← Chapters

ကြက်သွေးရောင်လျှို့ဝှက်မီးတောက်ကျင့်စဉ်

Vol. 5 Ch. 60

ကြက်သွေးရောင်လျှို့ဝှက်မီးတောက်ကျင့်စဉ်

Vol. 5 Ch. 60

နောက်တစ်နေ့မှာတော့ ...  ... လီဖူချန်းက အောင်မြင်ခြင်း တံဆိပ်ပြားကို ကိုင်ပြီး

မိုးပြာရောင်ဂိုဏ်းရဲ့ အတွင်းစည်း ဂိုဏ်းထဲကို ပထမဆုံး အကြိမ်အဖြစ် ရောက်လာခဲ့ပါတယ်။

အတွင်းစည်းဂိုဏ်းရဲ့ နယ်နိမိတ်ထဲမှာတော့ စွမ်းအင်တွေက ပိုပြီးသန့်စင်ပါတယ်။

ပြီးတော့ အတွင်းစည်းဂိုဏ်းရဲ့ တပည့်တွေ အားလုံးက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်က ဖြစ်သည့်အတွက် အတွင်းအား လည်ပတ်လိုက်တာနဲ့ ခန္ဓာကိုယ်တွေကနေ အရောင် အမျိူးမျိုး ထွက်နေကြပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်က ကိုယ်ရောင်ကိုယ်ဝါတွေက နတ်ဆိုးတွေအတိုင်း ကြောက်စရာ ကောင်းတဲ့ ဖိအားကို ပေးနေပါတယ်။

' အတွင်းစည်း သိုင်းကျမ်းဆောင်'

" အောင်မြင်ခြင်း တံဆိပ်ပြား ...  ။ မဆိုးဘူးပဲ။ ငါ့အမြင် ပြောရရင် မင်းက တခြားကျင့်စဉ်တွေ ရွေးချယ်စရာတောင် မလိုတော့ဘူးထင်တယ်။ မင်းအတွက် သင့်တော်မဲ့ ကျင့်စဉ်တစ်ခုက ရှိပြီးသားပဲ။

အဲဒါက ဆန်းကြယ် အလယ်အလတ် အဆင့်ရှိတဲ့ 'ကြက်သွေးရောင်လျှို့၀ှက်မီးတောက်' ကျင့်စဉ်ပဲ။

အဲဒါက အမှတ် ၅၀၀၀၀ တောင် တန်တယ်နော်" အတွင်းစည်း သိုင်းကျမ်းဆောင်အကြီးအကဲက လီဖူချန်းကို ဖော်ဖော်ရွေရွေ ဆက်ဆံသည့်အပြင် လီဖူချန်းနှင့် လိုက်ဖက်သည့် ကျင့်စဉ်တစ်ခုကိုပါ အကြံပေးလိုက်ပါတယ်။

လီဖူချန်းက

" အကြီးအကဲခင်ဗျား ... ကျွန်တော်က ခန္ဓာကိုယ် သန့်စင်တဲ့ ကျင့်စဉ်ကိုပဲ ရွေးဖို့ စဉ်းစားထားပါတယ်"

အတွင်းစည်းအကြီးအကဲက စိတ်ဝင်စားသည့်ပုံဖြင့်

" မင်းက ဘယ်ခန္ဓာကိုယ် သန့်စင်တဲ့ ကျင့်စဉ်ကို လေ့ကျင့်ထားတာလဲ။ ငါ့ကို ပြောစမ်းပါဦး"

လို့ လီဖူချန်းကို မေးလိုက်ပါတယ်။

" ကြေးနီရောင် တိုက်ပွဲဝင် ခန္ဓာကိုယ်" ကျင့်စဉ်ပါ အကြီးအကဲ။ လီဖူချန်းက မဆိုင်းမတွ ပြန်ဖြေ လိုက်ပါတယ်။

" အလွန်ကောင်းတဲ့ ကျင့်စဉ်ပဲ"

အတွင်းစည်း အကြီးအကဲက သဘောကျသည့်ပုံဖြင့် ပြောလိုက်တယ်။

" မင်းက သာမန်အရိုး တည်ဆောက်ပုံပဲ ရှိတယ် ဆိုပေမဲ့ ကိုယ့်ကိုယ်ကိုယ် အားမလျော့ လိုက်နဲ့နော်။ မင်းလည်း ကြိုးစားရင် ကောင်းကင် ပိုးနယ်ပယ်ကို ရောက်နိုင်တာပဲ"

အတွင်းစည်း အကြီးအကဲက လီဖူချန်းကို အားပေးလိုက်ပါတယ်။

အတွင်းစည်း အကြီးအကဲ အားလုံးက ကောင်းကင် ပိုးနယ်ပယ်ကို ရောက်နှင့်နေပြီးသား ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအကြီးအကဲကတော့ သူများနဲ့မတူပဲ ကြယ်တစ်ပွင့် အရိုးတည်ဆောက်ပုံပဲ ရှိတာပါ။ ဒါကြောင့်သူက အရိုးတည်ဆောက်ပုံ အဆင့်နိမ့်တဲ့ တပည့်တွေ အပေါ်ကို ပိုပြီး သဘောကျပါတယ်။

သိုင်းကျမ်းဆောင်ထဲကို ဝင်လိုက်တာနဲ့ လီဖူချန်းက ခန္ဓာကိုယ် သန့်စင်တဲ့ ကျင့်စဉ်တွေ ထားတဲ့ဘက်ကို ဦးတည် လာခဲ့ပါတယ်။

ပထမဆုံးတန်းမှာတော့ ဆန်းကြယ် အဆင့်နိမ့် ခန္ဓာကိုယ် သန့်စင်ကျမ်းတွေ ထားထားပါတယ်။

ပုံမှန် ဆန်းကြယ်အဆင့် နိမ့်သိုင်းကျမ်းတွေက အမှတ် ၁၀၀၀၀ လောက်ပဲ ပေးရပါတယ်။

ဒါပေမဲ့ ဆန်းကြယ် အဆင့်နိမ့် ခန္ဓာကိုယ် သန့်စင်ကျမ်းတွေကတော့ အနည်းဆုံး အမှတ် ၂၀၀၀၀ လောက် ပေးရမှာပါ။

ကောင်းကင်ဘုံ မြောက်တံခါးဂိတ်မှူး ခန္ဓာကိုယ်ကျင့်စဉ် ပြီးမြောက်အောင် လေ့ကျင့်နိုင်မယ် ဆိုရင်  ၇၀၀၀ ကီလိုဂရမ်အားကို ရရှိမှာပါ။ အမှတ် ၂၀၀၀၀ ပေးရမှာ ဖြစ်ပါတယ်။

သံရိုင်းငှက် ခန္ဓာကိုယ်ကျင့်စဉ် -  ၇၅၀၀ ကီလိုဂရမ်အား ရရှိမှာဖြစ်ပြီး ရမှတ်  ၂၂၀၀၀  ပေးရမှာပါ။ မူလဘူတခန္ဓာကိုယ် - ၈၀၀၀ ကီလိုဂရမ်အား ရရှိမှာဖြစ်ပြီး

ရမှတ် ၂၅၀၀၀ ကျသင့်မှာပါ။

...

ဆန်းကြယ် အဆင့်နိမ့် ခန္ဓာကိုယ် သန့်စင်ကျမ်း ၁၀အုပ်လောက် ဖတ်ပြီးတဲ့အထိ  လီဖူချန်းနဲ့ ကိုက်ညီတဲ့ ကျင့်စဉ်တစ်ခုကိုမှ သူမတွေ့သေးပါဘူး။

သူရဲ့လက်ရှိ ကြေးနီရောင် တိုက်ပွဲဝင် ခန္ဓာကိုယ် ကျင့်စဉ်ကတောင်

ပြင်ပခွန်အား ၅၀၀၀ ကီလိုအထိ ပေးစွမ်းနိုင်တာ ဆိုတော့ ဒီဆန်းကြယ် အဆင့်နိမ့် သိုင်းကျမ်းတွေနဲ့ သိပ်ပြီး မကွာလှပါဘူး။

ကြည့်ရင်းကြည့်ရင်းနဲ့ ဆန်းကြယ် အလယ်အလတ် အဆင့်သိုင်းကျမ်းတွေ ထားတဲ့ ဘက်ကိုတောင် ရောက်လာခဲ့ပါပြီ။ တောင်ပံနီငှက်ခန္ဓာကိုယ်ကျင့်စဉ် - ၁၂၀၀၀ ကီလိုဂရမ်အားကို ပေးစွမ်းနိုင်ပြီး  ၆၂၀၀၀ ထောက်ပံ့ရေးရမှတ် ပေးရမှာပါ။ ရေခဲခေတ် မူလကျား ခန္ဓာကိုယ်ကျင့်စဉ် - ၁၃၀၀၀ ကီလိုဂရမ်အားကို ရှိပြီး ရမှတ် ၆၅၀၀၀ တန်ပါတယ်။ လမိုက်ည တုန်ခါလက်သီး   - ၁၃၅၀၀ ပြင်ပအား ရရှိပြီး ၆၈၀၀၀ ထောက်ပံ့ရေး ရမှတ် ပေးရမှာပါ။ တာအို လမ်းခွဲခန္ဓာကိုယ် - ၁၅၀၀၀ ကီလိုဂရမ်အား ရရှိမှာဖြစ်ပြီး ရမှတ် ၇၅၀၀၀ တန်ပါတယ်။

ဆန်းကြယ် အလယ်အလတ်အဆင့် ခန္ဓာကိုယ် သန့်စင်နည်း စနစ်တွေကို ဖတ်မိတဲ့အခါမှာတော့ လီဖူချန်းတစ်ယောက် အနည်းငယ် စိတ်ဝင်စားလာပါပြီ။ ဆန်းကြယ် အလယ်အလတ်အဆင့် ခန္ဓာကိုယ် ကျင့်စဉ်တွေကတော့ အဝါရောင် ထိပ်တန်းကျင့်စဉ်တွေနဲ့ အတော်လေး ကွာခြားတာကို သူသိလိုက်ရလို့ပါပဲ။

အဝါရောင် အထွတ်အထိပ် ခန္ဓာကိုယ် ကျင့်စဉ်တွေက ခန္ဓာကိုယ်ရဲ့ အရေပြား၊ အရိုးသိပ်သည်းဆနဲ့ အသွေးအသားကို ပိုပြီး ကြံ့ခိုင်လာစေတာဖြစ်ပြီး ဆန်းကြယ်အဆင့် သိုင်းကျမ်းတွေကတော့ ခန္ဓာကိုယ်ထဲမှာ ပုန်းကွယ်နေတဲ့ အားတွေကို ထုတ်သုံးနိုင်အောင် လေ့ကျင့်ရတာ ဖြစ်ပါတယ်။ (လူတစ်ယောက်က ခွေးတစ်ကောင် လိုက်ကိုက်ရင် ဘဝမှာ မပြေးနိုင်တဲ့နှုန်းနဲ့ ပြေးနိုင် လာသလိုပေါ့။)

ဆန်းကြယ်အဆင့် ခန္ဓာကိုယ် ကျင့်စဉ်တွေထဲမှာ တချို့က ကျင့်စဉ်ထဲက သတ္တဝါရဲ့အားတွေကို ငှားယူနိုင်ပါတယ်။ ဥပမာ- ရေခဲခေတ် မူလကျား ခန္ဓာကိုယ် ကျင့်စဉ် ဆိုပါစို့။ ဒီကျင့်စဉ်ကို ထုတ်ဖော် အသုံးပြုလိုက်ရင် ရေခဲခေတ်က ကျားတစ်ကောင်ရဲ့ ကြမ်းတမ်းမှုနဲ့ အင်အားကို ရရှိသွားမှာပါ။

တစ်မူ ထူးခြားတဲ့ ကျင့်စဉ်တွေလည်း ရှိပါသေးတယ်။ ဥပမာ- လမိုက်ည တုန်ခါလက်သီး ဆိုပါစို့။

မသိရင် ဒီကျင့်စဉ်က လက်သီးသိုင်းလိုပါပဲ။ ဒါပေမဲ့ တကယ်တမ်းတော့ ဒီကျင့်စဉ်က ခန္ဓာကိုယ်ကို လေ့ကျင့်ရတဲ့ ကျင့်စဉ်ပါ။ ဒီကျင့်စဉ်ကို အောင်မြင်တဲ့အထိ လေ့ကျင့်ပြီးသွားရင်

တစ်ဖက်လူရဲ့ တိုက်ခိုက်မှုတွေကို ခံယူပြီး ပြန်လည်တိုက်ခိုက်နိုင်ပါတယ်။

တာအိုလမ်းခွဲ ခန္ဓာကိုယ် ကျင့်စဉ်ကတော့ အဆန်းကြယ်ဆုံး ကျင့်စဉ် တစ်ခုပါပဲ။ ဒါက တစ်မူထူးခြားပြီး ကွဲထွက်နေတဲ့ ပညာရပ်တစ်ခုပါ။ စိတ်ဝိညာဉ်ကို အသုံးချပြီး လေ့ကျင့်ရတဲ့ ပညာရပ် တစ်ခုဖြစ်တာကြောင့် ခန္ဓာကိုယ်ကို အရမ်းကြီး ဖိအားပေးစရာ မလိုပါဘူး။ ဒါပေမဲ့ ခန္ဓာကိုယ် သန့်စင်ဆေးတွေတော့ အသုံးပြုဖို့ လိုအပ်ပါသေးတယ်။

" ငါဒါကိုပဲ ရွေးလိုက်တော့မယ်"

လီဖူချန်းက ထူးခြားပညာရပ်တွေကို လေ့ကျင့်ရတာကို နှစ်သက်တဲ့ လူတစ်ယောက်ပါ။

ဒါကြောင့် သူက တာအိုလမ်းခွဲ ခန္ဓာကိုယ်ကျင့်စဉ်ကို ရွေးချယ် လိုက်ပါတယ်။

ကြက်သွေးရောင်  လျှို့၀ှက်မီးတောက်ကျင့်စဉ်က ရမှတ် ၅၀၀၀၀ ကျသင့်ပြီး တာအိုလမ်းခွဲ ခန္ဓာကိုယ် ပညာရပ်ကတော့ ရမှတ် ၇၅၀၀၀ ကျသင့်ပါတယ်။ ရမှတ် ၁၂၅၀၀၀

ရမှတ် ၁၄၅၀၀ပဲ ကျန်နေပါတော့တယ်။ ( အမှန်ဆိုရင်တော့ ကျင့်စဉ်တစ်ခုပဲ ယူခွင့်ရှိတာပါ။ နောက်တစ်ခုက အကြီးအကဲက လီဖူချန်းကို သဘောကျလို့ ယူခွင့် ပေးလိုက်တာပါ)

***

အတွင်းစည်းဂိုဏ်း နယ်ပယ်ထဲကနေ ပြန်ထွက်လာပြီးနောက် လီဖူချန်းက သူ့အခန်းထဲကို ပြန်လာခဲ့ပါတယ်။

"ဒီကျင့်စဉ်က ကြက်သွေးရောင် လျှို့၀ှက်မီးတောက် ကျင့်စဉ်လို့ ပြောတာလည်း မမှားပါဘူး။ ဒါက ကြက်သွေးရောင် မီးကျင့်စဉ်ကို အဆင့်မြှင့်ထားတာပဲ။ ကြက်သွေးရောင် လျှို့၀ှက် မီးတောက် ကျင့်စဉ်က အဆင့်၁၅ ဆင့်ရှိပါတယ်။ ကြက်သွေးရောင် မီးကျင့်စဉ်ရဲ့ အဆင့်၉ ကတောင်မှ ဒီကျင့်စဉ်ရဲ့ အဆင့်၇ စွမ်းအားလောက်ပဲ ရှိပါတယ်။ ဒါပေမဲ့ ဒီကျင့်စဉ်ကို အစကနေ ပြန်ကျင့်ရမှာ ဖြစ်ပါတယ်။

ဒါမှ ကြက်သွေးရောင် လျှို့၀ှက်မီးတောက်ရဲ့ မီးတောက်ဆန္ဓကို သိရမှာပါ။ အခြေခံရှိပြီးသား ဖြစ်တဲ့အတွက် လီဖူချန်းက တစ်နေ့တည်းမှာပဲ ကြက်သွေးရောင် မီးကျင့်စဉ်ကနေ ကြက်သွေးရောင် လျှို့၀ှက်မီးတောက် ကျင့်စဉ်ကို ကူးပြောင်းနိုင်ခဲ့ပါတယ်။

ဒီကျင့်စဉ်ရဲ့ အဆင့်၇က ကြက်သွေးရောင် မီးကျင့်စဉ်ရဲ့ အဆင့်၉နဲ့ ညီမျှတယ် ဆိုပေမဲ့ အသုံးပြုရတဲ့ စွမ်းအားက ပိုပြီး စစ်မှန်ပါတယ်။ တူညီတဲ့ စွမ်းအားပမာဏ မှာတောင် ဒီကြက်သွေးရောင် လျှို့၀ှက်မီးတောက်က ပိုကြာကြာခံသလို လောင်ကျွမ်းနှုန်းလည်း ပိုကောင်းပါတယ်။ တာအိုလမ်းခွဲ ခန္ဓာကိုယ် ပညာရပ်ကတော့ ကြေးနီရောင် ခန္ဓာကိုယ် ကျင့်စဉ်လို အဆင့်၃ ဆင့်နဲ့ပါ။

ပထမဆုံးအဆင့်ကို အောင်မြင်ရင် ပြင်ပခွန်အား ၅၀၀၀  ကီလို။ ဒုတိယအဆင့်ကို အောင်မြင်ရင် ပြင်ပခွန်အား ၁၀၀၀၀  ကီလို။ တတိယအဆင့်ကို အောင်မြင်ရင်တော့ ပြင်ပခွန်အား ၁၅၀၀၀ ကီလို

ဖြစ်ပါတယ်။ လီဖူချန်းက ပြင်ပခွန်အား ၅၀၀၀ ကီလိုရှိနေပြီ ဖြစ်ပေမဲ့ တာအိုလမ်းခွဲ ခန္ဓာကိုယ်ရဲ့ ပထမအဆင့်ကိုတော့ လွယ်လွယ်ကူကူ မအောင်မြင် နိုင်သေးပါဘူး။ ဒီကျင့်စဉ်က စိတ်ဆန္ဒကို လေ့ကျင့်ရတာ ဖြစ်ပြီး ခန္ဓာကိုယ်ကို အသားပေးတာ မဟုတ်ဘူးလေ။

ကြမ်းပြင်ထက်မှာ တင်ပျဉ်ခွေ ထိုင်ရင်းနဲ့ လီဖူချန်းက ကျင့်စဉ်ကို ကြိုးစား လေ့ကျင့်နေပါတယ်။

သူရဲ့နဖူးပေါ်ကနေ ချွေးသီးချွေးပေါက် တွေကလည်း ကျနေပါတယ်။ သူ့ခန္ဓာကိုယ်ကလည်း လုံးဝနီရဲနေပြီး သွေးကြောတွေကလည်း ပေါက်ထွက်တော့မည့် အလား အထင်းသား ပေါ်နေပါပြီ။

ဒါတွေ အလွန်အမင်း အားထုတ်ခြင်းရဲ့ လက္ခဏာတွေပါပဲ။

လီဖူချန်းက ဆုံးဖြတ်ချက် ခိုင်မာပြီး စိတ်ဓာတ်ကြံ့ခိုင်တဲ့ လူတစ်ယောက် ဖြစ်ပါတယ်။

ဒါကြောင့် တာအိုလမ်းခွဲ ခန္ဓာကိုယ်ကျင့်စဉ်ရဲ့ ပထမအဆင့်က သူ့အတွက် သိပ်ခက်ခဲလှတာ မဟုတ်ပါဘူး။

ဟိုင်းယား

လီဖူချန်း လက်သီးတစ်လုံး စမ်းထိုးကြည့်လိုက်တဲ့ အခါမှာတော့ သူရဲ့ လက်သီးချက်က အရင်ကထက် ပိုမြန်လာပြီး တိကျမှုလည်း ရှိလာတာကို သတိပြုမိလိုက်ပါတယ်။ ဒီကျင့်စဉ် ပထမအဆင့်က သူ့ရဲ့အားတွေကို ပိုမတိုးလာစေနိုင်ပေမဲ့ အလျင်နဲ့ လိုက်လျောညီထွေ မှုမှာတော့ ပိုပြီး ကောင်းလာပါတယ်။

ကြေးနီရောင် ခန္ဓာကိုယ် အောင်မြင်ပြီး ကတည်းက လီဖူချန်းရဲ့ အလျင်က

အရမ်းမြန်တဲ့အထဲ ပါနေခဲ့ပါပြီ။

အခုတော့ သူ့ရဲ့အလျင်က နောက်တစ်ဆင့်ကို တက်သွားခဲ့ပါပြီ။

***

အဲသည်နေ့မှာပဲ ကောင်းရှုက ဆင်းရဲဒုက္ခ မျှော်စင်ကို နောက်ထပ်တစ်ခါ ရောက်လာပြန်ပါတယ်။

သူမရဲ့ အရင်တစ်ခေါက် ရလဒ်က အဆင့် ၁၉၈ ဖြစ်ပေမဲ့ ဒီတစ်ခါမှာတော့ အဆင့် ၉၈ ကိုရောက်သွားခဲ့ပါပြီ။

လီဖူချန်းနာမည် ကျော်ကြားလာရခြင်းက သူမရဲ့ တိုးတက်မှုနှုန်းရဲ့ ဖိအားဖြစ်လာပါတယ်။

သူမပစ်ပယ်ခဲ့တဲ့ လူတစ်ယောက်က အပြင်စည်း ဂိုဏ်းတစ်ခုလုံးရဲ့ နာမည်ကျော် တစ်ယောက် ဖြစ်လာတဲ့အပြင် ဆင်းရဲဒုက္ခမျှော်စင် မှာလည်း သူမရဲ့အဆင့်ကို ကျော်တက် သွားခဲ့တယ်လေ။

ဒီကိစ္စက သူမရဲ့ တာအိုလမ်းကြောင်းမှာ ဆူးငြောင့်တစ်ခု ဖြစ်လာခဲ့ပါပြီ။

သေချာ တွေးကြည့်မယ်ဆိုရင် လီဖူချန်းလို သာမန်အရိုး ကိုယ်ထည်ပိုင်ရှင်က နောက်ပိုင်းမှာ သူမကို ယှဉ်နိုင်မှာ မဟုတ်ဘူးဆိုတာကို သိပေမဲ့လည်း သူမရဲ့ ကြယ်လေးပွင့်အထူး အရိုးတည်ဆောက်ပုံ ပိုင်ရှင်ဆိုတဲ့ ဂုဏ်ပုဒ်ကြီးက အခုလို လီဖူချန်းက သူမထက်သာနေတာကို လက်ခံနိုင်စွမ်း မရှိပါဘူး။

ဒါကြောင့် သူမက အရင်ကထက်ကို ပိုပြီး ကြိုးစား လေ့ကျင့်ခဲ့ပါတယ်။ ဒီတိုတောင်းတဲ့ တစ်လအတွင်းမှာပဲ သူမက ခုနစ်စင်ကြယ် ကျင့်စဉ်ကို အောင်မြင်ခဲ့တဲ့အပြင်

ပြင်ပခွန်အား ၃၀၀၀ ကီလိုဂရမ်အထိ ရောက်လာပြီလည်း ဖြစ်ပါတယ်။

နောက်ထပ် တိုးတက်မှု တစ်ခုကတော့ သူမရဲ့ကျင့်ကြံခြင်း အဆင့်က

လူသားနယ်ပယ် အဆင့်၉ အထိ ရောက်သွားပါပြီ။

"ငါ့ကိုသာ နောက်ထပ် လအနည်းငယ်လောက် အချိန်ပေးကြည့်စမ်း။ ငါနင့်ထက် အရာရာမှာ သာစေရမယ် လီဖူချန်း… "

ကောင်းရှုက ကြုံးဝါးလိုက်တယ်။

***

All Chapters