← Chapters

ရည်ရွယ်ချက် *

Vol. 55 Ch. 763

ရည်ရွယ်ချက် *

Vol. 55 Ch. 763

ကောင်းပြီ။ ပထမအဆင့်တော့ ပြီးသွားပြီ…

ဟွမ်ယွမ်က တည်တည်ငြိမ်ငြိမ်ဖြင့် တွေးလိုက်သည်။ သူက ထျဲ့ကန်နှင့် ယန်းလီလင်းကို ကြည့်ကာ ဒုတိယအဆင့်အတွက် ပြင်ဆင်လိုက်သည်။ သူက သေခြင်းရှင်ခြင်းစီတန်း အစီအရင်ကို အသက်သွင်းကာ ယန်းလီလင်း၏ အစီအရင်ကို ရင်ဆိုင်လိုက်သည်။ သေခြင်းနှင့် ရှင်ခြင်း အပြောင်းအလဲစွမ်းအားက ရန်သူ၏ အစီအရင်ကို ဖြည်းဖြည်းချင်း တိုက်စားလာ၏။

“ကျစ်” ထျဲ့ကန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“အခု ဘာလုပ်ကြမလဲ”

“သူ အသက်ရှင်နေသေးတယ်ဆိုတာကို ခံစားမိတယ်။ ကျွန်မတို့ လုပ်ရမှာက သူ ပြဿနာကြားက ထွက်လာမဲ့အချိန်အထိ စောင့်ရင်စောင့် မဟုတ်ဘူးဆိုရင် ဟွမ်ယွမ်နဲ့ ဖြေရှင်းပြီးတော့ သူ သုံးထားတဲ့နည်းလမ်းကို ပယ်ဖျက်ခိုင်းဖို့ပဲ”

“ဝမ်ကျူကို စေလွှတ်ချင်တာလား”

“လက်ရှိသူမက ကိုယ်ပွားတစ်ခုအပြင် ဘာမှမပိုဘူး။ သူက သူမ လှုပ်ရှားဖို့ အရမ်းကို စောလွန်းသေးတယ်”

“ဒီလိုဆိုရင် ငါ သွားလိုက်မယ်” ထျဲ့ကန်က တာအိုသက်သေပြပစ္စည်းဖြစ်သည့် သံမဏိလက်အိတ်ကို ဆင့်ခေါ်ကာ အစီအရင်မှ ပျံသန်းထွက်လာသည်။

“မင်းလား။ မင်းလိုလူမျိုးအတွက် အချိန်ဖြုန်းစရာ မလိုဘူး” ဟွမ်ယွမ်က အေးစက်စက် ပြောလိုက်သည်။

“ငါက လက်စားချေဖို့ ရောက်နေတာ။ ငါ့လမ်းကနေ ဖယ်စမ်း”

“ဒီစကားတွေက ငါ့အပေါ် သက်ရောက်မှုရှိမယ်များ ထင်နေလား” ထျဲ့ကန်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။

“ပြီးတော့ ငါ့ကို အလကားလူလို့ ခေါ်တာ မင်းက မဖြစ်သင့်ဆုံးပဲ။ ငါက ကိုယ်တိုင် ငါ့ရဲ့ စွမ်းအားနဲ့ ခွန်အားတွေ ရယူခဲ့ရတာ။ ဒီမျိုးဆက်မှာ မင်းက ဒီစာအုပ် မပါရင် အသုံးမကျဘူးဆိုတာ ဘယ်သူက မသိဘဲ နေလို့လဲ”

ဟွမ်ယွမ်က မျက်မှောင်ကြုတ်လိုက်ပြီးသည့်နောက် ဘာမှမတုံ့ပြန်ပေ။

“ဒီလိုဆိုရင်တော့ မင်းကို အရင် ရှင်းပစ်ရမှာပေါ့”

မရဏလက်ဝါး

သူ့တိုက်ကွက်က ရိုးရှင်းကာ တဲ့တိုးဆန်လှပြီး မရဏစွမ်းအား အမြောက်အများပါဝင်နေသည့် ဧရာမလက်ဝါးတစ်ခု ဖွဲ့စည်းလိုက်သည်။ ထိုလက်ဝါးလမ်းကြောင်းရှိ အရာအားလုံးက ဝိညာဉ်၊ အသွေးအသားနှင့် စွမ်းအားဖြစ်စေ သေဆုံးသွားကြရသည်။

ထာဝရအရှင် စွမ်းအားပဲ…

ထျဲ့ကန်က အမူအရာ အလေးအနက်ဖြင့် တွေးလိုက်မိသည်။ ကံကြမ္မာအရိပ်တပ်ဖွဲ့၏ သတင်းစကားအရ ဟွမ်ယွမ်သည် သေမျိုးနှင့် မသေမျိုးကြားမှ အတားအဆီးကို ချိုးဖောက်နိုင်ချေ ဆယ်ရာခိုင်နှုန်းထက် နည်းကြောင်း သိထားသည်။

ဤသည်က လျှို့ဝှက်နည်းစနစ် သို့မဟုတ် တခြားနည်းလမ်းများ အသုံးပြုခြင်းကို ထည့်တွက်မထားပေ။ သို့သော်လည်း သူက ဤတိုက်ကွက်ကို အလွယ်တကူ ထုတ်သုံးနိုင်သည့်အပေါ် မူတည်၍ သူက အောင်မြင်သွားဟန်ပေါ်၏။

ထျဲ့ကန်၏ နဖူးအထက် သင်္ကေတတစ်ခု ပေါ်ထွက်လာကာ ထိုလက်ဝါးချပ်ကို ထိုးခွင်းလိုက်သည်။ သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် တုန်ခါမှုတစ်ခု ထွက်ပေါ်လာပြီး လက်ဝါးချပ်ကို ပေါက်ကွဲထွက်သွားစေ၏။

“ပွင့်ချပ်တစ်လွှာအဆင့်လား” ဟွမ်ယွမ်က ထျဲ့ကန်ကို လေ့လာရင်း မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် သူက ခေါင်းအသာယမ်းလိုက်၏။

“မင်းက အောင်မြင်မှုတချို့ရှိမယ်လို့ ထင်နေတာ။ တကယ်တမ်းကျတော့ အစီအရင်ရဲ့ ရလဒ် ဖြစ်နေတာပဲ”

ဟွမ်ယွမ်က အစီအရင်သည် ထျဲ့ကန်၏ ခန္ဓာကိုယ်ကို ကောင်းချီးပေးထားပြီး သူ့စွမ်းအားကို ယာယီတိုးမြှင့်ပေးထားကြောင်း ပြောနိုင်လေသည်။

ထျဲ့ကန်က ဖိအားခံစားလာရ၍ မျက်မှောင်ကြုတ်လိုက်သည်။ သူ့လက်ရှိအင်အားက အကန့်အသတ်ရှိကာ ကြာရှည်မခံပေ။ ထို့ကြောင့် အချိန်ဆွဲသည့် တိုက်ပွဲမျိုးက သူ့အတွက် ပိုမိုခက်ခဲလာစေလိမ့်မည်။

ကျစ် ဟွမ်ယွမ်က ဒီအတားအဆီးကို ဘယ်လိုလုပ် ချိုးဖောက်လိုက်တာလဲ…

သူက ဒေါသထွက်နေမိပြီး ဂိုဏ်းနှင့် ခေါင်းဆောင်က သူ့အတွက် ပေးထားသည့်အခြေအနေကောင်းများ ရှိသော်လည်း သူက ကျရှုံးခဲ့ရလေသည်။

စိတ်ငြိမ်ငြိမ်ထား…

ရုတ်ချည်းဆိုသလို သူ့စိတ်ထဲ အသံတစ်သံ ထွက်ပေါ်လာ၏။

ဟွမ်ယွမ်က မင်းရဲ့ အငွေ့အသက်နဲ့ အနေအထားကို အားနည်းအောင် လျှောက်ပြောနေတာ။ သူ့ရဲ့ အင်အားက စာအုပ်ကို သက်တမ်း စတေးပြီးရလာတဲ့ ရလဒ်ပဲ…

ထျဲ့ကန်က မျက်မှောင်ကြုတ်လိုက်သော်လည်း ဘာမှပြန်မပြောပေ။ သို့သော်လည်း သူက ပြန်လည်တည်ငြိမ်လာပြီဖြစ်ကာ သူ့အရှိန်အဝါက ပြောင်းလဲသွား၏။

ဟွမ်ယွမ်က တစ်ဖက်လူ၏ အရှိန်အဝါ အပြောင်းအလဲကို ခံစားမိသည့်အခါ မျက်မှောင်ကြုတ်လိုက်သည်။

ထျဲ့ကန်က ပါးစပ်ဟလိုက်သော်လည်း အသံထွက်မလာပေ။ သို့သော်လည်း ချက်ချင်းဆိုသလို ဟွမ်ယွမ်၏ နှာခေါင်းမှ သွေးများ စီးကျလာ၏။

ငါတောင် အာရုံမခံနိုင်တဲ့ တုန်ခါနှုန်းနဲ့ အသံကို ထုတ်လွှတ်လိုက်တာလား။ ပြီးတော့ ဒီတုန်ခါနှုန်းက ဝိညာဉ်ထိ တိုက်ရိုက်တိုက်ခိုက်နိုင်တယ်…

ရှင်သန်မှုစည်းမျဉ်းက သူ့ခန္ဓာကိုယ်ကို အားဖြည့်ပေးသည့်အတွက် ထိခိုက်မှုက ချက်ချင်းဆိုသလို ကောင်းမွန်သွားသည်။ သူ့ဝိညာဉ်ရှိ ထိခိုက်ဒဏ်ရာလည်း အပါအဝင် ဖြစ်၏။

ငါနဲ့ အသံကို လာပြီး ကစားချင်တာလား…

ဟွမ်ယွမ်က နှာခေါင်းရှုံ့ကာ တွေးလိုက်မိသည်။

မရဏအသံ

သူ့ခန္ဓာကိုယ်မှ အာရုံမခံနိုင်ဖွယ် တုန်ခါနှုန်းတစ်ခု ထွက်ပေါ်လာကာ သူ့လမ်းကြောင်းရှိ အရာအားလုံးကို သတ်ဖြတ်ပစ်နေသည်။ သူက လှုပ်ရှားခြင်း မရှိသလို အသံထွက်ပေါ်ခြင်း မရှိသော်လည်း ပတ်ဝန်းကျင်က ရုတ်ချည်းဆိုသလို ယိုယွင်းကာ ပျက်စီးသွား၏။

ထျဲ့ကန်က သေခြင်းတရား အငွေ့အသက်ကို ခံစားမိလိုက်သော်လည်း ထိုတိုက်ကွက် မည်သို့ရောက်ရှိလာမည်ကို အာရုံမခံနိုင်ပေ။ သူ့အလိုလိုသိစိတ်နှင့် တုန်ခါမှု တာအိုတို့က အသံတိုက်ကွက် ဖြစ်ကြောင်း ပြောနေသော်လည်း သူ့အနေနှင့် နားမလည်ပေ။

ခုခံမှုအသံ

ကုသခြင်းအသံ

အသံက တုန်ခါနှုန်းများ ဖြစ်၏။ အသံတွင် စိတ်၊ ဝိညာဉ်နှင့် စိတ်ဝိညာဉ်အပေါ် ကွဲပြားသည့် သက်ရောက်မှုမျိုးရှိပြီး သူတို့က ပျော်ရွှင်မှု၊ ဒေါသနှင့် လှုံ့ဆော်မှုကဲ့သို့ ခံစားချက်မျိုးစုံကို ဖန်တီးနိုင်သည်။ ယုံတမ်းဒဏ္ဍာရီတချို့တွင် အသံက ကုသနိုင်သည်ဟု ဆိုကြ၏။ ထိုသဘောတရားနှင့် အယူအဆများကို အသုံးပြုကာ ထျဲ့ကန်က တိုက်ပွဲအတွက် ထိုနည်းစနစ်များကို ဖန်တီးခဲ့သည်။

သူ့ခုခံမှုနှင့် ကုသရေးစွမ်းရည်က သိသိသာသာ တိုးမြင့်လာ၏။ သို့သော်လည်း သူ့အတွင်းအင်္ဂါက မရဏစွမ်းအား ဖြည်းဖြည်းချင်း တိုက်စားနေသလိုမျိုး ခံစားလိုက်ရသည်။ ထို့ကြောင့် သူက ဆေးလုံးတစ်လုံး ထုတ်ကာ သောက်သုံးလိုက်ပြီး ဒဏ်ရာများကို ကုသလိုက်၏။

အနည်းဆုံးတော့ သူက ကြိုးစားခဲ့သည်။ ကံဆိုးစွာဖြင့် ထိုဆေးလုံးက ထိုတိုက်ကွက်၏ စွမ်းအားကို အနည်းငယ်မျှသာ နှောင့်နှေးထားနိုင်သည်။

ထျဲ့ကန်က လှုပ်ရှားလိုက်ပြီး အတော်အတန် အရွယ်အစားရှိသည့် စိတ်ကူးယဉ်ကမ္ဘာတစ်ခုကို အစီအရင်သုံးကာ ဖန်တီးလိုက်သည်။ သူက လက်သီးဆုပ်ကာ ထိုးခွင်းလိုက်၏။

စကြဝဠာ၏ တုန်ခါမှု

အစီအရင်က သူ့အား ဤစိတ်ကူးယဉ်ကမ္ဘာကို ယာယီအစစ်အမှန် ကမ္ဘာအဖြစ် ပြောင်းလဲခွင့်ပြုထားသည်။ ထို့နောက် ထျဲ့ကန်က ထိုစကြဝဠာမှ အက်တမ်၊ မော်လီကျူး၊ အမှုန်နှင့် စွမ်းအားတို့ကို တုန်ခါစေပြီး ဟွမ်ယွမ်ဆီ ပို့ဆောင်လိုက်၏။

သူက ဝမ်ဝေ့၏ ကမ္ဘာဖျက်ဆီးခြင်းလက်သီးအပေါ် မူတည်၍ ထိုနည်းစနစ်ကို ဖန်တီးထားခြင်း ဖြစ်သည်။ ကံဆိုးစွာဖြင့် ထျဲ့ကန်က အားကောင်းသည့် ခန္ဓာကိုယ်နှင့် သွေး မရှိသည့် အတွက် အစားထိုးအနေဖြင့် တစ်စုံတစ်ခုကို အသုံးပြုဖို့ လိုအပ်၏။

ဟွမ်ယွမ်က ထိုတိုက်ကွက်နောက်ကွယ်မှ ကြောက်မက်ဖွယ်စွမ်းအားကို ခံစားမိလိုက်၍ အမူအရာ ပျက်ယွင်းသွားသည်။ သူက ချက်ချင်းဆိုသလို တုံ့ပြန်လိုက်၏။

သံသရာ စည်းတံဆိပ်

ကျင့်ကြံသူတစ်ယောက်က သံသရာထဲ ဝင်ရောက်ပြီးသည့်နောက်တွင် အောင်မြင်သည့် ပြန်လည်ဝင်စားမှု ဖြစ်စေဖို့အတွက် သူတို့၏ စွမ်းအားနှင့် မှတ်ဉာဏ်တို့က စည်းပိတ်ခံရလိမ့်မည်။ ဟွမ်ယွမ်က ထိုစွမ်းရည်ကို အသုံးချကာ တိုက်ကွက်၏ နောက်ကွယ်မှ စွမ်းရည်ကို စည်းပိတ်ဖို့ ကြိုးစားပြီး အနက်ရောင်နှင့် အဖြူရောင်ဒိုင်းကာကို သူ့ကို ကာကွယ်ဖို့ ဖန်တီးလိုက်သည်။

ဆုံးဖြတ်ချက် မြန်ဆန်မှုဖြင့် သူက အကောင်းအတိုင်း ရှင်သန်ခဲ့သည်။ သို့သော် သူက မပျော်ရွှင်ပေ။

ထျဲ့ကန်လိုမျိုး လူမျိုးအတွက် ငါက ရုန်းကန်နေရတယ်ဆိုတာကို မယုံနိုင်ဘူး…

သူက လီကျွင်းကို သူနှင့် ညီတူဟု လက်ခံထားသော်လည်း အလွှာနိမ့်က အစေခံဖြစ်သည့် ထျဲ့ကန်ကိုမူ လက်မခံနိုင်ပေ။

ကံဆိုးစွာဖြင့် သူ လက်ခံခြင်း၊ လက်မခံခြင်းက အရေးမပါပေ။ အမှန်တရားက သူ့ရှေ့တွင် ရှိနေ၏။

ထျဲ့ကန်က တည်တည်ငြိမ်ငြိမ်ဖြင့် ဆက်လက် တိုက်ခိုက်လာပြီး တစ်ဖက်လူကို တုံ့ပြန်ဖို့ အခွင့်အရေးပင် မပေးပေ။

အသင်္ချေစည်းမျဉ်း လက်သီးချက်

ထျဲ့ကန်၏ ပင်မတာအိုက တုန်ခါနှုန်း ဖြစ်သော်လည်း သူက လက်သီးတာအိုကို အရန်အဖြစ် ကျင့်ကြံထားခဲ့သည်။ တိုက်ပွဲဝင်တိုင်းပြည်ကမ္ဘာတုန်းက သူက သံမဏိလက်သီးဘုရင် ဟူသည့် ဂုဏ်ပုဒ်ကိုပင် ရရှိခဲ့ပြီး သူ့စိတ်ထဲ စွဲမြဲနေပြီဖြစ်ကာ လက်သီးတာအိုကို ကျင့်ကြံခဲ့သည်။

အသင်္ချေစည်းမျဉ်းလက်သီးက တာအိုနှစ်ခုလုံးတွင် သူ့အောင်မြင်မှု၏ အထွတ်အထိပ်ဟု ဆိုရပေမည်။ သူက လက်သီးစည်းမျဉ်း၏ စည်းမျဉ်းပဲ့တင်သံကို အသုံးပြုကာ မိုးမြေကြားမှ စည်းမျဉ်းကို တုန်ခါဖို့ ဖိအားပေးနိုင်သည်။

ကောင်းကင်အလိုဆန္ဒတိုက်ပွဲက အသင်္ချေအင်ပါယာကမ္ဘာ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့်အတွက် ကျင့်ကြံသူများက စည်းမျဉ်းပဲ့တင်သံကို အသုံးပြုနိုင်သေးသည်။ ထျဲ့ကန်က ထိုအချက်ကို အခွင့်ကောင်းယူကာ ကြောက်မက်ဖွယ် တိုက်ကွက်ကို ဖန်တီးလိုက်ခြင်း ဖြစ်၏။

သူက သူ့ဝိညာဉ်စွမ်းအားအပေါ် အစီအရင်၏ ထောက်ပံ့မှုကြောင့် စည်းမျဉ်းများစွာကို ပဲ့တင်ထပ်မှု အသုံးပြုနိုင်သည်။

ဘန်း

ပတ်ဝန်းကျင်ရှိ ဂလက်ဆီသိန်းချီက ထိုတိုက်ကွက်၏ တုန်ခါစွမ်းအားကြောင့် ပေါက်ကွဲထွက်သွားသည်။ ထိုတိုက်ကွက်က လမ်းတွင်ရှိသမျှအရာအားလုံးကို အမှုန့်ချေပစ်ခဲ့၏။ ဖရိုဖရဲဖြစ်ကာ ကျန်နေသည့် ဟွမ်ယွမ်သာ ချွင်းချက် ဖြစ်သည်။

သူ့သေခြင်းရှင်ခြင်းစီတန်း အစီအရင်ပင် ထိုတိုက်ကွက်၏ စွမ်းအားကို မခုခံနိုင်သည့်အတွက် သူ့တပ်ဖွဲ့အများစုက အသုတ်သင်ခံလိုက်ရသည်။ သို့သော်လည်း ဟွမ်ယွမ်က ဂရုမစိုက်ပေ။ သူက ထိုသူများကို အကြိမ်ရေတချို့ အသက်ပြန်သွင်းနိုင်သေး၏။

သူက ထျဲ့ကန်ကို သွေးဆာသည့် အကြည့်များဖြင့် ကြည့်လိုက်ပြီး

“မင်း ပြန်လည် ပေးဆပ်စေရမယ်”

သူ့အသံက ဩထွက်လာပြီး ဒေါသကို ချိုးနှိမ်ဖို့ ကြိုးစားနေဟန်ပေါ်သည်။

နာနိုစက္ကန့်ပိုင်းလေးအတွင်း ဟွမ်ယွမ်က သူ့ခန္ဓာကိုယ်ထဲမှ မရဏစွမ်းအားကို စုစည်းပြီး သေခြင်းရှင်ခြင်း၏ ဆွဲဆောင်မှုကို အသုံးပြုကာ သက်ရှိဖြစ်နေ၍ ရှင်သန်မှုစွမ်းအားပါဝင်နေသည့် ထျဲ့ကန်ရှေ့မှောက် ချက်ချင်းပေါ်ထွက်လာသည်။

သူက ထျဲ့ကန်ကို လည်ပင်းမှ ဆွဲဖို့ ကြံရွယ်လိုက်သော်လည်း ထိုသူက မလှုပ်ရှားပေ။

ထျဲ့ကန်၏ စိတ်ထဲတွင် ရှိနေသည့်အရာက

သေခြင်းရှင်ခြင်းတာအိုက ဒီလိုမျိုး ကူးသန်းသွားလာနိုင်တာပဲ…

သူ့စိတ်ထဲ ထိုသူက အဘယ်ကြောင့် အားကောင်းနေလဲဟု စဉ်းစားမိနေစဉ် သူ့ခန္ဓာကိုယ်က မလှုပ်ရှားမိသလို သူ့ဆီ ကျရောက်လာသည့် လက်ကိုသာ ကြည့်နေပေးသည်။

ဘန်း

ဟွမ်ယွမ်က ဆေးပြင်းမီးဖိုတစ်ခု ရုတ်ချည်းပေါ်ထွက်လာကာ သူ့အား တားဆီးလိုက်သည်ကို ကြည့်ရင်း နောက်လွင့်စင်သွားသည်။ သူက ယန်းလီလင်းကို အမုန်းတရားအပြည့်ဖြင့် ကြည့်လိုက်သည်။

“ဟန်ဆောင်မနေနဲ့။ တကယ်လို့ ကျွန်မ ခန့်မှန်းတာသာ မှန်တယ်ဆိုရင် ရှင့်ရည်ရွယ်ချက်က လက်စားချေဖို့ မဟုတ်ဘဲနဲ့ ထျဲ့ကန်ကို ဖမ်းဆီးဖို့ပဲ” ယန်းလီလင်း နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

“ဒါပေါ့ ငါက သူ့ကို ဖမ်းဆီးချင်တာပေါ့။ ဒီလိုပါမွှားလေးက ငါ့ကို ဒဏ်ရာရအောင် လုပ်ရဲတယ်လား”

“မဟုတ်ဘူး။ ရှင့်ရဲ့ ဒီကိုရောက်လာတဲ့ ရည်ရွယ်ချက်ကိုက သူ့အတွက်ပဲ” သူမက ပြန်လည်ပြောလိုက်သည်။

“ဘာကြောင့်လဲလို့ စဉ်းစားနေမိတာ” ယန်းလီလင်းက သူ့ရည်ရွယ်ချက်ကို ဖော်ထုတ်ဖို့ ကြိုးစားနေဟန်ပေါ်၏။

ဟွမ်ယွမ်၏ အမူအရာက အတူတူ ကျန်ရှိနေသော်လည်း သူ့စိတ်ထဲတွင် အတွေးများစွာ ဖြတ်ပြေးသွားလေ၏။ သူမ ပြောသည်က မှန်ကန်နေသည်။ သူ့အဓိက ရည်ရွယ်ချက်က အစကတည်းက ထျဲ့ကန်ကို ဖမ်းဆီးဖို့ ရောက်ရှိလာခြင်း ဖြစ်၏။ ထို့ကြောင့် မိုရှင်းယွင်၏ အမြှောက်စာ ဖြစ်ပြီး တိုက်ပွဲကို ထိန်းချုပ်ရန် ကူညီပေးဖို့ သဘောတူညီလိုက်ခြင်း ဖြစ်သည်။ ထိုအခါမှ ထျဲ့ကန်ကို ချဉ်းကပ်နိုင်မည် ဖြစ်၏။

အစီအစဉ်က အဆင်မပြေတော့ဘူးပဲ…

သူက သူ့ပင်ကိုစွမ်းရည်ကြောင့် ထိုသူကို ဖမ်းဆီးလိုခြင်း ဖြစ်၏။

ဟွမ်ယွမ်က လတ်တလောလေးအတွင်း သေခြင်းရှင်ခြင်းစာအုပ်၏ စွမ်းအားကို သူ့ကိုယ်ပိုင်အဖြစ် အပြည့်အဝ စုပ်ယူနိုင်မည့် ထူးကဲသည့် နည်းစနစ်တစ်ခုကို ကံအပြောင်းအလဲ အခွင့်အရေးအဖြစ် ရှာတွေ့ခဲ့သည်။ အောင်မြင်မှုအပေါ် မူတည်၍ သူ့စွမ်းအားနှင့် အလားအလာတို့က သိသိသာသာ တိုးမြင့်သွားပြီဖြစ်ကာ စာအုပ်ကို လိုအပ်တော့မည် မဟုတ်ပေ။

ကံဆိုးစွာဖြင့် ထိုနည်းစနစ်က သေခြင်းရှင်ခြင်းနှင့် သက်ဆိုင်နေသည့် ပင်ကိုစွမ်းရည်ရှိသည့် တစ်စုံတစ်ယောက်ကို စုပ်ယူဖို့ ဖြစ်၏။

ဟွမ်ယွမ်က ထိုနည်းစနစ်ကို ရရှိပြီးသည့်နောက်တွင် စိတ်လှုပ်ရှားမိသော်လည်း ပင်ကိုစွမ်းရည်ရှိသည့်သူက ဝမ်ဝေ့၊ တိထျန်း၊ လီကျွင်းနှင့် ထျဲ့ကန်အပါအဝင် လူတချို့သာရှိကြောင်း မသိခင်အထိသာ ဖြစ်၏။

သူက ပထမနှစ်ယောက်ကို ဖမ်းဆီးဖို့ မလွယ်ကူကြောင်း သိထားလေသည်။ သူက လီကျွင်းနှင့် အောင်မြင်နိုင်ချေ မပြောပလောက်အောင် နည်းပါးနေသည့်အတွက် အဖွဲ့ထဲရှိ အားအနည်းဆုံးဖြစ်သည့် ထျဲ့ကန်ကို မျက်စိကျသွားခဲ့သည်။

ကံဆိုးစွာဖြင့် ထိုသူက မကောင်းဆိုးဝါးများ၏ ဝန်းရံမှုကို ခံထားရလေသည်။ ထို့ကြောင့် သူက ကြိုတင်စီစဉ်ထားကာ စွန့်စားခြင်း ဖြစ်၏။

***

All Chapters