← Chapters

လူမသိသူမသိတိုက်ပွဲ

Vol. 5 Ch. 65

လူမသိသူမသိတိုက်ပွဲ

Vol. 5 Ch. 65

" ငါဒါကို လက်မခံနိုင်ဘူး။ မင်းကြည့်ထားစမ်း။ ငါမင်းရဲ့ ကြေးနီရောင် တိုက်ပွဲဝင်ခန္ဓာကို ရအောင် ဖျက်ဆီးပြမယ်”

ဖန်လီဟိုင်က မြေပြင်ကို ခြေဖနောင့်ဖြင့် ဆောင့်လိုက်ပြီး

လီဖူချန်းဆီကို မြားတစ်စင်း ပစ်လိုက်သလို ပြန်ပြေးဝင် သွားပြန်ပါတယ်။

လီဖူချန်းကလည်း ဖန်လီဟိုင်ရဲ့ ရွှေခေါင်းလောင်း ပညာရပ်နဲ့ သံမဏိချပ်ဝတ် တန်ဆာကို အနိုင်ယူချင်စိတ် ပြင်းပျနေပါတယ်။ သံရိုင်းငှက် ခန္ဓာကိုယ် ကျင့်စဉ်ကို ကောပေါ့။

လီဖူချန်းက ဘာကိုမှ နောက်ဆံ တင်းမနေပဲ သူ့ရဲ့ရှိသမျှ အားတွေအကုန်လုံးကို ညာဘက်လက်သီးထဲပို့ ဆောင်လိုက်ပြီး ပြေးလာနေတဲ့ ဖန်လီဟိုင်ကို အားရပါးရ ထိုးချလိုက်ပါတယ်။

ဂျိန်း

ဒီတစ်ခါ ထွက်ပေါ်လာတဲ့ လက်သီးချက်တွေက  မိုးကြိုးတစ်စင်း ပစ်ချလိုက်သလို အသံတွေ ထွက်ပေါ်လာပါတယ်။ ဒီအသံက ကျယ်လောင်လွန်းလို့ ဘေးနားမှာရှိနေတဲ့ ချူတိုင်းတောင် အနည်းငယ် ကြောက်လန့်သွား သလိုလိုပါပဲ။

' ဒုန်း ဝုန်း … ... ဒိုင်း'

နှစ်ယောက်စလုံးက ပညာတွေကို မလျိုထားတော့ပဲ အစွမ်းကုန် ဆက်တိုက် တိုက်ခိုက် နေကျပါပြီ။ ပြီးတော့ နှစ်ယောက်စလုံးက ခုခံကာကွယ်မှုကို လုံးဝမလုပ်ပဲ တိုက်စစ်ကို အသားပေး တိုက်ခိုက် နေကျပါတယ်။

ပြိုင်ဘက်ကင်း ၁၀ယောက် စာရင်းဝင်တဲ့ ဖန်လီဟိုင်က အနီးကပ် တိုက်ခိုက်မှုမှာလည်း အတော်လေး ထူးချွန်ပါတယ်။ ပြီးတော့ သူရဲ့ ဆုံးဖြတ်ချက်တွေနဲ့ တုံ့ပြန်မှုတွေ ကလည်း ထိပ်တန်း အဆင့်မှာပါပဲ။ ဒါပေမဲ့လည်း လီဖူချန်းရဲ့ တိုက်ခိုက်တာတွေက ပိုပြီး နက်နဲပါတယ်။

ပြောရမယ်ဆိုရင် ရူးသွပ်ဖွယ်ရာကို အစွမ်းထက်နေတာပါ။

ဖန်လီဟိုင်က လက်သီးချက်၁၀ ချက် ထိုးလိုက်တိုင်းမှာ အများဆုံး ၂ ချက်လောက်ကပဲ လီဖူချန်းကို ထိအောင် ထိုးနိုင်ပြီးတော့ လီဖူချန်း ထိုးလိုက်တဲ့ လက်သီး ၁၀ချက်မှာ

အနည်းဆုံး ၃ချက်လောက်က ဖန်လီဟိုင်ရဲ့ ခန္ဓာကိုယ်ပေါ်ကို ကျရောက်နေခဲ့ပါတယ်။

တိုက်ပွဲက အချိန်ကြာလာတာနဲ့အမျှ ဖန်လီဟိုင်က အရေးနိမ့်လာပါပြီ။ သူရဲ့ခန္ဓာကိုယ်ရဲ့ ခံနိုင်ရည်က ထိပ်တန်းအဆင့်မှာ ရှိတယ်ဆိုပေမဲ့ လီဖူချန်းရဲ့ လက်သီးချက်တွေကို လုံးလုံးမမှုတဲ့ အဆင့်အထိတော့ မရောက်သေးပါဘူးလေ။

" မိုးသက်မုန်တိုင်းလက်သီး"

ဖန်လီဟိုင်က အသက်ရှူနှုန်းကို မှန်အောင် ပြန်ထိန်းလိုက်ပြီး သူ့ရဲ့ အဝါရောင် အထွတ်အထိပ် လက်သီးသိုင်းဖြစ်တဲ့ မိုးသက်မုန်တိုင်း လက်သီးကို အသုံးပြုလိုက်ပါပြီ။

အဆက်အပြတ် ထိုးချလာတဲ့ လက်သီးချက်တွေက ကောင်းကင်ပေါ်ကနေ သည်းထန်စွာ ရွာသွန်းတဲ့ မိုးရေစက်တွေလိုပါပဲ။

လီဖူချန်းက ဒီလက်သီးချက်တွေကို မကာကွယ်နိုင်တော့ပဲ ၄ ချက်လောက် ထိမှန်ခံလိုက်ရပါတယ်။ လက်သီးချက်တစ်ချက်မှာ အား၇၀၀၀ ကီလိုဂရမ် ရှိပေမဲ့

ဒီလက်သီးချက်တွေက လီဖူချန်းကို နောက်ဆုတ်သွားအောင် မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ လီဖူချန်းကလည်း တိုက်ခိုက်ဖို့ကိုပဲ အာရုံထား နေတာကြောင့် ဖန်လီဟိုင်ရဲ့ ရင်ဘတ်ကို လက်ဝါးတစ်ချက် ရိုက်လိုက်မိပါတယ်။ အဲဒါက လီဖူချန်း အသုံးပြုနေကျ တောင်ဖြိုလက်ဝါးပါ။

ဒီလက်ဝါးသိုင်းက အဝါရောင် အလယ်အလတ် အဆင့်သာဖြစ်ပေမဲ့

ပြင်းအားကိုတော့ လျော့တွက်လို့မရပါဘူး။ ဘာလို့လဲဆိုတေ့ာ လီဖူချန်းက ဒီပညာရပ်ကို တစ်ဖက်ကမ်းခတ် တတ်မြောက်ထားပြီး လို့ပါပဲ။ ဒီလက်ဝါးရိုက်ချက်နဲ့ အတူ ပါလာတဲ့အရှိန်က ဖန်လီဟိုင်ရဲ့ အဆုတ်ကိုတောင် ဒဏ်ရာ ရသွားစေပါတယ်။

" ဝေါ့  "

သွေးတစ်လုတ်မျှ အန်လိုက်ပြီးတဲ့နောက်မှတော့ ဖန်လီဟိုင်က သူ့အခြေအနေကို သိသွားပါပြီ။

လီဖူချန်းရဲ့ တိုက်ကွင်းထဲက လွတ်အောင် အနောက်ကို တော်တော်များများ ဆုတ်လိုက်ပြီး

ကျောပေါ်က သူ့ရဲ့ သံမဏိဓားကို  ထုတ်ယူလိုက်ပါတယ်။ ဖန်လီဟိုင်က အခုချိန်အထိ ဘယ်သူနဲ့ပဲ တိုက်တိုက် သံမဏိဓားကို တစ်ခါမှ မသုံးခဲ့ဖူးပါဘူး။ ဘယ်ဖြစ်လို့လဲ ဆိုတော့  သူ့ဓားသိုင်းက မတော်တဆလေး တစ်ခုဖြစ်သွားရင်တောင် တစ်ဖက်လူကို သေသွားစေနိုင်လို့ပါပဲ။

မိုးပြာရောင်ဂိုဏ်းရဲ့ သံမဏိစည်းကမ်းကတော့

" တပည့်အချင်းချင်း သတ်မိရင်  ဘယ်လောက်တော်တဲ့ ပါရမီရှင်ဖြစ်ဖြစ် ကျောင်းထုတ်မယ်" ဆိုတာပါ။

ဒါပေမဲ့ ဒီစည်းကမ်းက လီဖူချန်းနဲ့တော့ အကြုံးမဝင်ပါဘူး။ သူ့ရဲ့သံမဏိဓားက လီဖူချန်းကို သတ်ဖြတ်မိဖို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့ အရာပါ။ ယုတ်စွအဆုံး ဒဏ်ရာ အနည်းအကျဉ်းသာ ရစေနိုင်မှာလေ။ လီဖူချန်းကလည်း သူ့ရဲ့ သံမဏိဓားကို ဆွဲထုတ်ဖို့ လက်နှေး မနေပါဘူး။

" ထန် ... ထန် ချွမ်   ... ချွမ်"

ဓားနှစ်လက်က ထိပ်တိုက် ရင်ဆိုင်မိတဲ့ အခါမှာ မီးပွင့်၊ မီးပွားလေးတွေက အရပ် ရှစ်မျက်နှာလုံးကို လွှင့်စင်နေပါတယ်။

ဖန်လီဟိုင်ရဲ့ ဓားသိုင်းက အဝါရောင် အထွတ်အထိပ်အဆင့် ဓားသိုင်းဖြစ်တဲ့ 'ဒေါသရေလှိုင်း' ဓားသိုင်းပါ။

ဖန်လီဟိုင်က ဒီဓားသိုင်းကို ဟိုးအရင်ကတည်းက ပြီးပြည့်စုံခြင်း အဆင့်အထိ ရောက်ခဲ့ပြီးပါပြီ။

သူရဲ့ဓားချက်တွေက လှိုင်းလုံးကြီးတွေ ကမ်းစပ်ကို တစ်လုံးပြီးတစ်လုံး ရောက်လာသလို အဆက်မပြတ် တိုက်ခိုက် နေပါတယ်။

လီဖူချန်းကတော့ သူ့ရဲ့ တိုက်တိုင်းအောင် ကျောက်စိမ်းနီဓားသိုင်းကို အသုံးမပြုသလို အသစ်လေ့ကျင့်ထားတဲ့ ကြက်သွေးရောင်မီး ဓားသိုင်းကိုလည်း အသုံးမပြုထားပါဘူး။

သူက အစွန်းရောက် ဓားသိုင်းနဲ့ ခုခံဖို့ ဆုံးဖြတ် ထားပါတယ်။

အစွန်းရောက် ဓားသိုင်းက နဂိုကတည်းကမှ အရမ်းရက်စက်ပြီး ခုခံကွက်မပါတဲ့ ဓားသိုင်းပါ။

ဓားကွက်တိုင်းရဲ့ ရည်ရွယ်ချက်က တစ်ဖက်လူကို ဒဏ်ရာရစေဖို့ပါပဲ။ ဒီဓားသိုင်းကို တစ်ဖက်ကမ်းခတ် တတ်မြောက်ထားတဲ့ လီဖူချန်းအတွက် ကတော့

ကြေးနီရောင် ခန္ဓာကိုယ်နဲ့ ပေါင်းစပ်လိုက်တဲ့ အခါမှာ နောက်ထပ် အဆင့်ကို ရောက်သွားပါပြီ။

ဒီဓားကွက်ရဲ့ ပြင်းထန်မှုက ကျောက်စိမ်နီ ဓားသိုင်းတောင် လိုက်မမီပါဘူး။

ကြက်သွေးရောင် မီးဓားသိုင်းကပဲ ဒီဓားကွက်ရဲ့ ပြင်းထန်မှုကို ယှဉ်နိုင်မှာပါ။

လီဖူချန်းက အတွင်းအားတွေကို စုစည်းလိုက်ပြီး တောင်တွေကိုတောင် နှစ်ပိုင်း ပြတ်စေနိုင်လောက်တဲ့ ဓားချက်နဲ့ ဖန်လီဟိုင်ကို ခုတ်ပိုင်းလိုက်ပါတယ်။

ဒီလို ဆံချည်တစ်မျှင်တောင် အမှားမခံတဲ့ ပွဲမျိုးမှာ တစ်ဖက်လူကို တစ်လက်မလေးတောင် အလျော့ပေးလို့ မရပါဘူး။ လီဖူချန်းရဲ့ အနီးကပ် တိုက်ခိုက်မှုနဲ့ ဓားကွက် လျင်မြန်မှုက တစ်ဖက်လူထက် အနည်းငယ် ပိုသာနေတယ် ဆိုရင်တောင်မှပေါ့။

ဖန်လီဟိုင်က နည်းနည်းလေးမှ အလျော့ပေးလို့မရတဲ့ လူတစ်ယောက်လေ။

ကြယ်လေးပွင့် ရွှေသံမဏိ အရိုးတည်ဆောက်ပုံဆိုတာ နှယ်နှယ်ရရမှ မဟုတ်တာ။ တစ်ချက်လောက် သတိလစ်ဟင်း သွားတာနဲ့ အရှုံးသမားက သူတောင်ဖြစ်သွားနိုင်ပါတယ်။

"နဂါး ဒေါသလှိုင်း"

ဖန်လီဟိုင်က တိုက်ပွဲကဒီလို သူတစ်ပြန်ကိုယ်တစ် ပြန်ဖြစ်နေတာကို စိတ်မရှည်တော့သဖြင့် အမြန်ပွဲသိမ်းရန် အစွမ်းထက်ဆုံး ဓားကွက်ဖြစ်တဲ့ ဓားကွက်ကို ထုတ်သုံးလိုက်ပါပြီ။

လေထုထဲမှာ ရှိနေတဲ့ ရေငွေ့တွေ အားလုံးက ဖန်လီဟိုင်ရဲ့ ဓားပေါ်မှာ

စုစည်း လာနေကျပါတယ်။ ဒီအဖြစ်အပျက်က ဓားကွက်ရဲ့ ပြင်းထန်မှုကို တိုးလာစေပါတယ်။

" လေပြေဓားသိုင်း ပထမဓားချက်"

သူတင်ကိုယ်တင် တိုက်ပွဲတစ်ခုမှာ စိတ်မရှည်တဲ့သူက အမှားကိုကျုးလွန်ဖို့ ရာခိုင်နှုန်း ပိုများပါတယ်။ ဒါကြောင့် လီဖူချန်းက တစ်ဖက်လူကို အမြန်ဆုံး ပြန်တိုက်ခိုက်နိုင်တဲ့ လေပြေဓားသိုင်းကို ပြောင်းပြီး အသုံးပြု လိုက်ပါတယ်။ ဓားချက်က အရမ်းမြန်လွန်းလို့ ဖန်လီဟိုင်က ဓားသွားကိုတောင် မတွေ့တော့ပါဘူး။ ဓားလေတိုးသံကို ကြားနေရပေမဲ့ ဓားသွားကိုတော့ သူလုံးဝကို တွေ့အောင် မရှာနိုင်ဘူးလေ။

" ရွှမ်း "

ဖန်လီဟိုင်က သူ့ရဲ့ ဘယ်ဘက်ပခုံးကို တစ်ခုခုက လှီးဖြတ်သွားသလို ခံစားလိုက်ရပြီး

ဓားကွက်လှုပ်ရှားမှုက အနည်းငယ် ထင့်သွားပါတယ်။ အဆိပ်ရှိတဲ့ သတ္တဝါတစ်ကောင်က ကိုက်သွားသလိုပါပဲ။ သူရဲ့ ဓားကွက်ကလည်း ရပ်တန့်သွားခဲ့ပါပြီ။

ဖန်လီဟိုင်က ခေါင်းကိုငုံ့ပြီး ကြည့်လိုက်တဲ့ အခါမှာတော့ သူရဲ့ ဘယ်ဘက် လက်မောင်း တစ်လျှောက်မှာ သွေးတွေက စီးကျနေတာကို တွေ့လိုက်ရပါတယ်။

ဒါပေမဲ့ သူက  ခန္ဓာကိုယ် သန့်စင်တဲ့ နည်းစနစ်၃ခုကို အောင်မြင်ထားတဲ့ အတွက် ဒဏ်ရာက အလျင်အမြန်ပဲ ပြန်ကောင်း လာပါတယ်။

" မင်းကငါ့ကို ဒဏ်ရာရအောင် တိုက်ခိုက် ရဲတယ်ပေါ့လေ"

ဖန်လီဟိုင်က အကြီးအကျယ် ဒေါသထွက်သွားပြီး 'နဂါးဒေါသ' ဓားကွက်ကို တစ်ဖန် ပြန်လည် ထုတ်ဖော် လိုက်ပါတယ်။ လီဖူချန်းက အားမလို အားမရနဲ့ သက်ပြင်း ချလိုက်ပါတယ်။

လေပြေဓားသိုင်းက အရမ်းမြန်ပေမဲ့ တစ်ဖက်လူကို အရှုံးပေးသွားစေတဲ့ အထိတော့ မပြင်းထန်လို့ပါ။

အစွန်းရောက် ဓားသိုင်းကျတော့ အရမ်း ပြင်းထန်ပေမဲ့ အရမ်း ရိုးရှင်းတဲ့အတွက် ဖန်လီဟိုင်ကို ထိခိုက်အောင် တိုက်နိုင်ဖို့က မဖြစ်နိုင်ပါဘူး။

" ဒီလိုတွေ ဖြစ်လာမှတော့ ရော့ဒီဓားကွက်ကို မြည်းကြည့်စမ်း"

လီဖူချန်းရဲ့ ဓားချက်က ဓားလမ်းကြောင်းအတိုင်း စီးမျောသွားပြီး

တခြား ဒိုင်မေးရှင်းတစ်ခုထဲကို ဝင်ရောက် ပျောက်ကွယ်သွားပါတယ် ပြန်ပေါ်လာတဲ့အခါမှာတော့ ဥက္ကာခဲကြီးတစ်လုံး ကျဆင်းလာသလို အရှိန်နဲ့ ဖန်လီဟိုင်ရဲ့ ဓားကွက်ထဲက ဖြတ်ကျော်သွားပြီး

ညာဘက်ပခုံးကို ဒဏ်ရာအကြီးကြီး ရသွားစေပါတယ်။

" ချွမ် လန်လန်"

ဖန်လီဟိုင်ရဲ့ ညာဘက်လက်ထဲက ဓားကတော့ မြေကြီးပေါ်ကို လွတ်ကျသွားခဲ့ပါပြီ။

ဒီဓားကွက်က ကျောက်စိမ်းနီဓားသိုင်းရဲ့

" ကျောက်စိမ်းနီ မရဏဓားကွက်" ဖြစ်ပါတယ်။

" ဖန်လီဟိုင် ... ငါက မိုးပြာရောင်ဂိုဏ်းမှာ ပညာသင်ကြားနေဆဲ ကာလဖြစ်လို့ မင်းကံကောင်းသွားတယ် မှတ်ပါ။ မဟုတ်လို့ကတော့ ငါမင်းကို အခုချိန်မှာ သတ်ပြီးနေပြီ"

ပြောပြီးတာနဲ့ သွေးနီရောင် ကြေးနီသတ္တုရိုင်းကြီးကို သယ်ပြီး  လီဖူချန်းက အဝေးကို ထွက်သွားပါပြီ။

ဖန်လီဟိုင်ကတော့ အခုချိန်အထိ သူက လီဖူလျန်းကို ရှုံးသွားတယ် ဆိုတာကို အိပ်မက်လား တကယ်လားဆိုတာ ဝေခွဲမရ ဖြစ်နေတုန်းပါပဲ။ သာမန်အရိုး တည်ဆောက်ပုံနဲ့ ကောင်လေးက သူ့ကို အနိုင်ယူသွားခဲ့တာလေ။ သူ့ရဲ့ကြယ်လေးပွင့် ရွှေသံမဏိအရိုး တည်ဆောက်ပုံဆိုတဲ့ ဂုဏ်ပုဒ်က

အရှုံးဆိုတာကို လက်မခံနိုင်သေးပါဘူး။ သူက ပြိုင်ဘက်ကင်း ၁၀ယောက် ထဲကဖြစ်သလို

ရှန်ဟိုင်းမြို့ရဲ့ ရာစုနှစ်တစ်ခု အတွင်းမှာ အတော်ဆုံး ပါရမီရှင်လေ။

" ငါဘယ်လိုလုပ် ရှုံးသွားရတာလဲ"

ဖန်လီဟိုင်က ငေးကြောင်ကြောင်ဖြင့် မတ်တတ်ရပ်ရင်း ကျန်နေခဲ့ပါတယ်။ သူသတိ ပြန်ဝင်လာတဲ့ အခါမှာတော့ ဟိုးအဝေးက လီဖူချန်းရဲ့ မှုန်ပျပျ အရိပ်လေးကိုပဲ မြင်နေရပါတော့တယ်။

ဖန်လီဟိုင်က လီဖူချန်း ကြားရလောက်တဲ့ အထိ အတွင်းအားထည့်ပြီး အော်ပြောလိုက်ပါတယ်။

" လီဖူချန်း ...  ...  ဒီကိစ္စက မပြီးသေးဘူးနော်။ အပြင်စည်း တပည့်ပြိုင်ပွဲကျရင် မင်းကိုငါ အနိုင်ယူပြမယ်”

***

အပြင်စည်းဂိုဏ်းရဲ့ ထောက်ပံ့ရေး ရမှတ်ဌာနကို အရောက်မှာတော့

လီဖူချန်းက ရမှတ် ၁၁၄၀၀၀ ရရှိခဲ့ပါတယ်။ အကြီးအကဲကတော့ လီဖူချန်းအပေါ်ကို ဟိုးအစောကြီးကတည်းက လက်လျော့ထားခဲ့ပြီးပါပြီ။

ဒီသာမန်အရိုး တည်ဆောက်ပုံနဲ့ ကောင်လေးက တစ်ချိန်မှာ သူ့ထက်တောင် ပိုကြီးမားတဲ့ ရာထူးရနိုင်မယ် ဆိုတာ မလွဲဧကန်ပါပဲ။

လီဖူချန်းက ကျားနဂါးဆေးလုံး၆၀ ဝယ်လိုက်ပြီး ရမှတ် ၉၀၀၀၀ကို အသုံးပြုလိုက်ပါတယ်။

နောက်တစ်ရက်ကို ရောက်သွားတဲ့အထိ လီဖူချန်းက ဖန်လီဟိုင်ကို အနိုင်ယူသွားတဲ့ သတင်းက မထွက်လာသေးပါဘူး။ ဒီအပြင်စည်း ဂိုဏ်းတစ်ခုလုံးမှာ ဒီအကြောင်းကို သိတဲ့လူတွေက ၃ ယောက်ပဲ ရှိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

လီဖူချန်းကလည်း ဒီအကြောင်းကို ဘယ်သူ့ကိုမှ လိုက်ပြောမနေဘူးလေ။

လီဖူချန်း ကြွားဝါနေတတ်တဲ့ သူတစ်ယောက် မဟုတ်တာလည်း ပါတာပေါ့လေ။

ချူတိုင်းကလည်း ဖန်လီဟိုင်ရဲ့ ညာလက်ရုံး ဖြစ်နေတဲ့အတွက် ဒီသတင်းကို ပေါက်ကြားအောင် လုပ်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီကိစ္စက ဘယ်တော့မှ ပေါက်ကြားလာမယ့် သတင်းတစ်ပုဒ် ဖြစ်နေမှာပါပဲ။

***

All Chapters