ကျင်းရှောင်ယုရဲ့ဒေါသ
Vol. 5 Ch. 66
၆၀၀၀ ကီလို ... ၇၀၀၀ ကီလို ... ... ၈၀၀၀ ကီလို ... …
ကျားနဂါး ဆေးလုံး၆၀ကို ကုန်စင်အောင် စပ်ယူပြီးတဲ့ နောက်မှာတော့
လီဖူချန်းရဲ့ ခန္ဓာကိုယ် ပြင်ပအားက ကီလိုဂရမ် ၈၀၀၀ အထိရောက်လာခဲ့ပါပြီ။ ကိုယ့်ကိုယ်ကိုယ် အလွန်အမင်း အထင်ကြီးတာတော့ မဟုတ်ပါဘူး။ အခုဒီအစွမ်းနဲ့ ဆိုရင် ထိပ်ဆုံး၅၀၀ ပြင်ပက တပည့်တွေကို အတွင်းအား သုံးစရာမလိုပဲ အပြင်အားချည်း သက်သက်နဲ့တောင် အနိုင်ယူနိုင်ပါပြီ။
သာမန်လူသား နယ်ပယ်အဆင့်၉က တပည့်တွေကို ဆိုရင်တော့ လီဖူချန်းက လက်ဖျောက်တစ်ချက် တီးချိန်အတွင်းမှာတောင် သတ်ပစ်လိုက်လို့ ရပါတယ်။ ဒါပေမဲ့ တိုးတက် လာတာက လီဖူချန်း တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ တခြားသော သူတွေကလည်း တိုးတက် လာနေပါတယ်။
ဆင်းရဲဒုက္ခမျှော်စင်ရဲ့ အဆင့်သတ်မှတ်ချက်မှာ ဆိုရင် ကောင်းရှုက လီဖူချန်းကို ကျော်လွန်သွားပါပြီ။ သူမရဲ့အဆင့်က ၁၆ မှာပါ။ ဟုတ်ပါတယ်။ သူမက အဆင့်၉၈ကနေ အဆင့်၁၆ ကို အချိန်တိုလေး အတွင်းမှာပဲ ရောက်သွားတာပါ။
အပြင်စည်းဂိုဏ်းကို ရောက်ခဲ့တဲ့ တစ်နှစ်နဲ့ ခြောက်လ အတွင်းမှာပဲ
သူမက ထိပ်တန်းတပည့် တစ်ယောက်အဆင့်ကို ရောက်သွားပါပြီ။ ကျင့်ကြံမှု အပိုင်းမှာလည်း လူသားနယ်ပယ် အဆင့်၉ကို ရောက်ရှိခဲ့ပြီးပြီ။ ငွေလှိုင်းဖြူ ကျင့်စဉ်မှာလည်း အဆင့်အမြင့်ဆုံးကို ရောက်ရှိနေပါပြီ။
ဂြိုဟ်၇လုံး ကျင့်စဉ်ကိုလည်း အောင်မြင်သွားပြီ ဖြစ်သဖြင့် အပြင်အား ၃၀၀၀ ကီလိုအထိ ရပြီးပါပြီ။ အခုဆိုရင် သူမက ဆန်းကြယ် အဆင့်နိမ့် ခန္ဓာကိုယ် သန့်စင်တဲ့ ပညာရပ်ဖြစ်တဲ့
" ကောင်းကင်ဘုံ မြောက်တံခါး ဂိတ်မှူးခန္ဓာကိုယ်" ကျင့်စဉ်ကိုလည်း စတင် လေ့ကျင့်နေပါပြီ။
ဆင်းရဲဒုက္ခမျှော်စင်ရဲ့ ထိပ်ဆုံး၂၀ အတွင်းဝင်တဲ့ ပြိုင်ဘက်ကင်း တပည့်တွေထဲမှာ ကောင်းရှုက အငယ်ဆုံးပါပဲ။ သူမက အသက် ၁၅နှစ်ပဲ ရှိသေးတာ ဖြစ်ပါတယ်။
***
အပြင်စည်းဂိုဏ်းရဲ့ သိုင်းပြိုင်ပွဲစဖို့ကတော့ အချိန်နှစ်လပဲ ကျန်ပါတော့တယ်။
ဆင်းရဲဒုက္ခ မျှော်စင်ရဲ့ ထိပ်ပိုင်းက အဆင့် သတ်မှတ်ချက်တွေ ကတော့ ကြီးကြီးမားမား ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေပါပြီ။ အဆင့်၁ ကတော့ ယုဝူရှန်းပဲဖြစ်နေပါသေးတယ်။
ဒါပေမဲ့ အချိန်ကတော့ ၁၅ နရီကနေ ၁၀ နရီဖြစ်သွားပါပြီ။ အဆင့်၂ ရှန်ကောင်းဟောင်ကတော့ ၁၅ နရီ။ အဆင့်၅ ဇောင်မင်းယွီကတော့ ၁၈ နရီ။ အဆင့်၈မှာတော့ နရီ၂၀ နဲ့ ဂေါင်ချန်းရှန်။ အဆင့်၉မှာတော့ နရီ၂၀ နဲ့ ဖန်လီဟိုင် က ရှိနေပါတယ်။ သူတို့နှစ်ယောက်က နာရီ၂၀နဲ့ ပူးတွဲရပ်တည်နေတာပါ။ အဆင့်၁၂ မှာတော့ ၂၂ နရီနဲ့ ဝူကျင်မိန်။ အဆင့်၁၆ မှာတော့ ၂၄ နရီနဲ့ ကောင်းရှု။
အဆင့်၁၈မှာတော့ ၂၅နရီနဲ့ ကျင်းရှောင်ယု တို့က အသီးသီး ရှိနေကျပါတယ်။
လီဖူချန်းကတော့ အဆင့် ၆၀ ကနေ ၆၈ကို ထိုးကျသွားပါပြီ။ အရင်တစ်ခေါက် လာပြီးကတည်းက လီဖူချန်းက ဆင်းရဲဒုက္ခမျှော်စင်ကို ထပ်မလာတော့တာပါ။
သူက ဒီအဆင့် သတ်မှတ်ချက်တွေကို အရေးမထားပေမဲ့ တခြားလူတွေ ကတော့ အဲလို မဟုတ်ပါဘူး။
" နောက်ဆုံးတော့လည်း သာမန်အရိုး တည်ဆောက်ပုံ ပိုင်ရှင်က
သာမန်အရိုး တည်ဆောက်ပုံ ပိုင်ရှင်ပါပဲ။ သူတို့ရဲ့ အလားအလာနဲ့ ပါရမီက ပြိုင်ဘက်ကင်း ပါရမီရှင်တွေကိုဘယ်တော့မှ လိုက်နိုင်မှာမဟုတ်ဘူး"
“ဒါတောင် ပြိုင်ပွဲကျင်းပဖို့၂လတောင် လိုသေးတာနော်။ နောက်ဆိုရင် သူ့အဆင့်က ဒီထက်တောင် ထိုးကျသွားဦးမှာပဲ"
အပြင်စည်းဂိုဏ်း တစ်ခုလုံးမှာတော့ လီဖူချန်းကို နှိမ်ချတဲ့ ကောလဟာလတွေက ပြည့်နှက် နေပါတော့တယ်။
*******
ခြံဝင်းတစ်ခုရဲ့ အလည်မှာတော့ ...
လီဖူချန်းက လူတစ်ရပ်လောက် ရှိတဲ့ ကျောက်တိုင်ကြီးတစ်ခု အရှေ့မှာ ရပ်နေပါတယ်။
ဒီကျောက်တိုင်ကြီး ဒီမှာရှိနေတာ နှစ်ပေါင်း အတော်ကြာနေတဲ့ ပုံပါပဲ။ လေနုအေးလေး တစ်ချက် တိုက်လိုက်ရင်တောင် ကျောက်တိုင်ပေါ်က ဖုန်တွေက ထလာပါတယ်။ သိပ်မဝေးတဲ့ နေရာတစ်ခုမှာတော့ ကျူးဟောင်ရှုက ဒီမြင်ကွင်းကို မမှိတ်မသုန် ကြည့်နေပါတယ်။
သူမက ကြယ်သုံးပွင့် မီးအထူးပြု အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားတာ ဖြစ်တဲ့အတွက် သိပ်မကြာသေး ခင်ကပဲ ဆင်းရဲဒုက္ခမျှော်စင် ပထမထပ်ကို အောင်မြင်ခဲ့တဲ့အတွက် ပထမအဆင့် အပြင်စည်း တပည့်အဖြစ် အဆင့် တိုးပေးခြင်းကို ခံခဲ့ရတယ်လေ။
ကံအကြောင်း တိုက်ဆိုင်စွာဖြင့် သူမရဲ့နေရာက လီဖူချန်းနဲ့ ဘေးချင်းကပ် ဖြစ်နေပါတယ်။
နောက်ပိုင်းမှာ လီဖူချန်းရဲ့ ခြံဝင်းထဲမှာလည်း လူမရှိတဲ့အတွက် သူမက လီဖူချန်းကို ခွင့်တောင်းပြီး လီဖူချန်းခြံဝင်းထဲကို ပြောင်းရွှေ့လာခဲ့တာပါ။
ကျောက်တိုင်ကြီးကို မျက်နှာမူပြီး နောက်မှာတော့ လီဖူချန်းက လေထဲကို လက်သီးဖြင့် လှမ်းထိုး လိုက်ပါတယ်။ လက်သီးရဲ့ အရှိန်က ကျောက်တိုင်ကြီးကို အက်ကွဲရာတွေ အထပ်ထပ် ပေါ်သွားစေပါတယ်။ လေပြင်းတစ်ချက် တိုက်ခတ်လာတဲ့ အချိန်မှာတော့ ကျောက်တိုင်ကြီးက အမှုန့် ဖြစ်သွားပြီး လေနဲ့အတူ လွင့်ပါ သွားပါတော့တယ်။
ဒီလိုအတွင်းအားနဲ့ အဝေးကနေ တိုက်ခိုက်တာက မြေကမ္ဘာအဆင့်က ပညာရှင်တွေသာ ပြုလုပ်နိုင်တဲ့ အရာပါ။
လီဖူချန်းရဲ့ လက်သီးက ထွက်လာတဲ့ အတွင်းအားက မြေကမ္ဘာအဆင့်က ပညာရှင်တွေကို မယှဉ်နိုင်သေးပေမဲ့ လူသားနယ်ပယ် အဆင့်မှာတော့ ပြိုင်ဖက်ကင်းလု နီးပါးပါပဲ။
လီဖူချန်းရဲ့ ပြိုင်ဖက်ကင်းတဲ့ အပြင်အား စွမ်းရည်ကလည်း ဒီလိုလက်သီးချက် ထွက်ပေါ် လာအောင် အထောက်အပံ့ ပေးနိုင်ပါတယ်။ ဒီလက်သီးချက်မှာ လီဖူချန်းက အပြင်အားနဲ့ အတွင်းအားကို ရောသမပြီး အညီအမျှ ပေါင်းစပ်ထားတာပါ။ ဒီလက်သီးချက်ကို လူသားနယ်ပယ်က တစ်ဦးတစ်ယောက်ကမှ ခံနိုင်မှာမဟုတ်ပါဘူး။ အဆင့်နိမ့် လူသားနယ်ပယ်က လူတွေဆိုရင် လက်သီးရဲ့အရှိန်နဲ့တင် သေသွားနိုင်ပါတယ်။
ကျူးဟောင်ရှုက အထင်ကြီး အားကျတဲ့ လေသံနဲ့ လီဖူချန်းကို ပြောလိုက်ပါတယ်။
" အပြင်စည်း တပည့်တွေသာ ဒီလက်သီးချက်ကို တွေ့သွားလို့ကတော့ အပြင်မှာ ပြောနေကျသလို သွားပုပ် လေလွင့်တွေ ပြောရဲတော့မှာ မဟုတ်ဘူး”
လီဖူချန်းကတော့ သူ့ကိုယ်ပေါ်က ဖုန်မှုန့်တွေကို ခါရင်းနဲ့
" ငါ့ရဲ့ ရည်ရွယ်ချက်က သိုင်းတန်ခိုး တာအိုမှာ ထိပ်ဆုံးအထိ ရောက်ဖို့ပဲလေ။ ဒီလို ပမွှားလေးတွေရဲ့ ချီးကျူး မြှောက်ပင့်တာတို့၊ ကဲ့ရဲ့တာတို့က ငါ့အတွက် ဘာမှပိုပြီး ထူးခြားလာစေမှာမှ မဟုတ်တာ။ မင်းရဲ့လက်သီးက တခြားလူတွေထက် သန်မာနေသရွေ့ ကတော့
သူတို့က မင်းအရှေ့မှာ ရိုကျိုးနေရမှာပဲ မဟုတ်လား ညီမကျူး"
သူ့အဖေဆိုရင် တစ်ချိန်က လီကလန်ရဲ့ ခေါင်းဆောင် ဖြစ်ခဲ့ပေမဲ့ ဘိုးဘေးကြီးကို မယှဉ်နိုင်တဲ့အတွက် အဖျားအနား မိသားစု အဖြစ်တောင် ရာထူးချခံခဲ့ရတာလေ။ အဲဒီလိုဖြစ်ရတာက လီကလန်ရဲ့ အသန်မာဆုံး လက်သီးပိုင်ရှင်က သူ့အဖေမဟုတ်ပဲ ဘိုးဘေးကြီး ဖြစ်နေလို့ မဟုတ်ပါလား။
သူ့အဖေသာ လီကလန်ရဲ့ အတော်ဆုံး သိုင်းစစ်သည်တော် တစ်ယောက်ဆိုရင် အခုလိုမျိုး ဆက်ဆံဖို့ ဘယ်သူက လုပ်ရဲမှာလဲလေ။ ဒါကြောင့် လီဖူချန်းက နာမည်တွေ၊ဂုဏ်တွေ ၊ကြွယ်ဝ ချမ်းသာမှုတွေကို မမက်ပါဘူး။ လူတစ်ယောက်ရဲ့ အစွမ်းအစ ရှိနေသရွေ့ ဒါတွေကို အချိန်မရွေး ရှာနိုင်တယ်လို့ ခံယူထားပါတယ်။
" နင်က ဒီလို အဆင့်ထိ ရောက်လာတာကို ငါဘယ်လိုမှ မအံ့သြတော့ပါဘူး။ စိတ်ပိုင်းဆိုင်ရာနဲ့ ရည်မှန်းချက် ပိုင်းမှာတော့ နင့်ထက်သာတဲ့လူကို ငါအခုထိ တစ်ခါမှ မမြင်ဖူးသေးဘူး"
ကျုးဟောင်ရှုက လီဖူချန်းကို ပိုပြီး နားလည်လာသလို ခံစားလိုက်ရပါတယ်။
ဒါက သူမ လီဖူချန်းကို ကြိုက်နေတဲ့ အတွက်ကြောင့်လား ဆိုတာကိုတော့ သူမလည်း သေချာဝေခွဲလို့ မရပါဘူး။
သေချာတာ တစ်ခုကတော့ သူမက ဒီလိုအချိန်မှာ ချစ်ရေး၊ ကြိုက်ရေးတွေ အတွက် အချိန် မပေးနိုင်သေးပါဘူး။ သူမရဲ့ ကျူးကလန်ကို အောင်မြင်အောင် လုပ်ဆောင်ပေးဖို့ အချိန်ပေးရဦးမှာပါ။
လီဖူချန်းက မေးလိုက်တယ်။
" ဒါနဲ့စကားမဆက် ကျင်းရှောင်ယုက ဒီအတောအတွင်း မင်းကို လာမရှာတော့ဘူးလား”
ကျူးဟောင်ရှုက ခေါင်းခါပြလိုက်ပြီး
" ဟင့်အင်း။ ဒါပေမဲ့ မကြာခင်မှာ သူက နင့်ကို လာရှာတော့မယ် ဆိုတာ ငါကျိန်းသေ အာရုံရနေတယ်"
ကျင်းရှောင်ယုနဲ့ ကောင်းရှုက အခုဆိုရင် ဆင်းရဲဒုက္ခ မျှော်စင်ရဲ့ ထိပ်ဆုံး အယောက်၂၀ စာရင်းကို ဝင်သွားခဲ့ပါပြီ။ ဒီအချက်က ကျင်းရှောင်ယုက သူ့ရဲ့ ပညာရပ်တွေမှာ ပြီးပြည့်စုံသွားပြီ ဆိုတာကို သက်သေပြနေပါတယ်။ လီဖူချန်းကိုတော့ အားလုံးက သူ့ရဲ့ပါရမီတွေ ကုန်သွားပြီလို့ သတ်မှတ် ထားကျပါပြီ။ လီဖူချန်းက ရယ်လိုက်ပြီး
" လာစမ်းပါစေလေ။ တကယ်လို့ သူလာခဲ့ရင် မှတ်လောက် သားလောက်အောင် ငါဆုံးမ လွှတ်ပေးလိုက်မှာပေါ့"
လီဖူချန်းရဲ့ စကားတောင် ကောင်းကောင်း မဆုံးသေးပါဘူး။ မိုးခြိမ်းသံလို ကျယ်တဲ့ အသံတစ်ခုက ခြံဝင်း အပြင်ကနေ ထွက်ပေါ်လာပါတယ်။
" လီဖူချန်း မင်းအပြင်ကို ထွက်ခဲ့စမ်း"
အခု အော်လိုက်တဲ့သူက ကျင်းရှောင်ယုက လွဲရင် တခြားလူဖြစ်စရာ အကြောင်း မရှိပါဘူးလေ။
ခြံဝင်း အပြင်မှာတော့ ကျင်းရှောင်ယုက ရန်လိုတဲ့ အငွေ့အသက် အပြည့်နဲ့ လီဖူချန်းကို စောင့်နေပါတယ်။
လီဖူချန်းက သူ့ကို ကျူးဟောင်ရှုရှေ့မှာ သိက္ခာချခဲ့တာလေ။ ကျူးဟောင်ရှုဆိုတာက သူကြိုက်နှစ်သက်တဲ့ မိနိးမပျိုပါ။ ဘယ်သကောင့်သားက ဒီလိုကိစ္စမျိုးကို လွယ်လွယ်နဲ့ မေ့ပစ်နိုင်မှာလဲ။
ဒီတစ်ခေါက်လာတာက လီဖူချန်းကို သူခံစားရတာထက် ၁၀ဆ ပြန်ခံစားရအောင် လုပ်ဖို့လာတာပါ။ လီဖူချန်းက မျက်ခုံးပင့်လိုက်ပြီး
"တိုက်ဆိုင်လိုက်တာ ... အခုပဲ မင်းအကြောင်း ပြောနေတာ ရှိသေးတယ်"
ကျူးဟောင်ရှုကတော့ အသံတိုးတိုးဖြင့် လီဖူချန်းကို သတိပေးလိုက်ပါတယ်။
" လီဖူချန်း သတိထားနော်"
သူမက လီဖူချန်းရဲ့ တိုက်ပွဲဝင် စွမ်းရည်ကို သိထားပေမဲ့လည်း ကျင်းရှောင်ယုနဲ့ ပတ်သက်လို့တော့ ဘာမှမသိထားဘူးလေ။ ဒါကြောင့်သူမက အနည်းငယ် စိုးရိမ်နေ သလိုလိုပါပဲ။
"မစိုးရိမ်ပါနဲ့ " လီဖူချန်းက တံခါးဖွင့်ပြီး အပြင်ကို ထွက်သွားလိုက်ပါတယ်။
" ကျွီ ... …"
တံခါးမကြီး ပွင့်လာပြီးတာနဲ့ လီဖူချန်းက ကျင်းရှောင်ယုရဲ့ မျက်လုံးထဲမှာ ပေါ်လာပါပြီ။
သူ့နောက်မှာတော့ ကျူးဟောင်ရှုက စိုးရိမ်နေသည့် မျက်နှာထားဖြင့် လိုက်ပါလာပါတယ်။ ဒီဟာက ကျင်းရှောင်ယုကို ပိုပြီး ဒေါသထွက်လာ စေပါတယ်။ သူအတွေးထဲမှာတော့ ကျူးဟောင်ရှုနဲ့ လီဖူချန်းက
အတူအိပ်ပြီး သွားပြီလို့ ထင်လိုက်ပါတယ်။ မဟုတ်ရင် ဒီလိုအချိန်မှာ ဘယ်လိုလုပ် သူမက လီဖူချန်းရဲ့ အိမ်ထဲမှာ ရှိနေနိုင်မှာလဲ။
( အပြင်စည်းဂိုဏ်းမှာ ကျောထောက် နောက်ခံမရှိတဲ့ တပည့်မလေးတွေက အားကောင်းတဲ့ တပည့်တွေကို သူမတို့ရဲ့ အပျိုစင်ဘဝကို ပေးဆပ်ပြီး ကျောထောက် နောက်ခံယူတဲ့ အဖြစ်အပျက်တွေက ထုံးစံလို ဖြစ်နေတာပါ။)
" ကောင်းတယ် … အရမ်းကောင်းတယ် ... ခွေးမ ကျူးဟောင်ရှု ။ ငါကတော့ မင်းကို မာယာတွေ ကင်းစင်တဲ့ မိန်းကလေးလို့ ထင်ထားခဲ့တာ။ အခုတော့မင်းက အပျိုစင်ဘဝကိုတောင် ပေးလိုက်ပြီပေါ့လေ"
ကျင်းရှောင်ယုက သွားကြားထဲက ထွက်လာတဲ့ လေသံနဲ့ ကျူးဟောင်ရှုကို ပြောလိုက်ပါတယ်။ သူပြောတာကို ကြားလိုက်ပြီး နောက်မှာတေ့ ကျူးဟောင်ရှုက မျက်နှာတစ်ခုလုံး နီသွားပြီး ရှက်သွေးတွေ ဖြာသွားပါတယ်။
လီဖူချန်းက အေးစက်စက်ဖြင့်
" မင်းရဲ့ သောက်ပါးစပ် ပုပ်ကြီးကို ထိန်းထိန်းသိမ်းသိမ်း ထားတာ ပိုကောင်းလိမ့်မယ်နော်"
" ခွေးမသား လီဖူချန်း ... ဒီနေ့ငါမင်းကို ငါ့ဖိနပ်တွေကို လျာနဲ့ယက်ပြီး သန့်စင် ခိုင်းမယ်ကွ"
ကျင်းရှောင်ယုက စဉ်းစားလေလေ ပိုပြီးဒေါသ ထွက်လာ လေလေပါပဲ။
သူအချိန် အကြာကြီးပေးပြီး လိုက်ခဲ့ရတဲ့ မိန်းမပျိုက ဘာမှမဟုတ်တဲ့ သာမန်အရိုး တည်ဆောက်ပုံနဲ့ ကောင်ကို အပျိုစင်ဘဝ ပေးလိုက်တယ် ဆိုတာကြီးက သူ့ကို ဆောက်တည်ရာမရ ဖြစ်စေပါတယ်။
ဖြစ်နိုင်မယ်ဆိုရင် နှစ်ယောက်စလုံးကို သတ်ပစ်ချင်နေပါပြီ။
"ခွေးထီးနဲ့ ခွေးမ ။ မင်းတို့နှစ်ကောင်လုံး လိုက်ပါပေတယ်။ ခွေးမကလည်း ငါ့လိုလူကို ကျော်ပြီး အောက်တန်းစားကောင်ကို ရွေးရဲတယ်ပေါ့။ နင့်လင်ကို ဆုံးမပြီးမှ နင့်ကို ကောင်းကောင်း ပညာပေးရမယ်"
ကျင်းရှောင်ယုရဲ့ အသံအော်ကျယ် အော်ကျယ်နဲ့ ဆဲဆိုနေမှုတွေက ပထမအဆင့် တပည့်တွေ တစ်စုလုံးကို သတိပြုမိစေပါတယ်။
" ဒီလီဖူချန်းက ပြဿနာကိုတော့ ကောင်းကောင်း ရှာတတ်တာပဲ။ ဖန်လီဟိုင်ကို ရန်စရုံမကဘူး။
အခုလည်း ကျင်းရှောင်ယုရဲ့ မိန်းကလေးကို သိမ်းပိုက်ပြီး ရန်စလိုက်ပြန်ပြီ”
" ကျင်းရှောင်ယုက အခုဆိုရင် ဆင်းရဲဒုက္ခမျှော်စင်မှာ အဆင့်၁၈ တောင်ဖြစ်နေပြီကွ။ ဒီတစ်ခါတော့ လီဖူချန်းတော့ ကောင်းကောင်း သမခံရပြီ"
" ငါတော့ မထင်ဘူးကွ။ မင်းမကြားလိုက်ဖူးလား ။ လီဖူချန်းက ကျင်းရှောင်ယု မျက်စိကျနေတဲ့ မိန်းကလေးကိုတောင် လုယူရဲမှတော့ သူက ကျင်းရှောင်ယုကို ဂရုမစိုက်လို့ပဲ ဖြစ်ရမယ်"
“ တောက် ဒီကောင်လေးက ပြိုင်ဘက်ကင်း တစ်ယောက်ရဲ့ ကောင်မလေးကိုတောင် လုယူရဲတယ်။ ငါသာ ကျင်းရှောင်ယုဆိုရင် ဒီကောင့်ကို အစိမ်းလိုက်ကို ဝါးစားချင်စိတ် ပေါက်နေမှာပဲ"
" ကျူးဟောင်ရှုဆိုတဲ့ မိန်းကလေးကလည်း ရူးသွားပြီလား မသိဘူး။
သူမလို ကြယ်သုံးပွင့် အထူးအရိုး တည်ဆောက်ပုံနဲ့သူက လီဖူချန်းလိုကောင်နဲ့ အတူအိပ်လိုက်တယ်တဲ့"
***