ဘုံသုံးဆင့်ဆင်းရဲဒုက္ခမျှော်စင်
Vol. 5 Ch. 57
ကျင့်ကြံမှုအပိုင်းမှာ ယှဉ်မယ်ဆိုရင် လီဖူချန်းက အခုတိုက်ခိုက်နေတဲ့ နှစ်ယောက်ကို မီဖို့ လိုပါသေးတယ်။ ကျင့်စဉ် ပေါက်ရောက်မှု အပိုင်းမှာ ယှဉ်မယ် ဆိုရင်လည်း
လီဖူချန်းက ဒီနှစ်ယောက်ကိုမီဖို့ အတော်လေး လိုပါသေးတယ်။ ဒါပေမဲ့ ခန္ဓာကိုယ် ပြင်ပခွန်အားနဲ့ ခံနိုင်ရည်ရှိမှု အပိုင်းမှာတော့ လီဖူချန်းက ဒီနှစ်ယောက်ထက်ကို အတော်လေး သာလွန်ပါတယ်။
ဘာဖြစ်လို့လဲ ဆိုရင်တော့ ဒီအပြင်စည်း ဂိုဏ်းတစ်ခုလုံးမှာ " ကြေးနီရောင် တိုက်ပွဲဝင် ခန္ဓာကိုယ်" ပညာရပ်ကို လေ့ကျင့် အောင်မြင်ထားတဲ့သူက လီဖူချန်းက လွဲရင် နောက်ထပ် တစ်ယောက်သာ ရှိတာကြောင့်ပါ။
ဘုန်း…
ဖန်လီဟိုင်နဲ့ ဂေါင်ချန်းရှန်တို့က တစ်ယောက်နဲ့တစ်ယောက် ထိပ်တိုက် ရင်ဆိုင်လိုက်ကျပြီး
တစ်ဖက်လူ၏ အင်အားကို သွေးတိုးစမ်းလိုက် ကျတယ်။ ကန်ရေပြင်ထက်မှာတော့ မိုးကြိုးတစ်စင်း ပစ်ချလိုက်သည့် အလား ဆူညံ သွားပါတယ်။
" ဒေါသမုန်တိုင်း"
ဒီဓားကွက်က အစောပိုင်းက နဲ့မင်ထုတ်သုံးတဲ့ ငွေလှိုင်းဖြူ ဓားသိုင်းထဲက တစ်ကွက်ပါ။
ဒါပေမဲ့ ဖန်လီဟိုင်ရဲ့ လက်ထဲမှာတော့ ဓားကွက်ရဲ့ စွမ်းပကားက နှစ်ဆလောက်ကို ရှိသွားခဲ့ပါတယ်။
ရေလုံးကြီးတွေက ဓားရဲ့ဆွဲငင်ရာ နောက်ကို လိုက်ပါလာကျပြီး
ဓားကွက်နဲ့ ပေါင်းစပ်သွားပါတယ်။ ထို့နောက်မှာတော့ ဓားကော ရေထုကြီးကပါ ဂေါင်ရှန်းချန်ဆီကို တိုးဝင် တိုက်ခိုက် လိုက်ကြပါတယ်။
" ပင်လယ်တိမ်တွေ ငွေ့ရည်ဖွဲ့ခြင်း"
ကောင်ချန်းရှန်ရဲ့ ငွေ့ရည်ဖွဲ့ တိမ်ဓားသိုင်းက ငွေလှိုင်းဖြူ ဓားသိုင်းနဲ့ အတော်လေး ဆင်တူပါတယ်။ နှစ်ခုစလုံးက ရေဓာတ်ကို အခြေခံတဲ့ ဓားသိုင်းတွေပါပဲ။
ကောင်းချန်ရှန် လက်ထဲက ငွေ့ရည်ဖွဲ့ တိမ်ဓားသိုင်းကလည်း ဟာကွက်မရှိပဲ လုံးဝကို လီဖန်းဟိုင်ရဲ့ ငွေလှိုင်းဖြူဓားသိုင်းကို တန်းတူတိုက်နိုင်ပါတယ်။ ဂေါင်ချန်ရှန်ရဲ့ ဓားတစ်ချက် အဝှေ့မှာတော့ ကန်ရေပြင်ပေါ်က ရေခိုးရေငွေ့တွေက ဓားပတ်ဝန်းကျင်မှာ အုံ့ဆိုင်းသွားပြီး
ဓားကွက်နဲ့ ပေါင်းစပ်သွားပါတယ်။
ဘုန်း ဘုန်း ...
ဒီပြိုင်ဘက်ကင်း ပါရမီရှင် နှစ်ယောက်ရဲ့ တိုက်ခိုက်မှုတွေက အရမ်းကို ပြင်းထန်လွန်းပါတယ်။
ဒီနှစ်ယောက် တိုက်ခိုက်တာကို ကြည့်ရတာ စိတ်တန်ခိုးဖွဲ့စည်းခြင်း နယ်ပယ်အနိမ့်က စစ်သည်တော် နှစ်ယောက်က တိုက်ခိုက်နေတာကို ကြည့်နေရတဲ့ အတိုင်းပါပဲ။
" ဟေ့ ... မင်းတို့ နှစ်ယောက်စလုံး အခုချက်ခြင်း ရပ်လိုက်စမ်း ...
မိုးပြာရောင်ဂိုဏ်းက မင်းတို့ အဖေအမေတွေ ထောင်ထားတဲ့ ဂိုဏ်းများ မှတ်နေလား ... "
ဒီရေကန်ပေါ်က တိုက်ပွဲကို အပြင်စည်း အကြီးအကဲ တစ်ယောက် သတိထားမိသွားပြီး လာရောက် ဟန့်တားလိုက်ပါတယ်။ အကြီးအကဲက လက်တစ်ဖက် ဝှေ့ယမ်းလိုက်တဲ့ နောက်မှာတော့ ငြင်သာတဲ့ စွမ်းအင်တစ်ခုက ထွက်ပေါ်လာပြီး ရေကန်ထက်မှာ တိုက်ခိုက်နေကျတဲ့ သူနှစ်ယောက်ကို တစ်နေရာစီ ခွဲခြားလိုက်ပါတယ်။
" အကြီးအကဲ"
ဖန်လီဟိုင်ကော ဂေါင်ရှန်းချန်ကော နှစ်ယောက်စလုံးက လေးစားမှုအပြည့်နဲ့ အရိုအသေ ပေးလိုက်ပါတယ်။
" အခုချက်ခြင်း ဒီက ထွက်သွားကြစမ်း ... ဘယ်သူက မင်းတို့ကို ဒီမှာတိုက်ခိုက်ဖို့ ခွင့်ပေးထားလို့လဲ"
အကြီးအကဲက တစ်ယောက်မှကိုတော့ အပြစ်မပေးပါဘူး။ မိုးပြာရောင်ဂိုဏ်းမှာ တပည့်အချင်းချင်း လက်ရည် စမ်းကြတာကို မတားမြစ်ထားပါဘူး။ အလွန်အကျွံ မဖြစ်သွားသရွေ့ ပေါ့လေ။
***
အချိန်တွေ ကုန်ဆုံးတာက အရမ်း မြန်လွန်းသလိုပါပဲ။
လီဖူချန်းတောင် မိုးပြာရောင်ဂိုဏ်းကို ရောက်လာတာ ၉လတင်းတင်း ပြည့်ခဲ့ပါပြီ။ အခုချိန်အထိ အပြင်စည်းဂိုဏ်းမှာ လီဖူချန်း မရောက်ဖူးသေးတဲ့ နေရာတစ်ခု ရှိနေပါသေးတယ်။
အဲဒါကတော့ " ဘုံသုံးဆင့်ဆင်းရဲဒုက္ခမျှော်စင်" ဖြစ်ပါတယ်။
ဂိုဏ်းတော်မှာ ပထမအဆင့်တွေအတွက် စည်းမျဉ်း တစ်ခုရှိပါတယ်။
ဒီဘုံသုံးဆင့်မျှော်စင်ကို ပထမအဆင့် တပည့်တွေက တစ်နှစ်အတွင်းမှာ ပထမအထပ်ကို မကျော်ဖြတ်နိုင်ဘူးဆိုရင် ဒုတိယအဆင့် တပည့်တွေအဖြစ် အဆင့်ချခံရမှာပါ။
ပြီးတော့ ပထမတစ်နှစ် အတွင်းမှာပဲ ဒီဘုံသုံးဆင့် ဆင်းရဲဒုက္ခမျှော်စင် ပထမထပ်ကို ဖြတ်ကျော်နိုင်တဲ့ သူတိုင်းကိုလည်း ပထမအဆင့် တပည့်အဖြစ် အဆင့်တက်ပေးမှာပါ။
ဒါအပြင် ဒီဘုံသုံးဆင့်ဆင်းရဲဒုက္ခမျှော်စင်က အပြင်စည်းတပည့်တွေရဲ့ အဆင့်သတ်မှတ်ချက်တွေကို ဆုံးဖြတ်ပေးနိုင်ပါတယ်။
ပထမအထပ်ကို ဖြတ်ကျော်နိုင်ခဲ့ရင် ဒီအဓိပ္ပာယ်က ထိပ်ဆုံးတပည့် ၅၀၀၀ အဆင့်ရှိတယ်လို့ သတ်မှတ်လို့ ရပါတယ်။ ဒုတိယထပ်ကို ဖြတ်ကျော်နိုင်ခဲ့ရင်တော့ ထိပ်ဆုံးတပည့် ၅၀၀ ကဲ့သို့ အစွမ်းရှိတယ်လို့ ဆိုလိုတာပါ။ တတိယထပ်ကို တက်နိုင်ရင်တော့ အနည်းဆုံးတော့ ထိပ်ဆုံး ၁၀၀ အတွင်းက တပည့်တွေ အဆင့်ရှိပါပြီ။ တကယ့်အဆင့် တွေကိုတော့ မျှော်စင်ပေါ်ကို တက်ရောက်တဲ့ အချိန်တွေကို ကြည့်ပြီး တွက်ချက်မှာပါ။
ဥပမာ ပြောရမယ်ဆိုရင် လူတိုင်းက တတိယထပ်ကို ဖြတ်ကျော်နိုင်တယ် ဆိုကျပါစို့။
သင်က တခြားလူတွေထက်ကို နောက်ကျပြီးမှ တတိယထပ်ကို ရောက်မယ်ဆိုရင် သင့်အဆင့်က တခြားလူတွေထက်ကို နိမ့်ကျမှာပါ။
ဒီလိုနဲ့ပဲ တပည့်တွေရဲ့ အဆင့် ၁၀၊ အဆင့်၂၀ ၊၃၀ စသည်ဖြင့် ကွာခြားသွားကျတာပါ။
တကယ့် လက်တွေ့တိုက်ခိုက်မှု အပိုင်းမှာတော့ အဲလောက်ကြီး မကွာခြားပဲ သူမသာကိုယ်မသာ တွေပါပဲ။
လီဖူချန်းက ဒီမျှော်စင်ပေါ်ကိုတောင် မတက်လိုက်ရပဲ စိတ်တန်ခိုးဖွဲ့စည်းခြင်း နယ်ပယ်ကို တက်မသွားချင်ပါဘူး။ သူက သူ့ရဲ့ နာမည်ကိုလည်း သမိုင်းတွင်ခဲ့ချင် သေးတယ်လေ။ ဒါကြောင့် သူ့အဆင့် ဘယ်လောက်လဲ ဆိုတာသိရဖို့ မျှော်စင်ရှိရာကို ထွက်လာခဲ့တာပါ။
ဘုံသုံးဆင့်ဆင်းရဲဒုက္ခမျှော်စင်က အပြင်စည်းဂိုဏ်း နယ်ပယ်ရဲ့ ဟိုးအတွင်းပိုင်းထဲမှာ တည်ရှိပါတယ်။ များပြားလှတဲ့ အပြင်စည်း တပည့်တွေက တန်းစီပြီး သူတို့အလှည့် ကျရောက်လာမယ့် အချိန်ကို စောင့်မျှော်နေရပါတယ်။
"တစ်ယောက်ပြီးမှ တစ်ယောက် လုပ်ကျဟေ့။ ပထမဆုံး ဒီသံသရာ ခေါင်းလောင်းကို အသံမြည်အောင် လုပ်ရမယ်။ တကယ်လို့ အသံမြည်အောင် မလုပ်နိုင်ဘူးဆိုရင် ဒီမျှော်စင်ကို တက်စရာ မလိုတော့ဘူး။ လာရာလမ်းကို လှည့်ပြန်ကျတော့ ... "
ဘုံသုံးဆင့် ဆင်းရဲဒုက္ခမျှော်စင်ရဲ့ အပြင်ဘက်မှာတော့ ၁၀မီတာလောက်မြင့်တဲ့ ခေါင်းလောင်းကြီး တစ်ခုရှိပါတယ်။ အပြင်စည်း လက်ထောက် အကြီးအကဲတချို့နဲ့ ကြီးကြပ်ရေးမှူး တချို့က ထိုနေရာမှာ စောင့်ကြပ် နေကြပါတယ်။
" လမ်းဖယ်ပေးကြပါဦး"
တန်းစီရမှာ မကြိုက်မနှစ်သက်တဲ့ အပြင်စည်း တပည့်တစ်ယောက်က လူအုပ်ကြီးကို တိုးဝှေ့ပြီး ထိပ်ဆုံးမှာ နေရာဦးလိုက်တယ်။ ဒါကို ကြီးကြပ်ရေးမှုးတွေက မမြင်သလို ဟန်ဆောင်နေကြပါတယ်။
ဒီလိုနေရာ လုတာတွေကို မြင်ရတာက သူတို့အတွက် ရိုးနေပါပြီ။ ပြီးတော့ ဒီလို နေရာလုရဲတဲ့ တပည့်တွေက အဆင့်သတ်မှတ်ချက် ကောင်းတဲ့ တပည့်တွေပဲ ဖြစ်နေလေ့ ရှိပါတယ်။
ဒေါင် ...
ဒီအပြင်စည်းတပည့်က တော်တော်လေးတော့ ကျွမ်းကျင်မှု ရှိပါတယ်။ သူ့ရဲ့ လက်သီးချက်က သံသရာ ခေါင်းလောင်းကို တုန်ခါသွားစေပြီး မြည်သံတစ်ချက် ထွက်ပေါ်လာစေတယ်။
"ဟုတ်ပြီ မင်းဝင်ခွင့်ရတယ်"
အပြင်စည်း လက်ထောက် အကြီးအကဲတစ်ဦးက လက်ဝှေ့ယမ်းပြပြီး ဝင်ခွင့်ပြုလိုက်တယ်။ အသက်ရှုချိန် အနည်းငယ်လေးမှာပဲ ပထမအထပ်မှာ အလင်းရောင်လေး တစ်ချက် လင်းလက် သွားပါတယ်။ အဲဒါက ဝင်သွားတဲ့တပည့်က ပထမအဆင့်ကို ကျော်ဖြတ်နိုင်သွားပြီ ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
နောက်ထပ်၁၅ မိနစ်လောက် ကြာသွားပြီးနောက်မှာတော့ ဒုတိယထပ်မှာလည်း အလင်းရောင် တစ်ချက် လင်းလက် သွားပါတယ်။
" မှတ်တမ်း အရတော့ ကြာချိန်က သဲနာရီ ၄၈ နရီပဲ။ အပြင်စည်း ကြီးကြပ်ရေးမှုး တစ်ယောက်က ကြာချိန်ကို ကြေငြာလိုက်ပါတယ်။
" ၄၈ နရီ"
ဒီကို မလာခင်ကတည်းက ဒီဘုံသုံးဆင့် ဆင်းရဲဒုက္ခမျှော်စင်က အချိန်မှတ်တမ်းကို သဲနာရီသုံးပြီး သတ်မှတ်တယ်ဆိုတာ လီဖူချန်းက သိခဲ့ပြီးပါပြီ။ တစ်နာရီမှာ '၁၈၀နရီ 'ရှိတာဖြစ်ပြီး ၄၅ နရီက ဆယ့်ငါးမိနစ်နဲ့ ညီမျှပါတယ်။ ဒါကြောင့် ၄၈နရီက ဆယ့်ငါးမိနစ်ထက် အနည်းငယ်လေး ကြာမြင့် ပါတယ်။
" လီးပဲကွာ ... ဒီတစ်ခါလည်း တတိယထပ်ကို မကျော်ဖြတ်နိုင်ပြန်ဘူး"
မကြာခင်မှာပဲ ဝင်သွားတဲ့ အပြင်စည်းတပည့်က မကျေမနပ် ဖြစ်နေသည့် အမူအရာဖြင့် ပြန်ထွက် လာလေသည်။
" လျူတချန်း ... မင်းရဲ့ရလဒ်က ဆင်းရဲဒုက္ခမျှော်စင်ရဲ့ ဒုတိယအထပ် အောင်မြင်။
ကြာမြင့်ချိန်က ၄၈နရီ ၊ အဆင့် သတ်မှတ်ချက် ၂၅၀"
အပြင်စည်း ကြီးကြပ်ရေးမှုး တစ်ယောက်က လျူတချန်း အမည်ပါတဲ့ သစ်သားပြားတစ်ခုကို နံဘေးက ကျောက်နံရံပေါ်မှာ တင်လိုက်တယ်။
အဲဒီနံရံပေါ်မှာတော့ သစ်သားပြားတွေက ပြည့်နှက် နေပါတယ်။ တိတိကျကျ ပြောရရင် အခု ၅၀၀ လောက် ရှိပါတယ်။ သစ်သားပြားတိုင်းမှာ နာမည်နဲ့ ကြာမြင့်ချိန် ရလဒ်တွေကို ရေးထားပါတယ်။
" ၂၅၀ ဆိုတော့ အခြေအနေ သိပ်မကောင်းဘူးကွာ။ ဒါပေမဲ့ အရင်တစ်ခါထက် စာရင်တော့ အဆင့်နည်းနည်း တက်လာတာပဲလေ"
လီတချန်းက သူ့ရဲ့ရလဒ်ကို ကြားပြီးတာနဲ့ ပြန်ထွက်သွားပါတော့တယ်။
" ဟုတ်ပြီ။ နောက်တစ်ယောက်"
အပြင်စည်း လက်ထောက်အကြီးအကဲက နောက်တစ်ယောက်ကို ခေါ်လိုက်ပါတယ်။ ဒီလိုနဲ့ တစ်ယောက်ပြီးတစ်ယောက် ဘုံသုံးဆင့်မျှော်စင်ကို တက်ရောက်ဖို့ ကြိုးစား နေကြပါတယ်။ ဒါပေမဲ့ အများစုကတော့ ခေါင်းလောင်းကိုတောင် အသံမြည်အောင် မလုပ်နိုင်ပဲ ထွက်သွားကျရတာပါ။
ကျောက်နံရံကြီးရဲ့ ရှေ့မှာတော့ လီဖူချန်းတစ်ယောက် မတ်တတ်ရပ်နေပြီး ကျောက်နံရံကို စူးစမ်း လေ့လာနေပါတယ်။
အဆင့် ၁ကတော့ ယုဝူရှန်း ဆိုတဲ့ တပည့်ဖြစ်ပြီး နရီ ၁၅ ခုနဲ့ ရပ်တည်နေပါတယ်။
အဆင့်၂မှာတော့ ကျောင်းဟောင်ဆိုတဲ့ တပည့်က ၂၁ နရီနဲ့ လိုက်နေပါတယ်။ အဆင့်၁၀မှာတော့ ဂေါင်ချန်းရှန်က နရီ၃၀ နဲ့ ရှိနေပါတယ်။ အဆင့်၁၂ မှာတော့ ဖန်လီဟိုင် ရှိနေပြီး သူလည်းနရီ ၃၀ ပါပဲ။
ဒီတပည့်တွေ အားလုံးဟာ တတိယထပ်ကို အောင်မြင်ပြီးတဲ့ သူတွေဖြစ်ပါတယ်။ အဆင့်၃၆၁မှာတော့ ကောင်းရှုက ရှိနေပါတယ်။ သူမက နရီ၆၀ နဲ့ ဒုတိယထပ်ကို အောင်မြင်ခဲ့သူပါ။
" စိတ်ဝင်စားစရာပဲ။ ဒါပေမဲ့ ဒီအဆင့် သတ်မှတ်ချက်တွေက အဲလောက်ကြီး တိကျမယ့် ပုံတော့ မရှိဘူးပဲ"
လီဖူချန်း အတွေးတွေထဲမှာ နစ်မျောနေပါတယ်။ တချို့တွေက တကယ့် လက်တွေ့ တိုက်ခိုက်မှုအပိုင်းမှာ ပိုပြီး တော်ကျတာလေ။ ဟင် ... လီဖူချန်းက ကျောက်နံရံကို ကြည့်နေစဉ်မှာပဲ
ဆင်းရဲဒုက္ခမျှော်စင်ရဲ့ တတိယအထပ်က လင်းလက်သွားပါတယ်။
"အံ့သြစရာပဲ။ လူတစ်ယောက်က တတိယထပ်ကို အောင်မြင် သွားပြီလား"
တန်းစီနေတဲ့ လူအုပ်ကြီးက မျက်လုံးပြူးသွားပါတယ်။
ဒီမှာ တန်းစီနေကျတဲ့ တပည့်အများစုက ထိပ်ဆုံး၅၀၀၀ စာရင်းထဲကို ဝင်နိုင်ကျတဲ့ သူတွေချည်းပါပဲ။ သူတို့က ဒုတိယထပ်ကို အောင်မြင်ဖို့တောင် မနည်း ကြိုးစားနေကျရတာပါ။
" နရီ ၅၄ ၊ အဆင့် ၅၉ မဆိုးဘူးပဲ"
လက်ထောက် အကြီးအကဲ တစ်ယောက်က ချီးကျူးလိုက်တယ်။
***
တစ်နာရီလောက် ထပ်စောင့်အပြီးမှာတော့ လီဖူချန်းအလှည့် ရောက်လာခဲ့ပါပြီ။
'ဒေါင်' ...
လီဖူချန်းက အမှားအယွင်းမရှိ သံသရာခေါင်းလောင်းကို အသံမြည်အောင် လုပ်ဆောင် နိုင်ခဲ့ပါတယ်။ ဒီတစ်ကြိမ်က လီဖူချန်းအနေနဲ့ ဒီမျှော်စင်ကို ပထမဦးဆုံး ရောက်လာတာ ဖြစ်တဲ့အတွက် သူ့နာမည်နဲ့ သစ်သားတံဆိပ်ပြားက မရှိသေးပါဘူး။ အပြင်စည်း ကြီးကြပ်ရေးမှုး တစ်ယောက်က အတွင်းအားသုံးပြီး သစ်သားပြား အလွတ်တစ်ခု အပေါ်မှာ လီဖူချန်းရဲ့ နာမည်ကို ရေးထိုး ပေးလိုက်ပါတယ်။
" မင်းဝင်လို့ရပြီ"
ဒီမှာ တာဝန်ကျနေတဲ့ အကြီးအကဲတွေက လီဖူချန်းကို မမြင်ဖူးတဲ့အတွက် မျှော်လင့်ချက် အကြီးကြီး မထားထားပါဘူး။ ဒီကို ပထမဆုံး ရောက်လာတဲ့သူတွေ အများစုက ရလဒ် မကောင်းကျတာ များပါတယ်။
ပထအထပ်ကို ရောက်နိုင်ခဲ့ရင်တောင် တော်တော် အစွမ်းအစရှိတယ်လို့ သတ်မှတ်လို့ ရနေပါပြီ။
ဒုတိယအထပ်ကို ရောက်နိုင်တဲ့လူတွေကတော့ မရှိသလောက်ပါပဲ။
လီဖူချန်းကတော့ အသက်ကို တစ်ဝကြီး ရှူလိုက်ပြီး ဘုံသုံးဆင့် ဆင်းရဲဒုက္ခ မျှော်စင်ထဲကို လှမ်းဝင် သွားပါတော့တယ်။
***