အလကားရသော ကိုယ်ရံတော်များ
Vol. 97 Ch. 1347
“တည်နေရာပြောင်းရွှေ့”
ကောင်းကင်ရေစင်မြို့၏ မြို့ရင်ပြင်ထဲတွင် လောချင်းယန်က အေးစက်စက် အမိန့်ပေးလိုက်သည်။ ဂူမူက နတ်ဘုရားအမြစ်အချို့ ပေးလိုက်ရာ တည်နေရာပြောင်းရွှေ့အစီအရင်က ချက်ချင်း နိုးလာသည်။ တစ်ဆက်တည်း ခြောက်ကြိမ် တည်နေရာပြောင်းရွှေ့ပြီးနောက် အနက်ရောင်နတ်ဘုရား၏ စိတ်ဝိညာဉ်က ပြိုလဲလုနီးပါး ဖြစ်လာပြန်သည်။ ကျန်းရီသည်လည်း အမြစ်မဲ့ရေစင်ကို အသုံးမပြုထားသဖြင့် အနည်းငယ် မူးဝေနေသည်။ ထို့ကြောင့် သူ အမိန့်ပေးလိုက်သည်။
“အနားယူဖို့ တည်းခိုခန်းတစ်ခု ရှာလိုက်ပါ”
လောချင်းယန်သည် ကျန်းရီ၏ စကားကို ကြားသောအခါ ထပ်မံ၍ တုန်ယင်သွားသည်။ သူမ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့သည့် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။ သို့သော် သူမသည် ကျန်းရီ၏ အမိန့်များကို မလွန်ဆန်ဝံ့ပေ။ ထို့ကြောင့် သူမ စစ်ရထားလုံးကို ထုတ်လိုက်ရလေသည်။
“အာ...”
ဂူမူသည် စစ်ရထားလုံးပေါ် တက်သွားသော လောချင်းယန်ကို ကြည့်၍ ဒူးများ အားနည်းသွားသည်။ သူ ရင်နာဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်ပြီး သူမ၏ မျက်နှာကို အသေအချာ စူးစမ်းလိုက်သည်။ သူတို့ တည်နေရာပြောင်းရွှေ့ နေစဉ်တွင် သူမက တစ်မျိုးဖြစ်နေခဲ့ကြောင်း သူ သိခဲ့သည်။ သူမသည် ကွတကွတ လျှောက်နေခဲ့သည်။ သူမ၏ တင်ပါးများကလည်း တရွဲ့တစောင်း လှုပ်ရှားနေသည်။ သူမက ဒဏ်ရာရထားခြင်းလော။
“သွားမယ်..”
ကျန်းရီက မျက်နှာတည်နေသည်။ အားလုံး စစ်ရထားလုံးပေါ် တက်ပြီးသောအခါ ရထားလုံးက မြို့ထဲရှိ အကြီးဆုံး တည်းခိုခန်းဆီသို့ ဦးတည်မောင်းနှင်သွားလေသည်။
ကျန်းရီတို့သည် ထုံးစံအတိုင်း လုပ်ကြသည်။ မြို့ထဲရှိ အကြီးဆုံးတည်းခိုခန်းတွင် အခန်းငှားပြီးနောက် အနက်ရောင်နတ်ဘုရားက သွားအိပ်သည်။ ဂူမူက အပြင်တွင်နေ၍ စောင့်ကြပ်နေသည်။ ကျန်းရီက လောချင်းယန်ကို ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
“အခန်းထဲဝင်လိုက်ပါ သခင်မလေးလော”
“အာ...”
လောချင်းယန်၏ မျက်ဝန်းများထဲတွင် တုန်လှုပ်မှုများ ပြည့်နှက်သွားသည်။ သို့သော် သူမသည် ခေါင်းငုံ့၍သာ အခန်းထဲဝင်သွားလိုက်ရသည်။ သူမ၏တင်ပါးနှစ်ဘက်က တရွဲ့တစောင်း လှုပ်ရှားနေပေသည်။ ဂူမူသည် လောချင်းယန်၏ တုန်လှုပ်သွားသည့် မျက်နှာထားကို မြင်လိုက်ရသဖြင့် စိုးရိမ်သွားသည်။ ကျန်းရီက လောချင်းယန်ကို အဓမ္မပြုကျင့်ခဲ့ခြင်းလော။ လောချင်းယန်က ဂုဏ်သရေရှိ မိန်းမပျိုလေးဖြစ်ပြီး စေ့စပ်ထားသူတစ်ယောက်လည်း ဖြစ်သည်။ အကယ်၍ သူမသာ အပျိုရည်ပျက်သွားလျှင် သေချာပေါက် သေရပေလိမ့်မည်။ သို့သော် အဘယ်ကြောင့် ယခုတွင် သူမက ထိုမျှ နာခံနေရသနည်း။
ဂူမူ မတွေးနိုင်သလို အများကြီးလည်း မတွေးဝံ့ပေ။ ကျန်းရီက ပို၍ပို၍ ဆန်းကြယ်လာသည်ဟုသာ သူ တွေးလိုက်မိသည်။ ကျန်းရီထံတွင် အဖိုးမဖြတ်နိုင်သော မီးဒဏ်ခံ ရတနာနှင့် ဆန်းကြယ်သော တံဆိပ်စာလုံးများ ရှိသည်။ ဂူမူသည် တံဆိပ်စာလုံးများအကြောင်းကို တွေးမိရုံဖြင့်ပင် ကျောစိမ့်သွားပေသည်။
“အခန်းရဲ့ အကာအရံတွေကို နှိုးလိုက်”
အခန်းထဲသို့ ရောက်သည်နှင့် ကျန်းရီက သခင်တစ်ယောက်ကဲ့သို့ ကုတင်ပေါ်တွင် ထိုင်လိုက်သည်။ ထို့နောက် တံခါးကို လက်ညှိုးထိုးကာ အမိန့်ပေးလိုက်သည်။ လောချင်းယန်သည် တုန်ယင်သော လက်များနှင့် အခန်းတံခါးကို ပိတ်လိုက်၏။ သူမသည် ရွေးချယ်စရာ မရှိသဖြင့် ကျန်းရီ၏ အမိန့်များကို နာခံစွာ ဆောင်ရွက်လိုက်ရသည်။
“မင်းရဲ့ အပြင်ဝတ်တွေကို ချွတ်လိုက်”
ကျန်းရီ၏ လေသံက အေးစက်နေသည်။ လောချင်းယန်တစ်ယောက် ခြေထောက်များ အားနည်းသွားကာ ကြမ်းပြင်ပေါ် ဒူးထောက်ကျသွားသည်။ ထို့နောက် ကူကယ်ရာမဲ့နေသော သနားစဖွယ်ဟန်ဖြင့် အသနားခံလိုက်သည်။
“သခင်... ကျွန်မ... ကျွန်မ တကယ်ကို ဆက်မလုပ်နိုင်တော့ပါဘူး။ ဟိုနေရာက နာနေတုန်းပဲ။ ကျွန်မ ထပ်လုပ်ရင် သေချာပေါက် သေသွားပါလိမ့်မယ်”
“မင်းက ဘာတွေ တွေးနေတာလဲ”
ကျန်းရီက မျက်လုံးပင့်ကြည့်လိုက်၏။
“ငါက မင်းကို အပြင်ဝတ်တွေ ချွတ်ခိုင်းပြီး ငါ့ကို နှိပ်ပေးခိုင်းမလို့။ ငါက တဏှာရူးတစ်ယောက် မဟုတ်ပါဘူး။ အင်း... မင်း နာနေတာ ပြန်ကောင်းသွားတဲ့အထိ စောင့်ပြီးမှ ထပ်လုပ်ကြတာပေါ့”
ဒုတ်...
လောချင်းယန်သည် ကျန်းရီ၏ ပထမစကားကို ကြားလိုက်ရသောအခါ ဝမ်းသာသွား၏။ သို့သော် နောက်ဆုံးစကားကို ကြားလိုက်ရသောအခါတွင်မူ ကြမ်းပြင်ပေါ် အရုပ်ကြိုးပြတ် လဲကျသွားတော့သည်။ သူမသည် ကျန်းရီလို နတ်ဆိုးတစ်ယောက်ကို သွားရှုပ်မိခဲ့သည့်အတွက် နောင်တရနေပေသည်။ သူမ၏ လုပ်ရပ်များကြောင့် တစ်ဘဝလုံး မေ့မရတော့မည့် အိပ်မက်ဆိုးကြီးနှင့် ကြုံတွေ့နေရခြင်း မဟုတ်ပါလား။
နာရီအနည်းငယ် အနားယူပြီးနောက် ကျန်းရီတို့ ဆက်လက်ထွက်ခွာကြသည်။
သို့သော် ကျန်းရီတို့က တည်နေရာပြောင်းရွှေ့အစီအရင်ထဲ ဝင်တော့မည့် အချိန်တွင် ဘေးမှ အခြားတည်နေရာပြောင်းရွှေ့အစီအရင်က လင်းလက်လာသည်။ ထို့နောက် အနက်ရောင်ဝတ်ရုံများကို ဝတ်ဆင်ထားကြသော အဘိုးအိုနှစ်ယောက် ထွက်ပေါ်လာသည်။ သူတို့သည် လောချင်းယန်ကို တွေ့လိုက်သောအခါ မျက်လုံးများ လင်းလက်သွားကြသည်။ ထိုအခိုက်တွင် ကျန်းရီတို့က စတင်တည်နေရာပြောင်းရွှေ့နေကြပြီဖြစ်၍ ထိုအဘိုးအိုနှစ်ယောက်ကို သတိမပြုမိလိုက်ကြချေ။
‘အို့ သွားပြီ... သူတို့က စစ်နတ်ဘုရားစံအိမ် လော့မျိုးနွယ်ကပဲ။ လော့မျိုးနွယ်က တကယ်ပဲ သံသယဝင်နေပြီ’
တိရှစံအိမ် လောမျိုးနွယ်မှ နတ်ဘုရားဘုရင် လောဟန်က ကျန်းရီတို့နောက်သို့ တစ်ချိန်လုံး လိုက်လာခဲ့သည်။ သူသည် တည်နေရာပြောင်းရွှေ့အစီအရင်ထဲ လိုက်ဝင်သွားရန် မြို့ရင်ပြင်အနီးတွင် စောင့်နေခြင်းဖြစ်သည်။ သို့သော် ဝတ်ရုံနက်ဝတ်ဆင်ထားသော အဘိုးအိုနှစ်ယောက်ကို မြင်လိုက်သောအခါ သူ ချက်ချင်း မျက်နှာပျက်သွားသည်။ ထိုလူများက လောချင်းယန်ကို ကြည့်နေခဲ့ကြသည်။ သူတို့တွင် မကောင်းသော ရည်ရွယ်ချက်များ ရှိကြောင်း ထင်ရှားပေသည်။ သူတို့နှစ်ယောက်သည် ဘေးမှ တည်နေရာပြောင်းရွှေ့အစီအရင်ထဲသို့ ခပ်သွက်သွက် လိုက်ဝင်သွားကြ၏။ လောဟန်သည် ခေတ္တမျှ တွေးတောလိုက်ပြီးနောက် သတင်းပို့ ကျောက်စိမ်းပြားကို ထုတ်ကာ အကြီးအကဲခြောက်ထံ လှမ်း၍သတင်းပို့လိုက်သည်။ သတင်းပို့ပြီးမှ သူ တည်နေရာပြောင်းရွှေ့အစီအရင်ထဲသို့ လိုက်ဝင်သွားလိုက်လေသည်။
“ပြဿနာပဲ...”
အကြီးအကဲခြောက်သည် သတင်းရလိုက်သောအခါ တိရှစံအိမ် လောမျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားများကို စုဝေးလိုက်သည်။ လောရှန်းက အရေးကြီးကိစ္စများကြောင့် ပြန်မလာနိုင်သေးပေ။ ရှောင်တိက သူတို့ကို ကူညီပေးရန် ကတိပေးလိုက်ပြီဖြစ်၍ လောရှန်းက ထိုနေရာတွင် လောဝံ့တော့မည် မဟုတ်ပေ။
အကြီးအကဲခြောက်သည် ခေတ္တမျှ တွေးတောလိုက်ပြီးနောက် လေသံတိုးတိုးဖြင့် အမိန့်များ ပေးလိုက်သည်။
“လောရွှေ... မင်းတို့ဆယ်ယောက်က သခင်မလေးနဲ့ ကျန်းရီနောက်ကို ချက်ချင်းလိုက်သွားကြပါ။ သူတို့အနားမှာ အချိန်ပြည့် စောင့်ကြည့်နေကြပါ။ ပြီးတော့ သူတို့ကို လက်ရှိအခြေအနေအကြောင်းလည်း ပြောပြလိုက်ပါ။ သူတို့က တစ်မြို့ကနေတစ်မြို့ တည်နေရာပြောင်းရွှေ့နေခဲ့ကြတာ။ စစ်နတ်ဘုရားစံအိမ် လော့မျိုးနွယ်က သူတို့ကို မြို့ထဲမှာတော့ မတိုက်ခိုက်ဝံ့လောက်သေးဘူး။ မင်းတို့ဆယ်ယောက်က မျိုးနွယ်ခေါင်းဆောင် ဒီကို ပြန်ရောက်လာတဲ့အထိ သူတို့ကို ကာကွယ်ပေးရမယ်”
ကျန်းရီတို့က နှေးကွေးစွာ တည်နေရာပြောင်းရွှေ့နေကြခြင်းပင်။ ခြောက်ကြိမ်တည်နေရာပြောင်းရွှေ့ပြီးတိုင်း နာရီအနည်းငယ် အနားယူကြသည်။ အကယ်၍ စစ်နတ်ဘုရားစံအိမ် လော့မျိုးနွယ်က သူတို့ကို ထောင်ချောက်ဆင်လိုလျှင် အလွန်လွယ်ကူပေလိမ့်မည်။ ထို့ကြောင့် တိရှစံအိမ် လောမျိုးနွယ်သည် သူတို့ကို ကာကွယ်ရန် လူစေလွှတ်ဖို့သာ ရှိတော့သည်။ လော့မျိုးနွယ်က တိရှစံအိမ်မှ မဟုတ်ပေ။ ထို့ကြောင့် သူတို့သည် မြို့ထဲတွင် ရူးမိုက်သည့် အလုပ်မျိုးကို မလုပ်ဝံ့ကြလောက်ချေ။
ကျန်းရီက အလွန်အရေးပါနေသည်။ သူက သက်ရှိသက်သေအထောက်အထားပင်။ အကယ်၍ စစ်နတ်ဘုရားစံအိမ် လော့မျိုးနွယ်သာ သူ့ကို ရသွားလျှင် အကျိုးဆက်က ဆိုးဝါးသွားပေလိမ့်မည်။ ထို့ကြောင့် အကြီးအကဲခြောက်သည် ရွေးချယ်စရာ မရှိတော့ဘဲ ကျန်းရီတို့ကို ကာကွယ်ရန် လူစေလွှတ်လိုက်ရခြင်းဖြစ်သည်။
“နားလည်ပါပြီ”
စွမ်းအားကြီး နတ်ဘုရားဘုရင်ဆယ်ပါးက နတ်သိမ်းငှက်မြို့ရင်ပြင်ထဲရှိ တည်နေရာပြောင်းရွှေ့အစီအရင်ထံသို့ ချက်ချင်း ထွက်သွားလိုက်ကြသည်။ သူတို့က ကျန်းရီတို့ကို အမြန်ဆုံး မီအောင် သွားလိုနေကြသည်။ မကြာခင်မှာပင် သူတို့က တည်နေရာပြောင်းရွှေ့အစီအရင်နားသို့ ရောက်သွားကြသည်။ နတ်ဘုရားဘုရင်များက မြို့ထဲတွင် ကျော်ကြားသူများဖြစ်ကြသည်။ မြို့ရင်ပြင်အနားရှိ တိရှစံအိမ် လောမျိုးနွယ်မှ ထောက်လှမ်းရေးများက သူတို့ကို ချက်ချင်း သတိပြုမိသွားကြသည်။ သူတို့က တိရှစံအိမ် လောမျိုးနွယ်မှ နတ်ဘုရားဘုရင်များ မဟုတ်ပါလော။
***
“အန်...”
ကျန်းရီတို့သည် ခြောက်ကြိမ်ဆက်တိုက် တည်နေရာပြောင်းရွှေ့ပြီးသွားပြီဖြစ်၍ အနားယူရန် ဟန်ပြင်လိုက်သည်။ သို့သော် ထိုစဉ်တွင် ကျန်းရီက ပြဿနာတစ်ခုကို တွေ့လိုက်ရသည်။ သူ့နောက်သို့ လူများ နောက်ယောင်ခံလိုက်လာသည်။ ယခုတွင် လောဟန်အပြင် ဝတ်ရုံနက်ဝတ် အဘိုးအိုနှစ်ယောက် ထပ်တိုးလာသည်။ ဂူမူက သူတို့ကို ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံ၍ ကျန်းရီထံ ယုံကြည်မှုရှိရှိ အသံပို့လွှတ်လိုက်သည်။
“သခင်... သူတို့က စစ်နတ်ဘုရားစံအိမ် လော့မျိုးနွယ်ကပါ”
နောက်ဆုံးတွင် လော့မျိုးနွယ်က ကျန်းရီတို့ကို ရှာတွေ့သွားပေပြီ။ ကျန်းရီ ခေါင်းကိုက်လာသည်။ အနက်ရောင်နတ်ဘုရား၏ စိတ်ဝိညာဉ်က ယခုထက် ပိုသန်မာနေလျှင် မည်မျှကောင်းမည်နည်း။ သို့ဆိုလျှင် ယခုလောက်ဆို သူတို့ ခြင်္သေ့ပြာမြို့သို့ ရောက်နေလောက်ပြီဟု ကျန်းရီ တွေးလိုက်သည်။ ကျန်းရှောင်နူကိုပင် ရှာတွေ့ချင် တွေ့နေလောက်ပေပြီ။
“သခင်တို့က စစ်ရထားလုံးပေါ်တက်ပြီး မြို့ရင်ပြင်ထဲမှာပဲ အနားယူနေလိုက်ပါ။ အဘိုးဂူမူက ရထားလုံးအပြင်မှာ စောင့်ကြပ်နေပါ”
လောချင်းယန်က ရုတ်တရက် ပြောလိုက်၏။ ကျန်းရီ၏ မျက်လုံးများ အရောင်လက်သွားသည်။ မြို့ရင်ပြင်ထဲတွင် တိရှစစ်တပ်မှ တပ်သားရာကျော်ရှိနေသည်။ လူများလည်း သွားလာနေကြသည်။ ထို့ကြောင့် အတော်လေး စည်ကားနေပေသည်။ စစ်နတ်ဘုရားအိမ် လော့မျိုးနွယ်က သူတို့ကို မြို့ရင်ပြင်ထဲတွင် တိုက်ခိုက်မည်ဆိုလျှင် သိမ်းငှက်ပြာစီရင်စုနယ်အရှင်က သေချာပေါက် လော့မျိုးနွယ်ကို အလွတ်ပေးမည် မဟုတ်ချေ။ ထိုအခါ လော့မျိုးနွယ်က ကျောထောက်နောက်ခံများ ရှိလျှင်ပင် ထိုကျောထောက်နောက်ခံများကလည်း သူတို့ကို ကူညီပေးမည် မဟုတ်ပေ။
“ဟုတ်ကဲ့...”
ဂူမူ ခေါင်းညိတ်လိုက်သည်။ လောချင်းယန်သည်လည်း စစ်နတ်ဘုရားစံအိမ် လော့မျိုးနွယ်မှ လူများကို တွေ့လိုက်၍ ကြောက်ရွံ့နေခြင်းဖြစ်မည်။ သူတို့က နိုင်လည်းနိုင်နိုင်သလို၊ ရှုံးလည်းရှုံးနိုင်သည်။ လောချင်းယန်က သူ့ကဲ့သို့ပင် ကျန်းရီ၏ ဝိညာဉ်ကျွန် ဖြစ်နေပြီဖြစ်ကြောင်း ဂူမူသိသည်။ အကယ်၍ ကျန်းရီသေလျှင် သူတို့လည်း အသက်ရှင်နိုင်မည် မဟုတ်ချေ။
လောချင်းယန်သည် ကျန်းရီနှင့် အနက်ရောင်နတ်ဘုရားတို့ကို စစ်ရထားလုံးပေါ် ခေါ်၍ မြို့အရင်ပြင်အလယ်ဆီသို့ သွားလိုက်သည်။ သူမတို့က တည်နေရာပြောင်းရွှေ့အစီအရင်ဘေးရှိ တိရှတပ်သားများနှင့် မီတာရာဂဏန်းသာ ဝေးသည်။ တပ်သားများစွာသည် စစ်ရထားလုံးကို စိတ်ဝင်တစားဖြင့် လှမ်းကြည့်နေကြသည်။ သူတို့သည် အဘယ်ကြောင့် စစ်ရထားလုံးက မြို့ရင်ပြင်အလယ်တွင် ရပ်လိုက်ကြောင်း တွေးနေကြခြင်းပင်။ သို့သော် အဆင့်မြင့် နတ်ဘုရားဘုရင်ဖြစ်သော ဂူမူက ရထားလုံးအပြင်ဘက်တွင် စောင့်ကြပ်နေကြောင်း တွေ့လိုက်ရသောအခါ သူတို့သည် ရထားလုံးထဲမှ လူများက အရေးကြီးပုဂ္ဂိုလ်များ ဖြစ်ရမည်ဟု ခန့်မှန်းလိုက်ကြသည်။ ထို့ကြောင့် မည်သူကမှ ရထားလုံးအနားသို့ မသွားဝံ့ကြတော့ပေ။
“အာ...”
စစ်နတ်ဘုရားစံအိမ် လော့မျိုးနွယ်မှ လူနှစ်ယောက်က ရထားလုံးအနားသို့ ပို၍ပင် ကပ်မသွားဝံ့ကြချေ။ သူတို့သည် မြို့ရင်ပြင်ထဲတွင် လျှောက်သွားနေယောင်ဆောင်နေရသည်။ သူတို့နှစ်ယောက်က အချင်းချင်း အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြ၏။ သူတို့ ခေါင်းကိုက်နေပေပြီ။ လောချင်းယန်တို့က သူတို့ နောက်ယောင်ခံလိုက်လာသည်ကို သိသွားကြပြီဖြစ်သည်။ လော့မျိုးနွယ်က နတ်ဘုရားဘုရင်အဆင့် စွမ်းအားကြီး သိုင်းသမားဆယ်ယောက်ကျော်ကို စေလွှတ်လိုက်ပြီဖြစ်သည်။ သို့သော် မြို့ရင်ပြင်ထဲတွင်ဆိုလျှင် မည်သူက လှုပ်ရှားဝံ့မည်နည်း။ မြို့ရင်ပြင်ထဲတွင် တိုက်ခိုက်လိုက်လျှင် သိမ်းငှက်ပြာစီရင်စုနယ်အရှင်က အလွန်ဒေါသူပုန်ထသွားပေလိမ့်မည်။
ဝှစ်...ဝှစ်...ဝှစ်...
တစ်နာရီကြာပြီးနောက် လောမျိုးနွယ်မှ နတ်ဘုရားဘုရင်များ ရောက်ရှိလာသည်။ သူတို့က ကျန်းရီတို့၏ စစ်ရထားလုံးဆီသို့ တိုက်ရိုက်ပြေးသွားလိုက်ကြသည်။ နတ်ဘုရားဘုရင်များကို ဦးဆောင်လာသော လောရွှေက ဂူမူထံ ချက်ချင်း အသံပို့လွှတ်လိုက်သည်။
“လော့မျိုးနွယ်က ခင်ဗျားတို့နောက်ကိုလိုက်ဖို့ နတ်ဘုရားဘုရင် ဆယ်ပါးကျော် စေလွှတ်လိုက်တယ်။ ကျုပ်တို့က သခင်မလေးနဲ့ ခင်ဗျားတို့ကို ကာကွယ်ဖို့ အကြီးအကဲခြောက်ရဲ့ အမိန့်နဲ့ ရောက်လာကြတာပဲ။ နားလည်မှု မလွဲပါနဲ့”
ဂူမူသည် ကျန်းရီထံ ချက်ချင်း သတင်းပို့လိုက်၏။ ကျန်းရီ ဝမ်းသာသွားသည်။ ထိုနတ်ဘုရားဘုရင်များက စောစော ထွက်ပေါ်လာခဲ့မည်ဆိုလျှင် သူ စိုးရိမ်နိုင်သည်။ သို့သော် ယခုတွင် သူ အလွန်စိတ်အေးသွားပေပြီ။ ထို့ကြောင့် လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“သူတို့ကို လာခိုင်းလိုက်ပါ။ ကျွန်တော်တို့ကို ကာကွယ်ဖို့ မီတာသုံးရာအတွင်းမှာ နေခိုင်းလိုက်ပါ။ လော့မျိုးနွယ်က လူတွေက ကျွန်တော်တို့ကို တိုက်ခိုက်ရဲရင် သူတို့ ချက်ချင်း တုံ့ပြန်ရမယ်”
***