သုံးရက်
Vol. 55 Ch. 758
ဝမ်ဝေ့က စာအုပ်ကို ကိုင်ရင်း လေထဲတွင် တင်ပျဉ်ခွေထိုင်နေသည်။ ဆက်လက်ကျင့်ကြံနေသည့် နှစ်များတစ်လျှောက် သူက တခြားကမ္ဘာ့အသိုက်အဝန်းမှ ကျင့်ကြံရေးနည်းစနစ်များကို ဖတ်ရှုခြင်းသာ အာရုံစိုက်ခဲ့သည်။ သူက ဧကရာဇ်တာအိုကမ္ဘာ၊ ကြယ်တာရာသားရဲကမ္ဘာနှင့် ကျိလန်ဖန်း၏ ကမ္ဘာကို အထူးအလေးထားခဲ့၏။
ဧကရာဇ်တာအိုကမ္ဘာ၏ ကျင့်ကြံရေးနည်းစနစ်က သူ့ကံကြမ္မာနန်းဆောင်အတွက် အကျိုးကျေးဇူး ရှိလေသည်။ ပြောရလျှင် စိတ်ဝိညာဉ်အုတ်မြစ်က သူတို့ဖန်တီးမှု၏ ဇစ်မြစ် ဖြစ်နေလေ၏။
ကြယ်တာရာသားရဲကမ္ဘာကမူ ခန္ဓာကိုယ်သန့်စင်ခြင်းတွင် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ကာ အမြောက်အများ ကူညီပေးနိုင်သည်။ ယခင်နှစ်ငါးရာအတွင်း ဧကရာဇ်တစ်ပိုင်းအဆင့်သို့ ရောက်ရှိပြီးစဉ်ကတည်းက သူ့ခွန်အားသည် မိစ္ဆာနတ်ဘုရားတစ်ပါးမှ နှစ်ဆယ်အထိ တိုးမြှင့်လာခဲ့သည်။
ကျိလန်ဖန်း၏ ကျင့်ကြံရေးနည်းစနစ်ကမူ တာအိုလျှောက်လှမ်းနယ်ပယ်အဆင့်ကြောင့် စိတ်ဝင်စားဖို့ ကောင်းပြီး ထိုအဆင့်တွင် ကျင့်ကြံသူများက မဟာတာအိုအရင်းအမြစ်ထံ ကောင်းကင်လမ်းကြောင်းကို ဖန်တီးနိုင်သည်။ ထိုအဆင့်ကို ဖန်တီးသူသည် လူများအား ကောင်းကင်အလိုဆန္ဒအပေါ် မှီခိုခြင်းမရှိဘဲ မဟာဧကရာဇ်ဖြစ်လာဖို့ လမ်း ဖန်တီးဖို့ ကြိုးစားခဲ့သည်ဟု ကောက်ချက်ချမိ၏။
ဝမ်ဝေ့က ထိုနည်းစနစ်၏ လှုံ့ဆော်မှုကို ခံရကာ အရင်းအမြစ်ချီ နေရာလွတ်ဆီ ဦးတည်နေသည့် ကောင်းကင်လမ်းကြောင်း ဖန်တီးပြီး ပင်ကိုချီကို အသင်္ချေအင်ပါယာကမ္ဘာဆီ ယူဆောင်နိုင်ဖို့ တွေးခဲ့မိသည်။ ဤနည်းလမ်းက အတွေးတစ်ခုထက် ပိုမိုယုတ္တိတန်၏။ ပြောရလျှင် နှစ်ခုလုံး ပေါင်းစည်းထားခြင်း ဖြစ်နိုင်သည်။
တခြားကျင့်ကြံရေး နည်းစနစ်များကို ဖတ်ရှုကာ နားလည်ပြီးသည့်နောက်တွင် ဝမ်ဝေ့က ထိုအရာကို သိမ်းဆည်းကာ သာမန်နှင့်တူသည့် စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်သည်။ သူက ချက်ချင်း မဖွင့်သေးဘဲ အဖုံးကို အသာပွတ်လိုက်၏။
သူက ပထမစာရွက်ကို လှန်လိုက်ပြီးနောက် စာလုံးများကို စိုက်ကြည့်လိုက်သည်။ ခဏအကြာတွင် သူက မှတ်ဉာဏ်များတွင် နစ်မြောသွား၏။ သူက မသိစိတ်ဖြင့် ထိုလက်ရေးကို ထိကာ သက်ပြင်းချလိုက်သည်။
သူက ထိုစာအုပ်ကို အကြိမ်ထောင်ချီဖတ်ခဲ့ဖူးပြီး လူအများက ထိုအရာသည် ပြိုင်ဘက်ကင်း နည်းစနစ်တစ်ခုဖြစ်လိမ့်မည်ဟု ထင်ကြလိမ့်မည်။ တခြားနည်းဖြင့် ပြောရလျှင် ထိုအထဲတွင် ပါဝင်နေသည့် သတင်းအချက်အလက်များက ပြိုင်ဘက်ကင်း ဧကရာဇ်ကျမ်းလောက် အဖိုးတန်လှ၏။
ဝူဟုန်က ထိုမှတ်စုစာအုပ်ကို သတိပေးချက်နှင့် သတင်းအချက်အလက်တချို့နှင့်အတူ ထားရှိခဲ့သည်။ အများစုက သူ တာအိုကို သက်သေပြပြီးသည့်နောက်တွင် အသုံးဝင်လာလိမ့်မည်။ သို့သော်လည်း သူက သူ ဖတ်နိုင်သည့်အရာများကလည်း အမှန်တကယ် အရေးကြီးလှ၏။
နမူနာအားဖြင့် သူမသည် ထိုစိတ်စွမ်းအားက ခွန်အားဂိတ်ပေါက်နှင့် အသားဂိတ်ပေါက်ကို ဖွင့်လှစ်ပြီးသည့် ခန္ဓာကိုယ်ကျင့်ကြံသူများအတွက် အလွန်အရေးကြီးသည်ဖြစ်ကြောင်း သတိပေးခဲ့သည်။ သူမပြောစကားအရ ထိုအရာသည် မဖျက်ဆီးနိုင်ဖွယ် ကောင်းကင်ဘုံအဆင့်နှင့် မငြိမ်းသတ်နိုင်ဖွယ် စံပြအဆင့်တို့၏ ပင်မစွမ်းအား တစ်ခုဖြစ်ကြောင်း ပြောခဲ့သည်။
စွဲလမ်းမှုနှင့် အားကောင်းသည့် တခြားသော စိတ်ခံစားချက်များနှင့်အတူ သူ့စိတ်စွမ်းအားက ဟွင်သွမ်းစကြဝဠာအတွင်း ဆန်းကြယ်မှုများကို ဖန်တီးနိုင်သည့် စွမ်းအားတချို့ထဲမှ တစ်ခုအပါအဝင်အဖြစ် မှတ်ယူနိုင်သည်။
နောက်ထပ် အရေးပါသည့် အချက်အလက်ကမူ ဧကရာဇ်ခန္ဓာကိုယ်အပေါ် သူမ၏ နားလည်မှုနှင့် နိုးထခြင်းကျင့်စဉ်တို့ ဖြစ်သည်။
နောက်ဆုံးတွင် သူမက နောက်ဆုံးတိုက်ပွဲတွင် ဘာမဆိုဖြစ်ပျက်သွားနိုင်သည်ဖြစ်ရာ အဆိုးဆုံးအခြေအနေအတွက် စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားဖို့ရာ သတိပေးထားခဲ့၏။ ဝမ်ဝေ့က ထိုမှတ်စုစာအုပ်ကို တည်တည်ငြိမ်ငြိမ် ဖတ်ရှုလိုက်ပြီး စကားလုံးတိုင်းကို မှတ်မိနေသော်လည်း စိတ်မရှည်မှု အရိပ်အယောင် အနည်းငယ်မျှ မပြသခဲ့ပေ။
ထိုဖြစ်စဉ်အတွင်း သူက သူမသည် သူ့အနားရှိနေသလိုမျိုး ခံစားရပြီး သင်ကြားပြသပေးသလို ခံစားရသည်။ သူမက အလေးအနက်ထားကာ သူ့ကို တစ်စုံတစ်ခု သင်ပေးခဲ့သည့်နေ့ရက်များကိုပင် ပြန်လည်အမှတ်ရလာ၏။ သို့သော်လည်း သူကမူ လူညစ်တစ်ယောက်ကဲ့သို့ ပြုမူကာ သူမကို ပရောပရည် လုပ်ခဲ့သည်။
“အင်း” ဝမ်ဝေ့က တစ်စုံတစ်ခုကို ခံစားမိ၍ ရေရွတ်လိုက်သည်။ အမှတ်အသားပြားတစ်ခုက သူ့ရှေ့တွင် ပေါ်ထွက်လာပြီး သတင်းအချက်အလက်များကို ပို့ဆောင်နေ၏။
“သုံးရက်ပဲ လိုတော့တာလား။ နောက်ဆုံးတော့ အချိန်ကျရောက်လာပြီပဲ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ သူက ဆုံးဖြတ်ချက်ချမည့် အခိုက်အတန့်သည် ရောက်ရှိလာပြီဖြစ်ကြောင်း သိလိုက်သည်။ နှစ်သန်းချီ ကျင့်ကြံပြီးသည့်နောက်တွင် ရည်မှန်းချက်ရှိသည့် ကျင့်ကြံသူအားလုံးက ထိုဆုံးဖြတ်ချက်ချပေးမည့် တိုက်ပွဲအတွင်း ဝင်ရောက်ဆင်နွှဲကြလိမ့်မည်။
အနိုင်ရရှိသူက ဘုရင် ဖြစ်လာကာ တာအိုကို သက်သေပြပြီး မသေနိုင်စွမ်းကို ရယူကာ အသင်္ချေမျိုးနွယ်နှင့် ကမ္ဘာများအထက် ရပ်တည်နိုင်သည့် တည်ရှိမှုတစ်ခု ဖြစ်လာပြီး သေခြင်း၊ ဖျားနာခြင်းနှင့် အသက်ကြီးရင့်ခြင်း စသည့်အချုပ်အနှောင်မှ ကင်းလွတ်သွားမည့် သက်ရှိ ဖြစ်လာလိမ့်မည်။
ထိုစဉ် ရှုံးနိမ့်သူကမူ သေဆုံးခြင်း သို့မဟုတ် ဆိုးဆိုးရွားရွားခံစားရခြင်းများ ကြုံတွေ့နိုင်သည်။ ထိုအခွင့်အရေးနှင့် လွဲချော်သွားပြီးသည့်နောက်တွင် သူတို့၏ သက်တမ်းတဖြည်းဖြည်း ကုန်ဆုံးသွားပြီး ပြန်လည်ဝင်စားရသည်ကိုသာ ဖြည်းဖြည်းချင်း ကြည့်နေနိုင်လိမ့်မည်။
“ဧကရာဇ်လမ်းစဉ်က တကယ်ကို ရက်စက်တယ်။ ကျင့်ကြံသူသန်းပေါင်းများစွာက လှောင်ချိုင့်ထဲက တိရစ္ဆာန်တွေလိုမျိုး အချင်းချင်း တိုက်ခိုက်နေရပြီးတော့ အခွင့်အရေးတစ်ခုအတွက် အကောင်းဆုံးကြိုးစားနေရတယ်”
ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။ လွန်ခဲ့သည့်နှစ်များစွာက ကောင်းကင်အလိုဆန္ဒတိုက်ပွဲသည် အဆိပ်တာအိုကျင့်ကြံသူများ ကူကောင်ကို ပြုစုပျိုးထောင်သည့် နည်းလမ်းနှင့်တူသည်ဟု ညွှန်းဆိုခဲ့ဖူးသည်။ အဆိပ်ပြင်းသည့် ပိုးမွှားများကို လှောင်ချိုင့်တစ်ခုအတွင်း ထည့်ကာ အချင်းချင်း တိုက်ခိုက်စေပြီး တစ်ယောက်၏ အဆိပ်ကို တစ်ယောက်အား စုပ်ယူစေပြီး နောက်ဆုံးအနိုင်ရရှိသူက အဆိပ်အပြင်းဆုံး သတ္တဝါ ဖြစ်လာလိမ့်မည်။
ဒီနည်းလမ်းက စက်ဆုပ်ဖို့ ကောင်းပေမဲ့ ဒီဟာကို အနိုင်ရဖို့ ကစားပွဲကို ဝင်ကစားရမယ်ဆိုတာ နားလည်တယ်…
သူ့လက်ရှိကိုယ်က စည်းမျဉ်းများကို ပြောင်းလဲပစ်နိုင်လောက်သည့်အနေအထားသို့ မနီးကပ်သေးပေ။
ဝမ်ဝေ့က လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် ဂိုဏ်းဆီ သတင်းပို့လိုက်၏။ ထိုလှုပ်ရှားမှုတစ်ခုဖြင့် တာအိုအခွင့်အလမ်းဂိုဏ်း တစ်ခုလုံးက မကြုံစဖူး အနေအထားအထိ စတင်လုပ်ဆောင်လာကြသည်။ သူတို့သာတင်မကဘဲ ကမ္ဘာအနှံ့မှ တိုက်ပွဲအတွင်း ဝင်ရောက်ဆင်နွှဲမည့် အင်အားစုအသီးသီးသည် စတင်လှုပ်ရှားလာကြ၏။ ဧကရာဇ်မျိုးနွယ်များနှင့် အထွတ်အထိပ်မျိုးနွယ်များ၊ မိစ္ဆာကျင့်ကြံသူများ၊ နတ်ဆိုးနှင့် လေလွင့်ကျင့်ကြံသူများပင် အပါအဝင် ဖြစ်သည်။
ဝမ်ဝေ့က သူ့စံအိမ်မှ ထွက်လာကာ မိဘများနှင့် သွားရောက်တွေ့ဆုံခဲ့၏။ အကယ်၍ တစ်စုံတစ်ခု မှားယွင်းသွားခဲ့ပါက သူတို့နှင့် အချိန်ကုန်ဆုံးဖို့ သုံးရက်သာ ရှိလေသည်။ သူက ပြင်ဆင်မှုများစွာ ပြုလုပ်ထားပြီးပြီ ဖြစ်သော်လည်း ကိစ္စများက စီစဉ်ထားသည့်အတိုင်း မဟုတ်ဘဲ မကြာခဏ မှားယွင်းတတ်လေသည်။
သူက အခန်းအတွင်း လျှောက်လှမ်းလာကာ သူ့မိသားစုက သူ့ကို စောင့်ဆိုင်းနေသည်ကို မြင်လိုက်ရ၏။ သူ့အမေနှင့်အဖေက သူ့ကို ယခင်အတိုင်း အတူတူသာဖြစ်ပြီး သူ့အဘိုး၏ အငွေ့အသက်ကမူ များများစားစား တိုးတက်လာခြင်း မရှိပေ။
သက်တမ်းကို အလားအလာအတွက် စတေးခြင်းက ရိုးရှင်းသည့်အရာ မဟုတ်ဘဲ ပြင်းထန်သည့် အကျိုးဆက်မျိုး ခံစားကြရသည်။ မည်သည့်ကမ္ဘာ့အသိုက်အဝန်းဖြစ်စေကာမူ ဧကရာဇ်တစ်ပိုင်းအဆင့်၏ သက်တမ်းက တစ်ယွမ်ခေတ်ကာလ သို့မဟုတ် ၁.၂၆၉ ထရီလီယံနှစ်သာ ရှိ၏။ သို့သော်လည်း သူ့အဘိုး လုပ်ခဲ့သည့် ကိစ္စအပြီးတွင် သူ့သက်တမ်းက နှစ်ဆယ်သန်းအဖြစ် လျော့ကျသွားခဲ့သည်။ ထူးကဲသည့် နည်းလမ်းကို အသုံးမပြုသရွေ့ ထိုအချက်ကို မပြောင်းလဲနိုင်ပေ။
ထို့အပြင် သူ့လက်ကျန်သက်တမ်းက နှစ်သုံးထောင်ထက် နည်းပါးလှ၏။
တကယ်လို့ ငါ ရှုံးနိမ့်သွားရင် ဒီလူအိုကြီးက ကြာကြာနေနိုင်မှာ မဟုတ်ဘူး…
ဝမ်ဝေ့က တွေးလိုက်မိသည်။ သူ့အဘိုး၏ လက်ရှိအခြေအနေဖြင့် သွေးကျောက်တုံးအတွင်း စည်းပိတ်ထားခြင်းက သူ့သက်တမ်းကို ဆွဲဆန့်မည့်အစား အခြေအနေကို ပိုမိုဆိုးရွားသွားစေနိုင်သည်။
“ဘယ်လိုနေသေးလဲ” ယုယန်က မေးလိုက်သည်။
“တည်တည်ငြိမ်ငြိမ်နဲ့ အသင့်ဖြစ်နေပါပြီ”
“အဲဒါဆို ကောင်းတယ်။ အကောင်းဆုံး ပြင်ဆင်ထား။ ဒါပဲ အရေးကြီးတာ”
ဝမ်ဝေ့က ညစာစားပွဲတွင် ထိုင်လိုက်၏။
“ငါ့ရဲ့ အတွေ့အကြုံတွေအားလုံးကို မင်းကို ပြောပြပြီးသွားပြီ။ မင်းက ဂိုဏ်းရဲ့ ဘိုးဘေးတွေရဲ့ အတွေ့အကြုံတွေကိုလည်း ဖတ်ရှုပြီးသွားပြီဆိုတော့ တခြားကူညီနိုင်မဲ့ နည်းလမ်း မရှိတော့ဘူး” ဝမ်ချန်က သူ့မြေးကို ကျေနပ်မှုနှင့်အတူ အပြစ်ရှိစိတ်ဖြင့် ကြည့်လိုက်သည်။ သူက လေ့ကျင့်မှုအတွင်း ဝမ်ဝေ့အပေါ် ဖိအားမဖြစ်စေရန် သူ့အပြုအမူများကို ဖုံးကွယ်ထားသင့်သည်ဟု သဘောပေါက်သွားခဲ့၏။
တကယ်လို့ ငါသာ အထဲမှာ နေပြီးတော့ သူ နောက်ဆုံးတိုက်ပွဲ ထွက်မသွားခင်အထိ စောင့်ဆိုင်းခဲ့မယ်ဆိုရင် အကောင်းဆုံးဖြစ်မှာပဲ…
ဝမ်ချန်က တိတ်တဆိတ် ခေါင်းခါကာ တွေးလိုက်မိသည်။ သူ့မြေးက နောက်ဆုံးတိုက်ပွဲမတိုင်ခင် သူ့ကို စစ်ဆေးကြည့်မည်မှန်း နားလည်လေသည်။ ထို့ကြောင့် လက်ရှိအခြေအနေက သူ့တစ်ကိုယ်ကောင်းဆန်မှုကြောင့်သာ ဖြစ်လာ၏။
“တခြားဘာမှ အပိုတွေ စဉ်းစားနေစရာမလိုပါဘူး” ဝမ်ဝေ့က ဖျောင်းဖျလိုက်သည်။ သူက အဖိုး၏ စိတ်ထဲ မည်သို့ဖြစ်နေမှန်း မှန်းဆမိလေသည်။
“ကောင်းပြီ” ဝမ်ထျန်းက အားလုံးကို သေရည်အိုး ပေးလိုက်၏။
“သူက ဂိုဏ်းရဲ့ သခင်ငယ်လေးအဖြစ် မွေးဖွားလာကတည်းက လူသန်းပေါင်းများစွာရဲ့ မျှော်လင့်ချက်၊ အိပ်မက်နဲ့ ရည်မှန်းချက်တွေကို သယ်ပိုးထားရတာ။ ဒါက သူ မလွတ်မြောက်နိုင်တဲ့ ကံကြမ္မာတစ်ခုပဲ”
“ဝေ့အာက အမြဲတမ်းနားလည်ပေးတဲ့ ကလေးတစ်ယောက်ဖြစ်ခဲ့တာ” ယုယန်က အပြုံးလေးဖြင့် ပြောလာသည်။
“အရှင်းဆုံးပြောရရင် မင်းက မြန်မြန်ဆန်ဆန် ရင့်ကျက်လာပြီးတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျွမ်းကျင်မှုတွေကို ပြသလာလိမ့်မယ်လို့ မျှော်လင့်ခဲ့မိတယ်။ တကယ်လို့ အမေ့အပေါ်မှာပဲ မူတည်နေတယ်ဆိုရင်တော့ မင်းကို အေးအေးချမ်းချမ်းနဲ့ ဘာမှမသိတဲ့ ကလေးဘဝမျိုးကိုပဲ ဖြစ်စေချင်တယ်”
“ကျွန်တော်တို့တွေ အတိတ်ကို ပြောင်းလို့ မရဘူးလေ” ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။
“ပြီးတော့ ကျွန်တော်က ကလေးဘဝကောင်းကောင်း ရှိခဲ့ပါတယ်”
ဤကမ္ဘာတွင် ပြန်လည်ဝင်စားမှုက မိဘများ၏ ချစ်ခြင်းမေတ္တာအပေါ် လိုအင်ဆန္ဒကို ဖြည့်စည်းနိုင်ခဲ့သည်။ ထို့ကြောင့် သူ ဖိအားများစွာ ရင်ဆိုင်ရသော်လည်း သူ့ကလေးဘဝက အဖိုးတန်မှတ်ဉာဏ်များထဲမှ တစ်ခုဖြစ်နေဆဲဖြစ်၏။
မိသားစုက အစာစားရင်း သေရည်သောက်သုံးလိုက်ကြသည်။ သိပ်မကြာခင် ဝမ်ထျန်းက မူးလာလေ၏။
“ဟား…ဟား…ဟား…အဖေက သားကို ဘယ်လောက် ဂုဏ်ယူတယ်ဆိုတာ မင်း သိမှာ မဟုတ်ဘူး” ဝမ်ထျန်းက ကျယ်ကျယ်လောင်လောင်ဖြင့် ပြောလိုက်သည်။
“အဖေက မျိုးဆက်တစ်ခုကို ဖိနှိပ်ခဲ့တယ်။ ငါ့သားကတော့ ကမ္ဘာမှာ မြင်တွေ့ဖူးသမျှထဲမှာ အထူးချွန်အပြောင်မြောက်ဆုံး ကောင်းကင်ရွေးချယ်ခံတစ်ယောက်ပဲ။
တကယ်လို့ မင်းက မဟာဧကရာဇ် ဖြစ်မလာခဲ့ရင်တောင် မင်းရဲ့ ဇာတ်ကြောင်းက သမိုင်းကြောင်းတစ်လျှောက် ထာဝရကျန်ရှိနေပြီးတော့ ကျင့်ကြံရေးလောကမှ ဒဏ္ဍာရီအဖြစ် မှတ်သားခံရလိမ့်မယ်”
ဝမ်ထျန်းက သေရည်တစ်ငုံ သောက်သုံးလိုက်ပြီး
“အဖေ့ရဲ့ တစ်ခုတည်းသော နောင်တက အမေ့ရဲ့ ကျင့်ကြံရေးလမ်းစဉ်မှာ အကူအညီ မဖြစ်နိုင်တာကိုပဲ။ အဖေတစ်ယောက်အနေနဲ့ တာဝန်က မင်းကို လေဒဏ်မိုးဒဏ်ကနေ ကာကွယ်ပေးသင့်တာလေ။ ကံဆိုးတာက မင်းက မြန်မြန်ဆန်ဆန် အရွယ်ရောက်လာပြီးတော့ အဖေ့ရဲ့ စွမ်းဆောင်ရည်ထက်ကို ကျော်လွန်သွားခဲ့တယ်”
“အဖေက ကောင်းကောင်းလုပ်ခဲ့ပါတယ်။ အဖေ့ရဲ့ ထောက်ပံ့မှု၊ ချစ်ခြင်းမေတ္တာနဲ့ လမ်းညွှန်မှု မရှိဘူးဆိုရင် ကျွန်တော်က ဒီနေ့လို ဖြစ်လာမှာ မဟုတ်ဘူး” ဝမ်ဝေ့က ပြောလိုက်သည်။
“ဟား…ဟား…ဟား…အဲ့လိုလား။ မင်း အဲ့လိုခံစားရတယ်ဆိုတော့ တော်သေးတာပေါ့”
ဝမ်ထျန်းက အဖေနှင့်သား မိုးမြေအောက်တွင် တိုက်ခိုက်ပြီး နှစ်ဦးလုံးက ဓားတာအိုအပေါ်တွင် ထိပ်ဆုံးရောက်ရှိနေသည့် ထိပ်တန်းဓားသမားများဖြစ်နေသည့် အိပ်မက်ကို မနေနိုင်ဘဲ အမှတ်ရလိုက်သည်။
“နှမြောစရာပဲ” သူက အိပ်မောကျမသွားခင် ရေရွတ်လိုက်သည်။
“သူ့အလှည့်တုန်းက ကောင်းကင်အလိုဆန္ဒတိုက်ပွဲက နောက်ဆုံးမိနစ်မှာ ရုတ်တရက် ပယ်ဖျက်လိုက်တာမျိုးဆိုတော့ ဒွိဟဖြစ်နေတာလေ” ယုယန်က သူမ၏ ယောက်ျားဖြစ်သူကို ကြည့်ရင်း ပြောလိုက်သည်။
“အဲဒါက မင်းတို့ရဲ့မျိုးဆက်အပေါ်မှာ ဖြစ်ခဲ့တာအပေါ် မူတည်ပြီး နားလည်လို့ ရပါတယ်။” ဝမ်ချန်က ပြောလိုက်သည်။
ဝမ်ဝေ့က ဘာမှမပြောဘဲ ဆက်လက် သောက်သုံးနေ၏။ မိသားစုက နောက်ရက်အနည်းငယ် အချိန်တူကုန်ဆုံးခဲ့သည်။ ထိုနေ့ရက် မတိုင်ခင် တစ်ရက်တွင် လီကျွင်း၊ ယန်းလီလင်းနှင့် သူတို့၏ မိသားစုများက ညစာအတူတူ လာရောက်စားသုံးကြသည်။
နောက်ဆုံးတွင် တကယ့်နေ့ရက် ရောက်ရှိလာပြီဖြစ်၏။
“အဆင်သင့်ဖြစ်ပြီလား” ဝမ်ဝေ့က သူတို့လေးယောက်ကို ကြည့်ကာ မေးလိုက်သည်။
“ဟုတ်ကဲ့” လီကျွင်းက ပြန်ဖြေလိုက်၏။
ယန်းလီလင်း နှင့် ဝမ်ကျူက ခေါင်းညိတ်လိုက်ပြီး ထျဲ့ကန်က ပြန်ဖြေဖို့ရာ စိတ်လှုပ်ရှားလွန်းနေသည်။
“ကောင်းပြီ သွားကြစို့”
***