← Chapters

ကံကြမ္မာဖိနှိပ်ရေး မဟာမိတ် လှုပ်ရှားခြင်း

Vol. 55 Ch. 762

ကံကြမ္မာဖိနှိပ်ရေး မဟာမိတ် လှုပ်ရှားခြင်း

Vol. 55 Ch. 762

“ကောင်းပြီ လက်ခံတယ်” ဟွမ်ယွမ်က တဲ့တိုးသာ ပြောလိုက်သည်။

“အိုး ရိုးရှင်းသားပဲ” မိုရှင်းယွင်က သူမ၏ အသံတွင် အံ့အားသင့်မှုကို ဖုံးကွယ်ထားခြင်း မရှိပေ။

“ရှင် သဘောမတူခင် ဖျောင်းဖျပြီးတော့ အပိုပါပေးရဦးမယ်လို့ ထင်နေတာ”

“ငါနဲ့ တိုက်ခိုက်ပြီးတော့ အချိန်ဖြုန်းချင်သေးတာလား”

“ဘယ်ဟုတ်ပါ့မလဲ” သူမက အပြုံးလေးဖြင့် ပြောလိုက်သည်။

“ဘာဖြစ်ဖြစ် ကျွန်မတို့ရဲ့ ရည်မှန်းချက်ကို မရောက်ခင် မဟာမိတ်ကို မပြိုကွဲစေချင်ဘူး”

မိုရှင်းယွင်က မနေနိုင်ဘဲ သူမ၏ ကံဆိုးမှုကိုသာ သက်ပြင်းချလိုက်သည်။ ဖန်းလီကျွင်းနှင့် စွင်းကျောင်းလုံတို့က နောက်ဆုံးတိုက်ပွဲမတိုင်ခင် သေဆုံးသွားကြသည့်အတွက် သူတို့၏ မဟာမိတ်က သိသိသာသာ အားနည်းသွားခဲ့သည်။

ဒီနှစ်ယောက်က တကယ့်ကို နယ်ရုပ်ကောင်းပဲ။ စောစောစီးစီး သေသွားတာ နှမြောစရာပဲ…

သူမက တွေးလိုက်မိသည်။ သူမက ထိုနယ်ရုပ်နှစ်ခုကို သူတို့၏ စွမ်းဆောင်ရည်အပြည့် အသုံးချနိုင်ဖို့ အစီအစဉ်များစွာ ရှိခဲ့ဖူးသည်။

“အချိန်က အသက်ပဲ။ ကတိပေးထားတဲ့အရာကို ပေးတော့။ မင်းကို တည်နေရာ ပေးမယ်”

မိုရှင်းယွင်က မျက်မှောင်ကြုတ်လိုက်သည်။

“ပြဿနာရှိလို့လား” ဟွမ်ယွမ်က အမူအရာ ပျက်ယွင်းလျက် မေးလိုက်သည်။

“မင်း ကတိပေးထားတာ မရှိရင် မင်းရဲ့ အဆိုပြုချက်ကို လက်မခံနိုင်ဘူး”

“မဟုတ်ဘူး။ ရှင့် စိတ်အားထက်သန်နေတာ နည်းနည်းသံသယဖြစ်ဖို့ ကောင်းတယ်ထင်လို့”

“ဘာမှဂရုစိုက်စရာမလိုဘူး။ ပို့မှာလား … မပို့ဘူးလား”

သူမက စက္ကန့်ပိုင်းမျှ ရပ်တန့်သွားပြီးနောက် ပြုံးလိုက်ကာ “ပြဿာနာမရှိဘူး”

မိုရှင်းယွင်က လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် ဟွမ်ယွမ် ပေးထားသည့် တည်နေရာတစ်ခုသို့ တစ်စုံတစ်ခုကို ပို့ဆောင်လိုက်သည်။ ထိုသူက ပိတ်ကားချပ်မှ မိနစ်သုံးဆယ်ကြာ ပျောက်ကွယ်သွားပြီးသည့်နောက်တွင် ပြန်လည်ပေါ်ထွက်လာ၏။

“ပြဿနာ မရှိဘူး”

“ဒီလိုဆိုရင် ပထမအဆင့်ကို စလိုက်ကြရအောင်။ ဒါနဲ့ မအောင်မြင်ဘူးဆိုရင် သတိကြီးကြီးထားပြီး ထွက်ပြေးဖို့ မမေ့နဲ့” မိုရှင်းယွင်က ဆက်ပြောလိုက်၏။

“ကြောင်သူတော်ဆန် မနေစမ်းပါနဲ့ မိုရှင်းယွင် … မင်း ငါ့ရဲ့ ဘေးကင်းမှုကို ဂရုမစိုက်ဘူးဆိုတာ မင်းရော ငါရော သိတာပဲ”

“ဟုတ်တာပေါ့။ ဒါပေမဲ့ အခု ရှင်က သေတာထက် အသက်ရှင်တာက ပိုပြီးတော့ အသုံးဝင်တယ်လေ။ ရှင့်ရဲ့ သတိလက်လွတ်ဖြစ်မှုကြောင့် ကျွန်မရဲ့ အစီအစဉ်ကို ပျက်စီးစေမယ်ဆိုရင် ရှင့်ကို ဘယ်လိုပဲဖြစ်ဖြစ် သုတ်သင်ပစ်ဖို့ တုံ့ဆိုင်းနေမှာ မဟုတ်ဘူး”

ဟွမ်ယွမ်က မျက်မှောင်ကြုတ်လိုက်၏။

“ငါ သတိထားမှာပါ”

သူက ဆက်သွယ်ရေးအစီအရင်ကို ဖြတ်တောက်လိုက်ပြီးသည့်နောက်တွင် ချန်းချန်နှင့် မိုရှင်းယွင်တို့သာ ချန်ထားခဲ့သည်။

“သူ ပြီးတာနဲ့ ဒုတိယအဆင့်ကို ပြင်ထားတော့”

ချန်းချန်က ခေါင်းညိတ်လိုက်သည်။ မိုရှင်းယွင်က သူသည် စကားပြောဖို့ မသက်မသာဖြစ်နေကြောင်း သိလေ၏။ ထို့ကြောင့် သူမက အစီအရင်ကို ပိတ်လိုက်သည်။ သူမက ဂြိုလ်ပေါ်ရှိ တောင်ပေါ်တွင် ထိုင်နေပြီး အတွေးနက်နေမိသည်။ ထာဝရဧကရာဇ်တစ်ယောက် တွေးနေသည့်အရာကို မည်သူမှ မသိကြပေ။

မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူမက ခေါင်းမော့ပြီး ကြည့်လိုက်သည်။ သူမ၏ အကြည့်က ဤအာကာပြင်စကြဝဠာ၏ ကျယ်ပြောမှုကို လျစ်လျူရှုထားပြီး နေရာအသီးသီးရှိ ဖြစ်ပျက်သမျှ အရာအားလုံးကို စစ်ဆေးကြည့်နေသည်။ ကောင်းမွန်သည့် အစီအရင် ရှိထားသည့် နေရာတချို့မှလွဲ၍ သူမက တိုက်ပွဲ၏ ရူးသွပ်မှုနှင့် ဖရိုဖရဲဖြစ်မှုများကို မြင်လိုက်ရသည်။

ဟွမ်ယွမ်က ဆက်သွယ်ရေးအဆောင် အဆုံးသတ်ပြီးသည့်နောက်တွင် နှာခေါင်းရှုံ့ကာ ပြောလိုက်၏။

“မိုရှင်းယွင် မင်းက ငါ့ကို နယ်ရုပ်အဖြစ် အသုံးပြုလို့ ရတယ် ထင်နေပေမဲ့ ဘယ်သူက ဘယ်သူ့ကို အသုံးချမလဲ ကြည့်ရသေးတာပေါ့” သူက နောက်ထပ် နေရာတစ်ခုသို့ မသွားခင် နာရီပိုင်းကြာ ပြင်ဆင်လိုက်သည်။

…………………………………………………………………………………………..

အရှေ့ဘက်အခြမ်း

လီကျွင်းက လှံဖြင့် ထိုးစိုက်ကာ ကိုယ့်ကိုယ်ကိုဖောက်ခွဲပစ်ဖို့ ကြိုးစားနေသည့် လေလွင့်ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်လိုက်သည်။

“ဒီတိုက်ပွဲမှာ ရှိသင့်တဲ့လူတွေထက် ဘာလို့ပိုများနေတယ်လို့ ခံစားမိနေပါလိမ့်”

“မင်း အစီရင်ခံစာကို မဖတ်ဘူးလား” ထျဲ့ကန်က မေးလိုက်သည်။

“ဘာအစီရင်ခံစာလဲ”

“ကံကြမ္မာအရိပ်တပ်ဖွဲ့ဆီကလေ”

လီကျွင်းက မျက်မှောင်ကြုတ်ပြီးသည့်နောက် ခေါင်းခါလိုက်သည်။

“မဖတ်ရသေးဘူး”

“ဟုတ်ပြီ မင်းက ဒီလက်နက်ကို ထိန်းချုပ်ဖို့ပဲ အာရုံစိုက်လွန်းနေတာကိုး” ထျဲ့ကန်က ပြောလိုက်သည်။

“အဲဒါဆိုတော့ ဘာဖြစ်သွားတာလဲ”

“ငါတို့ခေါင်းဆောင်က ရှင်းလင်းရေးတုန်းက ကောင်းကင်ရွေးချယ်ခံ ဘယ်လောက်ကို သေစေခဲ့တယ်ဆိုတာ သိတယ်မလား”

“ဟုတ်တယ်လေ။ သူတို့က ကောင်းကင်တာအိုရဲ့ စံနှုန်းနဲ့ မပြည့်မှီတော့ အစ်ကိုကြီးက နယ်ခြားကောင်းကင်ရွေးချယ်ခံတွေကို အမဲလိုက်ခွင့်ပြုခဲ့တာလေ”

“ဟုတ်တယ်။ ကောင်းကင်တာအိုက အဲဒီလူတွေရဲ့ ဝင်ခွင့်အမှတ်အသားပြားကို ကမ္ဘာအနှံ့ ဖြန့်ဝေလိုက်တယ်လေ။ အဲဒီအမှတ်အသားပြားအများစုက တပ်ဖွဲ့နှစ်သန်းတော့ ခေါ်မလာနိုင်ပေမဲ့ လူအများစုက အတော်လေးကို တိုက်ခိုက်ခဲ့ကြတယ်”

“အဲ့လိုလား” လီကျွင်းက ရေရွတ်လိုက်သည်။

“အဲဒါတင် မကသေးဘူး။ ဝမ်ကျူရဲ့ သုံးသပ်ချက်အရဆိုရင် နောက်ဆုံးအချိန်မှ နိုးထလာတဲ့ ပါရမီရှင်တချို့က ဒီတိုက်ပွဲကွင်းပြင်ကို ဝင်ခွင့်အမှတ်အသားပြားရှိတဲ့ လူတွေရဲ့ တပ်သားအယောင်ဆောင်ပြီးတော့ ရောက်လာကြတယ်”

လီကျွင်းက ခေါင်းအသာယမ်းလိုက်သည်။

“အဲ့လိုနည်းလမ်း အသုံးပြုတာက အသုံးမဝင်ပါဘူး။ အဲဒီလူတွေက အမြှောက်စာအပြင် ဘာမှမဟုတ်ဘူး”

“အဓိက ရည်ရွယ်ချက်က အဲဒီစည်းပိတ်ခံ ဒါမှမဟုတ် လျှို့ဝှက်ကောင်းကင်ရွေးချယ်ခံတချို့ကို အခွင့်အရေးပေးဖို့ပဲ ထင်တယ်။ ကောင်းကင်တာအိုက အဲဒီအုပ်စုထဲမှာ ပြိုင်ဘက်ကင်း ပါရမီရှင်ရှိတယ်ဆိုတဲ့ ဖြစ်နိုင်ချေကို မဖယ်ရှားပစ်ချင်လောက်ဘူး”

“ဒါပေမဲ့ အဲဒါက အသုံးတော့ မဝင်လောက်ဘူးထင်ပါတယ်”

ထျဲ့ကန်က သူ့ခေါင်းဆောင်၏ ခွန်အားကို ကောင်းကောင်းသိထားပြီး ကောင်းကင်တာအို၏ အပြုအမူများက အသုံးမဝင်ကြောင်း သိလေသည်။ သို့သော်လည်း သူက သူ့အတွေးများက ကောင်းကင်တာအိုကို မလွှမ်းမိုးနိုင်သည့်အတွက် ဂရုမစိုက်ပေ။

“အဲဒီမှာ ဘယ်သူလဲ”လီကျွင်းက အစီအရင်အပြင်ဘက်ကို ကြည့်ကာ ပြောလိုက်သည်။

“မင်းက ငါ့ကို စောစောစီးစီး ရှာတွေ့သွားတာပဲ”

“မင်းကိုး” သူက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“ဒီစွမ်းအားက ဖန်းလီကျွမ်းရဲ့ ကိုယ်ပျောက်အဆောင်ပဲ။ မင်းက ဘယ်လိုလုပ်ရလာတာလဲ”

“မင်း သိဖို့ မလိုဘူး”

“မင်းတို့ရဲ့ မဟာမိတ်အကြောင်းကို ငါတို့က မသိဘူးလို့များ ထင်နေလား” လီကျွင်းက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

“ဟွမ်ယွမ် .. မင်းက ငါတို့ကို အရင်ဆုံး လာတိုက်ခိုက်ရဲတာဆိုတော့ သေချင်နေတာပဲ နေမယ်”

ဟွမ်ယွမ်က သူ့ဇနီးဟောင်းဖြစ်သူနှင့်အတူ လေဟာနယ်ထဲ မတ်တတ်ရပ်နေသည်။ သူက အဖွဲ့ကို ကြည့်ပြီးသည့်နောက် အချိန်မဖြုန်းတော့ပေ။ သူ့တပ်ဖွဲ့ကို ဆင့်ခေါ်လိုက်ပြီးသည့်နောက် သူ ဖန်တီးထားသည့် လှုပ်ရှားနိုင်သော အစီအရင်ကို အသက်သွင်းလိုက်သည်။

“တစ်ခုခုတော့ မှားနေပြီ” လီကျွင်းက ရေရွတ်လိုက်၏။

“အမှန်ပဲ။ ဟွမ်ယွမ်က အစ်ကိုကြီးဆီ ရှုံးပြီးတဲ့နောက်မှာ ဒီလောက်သတ္တိကောင်းမှာ မဟုတ်ဘူး” ယန်းလီလင်းက အံ့ဖွယ်အသိစိတ်မှတဆင့် လှမ်းပြောလေသည်။

“ပိုပြီးအရေးကြီးတာက သူ့တပ်ဖွဲ့က ထူးဆန်းနေပုံပဲ” ထျဲ့ကန်က ထပ်ပြောလိုက်၏။

လီကျွင်းက ဟွမ်ယွမ်၏ မူမမှန်မှုကို ခံစားမိလေသည်။ ထို့ကြောင့် သူက သူ့သတ်ဖြတ်ရေးအဖွဲ့မှ လူဆယ်သန်းတပ်ရင်းကို လွှတ်ကာ စမ်းသပ်ကြည့်ချင်မိသည်။

ထို့ကြောင့် လေဟာနယ်ဖြိုခွင်းခြင်းအဆင့် ကျင့်ကြံသူဆယ်သန်းကျော်အားလုံးက သတ်ဖြတ်ရေး သို့မဟုတ် စစ်ပွဲတာအိုကိုသာ ကျင့်ကြံထားကြသည်။ ထိုတပ်သားများက တပ်ဖွဲ့၏ အားအနည်းဆုံးသူများ ဖြစ်သောကြောင့် ဟွမ်ယွမ်၏ အခြေအနေကို စမ်းသပ်ဖို့အတွက် ပြီးပြည့်စုံသည့်အဖွဲ့တော့ မဟုတ်ပေ။

လီကျွင်းက သူတို့ကို အလကား သေခွင့်ပြုမည် မဟုတ်ပေ။ သူက အချိန်မရွေး ဝင်ရောက်စွက်ဖက်နိုင်ရန် ပြင်ဆင်ထား၏။ လေဟာနယ်ဖြိုခွင်းခြင်းအဆင့် ကျင့်ကြံသူများစွာကို မွေးထုတ်ပေးရသည်မှာ မလွယ်ကူလှပေ။

ထိုတပ်သားသန်းတစ်ရာပေါ်တွင် အရင်းပြုခဲ့ရသည့် အရင်းအမြစ်များက အံ့ဖွယ်တာအိုမျိုးနွယ်လိုမျိုး အားနည်းသည့် ဧကရာဇ်မျိုးနွယ်များပင် မျက်ရည်ကျသွားနိုင်သည်။

ဟွမ်ယွမ်က ထိုတပ်ဖွဲ့ကို ကြည့်ကာ ကျင့်ကြံဆင့်အနိမ့်ဆုံးသူက လေဟာနယ်ဖြိုခွင်းခြင်းအဆင့် ဖြစ်ကြောင်း မြင်သည့်အခါ တိတ်တဆိတ်သာ သက်ပြင်းချလိုက်သည်။

လေလွင့်မဟာမိတ်က သူ့ကို အရင်းအမြစ်များစွာ ပေးကမ်းခဲ့သည်။ သို့သော်လည်း သူက သူ့တပ်ဖွဲ့အတွက် အရင်းအမြစ် အများကြီး ရယူရဆဲသာ ဖြစ်၏။ ထိုသို့ဆိုလျှင်ပင် သူ့အင်အားစု၏ လူအများအပြားက ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်သာ ရှိကြသည်။

ဧကရာဇ်တစ်ယောက် ဖြစ်လာဖို့ ပါရမီ၊ ကံကောင်းမှု၊ ကံကြမ္မာနဲ့ ချမ်းသာကြွယ်ဝမှုလိုတယ်လို့ ပြောခဲ့ဖူးတယ်။ သူတို့က ချမ်းသာကြွယ်ဝမှုက ဘယ်လောက်အရေးပါတယ်ဆိုတာကို ပိုပြီး အလေးထားခဲ့သင့်တယ်…

ဟွမ်ယွမ်က သက်ပြင်းချလိုက်သည်။ သို့သော်လည်း သူက ဝှက်ဖဲ ရှိသည့်အတွက် အခြေအနေကြောင့် စိတ်ပျက်မသွားပေ။

သူက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် သူ့တပ်ဖွဲ့ကို လှုပ်ရှားလိုက်ပြီး အရေအတွက်နှစ်ဆ ပိုလွှတ်လိုက်သည်။ သိပ်မကြာခင်တပ်ဖွဲ့က အလင်းများစွာ ထွက်ပေါ်လာပြီး တိုက်ပွဲစတင်လာပြီ ဖြစ်သည်။ စွမ်းအင်လှိုင်းများနှင့် ခွန်အားစည်းမျဉ်းတို့က ပတ်ဝန်းကျင် ဂလက်ဆီရာချီကို လွှမ်းခြုံထား၏။ လေဟာနယ်ထဲ သွေးများ ပြည့်နှက်နေပြီး အာကာပြင်ကိုပင် အနီရောင် သန်းသွားစေသည်။

သူတို့ကို အရေအတွက် ကျော်လွန်နေရင်တောင် သူတို့က အရေးသာချက်ရှိနေတုန်းပဲ…

ဟွမ်ယွမ်က တိတ်တဆိတ် တွေးပြီးသည့်နောက် သူ့လူများ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံနေရသည်ကိုသာ တည်တည်ငြိမ်ငြိမ် ကြည့်နေလိုက်သည်။

ဒီတပ်သားတွေက လက်ရွေးစင်တွေထဲက လက်ရွေးစင်တွေပဲ…

သူက သူတို့၏ ကျင့်ကြံဆင့်အကြောင်း ပြောခြင်းမဟုတ်ဘဲ သူတို့၏ တိုက်ခိုက်စွမ်းရည်၊ ဉာဏ်ရည်၊ စည်းလုံးမှုနှင့် ညီညွှတ်မှုတို့ကို ပြောခြင်း ဖြစ်၏။

ပြီးတော့ သူတို့က အသက်ဓာတ်ကို မျှဝေပြီးတော့ မသေတော့ဘူး…

သူက အကြည့်များ တောက်ပလာကာ တွေးလိုက်၏။

ဒါပေမဲ့ ဒါက အစပဲ ရှိသေးတယ်…

တစ်နာရီအတွင်း လီကျွင်း၏ တပ်သားများက ဟွမ်ယွမ်၏ သန်း၂၀ တပ်ဖွဲ့ကို သေဆုံးမှုအယောက် ၃၀၀လောက်ဖြင့် သတ်ဖြတ်နိုင်ခဲ့သည်။ သို့သော်လည်း ထိုသူက အေးဆေးတည်ငြိမ်နေဆဲ ဖြစ်၏။ သူက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် သူ့ပြိုင်ဘက်ထံ နောက်ထပ် သန်း ၃၀ အင်အားစုကို စေလွှတ်လိုက်သည်။

အခြေအနေက အတူတူသာဖြစ်ပြီး သတ်ဖြတ်ရေးတပ်ဖွဲ့က ရန်သူကို သုတ်သင်ခဲ့သည်။

“တစ်ခုခုတော့ မှားနေပြီ” လီကျွင်းက ရေရွတ်လိုက်သည်။ ဟွမ်ယွမ်က သူ့လူများကို အလကားသက်သက် သေခိုင်းလိမ့်မည်ဟု မထင်မိပေ။ ထို့နောက် သူက တစ်စုံတစ်ခုကို တွေးမိသွား၏။

အဲဒါများ ဖြစ်နေမလား…

သူက သူ့အတွေးကို အပြီးမသတ်ခင် တိုက်ပွဲ၏ အခြေအနေက ပြောင်းလဲသွား၏။ ဟွမ်ယွမ်၏ သေဆုံးသွားသော သန်း ၅၀ တပ်သားများက ရုတ်ချည်းဆိုသလို အသက်ပြန်ရှင်လာလေသည်။ အလောင်းများက လေဟာနယ်အတွင်း မြောလွင့်ကာ သူတို့၏ အပေါင်းအပါ ရဲဘက်များနှင့် ပြန်လည်ဖွဲ့စည်းသွားကြပြီး ကောင်းကောင်းလေ့ကျင့်ထားသည့် တပ်သားများကဲ့သို့ ပြီးပြည့်စုံစွာ တန်းစီလိုက်သည်။

ထို့အပြင် သူတို့၏ အရှိန်အဝါက သိသိသာသာတိုးမြင့်လာပြီး တပ်သားအများစုက အသက်ပြန်ရှင်လာပြီးသည့်နောက်တွင် ကျင့်ကြံဆင့် မြင့်တက်သွားကြသည်။

“ဒါက သေခြင်းရှင်ခြင်း စာအုပ်ရဲ့ စွမ်းအားလား” ထျဲ့ကန်က ရေရွတ်လိုက်၏။

“ပြဿနာပဲ” လီကျွင်းက ပြောလိုက်သည်။ သူက ထိုတပ်သားများ အသက်ပြန်ရှင်လာနိုင်စွမ်းကို ဂရုမစိုက်ပေ။ သူက ထိုသို့သော နည်းစနစ်မျိုးကို သိထားပြီး အသက်ပြန်ရှင်နိုင်ချေ အရေအတွက် ကန့်သတ်ချက်ရှိကြောင်း သိထားသည်။ သို့သော်လည်း သူက ထိုတိုက်ပွဲအတွင်း သူ့လူများစွာ ဆုံးရှုံးရမည်ကို မလိုချင်ပေ။

ငါ လှုပ်ရှားလိုက်ရတော့မလား…

လီကျွင်းက မျက်မှောင်ကြုတ်ကာ အော်ပြောလိုက်သည်။

“မင်း လုပ်ရဲတယ်လား”

သူက ဟွမ်ယွမ်သည် မရဏစွမ်းအား ပါဝင်နေသည့် ဧရာမအနက်ရောင်လက်ကြီးကို ဖန်တီးကာ သူ့တပ်ဖွဲ့အပေါ် တိုက်ခိုက်လာကြောင်း မြင်လိုက်ရသည်။

သူက လှံကို ကိုင်စွဲကာ တစ်ဖက်လူ၏ တိုက်ကွက်ကို ဖျက်ဆီးပစ်လိုက်၏။

“မင်း တိုက်ချင်တယ်ဆိုရင် ငါက မင်း ပြိုင်ဘက် ဖြစ်ပေးမယ်” လီကျွင်းက အစီအရင်မှ ထွက်လာလိုက်သည်။ ကံဆိုးစွာဖြင့် ထိုအပြုအမူက အမှားကြီးကြီး ဖြစ်သွားလေသည်။

***

All Chapters