သွေးနီရောင်ကြေးနီသတ္တုရိုင်း
Vol. 5 Ch. 63
" ဂေါင်ချန်းရှန်ပါလား"
ရှန်ကောင်းဟောင်က ဂေါင်ချန်းရှန်ကို တွေ့တာနဲ့ နှုတ်ဆက်လိုက်ပါတယ်။
ဂေါင်ချန်းရှန်ကလည်း တစ်ဖက်လူကို ရည်ရည်မွန်မွန်နဲ့ လက်နှစ်ဖက်ကို ခွက်ကိုင်ထားသည့်ဟန်ဖြင့် နှုတ်ဆက်လိုက်ပါတယ်။
" အစ်ကို ရှန်ကောင်း၊ ညီမ ဝူမိန်"
ရှန်ကောင်းဟောင်က ဝူကျင်မိန်ကို လှမ်းပြီးပြောလိုက်တယ်။
" ညီမလေးဝူ ... ညီမမြင်တယ်မို့လား ။ ဒီအပြင်စည်းဂိုဏ်းတစ်လုံးမှာ ဂေါင်ချန်းရှန်ထက် ယဉ်ကျေးသိမ်မွေ့တဲ့သူ ရှိကိုရှိမှာမဟုတ်ဘူး။ ညီလေးဂေါင်က ချစ်စရာကောင်းတယ်မလား “
ဝူကျင်မိန်က ခိုးခိုးခစ်ခစ်နဲ့ ရယ်လိုက်ပါတယ်။ ဒီရယ်သံက ရှန်ကောင်းဟောင်နဲ့ ဂေါင်ချန်းရှန်တို့ နှစ်ယောက်စလုံးကို ငေးမော သွားစေပါတယ်။ သူမရဲ့ ဒီမခို့တရို့ ရယ်သံလေးက ယောကျာ်းလေးပေါင်း မြောက်များစွာကိုတောင် သူမရဲ့ရှေ့မှာဒူးထောက် သွားစေနိုင်ပါတယ်။
ရှန်ကောင်းဟောင်က လီဖူချန်းကို သတိပြုမိသွားသည့် ပုံဖြင့်
" ဂေါင်ချန်းရှန် ... မင်းရဲ့ဘေးနား ကညီလေးက ဘယ်သူများလဲ။ ငါလည်း တစ်ခါမှ မမြင်ဖူးပါလား။ မင်းနဲ့ အတူပါလာမှတော့ ခေမဲ့သူတော့ မဟုတ်ဘူးထင်တယ်”
ဂေါင်ချန်းရှန်က မိတ်ဆက် ပေးလိုက်ပါတယ်။
" ဒီညီလေးက အခုဂိုဏ်းတော်မှာ နာမည်ကြီးနေတဲ့ လီဖူချန်းဆိုတာပေါ့"
ရှန်ကောင်းဟောင်က
" လီဖူချန်းတဲ့လား ... ။ ဒီနာမည်ကို ငါကြားဖူးတာပေါ့။ ငါတောင်မှ ကြားဖူးတယ် ဆိုမှတော့ မင်းက အစွမ်းအစရှိတဲ့ သူပဲဖြစ်ရမယ်"
လီဖူချန်းက ဘာမှပြန်မပြောပဲ ခပ်ပေါ့ပေါ့ ရယ်သွမ်းလိုက်ပြီး နေနေလိုက်ပါတယ်။
ဝူကျင်မိန်ကလည်း
"မောင်လေးလီနဲ့ ညီမလေး ကောင်းရှုတို့နဲ့က တစ်ယောက်နဲ့တစ်ယောက် ဘာမှ မပက်သက်ကျ ဘူးလား အစ်မ ကြားဖူးတာကတော့ မောင်လေးတို့ နှစ်ယောက်စလုံးက ယုံဝူးမြို့က လာတာဆို"
လီဖူချန်းက
" ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် ဘာမှ မပတ်သက်ကျပါဘူးဗျာ။ မြို့တူတာပဲရှိတာပါ။
" အိုး ... အစ်မကြားဖူးတာတော့ အဲလိုမဟုတ်ပါဘူးနော်။ ဂိုဏ်းတော်ရဲ့ အပြင်စည်း အထွေထွေလုပ်သား တစ်ယောက် ပြောနေတာကတော့ မောင်လေးလီနဲ့ ညီမလေးကောင်းရှုတို့က အရင်တုန်းက စေ့စပ်ဖူးတယ်ဆိုပဲ။
ဒါဆို အဲဒီသတင်းက မှားနေတာပေါ့"
ဝူကျင်မိန်က လီဖူချန်းကို ချောင်ပိတ်ပြီး မေးလိုက်ပါတယ်။
လီဖူချန်းက ခံစားမှုမရှိတဲ့ လေသံဖြင့် ပြန်ဖြေလိုက်ပါတယ်။
" ဒါက အတိတ်တုန်းက ဖြစ်ခဲ့တဲ့ အရာတွေပါ"
ဒီသတင်းကို ဖြန့်တဲ့သူက ရှန်းတုလျှန်ပဲ ဖြစ်မယ်ဆိုတာ သူတွက်ဆမိလိုက်ပါတယ်။ သူကလီဖူချန်းကို သိက္ခာအရမ်းချချင်နေတဲ့ ကောင်လေ။ ပြီးတော့ အပြင်စည်း တပည့် တော်တော်များများက ကောင်းရှုကို ကြိုက်နှစ်သက်နေကျတဲ့ သူတွေပါ။ ဒီလိုသတင်းကို ဖြန့်လိုက်တဲ့ အတွက် လီဖူချန်းကို ရန်လိုတဲ့ တပည့်တော်တော်များများ ထပ်တိုးလာစေချင်တဲ့ ရည်ရွယ်ချက်လည်း ရှိပုံရပါတယ်။
" မင်းကကောင်းရှုနဲ့ စေ့စပ်ဖူးတယ် ဆိုတော့ တကယ် ကံကောင်းတဲ့ကောင်ပဲ။
ဒါပေမဲ့ ကံဘယ်လောက် ကောင်းကောင်း အစွမ်းအစ မရှိရင်တော့ အလကားပဲလေ။ ဒီရှည်လျားတဲ့ သိုင်းခရီးမှာ ကိုယ့်အိမ်ထောင်ဖက်ကို အကာအကွယ် မပေးနိုင်တဲ့ လူတစ်ယောက်ကို ဘယ်လို မိန်းကလေးမျိုးက လိုချင်ပါ့မလဲ"
ရှန်ကောင်းဟောင်က လီဖူချန်းရဲ့ အရိုးတည်ဆောက်ပုံကို ခနဲ့ လိုက်ပါတယ်။
သူ့ရဲ့ မျက်လုံးထဲမှာတော့ အနည်းဆုံး ကြယ်၄ပွင့် အရိုးတည်ဆောက်ပုံရှိမှ သူနဲ့တန်းတူ စကားပြောခွင့်ရဖို့ ထိုက်တန်တယ်လို့ မှတ်ယူထားတာပါ။ ကြယ်၄ပွင့် အဆင့်အောက်က သူတွေကတော့ သူ့မျက်လုံးထဲမှာတော့ ပုရွက်ဆိတ် သာသာပါပဲ။
ဂေါင်ချန်းရှန်က လီဖူချန်းဘက်ကနေ ဝင်ပြီး ပြောလိုက်ပါတယ်။
" ညီလေးလီက သာမန်လူတစ်ယောက် မဟုတ်ဘူး။ ကျွန်တော်ကတော့ သူ့ရဲ့အလားအလာကို ယုံကြည်တယ်"
" ခိခိ… ဂေါင်ချန်းရှန် ။ မင်းကတကယ် လူတွေအပေါ် အကောင်းမြင်တာပဲ"
ရှန်ကောင်းဟောင်က လှောင်ပြောင် ရယ်မောနေပါတယ်။
ဝူကျင်မိန်က လီဖူချန်းကို ထပ်ပြီးမေးလိုက်တယ်။
" မောင်လေးလီ ... မောင်လေးက တကယ် သာမန်အရိုး တည်ဆောက်ပုံနဲ့လား။ တခြား လျို့ဝှက်ချက်တွေကော မရှိတော့ဘူးလား"
သူမက သာမန်အရိုး တည်ဆောက်ပုံနဲ့ သူတစ်ယောက်က တစ်နှစ်အတွင်းမှာ အရမ်းတိုးတက်ပြီး ဒီလို အစွမ်းထက်လာတယ် ဆိုတာကို လုံးဝမယုံကြည်နိုင်ပါဘူး။ ဒါကြောင့်သူမက လီဖူချန်းဆီမှာ လျို့ဝှက်ချက် တစ်ခုရှိမယ်လို့ ကောက်ချက် ချထားပါတယ်။ လီဖူချန်းကတော့ ကောင်းကင်ကြီးကို မော့ကြည့်ရင်းနဲ့ ပြန်ဖြေလိုက်တယ်။
" ကျွန်တော်က သာမန်အရိုး တည်ဆောက်ပုံ ဖြစ်တော့လည်း ဘာများထူးခြားသွားမှာမို့လဲ။
ကျွန်တော်က တခြားသူတွေထက် ပိုသန်မာပြီး အစွမ်းထက်နေရင်လည်း အဆင်ပြေနေတာပဲ မဟုတ်လား"
ရှန်ကောင်းဟောင်က လီဖူချန်းကို ထူးဆန်းတဲ့ လူတစ်ယောက်လို ကြည့်လိုက်ပြီး
" မင်းကိုကြည့်ရတာ တခြားလူတွေနဲ့ မတူပဲ တစ်မူ ထူးခြားနေသလိုပဲ။ မင်းအသက်၂၀ မပြည့်ခင်မှာ စိတ်တန်ခိုးဖွဲ့စည်းခြင်း နယ်ပယ်ကို အမြန်ရောက်ပါစေလို့ပဲ ငါမျှော်လင့်ပါတယ်။ ဒါက သာမန်အရိုး တည်ဆောက်ပုံနဲ့ လူတွေ ကြုံတွေ့ရမယ့် ပထမဆုံး အတားအဆီး တစ်ခုပဲ"
စကားပြောအပြီးမှာတော့ ရှန်ကောင်းဟောင်က ဝူကျင်မိန်ကိုခေါ်ပြီးထွက်သွားပါတော့တယ်။
" ညီမလေး ဝူ … သွားကြရအောင်"
လီဖူချန်းအနားမှာ ရှိနေရတာက သူ့ကိုမသတီသလို ခံစားစေရပါတယ်။ ဒီလိုသာမန်အရိုး တည်ဆောက်ပုံနဲ့သူကို ဒီလောက်အထိ စကားပြောနေတာကိုက အတော်လေးလွန်လှပါပြီ။
" ညီလေးလီ ... စိတ်ထဲထားမနေနဲ့နော်။ ဒီရှန်ကောင်းဟောင်က ဒီလိုပဲ အရမ်း ဘဝင်မြင့်တဲ့ကောင်”
ဂေါင်ချန်းရှန်က လီဖူချန်းကို နှစ်သိမ့်လိုက်ပါတယ်။ လီဖူချန်းက ခေါင်းခါလိုက်ပြီး ရယ်လိုက်တယ်။
" ကျွန်တော်က ဒီလိုလူတွေပြောတာနဲ့ တုန်လှုပ်သွားမဲ့ လူမျိုး မဟုတ်ပါဘူး"
အပြင်စည်း ဂိုဏ်းတစ်ခုလုံးမှာ ပြိုင်ဘက်ကင်း၁၀ယောက်က ဘယ်လောက်မာနကြီးပြီး ဘဝင်မြင့်လဲ ဆိုတာက လူတိုင်းသိပါတယ်။ ဂေါင်ချန်းရှန်ကတော့ ခြွင်းချက်ပေါ့။
တကယ်တမ်း ပြောရမယ် ဆိုရင်တော့ ဂေါင်ချန်းရှန်မှာလည်း ကိုယ်ပိုင် မာနကြီးတာတော့ ရှိပါတယ်။ ဒါပေမဲ့ သူမာနကြီးပုံက ရှိသင့်သလောက်ပဲ ရှိတာပါ။
ထို့အတူ လီဖူချန်းမှာလည်း ကိုယ်ပိုင်မာန တစ်ခုရှိပါသေးတယ်။ သူ့ရဲ့မာနကတော့ သူနဲ့မတန်ဘူး ထင်တဲ့လူတွေကို အဖက်လုပ်ပြီး မဆက်ဆံချင်တာပါ။
***
လီဖူချန်းက ဂေါင်ချန်းရှန်ကို နှုတ်ဆက်စကားပြောဆိုပြီးနောက် သူ့ကိုယ်ပိုင်နေရာကို ပြန်လာခဲ့ပါတော့တယ်။
သူက ကျားနဂါးဆေးလုံးရဲ့ အစွမ်းကို အရမ်း စမ်းသပ် ကြည့်ချင်နေပါပြီလေ။ ကျားနဂါးဆေးလုံးကို သောက်ပြီးတဲ့နောက်မှာတော့ လီဖူချန်းက သူ့ကျင့်စဉ်ကို စတင်လေ့ကျင့် လိုက်ပါတော့တယ်။ အင်အားကြီးမားတဲ့ အပူလှိုင်းကြီးတစ်လုံးက သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ လျှောက်သွားနေတာကို လီဖူချန်းက ခံစားလိုက်မိပါတယ်။ သိပ်ပြီး ကြိုးကြိုးစားစားတောင် မကျင့်လိုက်ရပါဘူး။
လီဖူချန်းရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကနေ အခိုးအငွေ့တွေ ထွက်ပေါ်လာပြီး
သွေးကြောတွေက စတင်ပြီး တစ်ဖောက်ဖောက် မြည်လာခဲ့ပါပြီ။ ကျားနဂါးဆေးလုံးက နာမည်နဲ့လိုက်အောင် အစွမ်းထက်ပါပေတယ်။ ဒီဆေးလုံးရဲ့ အကျိုးအာနိသင်က အရင်ကသူသုံးခဲ့တဲ့ ခန္ဓာကိုယ်သန့်စင်ဆေး ၆လုံးစာလောက် ရှိပါတယ်။ လီဖူချန်းက ကြေးနီရောင် တိုက်ပွဲဝင် ခန္ဓာကိုယ်ကျင့်စဉ်ကို အောင်မြင်အောင် ကျင့်ခဲ့တုန်းက ခန္ဓာကိုယ် သန့်စင်ပေးတဲ့ ဆေးအမြောက်အများကို စားခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဘယ်ဆေးမှ ဒီကျားနဂါး ဆေးလုံးလောက် အစွမ်းမပြပါဘူး။
ကျားနဂါးဆေးလုံး၆လုံး အစွမ်းကို အပြည့်အဝ စုပ်ယူပြီးတဲ့ နောက်မှာတော့ လီဖူချန်းရဲ့တာအိုလမ်းလွဲ ခန္ဓာကိုယ်ကျင့်စဉ်က ဒုတိယအဆင့်ကို ရောက်ရှိသွားခဲ့ပါတယ်။
သူ့ရဲ့ပြင်ပအားကလည်း နောက်ထပ် ၅၀၀၀ ကီလိုအား ထပ်တိုးသွားခဲ့ပြန်ပါပြီ။
လီဖူချန်းက သူ့ရဲ့ကုန်ဆုံးသွားတဲ့ ရမှတ်တွေကိုပြန်ရှာဖို့ သတ္တုရိုင်း တောင်ပေါ်ကို နောက်တစ်ခါ ပြန်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ အရင်တစ်ခါက သူအရှုံးပေးလိုက်ရတာကို သူလုံးဝ လက်သင့် မခံနိုင်ဘူးလေ။
ဒီတစ်ကြိမ်မှာတော့ လီဖူချန်းက ကန်ရှန်းတောင်ကိုမသွားတော့ပါဘူး။ သူက ထန်းလျူ တောင်ပေါ်ကိုပဲ တိုက်ရိုက်တက်သွား လိုက်ပါတော့တယ်။ ထန်းလျူတောင်က ခေတ်အဆက်ဆက် တပည့်တွေ သတ္တုတူးခဲ့လို့ သတ္တုရိုင်းတွေ အရမ်းရှားပါးနေပြီ ဖြစ်ပေမဲ့ အဝါရောင်အဆင့်နိမ့် ကြေးနီရိုင်းတွေတော့ အတော်များများ ရှိနေပါသေးတယ်။ ကြေးနီရိုင်းတွေထဲမှာ အဆင့်မြင့် သတ္ထုရိုင်း ကြေးနီနှစ်မျိုး ရှိပါတယ်။
ပထမတစ်မျိုးက အဝါရောင် အလယ်အလတ်အဆင့်ရှိတဲ့ ကျောက်စိမ်းရောင် ကြေးနီပါ။
ဒုတိယတစ်ခုကတော့ အဝါရောင် အဆင့်မြင့် အမျိုးအစား ဖြစ်တဲ့ ကျောက်စိမ်းနီ ကြေးနီရိုင်းပါ။
ဒီတစ်ခါ လီဖူချန်းအတွက် သတ္တုရိုင်းရှာရတာက အရမ်းလွယ်သွားပါပြီ။ နီးစပ်ရာ တောင်နံရံတစ်ခုကို လက်ဝါးနဲ့ကပ်လိုက်ပြီး သူ့အသိစိတ်အာရုံကို ဖြန့်ကျက်ပြီးရှာဖွေလိုက်ရုံပါပဲ။
ဒါပေမဲ့လည်း လီဖူချန်းတစ်ယောက် အခုထက်ထိ ဘာမှကိုမတွေ့သေးပါဘူး။
" ဟောင်ရှောင်ရှန်း ... အခုချက်ချင်း မင်းလက်ထဲက သွေးနီရောင်းကြေးနီရိုင်းကို လက်လွှတ်ပြီး အဝေးကို ထွက်သွားစမ်း။ မဟုတ်ရင်တော့ ငါမင်းကို တိုက်ခိုက်ရလိမ့်မယ်”
" ဆုတောင်းနေလိုက်လေ။ မင်းဒီကြေးနီရောင်သတ္တုရိုင်းကိုရချင်ရင် ငါသေမှပဲ ရလိမ့်မယ်"
" မင်းက ငါမလုပ်ရဲဘူးထင်နေတာလား" သတ္တုမိုင်တွင်းဟောင်း တစ်လုံးအရှေ့မှာတော့ အပြင်စည်း တပည့်နှစ်ယောက်က အငြင်းပွားနေကျပါတယ်။ သူတို့ရဲ့မလှမ်းမကမ်းမှာတော့ အင်တုံတစ်ခုလောက် အရွယ်ရှိသည့် သွေးနီရောင်ကြေးနီ သတ္တုရိုင်းခဲကြီးတစ်ခု ရှိနေပါတယ်။
သွေးနီရောင် ကြေးနီတွေက တစ်ကီလိုကို အမှတ် ၃၀လောက်ရနိုင်ပါတယ်။ ဒီသတ္တုခဲကြီးက ကြည့်ရတာအနည်းဆုံး ကီလို၁၀၀ လောက် ရှိမည့်ပုံပါပဲ။
" မင်းတို့ နှစ်ယောက် ဆက်ပြီးလုနေကျပါ။ ငါကဒီတိုင်း ဘေးနားက ဖြတ်သွားရုံပါ"
လီဖူချန်းက ထိုတပည့် နှစ်ယောက်ကို ကျော်ဖြတ်ပြီး ဆက်သွားလိုက်ပါတယ်။
လီဖူချန်းက ထိုနှစ်ယောက်ကို မြင်ပြီးတာနဲ့ အတွေးတစ်ခု ပေါ်လာပါတယ်။ သွေးနီရောင်ကြေးနီတွေက ဒီမိုင်းတွင်းမှာ ရှိနေမှတော့ မိုင်းတွင်းရဲ့ ဟိုးတစ်နေရာမှာ လူတွေ မရှာတွေ့ခဲ့တဲ့ ကြေးနီသတ္တုရိုင်းတွေ ကျန်နေဖို့အခွင့်အလမ်းက တော်တော်များနေမှာပဲလေ။
ဝှစ် ...
လီဖူချန်းက ခန္ဓာကိုယ်ကို တစ်ချက်လှုပ်လိုက်ပြီး မိုင်းတွင်းထဲကို ပြေးဝင်သွားတယ်။
အဲဒါကိုမြင်သွားတဲ့ အပြင်စည်း တပည့်နှစ်ယောက်က ထိတ်လန့်သွားကြပါတယ်။ လီဖူချန်းသာ ဒီကြေးနီသတ္တုခဲကို လိုချင်ရင် သူတို့ဘယ်လိုမှ ကာကွယ်နိုင်မှာ မဟုတ်ဘူးလေ။
မိုင်းတွင်းထဲမှာတော့ လမ်းက အရမ်းကျဉ်းမြောင်းပြီး မှောင်မိုက်နေပါတယ်။ အပြင်ဘက် လောကကြီးက တဖြည်းဖြည်းနဲ့ လီဖူချန်းရဲ့ အနောက်ဘက်မှာ ကျန်နေခဲ့ပါပြီ။
ဒီမိုင်းတွင်းထဲမှာ သတ္တုရိုင်း ရှာရတာကလည်း ကောက်ရိုးပုံထဲက အပ်တစ်စင်း ရှာနေရသလိုပါပဲ။
အင်မတန်မှ စေ့စေ့စပ်စပ်နဲ့ စိတ်ရှည်စွာ ပြုလုပ်ရပါတယ်။ လီဖူချန်းက သတ္တုတွင်းဟောင်းကြီးရဲ့ လမ်းအဆုံးနား အရောက်မှာတော့ သူ့ရဲ့စိတ်ဝိညာဉ် အသိစိတ် အာရုံကို နံရံတွေထဲကို လွှတ်ပြီး ရှာဖွေပါတော့တယ်။
စိတ်ဝိညာဉ်အရောင် ပြောင်းပြီး သွားကတည်းက သူက အသိစိတ်အာရုံ ဖြန့်ကျက်ခြင်းကို ၁၅ မိနစ်လောက် တစ်ခါတည်းပြုလုပ်နိုင်ပါပြီ။ ၁၅ မိနစ်ပြည့်ရင်ရပ်လိုက် ၅မိနစ်လောက်နားလိုက်
ပြန်လုပ်လိုက်နဲ့ တစ်ရက် ကုန်ဆုံး သွားခဲ့ပါတယ်။ ဒုတိယနေ့ မှာလည်း ထူးမခြားနားပါပဲ။ တတိယနေ့ မှာတော့ လီဖူချန်းက နည်းနည်း တိုးတက်မှုတွေနဲ့ ကြုံလာရပါပြီ။ နံရံတစ်ခုရဲ့အနောက်မှာ နက်ရှိုင်းစွာ တည်ရှိနေတဲ့ ကျောက်စိမ်းရောင် ကြေးနီသတ္တုရိုင်းတစ်ခုကို သူအာရုံခံ လိုက်မိပါတယ်။
ဒီသတ္တုရိုင်းက ဦးခေါင်းခွံ တစ်ခုစာလောက် ရှိပါတယ်။
" အရမ်းသေးလွန်းတယ်ကွာ။ တူးရမယ့်အချိန်နဲ့တောင် မတန်ဘူး"
လီဖူချန်းက ဒီလောက်လေးကိုတော့ စိတ်မဝင်စားပါဘူးလေ။ ဒီလိုနဲ့ ၁၀ရက်မြောက်နေ့ကို အရောက်မှာတော့ လီဖူချန်က သွေးနီရောင် ကြေးနီသတ္တုရိုင်းကြီးတစ်ခုကို ရှာဖွေတွေ့ရှိမိပါတယ်။
ဒီသတ္တုရိုင်းတုံးကြီးက မီတာအနည်းငယ်လောက် ရှည်ပါတယ်။ သူ့အသိစိတ်အာရုံရဲ့ တိုင်းတာချက်အရဆိုရင် ရေတိုင်ကီ တစ်လုံးစာလောက် တောင်ရှိပါတယ်။ သွေးနီရောင် ကြေးနီတွေရဲ့ သိပ်သည်းအရဆိုရင် ဒါကြီးက ကီလို သုံးလေးထောင် လောက်တောင် ရှိနိုင်ပါတယ်။
ပြီးတော့ ဒါက အနည်းဆုံးအမှတ် ၁၀၀၀၀၀ တန်မှာပါ။
ဒီတစ်ခါတော့ လီဖူချန်းက တွေဝေနှောင့်နှေးနေခြင်း မရှိပဲ
သူရဲ့ အတွင်းအားတွေကို တူးရွင်းထဲကို ပို့လိုက်ပြီး စတင်တူးပါတော့တယ်။
တစ်နာရီလောက် အကြာမှာတော့ လီဖူချန်းက သွေးနီရောင် ကြေးနီသတ္တုခဲကြီး တစ်ခုလုံးကို တူးဖော်နိုင်ခဲ့ပါတယ်။
***