← Chapters

လျှို့ဝှက်တွေ့ဆုံခြင်း

Vol. 82 Ch. 1145

လျှို့ဝှက်တွေ့ဆုံခြင်း

Vol. 82 Ch. 1145

ရှန်းဟိုင်တွင် ဖြစ်ပျက်ခဲ့သည်ကို တိုးတိုးလေးတင်ပြပြီးနောက် ရွှယ်ဇမ်းမိန်က နောက်ဆုံးတွင် အဆုံးသတ်လိုက်သည် “ထန်ရှုရဲ့စိတ်ထဲမှာ ဘာရှိနေလဲဆိုတာ ကျွန်မ မသိဘူး။ ဒါပေမယ့် သူက ကျွန်မကို အရင်လာခိုင်းပြီး လျှို့ဝှက်နေရာတစ်ခုရှာဖို့ အဖေ့ကို သတင်းပို့ခိုင်းတယ်။ သူက ဒီအစည်းအဝေးနဲ့ ပတ်သက်ပြီး လျှို့ဝှက်ထားစေချင်တယ်၊ အဖေနဲ့ကျွန်မကလွဲပြီး တစ်ယောက်မှ ဒီအစည်းအဝေးနဲ့ ပတ်သက်ပြီး သိလို့မရဘူး”

ရွှယ်ကွမ်းကျုံးက အချိန်အတော်ကြာ နှုတ်ဆိတ်သွားသည်။ ထို့နောက် သူက ဖြည်းဖြည်းချင်း ပြောလိုက်၏ “အဲဒါက ကောင်းချီပဲဖြစ်ဖြစ်၊ ကပ်ဘေးပဲဖြစ်ဖြစ်၊ ငါတို့က ရှောင်လွှဲလို့မရနိုင်ဘူး။ ပေကျင်းရဲ့ထန်အိမ်က ရွှယ်တွေ မယှဉ်ပြိုင်နိုင်တဲ့စွမ်းအားရှိတယ်။ သူက ငါတို့မိသားစုကို သုတ်သင်ချင်တယ်ဆိုရင် အရမ်းလွယ်တယ်။ သူ့စိတ်ထဲမှာ အခြားရည်ရွယ်ချက်တွေ ရှိမယ်လို့ ငါ ထင်တယ်”

“ဒါဆို ငါတို့ ဘာလုပ်ကြမလဲ၊ အဖေ”ရွှယ်ဇမ်းမိန်က မေးလိုက်သည်။

“သူက လျှို့ဝှက်ကိစ္စအချို့အတွက် ငါ့ကို ရှာနေတာဆိုတော့ ဒါနဲ့ပတ်သက်ပြီး ဘယ်သူ့ကိုမှ သိစေလို့မရဘူး”ရွှယ်ကွမ်းကျုံးက ပြောလိုက်သည် “ဒါကြောင့် ငါက အလယ်ကန်စံအိမ်မှာ စောင့်နေတယ်လို့ မင်း သူ့ကို ပြောလိုက်”

သို့သော် ရွှယ်ဇမ်းမိန်၏အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး သူမက တိုးတိုးလေး ပြန်ပြောသည် “ဒါပေမယ့် အလယ်ကန်စံအိမ်က ငါတို့ရဲ့လျှို့ဝှက်ဌာနချုပ်ပဲ၊ အဖေ။ အဲဒီနေရာကို စောင့်ကြပ်နေတဲ့သူတွေက ငယ်ငယ်လေးကတည်းက အဖေလေ့ကျင့်ပေးထားတဲ့သူတွေပဲ။ ထန်ရှုက ဒါကို သိသွားရင်…”

ရွှယ်ကွမ်းကျုံးက လက်မြှောက်ကာ သူမအား တားလိုက်ပြီးနောက် ခပ်ဖျော့ဖျော့ပြောလိုက်သည် “ငါတို့မိသားစုကို ပိုင်ဆိုင်မှုအမြောက်အများရှိတဲ့အရေးပါကျော်ကြားတဲ့မိသားစုတစ်ခုလို့ ပြောနိုင်တယ်၊ တုန်ရှန်စီရင်စုရဲ့ထိပ်ဆုံးမိသားစုသုံးခုထဲမှာ ပါဝင်တယ်။ ဒါပေမယ့် ဒါကြောင့်ပဲ ငါတို့ကို လောဘတကြီးစိုက်ကြည့်နေတဲ့မျက်လုံးများစွာ ရှိတယ်။ ဒါ့အပြင် ထန်ရှုရဲ့အဆင့်အတန်းက ထူးခြားတယ်၊ သူက ပေါ်တင်လာမယ်ဆိုရင် သူက ဒီနေရာမှာ ရှိမှန်း လူတွေ သိသွားလိမ့်မယ်။ အလယ်ကန်စံအိမ်ကို အသုံးပြုမှပဲ ငါ စိတ်အေးနိုင်မယ်”

“ဒါဆို အလယ်ကန်စံအိမ်ကို ငါ သွားလိုက်မယ်”ရွှယ်ဇမ်းမိန်က အံကြိတ်လိုက်သည်။ “အဲနေရာက ယာယီစွန့်ခွာဖို့ လူတိုင်းကို အသိပေးလိုက်မယ်”

ရွှယ်ကွမ်းကျုံးက ခေါင်းညိတ်ကာ ဖြည်းဖြည်းချင်း ပြောသည် “ငါ ပြောခဲ့သလိုပဲ၊ အဲဒါက ကောင်းချီဖြစ်စေဒါမှမဟုတ်ကျိန်စာဖြစ်စေ၊ ငါတို့က ကပ်ဘေးကို ရှောင်လွှဲလို့မရဘူး။ မနက်စောစော ငါ အဲနေရာမှာ ရှိလိမ့်မယ်”

မနက်ခင်းသို့ ရောက်လာပြီး ပထမဆုံးနေရောင်ခြည်တန်းက ကျီမြို့အရှေ့ပိုင်းဆင်ခြေဖုံးရှိ ရေကန်ပေါ်တွင် တောက်ပလာ၏၊ ရွှယ်ကွမ်းကျုံးက ကားတစ်စီး မောင်းလျက် အရှေ့ရှိ ညစ်ပေသောလမ်းထဲသို့ ဝင်ပြီး တောအုပ်ထဲ၌ ပျောက်ကွယ်သွား၏။ ရေကန်က အတော်လေးကြီးပြီး အလယ်တွင် ကျွန်းတစ်ကျွန်းနှင့် ကျွန်းပေါ်တွင် ရှေးဟောင်းအဆောက်အဉီးတစ်ခုရှိသည်။ အပြင်ဘက်ကကြည့်လျှင် အဆောက်အဉီးက ပျက်စီးယိုယွင်းနေပြီး ၎င်းသို့သွားရာတံတားရှည်နှစ်စင်းလည်း ကျိုးပြတ်နေ၏။

ရွှယ်ကွမ်းကျုံးက တောအုပ်ထဲ၌ ကားရပ်လိုက်သည်။ သူက ကားပေါ်မှ ဆင်းကာ အနက်ရောင်လွယ်အိတ်အား ကိုင်ပြီး အထဲမှ ရေငုပ်ဝတ်စုံတစ်စုံယူထုတ်လျက် လျင်မြန်စွာ အဝတ်ပြောင်းလိုက်၏။ ထို့နောက် သူက ပတ်ဝန်းကျင်အား စစ်ဆေးကြည့်လိုက်သည်၊ သံသယဖြစ်စရာဘာတစ်ခုမှ မတွေ့ရပေ၊ ထို့နောက် သူက ကမ်းစပ်သို့ လျှောက်သွားကာ ကန်ရေထဲ၌ တဖြည်းဖြည်း ပျောက်ကွယ်သွား၏။

နာရီဝက်ကြာပြီးနောက် သူက ကန်လယ်ရှိ ရှေးဟောင်းအဆောက်အဉီးထဲ၌ ထွက်ပေါ်လာသည်။ သူက ရေငုပ်ဝတ်စုံအား လျင်မြန်စွာ ချွတ်လိုက်၏၊ ရွှယ်ဇမ်းမိန်က အဝတ်အစားတစ်စုံနှင့်အတူ သူ့ထံ ချဉ်းကပ်လာသည်။

“ငါ ထန်ရှုကို ဆက်သွယ်ပြီးပြီ၊ အဖေ။ မကြာခင် သူ ဒီနေရာကို ရောက်လာမယ်”ရွှယ်ဇမ်းမိန်က ပြောလိုက်သည်။

ရွှယ်ကွမ်းကျုံးက ခေါင်းညိတ်ကာ အဝတ်အစားပြောင်းလိုက်သည်။ ပြီးနောက် သူက သန့်ရှင်းသောအခန်းတစ်ခုထဲသို့ ဉီးတည်လျှောက်သွား၏။ သူက မဟော်ဂနီကုလားထိုင်တစ်လုံးပေါ်တွင် ထိုင်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည် “ဇမ်းမိန်၊ အပြင်မှာ သူ့ကို စောင့်နေ။ ပြီးတော့ ရေငုပ်ဝတ်စုံအနည်းငယ်ကို ပြင်ဆင်ထားလိုက်။ ရေထဲမှာ သူ အဆင်မပြေရင် မင်း သူ့ကို ဒီနေရာခေါ်လာခဲ့”

“ကောင်းပါပြီ…”

ရွှယ်ဇမ်းမိန်က ခေါင်းညိတ်တုံ့ပြန်လိုက်သည်။ ရေငုပ်ဝတ်စုံဝတ်ပြီးနောက် သူမက ထွက်သွားမည့်ဆဲဆဲတွင် အသံတစ်ခုက သူမနားထဲသို့ ရုတ်တရက် ဝင်ရောက်လာ၏ “မလိုတော့ဘူး”

မကြာမီ ပုံရိပ်နှစ်ခုက အခန်းတံခါး၌ တိတ်တဆိတ် ထွက်ပေါ်လာသည်။ ထန်ရှုနှင့်ကျင်းရှီတို့က အခန်းထဲ လျှောက်သွား၏၊ သူတို့၏ခန္ဓာကိုယ်ပေါ်တွင် ရေတစ်စက်ကလေးပင်မရှိ။ ထို့နောက် သူက ထရပ်လာသော ရွှယ်ကွမ်းကျုံးအား ကြည့်ကာ ပြုံးလျက် နှုတ်ဆက်လိုက်သည် “ခေါင်းဆောင်ရွှယ်၊ ငါက ထန်ရှုပါ”

ရွှယ်ကွမ်းကျုံးက ခေါင်းခြောက်သွားပြီး ထန်ရှုအား အကြိမ်အနည်းငယ် လေ့လာပြီးနောက် မေးလိုက်သည် “မင်း ဒီနေရာကို ဘယ်လိုလာခဲ့တာလဲ”

“ငါ ပျံလာတာ”ထန်ရှုက ပြုံးကာ ဖြေလိုက်သည်။

အဖြေက ရွှယ်ကွမ်းကျုံးအား အနည်းငယ် မျက်မှောင်ကြုတ်သွားစေသည်။ “ကျေးဇူးပြုပြီး ငါ့ကို မကျီစားပါနဲ့၊ သခင်လေးထန်။ ဒီနေရာက ရေကန်ရဲ့အလယ်မှာ၊ ဒီနေရာကိုလာတဲ့တံတားနှစ်စင်းလုံးကလဲ ပျက်ဆီးနေတယ်။ ကမ်းစပ်ကနေ ဒီနေရာထိဆိုရင် အနည်းဆုံးဆယ်မီတာကွာဝေးတယ်၊ ရေငုပ်ဝတ်စုံမရှိဘဲ ဒီနေရာကို လာဖို့က အရမ်းခက်ခဲတယ်”

ထန်ရှုက မျက်ခုံးတွန့်လိုက်ပြီး သူ့မျက်လုံးများက အခြားတစ်ဖက်ရှိ လူရှစ်ယောက်စာရှေးဟောင်းစားပွဲပေါ်သို့ ရောက်ရှိသွား၏။ သူ့လက်ချောင်းများက လှုပ်ရှားမှုအနည်းငယ်ပြုသည်၊ ပြင်းထန်သောအားတစ်ခုက ထိုစားပွဲအား ရုတ်တရက် ဖျက်ဆီးလိုက်ပြီး သစ်သားအစအနများအဖြစ် ပြန့်ကျဲသွား၏။ ထို့နောက် ချက်ချင်းလျှင်ပင် စွမ်းအင်က ပြန့်ကျဲနေသောအစအနများအား ဘောလုံးတစ်လုံးအဖြစ် စုစည်းလိုက်သည်၊ ဘတ်စကတ်ဘောအရွယ်အစားမီးခိုးရောင်အစက်တစ်ခုက အထဲရှိ လူအနည်းငယ်အရှေ့၌ လွင့်မျောလာသည်။

“ဒါက…”

ရွှယ်ကွမ်းကျုံးက နောက်သို့ ဆုတ်ပြီးနောက် ကုလားထိုင်ပေါ်တွင် ပြန်ထိုင်ချလိုက်သည်။ လက်ရှိတွင် သူ့မျက်နှာက အရောင်မဲ့သွားပြီး သူက တစ္ဆေတစ်ကောင်အား မြင်နေရသကဲ့သို့ပင်။ ရွှယ်ဇမ်းမိန်လည်း ချွင်းချက်မရှိ၊ ကြောက်ရွံ့မှုက သူမမျက်နှာတစ်ခုလုံး ဖုံးအုပ်သွားတော့၏။

ထန်ရှုက အနည်းငယ် ပြုံးလိုက်ပြီး သူက လေထဲ၌ တစ်လှမ်းချင်း လျှောက်သွား၏။ သူက ရှယ်ကွမ်းကျုံးအရှေ့ ကြမ်းပြင်အထက်တစ်မီတာအမြင့်သို့ ရောက်လာသည်။ ထိုအနေအထားအတိုင်း သူက ရွှယ်ကွမ်းကျုံးအရှေ့၌ ရပ်ကာ ထူးဆန်းသောအမူအရာနှင့် မေးလိုက်သည် “ဒီနေရာကို ငါတို့ ပျံလာတယ်ဆိုတာ ခင်ဗျား အခု ယုံကြည်ပြီးလား”

ဂတ်…

ရွှယ်ကွမ်းကျုံးက ပင့်သက်ရှိုက်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူက အတွေ့အကြုံများသောမိသားစုခေါင်းဆောင်တစ်ယောက်ဖြစ်၏။ သူက တဖြည်းဖြည်း တည်ငြိမ်လာပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည် “အခု ငါ ယုံပါပြီ”

ထန်ရှုက ပြုံးကာ တုံ့ပြန်လိုက်ပြီး သူ့ပုံရိပ်က ရွှယ်ကွမ်းကျုံးဘေးနား၌ ရုတ်ချည်း ထွက်ပေါ်လာသည်။ သူက ကုလားထိုင်တစ်လုံးယူကာ ပြောလိုက်သည် “ကျေးဇူးပြုပြီး ကျုပ်ကို စူပါမန်းလို လူတစ်ယောက်လို့ မထင်လိုက်ပါနဲ့၊ ခေါင်းဆောင်ရွှယ်။ ကျုပ်က စူပါမန်းတစ်ယောက်မှာ မရှိတဲ့ စွမ်းရည်အချို့ ပိုင်ဆိုင်ထားရုံပဲ။ ပြီးတော့ ဒီတွေ့ဆုံပွဲအတွက် ခင်ဗျားက အတော်လေးစိတ်ရှုပ်ပြီး အံဩနေမှာ သေချာတယ်”

ရွှယ်ကွမ်းကျုံးက ထရပ်ကာ ထန်ရှုအတွက် ကိုယ်တိုင် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်သည်။ ထို့နောက် သူက ထိုင်ခုံပေါ်တွင် ပြန်ထိုင်ကာ ခေါင်းညိတ်လျက် ပြောလိုက်သည် “ဒီရွှယ်က တကယ်ကို ပဟေဠိဖြစ်မိပါတယ်။ ကျေးဇူးပြုပြီး ငါ့ရဲ့သံသယကို ပယ်ဖျောက်ပေးပါ၊ မစ္စတာထန်”

“ပြောရမယ်ဆိုရင် ခင်ဗျားရဲ့သမီးကို ခင်ဗျား ကျေးဇူးတင်သင့်တယ်။ သူမကြောင့်သာမဟုတ်ရင် ကျုပ်က ခင်ဗျားနဲ့ တွေ့ဖို့ ရည်ရွယ်ချက်ရှိလာမှာမဟုတ်ဘူး”ထန်ရှုက ရှင်းပြလိုက်သည်။

ထန်ရှုက သူ့ရည်ရွယ်ချက်အား ထုတ်ဖော်ပြောမည်ကို သဘောပေါက်ကာ ရွှယ်ကွမ်းကျုံးက ချက်ချင်းမေးလိုက်သည် “ကျေးဇူးပြုပြီး ပိုအသေးစိတ်ပြောပါ၊ သခင်လေးထန်”

“တရုတ်တစ်ပြည်လုံးကို ဖုံးလွှမ်းတဲ့ သတင်းအချက်အလက်ကွန်ရက်တစ်ခုကို ကျုပ် တည်ဆောက်ချင်တယ်။ ဒါကြောင့် တုန်ရှန်စီရင်စုအတွက် တာဝန်ရှိတဲ့အဖွဲ့ခေါင်းဆောင်ကို ကျုပ် ခင်ဗျားကို ဖြစ်စေချင်တယ်”ထန်ရှုက ရှင်းပြ၏ “ပြောရမယ်ဆိုရင် ခင်ဗျား လက်ခံသရွေ့ နောက်ကျရင် ခင်ဗျားက ဒီသတင်းအချက်အလက်ကွန်ရက်အတွက် တာဝန်ပေးထားတဲ့ ထောက်လှမ်းရေးတွေထဲကတစ်ယောက်ဖြစ်လာလိမ့်မယ်”

“မင်းက ငါ့ကို ဘာလုပ်ခိုင်းမှာလဲ”ရွှယ်ကွမ်းကျုံးက မေးလိုက်သည်။

“လက်ရှိအချိန်မှာ အဲဒါကို သိဖို့ ခင်ဗျား အရည်အချင်းမမှီဘူး”ထန်ရှုက စိတ်မဝင်စားစွာ ပြောလိုက်သည် “ခင်ဗျား သိဖို့လိုအပ်တာက ကျုပ်ရဲ့ကမ်းလှမ်းမှုကို လက်ခံပြီးတာနဲ့ ခင်ဗျားရဲ့တာဝန်တွေကို အောင်မြင်အောင် ထမ်းဆောင်ရမယ်ဆိုတာပဲ”

ရွှယ်ကွမ်းကျုံးက ခါးသီးစွာ ပြုံးလျက် ပြောလိုက်သည် “ဒါပေမယ့် သခင်လေးထန်၊ အစိုးရက မခွင့်ပြုမှာ…”

“သူက ကျုပ်ထောက်လှမ်းရေးတွေကို မဖမ်းမိသရွေ့ အထူးစွမ်းရည်ဗျူရိုရဲ့ညွှန်ကြားရေးမှူးသွမ်မုလင်က မျက်မမြင်တစ်ယောက်လို ပြုမူပေးလိမ့်မယ်။ ဒါ့အပြင် ဖမ်းမိတဲ့ထောက်လှမ်းရေးတွေက အမှိုက်တွေပဲ။ ဒီလိုအေဂျင့်တွေကို ဆုံးရှုံးတာက နောင်တရစရာအကြောင်းမရှိဘူး”

ရွှယ်ကွမ်းကျုံးက မှင်တက်သွားသည်။ အထူးစွမ်းရိုဗျူရိုမှ ကြောက်စရာကောင်းသောပုံရိပ်တစ်ခုအား မျက်မမြင်လို ဟန်ဆောင်စေနိုင်သည့်အထိ ထန်ရှုတွင် စွမ်းအားရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

“ငါ့မှာ ငြင်းပယ်ခွင့်ရှိသေးလား၊ သခင်လေးထန်”

“ကျုပ်ရဲ့ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး ကျုပ်ကို စမ်းသပ်တာ၊ ခင်ဗျားက တကယ်တော်တဲ့လူတစ်ယောက်ပဲ”ထန်ရှုက ပြုံးကာ ပြောလိုက်သည် “ဒါပေမယ့် ကျုပ်က ခင်ဗျားကို အလကားမလုပ်ခိုင်းပါဘူး။ ကျုပ်က ခင်ဗျားတို့သားအဖနှစ်ယောက်နဲ့ခင်ဗျားတို့မိသားစုတစ်ခုလုံးကို ကြီးမားတဲ့အခွင့်အရေးတစ်ခုပေးမယ်လို့ ကျုပ် ပြောခဲ့ပြီးသား။ ခင်ဗျားက တုန်ရှန်စီရင်စုရဲ့အဖွဲ့ခေါင်းဆောင်ဖြစ်လာတာနဲ့ ခင်ဗျားက ကျုပ်လူတွေထဲကတစ်ယောက်ဖြစ်လာလိမ့်မယ်”

ရွှယ်ကွမ်းကျုံးက စက္ကန့်သုံးဆယ်ကြာ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည် “ငါ လက်ခံတယ်”

“လူတွေပြောခဲ့သလိုပဲ၊ ဉာဏ်ရှိတဲ့လူတွေက အခြေအနေနဲ့အချိန်အခါကို လိုက်ပြီး ဘယ်လိုဆောင်ရွက်ရမလဲဆိုတာ သိတယ်တဲ့”ထန်ရှုက လက်မထောင်ကာ ချီးကျူးလိုက်သည် “ဒါဆို ခင်ဗျားနဲ့ခင်ဗျားရဲ့သမီးက ဘယ်လိုအခွင့်အရေးမျိုးကို လက်ခံရရှိမယ်ဆိုတာ ခင်ဗျား မသိချင်ဘူးလား”

“သခင်လေး…သူဌေးထန်၊ မင်းက ငါတို့သားအဖနှစ်ယောက်ကို အခွင့်အရေးတစ်ခုပေးပြီးသားပါပဲ”ရွှယ်ကွမ်းကျုံးက အလေးအနက်ထားကာ ပြောလိုက်သည် “မင်းအတွက်အလုပ်လုပ်ပေးရတာက ငါတို့အတွက် ဂုဏ်ယူစရာတစ်ခုပဲ”

“ရွှယ်တွေရဲ့ခေါင်းဆောင်ဖြစ်ဖို့ တကယ်ကို ထိုက်တန်တယ်။ ခင်ဗျားက အခြေအနေကို ဆုပ်ကိုင်နိုင်စွမ်းရှိတယ်”ထန်ရှုက ပြုံးကာ ပြန်ပြော၏ “ကျုပ်ရဲ့စွမ်းရည်ကို ခင်ဗျားက ရှင်းရှင်းလင်းလင်းမြင်မယ်ဆိုတာ ကျုပ် ယုံကြည်တယ်၊ ဒါကြောင့် ကျုပ် ခင်ဗျားကို တစ်ခုပြောပြမယ်။ ကျုပ်က ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ကျုပ်ရဲ့စွမ်းအားက ခင်ဗျားစိတ်ကူးနိုင်တာထက် ကျော်လွန်တယ်။ ခင်ဗျားတို့နှစ်ယောက်လုံးက ကျုပ်အတွက် အလုပ်လုပ်ဖို့ ရွေးချယ်ခဲ့ပြီဆိုတော့ ကျုပ်က ခင်ဗျားတို့ကို ကျင့်ကြံခြင်းပညာရပ်တစ်ခုသင်ကြားပေးမယ်။ ဒီကျင့်ကြံခြင်းပညာရပ်က ခင်ဗျားတို့ကို ချီသန့်စင်ခြင်းနှောင်းပိုင်းအဆင့်ထိပဲ ရောက်ရှိနိုင်တယ်ဆိုပေမယ့် အဲဒါက ခင်ဗျားတို့နှစ်ယောက်ကို သိုင်းဆရာကြီးအဆင့်ကျွမ်းကျင်သူတွေကို အလွယ်တကူရိုက်နိုင်တဲ့သူတွေ ဖြစ်အောင် လုပ်ပေးလိမ့်မယ်”

ရွှယ်ကွမ်းကျုံးနှင့်ရွှယ်ဇမ်းမိန်တို့က အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သူတို့မျက်လုံးများက တောက်ပသွား၏။

“ခင်ဗျားတို့က အနာဂတ်မှာ ကောင်းကောင်းလုပ်ဆောင်နိုင်သရွေ့ ဒီကျင့်ကြံခြင်းပညာရပ်ရဲ့နောက်ဆက်တွဲတွေက ခင်ဗျားတို့အတွက် ဆုလာဒ်ဖြစ်လာလိမ့်မယ်။ ခင်ဗျားတို့က အခြေခံအုတ်မြစ်တည်ဆောက်ခြင်း၊ ရွှေအမြုတေ ဒါမှမဟုတ် အခြေတည်စိတ်ဝိညာဉ်…အထိ ရရှိနိုင်တယ်၊ ဒါက တုန်ရှန်စီရင်စုမှာ ခင်ဗျားတို့ရဲ့သတင်းအချက်အလက်စုဆောင်းနိုင်တဲ့စွမ်းရည်အပေါ် မူတည်တယ်။ ဒါပေမယ့် ခင်ဗျားတို့က မအောင်မြင်နိုင်ဘူး ဒါမှမဟုတ် ခင်ဗျားတို့ရဲ့အထောက်အထားကို ထုတ်ဖော်ခံလိုက်ရမယ်ဆိုရင် ခင်ဗျားတို့က အစားထိုးခံရပြီး ခင်ဗျားတို့မိသားစုတစ်ခုလုံး သုတ်သင်ခံရဖို့ကို မျှော်လင့်ထားနိုင်တယ်”

အမြဲတမ်းလိုလို အခွင့်အရေးများက ကပ်ဘေးများနှင့်အတူ ယှဉ်တွဲတည်ရှိသည်။

ရွှယ်ကွမ်းကျုံးက သက်ပြင်းတစ်ချက်ရှိုက်ကာ နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည် “ဒါကို အောင်မြင်နိုင်မယ်လို့ ကျုပ် ယုံကြည်တယ်။ ကျုပ်တို့က ကျရှုံးခဲ့မယ်ဆိုရင် ဒါမှမဟုတ် ကျုပ်တို့က ထုတ်ဖော်ခံလိုက်ရတယ်ဆိုရင် မင်း ကြိုက်သလို လုပ်နိုင်ပါတယ်”

ထန်ရှုက ခေါင်းညိတ်တုံ့ပြန်ကာ ကျင်းရှီအား လက်ညှိုးထိုးလိုက်သည် “သူ့နာမည်က ကျင်းရှီ။ သူက တရုတ်က သတင်းအချက်အလက်ကွန်ရက်ရဲ့တာဝန်ရှိသူပဲ၊ သူက ခင်ဗျားတို့ရဲ့အထက်လူကြီးလို့ ဆိုလိုတယ်။ တုန်ရှန်ခရိုင်မှာ သတင်းအချက်ကွန်ရက်တည်ဆောက်တဲ့အခါမှာ ခင်ဗျားတို့က သူ့ကို ကူညီပေးရမယ်။ ဒါပေမယ့် သူလဲ ဌာနခွဲခေါင်းဆောင်တစ်ယောက်ကို ရွေးချယ်လိမ့်မယ်၊ ခင်ဗျားက အဲဒီလူဘယ်သူလဲဆိုတာနဲ့ ပတ်သက်ပြီး သိခွင့်မရှိဘူး”

ရွှယ်ကွမ်းကျုံး၏အမူအရာက အနည်းငယ်ပြောင်းလဲသွားသော်ငြား သူက ခေါင်းညိတ်ကာ ပြောလိုက်သည် “ငါ နားလည်ပါတယ်။ ယှဉ်ပြိုင်မှုဆိုတာ လိုအပ်တယ်၊ ဒီဖိအားနဲ့အတူ ငါလဲ အကောင်းဆုံးလုပ်နိုင်မှာပါ”

ထို့နောက် ထန်ရှုက သူကြိုတင်ရေးထားသည့်ကျင့်ကြံခြင်းစာအုပ်အား သိုလှောင်လက်စွပ်မှ ထုတ်လိုက်သည်။ ရွှယ်ကွမ်းကျုံးထံ ကမ်းပေးပြီးနောက် သူက ဆေးတစ်ပုလင်းတစ်လုံးအား ထိုလူထံ ပစ်ပေးကာ ရှင်းပြလိုက်၏ “ကျင့်ကြံခြင်းကို ခင်ဗျားတို့ကိုယ်တိုင် သင်ယူနိုင်တယ်၊ အဲပုလင်းထဲမှာ အဆီအနှစ်စုဆောင်းဆေးလုံးခြောက်လုံးရှိတယ်။ ခင်ဗျားတို့က ဒီကျင့်ကြံခြင်းပညာရပ်ကို ကျွမ်းကျင်လာတာနဲ့ သုံးရက်ကို တစ်လုံးသောက်ပါ။ ဆေးသုံးလုံးသောက်ပြီးရင် ခင်ဗျားတို့ရဲ့ခန္ဓာကိုယ်အဖွဲ့အစည်းထဲမှာရှိတဲ့အစစ်အမှန်အဆီအနှစ်စွမ်းအင်ကို အာရုံခံနိုင်လိမ့်မယ်”

“မင်းရဲ့လက်ဆောင်တွေအတွက် ကျေးဇူးတင်ပါတယ်၊ သူဌေး”ရွှယ်ကွမ်းကျုံးနှင့်ရွှယ်ဇမ်းမိန်တို့က တစ်ပြိုင်နက်တည်း ပြောလိုက်၏။

ထို့နောက် ထန်ရှုက ကျင်းရှီထံ အကြည့်ပြောင်းကာ အေးစက်စွာ ပြောလိုက်သည် “တုန်ရှန်စီရင်စုမှာ သတင်းအချက်အလက်ကွန်ရက်တည်ဆောက်ဖို့အတွက် ပြင်ဆင်ဖို့နဲ့အနေအထားတို့နဲ့ပတ်သက်ပြီး အရာအားလုံးကို‌ သူတို့နဲ့ ဆွေးနွေးဖို့ ငါ မင်းကို နေ့တစ်ဝက်အချိန်ပေးမယ်။ ငါ မင်းကို ဟဲစီရင်စုမှာ ကြိုတင်စောင့်နေမယ်”

All Chapters