လက်သီးတစ်ချက်
Vol. 5 Ch. 67
ဘေးကနေ အကဲခတ်နေတဲ့ လူအုပ်ကြီးက တဖြည်းဖြည်း များလာသလို သူတို့ရဲ့ ဝေဖန်သံတွေကလည်း ဆူညံလာပါပြီ။ ဒါပေမဲ့ အားလုံးကတော့ ကျင်းရှောင်ယု ဘက်ကနေပြီး
လီဖူချန်းတို့ကို ရှုံ့ချနေတာပါ။
ပြောရမယ်ဆိုရင် ပထမအဆင့် အပြင်စည်း တပည့်တွေ ဆိုတာက အနည်းဆုံး ကြယ်၃ပွင့် ဒါမှမဟုတ် ကြယ်၄ပွင့် အရိုးတည်ဆောက်ပုံ အဆင့်ရှိတဲ့ သူတွေပါပဲ ။ သူတို့က အနည်းဆုံး ကြယ်၃ပွင့် အရိုးတည်ဆောက်ပုံ မရှိတဲ့သူကို ဆိုရင် အထင်သေးချင် တတ်ပါတယ်။ လီဖူချန်းလို သာမန်အရိုး တည်ဆောက်ပုံနဲ့ လူဆိုရင်တော့ ပြောဖို့တောင် မလိုတော့ပါဘူး။ ဒီလိုလူ တစ်ယောက်ကို အခွင့်သာခဲ့ရင် လူတိုင်းက ပစ်မှတ်ထား တိုက်ခိုက်ဖို့ ချောင်းနေကျတာလေ။
လီဖူချန်းရဲ့ကျင့်ကြံမှုနဲ့ အဆင့်ကို ကောင်းကောင်းကြီး သဘောပေါက်တဲ့
သူတွေကသာ လီဖူချန်းကို အထင်မသေးရဲကျတာပါ။ အခုလောလောဆယ်မှာ တပည့်တွေ သိတာကတော့ လီဖူချန်းက ကျင်းရှောင်ယုရဲ့ မိန်းကလေးကို အရှက်မရှိ လုယူသွားတယ် ဆိုတာပါပဲ။
ဒီတပည့်တွေက သူတို့ကိုယ်သူတို့ လူရိုးလူဖြောင့်တွေလို ပြုမူပြီး လီဖူချန်းကို ကောင်းကောင်းကြီး ရှုံ့ချနေပါတယ်။
အထူးသဖြင့် လီဖူချန်းလိုကောင်က မိုးပြာရောင်ဂိုဏ်းရဲ့ အလှမယ်၄ပါးထဲက တစ်ပါးဖြစ်တဲ့ ကျုးဟောင်ရှုကို မသွားတာကို တပည့်တွေက မခံမရပ်နိုင် ဖြစ်နေကျတာပါ။
တကယ်လို့သူမသာ ကျင်းရှောင်ယုနဲ့ ချစ်ကြိုက်နေရင် ဒီလောက်ထိ ဝိုင်းပြောကျမှာ မဟုတ်ပါဘူး။
အလှမယ်နဲ့ ပါရမီရှင်သူရဲကောင်းဆိုတာ ဒွန်တွဲ တည်ရှိနေတတ်တဲ့ အရာပင်မဟုတ်ပါလား။
သူတို့ လုံးဝနားမလည်နိုင်တဲ့အချက်က ကျူးဟောင်ရှုက ကျင်းရှောင်ယုကို ကျော်ပြီး လီဖူချန်းကို ရွေးရသလားဆိုတာပါ။ ဖြစ်နိုင်တာကတော့ လီဖူချန်းရဲ့ လက်ရှိပြသနေတဲ့ စွမ်းရည်တွေကြောင့် များလား။ သူမက ပြိုင်ဘက်ကင်း တစ်ယောက်ရဲ့ အနာဂတ် အလားအလာကို ထည့်မတွက်တတ်တဲ့ ငတုံးတစ်ယောက်များ ဖြစ်နေလို့လား။ အခု ဒီအဖြစ်အပျက်ကြီးက ဘာနဲ့ ဥပမာနှိုင်း ရမလဲဆိုရင်
" ကျီးကန်းဘဲဥ ချီထားသလိုပါပဲ"
အပြင်စည်း ယောကျာ်းလေး တပည့်တွေရဲ့ ရင်ထဲမှာ လီဖူချန်းနဲ့ ကျူးဟောင်ရှု ဒီလိုယှဉ်တွဲပြီး နေနေတာကို ဘယ်လိုမှ သဘောမတူနိုင်ပါဘူး။
" ညီမကောင်းရှု ... မင်းရဲ့ သတို့သားလောင်းက ကြည့်ရတာ တကယ့်ပြဿနာကောင် ထင်တယ်နော်။ ဒါတောင် သာမန်အရိုး တည်ဆောက်ပုံနဲ့မလို့ တော်သေးတယ်။ တကယ်လို့ သူ့မှာ ကြယ်နှစ်ပွင့် အရိုးတည်ဆောက်ပုံ ဒါမှမဟုတ် ကြယ်၃ပွင့် အရိုး တည်ဆောက်ပုံသာ ရှိနေမယ်ဆိုရင်
ငါတို့တွေ တစ်ရက်မှ ဒီနေရာမှာ နားအေးပါးအေး နေနိုင်မှာ မဟုတ်ဘူး"
လီဖူချန်းတို့ ရှိနေတဲ့နေရာနဲ့ သိပ်မဝေးတဲ့ လမ်းလေးတစ်ခုမှာ ခန္ဓာကိုယ် တောင့်တင်း ဖြောင့်စင်းနေတဲ့ မိန်းမငယ်လေး၃ ယောက်က ဘေးချင်းယှဉ်ပြီး ရပ်နေပါတယ်။
သူတို့၃ယောက်ထဲက မိန်းမငယ်လေးတစ်ယောက်ကတော့ သိသိသာသာကိုတခြားနှစ်ယောက်ထက် ဆွဲဆောင်မှုအား ကောင်းနေပါတယ်။ ဟုတ်ပါတယ်။ သူမကတော့ ကောင်းရှုပါပဲ။ သူမရဲ့ဘယ်ဘက်မှာတော့ ခန္ဓာကိုယ် သွယ်လျလျ၊ အရပ်ရှည်ရှည်နဲ့ ဇာမဏီ မျက်လုံးပိုင်ရှင် ကောင်မလေးတစ်ယောက် ရှိနေပြီး ညာဘက်မှာတော့ အရပ်ပုပုနဲ့ ချစ်စရာ ကောင်မလေးတစ်ယောက် ရှိနေပါတယ်။
ဇာမဏီမျက်လုံး ပိုင်ရှင် ကောင်မလေးရဲ့ နာမည်က တုံယုမိန် ဖြစ်ပါတယ်။ သူမက လီဖူချန်းကို ကြည့်ပြီး ခေါင်းခါကာ ကောင်းရှုကို ပြောလိုက်တာပါ။
ကောင်းရှုက တုံယုမိန်ရဲ့ ဟာသကို ကြိုက်နှစ်သက်ပုံ မရပါဘူး။
" အစ်မတော်တုံ ... ညီမ အစောကြီး ကတည်းက ပြောခဲ့ပြီးပြီပဲ။ သူနဲ့ညီမကြားမှာ ဘာပက်သက်မှုမှ မရှိတော့ပါဘူး ဆိုတာကိုလေ။ အစ်မတော်ရဲ့ ဟာသက ရယ်စရာ မပါဘူးနော်”
" အစ်မတုံ ... အစ်မက ဘာလို့ လီဖူချန်း အကြောင်းကို အရမ်း စိတ်ဝင်စားနေတာလဲ။
ညီမထင်တဲ့ အတိုင်း ဆိုရင်တော့ ... အင်း ... မပြောတော့ပါဘူးလေ"
ဒီချစ်စရာ ကောင်မလေးရဲ့နာမည်က ကျောင်းရှောင်ယီ ပါ။
စကားပြောပြီးတာနဲ့ သူမက လျှာလေးထုတ်ပြီး တုန်ယုမိန်ကို ပြောင်ပြနေပါတော့တယ်။ တုန်ယုမိန်က ဟန်ဆောင် ဒေါသထွက်ဟန် ပြုလိုက်ပြီး
"အရူးမလေး ... ညည်းက ငါ့ကိုတောင် ပြောင်ရဲတယ်ပေါ့လေ"
**********
လီဖူချန်းက ကျင်းရှောင်ယုဆီကို သွားလိုက်ပြီး စကားတစ်ခွန်းပဲ ပြောလိုက်ပါတယ်။
" လက်သီး တစ်ချက်"
" မင်း ဘာပြောလိုက်တယ်………"
“ခရမ်းရောင် ချီစွမ်းအင်နည်းစနစ် အဆင့်၉ကို ရောက်ပြီးကတည်းက
ကျင်းရှောင်ယုရဲ့ ခန္ဓာကိုယ်ကနေ ကြောက်စရာကောင်းပြီး စွမ်းအင်ကြီးမားတဲ့ အရှိန်အဝါတစ်ခုက ထွက်ပေါ်နေခဲ့ပြီ ဖြစ်တယ်။ အဲသည် အစွမ်းကြောင့် သူ့ရဲ့ မျက်လုံးတွေတောင် ခရမ်းရောင်ဘက်ကို အနည်းငယ် သန်းနေပါပြီ။ လအနည်းငယ်လောက် တံခါးပိတ်ပြီး လေ့ကျင့်ခဲ့တဲ့ အတွက် အခုကျင်းရှောင်ယုဟာ အရင်တုန်းက ကျင်းရှောင်ယုထက်ကို အစစအရာရာမှာ သာနေပါပြီလေ။
သူနားမလည်တဲ့ အရာက လီဖူချန်းရဲ့ လက်သီး တစ်ချက်ဆိုတာက ဘာကို ဆိုလိုတာလည်း ကိုပါ။ တိုက်ပွဲရလဒ်ကို လက်သီး တစ်ချက်တည်းနဲ့ ဆုံးဖြတ်ကျမယ်လို့ ပြောချင်တာလား။
ဒါမှမဟုတ် လက်သီး တစ်ချက်တည်းနဲ့ သူ့ကို အနိုင်ယူမယ်လို့ ပြောတာလားဆိုတာကို သူဝေခွဲမရနိုင်ပါဘူး။
" မင်းလို ကောင်ကို ငါက လက်သီးတစ်ချက်ပဲ လိုတယ်"
ကျင်းရှောင်ယုနဲ့ ခြေလှမ်း ၅လှမ်းအကွာ အရောက်မှာတော့ လီဖူချန်းက ရပ်လိုက်ပြီး ညာဘက် လက်သီးကို ဆုပ်ချည်ဖြန့်ချည် လုပ်နေလိုက်ပါတယ်။ သူရဲ့လက်ကနေ အနီရောင်ဖျော့ဖျော့ မီးတောက်တစ်ခု ပေါ်လာပြီး မီးညွှန့်က ဘယ်ကိုယိမ်းလိုက် ညာကို ယိမ်းလိုက်ဖြင့် လှပစွာ တောက်ပနေပါတယ်။
" လေကြီးလှချည်လား"
ကျင်းရှောင်ယုသာမက အနီးအနားက လူတွေအားလုံးက တောင်မှ လီဖူချန်းကို သောက်မြင် ကပ်လာကျပါတယ်။
" ဒီကောင်က သူ့ကိုယ်သူ ဘာထင်နေတာလဲ။
ကျင်းရှောင်ယုကို လက်သီး တစ်ချက်တည်းတဲ့ အနိုင်ယူမယ်တဲ့။ ဖန်လီဟိုင်နဲ့ ဂေါင်ချန်းရှန်တောင် ဒါမျိုး လုပ်နိုင်မှာ မဟုတ်ဘူး"
" ပြိုင်ဘက်ကင်း ၁၀ယောက်ထဲမှာတောင် ငါထင်တာတော့ ဒီလိုလုပ်နိုင်တာ ၃ယောက်ထက် မပိုဘူးထင်တာပဲ"
" ငါအခုတော့ ဒီကောင်ဘာလို့ ဘယ်နေရာသွားသွား ပြဿနာ တက်နေရတာလဲဆိုတဲ့ အကြောင်းကိုသိပြီ။ ဒီလို စောက်ချိုးမပြေတဲ့ အပြောမျိုးနဲ့ ကောင်ကို ငါဆိုရင်လည်း ကြည့်နေနိုင်မှာ မဟုတ်ဘူးကွ"
" စောင့်ကြည့်လိုက်ပါဦး။ ကျင်းရှောင်ယုက ဒီကောင့်ကို ကောင်းကောင်းကြီး ဆုံးမလိမ့်မယ်”
လူအုပ်ကြီးကလည်း ဒေါသ ထွက်နေကျပါပြီ။ ကျင်းရှောင်ယုက လီဖူချန်းကို ကောင်းကောင်းကြီး သမတာကို တွေ့ရဖို့ အရမ်းကို မျှော်လင့် နေကျပါတယ်။
" သူ့လိုကောင်က ဘယ်လိုလုပ် စကားကို လေတစ်လုံး မိုးတစ်လုံး ပြောရဲရတာလဲ ။
သူ့ကိုကြည့်ရတာ ရေတွင်းထဲက ဖားသူငယ်လိုပဲ။ အပြင်လောကကြီး ဘယ်လောက်ကျယ်လဲ ဆိုတာကို သိမယ့်ပုံ မရဘူး။ သွားစို့ ။ ဒီပွဲကို ကြည့်ပြီး ဘာမှလည်း ထူးလာမှာ မဟုတ်ဘူး"
ကောင်းရှုတောင်မှ လီဖူချန်းကို လေကြီးလေကျယ် ပြောနေတယ် ထင်နေပါပြီလေ။ တုံယုမိန်က ကောင်းရှုလက်ကို ဆွဲလိုက်ပြီး တားလိုက်ပါတယ်။
" ဘာတွေ အလျင် လိုနေတာလဲ ညီမတော်။ သူကတကယ်ပဲ လက်သီးတစ်ချက်နဲ့ အနိုင်ယူနိုင်စွမ်း ရှိလို့ပြောတာလဲ ဖြစ်ရင်ဖြစ်မှာပေါ့။ ခဏလောက် ဆက်ပြီး စောင့်ကြည့်ကြရအောင်ပါ"
" ဟုတ်ပါတယ် အစ်မကောင်း။ ညီမတို့ခဏလောက် ဆက်နေပြီး စောင့်ကြည့် ကြရအောင်လေ"
ကျောင်းရှောင်ယီကလည်း ဝင်ပြီး ပြောလိုက်ပါတယ်။
" ဒီလို အဖြစ်မျိုးက ဘယ်လိုလုပ် ဖြစ်လာနိုင်မှာလဲ။ အစ်မတုံကော၊ ညီမကျောင်းကော သူ့ရဲ့လေလုံးတွေထဲမှာ မျောသွားပြီလား"
ကောင်းရှုက ပါးစပ်ကသာ ပြောနေတာပါ။ ခြေထောက်ကတော့ တစ်လှမ်းမှတောင် မရွေ့သေးပါဘူး။
" လီဖူချန်းက မင်းက လျှာစောင်းတော့ တော်တော်ထက်တာပဲ။ မင်းရဲ့ဒီလို အပြောကြောင့် ငါဒီနေ့ မင်းရဲ့နံရိုး ၃ချောင်းလောက် ကိုတော့ အနည်းဆုံး ချိုးပစ်ဦးမယ်"
ပြောပြီးတာနဲ့ ကျင်းရှာင်ယုက သူ့ရဲ့ သွေးကြောဆုံမှတ် ၇ခုစလုံးကို အတွင်းအားတွေ ပို့ဆောင်လိုက်ပါတယ်။
သူရဲ့မျက်လုံးတွေ တင်မက အသားအရေကပါ ခရမ်းရောင် ဘက်ကို တဖြည်းဖြည်း ပြောင်းလာပါတယ်။ သူ့ကို ကြည့်ရတာ မိစ္ဆာနတ်ဘုရား တစ်ပါး ဝင်ပူးကပ် လာသလိုပါပဲ။
မျက်တောင် တစ်ခတ်အတွင်းမှာပဲ သူကမူလနေရာကနေ ပျောက်သွားပြီး လီဖူချန်းဆီကို ချည်းကပ် သွားပါတယ်။ သူ့ရဲ့ခရမ်းရောင် လက်သီးကလည်း ပစ်မှတ်ကို ဦးတည်ရင်းနဲ့ပေါ့။
ခရမ်းရောင် ချီစွမ်းအင်စနစ် အဆင့်၉။ ဂြိုဟ်ကိုးလုံး ခန္ဓာကိုယ်။အဝါရောင်အထွတ် အထိပ် လက်သီးသိုင်း ဖြစ်တဲ့ အရှေ့ကျွန်း ခရမ်းရောင် နန်းတော် လက်သီးသိုင်း။ ဒီပညာရပ်၃ခုရဲ့ ပေါင်းစပ်မှုက ယနေ့ ဆင်းရဲဒုက္ခမျှော်စင်ရဲ့ အဆင့်၁၈ ဆိုတဲ့ ကျင်းရှောင်ယုကို ဖြစ်ပေါ်စေခဲ့တာပါ။
ဝူး…
လီဖူချန်းရဲ့ ဆံပင်တွေက အနောက်ဘက်ကို လွင့်ပျံနေကျပါပြီ။ မသိရင်တော့ လီဖူချန်းတစ်ယောက် မုန်တိုင်းထဲ ရောက်နေသလိုပါပဲ။ လက်သီးချက်က သူ့ရဲ့ရင်ဘတ် နားရောက်ခါနီး ဆဲဆဲမှာမှ သူက စတင်လှုပ်ရှားလိုက်ပါတယ်။ လီဖူချန်းရဲ့ လက်သီးက ဘယ်လောက်မြန်လဲ ဆိုတာကို စကားအဖြစ်နဲ့ ပြောပြလို့တောင်မရပါဘူး။
အနီရောင် မီးတောက်စွမ်းအင်တွေ ရစ်သိုင်းထားတဲ့ သူ့လက်သီးက
သိုင်းကွက် သိုင်းဟန်တွေတောင် မပါပဲ အရိုးရှင်းဆုံးပုံစံနဲ့ ထွက်ပေါ်လာပါတယ်။ ဒါပေမဲ့ လက်သီးချက်ရဲ့ အလွန်လျင်မြန်လှတဲ့ အရှိန်ကြောင့် ကြည့်ရတာ လက်သီးချက်က ဗလာနယ်မြေထဲကိုတောင် ကျွံဝင်သွားသလိုပါပဲ။ တိတိကျကျ ပြောရမယ်ဆိုရင် လက်သီးချက်က လေဟာနယ်ကိုတောင် လှိုင်းအထပ်ထပ် ထသွားစေပါတယ်။ ကျင်းရှောင်ယုရဲ့ လက်သီးက လီဖူချန်းကို ထိဖို့၃ လက်မလာက် အလိုမှာပဲ နောက်မှထိုးလိုက်တဲ့ လီဖူချန်းရဲ့ လက်သီးက ကျင်းရှောင်ယုရဲ့ ရင်ဘတ်ပေါ်မှာ ကျရောက်သွားပါပြီ။
" ဖရူး"
ကျင်းရှောင်ယုရဲ့ ပါးစပ်ကနေ သွေးတွေ အန်ထုတ် လိုက်မိပါတယ်။ အရိုးကျိုးသံ ၃ ခုကိုလည်း အားလုံးက ရှင်းရှင်းလင်းလင်း ကြားလိုက် ရပါတယ်။ ဒီအသံက ကျင်းရှောင်ယုရဲ့ နံရိုး၃ ချောင်းတိတိ ကျိုးသွားပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ကောင်းလိုက်တဲ့ ထိန်းချုပ်မှုပါပဲ။
အစောပိုင်းတုန်းက သူက လီဖူချန်းရဲ့ နံရိုး၃ချောင်းကို ချိုးပစ်မယ် ပြောခဲ့တဲ့အတွက် လီဖူချန်းက သူ့ကို နံရိုး၃ချောင်း ကျိုးအောင် ချိန်ဆပြီး ပြန်ထိုးလိုက်တာပါ။
ဒါကလီဖူချန်းက သူ့ကို ပြန်ရွဲ့လိုက်တဲ့ သဘောပါပဲ။ ပြီးတော့ ဆန့်ကျင်ဘက် အနေနဲ့ ကျင်းရှောင်ယုက အစောပိုင်းကလို ယုံကြည်မှု မရှိတော့ပဲ စိတ်ဓာတ် ကျသွားပါပြီ။
သူ့ရဲ့ နှလုံးသား ထဲမှာတော့ ကြောက်လန့်မှုတွေက အစားထိုး ဝင်ရောက် လာနေပါပြီ။ ဘာတွေ ဖြစ်သွားတာလဲ ... ဘာကြောင့် လီဖူချန်းက ဒီလောက် အစွမ်းထက် နေရတာလဲ။
ဘာကြောင့် ကျူးဟောင်ရှုရဲ့ အရှေ့မှာ သိက္ခာကျဖို့ကို ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့မိတာလဲ။
ကျင်းရှောင်ယုက သူလုပ်ခဲ့တာတွေ အတွက် နောင်တတွေ ရလာခဲ့ပါပြီ။ ပြိုင်ဘက်ကင်း ၁၀ယောက်ထဲက တစ်ယောက်အဖြစ် သူက ဒီအပြင်စည်း ဂိုဏ်းမှာ လူရိုသေ၊ ရှင်ရိုသေဘဝနဲ့ သာသာယာယာ နေထိုင်လို့ ရနေတာလေ။ အခုတော့ သူ့ရဲ့ မာနတွေ၊ ဘဝင်မြင့်မှုတွေကြောင့် လီဖူချန်း နာမည်ကြီးဖို့အတွက် စတေးလိုက်ရတဲ့ လှေကားထစ်လေး တစ်ခု ဖြစ်ခဲ့ရပါပြီ။
သူနောက်ဆိုရင် ကျူးဟာင်ရှုနဲ့ မျက်နှာချင်း ဆိုင်မိရင် ဘယ်လိုနေရတော့မှာလဲ။ ဒါတွေ အားလုံးက လီဖူချန်းကို သူက သွားပြဿနာ ရှာမိတဲ့အတွက် ပြစ်ဒဏ်တွေပဲလား။
***
" ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
ဘေးမှာရပ်ကြည့်နေတဲ့ တပည့်တွေကတော့ ပါးစပ်တွေ အဟောင်းသားနဲ့ ဖြစ်နေကျပါပြီ။
အခုဖြစ်ပျက်သွားတာတွေက ဘယ်လိုမှယုံကြည်လို့တောင်မရတဲ့ အဖြစ်အပျက်တစ်ခုပါပဲ။
လီဖူချန်းက တကယ်ပဲ လက်သီးတစ်ချက်နဲ့ ကျင်းရှောင်ယုကို အနိုင်ယူ လိုက်တာလေ။"
ဒါတွေအားလုံးက အိပ်မက်လား ဒါမှမဟုတ် ကြိုတင် ဇာတ်တိုက် ထားတာလား"
ဒီကိစ္စကိုရှင်းပြဖို့ တစ်ယောက်ယောက်တော့ လိုနေပါပြီ။
" ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက်ကို လက်သီး တစ်ချက်နဲ့ပဲ အနိုင်ယူလိုက်တာလား။
ဒီကောင်က ပြိုင်ဘက်ကင်း ပါရမီရှင်ဆိုတဲ့ အဓိပ္ပာယ်ကို ဖျက်ဆီး ပစ်လိုက်တာလား"
" နတ်ဆိုး ... ဒီကောင့် ခန္ဓာကိုယ်ထဲမှာ နတ်ဆိုး ဝင်ပူးနေတာ ဖြစ်ရမယ်"
ဘေးက ကြည့်ရှုနေတဲ့ လူတွေ အားလုံးက အတွေးတစ်ခုထဲကို တူညီစွာ တွေးလိုက်မိကျပါတယ်။ သူတို့သိထားတဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်တွေကို အနိုင်ယူနိုင်ဖို့ မဖြစ်နိုင်ဘူး ဆိုတဲ့ ခံယူချက်ကြီးကို လီဖူချန်းက ရိုက်ချိုး ပြသွားခဲ့ပါပြီ။ လီဖူချန်းတစ်ယောက် လက်သီး ထုတ်လိုက်တဲ့ အခိုက်အတန့်မှာ ကောင်းရှုရဲ့ နှလုံးက တစ်ချက် တုန်လှုပ်သွားပါတယ်။
ဒါက ဒီလက်သီးချက်က အန္တရာယ် အရမ်းများတယ် ဆိုတာကို မသိစိတ်က အသိပေးတဲ့ အမှတ်လက္ခဏာ တစ်ခုပါပဲ။ သူမက ဒီလို ဖြစ်လာလိမ့်မယ်လို့ လုံးဝကို မထင်ထားခဲ့ပါဘူး။
ကျင်းရှောင်ယုကို လက်သီးတစ်ချက်နဲ့ အနိုင်ယူလိုက်တယ် ဆိုတာက
သူမကိုလည်း လက်သီးတစ်ချက်နဲ့ အနိုင်ယူလို့ရတယ် ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
လီဖူချန်းက ဘယ်လိုလုပ် ဒီလောက်အထိ အစွမ်းထက် ရတာလဲ။ ကောင်းရှုရဲ့ သိုင်းပညာ တာအိုအပေါ် ထားတဲ့ အမြင်တွေတောင် ပြောင်းလဲ ရတော့မလိုပါပဲ။ တုံယုမိန်နဲ့ ကျောင်းရှောင်ယီတို့ နှစ်ယောက်ကလည်း စကားတောင် မပြောနိုင်တော့ပဲ သူမတို့ရဲ့ နှင်းဆီရောင် နှုတ်ခမ်းဖူးလေးတွေကို ဝလုံး ပုံသဏ္ဍာန် ထားရင်းနဲ့ ကြောင်စီစီ ရပ်နေကျပါတယ်။
" ငါတော့ ဒီကောင်လေးကို အရမ်း စိတ်ဝင်စားနေမိပြီ"
တုံယုမိန်က ရွှန်းလဲ့တဲ့ အကြည့်တွေနဲ့ လီဖူချန်းကို ကြည့်နေရင်း ခပ်တိုတိုးလေး ညည်းလိုက်မိတယ်။ လွှမ်းမိုးနိုင်စွမ်း။ အတိုင်းထက်အလွန် စွမ်းအား။ ဒါတွေအားလုံးက သူမရဲ့ အိပ်မက်ထဲက ဖူးစာရှင် ပိုင်တိုင်ထားတဲ့ အစွမ်းတွေပဲလေ။ အခုချိန်မှာ သူမရဲ့ စိတ်ထဲမှာတော့ လီဖူချန်းနဲ့ ယုဝူရှန်းဆိုတာ အဆင့်တစ်ဆင့်တည်းမှာ ရှိနေတဲ့ မတူညီတဲ့ ပါရမီရှင် နှစ်ယောက်ပါ။ နှစ်ယောက်စလုံးက လွှမ်းမိုးနိုင်စွမ်း ကြီးမားလွန်းတယ်။
ကျောင်းတော်က တပည့်တွေထက်ကို သာလွန်တဲ့ ခွန်အားကို ပြသနိုင်တယ်။သူတို့ နှစ်ယောက်ကြားမှာ ကွာဟချက်ဆိုလို့ တစ်ယောက်က ကြယ်ပပွင့်အဆင့် အရိုးတည်ဆောက်ပုံ ရှိပြီး နောက်တစ်ယောက်က သာမန်အရိုး တည်ဆောက်ပုံရှိတာပဲ ဖြစ်သည်။ ကျောင်းရှောင်ယီကတော့ သူမရဲ့ စိတ်လှုပ်ရှားမှုတွေကို မထိန်းနိုင်တော့ဖြင့် ကြောင်မလေးတစ်ကောင် တိုးတိုးတိတ်တိတ် အော်သံ ပေးလိုက်သလို အသံ နူးနူးညံ့ညံ့လေးဖြင့် အာမေဍိတ်သံလေး ပြုလုပ်လိုက်ပါတယ်။
" ဝိုး "
အစောပိုင်းတုန်းက သူ့ကိုရှုံ့ချနေတဲ့ တပည့်တွေကို လီဖူချန်းက သတိပေးတဲ့အကြည့်နဲ့ ကြည့်လိုက်ပြီး သူက ဘာမှ ထွေထွေထူးထူး လုပ်လိုက်ရတဲ့ပုံ မရှိသည့်ဟန်ဖြင့် ပျင်းရိစွာ လှမ်းလျှောက်ပြီး ခြံဝင်းထဲကို ပြန်ဝင် သွားလိုက်ပါတယ်။ ခြံဝင်း အပြင်ဘက်မှာတော့ ကျန်ခဲ့တဲ့ တပည့်တွေက တစ်ယောက်နဲ့တစ်ယောက် အချင်းချင်း ကြည့်လိုက်ကျပြီး ရယ်ရမလို၊ ငိုရမလို မျက်နှာတွေနဲ့ ကျန်ခဲ့ကြပါတယ်။
သူတို့က အစောပိုင်းက ကောင်းရှောင်ယု ဘက်ကနေ ပါပြီး လီဖူချန်းကို ပျစ်ပျစ်နှစ်နှစ် ဝေဖန်ခဲ့ကျတာလေ။ သူတို့အားလုံးရဲ့ စိတ်ထဲမှာ ကြိုသိနေကျတဲ့ အရာတစ်ခုကတော့
ဒီတစ်ခေါက် အပြင်စည်း သိုင်းပြိုင်ပွဲက အရင်အကြိမ်တွေလို မဟုတ်ပဲ
အရမ်း ပြင်းထန်တော့မယ် ဆိုတာပါပဲ။ လီဖူချန်းက နောက်ထပ် ယုဝူရှန်း တစ်ယောက်ပါပဲ။ ဒီလို လူမျိုးတွေက ကမ္ဘာပေါ်မှာ မွေးကို မွေးမလာသင့်တဲ့ သူတွေပါ။
***