← Chapters

နောက်ဆုံးပြင်ဆင်မှုများ

Vol. 55 Ch. 757

နောက်ဆုံးပြင်ဆင်မှုများ

Vol. 55 Ch. 757

ဝမ်ဝေ့က တင်ပျဉ်ခွေထိုင်နေရင်း အကြီးအကဲတန့်က သူ့ခန္ဓာကိုယ်ထဲ စွမ်းအားများထည့်ပေးကာ ဒဏ်ရာရနေသည့် ခန္ဓာကိုယ်၊ ဝိညာဉ်နှင့် တာအိုသစ်ပင်တို့ကို ကုစားပေးနေသည်။ ထို့နောက် မူလအရှင်က ရုတ်ချည်း ပေါ်ထွက်လာ၏။

သူက ဝမ်ဝေ့ကို ကြည့်ကာ ကွဲပြားသွားသလို ခံစားလိုက်ရသည်။ သူက ငြိမ်းအေးမှုနှင့် ပြီးပြည့်စုံမှုတို့ကို ခံစားမိနေ၏။ မူလအရှင်က တိတ်တဆိတ် ခေါင်းညိတ်လိုက်ပြီး သူ အပြင်ထွက်စဉ်အတွင်း သိသိသာသာ အကျိုးအမြတ် ရရှိခဲ့သည်ဖြစ်ကြောင်း မှန်းဆမိလိုက်သည်။

“မင်းက တကယ်ကို ပြဿနာသံလိုက်ပဲ” သူက ထိုသူ၏ ဆိုးဆိုးရွားရွား အခြေအနေကို ကြည့်ကာ ပြောလိုက်သည်။

“ပြဿနာတွေက ကျွန်တော့်နောက်ကို အသေကောင်စားတဲ့ လင်းတငှက်လိုမျိုး လိုက်နေတာကိုး” ဝမ်ဝေ့က ပြန်လည်ချေပလိုက်၏။

“အဲဒါဆိုတော့ ဘယ်သူက မင်းကို ဒီလိုအခြေအနေအထိ ဖြစ်စေတာတုန်း”

“တားမြစ်ချက်နဲ့ မပတ်သက်ချင်ဘူးဆိုရင်တော့ မမေးပါနဲ့ဗျာ”

“ကဲ မလိုဘူး” သူက ခေါင်းအသာယမ်းလိုက်သည်။ သူက ဝမ်ဝေ့တစ်ယောက်ထဲ ပြန်ရောက်လာသည်ကို မြင်သည့်အခါ တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားမိပြီးသား ဖြစ်၏။ သို့သော်လည်း သူ့ဆီမှ ဝမ်းနည်းမှု အရိပ်အယောင် မမြင်ရသလို တာအိုနှလုံးသားကလည်း အကောင်းအတိုင်းရှိနေသည့်အတွက် စိတ်အေးမိသွားသည်။

“မင်းက ချီယွမ် ငယ်ငယ်တုန်းကနဲ့တူတယ်” မူလအရှင်က ပြောလိုက်သည်။

“အော် ကျွန်တော်ရဲ့ ဘိုးဘေးကလည်း ပြဿနာရှာတတ်တာပဲလား”

“ငါက အဲဒီကောင်စုတ်လေး ၃ယောက် အဆုံးမဲ့လေဟာနယ်အတွင်း လျှောက်သွားနေတုန်းက တာအိုကာကွယ်သူဖြစ်ခဲ့တာပေါ့” မူလအရှင်က အတိတ်ကို ပြန်လည်တွေးတောရင်း ပြောလိုက်သည်။

“ယန်းအိုက်က ငယ်ငယ်ကတည်းက ဒေါသကြီးတယ်။ ပြီးတော့ သူမရဲ့ ပြိုင်ဘက်ကင်းပါရမီနဲ့ အတော်လေးကို ပြဿနာတတ်တယ်။ ဝမ်ချီရှန်းကျကတော့ သိချင်စိတ်များပြားပြီးတော့ သူ့ရဲ့အတွေးအခေါ်တွေက လက်ရှိအချိန်နဲ့ ဆန့်ကျင်နေတော့ ရန်သူအများကြီး ဖန်တီးမိတာပဲ။ လီမင် တစ်ယောက်ထဲကပဲ အကျိုးအကြောင်းသင့်တာ။ သူကတော့ အဖွဲ့ထဲမှာ အတည်ငြိမ်ဆုံးသူပေါ့။ ဒါပေမဲ့ သူ့ကို ဒေါသထွက်အောင် လုပ်တာနဲ့ တကယ်ကို ကြောက်ဖို့ကောင်းတဲ့သူ ဖြစ်သွားလိမ့်မယ်။

သူတို့၃ယောက်က တကယ်ကို ကံကြမ္မာဆက်တဲ့သူတွေပဲ။ သူတို့အတူတူရှိနေသရွေ့ ပြဿနာရှာတဲ့နေရာမှာ မင်းလောက်ကို ဆိုးရွားတယ်”

“ဘိုးဘေးတွေရဲ့ ဇာတ်ကြောင်းကလည်း စိတ်ဝင်စားဖို့ ကောင်းမဲ့ပုံပဲ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။

“တိုက်ပွဲရူးက ထာဝရဧကရာဇ်ဖြစ်မလာတာ နှမြောစရာပဲလို့ အမြဲတမ်း ခံစားနေခဲ့မိတာ”

“သူက အဲ့လိုအောင်မြင်မှုမျိုး ရဖို့ ကံကြမ္မာရှိတာပေါ့” မူလအရှင်က ပြောလိုက်သည်။

“ပြောရရင် သူ့ရဲ့ပါရမီက လုံလောက်တာထက်ကို ပိုတယ်။ ကောင်းကင်တာအိုက သုံးယောက်ဆက်တိုက် မပြောနဲ့ ဂိုဏ်းတစ်ခုထဲမှာ ထာဝရဧကရာဇ်သုံးပါး ရှိဖို့ ခွင့်ပြုမှာမဟုတ်ဘူး။ အဲဒါက ဒိုင်မေးရှင်းအနိမ့်တစ်ခုလုံးအပေါ် မျှခြေသက်ရောက်မှု ဖြစ်လာစေလိမ့်မယ်”

သူက ဓားရေးစံအိမ်တည်ထောင်သူ ရုတ်ချည်း မြင့်တက်လာမှုအပေါ် သံသယ ရှိနေခဲ့မိသည်။ လီမင်က အတုအယောင် ဧကရာဇ်သာ ဖြစ်သည့်အတွက် သူ့မှန်းဆချက်ကို အတည်ပြုလိုက်နိုင်သည်။

မူလအရှင်က ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီး

“အဲဒါတွေ အကုန်လုံးက မျှခြေအတွက်ပဲပေါ့။ သူတို့ခေတ်တုန်းက ကမ္ဘာအများစုက ဗလာခေတ်ကာလကနေ ရှင်သန်လာခါစဖြစ်ပြီးတော့ ပျက်ဆီးနေတဲ့ လူ့အဖွဲ့အစည်းပဲ ရှိတာလေ။ တကယ်လို့ တာအိုအခွင့်အလမ်းဂိုဏ်းက ထာဝရဧကရာဇ် ၃ ယောက်ရှိလာမယ်ဆိုရင် အဆုံးမဲ့လေဟာနယ်တစ်ခုလုံးကို လွှမ်းမိုးဖို့ စွမ်းအားရှိသွားလိမ့်မယ်။

လက်ရှိအနေနဲ့တောင်မှပဲ ထာဝရဧကရာဇ် ၂ ယောက်ရှိတဲ့ အင်အားစု ၂ခုထဲပဲ ရှိသေးတာလေ။ လက်ရှိအခြေအနေကြောင့်သာ မဟုတ်ရင် မင်းအတွက်လည်း ထာဝရဧကရာဇ် ဖြစ်လာဖို့ အဆရာချီ ပိုခက်လိမ့်မယ်”

“မဟုတ်သေးဘူး။ စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းက တတိယမြောက်ရှိလာတော့မှာဆိုတော့ မျှခြေညီပါတယ်” ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ ပြန်ဖြေလိုက်၏။

“တစ်ခုတည်းသော ပြဿနာက ကျွန်တော့်အဖေနဲ့ တခြားသူတွေပဲ”

“မင်းအဖေရဲ့ ပါရမီက ပြိုင်ဘက်ကင်းတယ်။ မင်းရဲ့ ကံကြမ္မာက သူ့ကို ကာကွယ်ထားတာဆိုတော့ ပြဿနာမရှိလောက်ဘူး။ ဒါပေမဲ့ တခြားသူတွေကို ထာဝရဧကရာဇ် ဖြစ်လာစေချင်တယ်ဆိုရင်တော့…” မူလအရှင်က ခေါင်းအသာယမ်းလိုက်သည်။

ဝမ်ဝေ့က ထိုရလဒ်ကို မှန်းဆထားပြီးသား ဖြစ်၏။ လီကျွင်း၊ ယန်းလီလင်းနှင့် သူ့အမေတို့၏ ပါရမီဖြင့် သူတို့သည် ထာဝရဧကရာဇ်ဖြစ်လာဖို့ လိုအပ်ချက် ပြည့်မှီလေသည်။ သို့သော်လည်း သူတို့အောင်မြင်နိုင်ချေက နည်းပါးလှသည်။

ကောင်းကင်တာအိုက ငါ့ဘက်မှာ ရှိတယ်ဆိုပေမဲ့ ဒါက အမိန့်မှာတမ်းကို ထုတ်ပေးနေတဲ့ လုပ်ဆောင်ချက်တစ်ခု ဖြစ်နေတုန်းပဲ။ ငါ့အပေါ်ကို မျက်နှာလိုက်မှာ မဟုတ်ဘူး။ တခြားသူတွေအတွက် တစ်ခုတည်းသော ရွေးချယ်စရာက နေဝင်ဖြိုးဖျဧကရာဇ်ရဲ့လမ်းစဉ်ကို လိုက်ပြီးတော့ အဆုံးစွန်မဲ့စံပြ ဖြစ်လာဖို့ပဲ…

“အဲဒီကိစ္စတွေကို အခုမပြောဘဲ နေရအောင်။ ဂိုဏ်းမှာ ကျွန်တော့်ခန္ဓာကိုယ်လေ့ကျင့်ပေးဖို့ နည်းလမ်းကောင်း ရှိပြီလား” ဝမ်ဝေ့က ပြောလိုက်သည်။

သူက နောက်ဆုံးနှစ်ရာချီပိုင်းအတွင်း သူ့ခွန်အားကို မြှင့်တင်နိုင်မည့် နည်းလမ်းရှိလားဟု သိချင်နေခဲ့သည်။ လက်ရှိ သူ့ခန္ဓာကိုယ်ခွန်အားနှင့် စည်းမျဉ်းနားလည်နိုင်စွမ်းတို့ကသာ တိုးတက်ဖို့ အခွင့်အလမ်း ရှိ၏။

သို့သော်လည်း စည်းမျဉ်းနားလည်နိုင်စွမ်းက အချိန်ကြာမြင့်မည်ဖြစ်ကာ ခန္ဓာကိုယ်ကမူ မဟာဧကရာဇ်ဖြစ်လာပြီးသည့်နောက် အသုံးပြုဖို့ ပြင်ဆင်ထားသည့် နည်းလမ်းကို အသုံးမပြုသရွေ့ လေ့ကျင့်ဖို့ ခက်ခဲလိမ့်မည်။

နမူနာအားဖြင့် ယန်းလီလင်း သူ့အတွက် ပြုစုပျိုးထောင်ပေးထားသည့် အဆိပ်များ အသုံးပြုခြင်း သို့မဟုတ် မကောင်းဆိုးဝါးနတ်ဘုရား ဆင့်ကဲပြောင်းလဲခြင်း ၁၂မျိုးကို စတင်ကျင့်ကြံခြင်း ဖြစ်သည်။ ဤနှစ်များတစ်လျှောက် သူက ဤနည်းလမ်းကို ၁၀ဆင့်မြောက် ဆင့်ကဲပြောင်းလဲခြင်း၏ သားလောင်းပုံစံကို ဖန်တီးခဲ့သည်။

သို့သော်လည်း သူက ထိုနည်းစနစ်ကို အပြီးမသတ်ခင် ဧကရာဇ် ဖြစ်လာအောင်အထိ စောင့်ဆိုင်းချင်သေး၏။

မူလအရှင်က မျက်မှောင်ကြုတ်ကာ ပြန်ဖြေလိုက်သည်။

“သေမျိုးတွေ အသုံးပြုနိုင်တဲ့ နည်းလမ်းတစ်ခုတော့ တွေးမိတယ်။ ဒါပေမဲ့ အဲဒါက လျှို့ဝှက်အန္တရာယ်တချို့တော့ ရှိနိုင်တယ်။ မင်း သုံးမလား၊ မသုံးဖူးလားဆိုတာကိုတော့ ကိုယ်တိုင်ဆုံးဖြတ်ပေါ့”

“ဘယ်လိုနည်းလမ်းမျိုးလဲ”

“ငါ့နောက်လိုက်ခဲ့”

မူလအရှင်က သူ့အား သွေးအိုင် ၉ ခုရှိနေသည့် လျှို့ဝှက်နယ်မြေအတွင်း ခေါ်ဆောင်သွားသည်။ တချို့က ရွှေရောင်ဖြစ်ကာ၊ အနီရဲရဲ၊ အဖြူရောင်နှင့် အနက်ရောင်အထိ ရှိသည်။ သွေးအိုင်တစ်ခုချင်းစီမှ ကွဲပြားသည့်စွမ်းအား သို့မဟုတ် တာအိုကို ခံစားမိလေသည်။

“ဒါက”

“ဟုတ်တယ်။ ဘိုးဘေးတွေရဲ့ ဧကရာဇ်သွေးလေ”

ဝမ်ဝေ့က ထိုအရာကို မြင်ပြီးသည့်နောက်တွင် အကြည့်များ တောက်ပလာ၏။ ဤအရာက ပစ္စည်းကောင်း ဖြစ်ပေသည်။

“ကျွန်တော်တို့ဆီမှာ ဒီလိုအရာရှိတယ်ဆိုရင် ကလေးငယ်တွေကို ဧကရာဇ်သွေးနဲ့ ဆေးကြောပြီးတော့ သူတို့ရဲ့ပါရမီ တိုးမြှင့်မပေးကြဘူးလား”

“အရင်ကတော့ ငါတို့ အဲ့လိုလုပ်ဖူးတာပေါ့။ ဒါပေမဲ့ သွေးထဲမှာ သူတို့ရဲ့ အမှတ်အသားတွေ ပါဝင်နေတယ်။ လေဟာနယ်ဖြိုခွင်းခြင်းအဆင့် ရောက်ရှိပြီးတဲ့နောက်မှာ အမှတ်အသားက အဲဒီကလေးတွေရဲ့ စည်းမျဉ်းကို အတင်းအကြပ် ပြောင်းလဲပစ်လိမ့်မယ်။ အခုထိ ဒီဖြစ်စဉ်မှာ အောင်မြင်တာ ၂ယောက်ထဲ ရှိခဲ့ဖူးတယ်။ ငရဲအကဲဖြတ်သူနဲ့ သက်တံတို့ပဲ။ ဒါပေမဲ့ အဲဒါက သူတို့တွေက အတုအယောင် ထာဝရဧကရာဇ် မဟုတ်ဘဲနဲ့ ပထမတန်းစားဧကရာဇ် ဖြစ်နေလို့ပဲလို့ ထင်တယ်” မူလအရှင်က ပြောလိုက်သည်။

“အဲဒါက အကြီးအကဲပြောတဲ့ လျှို့ဝှက်အန္တရာယ်ဆိုတာလား”

“ဟုတ်တယ်။ မင်းဆီမှာ မဟာဧကရာဇ်ရဲ့ စွမ်းအားရှိပေမဲ့ မင်းက သေမျိုးတစ်ယောက်ပဲ ဖြစ်နေသေးတော့ သူတို့ရဲ့ အမှတ်အသားနဲ့ လွှမ်းမိုးမှုခံရနိုင်ချေ ရှိတယ်။ အဲဒါကြောင့် မင်း ဒီဟာကို စွန့်စားမလားဆိုတာကို ကိုယ်တိုင်ဆုံးဖြတ်”

“ထားလိုက်ပါတော့” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။ သူက နောက်ဆုံးတိုက်ပွဲနှင့် နီးကပ်နေပြီဖြစ်ကာ ရှုပ်ထွေးသွားစေသည့် စွန့်စားမှုမျိုးကို မလုပ်လိုပေ။

“မင်းအပေါ်ပဲ မူတည်ပါတယ်”

ဝမ်ဝေ့က အချိန်မဖြုန်းတော့ဘဲ သူ့မိသားစုနှင့် တွေ့ဆုံဖို့ ထွက်လာလိုက်သည်။

“ဝေ့အာ ပြန်လာပြီလား။ ဟုန်အာရော ဘယ်ရောက်နေတာလဲ” အဝတ်သစ်ချုပ်နေသည့် ယုယန်က မေးလိုက်သည်။ သူမက ထိုအရာကို နောက်ပိုင်းကျ အသုံးအဆောင်ပစ္စည်းတစ်ခုအဖြစ် သန့်စင်ဖို့ ပြင်ဆင်ထား၏။

“သူမက ထွက်သွားပြီ”

သူမက ရပ်တန့်သွားကာ

“အမေတို့တွေ ဒီလိုနေ့ရက်မျိုး ရောက်လာတာပဲဆိုတာ သိထားတာပဲမလား။ သားရော အဆင်ပြေရဲ့လား”

“ကျွန်တော် ကိုင်တွယ်နိုင်ပါတယ်”

“မင်းရဲ့ အဘိုးက ထွက်လာပြီ။ ညစာ အတူတူစားရအောင်လေ”

ဝမ်ဝေ့က နောက်ဘေး ခြံဝန်းရောက်သည့်အခါ သူ့အဖေက ဓားရေးလေ့ကျင့်နေသည်ကို မြင်လိုက်ရသည်။ ထိုစဉ် သူ့အဘိုးက စာအုပ်တစ်အုပ်ကို ဖတ်နေလေ၏။ သူ့အဘိုးကို မြင်လိုက်သည့်အခါ ချက်ချင်း မျက်မှောင်ကြုတ်မိသွားသည်။

“အဘိုးက ဘာဖြစ်သွားတာလဲ” သူက သူ့အဘိုး၏ ခန္ဓာကိုယ်မှ ယိုယွင်းအငွေ့အသက်ကို ခံစားမိလိုက်သည်။ ထိုအရာက သက်တမ်းကုန်ဆုံးခါနီး လူများတွင်သာ ပေါ်ထွက်လာလေ့ရှိ၏။

“ငါက လွန်လွန်ကြူးကြူး လုပ်မိသွားတယ်” ဝမ်ချန်က ပြန်ဖြေလိုက်သည်။

ဝမ်ဝေ့က သူ့ဆိုလိုရင်းကို သိလိုက်၏။ သူ့အဘိုး၏ ပါရမီက သူနှင့် သူ့အဖေတို့နှင့် ယှဉ်နိုင်လေသည်။ ထို့ကြောင့် ဝမ်ဝေ့ ဖန်တီးထားသည့်နည်းလမ်းဖြင့် သူ့လေ့ကျင့်မှု၏ နောက်ဆုံးရလဒ်က ပွင့်ချပ်တစ်လွှာ သို့မဟုတ် နှစ်လွှာအထိ ဖြစ်နိုင်သည်။ သို့သော်လည်း သူက သူ့အလားအလာကို တိုးမြှင့်ဖို့အတွက် သက်တမ်းကို စတေးခဲ့ပြီး ပွင့်ချပ် ၃လွှာအထိ ရယူနိုင်ခဲ့သည်။

“အဘိုးရဲ့ လက်ရှိအခြေအနေမှာဆိုရင် အကြီးအကဲတန့်ကတောင် အလွယ်တကူ ကုသပေးနိုင်မှာ မဟုတ်ဘူး” သက်တမ်းကို စတေးခြင်းက စွမ်းအားရုတ်ချည်း တိုးပွားစေဖို့ လုပ်သည့်အရာနှင့် မတူညီပေ။ အပျက်အဆီးက ပိုမိုပြင်းထန်လှ၏။

“မစိုးရိမ်ပါနဲ့။ မင်းရဲ့ ကျန်းမာရေး ကာကွယ်စောင့်ရှောက်မှု ပညာရပ်နဲ့ဆိုရင် နောက်ထပ်နှစ်ထောင်ချီ နေနိုင်ပါသေးတယ်။” ဝမ်ချန်က တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။ သူက ရွေးချယ်မှုပြုလုပ်ထားပြီး ထိုအရာကို ကျေနပ်လေသည်။ ထို့အပြင် သူက သူ့မြေး ဧကရာဇ် ဖြစ်လာသရွေ့ မျှော်လင့်ချက်ရှိ၏။

သို့သော်လည်း သူက ဝမ်ဝေ့အပေါ် ဖိအားများမပေးလို၍ ထိုစကားများကို ထုတ်မပြောခဲ့ပေ။

“အဘိုးကို စုပ်ယူဖို့ ဟွင်သွမ်းချီတချို့ ပေးမယ်”

“မလိုပါဘူးကွာ။ တိုက်ပွဲမတိုင်ခင်သုံးလိုက်ပါ”

“အဲဒါဆိုလည်း ကောင်းပါပြီ” ဝမ်ဝေ့က သူ့အား ဆက်လက် မဖျောင်းဖျတော့ပေ။

မိသားစုက ညစာအတူတူစားခဲ့ကြပြီး ဝမ်ဝေ့အား ဝူဟုန်မရှိဘဲ အရာအားလုံး အဆင်ပြေစေဖို့ ဖေးမခဲ့သည်။ နောက်ဆုံးတွင် ဝမ်ဝေ့က ကျန်ရှိနေသည့် နှစ်လေးရာကို သီးသန့်ကျင့်ကြံဖို့ ပြင်ဆင်လိုက်၏။

သို့သော်လည်း သူက အရင်းအမြစ်ချီ နေရာလွတ်ဆီ သွားရောက်စစ်ဆေးကြည့်ဖို့ အတွေးတစ်ခု ရလာသည်။

ငါ့လက်ရှိအင်အားနဲ့ဆိုရင် သိပ်ပြဿနာ မရှိလောက်ဘူး…

သူက တုံ့ဆိုင်းခြင်း မရှိဘဲ ချီပန်းပွင့်စွမ်းရည်ကို အသုံးပြုကာ အရင်းအမြစ်ချီ နေရာလွတ်သို့ ဝင်ရောက်လိုက်သည်။ ဝမ်ဝေ့က မြေကြီး၊ ကောင်းကင်နှင့် လေတို့ကပင် အပြာရောင်ဖြစ်နေဟန်ပေါ်သည့် အပြာရောင် ကမ္ဘာတစ်ခုအတွင်း ရောက်ရှိနေသည်ကို မြင်လိုက်ရသည်။

ဒါက ချီနဲ့ ပြုလုပ်ထားတဲ့ တောင်တန်းလား…

သူက အံ့ဖွယ်အသိစိတ်ဖြင့် စစ်ဆေးကြည့်လိုက်ပြီး သူ့မှန်းဆချက်က မှန်ကန်နေလေသည်။ ထိုတောင်က ဒြပ်ထုများဖြင့် ပေါင်းစပ်နေခြင်း မဟုတ်ဘဲ စွမ်းအား သို့မဟုတ် ချီဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ဒါက အံ့ဩဖို့ ကောင်းတာပဲ…

သူက ထိုတောင်ရှေ့မသွားခင် မှတ်ချက်ပေးလိုက်သည်။ သို့သော်လည်း ထိုနေရာထိ ကူးသန်းသွားလာဖို့က စိန်ခေါ်မှုဖြစ်နေကြောင်း သိလိုက်ရ၏။ ပျံသန်းသွားသည်က ပိုမိုလွယ်ကူပေသည်။

ကြီးမားတဲ့ ကန့်သတ်ချက်ပဲ…

ဝမ်ဝေ့က တောင်ဆီ ပျံသန်းသွားကာ စစ်ဆေးကြည့်လိုက်သည်။ သို့သော်လည်း သူက အန္တရာယ်ကို ခံစားမိလိုက်၍ အဝေးတစ်နေရာဆီ ပျံသန်းသွားလိုက်၏။

ဝုန်း

တောင်က ပေါက်ကွဲထွက်သွားသည်။

“ဒီစွမ်းအားက တတိယတန်းစားလောက် ရှိတယ်။ ဒီနေရာက အန္တရာယ်များနေတာလား။ ပြီးတော့ စည်းမျဉ်းနဲ့ ဥပဒေတွေက ဘယ်လိုလဲ” သူက ရေရွတ်လိုက်သည်။ ဝမ်ဝေ့က ခေတ္တမျှစဉ်းစားကြည့်ပြီးသည့်နောက်တွင် တခြားနေရာများကို စစ်ဆေးကြည့်ဖို့ ဆုံးဖြတ်လိုက်၏။

သို့သော်လည်း သူက သူ့ခန္ဓာကိုယ်အတွင်း မူမမှန်မှုကို ခံစားမိ၍ ရုတ်ချည်းရပ်တန့်လိုက်သည်။

ငါ့သက်တမ်းက မိနစ်နဲ့အလိုက် လျော့ကျနေတာပဲ…

သူက မျက်မှောင်ကြုတ်ကာ တွေးလိုက်မိသည်။

“ဒါက ငါက သေမျိုးပဲ ရှိနေပြီးတော့ အဆင့်၁၁ ကျင့်ကြံသူဖြစ်တဲ့ အင်မော်တယ်အဆီအနှစ် မရှိသေးလို့လား”

ဝမ်ဝေ့က အခြေအနေ၏ ကောင်းကျိုး၊ ဆိုးကျိုးကို ချင့်ချိန်လိုက်ပြီးသည့်နောက်တွင် ဧကရာဇ်ဖြစ်လာသည်နှင့် ပြန်လည်ဖို့ ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူက အရင်းအမြစ်ချီ နေရာလွတ်မှ ထွက်လာကာ သီးသန့်ကျင့်ကြံရာသို့ ပြန်ရောက်ရှိလာသည်။

ဂိုဏ်း၏ ဧကရာဇ်များက သူတို့၏ တာအိုဟောပြောချက်များကို ချန်ထားခဲ့သည်။ သူက သီးသန့်ကျင့်ကြံနေစဉ်အတွင်း အသုံးပြုဖို့ ဆုံးဖြတ်ထား၏။

အချိန်ကုန်ဆုံးသွားပြီး ကမ္ဘာကြီးက တိတ်ဆိတ်နေကာ ကောင်းကင်ရွေးချယ်ခံများက နောက်ဆုံးပြင်ဆင်မှုများကို ပြုလုပ်နေကြသည်။ အားလုံးက နောက်ဆုံးသော တိုက်ပွဲမတိုင်ခင်အထိ တူညီစွာ ကျန်ရှိနေလိမ့်မည်ဟု ထင်ထားခဲ့ကြသည်။ သို့သော်လည်း ထိုနေ့ရက်မတိုင်ခင် ၃နှစ်အလို တစ်ကမ္ဘာလုံး၏ အာရုံကို ဖမ်းစားသွားသည့် ဖြစ်ရပ် တစ်စုံတစ်ခု ဖြစ်ပွားခဲ့သည်။

ဝမ်ဝေ့က သီးသန့်ကျင့်ကြံရာမှ ထွက်လာပြီး ဂိုဏ်းအထက် မြောလွင့်ကာ လှမ်းကြည့်လိုက်သည်။ လူများကလည်း သူ့နောက်မှ လိုက်လာကာ ကောင်းကင်ကို မော့ကြည့်လိုက်ကြ၏။

ခရမ်းရောင်တိမ်တိုက်များက တစ်ကမ္ဘာလုံးကို လွှမ်းခြုံထားပြီး တာအိုကြာပွင့်၊ တေးဂီတနှင့် ရွှေရောင်တိမ်တိုက်များက ကောင်းကင်အထက် မြောလွင့်နေသည်။

“တစ်စုံတစ်ယောက်က တာအိုကို သက်သေပြသွားပြီ” ဝမ်ချန်က ပြောလိုက်သည်။

“ရှုရှစ်ပဲ” ဝမ်ဝေ့က ရုတ်ချည်းပြောလိုက်၏။

“သူမလို့ ထင်တာလား”

“အဲ့လိုဖြစ်နိုင်ချေ များတယ်”

“ဒီလိုဆိုရင် သူမက ထာဝရဧကရာဇ်ပဲ ဖြစ်လောက်တယ်”

ဧကရာဇ်တစ်ပါး ပေါ်ထွက်လာသည်နှင့် ကမ္ဘာတစ်လျှောက်နှင့် ကမ္ဘာ့အသိုက်အဝန်းတစ်ခုလုံးတွင် အမြင်ရုပ်လွှာနှင့် ကောင်းချီးလက္ခဏာရပ်များ ပေါ်ထွက်လာလိမ့်မည်။ သို့သော်လည်း ထာဝရဧကရာဇ် ပေါ်ထွက်လာသည်နှင့် သူတို့၏ အမြင်ရုပ်လွှာက အနီးနားရှိ ကမ္ဘာ့အသိုက်အဝန်းများထိ ပျံ့နှံ့လာလိမ့်မည်။

ထို့ကြောင့် ဝမ်ဝေ့က ဤလက္ခဏာသည် သိုင်းပညာအုပ်စိုးသူ ကမ္ဘာ့အသိုက်အဝန်းမှ ဖြစ်လိမ့်မည်ဟု ယုံကြည်ထား၏။

“သူမရဲ့ အမြင်ရုပ်လွှာက ဘယ်လောက်အထိ ပျံ့နှံ့သွားမလဲဆိုတာကို သိချင်မိသား” ဝမ်ထျန်းက ထပ်ပြောလိုက်သည်။

“သူမက ပါရမီ ထူးကဲတယ်ဆိုတော့ ထာဝရအထွတ်အထိပ် ဖြစ်လာလောက်တယ်” ဝမ်ဝေ့က ပြောလိုက်သည်။

“အဲဒါဆိုတော့ အဝေးကြီးတော့ ရောက်မှာသေချာတယ်”

“မင်းရဲ့ အမြင်ရုပ်လွှာကရော” ယုယန်က အပြုံးလေးဖြင့် မေးလိုက်သည်။

“အမေ စောင့်ကြည့်လိုက်လေ။ ဘာပဲဖြစ်ဖြစ် ဒီဟာက တကယ်ကို တောက်ပပြီးတော့ မြင်ရခဲတဲ့ မြင်ကွင်းတစ်ခုဖြ စ်လာလိမ့်မယ်” ဝမ်ဝေ့က ယုံကြည်ချက်ရှိရှိ ပြုံးကာ ပြောလိုက်သည်။

“ငါတို့စောင့်နေမယ်”

***

All Chapters