← Chapters

ဝဋ်လည်ခြင်း *

Vol. 55 Ch. 764

ဝဋ်လည်ခြင်း *

Vol. 55 Ch. 764

ဟွမ်ယွမ်က အချိန်က အသက်ဖြစ်ကြောင်း သိသည့်အတွက် ဆုံးဖြတ်ချက် ပြတ်ပြတ်သားသားဖြင့် အားအကောင်းဆုံး တိုက်ကွက်ကို ထုတ်သုံးဖို့ ဆုံးဖြတ်လိုက်သည်။

မရဏ မိုးကြိုး

သူက မိုးကြိုးနှင့် သက်ဆိုင်သည့် ရုပ်ခန္ဓာရှိထားပြီး သေခြင်းရှင်ခြင်းစာအုပ် မရခင် မိုးကြိုးတာအိုကို ကျင့်ကြံခဲ့သည်။ ထို့ကြောင့် သူက ထိုတာအိုကို အပြီးတိုင် စွန့်ပယ်ခြင်း မရှိဘဲ အရန်စည်းမျဉ်းအနေဖြင့် ကျင့်ကြံခဲ့သည်။ ဤတိုက်ကွက်အတွက်မူ သူက မြင့်မားသည့် အဆင့်သို့ ရောက်ဖို့ တာအိုနှစ်ခုကို ပေါင်းစပ်ထားခြင်း ဖြစ်၏။

ဟွမ်ယွမ်၏ ရှေ့တွင် အနက်ရောင် ဧရာမ မိုးကြိုးချက်တစ်ခု ပေါ်ထွက်လာသည်။ သူ့လက်တစ်ချက်အဝှေ့တွင် ထျဲ့ကန်နှင့် ယန်းလီလင်းဆီ ပစ်လွှတ်လိုက်၏။

ဝုန်း

အာကာပြင်အတွင်း ပဲ့တင်ထွက်သွားစေသည့် မိုးကြိုးသံက ထွက်ပေါ်လာပြီး အနက်ရောင် စွမ်းအင်လှိုင်းများက ပျံ့နှံ့သွားပြီး လမ်းကြောင်းတွင် ရှိသမျှအရာအားလုံးကို သုတ်သင်ပစ်နေသည်။ ကံဆိုးစွာဖြင့် ယန်းလီလင်းနှင့် ထျဲ့ကန်တို့က ပေါက်ကွဲမှုအလယ်တွင် အကောင်းအတိုင်း ကျန်ရှိနေပြီး သူတို့၏ ခေါင်းအထက်တွင် ဆေးပြင်းမီးဖိုတစ်ခု မြောလွင့်နေ၏။

ဘာလဲ ဒီတိုက်ကွက်က ပွင့်ချပ်သုံးလွှာအဆင့်လောက် ရှိတယ်။ ဒါပေမဲ့ သူမက ခြစ်ရာတောင် မရှိဘူး…

ဟွမ်ယွမ်က တွေးလိုက်မိသည်။ သူက ဤသို့ပြင်းအားကို ရရှိဖို့အတွက် သက်တမ်းသန်းရာချီကို စတေးခဲ့ရသည်။ သို့သော် တစ်ဖက်လူက သူ့တိုက်ကွက်ကို အလွယ်တကူ တားဆီးနိုင်လိုက်၏။

“အားလုံးက မင်းကို ဆေးပညာမှာပဲ ထူးချွန်တယ်လို့ ထင်နေကြတာ။ တကယ်တမ်းတော့ လျှော့တွက်နေမိတဲ့ပုံပဲ” ဟွမ်ယွမ်က အံကြိတ်ကာ ပြောလိုက်သည်။

“အမှန်ပဲ” ယန်းလီလင်းက ပြောလိုက်သည်။ ကမ္ဘာကြီးက သူမအား ပါရမီ ရှိသည့် ဆေးဝါးပညာရှင်နှင့် ဝမ်ဝေ့တို့အဖွဲ့၏ ထောက်ပံ့ပို့ဆောင်ရေး စီမံသူအဖြစ် သိကြလေသည်။ သို့သော်လည်း ဂိုဏ်းကသာ သူမ၏ တိုက်ပွဲစွမ်းအားနှင့် ယေဘုယျ စွမ်းရည်အားလုံးကို သိထား၏။

သူမက ဆေးပြင်းမီးဖိုကိုးခု ပညာရပ်ကို ဖန်တီးခဲ့ပြီး ဆေးဝါးပညာရှင်များအတွက် အထွတ်အထိပ်ကျမ်းတစ်ခုအဖြစ် မှတ်ယူနိုင်လေသည်။ ယန်းလီလင်း၏ ကျမ်းက အားလုံးကို ခြုံငုံထား၍ ဖြစ်သည်။ သူမက ဆေးဝါးနှင့် တိုက်ပွဲနည်းစနစ်များကိုပင် ထည့်သွင်းထားခဲ့သည်။

သူမ၏ ကျမ်းမှတဆင့် သူမသည် သက်ရောက်မှုအမျိုးမျိုးရှိသည့် ဆေးပြင်းမီးဖိုများကို ဖန်တီးနိုင်သည်။ နမူနာအားဖြင့် သူမသည် လက်ရှိခုခံရေးဆေးပြင်းမီးဖိုကို အသုံးပြုခဲ့သော်လည်း သူမတွင် နောက်ထပ် ရည်ရွယ်ချက်အမျိုးမျိုးအတွက် ဆေးပြင်းမီးဖိုအမျိုးမျိုး ရှိနေသေးသည်။

“ဟွမ်ယွမ် ဒီကိုလာတာက ရှင့်အတွက် အကြီးမားဆုံးအမှားပဲ” ယန်းလီလင်းက နီရဲတောက်နေသည့် ဒုတိယဆေးပြင်းမီးဖိုကို ဖော်ထုတ်ရင်း ကြေညာလိုက်သည်။

မီးတောက် ဆေးပြင်းမီးဖို

ယန်းလီလင်းက ဆေးဝါးပညာရှင် ဖြစ်သည့်အတွက် ဤဆေးပြင်းမီးဖိုကို အသုံးအများဆုံး ဖြစ်ပေသည်။ သို့သော် ဆေးလုံး ဖော်စပ်ဖို့ရာအတွက်ပင် မကပေ။ ထိုအရာမှ ကြည်လင်ကာ ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် မီးတောက်တစ်ခု ထွက်ပေါ်လာ၏။

“ဟွင်သွမ်းမီးတောက် အမြင့်ဆုံးအဆင့်အထိ ပျိုးထောင်ထားတာပဲ” ဟွမ်ယွမ်က အမူအရာ ပျက်ယွင်းသွား၏။ ဟွင်သွမ်းမီးတောက်က သက်တံလိုမျိုး အရောင်မျိုးစုံအဖြစ် ဖန်တီးနိုင်သည်။ သို့သော်လည်း အမြင့်ဆုံးအဆင့်အထိ ပြုစုပျိုးထောင်ပြီးသည်နှင့် အရောင်မဲ့သွားလိမ့်မည်။

ဝမ်ဝေ့က ဟွင်သွမ်းမီးတောက်ကို သူ့နှလုံးသားအတွင်း ပေါင်းစပ်ကာ ခန္ဓာကိုယ်ကို လေ့ကျင့်ပေးခဲ့သည်။ သို့သော်လည်း သူက ထိုကောင်းကင်မီးတောက်ကို လေ့ကျင့်ပေးဖို့ အချိန်မရှိသည့်အတွက် သူ ကိုယ်တိုင် မစုပ်ယူခင် ယန်းလီလင်းအား မျိုးစေ့ပေးခဲ့သည်။ ထို့အပြင် သူက မီးတောက်ဧကရာဇ်၏ ဟွင်သွမ်းမီးတောက်အပေါ် နားလည်နိုင်စွမ်းကို ရရှိထားသည်နှင့် ယန်းလီလင်းကို ပေးခဲ့လေသည်။

ယန်းလီလင်း၏ ထိန်းချုပ်မှုအောက်တွင် အရောင်မဲ့မီးတောက်က ဇာမဏီအဖြစ် ပြောင်းလဲသွားပြီး ဟွမ်ယွမ်ဆီ ပျံသန်းရောက်ရှိလာသည်။

သူက ဟွင်သွမ်းမီးတောက်သည် ဓာတ်အမျိုးမျိုးအဖြစ် ပြောင်းလဲနိုင်သလို ကြောက်မက်ဖွယ် လောင်ကျွမ်းနိုင်စွမ်းရှိကြောင်း သိထားသည်။

ထိုအရာက အသက်ဓာတ်မီးတောက်၊ ဖျက်ဆီးခြင်း မီးတောက်၊ မိုးကြိုးမီးတောက်၊ သန့်စင်ရေးမီးတောက် အစရှိသဖြင့် ပြောင်းလဲနိုင်သည်။ ဟွင်သွမ်းမီးတောက်ကို ထိုသို့အဆင့်ရောက်ဖို့ ကျင့်ကြံရန် အလွန်ခက်ခဲသော်လည်း လူတချို့က အောင်မြင်ကြလေသည်။ အထူးသဖြင့် မီးတောက်ဧကရာဇ်လိုမျိုး ဖြစ်၏။

မရဏ ဒိုင်းကာ

ဟွမ်ယွမ်က သူ့ကို ကာကွယ်ဖို့ အနက်ရောင်ဒိုင်းကာတစ်ခုကို ဖန်တီးလိုက်ရသည်။ သူက မရဏစွမ်းအားကို အသုံးပြုကာ တိုက်ကွက်ကို တားဆီးရင်း မီးတောက်ဆီ သေခြင်းတရားကို ယူဆောင်လာခဲ့၏။ ကံဆိုးစွာဖြင့် ယန်းလီလင်းက ဝမ်ဝေ့နှင့်လီကျွင်းတို့၏ အိပ်မက်နည်းစနစ်ကြောင့် တိုက်ပွဲအတွေ့အကြုံ လစ်ဟာမနေပေ။

သူမက ဟွင်သွမ်းမီးတောက်ကို ဟွမ်ယွမ်၏ မရဏဓာတ်နှင့် ဆန့်ကျင်ဘက်ဖြစ်သည့် အသက်ဓာတ် မီးတောက်အဖြစ် ပြောင်းလဲလိုက်ပြီး ဟွမ်ယွမ်ကို ထိပ်တိုက်တွေ့ဆုံလိုက်သည်။ ဟွမ်ယွမ်က သူ့ဒိုင်းကာကို ရှင်သန်မှုဒိုင်းကာအဖြစ် ဓာတ်သဘာဝကို ချက်ချင်းပြောင်းလဲလိုက်၏။ ယန်းလီလင်းကလည်း တူညီစွာ လုပ်ဆောင်လိုက်ပြီး သူမ၏ မီးတောက်ကို မရဏဓာတ်အဖြစ် ပြောင်းလဲလိုက်ပြီး သူ့ကို လွှမ်းမိုးထားဆဲ ဖြစ်သည်။

နောက်ဆုံးတွင် ဟွမ်ယွမ်က သေခြင်းနှင့်ရှင်ခြင်း တာအိုပေါင်းစပ်မှုဖြစ်သည့် သံသရာစွမ်းအားကို အသုံးပြုလိုက်ရသည်။ ယန်းလီလင်းက တဲ့တိုးဆန်ကာ လွှမ်းမိုးမှုအားကောင်းသည့် နည်းလမ်းကို ရွေးချယ်ခဲ့၏။ သူမက မီးတောက်ဇာမဏီကို ဖျက်ဆီးခြင်းဓာတ်အဖြစ် ပြောင်းလဲကာ တစ်ဖက်လူအပေါ် လွှမ်းမိုးဖို့ ကြိုးစားခဲ့သည်။

ဘန်း

ဟွမ်ယွမ်က မီးလောင်ကျွမ်းရာများဖြင့် အလင်းနှစ်များစွာ လွင့်စင်ထွက်သွားသည်။ သူက သူ့ကို ကာကွယ်ဖို့အတွက် စာအုပ်ကို အသက်သွင်းရန် အသက်ဓာတ်ကို စတေးလိုက်သည့်အတွက် ဆံပင်များက အဖြူရောင်နီးပါး ဖြစ်လာသည်။

“ကျစ်” သူက ကုသရေးမှ တားဆီးနေသည့် စွမ်းအားတစ်ခုကို ခံစားမိ၍ ကျိန်ဆဲမိလိုက်သည်။

ဖြုန်းတီးဖို့ အချိန်မရှိဘူး…

သူက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် အမှောင်ထုကို အလင်းဖြာကျသွားစေမည့် ရွှေရောင်ဓားတစ်လက်ကို ဖန်ဆင်းလိုက်သည်။ ထိုဓားက ဖန်တီးလိုက်သည်နှင့် အာရုံဗဟိုချက်တစ်ခု ဖြစ်လာခဲ့သည်။

“ဒီအငွေ့အသက်က” ထျဲ့ကန်က ရေရွတ်လိုက်သည်။

“ဒါက တာအိုလက်နက်ပဲ” ယန်းလီလင်းက အမူအရာ ပျက်ယွင်းလျက် ပြောလိုက်သည်။ သူမက အနိမ့်ဆုံး အဆင့်တစ် တာအိုဘိုးဘေး၏ တိုက်ကွက်ကို မတားဆီးနိုင်ကြောင်း သိထားသည့်အတွက် ဟွမ်ယွမ် တိုက်ခိုက်လာခြင်းကို ကာကွယ်ဖို့ အလျင်အမြန် လှုပ်ရှားလိုက်သည်။

ဆေးပြင်းမီးဖို ဖိသိပ်ခြင်း

ဆေးဝါးပညာရှင်များက ဆေးပင်များကို ဆေးလုံးအဖြစ် ဖန်တီးဖို့ သန့်စင်ရေးဖြစ်စဉ်အတွင်း ငွေ့ရည်ဖွဲ့ရသည်။ ထို့ကြောင့် ယန်းလီလင်းက ထိုကဏ္ဍအပေါ် မူတည်၍ ထူးကဲသည့် ဆေးပြင်းမီးဖိုကို ဖန်တီးခဲ့သည်။ ထိုအရာက ရန်သူအား အဖက်ဖက်မှ ချေမွပစ်နိုင်သည့် စွမ်းအားပြင်း အင်အားတစ်ခုကို ထုတ်လွှတ်နိုင်ပြီး ဆေးလုံးသဏ္ဍာန်အဖြစ် ပြောင်းလဲပစ်လိမ့်မည်။

သူမ၏ ရည်ရွယ်ချက်က ဟွမ်ယွမ်ကို သတ်ဖို့ မဟုတ်ဘဲ ဆေးပြင်းမီးဖို၏ ဖိနှိပ်ဖွယ်အင်အားကို အသုံးပြုကာ သူ့အား မလှုပ်ရှားနိုင်စေပဲ ဒါကို အသက်မသွင်းနိုင်စေဖို့ ဖြစ်သည်။ နှမြောစရာကောင်းလှသည်က ဟွမ်ယွမ်က သူမ၏ တိုက်ကွက်ကို အလွယ်တကူ တားဆီးပြီး သူ့ဇနီးဖြစ်သူနှင့်အတူ နောက်ဆုတ်လိုက်သည်။

သူက နာကျင်မှုနှင့် ဒဏ်ရာကို သူမဆီ လွှဲပြောင်းပေးပြီး ဓားဖြင့် တိုက်ဖို့ ကြံရွယ်လိုက်သည်။ ယန်းလီလင်းက မတားဆီးနိုင်ကြောင်း သိထားသည့်အတွက် ဝမ်ဝေ့က ဝင်ရောက်စွက်ဖက်လာရလိမ့်မည်။ ထိုသူက သူမအား ကာကွယ်နေစဉ် သူက ထျဲ့ကန်ကို ပြန်ပေးဆွဲကာ ထွက်ပြေးလိုက်မည်။

ဖွီ

ဟွမ်ယွမ်က အံ့အားသင့်သည့် အမူအရာမျိုး ရှိနေလေ၏။ သူက ခေါင်းငုံ့ကြည့်လိုက်သည့်အခါ သူ့ခန္ဓာကိုယ်ထဲ လက်တစ်ချောင်း ထိုးဖောက်ကာ အတွင်းအင်္ဂါများ ဖျက်ဆီးခံထားရသည်ကို တွေ့လိုက်ရသည်။ သူက သူ့ဇနီးဟောင်းဖြစ်သူ ဖန်ချင်းဟန်ဆီ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်စဉ် သူမက အမုန်းတရားအပြည့် အေးစက်စက်အကြည့်မျိုးဖြင့် ကြည့်နေသည်။

“မင်း ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” သူက ပါးစပ်ထောင့်မှ သွေးများစီးကျလာကာ ပြောလိုက်သည်။

ဖန်ချင်းဟန်က ပြန်မဖြေပေ။ သူမက သူ့မျက်ဝန်းအား အမုန်းတရားအပြည့်ဖြင့်သာ စိုက်ကြည့်နေ၏။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” ဟွမ်ယွမ်က မေးလိုက်ပြီး နားမလည်နိုင်ဖြစ်နေမိသည်။ သူမကို သူ ထားရှိသည့် နာကျင်မှုများကို ခံစားနိုင်သည့် အသိစိတ်တစ်ခုသာ ချန်ထားခဲ့သည့် နာခံလွယ်သော ရုပ်သေးရုပ်အဖြစ် ပြောင်းလဲထားပြီးသား ဖြစ်၏။

ထို့နောက် သူက ရုတ်ချည်းဆိုသလို တစ်စုံတစ်ခုကို အမှတ်ရသွားခဲ့သည်။

“ဝမ်ဝေ့ပဲ ဟုတ်တယ်မလား” သူက ရူးသွပ်နေသည့် အကြည့်များဖြင့် ပြောလိုက်သည်။

“ရှင်းလင်းရေးမှာ ငါ့ကို ကယ်ခဲ့တုန်းက ငါနဲ့ မင်းအပေါ်မှာ ကံကြွေးထားခဲ့တယ်။ အဲဒါကို အသုံးပြုပြီးတော့ ငါ့ထိန်းချုပ်မှုအောက်ကနေ မင်းကို လွှတ်ပေးလိုက်တာပဲ။ အဲဒါကြောင့် ဒီလိုလက်ရှိသစ္စာဖောက်မှုကို ဖြစ်လာစေတာ”

ဖန်ချင်းဟန်က ဘာမှမပြောပေ။ သူမက စကားမပြောရသည်မှာ ကြာမြင့်လှပြီလား ဒါမှမဟုတ် ပြောချင်လိုစိတ် မရှိသည်လား မသိရပေ။ ထိုစဉ် ဟွမ်ယွမ်က မလှုပ်ရှားနိုင်တော့ဘဲ အမည်မသိစွမ်းအားတစ်ခုက သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်ဆီ ကျူးကျော်လာကြောင်း ခံစားမိလိုက်သည်။

ကျိန်စာလား…

သူက အမူအရာ ပျက်ယွင်းလျက် တွေးလိုက်မိသည်။ သူက မတုံ့ပြန်နိုင်ခင် စတင် အော်ညည်းလိုက်ရ၏။ ဘေးဝန်းကျင်ရှိ ဂလက်ဆီများကိုပင် ကြေမွသွားစေနိုင်သည့် ဖော်မပြနိုင်ဖွယ် နာကျင်မှုပါဝင်နေသည်။

ဟွမ်ယွမ်က သူ့ခန္ဓာကိုယ်၊ ဝိညာဉ်နှင့် စိတ်ထဲ အဆိုးရွားဆုံး နာကျင်မှုကို ခံစားမိစဉ် နာကျင်မှုက ပြင်းထန်လွန်း၍ သေချင်လိုက်တော့သည်။ အမှန်တော့ နာကျင်မှုကသာ သူ့အား ခန္ဓာကိုယ်ထိန်းချုပ်ဖို့ မနှောင့်နှေးထားခဲ့လျှင် ကိုယ့်ကိုယ်ကို သတ်သေမိလောက်၏။

ထိုစဉ် ဖန်ချင်းဟန်က သူ့ကို တည်တည်ငြိမ်ငြိမ်သာ ကြည့်နေလေသည်။ သူက ဝမ်ဝေ့ သင်ပေးထားသည့် နာကျင်မှုကျိန်စာဟု ခေါ်ဆိုသည့် နည်းစနစ်ကို အသုံးပြုခဲ့ပြီး သူမဘဝတွင် နာကျင်ခံစားခဲ့သမျှ အရာအားလုံးကို သူ့ဆီ လွှဲပြောင်းပေးခြင်း ဖြစ်၏။

သူမက ဘာတွေ တွေ့ကြုံခံစားခဲ့ရတာလဲ…

သူမ၏ ဘဝက အိပ်မက်ဆိုး ဖြစ်ခဲ့သည်။ ဟွမ်ယွမ်က သူမ၏ ခန္ဓာကိုယ်၊ ဝိညာဉ်နှင့် စိတ်ကို ဖျက်ဆီးခဲ့၏။ သူမအား လူသားတစ်ယောက်အတွက် အဆိုးရွားဆုံး နှိပ်စက်မှုမျိုးကို တွေ့ကြုံခံစားရစေဖို့ သေချာအောင် လုပ်ဆောင်ခဲ့ပြီး သူမ၏ သစ္စာဖောက်မှုအတွက် တန်ကြေးအဖြစ် သတ်မှတ်ခဲ့သည်။

နေ့စဉ်နေ့တိုင်း သူမက မျှော်လင့်ချက် ကုန်ဆုံးသည့်ဘဝတွင် နေထိုင်ပြီး ဤနာကျင်မှုအားလုံး အဆုံးသတ်သွားဖို့သာ ဆုတောင်းနေမိခဲ့သည်။ သို့သော် သူက သတ်ဖို့ရာ ငြင်းဆန်ပြီး နာကျင်မှုများမှ မလွတ်မြောက်စေခဲ့ပေ။ ထိုအစား ပိုမိုနှိပ်စက်ခဲ့သည်။ ဖန်ချင်းဟန်က ဒီလိုမျိုး နှစ်၂သိန်းကျော် နေထိုင်ခဲ့ရသည်။

ယခုတွင် ဟွမ်ယွမ်က သူမ၏ နာကျင်မှုဒုက္ခများကို ခံစားနေရပြီ ဖြစ်၏။ စိတ်ပိုင်းဆိုင်ရာအရရော ရုပ်ပိုင်းဆိုင်ရာအရပါ ဖြစ်သည်။

ထိုဖြစ်စဉ်က နာရီဝက်မျှ ကြာမြင့်ပြီးနောက် အော်သံက အဆုံးသတ်သွားသည်။ ထို့နောက် ဖန်ချင်းဟန်က ငြိမ်းအေးသွားဟန်ပေါ်သည်။ သူမက ခင်ပွန်းဟောင်း၏ အလောင်းကို ကြည့်ပြီးသည့်နောက်တွင် ဝမ်ဝေ့ရှိရာ အဝေးတစ်နေရာသို့ လှမ်းကြည့်လာသည်။

သူမက လက်နှစ်ဖက်ယှက်ပြီးသည့်နောက်တွင် ၉၀ ဒီဂရီ ဦးညွှတ်လိုက်၏။ နောက်ဆုံးတွင် သူမ၏ ခန္ဓာကိုယ်က အလင်းပြောက်များအဖြစ် ပြောင်းလဲသွားကာ မိုးမြေကြား ပျောက်ကွယ်သွားသည်။ ဖန်ချင်းဟန်က သူမဘာသာသူမ သတ်သေလိုက်ပြီး ဝိညာဉ်ကိုပင် အပြီးတိုင် ရှင်းထုတ်ပစ်ခဲ့သည်။

ဤသို့လူမဆန်သည့် ဘဝတွင် နေထိုင်ပြီးသည့်နောက်တွင် သူမက အသက်ရှင်သန်ဖို့ စိတ်ဆန္ဒ ပျောက်ဆုံးသွားခဲ့သည်။ သူမက ပြန်လည်ဝင်စားခြင်းကို တားဆီးဖို့အတွက် ဝိညာဉ်ကိုပင် ဖျက်ဆီးပစ်ခဲ့၏။ သူမက အတိတ်ဘဝကို ပြန်လည် အမှတ်မရလိုတော့ပေ။

သူမ သေဆုံးပြီးသည့်နောက်တွင် အရှေ့ဘက်အခြမ်းတစ်ခုလုံး မှုန်မှိုင်းလာဟန်ပေါ်သည်။ ကံဆိုးစွာဖြင့် ဘဝက ဆက်လက် နေထိုင်ရဦးမည် ဖြစ်၏။ သူမ၏ ဝမ်းနည်းဖွယ်ဇာတ်ကြောင်းက ဤကျယ်ပြောကာ အဆုံးသတ်မလှသည့် စကြဝဠာအတွင်း ဇာတ်ကြောင်း ထရီလီယံများထဲမှ တစ်ခု ဖြစ်လာလိမ့်မည်။

ဟွမ်ယွမ်၏ အလောင်းမှ စာအုပ်တစ်အုပ် ထွက်ပေါ်လာ၏။ ထိုအနီးနားရှိ အာကာပြင်က ရုတ်ချည်းဆိုသလို တွန့်ချိုးသွားကာ စာအုပ်က ကူးသန်းပြောင်းရွှေ့ခံရတော့မည့်ဟန် ပေါ်နေသည်။ သို့သော်လည်း ဟွမ်ယွမ်၏ ခန္ဓာကိုယ်မှ အနီရောင်ကြိုးမျှင်တစ်ခု ထွက်ပေါ်လာကာ စာအုပ်ကို ချည်နှောင်ထား၏။ ထို့နောက် အဝေးတစ်နေရာသို့ ဆွဲခံလိုက်ရသည်။

ထို့နောက် ဝမ်ဝေ့က မျက်လုံးဖွင့်လာကာ သူ့ရှေ့တွင် မြောလွင့်နေသည့် စာအုပ်ကို ကြည့်လိုက်သည်။

“မင်းရဲ့ တကယ့်ကံကြမ္မာက ငါ့ဆီမှာ ရှိနေတာ” သူက အပြုံးလေးဖြင့် ပြောလိုက်သည်။

ထို့နောက် သူက တစ်စုံတစ်ခုကို ခံစားမိလိုက်၍ မျက်မှောင်ကြုတ်ကာ အဝေးတစ်နေရာသို့ လှမ်းမကြည့်ခင် စာအုပ်ကို သိမ်းဆည်းလိုက်သည်။

***

All Chapters