ပြန်တွေ့နိုင်တယ်။ အချို့က မင်းနဲ့ ရင်းနှီးပြီး နက်ရှိုင်းတဲ့အမုန်းတောင် ရှိနိုင်တယ်။ ဒါပေမယ့် အခုကစပြီး အတိတ်က သူတို့နဲ့ ရန်ငြိုးတွေအားလုံးကို မင်း ဖယ်ထုတ်ထားရမယ်၊ သူတို့ကို မင်းရဲ့အရင်းနှီးဆုံးရဲဘော်ရဲဘက်တွေ၊ ညီအကိုတွေ၊ ညီအမတွေ ဒါမှမဟုတ် မင်းရဲ့ကိုယ်ပိုင်မိသားစုလို့ သတ်မှတ်ဆက်ဆံရမယ်။ ထန်ဂိုဏ်းရဲ့အကြီးမားဆုံးစည်းကမ်းချက်က လိုအပ်မယ်ဆိုရင် အခြားတပည့်တွေအတွက် ဂိုဏ်းသားတိုင်းက သူသို့မဟုတ်သူမရဲ့အသက်ကို စွန့်လွှတ်ရမယ်”
“ငါ့မှာ ရန်သူတွေ ရှိမယ်လို့ ငါ မထင်ဘူး၊ အခြားသူတွေနဲ့ ဘာရန်ငြိုးမှ ငါ့မှာ မရှိပါဘူး”လီယုချွမ်က ခေါင်းခါယမ်းလိုက်သည်။
“ဟမ့်၊ ဒါက မင်းပြောတာလေ။ ကျင်းရှီက ရင်းနှီးသလို မင်း မထင်ဘူးလား”ဝံပုလွေခေါင်းက နှာခေါင်းရှုံ့လိုက်သည်။
လီယုချွမ်က ခဏစဉ်းစားပြီးနောက် ဖြေလိုက်၏ “ငါ သူ့ကို ပထမဆုံးအကြိမ် တွေ့တုန်းက အနည်းငယ်ရင်းနှီးသလို ခံစားမိတယ်။ ဒါပေမယ့် အရင်က သူ့ကို ဘယ်နေရာမှာ မြင်ဖူးသလဲဆိုတာ ငါ မမှတ်မိနိုင်ဘူး”
“သွေးဆာရွှေခြင်္သေ့လေ။ အာဖရိကက မြို့တစ်မြို့မှာ သွေးကြောင်းစီးစေခဲ့တဲ့သူလေ”ဝံပုလွေခေါင်းက ပေါ့ပေါ့ပါးပါးနှင့် ပြောလိုက်သည်။
ဤသည်ကို ကြားပြီးနောက် လီယုချွမ်၏မျက်လုံးများက ပြူးထွက်မတတ်ဖြစ်သွား၏။ သူက ပင့်သက်ရှိုက်လျက် အံ့အားသင့်စွာ ပြောလိုက်သည် “သူက အဲဒီသွေးဆာရွှေခြင်္သေ့လား။ လူရာချီရဲ့သွေးနဲ့ ရေချိုးခဲ့တဲ့ လူသတ်သမားလား”
“မင်းက သူ့ကို လူသတ်သမားတစ်ယောက်လို့ ခေါ်တာလား”ဝံပုလွေခေါင်းက သရော်ကာ ပြုံးလျက် ပြောလိုက်သည် “ဒါက ဂိုဏ်းထဲက ဒီထက်ပိုရက်စက်တဲ့တပည့်တွေကို မင်းက မတွေ့သေးလို့ပဲ။ တစ္ဆေပြီးရင် မင်းက နောက်ဆုံးအတွင်းတပည့်ဖြစ်လာနိုင်ဖို့ ငါ မျှော်လင့်တယ်”
“တစ္ဆေလား။ အဲဒီအရူးတစ္ဆေလား”လက်ရှိတွင် လီယုချွမ်၏မျက်နှာက အရောင်ပြောင်းသွားပြီး သူက အလန့်တကြား အော်လိုက်၏။
“သူ့မျက်နှာရှေ့မှာ မင်းက သူ့ကို အရူးလို့ ခေါ်ရဲရင် သူက မင်းကို သုံးရက်တိတိ လေ့ကျင့်ခိုင်းမှာ သေချာတယ်။ သုံးရက်ကြာ သူလေ့ကျင့်ပေးခဲ့တဲ့အဲဒီကလေးစစ်သားတွေက သူတို့ရဲ့အရေပြားအလွှာတွေတောင် ဆုံးရှုံးလုနီးပါးပဲ။ မင်းကတော့ သူတို့လောက် ကောင်းမှာမဟုတ်ဘူး”
လီယုချွမ်၏နှုတ်ခမ်းက အကြိမ်အနည်းငယ် လူးလွန့်သွား၏။ သူ၏တုန်လှုပ်မှုက ကားအမိုးကိုပင် ဖြတ်ကျော်သွား၏။
အဲဒါက တစ္ဆေ၊ ကမ္ဘာ့နံပါတ်တစ်လူသတ်သမား…
ထိုလူက လူများစွာ၏မျက်လုံးထဲ၌ နတ်ဆိုးဝင်စားလာသူပင်။ တိုင်းပြည်အမျိုးမျိုးရှိ အားအကောင်းဆုံးအကောင်များပင် သူ့အား ကြောက်ရွံ့သည်၊ သူတို့က သူ့စာချုပ်စာရင်း၌ ထွက်ပေါ်လာမည်ကို အလွန်စိုးရိမ်၏။
“ကလေးစစ်သားတွေနဲ့ ပတ်သက်ပြီး မင်း ပြောခဲ့တယ်နော်”လီယုချွမ်က မှင်တက်သောမျက်နှာနှင့် မေးလိုက်သည် “ငါ့သားက ငါ့နေရာကို ပို့ခံရမှာလား”
“ကလေးသောင်းချီကနေ မင်းရဲ့ကလေးက ချွန်ထွက်အောင် လုပ်ပြနိုင်မှ သူက ဂိုဏ်းချုပ်ရဲ့မျက်လုံးထဲကို ထပ်ဝင်နိုင်မှာ။ ဒါက သန်မာသူတွေကိုပဲ မျက်နှာသာပေးတဲ့ ဂိုဏ်းရဲ့ထုံးစံပဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် မင်းက အပြင်ဂိုဏ်းတပည့်ဖြစ်လာရင်တောင် မင်းသားထက် စောပြီး အတွင်းအဖွဲ့ထဲ ဝင်နိုင်မယ်လို့ ငါ မထင်ဘူး”
လီယုချွမ်က နှုတ်ဆိတ်သွား၏။ သူက နဂါးဂိတ်ကို ခုန်ကျော်ခဲ့သည့် ငါးကြင်းတစ်ကောင်ဖြစ်ရန် အခွင့်အရေးတစ်ခု ရလာသည်ကို သဘောပေါက်လိုက်သည်။ သူ့အား ဤအခွင့်အရေးပေးခဲ့သူက သူ့အသက်အား ကယ်ဆယ်ရုံသာမက သူ့ဇနီးနှင့်သူ့သားကိုလည်း ကယ်ပေးခဲ့သည်။သူက သူတို့သားအဖနှစ်ယောက်အား ကြောက်စရာကောင်းသောပုံရိပ်များဖြစ်အောင် ပြုလုပ်ပေးနိုင်ဖို့လည်း များ၏။
သူက သက်ပြင်းတစ်ချက်ရှိုက်ကာ မေးလိုက်သည် “နောက်ဆုံးမေးခွန်းတစ်ခု။ အစ္စရေးက ၁၃၁၉အကျဉ်းထောင်နဲ့ အကျဉ်းသားနှစ်ရာကျော်နဲ့ ပတ်သက်ပြီးတော့။ သူတို့က…”
ဝံပုလွေခေါင်းက သူ့အား လက်မြှောက်ကာ တားလိုက်ပြီးနောက် ခပ်ဖျော့ဖျော့ပြော၏ “အခု ငါတို့နှစ်ယောက်ပဲ ရှိတယ်၊ ဒါကြောင့် ဒီမေးခွန်းကို ငါ မင်းကို ဖြေလို့ရတယ်။ ဒါပေမယ့် ဂိုဏ်းချုပ်ရဲ့နောက်လိုက်ဖြစ်လာပြီးနောက် အပြင်လူတွေကို ထန်ဂိုဏ်းနဲ့ ပတ်သက်ပြီး ဘာတစ်ခုမှ မပြောပြရဘူးဆိုတာ မင်း မှတ်ထားပါ။ ငါပြောခဲ့သမျှအရာအားလုံးလဲ အတူတူပဲ။ မင်း ခန့်မှန်းတာ မှန်တယ်။ အဲဒါက သူဌေးရဲ့လုပ်ဆောင်ချက်တွေထဲက တစ်ခုပဲ။ အဲတုန်းက သူကိုယ်တိုင် လုပ်ခဲ့တာ၊ အခုဆိုရင် တစ္ဆေအပါအဝင် အဲဒီလူတွေက အပြင်တပည့်တွေ ဖြစ်နေကြပြီ၊ တစ်ယောက်ချင်းစီက ဂိုဏ်းရဲ့မစ်ရှင်တွေကို ထမ်းဆောင်နေကြတယ်”
ထန်ရှု၏လူအားလုံးက ဝရမ်းပြေးများ၊ မွန်းစတားတစ်အုပ်နှင့် လူများစွာကြောက်ရွံ့ရသည့်နတ်ဆိုးများဖြစ်သည်ကို သိပြီးနောက် လီယုချွမ်က လုံးဝကြောက်ရွံ့သွားတော့သည်။
ဝံပုလွေခေါင်းက သူ့အတွေးအား သတိပြုမိပုံရကာ ထပ်ပြော၏ “ထန်ဂိုဏ်းက နတ်ဆိုးတွေ၊ မွန်းစတားတွေနဲ့ အရူးတွေရဲ့အသိုက်တစ်ခုလို့ မင်းထင်ရင် အဲဒါက မင်း လုံးဝမှားနေတာပဲ။ လူကောင်းတွေကို သတ်ဖြတ်ပြီး အားနည်းတဲ့သူတွေကို အနိုင်ကျင့်တာကို ဂိုဏ်းက တားမြစ်ထားတယ်။ ငါတို့က သာမန်လူတွေကို ဖော်ဖော်ရွေရွေဆက်ဆံရမယ်၊ ဒါပေမယ့် ရန်သူတွေကိုတော့ ရက်ရက်စက်စက်ဆက်ဆံရမယ်။ ထန်ဂိုဏ်းတစ်ခုလုံးက ဂိုဏ်းချုပ်ရဲ့လက်ထဲမှာ ထက်ရှတဲ့ဓားတစ်လက်ဆိုပေမယ့် လူကောင်းတွေအတွက်က တရားမျှတမှုဓားပဲ၊ လူဆိုးတွေအတွက်ကတော့ သေမင်းရဲ့ကောက်ရိတ်ဓားပဲ”
ရှင်းပြချက်က လီယုချွမ်အား ချက်ချင်း စိတ်သက်သာရာရသွားစေသည်။ သို့သော် နောက်ထပ်ပြဿနာတစ်ခုက သူ့စိတ်ထဲ၌ ချက်ချင်း ထွက်ပေါ်လာ၏။ ဒီလူတွေက လူသတ်သမားတွေ၊ မျက်တောင်တစ်ချက်မခတ်ဘဲ သတ်နိုင်တဲ့ ဝရမ်းပြေးတွေ၊ သူတို့က ဝံပုလွေခေါင်းပြောသလို ပြုမူနိုင်ပါ့မလား။
****
ညနက်ချိန်၊ တုန်ရှန်စီရင်စုရှိ ရွှယ်မိသားစုနေအိမ်။
ကုတ်အင်္ကျီဝတ်ဆင်ထားလျက် ထူးဆန်းသောတေးသွားအား နားထောင်ရင်း ရွှယ်ကွမ်းကျုံးက ပြတင်ပေါက်အပြင်ဘက်သို့ ငေးကြည့်နေသည်။ သူက ပြတင်းပေါက်သို့ ရောက်လာသောအခါ အဆောက်အဉီး၏အမှောင်ထောင့်တွင် ရပ်နေသော ပုံရိပ်အား မြင်လိုက်ရပြီး ရုတ်တရက် ဆိုးဝါးသောခံစားချက်တစ်ခု ဖြစ်သွား၏။
ရွှယ်ဇမ်းမိန်။ သူမက သူ့သမီးဖြစ်ပြီး ရွှယ်မိသားစု၏လူငယ်မျိုးဆက်ထဲတွင် အထူးချွန်ဆုံးအဖွဲ့ဝင်ဖြစ်သည်၊ သူက သူမအား မိသားစု၏လုံခြုံရေးကုမ္ပဏီအား စီမံခန့်ခွဲရန် တာဝန်ပေးထားခဲ့၏။ သို့သော် သူမက တိတ်တဆိတ်ပြန်လာပြီး အမှောင်အကွယ်တွင် ရပ်ကာ သူတို့သာ နားလည်သည့် ထူးဆန်းသောသင်္ကေတနှင့် သူ့အား ဆင့်ခေါ်နေသည်။
“ဘာဖြစ်လို့လဲ၊ ကွမ်းကျုံး”
သူ့နောက်ရှိ အိပ်ရာပေါ်တွင် လင်းဖျင်က တွေဝေစွာ ထထိုင်လျက် ပြတင်းပေါက်တွင် ရပ်နေသော သူ့ယောကျ်ားအား ကြည့်ကာ မေးလိုက်သည်။
“ပြန်အိပ်ပါ။ ငါ လုပ်စရာတစ်ခုခုရှိလို့”ရွှယ်ဇမ်းမိန်က နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် သူက တံခါးသို့ လျှောက်သွားပြီးနောက် အဆောက်အဉီးအပြင်ဘက်၌ ထွက်ပေါ်လာသည်။ သူက သစ်ပင်အမှောင်ရိပ်ထဲသို့ လျင်မြန်စွာ ဝင်ရောက်ခဲ့ပြီး အဖေနှင့်သမီးတို့က ပိုမှောင်သောနေရာတစ်ခုဆီသို့ လျှောက်သွား၏။
“ဘာဖြစ်လို့လဲ”ရွှယ်ကွမ်းကျုံးက တိုးတိုးလေးမေးလိုက်သည်။
“ထန်ရှုက အဖေ့ကို တွေ့ချင်လို့”ရွှယ်ဇမ်းမိန်က ပြောလိုက်သည်။
“ထန်ရှုလား။ ဘယ်ထန်ရှုလဲ”ရွှယ်ကွမ်းကျုံးက မှင်တက်စွာ မေးလိုက်၏။
“ပေကျင်းထန်အိမ်ကထန်ရှု”ရွှယ်ဇမ်းမိန်က ပြန်ဖြေ၏။
ရွှယ်ကွမ်းကျုံး၏မျက်နှာက ပြောင်းလဲသွားပြီး သူက မျက်မှောင်ကြုတ်လိုက်၏။ “သူက ထန်အိမ်ရဲ့အတောက်ပဆုံးဂျူနီယာနဲ့ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုရဲ့ပိုင်ရှင်ပဲ။ သူက ငါနဲ့ ဘာလုပ်ချင်တာလဲ”