← Chapters

လွင့်မျောနှင်းရဲတိုက်

Vol. 82 Ch. 1147

လွင့်မျောနှင်းရဲတိုက်

Vol. 82 Ch. 1147

ထန်ရှုက ခပ်ဖျော့ဖျော့သာ ပြုံးလိုက်ပြီး ဖန်းကန်း၏ခြေထောက်အား အမှန်တကယ် ကုသနိုင်ကြောင်းကို အသေးစိတ်ပြောပြမနေတော့ပေ။ သူ့နိယာမအရ ယုံကြည်ရန်မယုံကြည်ရန် ထိုလူကိုယ်တိုင်က ရွေးချယ်ရမည်ဖြစ်သည်။ ထိုလူက မရွေးချယ်သောကြောင့် အခွင့်အရေးတစ်ခု ဆုံးရှုံးသွားနိုင်သည်။ ထို့ကြောင့် ဖန်းကန်းက သူ့ကိုယ်သူသာ အပြစ်တင်ရပေမည်။

အက်ဖ်အယ်လ်အာမိုတယ်၏တတိယထပ်တွင် မန်နေဂျာရုံးခန်းက ရှင်းလင်းသန့်ရှင်းထားပြီဖြစ်ပြီး ဆေးလိပ်ငွေ့များ ရှိမနေတော့ပေ။

ရုံးခန်းအလယ်ရှိဆိုဖာနှင့်စားပွဲအား ထောင့်သို့ ရွှေ့ထားပြီး သားရေကုလားထိုင်လေးလုံးနှင့် ထောင့်မှန်စတုဂံပုံထမင်းစားစားပွဲတစ်ခုနှင့် အစားထိုးထားသည်။ အရောင်အနံ့စုံသည့်ဟင်းပွဲများနှင့် နတ်ဘုရားဝတ်ရည်ဝိုင်နှစ်ပုလင်းအား စားပွဲပေါ်တွင် တည်ခင်းထား၏။

“ကျေးဇူးပြုပြီး ထိုင်ပါ၊ လူကြီးမင်းတို့”

ဖန်းကန်းက ကုလားထိုင်အား ဆွဲယူကာ ဝံပုလွေခေါင်းမှ အရင်ထိုင်စေရန် လက်ပြလိုက်သည်။ ဝံပုလွေခေါင်းက ထန်ရှု၏လက်အောက်တွင် အလုပ်လုပ်ရန် ဘာကြောင့် ဆန္ဒရှိသည်ကို သူ အလွန်ပဟေဠိဖြစ်သော်လည်း ဤလူငယ်က သူ့ယခင်ခေါင်းဆောင်၏လက်ရှိသူဌေးဖြစ်သော်ငြား သူ့အနေနှင့် ထန်ရှုအား ရိုသေလေးစားမှုပြရန် ခက်ခဲသည်။

ဝံပုလွေခေါင်းက အနည်းငယ် ခေါင်းခါယမ်းလိုက်ပြီး ထန်ရှုအတွက် ကုလားထိုင်ဆွဲယူပေးလိုက်သည်။ ထန်ရှုထိုင်ပြီးမှ သူက ထန်ရှုဘေးနားတွင် ထိုင်လိုက်သည်။ ထို့နောက် မျက်နှာချင်းဆိုင်တွင် မျက်မှောင်ကြုတ်ကာ ထိုင်နေသော ဖန်းကန်းအား ကြည့်ကာ သူက စပြောလိုက်သည် “ကန်း၊ မင်းရဲ့ညီအကိုက မင်းဆီ နှစ်ပေါင်းများစွာ လာမလည်တာက ငါ့မှာ ငါ့ရဲ့ကိုယ်ပိုင်အကြောင်းပြချက်တွေရှိလို့ပဲ။ ဒါပေမယ့် မင်းက အမြဲတမ်း ငါ့ရဲ့ညီအကိုပဲ၊ စစ်တပ်ထဲမှာပဲဖြစ်ဖြစ်ဒါမှမဟုတ်လက်ရှိလူ့အသိုင်းအဝိုင်းမှာပဲဖြစ်ဖြစ် ကိစ္စမရှိဘူး”

“ငါ နားလည်ပါတယ်”ဖန်းကန်းက ခေါင်းညိတ်လိုက်သည်။

“အတိတ်နေ့ရက်ဟောင်းတွေကို သတိရတာက ငါ ဒီနေ့ ဒီနေရာကို လာတဲ့အကြောင်းပြချက်တစ်ခုမျှပဲ။ အခြားတစ်ခုလဲ ရှိတယ်။ ငါ့သူဌေးက မင်းနဲ့ ပတ်သက်ပြီး တစ်ခုခု သိချင်တယ်။ သူ မင်းရဲ့ခြေထောက်ကို ကုသနိုင်တယ်လို့ ပြောခဲ့တာ အပါအဝင် ငါ့သူဌေးပြောသမျှ စကားလုံးတိုင်းကို မင်း အလေးအနက်ထားစေချင်တယ်”

ဖန်းကန်းက ထန်ရှုအား ထူးဆန်းသောအကြည့်နှင့် တစ်ချက်ကြည့်ကာ ရှုံ့မဲ့ပြုံးလိုက်သည် “ငါ သူဌေးထန်ကို မယုံကြည်လို့တော့ မဟုတ်ဘူး၊ ခေါင်းဆောင်။ ငါ့ရဲ့ခြေထောက်က…ငါ့ရဲ့ဒဏ်ရာနဲ့ ပတ်သက်ပြီး မင်းလဲ သိပါတယ်။ ကောင်းကင်ဘုံအင်မော်တယ်တွေကလွဲပြီး တစ်ယောက်မှ ငါ့ခြေထောက်ကို ပြန်ပေါက်အောင် မလုပ်နိုင်ဘူး”

“ငါ ပြောခဲ့သလိုပဲ၊ ငါ့သူဌေးကို ယုံကြည်လိုက်ပါ”ဝံပုလွေခေါင်းက လေးလံသောအသံနှင့် ပြောလိုက်သည်။

“ဒါက…”

ဖန်းကန်းက အကူအညီမဲ့သလို ခံစားရပြီး အနည်းငယ်လက်မခံချင်ခဲ့သော်ငြား သူက ခေါင်းညိတ်လိုက်၏။

ထန်ရှုက ဝံပုလွေခေါင်း၏ပခုံးအား ပုတ်ကာ ခပ်ဖျော့ဖျော့ပြုံးလျက် ပြောလိုက်သည် “မင်းရဲ့ဂရုတစိုက်စဉ်းစားပေးတာကို ငါ နားလည်နိုင်ပါတယ်၊ ဝံပုလွေခေါင်း။ သူက ငါ့ကို စမ်းသပ်စေချင်တယ်ဆိုရင် ငါ သူ့ကို ကုသပေးမယ်။ ဒါပေမယ့် အခု ဒါကို ရပ်လိုက်တော့၊ နောက်ကျရင် ငါတို့က နေရာများစွာကို သွားဖို့ လိုသေးတယ်။ လက်ရှိမှာ လုပ်ငန်းကိစ္စကိုပဲ တန်းသွားကြတာပေါ့”

ဝံပုလွေခေါင်းက ခေါင်းညိတ်ကာ တုံ့ပြန်လိုက်သည်။ ထို့နောက် သူက ဖန်းကန်းအား ကြည့်ကာ ပြောလိုက်၏ “ကန်း၊ ငါ့သူဌေး ဒီမြို့ကို လူကိုယ်တိုင်လာတယ်ဆိုတာက ဟဲစီရင်စုရဲ့အနေအထားနဲ့ ပတ်သက်ပြီး မင်းဆီကနေ သူ နားလည်ချင်လို့ပဲ၊ အစိုးရဖြစ်စေ၊ စီးပွားရေးလောကဖြစ်စေ၊ မြေအောက်အဖွဲ့အစည်းဖြစ်စေ အကုန်ပေါ့။ မင်းက ဖန်းမိသားစုကပဲ၊ ဒါကြောင့် ဒါနဲ့ပတ်သက်ပြီး မင်း ရှင်းရှင်းလင်းလင်း သိမှာပါ”

“အာ”ဖန်းကန်းက ခေါင်းရှုပ်သွားကာ မေးလိုက်သည် “ဘာလို့ အဲဒီအရာတွေနဲ့ ပတ်သက်ပြီး မေးချင်ရတာလဲ”

“ကန်း၊ မင်းရဲ့ညီအကိုအနေနဲ့ ငါ့သူဌေးမှာ သူ့ရဲ့ကိုယ်ပိုင်အကြောင်းပြချက်ရှိတယ်လို့ပဲ ငါ ပြောနိုင်တယ်။ ဒါကို လျှို့ဝှက်ထားတယ်၊ ဒါကြောင့် လက်ရှိအချိန်မှာ ငါတို့က ဘယ်သူ့ကိုမှ ပြောလို့မရဘူး”ဝံပုလွေခေါင်းက ပြောလိုက်သည် “အတိတ်တုန်းကလိုပေါ့။ ငါတို့မမေးသင့်တာကို မမေးနဲ့၊ မဟုတ်ရင် အဲဒါက မင်းအတွက် ပြဿနာတွေ ဖြစ်စေလိမ့်မယ်”

ဖန်းကွမ်းက မျက်မှောင်ထပ်ကြုတ်လိုက်သည်။ သူ့ညီအကိုက အတော်ကလေး ပြောင်းလဲသွားသည်ကို ပြောနိုင်သောကြောင့် သူက အနည်းငယ် ဝမ်းနည်းသလို ခံစားမိသော်ငြား သူက သူ့မျက်နှာပေါ်တွင် မပြဘဲ သူ့ညီအကိုသာ ကြည့်ကာ ဖြည်းဖြည်းချင်း‌ ပြောလိုက်သည် “ဟဲစီရင်စုရဲ့စွမ်းအားဖွဲ့စည်းပုံက အတော်လေးရှုပ်ထွေးတယ်။ လူအချို့က ထိပ်ပိုင်းပုဂ္ဂိုလ်တွေနဲ့ တိုက်ရိုက်ဆက်စပ်မှုရှိတယ်၊ မိသားစုအချို့က နက်ရှိုင်းသောအမွေအနှစ်နဲ့နောက်ခံရှိတယ်၊ အချို့အရေးပါတဲ့အရာရှိတွေနဲ့နိုင်ငံရေးသမားတွေကိုတော့ နယ်မြေအပြင်ဘက်က စွမ်းအားအချို့က နောက်ခံပေးထားတယ်။ အတိုချုပ်ပြောရရင် ဒါကို ရှင်းရှင်းလင်းလင်း ရှင်းပြဖို့က အတော်လေး ခက်ခဲတယ်။ ကျုပ်က ကျန့်မြို့က အနေအထားနဲ့ ပတ်သက်ပြီး အတော်ကလေး ရင်းနှီးပေမယ့် စီရင်စုတစ်ခုလုံးက အနေအထားကိုတော့ အပြည့်အဝနားမလည်ဘူး”

“ခင်ဗျားရဲ့ဖန်းမိသားစုကိုရော ဘယ်လိုထင်လဲ။ ခင်ဗျားတို့ရဲ့စွမ်းအားက ဒီဟူစီရင်စုမှာ ထိပ်ဆုံးငါးခုထဲ ဝင်နိုင်လား”ထန်ရှုက မေးလိုက်သည်။

“ထိပ်ဆုံးငါးခုလား”ထူးဆန်းသောအမူအရာတစ်ခုက ဖန်းကန်း၏မျက်နှာပေါ်တွင် ထွက်ပေါ်လာပြီး သူက ခြောက်ကပ်ကပ်ပြုံးလျက် ပြန်ဖြေသည် “ထိပ်ဆုံးငါးခုမပြောနဲ့၊ ထိပ်ဆုံးနှစ်ဆယ်ထဲ ဝင်နိုင်တာကတင် ကျုပ်တို့အတွက် အရမ်းကြီးကျယ်နေပြီ”

မကျေမနပ်ဖြစ်သောအကြည့်တစ်ခုက ထန်ရှု၏မျက်လုံးများထဲ၌ လက်သွားသည်။ “ဒါဆို မင်း သိထားတာအရ ဟူစီရင်စုရဲ့ထိပ်ဆုံးမိသားစုငါးခုကို ပြော”

ဖန်းကန်းက ခဏစဉ်းစားပြီးနောက် ခေါင်းခါယမ်းလိုက်သည် “ထိပ်ဆုံးငါးခုကိုတော့ ကျုပ် အတိအကျ မပြောနိုင်ဘူး၊ ဒါပေမယ့် ထိပ်ဆုံးသုံးခုကိုတော့ ကျုပ် သေချာပေါက် ပြောနိုင်တယ်။ ဟဲစီရင်စုရဲ့ပထမမိသားစုက ကျူးတွေပဲ။ သူတို့မှာ ဂျူနီယာတွေနဲ့ ရှေးဟောင်းသိုင်းပညာရှင်တွေအများကြီးရှိတယ်။ စီးပွားရေးမှာပဲဖြစ်ဖြစ်ဒါမှမဟုတ်နိုင်ငံရေးမှာပဲဖြစ်ဖြစ် ခင်ဗျားက သူတို့မျိုးဆက်တွေထဲကတစ်ယောက်နဲ့ တွေ့ဖို့ မျှော်လင့်ထားနိုင်တယ်။ ပတ်ဝန်းကျင်စီရင်စုတွေမှာတောင် သူတို့ကို တွေ့နိုင်တယ်။ ဒါကြောင့် ကျူးတွေက ဟဲစီရင်စုမှာ ပထမရဖို့ ထိုက်တန်တယ်လို့ ကျုပ် ပြောနိုင်တာ”

“ရယ်လုတွေက ဒုတိယနောက်လိုက်တယ်။ သူတို့က ရှင်းမြို့ကပဲ။ အဲနေရာက မိုးမျှော်တိုက်က သူတို့ရဲ့ဟာပဲ၊ ပြီးတော့ ဒီမိသားစုရဲ့လက်အောက်မှာ အခြားစက်ရုံတွေ မရေမတွက်များစွာ ရှိတယ်၊ ဒါတွေကပဲ သူတို့ရဲ့ကြောက်စရာအကောင်းဆုံးငွေထုတ်စက်ဖြစ်လာတာ”

“လွင့်မျောနှင်းရဲတိုက်ကတော့ ၎င်းရဲ့သခင်နဲ့ ပတ်သက်ပြီး ကျုပ် မသိဘူး၊ ဒီလူက အများရှေ့ကို ထွက်လာခဲတယ်။ ဒါပေမယ့် ဒုရဲတိုက်သခင်ရွှယ်မုံ့တျဲကတော့ ဟဲစီရင်စုက ဖျော်ဖြေရေးနေရာတွေနဲ့သယ်ယူပို့ဆောင်ရေးလုပ်ငန်းရဲ့ခုနှစ်ဆယ်ရာခိုင်နှုန်းကို ပိုင်ဆိုင်တယ်၊ ဒါတွေအားလုံးက လွင့်မျောနှင်းရဲတိုက်ရဲ့ထိန်းချုပ်မှုအောက်ကပါပဲ။ သူတို့က စီရင်စုရဲ့အကြီးမားဆုံးလုံခြုံရေးကုမ္ပဏီကိုလဲ ပိုင်ဆိုင်တယ်။ ဟဲစီရင်စုရဲ့မြို့တိုင်းမှာရှိတဲ့ရဲချုပ်တွေက လွင့်မျောနှင်းရဲတိုက်နဲ့ ခွဲခြားလို့မရအောင် ဆက်စပ်တယ်”

“ဒီသုံးဖွဲ့က ဘယ်လောက်ထိ နက်ရှိင်းသလဲဆိုတာ ငါ မသိဘူး၊ ဒါပေမယ့် သေချာတာကတော့ သူတို့အားလုံးမှာ ရှေးဟောင်းသိုင်းပညာရှင်တွေနဲ့အတူ သူတို့ရဲ့ကိုယ်ပိုင်စစ်တပ်ရှိတယ်ဆိုတာပဲ”

ထန်ရှု၏မျက်လုံးများက လက်သွားပြီး ဖန်းကန်းက ပြောနေရင်း သူက အတွေးများနေသည်။ သူက ကျူးနှင့်ရယ်လုတို့အား အများကြီးစိတ်မဝင်စားပေ၊ သို့သော် ဖန်းကန်း၏ရှင်းပြချက်တွင် မသေချာသောအချက်များစွာ ပါရှိသောကြောင့် လွင့်မျောနှင်းရဲတိုက်က သူ၏သိလိုစိတ်အား နှိုးဆော်စေသည်။

ထို့ပြင် လွင့်မျောနှင်းရဲတိုက်က မျက်လုံးနှင့်မြင်နိုင်သည်ထက် ပိုမှန်း သူက ပြောနိုင်သည်။ အခြားစွမ်းအားများနှင့် ဆက်နွယ်မှုမရှိလျှင် သူ့အတွက် အလုပ်လုပ်ပေးရန် ဤလွင့်မျောနှင်းရဲတိုက်အား အသုံးပြုနိုင်သည်။ ထို့ပြင် ၎င်းရဲတိုက်၏သခင်က ဘယ်သူလဲကို သူက သိချင်၏။

ထန်ရှုက စီးကရက်တစ်လိပ် မီးညှိကာ ဖြည်းဖြည်းချင်း‌‌ မေးလိုက်သည် “ဒီလွင့်မျောနှင်းရဲတိုက်က ဘယ်နေရာမှာ ရှိလဲဆိုတာ မင်း သိလား”

“လျန်ယင်းကောင်တီ”ဖန်းကန်းက ပြန်ဖြေသည်။

“ဒီလွင့်မျောနှင်းရဲတိုက်က ကျန့်မြို့ရဲ့နယ်နိမိတ်ထဲမှာ ရှိတယ်လို့ မင်း ဆိုလိုတာလား”ထန်ရှုက အံ့အားသင့်စွာနှင့် မေးလိုက်သည် “သူတို့အားလုံးက ကျူးတွေလို ဒေသခံပဲလား”

“ဟုတ်တယ်”ဖန်းကန်းက ခေါင်းညိတ်လိုက်၏။

“ကျားနှစ်ကောင် တစ်တောင်တည်း မဝေမျှနိုင်ဘူးလို့ လူတွေက ပြောကြတယ်၊ ဒါပေမယ့် သူတို့နှစ်ဖွဲ့လုံးက ကျန့်မြို့မှာ အခြေစိုက်ထားကြတယ်၊ ပြီးတော့ တစ်ချိန်တည်းမှာလဲ သူတို့ကိုယ်သူတို့ တိုးတက်အောင် လုပ်ကြတယ်”ထန်ရှုက မျက်လုံးစောင်းငဲ့လျက် မှတ်ချက်ပြုလိုက်သည် “ဒီအနေအထားက ငါ့အတွက် အတော်လေးစိတ်ဝင်စားစရာကောင်းတာပဲ။ ကျူးတွေက လွင့်မျောနှင်းရဲတိုက်နဲ့ ပတ်သက်ပြီး အသေးစိတ်သိမယ်လို့ မင်း ထင်လား”

“သူတို့က ငါ့ထက်တော့ အများကြီး ပိုသိလောက်မယ်”ဖန်းကန်းက အလေးအနက် ပြောလိုက်သည် “ကျူးတွေက အရမ်းသန်မာပြီး လွင့်မျောနှင်းရဲတိုက်နဲ့လဲ ပွတ်တိုက်မှုအချို့ရှိတယ်။ လွန်ခဲ့တဲ့ဆယ်နှစ်က ထိပ်တိုက်တွေ့ဆုံမှုကြောင့် နှစ်ဖက်လုံးက ပြင်းထန်တဲ့တိုက်ခိုက်မှုမဖြစ်အောင် ထိန်းထားကြတယ်။ လွင့်မျောနှင်းရဲတိုက်သခင်က ထွက်လာပြီး အဲကတည်းက ကျူးတွေက လွင့်မျောနှင်းရဲတိုက်ကို ခက်ခဲအောင် ဘယ်တော့မှ မလုပ်တော့ဘူးလို့ ပြောကြတယ်။ ဒါပေမယ့် အဲတုန်းက ဘာဖြစ်ခဲ့သလဲဆိုတာကိုတော့ ငါ အတိအကျ မသိဘူး”

“ကျူးတွေရဲ့လက်ရှိခေါင်းဆောင်က ဘယ်သူလဲဆိုတာ မင်း သိလား”ထန်ရှုက မေးလိုက်သည်။

“ကျူးရှင်းဟဲ”ဖန်းကန်းက ဖြေလိုက်၏။

ထန်ရှုက ထရပ်ကာ ဝံပုလွေခေါင်း၏ပခုံးအား ပုတ်လိုက်သည်။ ထို့နောက် သူက ပေါ့ပေါ့ပါးပါးပြုံးကာ ပြောလိုက်၏ “မင်းတို့ညီအကိုတွေ စုံတွေဖို့ဆိုတာ မလွယ်ဘူးမလား။ သောက်နေခဲ့ကြ။ ငါ လုပ်စရာတစ်ခုရှိတယ်။ ဒီည ငါတို့ ဒီနေရာမှာပဲ နေကြမယ်”

“နားလည်ပါပြီ”ထန်ရှုက ဘာလုပ်မည်ကို နားလည်ကာ စကားအများကြီးမပြောတော့ဘဲ ဝံပုလွေခေါင်းက ခေါင်းညိတ်လိုက်၏။

ထန်ရှုပျောက်ကွယ်သွားရာ တံခါးမှ ဖန်းကန်းက သူ့အကြည့်အား ပြန်ရုတ်သိမ်းလိုက်သည်။ လေးမိနစ်ကြာပြီးနောက် သူက ဝံပုလွေခေါင်းအား ကြည့်ကာ အားတင်းပြုံးလိုက်၏ “မင်းက တစ်ယောက်ယောက်ရဲ့ဘော်ဒီဂတ်ဖြစ်လာမယ်လို့ ငါ ဘယ်တော့မှ မထင်ထားဘူး၊ ခေါင်းဆောင်”

“မဟုတ်ဘူး။ ငါက ဘော်ဒီဂတ်တစ်ယောက်မဟုတ်ဘူး”ဝံပုလွေခေါင်းက ခေါင်းခါယမ်းလိုက်သည်။

ဖန်းကန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည် “ဒါဆို ဘာလဲ”

ဝံပုလွေခေါင်းက ခဏနှုတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည် “ငါက မင်းနဲ့ မတူဘူး။ ငါက ကလေးဘဝကတည်းက မိဘမဲ့တစ်ယောက်ဖြစ်ခဲ့တယ်၊ ငါ ဆယ်ကျော်သက်အရွယ်မှာ စစ်တပ်ထဲကို ဝင်ခဲ့တယ်။ ကျည်ဆံမိုးနဲ့ မီးပင်လယ်ကို ဖြတ်သန်းပြီး ဘဝကို စွန့်စွန့်စားစားနဲ့ နေထိုင်ခဲ့တယ်။ သူ့နောက်ကို လိုက်မှပဲ ငါ့ရဲ့ယခင်ဘဝကို ပြန်ရနိုင်မှာ”

“မင်း ဘာပြောတာလဲ”ဖန်းကန်းက ရုတ်ချည်းထရပ်ကာ မယုံကြည်နိုင်စွာနှင့် ပြောလိုက်သည် “မင်းက သူ့အတွက် အလုပ်လုပ်ပေးတယ်ဆိုတာက အရင်ကလို စစ်မြေပြင်ထဲ ပြန်သွားနိုင်လို့လား။ သူက ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုရဲ့သူဌေးကြီးနဲ့ တရုတ်တိုင်းရင်းဆေးပညာရှင်တစ်ယောက်ပဲမလား”

ဝံပုလွေခေါင်းက သူ့အား လက်ဝှေ့ယမ်းပြကာ ထိုင်ခိုင်းလိုက်သည်။ ထို့နောက် သူက ဆက်ပြော၏ “ကန်း၊ မင်းက မင်းရဲ့အရင်ဘဝကို ပြန်သွားမှာ မဟုတ်ရင် သူနဲ့ ပတ်သက်ပြီး စုံစမ်းဖို့ ဘာတစ်ခုမှ မကြိုးစားနဲ့။ ဒါပေမယ့် ငါ မင်းကို တစ်ခုပြောနိုင်တာတော့ ရှိတယ်။ သူ့ရဲ့စွမ်းအားနဲ့ သူ့ရဲ့ကြောက်စရာကောင်းတဲ့ဘက်ခြမ်းက မင်းစိတ်ကူးယဉ်နိုင်တဲ့အရာတစ်ခုမဟုတ်ဘူး”

“ငါ့ကို တစ်ခုပဲ ပြောပါ၊ ခေါင်းဆောင်။ သူလုပ်တာတွေက အမှန်လားဒါမှမဟုတ်အမှားလား”ဖန်းကန်းက နက်ရှိုင်းသောအသံနှင့် မေးလိုက်သည်။

“တရားမျှတမှု”ဝံပုလွေခေါင်းက ဖြေလိုက်၏။

ဖန်းကန်းက စိတ်အေးသွားသည်။ သူ့ခေါင်းဆောင်က သူ့အား မလိမ်မှန်း သူ သိ၏။ ထို့နောက် သူက စက္ကန့်အနည်းငယ်ကြာ တွေးလိုက်၏။ ထို့နောက် သူ ပြောလိုက်သည် “ငါ မင်းတို့နဲ့ ပူးပေါင်းချင်တယ်၊ ခေါင်းဆောင်”

“ဒါဆို မင်းက အချိန်မရွေး သေဖို့ အသင့်ပြင်ထားရမယ်”ဝံပုလွေခေါင်းက ခေါင်းခါယမ်းလိုက်သည် “အခု ငါ မင်းကို တစ်ခုမေးမယ်။ အထူးတပ်ဖွဲ့ကနေ အနားယူပြီးနောက် မင်းက လက်ထပ်ခဲ့တာမလား။ မင်းမှာ ကြည့်ရှုစောင့်ရှောက်ရမယ့်ဇနီးနဲ့ကလေးတွေ၊ မိဘတွေ ရှိတယ်မလား။ ပြီးတော့ မင်းရဲ့လက်ရှိအထောက်အထားနဲ့အဆင့်အတန်းကို စွန့်ပစ်ပြီး ထွက်လာနိုင်မလား”

“ဒါက …”

ဖန်းကန်းက ခဏတုံ့ဆိုင်းသွားပြီးနောက် ခါးသီးသောမျက်နှာနှင့် ပြန်ဖြေလိုက်သည် “အချိန်အတော်ကြာခဲ့ပြီ။ ငါ့မှာ စွမ်းရည်တွေရှိသေးတယ်ဆိုပေမယ့် အရင်ကနဲ့ မယှဉ်နိုင်တော့ဘူး။ ဒါပေမယ့် ငါ ပြောနေတာက စိတ်ပိုင်းဆိုင်ရာပဲ၊ ခေါင်းဆောင်”

ဝံပုလွေခေါင်းက ပြုံးလိုက်သည် “မင်းက အဲဒါတွေကို မဖယ်ထုတ်နိုင်ရင် ကောင်းမွန်တဲ့ဘဝနဲ့ပဲ ဆက်လက်ရှင်သန်ပါ။ ညီအကိုဟောင်းတစ်ယောက်အနေနဲ့ အနာဂတ်မှာ ငါ့မှာ အခွင့်အရေးရှိရင် မင်းဆီ ကြီးမားတဲ့လက်ဆောင်တစ်ခု ပို့ပေးလိုက်မယ်”

“လက်ဆောင်ကြီးတစ်ခုလား”ဖန်းကန်းက ခေါင်းရှုပ်သွားကာ မေးလိုက်၏ “အဲဒါ ဘာလဲ”

မင်းက မင်းရဲ့ကလေးကို ပေးဖို့ ဆန္ဒရှိတယ်ဆိုရင် မင်းရဲ့ကလေးက မင်းထက် ပိုတောက်ပပြီးပိုအောင်မြင်နိုင်မယ်လို့ ငါ အာမခံတယ်”

“မင်းဆိုလိုတာက…မင်းက ငါ့သားကို လေ့ကျင့်ပေးမှာလား”ဖန်းကန်းက မှင်တက်သွားပြီးနောက် အံ့အားသင့်စွာ မေးလိုက်၏။

ဝံပုလွေခေါင်းက တိတ်တဆိတ်ခေါင်းညိတ်ကာ ရှင်းပြလိုက်သည် “လက်ရှိအချိန်မှာ ငါ့ရဲ့အဆင့်အတန်းက နိမ့်တာကြောင့် ငါ မင်းကို မကူညီနိုင်ဘူး။ အနာဂတ်မှာ ငါက သူဌေးကို စိတ်ပျက်အောင် လုပ်မိရင် ငါက မရှုမလှအဆုံးသတ်ရမယ်လို့ ပြောနိုင်တယ်။ ဒါပေမယ့် မင်းက တကယ်ဆန္ဒရှိသရွေ့ မင်းရဲ့သားက တစ်ဟုန်ထိုးအောင်မြင်လာနိုင်မယ်။ သေချာတာကတော့ သူ့ကြောင့်ပဲ မင်းရဲ့ဖန်းအိမ်က အနာဂတ်မှာ ခမ်းနားကြီးကျယ်လာလိမ့်မယ်”

ဖန်းကန်းက ခဏတုံ့ဆိုင်းသွားသည်။ သို့သော် နောက်ဆုံးတွင် သူက ခါးသီးစွာ ပြောလိုက်၏ “ငါ လိုချင်တာကို ငါ သိတယ်၊ ဒါပေမယ့် ငါ့ဇနီးက…”

ဝံပုလွေခေါင်းက သက်ပြင်းချကာ ခေါင်းခါယမ်းလိုက်သည် “ကောင်းပြီလေ၊ ငါ ဘာမှ မပြောခဲ့ဘူးလို့ပဲ မှတ်လိုက်ပါ”ရုတ်တရက် သူက တစ်ခုခုအား သတိရကာ ထပ်ပြော၏ “ငါ့သူဌေးက မင်းရဲ့ခြေထောက်ကို တကယ်ပဲ ကုပေးနိုင်တယ်။ ဒါပေမယ့် မင်းရဲ့သံသယတွေကိုတော့ ဖယ်ထားရမယ်၊ ဒီကမ္ဘာမှာ သူ မလုပ်နိုင်တာ ဘာမှမရှိဘူး။ သူပြန်လာတာကို စောင့်၊ ပြီးရင် မင်းခြေထောက်ကို ကုပေးဖို့ သူ့ကို ပြော”

All Chapters