← Chapters

ခြင်္သေ့ဘုရင်နန်းတော်သို့ ဝင်ရောက်ခြင်း

Vol. 25 Ch. 342

ခြင်္သေ့ဘုရင်နန်းတော်သို့ ဝင်ရောက်ခြင်း

Vol. 25 Ch. 342

"ယဲ့ချန် မင်းရဲ့ဝိညာဥ်အသိစိတ်ကို ထုတ်မသုံးတာ ကောင်းလိမ့်မယ်။ ပိုလင်းက အဲ့တာကို မှတ်မိသွားနိုင်တယ်"

ခြင်္သေ့ကြီးက သတိပေးလိုက်သည်။

"စိတ်ချပါ ဆရာ။ ကျုပ်မှာ အခု ဧကရာဇ်မင်ရဲ့ခါးပတ်ရှိနေလို့ သားရဲတွေကို ဆင့်ခေါ်နိုင်ပြီလေ။ အန္တရာယ်ကြုံလာရင် အမှောင်ဖီးနစ်ကို ဆင့်ခေါ်လိုက်မယ်"

ယဲ့ချန်က တစ်ချက်ပြုံး၍ ဖြေလိုက်သည်။ အင်မော်တယ်အမှောင်ဖီးနစ်သည်လည်း ဝိညာဥ်စစ်သည်တော်ကဲ့သို့ နတ်ဘုရင်စဦးအဆင့်ခွန်အားကို ထုတ်ဖော်နိုင်သည်။ ခြင်္သေ့ကြီးက ခေါင်းညိတ်ပြလိုက်သည်။ ယဲ့ချန်သည် ရန်သူများကို ရင်ဆိုင်ရန်အတွက် ပိုမိုအသုံးဝင်သော ရတနာများကို ရရှိလာသောကြောင့် ဝိညာဥ်အသိစိတ်ကို ဖုံးကွယ်ထားရန် တတ်နိုင်ပြီဖြစ်သည်။ သူက ယဲ့ချန်ကို တစ်ချက်ကြည့်၍ အနာဂတ်တွင် မည်မျှဝေးဝေးသွားနိုင်မည်ဖြစ်ကြောင်းကို အတွေးနက်နေသည်။

"ဆရာ ဝိညာဥ်ပုလဲကို ကျုပ် ဒီနေရာမှာထားခဲ့မယ်"

ယဲ့ချန်သည် ပိုလင်းက သူ၏သရုပ်မှန်ကိုထုတ်ဖော်နိုင်သော သဲလွန်စမှန်သမျှကို ဖုံးကွယ်ရန် ရည်ရွယ်လိုက်သည်။ ထို့နောက် သူက အတွေးတစ်ချက်ဖြင့် တံဆိပ်တော်အပြင်ဘက်သို့ ထွက်လိုက်သည်။

ဝိညာဥ်မျှော်စင်၏ခြောက်ထပ်တွင် ကျင့်ကြံသူဦးရေက အလွန်အမင်းများပြားနေသည်။ ဂိုဏ်းအသီးသီးက ခုနစ်ထပ်၏ဝင်ပေါက်အနားတွင် စခန်းချနေပြီး တစ်ကိုယ်တော်ကျင့်ကြံသူများစွာ ရောက်ရှိနေကြသည်။ ကောင်းကင်တွင်လည်း မိုးပျံသားရဲများပြည့်နှက်နေပြီး မြေပြင်တွင်လည်း ကောင်းကင်သားရဲများ၊ မှော်သားရဲများနှင့် လူသားများ​ခြေချင်းလိမ်နေကြသည်။ အများစုက ဆန်းကျယ်အဆင့်များဖြစ်ကြသော်လည်း ဝိညာဥ်မျှော်စင်အတွင်း၌ အမြှောက်စာသာသာဖြစ်သည်။ ထို့ကြောင့် ယဲ့ချန်က သူ၏နေလင်းယုန်ကို အပြင်ဘက်တွင် ထားရစ်ခဲ့လေသည်။

ယဲ့ချန် ထွက်ပေါ်လာပြီးခဏတွင် ဝိညာဥ်အသိစိတ်တစ်ခုက သူ့ကို ထောက်လှမ်းလာသည်။ ၎င်းကား ပိုလင်းဖြစ်ပြီး သူမက ကျင့်ကြံသူအားလုံးကို လိုက်လံစုံစမ်းနေခြင်းဖြစ်သည်။ မီတာထောင်ချီအဝေးရှိ ယဲ့ချန်ကို ပိုလင်းက အာရုံခံမိလိုက်သည်။ ကျင့်ကြံသူအသစ်တစ်ယောက်ပေါ်လာတိုင်း သူမက ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးနေခဲ့သည်။ ဝိညာဥ်အသိစိတ်ကို ခံစားမိသော်လည်း ယဲ့ချန်က မျက်နှာတစ်ချက်မပျက်ဘဲ ရှေ့ဆက်လျှောက်လှမ်းသွားသည်။ အကယ်၍ ပိုလင်းသာ သူ့ကိုမှတ်မိသွားလျှင် ထွက်ပြေးနိုင်မည်မဟုတ်သောကြောင့် ယဲ့ချန်က အနည်းငယ်စိတ်လှုပ်ရှားနေသည်။

"မဟုတ်ပြန်ဘူး"

တဲတစ်လုံးအတွင်းရှိနေသော ပိုလင်းက ခေါင်းကို ယမ်းခါလိုက်သည်။ သူမခံစားရသော အရှိန်အဝါက ယဲ့ချန်၏အရှိန်အဝါနှင့် လုံးဝကွဲပြားနေသည်။

ယဲ့ချန်က ဟန်မပျက်လမ်းလျှောက်ရင်း မီတာထောင်ချီအဝေးသို့ ရောက်သွားပြီဖြစ်သည်။ နေရောင်အောက်မှသူခိုးကျင့်စဥ်ကြောင့် ပိုလင်း၏ဝိညာဥ်အသိစိတ်ကို အောင်မြင်စွာလှည့်ဖျားနိုင်ခဲ့သောအခါ သူက သက်ပြင်းတစ်ချက်ချလိုက်မိသည်။

ပိုလင်း၏ဝိညာဥ်အသိစိတ် ပျောက်ကွယ်သွားသည်နှင့်တပြိုင်နက် ယဲ့ချန်ကို နောက်တစ်ယောက်က ဂရုတစိုက်စစ်ဆေးလာပြန်သည်။ စန်းလုဖြစ်ပြီး သူက ယဲ့ချန်ရှိနေသောအရပ်ကို စူးစိုက်ကြည့်နေခဲ့သည်။ သို့သော်လည်း လျှို့ဝှက်ကျင့်စဥ်က ဝိညာဥ်အသိစိတ်ကိုပင် ကျော်လွှားနိုင်ခဲ့သောအခါ စန်းလု၏အမြင်သက်သက်နှင့် ယဲ့ချန်ကို မထုတ်ဖော်နိုင်ပေ။ ခဏအကြာတွင် စန်းလုက ယဲ့ချန်ကို အလေးမထားဘဲ လှည့်ထွက်သွားလေသည်။

ယဲ့ချန်က တဲအိမ်များစုဝေးနေသော အရပ်တစ်ခုသို့ ဦးတည်လာခဲ့သည်။ ထိုနေရာတွင် ကြီးမားသောစျေးတစ်ခု ဖြစ်ပေါ်နေသည်။

"ဝိညာဥ်ကောင်စီက မင်းတို့ရဲ့ထျန်းယွမ်ငွေပြားတွေအတွက် ဝိညာဥ်လက်နက်တွေလဲပေးမယ်။ ဆည်းဆာရွှေကို တစ်ယောက်ယောက်ပိုင်ဆိုင်ထားရင် အဆင့်ခြောက်နဲ့အဆင့်ခုနစ် ဝိညာဥ်လက်နက်တွေကိုတောင် လဲပေးနိုင်ပါတယ်။ မင်းတို့မှာ အခြားရတနာတွေရှိရင်လည်း ဝိညာဥ်ကောင်စီက ကြိုဆိုနေပါတယ်။ စျေးနှုန်းကို အဆင်ပြေအောင် ညှိုနှိုင်းပေးမယ်"

တစ်ကိုယ်လုံးတွင်တောက်ပသော ဝိညာဥ်လက်နက်များ တပ်ဆင်ထားသည့် နတ်ဝိဇ္ဇာတစ်ယောက်က အော်ဟစ်ကြေငြာနေခြင်းဖြစ်သည်။ ရတနာတစ်ခုစီတိုင်းက အဆင့်ခုနစ်နှင့်အထက်ဖြစ်သည်။ ထိုနတ်ဝိဇ္ဇာ၏စကားသံ ထွက်ပေါ်လာသောအခါ ကျင့်ကြံသူများကြားတွင် ဆွေးနွေးသံများ ထွက်ပေါ်လာကြသည်။

"ဒီလူက ဝိညာဥ်ကောင်စီရဲ့ အကြီးအကဲဖုန်းမင်ဖြစ်တယ်။ သူရဲ့ရတနာတွေကို ဝိညာဥ်ကောင်စီက လျှို့ဝှက်နည်းလမ်းတွေနဲ့ အထူးပြုလုပ်ပေးထားတာလို့ ကြားဖူးတယ်။ သူက နတ်ဝိဇ္ဇာတစ်ယောက်ဖြစ်ပေမယ့် ဒီရတနာတွေကြောင့် အဆုံးမဲ့အဆင့်တစ်ကျင့်ကြံသူတွေကိုတောင် အနိုင်ယူနိုင်တယ်"

"ဝိညာဥ်ကောင်စီက အခြားဂိုဏ်းတွေထက် ဂုဏ်သတင်းပိုမြင့်မားတယ်။ အတိတ်တုန်းက သူတို့ရဲ့ကောင်းမွန်တဲ့ဂုဏ်သတင်းကြောင့် ဖောက်သည်တွေ မရေမတွက်နိုင်အောင်ရခဲ့တယ်"

"ငါ့မှာ ထျန်းယွမ်ငွေပြားတွေ အများကြီးရှိတယ်။ ဝိညာဥ်ကောင်စီက ဒါတွေကိုသုံးပြီး ဝိညာဥ်လက်နက်တွေ လုပ်မလို့ထင်တယ်"

နတ်ဝိဇ္ဇာနှစ်ယောက်၏ စကားများက ယဲ့ချန်၏နားအတွင်း ဝင်ရောက်လာခဲ့သည်။

"ဝိညာဥ်ကောင်စီရဲ့ခန့်မှန်းချက်အရ ဝိညာဥ်မျှော်စင်ဟာ ခြောက်ရက်အတွင်း ပိတ်လိမ့်မယ်။ ဒီ​ခြောက်ရက်အတွင်း ဝိညာဥ်ကောင်စီက ပွဲတစ်ခုကျင်းပဖို့ရှိပါတယ်။ ကျုပ်တို့နဲ့ကုန်သွယ်ချင်တဲ့ ဧည့်သည်တွေက မြို့အသီးသီးကဂိုဏ်းခွဲတွေကို သွားရောက်ရှာဖွေနိုင်ပါတယ်။ ဒီနေရာတွေမှာ ခင်ဗျားတို့ရဲ့ရတနာတွေအတွက် စျေးနှုန်းဆွေးနွေးပေးနိုင်တဲ့ ကျွမ်းကျင်သူတွေ ရှိကြပါတယ်"

ဖုန်းမင်က ဆက်လက်ကြေငြာနေသည်။ သူ၏စကားကြောင့် လူထုက အုံးအုံးထအောင် ဆူညံသွားခဲ့သည်။

"ဝိညာဥ်ကောင်စီက ဖွင့်ပွဲပြန်လုပ်မလို့လား"

"သူတို့တွေက နှစ်ပေါင်းတစ်ထောင်ကြာအောင် တိတ်တဆိတ်နေခဲ့ကြတယ်။ ရွေးချယ်ခံရတဲ့ ကျင့်ကြံသူအနည်းငယ်ကလွဲရင် ဘယ်သူမှ သူတို့နဲ့ မဆက်သွယ်နိုင်ခဲ့ဘူး"

ဂိုဏ်းကြီးများက ချမ်းသာကြွယ်ဝကြသော်လည်း ပိုင်ဆိုင်မှုအရာတွင် ဝိညာဥ်ကောင်စီနှင့် မယှဥ်နိုင်ပေ။ ၎င်းက မဟာအရှေ့ပိုင်းတိုက်ကြီးရှိ ပန်းပဲဆရာများ၏ အစည်းအရုံးဖြစ်သောကြောင့် ထုတ်ကုန်တစ်ခုချင်းစီက မြို့တစ်မြို့ကိုပင် ဝယ်ယူနိုင်လောက်အောင် အဖိုးတန်သည်။

ဝိညာဥ်မျှော်စင်ပွင့်လာချိန်တွင် ရတနာများစွာ ထွက်ပေါ်လာသည်။ ဝိညာဥ်ကောင်စီသည်လည်း သမာဓိကောင်စီနှင့်မိုးကြိုးမျိုးနွယ်ကဲ့သို့ ဤရတနာများကို မျက်စိကျနေခဲ့သည်။ ထို့ကြောင့် သူတို့က ကုန်သွယ်ခြင်းဖြင့် ပြိုင်ဘက်များထက် အသာစီးရယူရန် ပြင်ဆင်လာကြသည်။

ယဲ့ချန်သည် စျေးအတွင်း လှည့်ပတ်ကြည့်ရှုနေရင်း ကျင့်ကြံသူပေါင်းများစွာက ထျန်းယွမ်ငွေပြားများနှင့် ကုန်သွယ်နေကြောင်း တွေ့မြင်ခဲ့ရသည်။ ၎င်းတို့ဖြင့် အဖိုးတန်ရတနာများကို အလွယ်တကူလဲလှယ်နိုင်ပြီး အဆင့်ငါးနှင့်ခြောက်လက်နက်များ၊ အဆင့်ခုနစ်၊ရှစ်နှင့်ကိုးဆေးလုံးများနှင့် ရှားပါးသတ္တုများ ပါဝင်သည်။ အာကာသကျောက်များ၊ နတ်ဆိုးချပ်ဝတ်အစိတ်အပိုင်းများ၊ အဆင့်ရှစ်နှင့်ကိုးလက်နက်များ၊ လျှို့ဝှက်ကျင့်စဥ်ကျောက်စိမ်းများနှင့် အဖိုးတန်ရတနာများကိုမူ မည်သူမှရောင်းချခြင်းမရှိပေ။ ၎င်းတို့ကိုသာရောင်းချလျှင် ထျန်းယွမ်ငွေပြားသိန်းချီအောင် ရပေလိမ့်မည်။ လက်ရှိအချိန်မတိုင်ခင် အင်အားစုကြီးများ၌ပင် ထျန်းယွမ်ငွေပြားများစွာ ပိုင်ဆိုင်ထားခြင်းမရှိပေ။

ဆည်းဆာရွှေပြားများက ပို၍အဖိုးတန်နေပြီး တစ်ပြားစီက ထျန်းယွမ်ငွေပြားသောင်းချီအောင် အဖိုးတန်သည်။ သို့သော်လည်း ၎င်းတို့ကို ရောင်းချသူအရေအတွက်က အလွန်နည်းပါးသည်။

ဂိုဏ်းအသီးသီးက ဌာနချုပ်မှ အစွမ်းထက်ကျင့်ကြံသူများ ရောက်အလာကို စောင့်ဆိုင်းနေကြသည်။ သူတို့အားလုံးက ခုနစ်ထပ်အတွင်းဝင်ရောက်ရန် အလျင်လိုခြင်းမရှိပေ။

"မိုးကြိုးချောက်နက်၊ ငွေလတောင်ကြား၊ ခြင်္သေ့နန်းတော်၊ ဝံပုလွေတိုင်းပြည်နဲ့ မုန်တိုင်းအိမ်တော်ရဲ့ နတ်ဝိဇ္ဇာနဲ့နတ်ဘုရင်တွေက လူအင်အားစုဆောင်းပြီး ခုနစ်ထပ်ကိုဝင်ရောက်ဖို့ ပြင်ဆင်နေကြတယ်။ ဆန်းကျယ်အဆင့် အနည်းဆုံးထားပြီး လက်ခံတယ်"

"ခုနစ်ထပ်မှာ အာကာသကျောက်တွေအပြင် အဆင့်ကိုးနတ်ဆိုးချပ်ဝတ်နဲ့ အဆင့်ကိုးကောင်းကင်တောက်လောင်ဓားရဲ့ အစိတ်အပိုင်းတွေရှိတယ်လို့ ကြားတယ်"

"ဒီငါးဂိုဏ်းထဲမှာ ဘယ်ဂိုဏ်းက အစွမ်းအထက်ဆုံးလဲ"

"မိုးကြိုးချောက်နက်နဲ့ ဝံပုလွေတိုင်းပြည်ဖြစ်လိမ့်မယ်။ နှစ်ဖွဲ့လုံးမှာ နတ်ဝိဇ္ဇာနဲ့နတ်ဘုရင် ခုနစ်ယောက်အထက်ရှိတယ်။ ငါးယောက်လောက်ရှိတဲ့ ခြင်္သေ့နန်းတော်နဲ့ငွေလတောင်ကြားက သူတို့နောက်မှာ အဆင့်တူဖြစ်တယ်။ ဆန်းကျယ်အဆင့်တွေကတော့ သူတို့မှာ ရာထောင်ချီအောင်ရှိတယ်"

"ကျုပ်ကတော့ မိုးကြိုးချောက်နက်ကိုဝင်မယ်။ အစ်ကိုရော ဘယ်လိုလုပ်မှာလဲ"

"ငါက ဝံပုလွေတိုင်းပြည်နဲ့ ပူးပေါင်းမယ်"

ယဲ့ချန်သည် လမ်းလျှောက်နေရင်း ကျင့်ကြံသူများ၏စကားကို ကြားနေရသည်။ သူက လက်ရှိအခြေအနေကို ဤစကားများမှ ကောက်ချက်ချနိုင်ခဲ့သည်။ အစွမ်းထက်ဂိုဏ်းကြီးများက ကျင့်ကြံသူများကိုစောင့်ဆိုင်းနေသဖြင့် သူတို့၏လက်အောက်ခံများကို ခုနစ်ထပ်အတွင်းဝင်ရောက်ခြင်းကို ယာယီတားမြစ်ထားသည်။ ဤအချိန်တွင် အဆင့်နိမ့်အင်အားစုများက ခုနစ်ထပ်အတွင်း နောက်လိုက်များ စတင်ပို့ဆောင်လာကြသည်။ အားလုံးက အတွင်းပိုင်းသို့မဝင်ရောက်ရဲဘဲ အစွန်အဖျား၌သာ ရတနာရှာဖွေခဲ့ကြသည်။ သို့သော် ရတနာများအားလုံးနီးပါးကို အစွမ်းထက်ဂိုဏ်းကြီးများက လက်ဝါးကြီးအုပ်သွားပြီဖြစ်သောကြောင့် အတွင်းပိုင်းသို့လက်လှမ်းရန် စတင်ကြိုးစားလာကြသည်။

ယဲ့ချန်က အဝေးသို့ကြည့်လိုက်သောအခါ စခန်းငါးခုကို မြင်လိုက်ရသည်။ တစ်ခုချင်းစီတွင် ကျင့်ကြံပေါင်းထောင်ချီရှိနေပြီး ထိုင်သူကထိုင်၊ လဲလျောင်းသူကလဲရင်းဖြင့် ခုနစ်ထပ်အတွင်းဝင်ရောက်ရန် စောင့်ဆိုင်းနေကြသည်။ ထိုစခန်းများသို့ ကျင့်ကြံသူများ ဆက်တိုက်ဝင်ရောက်နေကြသဖြင့် အရေအတွက်က များပြားလာနေခဲ့သည်။ နတ်ဘုရင်နှင့်နတ်ဝိဇ္ဇာများက လူအင်အားစုဆောင်းရန် ကိုယ်ထင်ပြနေခဲ့ကြသည်။

"ခုနှစ်ထပ်ကိုဝင်ရမလား။ ထွက်သွားရမလား။ အဲ့ဒီနေရာမှာ ဘယ်လိုအခြေအနေရှိမလဲ"

ယဲ့ချန်သည် ဝေခွဲမရဖြစ်နေစဥ် သူ၏ရင်ဘတ်အတွင်းရှိ ပုံရိပ်ယောင်ပုလဲက စတင်လင်းလက်လာသည်။ အမွေးပွလေးမှ သူ့ကို တစ်ခုခုပြောချင်နေသည်ဟု ခံစားရသဖြင့် ယဲ့ချန်က ငုံ့ကြည့်လိုက်မိသည်။ သူက ခြင်္သေ့ဘုရင်နန်းတော်၏စခန်းအတွင်း ကြည့်လိုက်သောအခါ မြေခွေးမျိုးနွယ်ဝင်အချို့ကို တွေ့လိုက်ရသည်။ သူတို့က အမွေးပွလေး၏ ပျောက်ကွယ်နေသော ဆွေမျိုးများဖြစ်နိုင်နေသည်။

အမွေးပွလေးသည် ဒဏ်ရာများကြောင့် ပုံရိပ်ယာင်ပုလဲအတွင်းမှ မထွက်နိုင်ခဲ့ပေ။ အကယ်၍ သူမ၏ဆွေမျိုးများသာ ဤနေရာတွင်ရှိနေလျှင် ယဲ့ချန်က သွားရောက်ရှာဖွေပေးရပေလိမ့်မည်။ ထို့ကြောင့် သူက ဆုံးဖြတ်ချက်ချ၍ ထိုစခန်းထံ ဦးတည်လိုက်လေသည်။

ထိုအချိန်တွင် ယဲ့ချန်၏လမ်းတွင် လူသန်ကြီးငါးယောက် ထွက်ပေါ်လာကြသည်။ သူတို့က သာမန်လူများနှင့်ကွဲပြားနေပြီး ချွန်ထက်သောနားရွက်များနှင့် ထက်ရှသောအစွယ်များကို ပိုင်ဆိုင်ထားကြသည်။ သူတို့၏အသွင်အပြင်က ဝံပုလွေများနှင့်တူညီနေပြီး ဝံပုလွေတိုင်းပြည်၏ ဆန်းကျယ်အဆင့်သားရဲများဖြစ်ပေသည်။

"ဟေ့ကောင် မင်းက ခြင်္သေ့ဘုရင်နန်းတော်ကို ပူးပေါင်းမလို့လား"

စုမန်ဟုခေါ်တွင်သော ကျင့်ကြံသူတစ်ယောက်က ယဲ့ချန်ကိုငုံ့ကြည်၍ မေးလိုက်ခြင်းဖြစ်သည်။ သူက ဝံပုလွေတိုင်းပြည်အတွက် ကျင့်ကြံသူများစုဆောင်းပေးရသော အရာရှိတစ်ဦးဖြစ်သောကြောင့် သူတို့၏ရန်သူဖြစ်သော ခြင်္သေ့ဘုရင်နန်းတော်နှင့် ပူးပေါင်းမည့် ယဲ့ချန်ကို တားမြစ်လာခြင်းဖြစ်သည်။

"မင်းရဲ့ကျင့်ကြံဆင့်ကို ပြောစမ်း"

စုလန်ဟုခေါ်သော ကျင့်ကြံသူက လက်ပိုက်၍ ယဲ့ချန်ကို အထင်သေးစွာကြည့်ကာ မေးလိုက်ပြန်သည်။ သူ၏အကြည့်တွင် သတ်ဖြတ်လိုစိတ်များ ထင်ဟပ်နေသဖြင့် ခြိမ်းခြောက်နေခြင်းက ထင်ရှားသည်။

"မင်းတို့ကိစ္စမဟုတ်ဘူး"

ယဲ့ချန်က တစ်ချက်ပြန်ကြည့်၍ အေးစက်စက်တုံ့ပြန်လိုက်သည်။ ဝံပုလွေတိုင်းပြည်က အမွေးပွလေး၏ဆွေမျိုးများကို သတ်ဖြတ်ခဲ့သော ရန်သူများဖြစ်သောကြောင့် ယဲ့ချန်က ဖော်ရွေနေခြင်းမရှိပေ။ ယဲ့တောင်ကြားတွင်လည်း ခြင်္သေ့ကြီးသာမရှိလျှင် ဝံပုလွေဘုရင်တစ်ကောင်က ယဲ့မျိုးနွယ်ကိုသတ်ဖြတ်မည့် အခြေအနေနှင့် နီးကပ်ခဲ့ဖူးသည်။

"ခွေးကောင် မင်း သေချင်နေတာလား။ ငါတို့ဘယ်သူဆိုတာကို သိလား"

စုမန်က ဒေါသတကြီးအော်ဟစ်လိုက်သည်။ ယဲ့ချန်က သူ၏အမြင်တွင် တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦး ဖြစ်သောကြောင့် ဝံပုလွေတိုင်းပြည်ကို စော်ကားရဲမည်မဟုတ်ပေ။

"မင်းကို ရွေးချယ်စရာနှစ်ခု ပေးမယ်။ ဝံပုလွေတိုင်းပြည်ကို ပူးပေါင်းမလား။ သေမလား"

စုလန်က တိုက်ခိုက်ရန်ဟန်ပြင်နေသော စုမန်ကိုတားမြစ်၍ ယဲ့ချန်ကို ခြိမ်းခြောက်လိုက်သည်။

"ဝံပုလွေတိုင်းပြည်နဲ့ပူးပေါင်းဖို့ စိတ်မဝင်စားဘူး။ ငါ့ဒေါသမထွက်ခင် မြန်မြန်ထွက်သွားစမ်း"

ယဲ့ချန်က အေးစက်စက်စိုက်ကြည့်၍ တုံ့ပြန်လိုက်သည်။ သူက ဤငါးယောက်ကို မျက်လုံးအတွင်း မထည့်ထားပေ။

"မောက်မာတဲ့ကောင် သေစမ်း"

စုမန်က ဒေါသတကြီးဖြင့် ရှေ့တက်လာသည်။ ယဲ့ချန်ကဲ့သို့ တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်က ဝံပုလွေတိုင်းပြည်ကို စိန်ခေါ်လာခြင်းအပေါ် လုံးဝသည်းမခံနိုင်ခဲ့ပေ။

ဝံပုလွေတိုင်းပြည်၏ ကျင့်ကြံသူငါးယောက်က ယဲ့ချန်ကိုတိုက်ခိုက်ရန်အတွက် ဝိုင်းရံခဲ့ကြလေသည်။

***

All Chapters