← Chapters

စွမ်းအားကြီး သိုင်းသမားများ စုဝေးလာခြင်း

Vol. 98 Ch. 1361

စွမ်းအားကြီး သိုင်းသမားများ စုဝေးလာခြင်း

Vol. 98 Ch. 1361

ဗုဒ္ဓလက်ဝါးမှာ လေဓာတ်စည်းမျဉ်းဆန်းကြယ်စွမ်းရည်တစ်ခု ဖြစ်သည်။ ၎င်းက လေအချုပ်အနှောင် တာအိုပုံသဏ္ဌာန်၏ နိယာမနှင့် ဆင်တူသည်။ ထိုစွမ်းရည်က ရန်သူကို ထိခိုက်အောင် မလုပ်နိုင်သော်လည်း တင်းကြပ်စွာ ချုပ်နှောင်ထားနိုင်သည်။ ၎င်းသည် နတ်ဘုရားလှေကိုပင် အလွယ်တကူ ချုပ်နှောင်နိုင်ရာ ကျန်းရီကို မလှုပ်နိုင်အောင် လုပ်ထားရန်မှာ ပြဿနာမရှိပါချေ။

ဗုဒ္ဓလက်ဝါး၏ ဖမ်းချုပ်မှုအောက်တွင် ကျန်းရီသည် တစ်လက်မပင် မလှုပ်နိုင်ချေ။ ထို့ပြင် ဗုဒ္ဓလက်ဝါးက ကျန်းရီ၏ အတွင်းအားစီးဆင်းမှုကို အနှောင့်အယှက်ပေးနေသည်။ ထို့ကြောင့် ကျန်းရီတစ်ယောက် သတ်သေလိုလျှင်ပင် သတ်မပေးနိုင်တော့ပေ။

သို့သော် ကျန်းရီသည်လည်း သတ်သေရန် စိတ်ကူးမရှိချေ။ ထိုအခိုက်တွင် သူ့၌ ထိုကဲ့သို့သောအရာမျိုးကို တွေးတောရန်ပင် အချိန်မရှိပေ။ စွမ်းအားကြီး စိတ်ဝိညာဉ်တိုက်ခိုက်မှုက သူ၏ စိတ်ဝိညာဉ်ကို တိုက်ခိုက်နေသည်။ သူသည် အထွတ်အထိပ် နတ်ဘုရားဘုရင်အဆင့် စိတ်ဝိညာဉ်တိုက်ခိုက်မှုကို ယခုမှ ပထမဆုံးအကြိမ် ခံဖူးခြင်းဖြစ်သည်။

ကြောက်မက်ဖွယ်ပင်။

ယင်းမှာ ကျန်းရီ၏ ပထမဆုံး အတွေးဖြစ်သည်။ အဖြူရောင်အလင်းတန်း နှစ်တန်းက လျှပ်စီးတန်းများအဖြစ် ပြောင်းလဲကာ သူ့စိတ်ဝိညာဉ်ပင်လယ်ထဲသို့ ဝင်လာပြီး သူ၏ မူလစိတ်ဝိညာဉ်ကို တိုက်ခိုက်နေကြသည်။ ထိုလျှပ်စီးတန်းနှစ်တန်းသည် သာမန်လျှပ်စီးတန်းများ မဟုတ်ဘဲ စစ်မှန်သော ကောင်းကင်ကိုးဘုံလျှပ်စီးတန်းများဖြစ်သည်။ ၎င်းတို့၏ မိုးမြေအရှိန်အဝါက မည်သူ့ကိုမဆို ကူကယ်ရာမဲ့သွားစေမည်ဖြစ်သည်။ ၎င်းတို့၏ တိုက်ခိုက်မှုကို ခံလိုက်ရသူတိုင်း သေမည့်အချိန်ကို ထိုင်စောင့်နေရုံသာ ရှိတော့သည်။

အကယ်၍ ယခင်က ကျန်းရီ တွေ့ကြုံခဲ့ဖူးသော စိတ်ဝိညာဉ်တိုက်ခိုက်မှုများက ခွေးရူးများကဲ့သို့ ဆိုလျှင် ထိုလျှပ်စီးတန်းနှစ်တန်းက ဧရာမနဂါးများကဲ့သို့ဖြစ်သည်။ ၎င်းတို့၏ ကွာခြားမှုက အလွန်ကြီးသည်။ ထိုအခိုက်တွင် ကျန်းရီသည် တံဆိပ်စာလုံးများကို ထုတ်၍ ပြန်ခုခံရန်ပင် မေ့လျော့နေပေသည်။

“သခင်... သခင့်ရဲ့ ထူးဆန်းတဲ့စာလုံးတွေကို မြန်မြန် ထုတ်လိုက်ပါ။ မဟုတ်ရင် သခင့်ရဲ့ စိတ်ဝိညာဉ်က ဖျက်ဆီးခံလိုက်ရလိမ့်မယ်”

လောချင်းယန်က အချိန်မီ အသံပို့လွှတ်နိုင်လိုက်သည်။ ကျန်းရီ၏ မူလစိတ်ဝိညာဉ်ထဲတွင် လောချင်းယန်၏ ဝိညာဉ်မျိုးစေ့ရှိနေသည်။ အကယ်၍ ကျန်းရီ၏ မူလစိတ်ဝိညာဉ် ပျက်စီးသွားပါက လောချင်းယန်သည်လည်း သူနှင့်အတူ သေရမည်ဖြစ်သည်။ ထို့ကြောင့် ယခုတွင် သူမက ကျန်းရီထက်ပင် ပိုစိုးရိမ်နေပေသည်။

ရွှီး...

ကျန်းရီ အသိပြန်ကပ်လာ၏။ သူ့မူလစိတ်ဝိညာဉ်ပေါ်ရှိ မီးနဂါးသုံးကောင်က စတင်ရွေ့လျားလာပြီး တံဆိပ်စာလုံးလေးများလည်း ထွက်လာကာ လျှပ်စီးတန်းနှစ်တန်းကို ပြန်လည်တိုက်ခိုက်လိုက်လေသည်။

“အာ...”

လော့ထျဲသည် အတန်ငယ် အံ့အားသင့်သွား၏။ ထိုတံဆိပ်စာလုံးများက မည်မျှထူးဆန်းကြောင်း သူ ခံစားနိုင်ပေသည်။ သူ့မျက်ဝန်းများထဲမှနေ၍ အဖြူရောင်အလင်းတန်းအနည်းငယ် ထပ်ပျံထွက်သွားပြီး ကျန်းရီကို ထပ်မံ တိုက်ခိုက်လိုက်သည်။

ဝုန်း...ဝုန်း...

ကျန်းရီ၏ စိတ်ဝိညာဉ်ပင်လယ်ထဲတွင် တံဆိပ်စာလုံးများက ‌တောက်ပစွာ လင်းလက်နေပြီး မြင့်မြတ်၍ စွမ်းအားကြီးသော အရှိန်အဝါများကို ထုတ်လွှတ်နေကြသည်။ ၎င်းတို့သည် လျှပ်စီးတန်းများကိုလည်း ဆက်၍ တိုက်ခိုက်နေကြသည်။ တစ်ချက်ထိခတ်သွားတိုင်း လျှပ်စီးတန်းများက အားနည်းလာသည်။ သို့သော် တံဆိပ်စာလုံးများ၏ အရောင်အဝါကလည်း မှိန်လာသည်။ တံဆိပ်စာလုံး ခြောက်လုံး၊ ခုနစ်လုံးက လျှပ်စီးတန်းများကို ဝင်တိုက်ပြီးသောအခါ လျှပ်စီးတန်းများထဲရှိ စွမ်းအင်က လုံးဝကုန်ဆုံးသွားလေသည်။

‘အဲ့ဒါက ဘာမူလရတနာမျိုးလဲ။ ငါ့ရဲ့ စိတ်ဝိညာဉ်တိုက်ခိုက်မှုကိုတောင် ခံနိုင်တယ်လား’

လော့ထျဲ၏ စိတ်ဝိညာဉ်က တုန်လှုပ်သွား၏။ သို့သော် သူ့မျက်ဝန်းများက ကြောက်မက်ဖွယ် လင်းလက်လာသည်။ အထွတ်အထိပ် နတ်ဘုရားဘုရင်အဆင့် စိတ်ဝိညာဉ်တိုက်ခိုက်မှုကို ခံနိုင်သည့် ထိုမူလရတနာက ထိပ်တန်းအဆင့် ရတနာတစ်ခု ဖြစ်ရမည်။ အကယ်၍ သူသာ ထိုရတနာကို ရလိုက်လျှင် သူ့စွမ်းအားက ဆနှင့်ချီ၍ တိုးတက်လာပေလိမ့်မည်။ သို့သော် လော့ထျန်းမသိသည်မှာ ထိုအရာက မူလရတနာတစ်ခု မဟုတ်ဘဲ ကျင့်စဉ်တစ်ခု ဖြစ်နေခြင်းကိုပင်။

“သေလိုက်...သေလိုက်...”

လော့ထျဲသည် ဒေါသတကြီး အော်၍ အဖြူရောင်အလင်းတန်း အနည်းငယ်ကို ကျန်းရီ၏ ခေါင်းထဲ ထပ်ထည့်လိုက်သည်။ ကျန်းရီက ဗုဒ္ဓလက်ဝါး၏ ဖမ်းချုပ်မှုကို ခံထားရသဖြင့် လုံးဝ မလှုပ်နိုင်ပေ။ တစ်ချက်တိုက်ခိုက်လိုက်တိုင်း သူ၏ တံဆိပ်စာလုံးများက အရောင်မှိန်လာနေသည်။ ယင်းမှာ ၎င်းတံဆိပ်စာလုံးများ၏ စွမ်းအင်က တဖြည်းဖြည်း ကုန်ဆုံးလာပြီဆိုသော အဓိပ္ပာယ်ပင်။ ၎င်းတို့၏ စွမ်းအင်အားလုံး ကုန်သွားလျှင် ကျန်းရီ၏ စိတ်ဝိညာဉ်က လော့ထျဲ၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားပေလိမ့်မည်။

“အာ...”

လော့ဖူနှင့် လော့ချီတို့က အံ့အားသင့်ဟန်ဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ လော့ထျဲ၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုကပင် ကျန်းရီကို ချက်ချင်း မထိန်းချုပ်နိုင်လိုက်သည်လော။ ထို့ပြင် ဆက်တိုက် တိုက်ခိုက်နေသည်ပင် ယခုအထိ ကျန်းရီကို မထိန်းချုပ်နိုင်သေးသည်လော။ ထိုကောင်လေး၏ စိတ်ဝိညာဉ်က အထွတ်အထိပ် နတ်ဘုရားဘုရင်အဆင့်သို့ပင် ရောက်နေခြင်းလော။

“လော့ထျဲ မြန်မြန်လုပ်”

လော့ဖူသည် အဝေးသို့ ကြည့်လိုက်၏။ အရှိန်အဝါ သုံးဆယ်လောက်က နီးကပ်လာပြီဖြစ်ကြောင်းကို သူ ခံစားနေရပေသည်။ လောမျိုးနွယ်မှ အကြီးအကဲခြောက်တို့က မကြာခင်တွင် ရောက်လာပေတော့မည်။ အကယ်၍ သူတို့ ကျန်းရီကို အချိန်မီ မထိန်းချုပ်နိုင်ပါက ရှုပ်ထွေးမှုများစွာ ဖြစ်လာပေလိမ့်မည်။

လော့ထျဲသည်လည်း ကျန်းရီကို အမြန်ဆုံး ထိန်းချုပ်လိုနေသည်။ သို့သော် ပြဿနာမှာ သူ ထိုသို့ မလုပ်နိုင်ခြင်းပင်။ လော့ထျဲသည် သူက ကျန်းရီ၏ စိတ်ဝိညာဉ်ကို ထိန်းချုပ်နိုင်စွမ်းမရှိဟုပင် ခံစားနေရသည်။ ထိုတံဆိပ်စာလုံးများက အဆုံးမရှိသကဲ့သို့ အဆက်မပြတ် ထွက်ပေါ်လာနေပေသည်။

‘အို့..သွားပြီ... ဘာလို့ အကြီးအကဲခြောက်က အခုထိ ရောက်မလာရသေးတာလဲ’

တံဆိပ်စာလုံးများက တစ်ဒါဇင်လောက်သာ ကျန်တော့ကြောင်းကို ကျန်းရီသာ သိသည်။ အခြားတံဆိပ်စာလုံးများက စွမ်းအင်ကုန်သွားကြပေပြီ။ ထို့ကြောင့် ၎င်းတို့သည် ယာယီအသုံးမဝင်တော့ပေ။ ဂူမူက ကျန်းရီ၏ အစွမ်းကို ပိုတွက်မိခဲ့ခြင်းပင်။ ထိုတံဆိပ်စာလုံးများကြောင့် ကျန်းရီက အထွတ်အထိပ်အဆင့် နတ်ဘုရားဘုရင် တစ်ယောက်၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုများကို ခေတ္တမျှ ခုခံနိုင်သည်။ သို့သော် ကျန်းရီ၏ လက်ရှိအဆင့်အရ သူသည် နတ်ဘုရားဧကရာဇ်၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုများကိုမူ လုံးဝခုခံနိုင်မည် မဟုတ်ချေ။

“လော့ဖူ ရပ်လိုက်။ ခင်ဗျား ကျုပ်ရဲ့ သခင်မလေးကို ထိခိုက်အောင်လုပ်ရင် ကျုပ် ခင်ဗျားနဲ့ သူသေကိုယ်သေ တိုက်ခိုက်မယ်”

လော့ထျဲက နောက်တစ်ချီ တိုက်ခိုက်ပြီးနောက်တွင် အကြီးအကဲခြောက် ရောက်လာပေသည်။ အကြီးအကဲခြောက်သည် အဝေးမှနေ၍ ဧရာမ အနက်ရောင်ချိပ်စည်းတစ်ခုကို ပစ်လွှတ်လိုက်သည်။ ၎င်းချိပ်စည်းက လော့ဖူတို့က တောင်တစ်လုံးကဲ့သို့ ဖိနှိပ်သွားလေသည်။

“ဦးလေးနှစ်နဲ့ လော့ထျဲတို့က ကျန်းရီကို ဖမ်းပြီး အရင်ပြန်ဆုတ်သွားလိုက်ကြပါ။ ကျွန်တော်က လောမျိုးနွယ်ရဲ့ အကြီးအကဲခြောက်ကို တားထားပါမယ်”

လော့ဖူသည် အခြေအနေများက ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ။ အစောတွင် သူက ကျန်းရီကို ဖမ်းကာ ချက်ချင်း ထွက်ပြေးရန် တွေးထားခဲ့သည်။ သို့သော် ယခုတွင် သူသည် ဗုဒ္ဓလက်ဝါးကို ပြန်ဖျောက်၍ သူတို့အပေါ် ကျဆင်းလာသော ချိပ်စည်းကြီးကို လက်သီးဖြင့် ထိုးလိုက်ရလေသည်။

ဝုန်း...ဝုန်း...

ဧရာမ လက်သီးပုံရိပ်ကြီးက ချိပ်စည်းကို သွားရောက်ထိမှန်၏။ ထိုအခါ ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ ကျောက်ထွတ်များ ပြိုကျပျက်စီးကုန်သည်။ ကျောက်ထွတ်များ ပျက်စီးသွားသောအခါ တစ္ဆေညည်းသံများလည်း ပျောက်ကွယ်သွားသည်။

“လော့ထျဲ... မင်းက လော့ဖူကို ကူညီပေးလိုက်။ ငါ မျောလွင့်တိမ်လက်ဝါးကို သုံးပြီး အဲ့ကောင်လေးကို သတိမေ့သွားအောင် လုပ်လိုက်မယ်။ သူ သတိမေ့သွားမှ မင်း သူ့ကို စိတ်ဝိညာဉ်တိုက်ခိုက်မှုနဲ့ ထိန်းချုပ်လိုက်‌ပေါ့”

လော့ချီသည် ညွှန်ကြားပြီးနောက် အရှေ့သို့ ထက်ရှသော ဓားတစ်ချောင်းအလား ပျံသန်းသွားလိုက်သည်။ ထို့နောက် သူ၏ အရေတွန့်နေသော လက်က ကျန်းရီနှင့် လောချင်းယန်တို့၏ ဦးခေါင်းများကို ညင်သာစွာ ရိုက်လိုက်သည်။ ကျန်းရီနှင့် လောချင်းယန်တို့သည် ချက်ချင်း သတိမေ့သွားပြီး လောချီ၏ ဆွဲခေါ်သွားမှုကို ခံလိုက်ရလေသည်။

ဝှစ်...ဝှစ်...ဝှစ်...

လောမျိုးနွယ် နတ်ဘုရားဘုရင်များက ပျံသန်းလာပြီး လော့ဖူတို့ကို ဝန်းရံလိုက်ကြသည်။ လော့ဖူနှင့် အကြီးအကဲခြောက်တို့ စတင် တိုက်ခိုက်ကြသည်။ လော့ထျဲကလည်း စိတ်ဝိညာဉ်တိုက်ခိုက်မှုများကို ဆက်ထုတ်လွှတ်နေသည်။ လောမျိုးနွယ်ဝင်များက ဒေါသတကြီး ပြန်တုံ့ပြန်ကြသည်။ အဆင့်မြင့် နတ်ဘုရားဘုရင် ခြောက်ယောက်သည် အဝေးသို့ ပျံပြေးသွားသော လော့ချီဆီသို့ တိုက်ခိုက်မှုမျိုးစုံ ပစ်လွှတ်လိုက်ကြ၏။ သို့သော် သူတို့ အလွန်နောက်ကျသွားပေပြီ။

“ဟားဟားဟား... မင်းတို့ တိုက်နိုင်ရင် ငါ့ကို လာတိုက်ကြလေ”

လော့ချီက အဆင့်မြင့် နတ်ဘုရားဘုရင်သာ ဖြစ်သော်လည်း လောမျိုးနွယ်မှ အဆင့်မြင့် နတ်ဘုရားဘုရင် ခြောက်ယောက်ကို မကြောက်ပေ။ သူသည် ကျန်းရီနှင့် လောချင်းယန်တို့ကို သူ့အရှေ့တွင် ထား၍ ရယ်ကာ အော်ပြောလိုက်သည်။

“ငါက သေရမှာကို မမှုပါဘူး။ ငါသေရင် မင်းတို့ရဲ့ သခင်မလေးက ငါ့ကို အဖော်လိုက်ပြုပေးမှာမလား။ ငါ အရမ်းကျေနပ်ပါတယ်”

“အာ...”

နတ်ဘုရားဘုရင် ခြောက်ယောက်သည် မည်သို့ ဆက်လုပ်ရမည်ကို မသိတော့ဘဲ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။

“ဟားဟားဟား...”

လော့ဖူနှင့် လော့ထျဲတို့ကလည်း ကျယ်လောင်စွာ ရယ်လိုက်ကြသည်။ လော့ဖူက အကြီးအကဲခြောက်ကို ဆက်ထိန်းထားပြီး လော့ထျဲက လောမျိုးနွယ်မှ နတ်ဘုရားဘုရင်များကို စတင် သတ်ဖြတ်လိုက်သည်။ လော့ထျဲ၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုက အလွန်စွမ်းအားကြီး၏။ ထို့ပြင် သူက အဆင့်မြင့် နတ်ဘုရားဘုရင်များကို မတိုက်ခိုက်ဘဲ အဆင့်နိမ့်နှင့် အလယ်အလတ်အဆင့် နတ်ဘုရားဘုရင်များကိုသာ ပစ်မှတ်ထားနေသည်။ ထို့ကြောင့် စက္ကန့်ပိုင်းအတွင်းမှာပင် လောမျိုးနွယ်မှ နတ်ဘုရားဘုရင် ဆယ့်တစ်ယောက်ကို သတ်ပစ်နိုင်လိုက်သည်။

“လော့ထျဲ... လောမျိုးနွယ်က အဲ့အမှိုက်ကောင်တွေ အကုန်လုံးကို သတ်ပစ်လိုက်”

ယနေ့တွင် လော့ဖူသည် အရာအားလုံးကို ရင်းထားပြီးဖြစ်သည်။ ကျန်းရီနှင့် လောချင်းယန်တို့ကို ဖမ်းမိခဲ့ပေပြီ။ သူတို့က ကျန်းရီ၏ စိတ်ဝိညာဉ်ကို မထိန်းချုပ်ရသေးသော်လည်း အနာဂတ်တွင် အခွင့်အရေးများစွာ ရှိဦးပေလိမ့်မည်။ ကျန်းရီ အသက်ရှင်နေသေးသ၍ လော့မျိုးနွယ်ဝင် ခိုင်မာသော သက်သေရှိနေမည်ဖြစ်သည်။ ထို့ကြောင့် ပြဿနာက ကြီးထွားလာလျှင်လည်း သူတို့ မကြောက်ပေ။

“သတ်ကြ...သတ်ကြ...”

အဝေးမှနေ၍ အော်သံတစ်ဒါဇင်လောက် ထွက်ပေါ်လာ၏။ မြူထူတောအုပ်ထဲရှိ လော့မျိုးနွယ်မှ အခြားနတ်ဘုရားဘုရင်များ ရောက်ရှိလာပေပြီ။ လော့ဖူ၊ လော့ထျဲနှင့် လော့ချီတို့ ဝမ်းမြောက်သွားသည်။ တိုက်ပွဲရလဒ်က သေချာသွားပြီဖြစ်သည်။

“လော့ဖူ ရပ်လိုက်”

ရုတ်တရက် ကောင်းကင်ထက်မှနေ၍ အသံတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံက မိုးမြေကဲ့သို့ပင်။ မည်သူကမှ ထိုအသံကို မဆန့်ကျင်ဝံ့ချေ။ လော့ဖူနှင့် လော့ထျဲတို့သည် ထိုအသံကို ကြားလိုက်သောအခါ တုန်လှုပ်သွားကြ၏။ လော့ဖူသည် မျက်စိပျက်မျက်နှာပျက်နှင့် အနောက်ဘက် ကောင်းကင်သို့ လှမ်းကြည့်လိုက်၏။ ထို့နောက် သူ ရေရွတ်လိုက်သည်။

“အရှင်ရှောင်တိလား...”

မကြာခင်တွင် လောမျိုးနွယ်မှ နတ်ဘုရားဘုရင်များကို စိတ်တက်ကြွသွားစေသည့် အသံတစ်သံ ထွက်ပေါ်လာ၏။

“လော့ဖူ... ဒီနေ့ ငါ မင်းတို့အကုန်လုံးကို မသတ်နိုင်ရင် ကိုယ့်ကိုယ်ကိုယ် ယောက်ျားလို့ မခေါ်တော့ဘူး”

***

All Chapters