← Chapters

တစ်စုံတစ်ယောက်၏ပုံပြင်

Vol. 82 Ch. 1146

တစ်စုံတစ်ယောက်၏ပုံပြင်

Vol. 82 Ch. 1146

ဟဲစီရင်စု၊ ကျန့်မြို့။

ထန်ရှုက ကျန့်မြို့သို့ ဝံပုလွေခေါင်းနှင့်အတူ ရောက်ရှိလာသည်၊ ဝံပုလွေခေါင်းက သူ့အား တီးတိုးပြောလိုက်၏ “သူဌေး၊ ဒီနေရာမှာ ငါ့ရဲ့ရဲဘော်ရဲဘက်တစ်ယောက်ရှိတယ်၊ ဒါပေမယ့် မစ်ရှင်တစ်ခုကနေ ဒဏ်ရာအပြင်းအထန်ရခဲ့တာကြောင့် သူက ငါ့ထက် အရင်အနားယူခဲ့တယ်။ ဟဲစီရင်စုရဲ့သတင်းအချက်အလက်ကို ဖတ်လိုက်တော့ သူ့နာမည်ကို တွေ့မိတယ်၊ ဒါကြောင့် ကျန့်မြို့မှာ သူ့မိသားစုရှိတယ်ဆိုတာ ငါ သိတယ်”

“ဘယ်မိသားစုလဲ”ထန်ရှုက‌ မေးလိုက်သည်။

“ဖန်း”ဝံပုလွေခေါင်းက တီးတိုးပြောလိုက်သည်။

မလာခင် ထန်ရှုက ဟဲစီရင်စုရှိ သတင်းအချက်အလက်အား ဖတ်ထားသည်။ ဤစီရင်စုတွင် သတင်းအေဂျင်အနည်းငယ်သာ ရှိသည်ကို သူ သိ၏။ ဤနေရာရှိ အနေအထားနှင့် ရင်းနှီးသော ဒေသခံအချို့ရှိခြင်းက ကောင်းမွန်သောရွေးချယ်မှုတစ်ခုဖြစ်သည်။

“သူ့ကို ဆက်သွယ်ပြီး ငါနဲ့ တွေ့ဖို့ စီစဉ်လိုက်”

“သူက ငါ့ရဲ့ရဲဘော်ရဲဘက်ဖြစ်ခဲ့တယ်၊ သူဌေး။ ငါတို့က ညီအကိုတွေလို့ ပြောနိုင်တယ်၊ ဒါပေမယ့် မတွေ့ရတာ ခြောက်နှစ်တောင် ကြာပြီးဆိုတော့ လက်ရှိသူက ပြောင်းလဲသွားပြီးလားဆိုတာတော့ ငါ မသိဘူး”ဝံပုလွေခေါင်းက ပြောလိုက်သည်။

ထန်ရှုက ခဏစဉ်းစားပြီးနောက် ပြန်ပြောသည် “မင်းရဲ့စိုးရိမ်ပူပန်မှုကို ငါ နားလည်နိုင်ပါတယ်။ စိတ်ဓာတ်ခိုင်မာတဲ့သူတွေကတောင် လူ့အဖွဲ့အစည်းထဲကို ရောက်ပြီးရင် စိတ်တွေ ပြောင်းလဲသွားနိုင်တာပဲ။ ဒါပေမယ့် မင်းက ငါ့ကို သူ့နာမည်ပြောတယ်ဆိုတော့ မင်းက သူ့ကို ယုံကြည်သေးတယ်လို့ ဆိုလိုတယ်။ သူပြောင်းလဲသလားမပြောင်းလဲသလားဆိုတာ မင်း တွေ့နိုင်မှာပဲလေ”

“နားလည်ပါပြီ”ဝံပုလွေခေါင်းက ခေါင်းညိတ်ကာ ဖုန်းထုတ်လိုက်သည်။

ယွိဟုန်လမ်း၊ ကျန့်မြို့။

အက်ဖ်အယ်လ်အာမိုတယ်က အကောင်းဆုံးဝန်ဆောင်မှုနှင့်ဖျော်ဖြေရေးအား ထောက်ပံ့ပေးသည့် ယွိဟုန်လမ်းရှိ အကောင်းဆုံးမိုတယ်ဖြစ်၏။ မိုတယ်ပိုင်ရှင်ဖန်းကန်းက သူ၏တရားမျှတမှု၊ ကြင်နာမှုနှင့်သစ္စာရှိမှုတို့ကြောင့် ကျော်ကြားကာ လူအများကြည်ညိုလေးစားခံရသောပုဂ္ဂိုလ်တစ်ဉီးဖြစ်သည်။

ထိုအချိန်တွင် အက်ဖ်အယ်လ်အာမိုတယ်၏မန်နေဂျာရုံးခန်းထဲတွင် ဆေးလိပ်ငွေ့များက အခန်းထောင့်တိုင်း၌ ပြည့်နှက်နေသည်။

“မင်းနဲ့ကစားရတာ ပျော်ဖို့မကောင်းဘူး၊ အကိုကန်း။ မင်းက သုံးပွဲဆက်တိုင်နိုင်ထားတယ်ဆိုတာ သိလား။ မင်းက မင်းရဲ့ညီအကိုတွေဆီကနေ အားလုံးကို မချင်နေတာလား” တက်တူးအပြည့်နှင့်လူတစ်ယောက်က သူ့လက်ထဲရှိ မာကျောက်ကတ်ကို စားပွဲပေါ်တွင် ချကာ ရှုံ့မဲ့ပြုံးလိုက်သည်။

ပါးစပ်ထဲတွင် စီးကရက်တစ်လိပ်ခဲထားသည့် နောက်ထပ်လူကြီးတစ်ယောက်က ပြောလိုက်၏ “မင်း ဒီနေ့ ကံကောင်းတယ်ဆိုတာ ငါ သိတယ်၊ ဒါပေမယ့် ဒါက များလွန်းတယ်မလား။ မင်းက ကံကောင်းတယ်ဆိုရင်တောင် ဒါက သံသယဖြစ်စရာကောင်းလွန်းတယ်”

“ဟုတ်တယ်။ ငါ့အတွေးလဲ အတူတူပဲ”

လည်ပင်းတွင် ရွှေကြိုးတစ်ခုနှင့် ဆွယ်တာဝတ်ထားသည့် ဖန်းကန်းက သူ့ရှေ့စားပွဲပေါ်ရှိ ငွေစက္ကူအချို့အား သိမ်းလိုက်သည်။ သူက ပြုံးစပ်စပ်နှင့် ပြောလိုက်သည် “မင်းရဲ့တူက ဒီနှစ် မူလတန်းကျောင်းကို သွားရတော့မှာ။ ဒါကြောင့် သူ့အတွက် ကျူရှင်ခရအောင် ငါ ပိုက်ဆံရှာနေရတာပါ။ ငြင်းခုံနေတာကို ရပ်လိုက်ကြတော့။ ဒီနေ့ ဆယ်ပွဲဆက်တိုက်နိုင်တဲ့မှတ်တမ်းကို ငါ ယူပြမယ်”

“ဘာ”

“ငါ့တူကို ကျောင်းပို့ဖို့ မင်းမှာ ပိုက်ဆံအလုံအလောက်ရှိပြီးသားပဲလေ”

“မင်းက တကယ်ကို ရက်စက်တာပဲ”

ဖန်းကန်းက သူတို့၏အမူအရာများအား လစ်လျူရှုကာ ပြုံးရင်း သူ့လက်ထဲရှိ စီးကရက်အား မီးညှိလိုက်၏။

ကရင်း…ကရင်း…ကရင်း…

စားပွဲပေါ်ရှိ ဖုန်းတစ်လုံးက ရုတ်တရက် မြည်လာပြီး ဖန်းကန်းက လျင်မြန်စွာ ကိုင်လိုက်သည်။ စခရင်ပေါ်ရှိ နံပါတ်အား ကြည့်ပြီး မရင်းနှီးသည်ကို သူ သိလိုက်၏။ သူက ငြင်းပယ်မည်ပြင်စဉ် ညစာစားရန်အတွက် အိမ်သို့ မပြန်ရသေးသလို သူ့ဇနီးအား‌ ပြောရန် မေ့နေသည်ကို သတိရလိုက်သည်။ ထို့ကြောင့် ဤဖုန်းအား လက်ခံပြီးနောက် သူ့ဇနီးအား ဆက်ရန် စီစဉ်လိုက်၏။

“ဖန်းကန်းပါ၊ ဘယ်သူပါလဲ”

“ငါပါ”ဝံပုလွေခေါင်း၏နက်ရှိုင်းသောအသံက ဖုန်းမှ ပြန်ဖြေလာသည်။

အသံက ဖန်းကန်းအား တစ်စက္ကန့်ကြာ မှင်တက်သွားစေသည်။ ရင်းနှီးသလို ခံစားရသော်လည်း ဘယ်သူ့အသံမှန်း မမှတ်မိနိုင်ပေ။ ခဏကြာ တုံ့ဆိုင်းပြီးနောက် သူက မေးလိုက်သည် “မင်းက ဘယ်သူလဲ”

“ဝံပုလွေခေါင်း”အသံက ပြန်ဖြေ၏။

ဖန်းကန်းက တစ်ခုခုအား ရုတ်တရက် သတိရကာ သူ့အမူအရာက အပြင်းအထန်ပြောင်းလဲသွား၏။ သူက စားပွဲအား ရုတ်ချည်း တွန်းကာ ချက်ချင်း ထရပ်လျက် အော်လိုက်သည် “မင်းက…ခေါင်းဆောင်လား”

“ငါပဲ”

ဖန်းကန်း၏မျက်နှာက ချက်ချင်း နီရဲသွားပြီး သူက စိတ်လှုပ်ရှားစွာ အော်လိုက်သည် “မင်း အခုဘယ်မှာလဲ…ခေါင်းဆောင်။ ဒီနှစ်တွေမှာ ငါ မင်းကို တကယ် သတိရနေတာ”

သူ့အမူအရာကို မြင်ပြီး အနားရှိ လူသုံး‌ယောက်က အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့၏မျက်လုံးထဲတွင် ဖန်းကန်းက အမြဲတမ်း တည်ငြိမ်သောလူတစ်ယောက်ဖြစ်၏။ ယခု သူက ထိန်းချုပ်မှုဆုံးရှုံးသည်ကို သူတို့က ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။

“ငါက ကျန့်မြို့ကို အခုပဲ ရောက်လာတာ။ မင်းမှာ ငါတို့တွေ့ဖို့ နေရာရှိလား”

ဖန်းကန်းက အပြင်ဘက်သို့ ခေါင်းပြူကြည့်ကာ ကမန်းကတန်း မေးလိုက်သည် “အခု မင်းက ကျန့်မြို့မှာလား။ ဒါ အရမ်းကောင်းတယ်။ ငါက ယွိဟုန်လမ်းမှာ ရှိတယ်။ မင်းက ဘယ်မှာလဲ။ ငါ မင်းဆီ ချက်ချင်း လာခဲ့မယ်”

“ငါ့ဆီ စာရိုက်ပို့လိုက်ပါ၊ ငါ မင်းနေရာဆီ လာခဲ့မယ်”

“ကောင်းပါပြီ…”

ဖန်းကန်းက ဖုန်းချကာ လျင်မြန်စွာ စာရိုက်ပို့လိုက်သည်။ ထို့နောက် အခန်းထဲသို့ ပြန်ဝင်လာ၏။ သူ့စိတ်လှုပ်ရှားမှုအား ဖိနှိပ်ရင်း သူက နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည် “အရေးတကြီး လုပ်စရာရှိတာကြောင့် ငါ မာကျောက်မကစားနိုင်တော့ဘူး၊ ညီအကိုတို့။ နောက်ကျမှ တောင်းပန်တဲ့အနေနဲ့ ငါ မင်းတို့ကို စားသောက်ပွဲစီစဉ်ပေးမယ်”

တက်တူးနှင့်လူက သိလိုစိတ်နှင့်‌‌ မေးလိုက်သည် “မင်းရဲ့စိတ်ကိုတောင် လွတ်သွားစေတာဆိုတော့ အဲဒီလူက ဘယ်သူလဲ၊ အကိုကန်း”

“မတွေ့ရတာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်တဲ့ သူငယ်ချင်းဟောင်းတစ်ယောက်”ဖန်းကန်းက ဖြေလိုက်သည် “သူက ကျန့်မြို့ကို အခုမှ ရောက်လာတာ၊ ငါ သူနဲ့ တွေ့ဖို့ လိုအပ်တယ်”

“အာ၊ ငါ သိပြီ”

ထိုလူများက ဘာမှ ထပ်မပြောတော့ဘဲ ထွက်ခွာသွားကြသည်။

သူ့မိတ်ဆွေသုံးယောက်အား လိုက်ပို့ပြီးနောက် ဖန်းကန်းက အလွန်စိတ်လှုပ်ရှားစွာနှင့် ဖုန်းနံပါတ်တစ်ခု ခေါ်ကာ ကျယ်လောင်စွာ ပြောလိုက်သည် “ဟေး၊ လူအိုကြီးဝေ့၊ မင်း သိမ်းထားတဲ့ နတ်ဘုရားဝတ်ရည်ဝိုင်ကို ငါ့ကို ပို့လိုက်ပါ။ သူတို့အတွက် တန်ဖိုးရဲ့ဆယ်ဆ ငါ ပိုပေးမယ်”

“ချီး၊ မင်း ငရဲမှာ သွားပြော။ ငါ့မှာ နှစ်ပုလင်းပဲ ကျန်တော့တာ…”

“ကျေးဇူးပြုပြီး လူအိုကြီးဝေ့။ မင်းရဲ့ညီအကိုက တောင်းပန်တယ်လို့ မှတ်ယူပေးပါ”ဖန်းကန်းက ကျယ်လောင်စွာ ပြောလိုက်သည် “ဒီနေရာမှာ အလွန်အရေးကြီးတဲ့ညီအကိုတစ်ယောက်ကို ငါ ဧည့်ခံရမယ်၊ ဒါကြောင့် နတ်ဘုရားဝတ်ရည်ဝိုင်ကို ငါ လိုအပ်တယ်။ အဲဒါ အရမ်းအရေးကြီးတယ်။ ငါ မင်းကို အကြွေးတင်တယ်လို့ မှတ်ပေးပါ”

ထိုလူက စက္ကန့်အနည်းငယ်ကြာ နှုတ်ဆိတ်သွားပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်သည် “ကောင်းပြီ၊ ငါ တစ်ယောက်ယောက်နဲ့ မင်းဆီ ပို့ခိုင်းလိုက်မယ်”

ဖန်းကန်းက ဖုန်းချလိုက်ပြီးနောက် နောက်ထပ်နံပါတစ်ခုအား ခေါ်ကာ လျင်မြန်စွာ ပြောလိုက်သည် “ငါ့ဆီ တောင်ရှန်းဟင်းနဲ့အခြားဟင်းဆယ့်ရှစ်ပွဲ ပို့ပေး။ အခုချက်ချင်းပို့ပေးဖို့ မမေ့နဲ့”

‘ကောင်းပါပြီ”

သူက ဆက်တိုက်ဖုန်းခေါ်သည်။ အမိန့်အချို့ပေးပြီးနောက် သူက ပထမအထပ်သို့ လာကာ မန်နေဂျာထံ သွား၏။ “အရေးကြီးဧည့်သည်တော်တစ်ယောက် ငါတို့နေရာကို မကြာခင် ရောက်လာမယ်။ သူ ရောက်လာပြီးရင် တတိယထပ်ကို ပိတ်ထားဖို့ တစ်ယောက်ယောက်ကို တာဝန်ပေးလိုက်။ ငါ့ခွင့်ပြုချက်မရှိဘဲ တစ်ယောက်မှ အပေါ်တက်ခွင့်မရှိဘူး”

နာရီဝက်ကြာပြီးနောက် ဖန်းကန်းက ယွိဟုန်လမ်းကြားတွင် ရပ်ကာ မျက်လုံးများက အဝေးရှိ လမ်းမသို့ ငေးကြည့်နေရင်း ကျည်ဆံမိုးနှင့်ယမ်းနံ့များအောက်တွင် သူ့ဘဝရှိ အတောက်ပဆုံးအခိုက်အတန့်အား ပြန်လည်အမှတ်ရနေ၏။

ရိုင်ဖယ်တစ်လက်ကိုင်လျက် ရန်သူများအား ပစ်ခတ်ကာ…

ကံမကောင်းစွာနှင့် ကံကြမ္မာက မျက်နှာသာ မပေးခဲ့သဖြင့် ရိုင်ဖယ်အား စွန့်လွှတ်ခဲ့ရသည်၊ ရဲဘော်ရဲဘက်ညီအကိုများနှင့် ခွဲခွာခဲ့ရသည်။

ခြောက်နှစ်ရှိပြီ။ အချိန်သာ ကုန်လွန်လာခဲ့သော်လည်း သူ၏ညီအကိုခံစားချက်က ဘယ်တော့မှ မလျော့ဘဲ တစ်နေ့ပြီးတစ်နေ့ သူတို့အား သတိရလွန်းသဖြင့် ပိုတောင် ပြင်းထန်လာ၏။

ရုတ်တရက် သူ့ပုံရိပ်က အနည်းငယ် တုန်ယင်သွားပြီး စိတ်လှုပ်ရှားသောအမူအရာတစ်ခုက သူ့မျက်လုံးများထဲမှ လျှံကျလာသည်။ လူနှစ်ယောက်လျှောက်လာနေသော အနီးနားရှိ လမ်းထောင့်သို့ သူက ကြည့်လိုက်သည်၊ သူတို့ထဲမှတစ်ယောက်က သူ၏ညီအကိုဟောင်းနှင့်ယခင်ခေါင်းဆောင်ဝံပုလွေခေါင်းဖြစ်၏။

ထိုအချိန်တွင် မျက်လုံးမှ မျက်ရည်တို့ လိမ့်ကျလျက် ဖန်းကန်းက ဝံပုလွေခေါင်းထဲ ပြေးသွားကာ သူ့အား စက္ကန့်အနည်းငယ်ကြာ ပွေ့ဖက်လိုက်သည်။ နှစ်ယောက်စလုံး၏လက်သီးက တစ်ယောက်နောက်ကျောတစ်ယောက်ထိထားသော်ငြား တစ်ယောက်မှ စကားမပြောကြပေ။

ထန်ရှုက သူတို့အား တစ်ချက်ကြည့်လိုက်ပြီး သူ့မျက်လုံးများက ဖန်းကန်း၏ညာဘက်ခြေထောက်ပေါ်သို့ ကျရောက်သွား၏။ သူ၏အမြင်အာရုံအရ ထိုလူ၏ညာခြေထောက်က ပြဿနာဖြစ်နေသည်ကို မြင်နိုင်၏။ ဖန်းကန်း၏အရှိန်က အလွန်မြန်သော်ငြား လှုပ်ရှားမှုများက အတော်လေးသဘာဝမကျပေ။

“ခေါင်းဆောင်”

နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် လွှတ်ပြီးနောက် ဖန်းကန်းက နီရဲသောမျက်လုံးများနှင့် ပြောလိုက်သည် “ငါတို့ညီအကိုတွေ မတွေ့ရတာ ခြောက်နှစ်နဲ့သုံးလရှိပြီ။ ဒီနှစ်တွေမှာ မင်းနဲ့ကျန်တဲ့ညီအကိုတွေကို တွေ့ဖို့ ငါ အမြဲတမ်း အိပ်မက်မက်နေတာ”

စကားလုံးများက ဖန်းကန်း၏နှလုံးသားထဲမှ လာသည်ကို ဝံပုလွေခေါင်းက ခံစားနိုင်သည်။ သူက ဖန်းကန်း၏ပခုံးအား ပုတ်ကာ နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည် “ဝူလေး၊ ကျွမ်းကြီး၊ ချမ်းကလေး၊ အာလုံ၊ တုန်ပိုင်လေး…သူတို့အားလုံး သေသွားပြီ၊ ကျန်တဲ့လူတွေက သူတို့ရဲ့လမ်းနဲ့ သူတို့ရှိနေပြီ”

ဝူလေး၊ ကျွမ်းကြီး၊ ချမ်းကလေး၊ အာလုံ၊ တုန်ပိုင်လေး…သွားကုန်ပြီလား။

ဖန်းကန်းက ရုတ်တရက် မော့ကြည့်လိုက်ပြီး မျက်ရည်များအား မထိန်းချုပ်နိုင်တော့ပေ။ အချိန်အချို့ကြာပြီးနောက် သူက အနည်းငယ်အက်ကွဲသောအသံနှင့် မေးလိုက်သည် “ကျန်တဲ့ညီအကိုတွေကရော ဘယ်လိုလဲ။ သူတို့က ဘယ်နေရာမှာလဲ”

ဝံပုလွေခေါင်းက ထန်ရှုဘက် လှည့်ကြည့်ကာ ခေါင်းခါယမ်းလျက် ပြောလိုက်သည် “မင်းကို သူနဲ့ မိတ်ဆက်ပေးမယ်၊ ကန်း။ သူက ငါ့သူဌေးထန်ရှုပဲ၊ အသက်ရှင်နေသေးတဲ့ကျန်တဲ့ငါတို့ညီအကိုတွေရဲ့သူဌေးလဲ ဟုတ်တယ်”

မယုံကြည်နိုင်သောအကြည့်တစ်ခုက ဖန်းကန်း၏မျက်နှာပေါ်တွင် ထွက်ပေါ်လာသည်။ သူက ထန်ရှုအား ကြည့်ပြီးနောက် ဝံပုလွေခေါင်းဘက် ပြောင်းလိုက်သည်။ ဝံပုလွေခေါင်းက သူ့အား ခေါင်းညိတ်ပြသည်ကို မြင်ပြီးနောက် သူက ပြောလိုက်၏ “ထန်ရှု၊ ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းရဲ့ပိုင်ရှင်နဲ့ တရုတ်ရဲ့လူငယ်နတ်ဆေးဆရာအဖြစ် ကျော်ကြားတဲ့သူလား။ သူဌေးထန်၊ ငါက ဖန်းကန်း၊ ဝံပုလွေခေါင်းနဲ့အခြားသူတွေရဲ့သေဖော်ရှင်ဖက်ညီအကိုပဲ”

ထန်ရှုက သူ့အား လက်ခါပြကာ ပြုံးလိုက်သည် “အခုဆိုရင်ရော”

အခုလား။

ဖန်းကွမ်းက ထန်ရှု၏အဓိပ္ပါယ်အား ချက်ချင်း သဘောပေါက်သည်။ သူက တစ်ချက်စိုက်ကြည့်ပြီးနောက် နက်ရှိုင်းသောအသံနှင့် ပြန်ပြော၏ “အတိတ်၊ လက်ရှိ၊ ဒါမှမဟုတ် အနာဂတ်မှာဖြစ်စေ၊ သူတို့က အမြဲတမ်း ငါ့ရဲ့ညီအကိုတွေပဲ။ ငါတို့က သေလဲအတူ၊ ရှင်လဲအတူပဲ”

ထန်ရှုက သူ့ပခုံးအား ပုတ်ကာ ပြုံးလျက် ပြောလိုက်သည် “ကောင်းပါပြီ၊ ကျေးဇူးပြုပြီး လမ်းပြပါ။ ငါတို့က မင်းရဲ့ဧည့်သည်တွေပဲ။ မင်းက ငါတို့ကို လမ်းပေါ်မှာပဲ စကားပြောခိုင်းမှာတော့ မဟုတ်ဘူးမလား”

ဖန်းကန်းက ရုတ်တရက် သဘောပေါက်ကာ တောင်းပန်သောမျက်နှာနှင့် ဝံပုလွေခေါင်းအား လှည့်ကြည့်ကာ ပြောလိုက်သည် “စားဖွယ်နဲ့ဝိုင်တွေက အသင့်ပဲ။ ငါနဲ့ လိုက်လာပါ”

ဖန်းကန်းဘေးနားမှ လိုက်လာရင်း ထန်ရှု၏မျက်လုံးများက ထိုလူ၏ခြေထောက်ထံ ထပ်ရောက်သွားကာ မေးလိုက်သည် “ငါ ထင်တာ မှန်ရင် မင်းရဲ့ညာခြေထောက်က ခြေတုတပ်ထားတာဖြစ်ရမယ်”

ဖန်းကန်း၏အမူအရာက ပြောင်းလဲသွားပြီး သူက ခေါင်းညိတ်ပြလိုက်၏။

“ကောင်းပြီလေ၊ ဒါက ငါတို့ရဲ့တွေ့ဆုံမှုပထမဆုံးအကြိမ်ဆိုတော့ ငါ မင်းရဲ့ခြေထောက်ကို ကုသပေးမယ်”

ဖန်းကန်းက သူ့အရှိန်အား ရပ်ကာ ထန်ရှု၏မျက်လုံးများအား အချိန်အနည်းငယ်ကြာ တည့်တည့်ကြည့်လိုက်သည်။ ထို့နောက် သူက အားတင်းပြုံးလျက် ခေါင်းခါယမ်းလိုက်သည် “ကျေးဇူးပြုပြီး ငါ့ကို ဟာသမလုပ်ပါနဲ့၊ သူဌေးထန်။ ငါ့ခြေထောက်က သွားလိုက်ပြီ၊ ဒါကို ဘယ်လိုပြန်ပေါက်အောင် လုပ်လို့ရနိုင်မှာလဲ။ ဒါပေမယ့် မင်းရဲ့ရည်ရွယ်ချက်ကောင်းအတွက် ကျေးဇူးတင်ပါတယ်”

All Chapters