← Chapters

အောင်းရှန်၏ ရည်ရွယ်ချက်များ

Vol. 55 Ch. 768

အောင်းရှန်၏ ရည်ရွယ်ချက်များ

Vol. 55 Ch. 768

တိုက်ပွဲကွင်းပြင်၏ အပြင်ဘက်

အသင်္ချေအင်ပါယာကမ္ဘာ၏ အင်အားစုအသီးသီးက တိုက်ပွဲကို ကြည့်နေရင်း တုံ့ပြန်မှုအမျိုးမျိုး ရှိနေကြသည်။ တိုက်ပွဲက ယခုမှစတင်ခါစ ဖြစ်သော်လည်း ထိပ်တန်းပြိုင်ပွဲဝင် နှစ်ယောက်က သုတ်သင်ခံလိုက်ရပြီ ဖြစ်၏။

တိုက်ပွဲအများစုအတွင်း လျှို့ဝှက်ကောင်းကင်မျှော်နန်းက သတင်းအချက်အလက်နှင့် ပတ်သက်ပြီး အဆင့်ဇယားများကို ထုတ်ဖော်လေ့ရှိသည်။ သို့သော်လည်း သူတို့က ဤမျိုးဆက်အတွင်း လောင်ချူးက တိထျန်းအတွက် အနာဂတ်ကို ဂမ္ဘီရတွက်ချက်ပြီးသည့်နောက်တွင် ဝမ်ဝေ့ကို ရန်စမိခဲ့သည်။

ဝမ်ဝေ့က သူ့အထွတ်အထိပ် တားမြစ်ခံစစ်ဆေးမှုကြောင့် မျှော်နန်းဆီ ရောက်ရှိလာပြီးသည့်နောက်တွင် သူတို့က ဂိတ်တံခါးပိတ်ကာ ဤမျိုးဆက်အတွင်း ဝင်ရောက်မစွက်ဖက်ဖို့သာ ဆုံးဖြတ်လိုက်ကြသည်။ ထို့ကြောင့် တခြားအင်အားစုများက ကြိုတင်မှန်းဆချက်တချို့ ပြုလုပ်လာကြ၏။

သို့သော်လည်း ထိုစာရင်းကို မည်သူက လုပ်စေကာမူ ဟွမ်ယွမ်နှင့် ရှောင်စုန့်ရှီလိုမျိုး လူမျိုးက ထိပ်တန်းအယောက် ၂၀ အတွင်း ဝင်ရောက်လိမ့်မည်။ သို့သော်လည်း ယခုတွင် ထိုသူနှစ်ဦးက ရှင်းထုတ်ခံလိုက်ရပြီဖြစ်၍ လူအများ၏ ကွဲပြားသည့် တုံ့ပြန်မှုများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

လေလွင့်ကျင့်ကြံသူ မဟာမိတ်က ထိုရလဒ်နှင့် ပတ်သက်ပြီး အံ့ဩခြင်း မရှိပေ။ သူတို့က မပျော်ရွှင်ကြသော်လည်း လူအများစုက ထိုရလဒ်ကို မှန်းဆထားပြီးသား ဖြစ်၏။ သူတို့က ဟွမ်ယွမ်၏ အောင်မြင်မှုအများစုသည် သေခြင်းရှင်ခြင်း စာအုပ်၏ ရလဒ်ကြောင့်သာ ဖြစ်မှန်း သိထားကြသည်။

လူတချို့က ဖန်ချင်းဟန်သည် သူ၏ ကျဆုံးမှု ဖြစ်လိမ့်မည်ဟုပင် မှန်းဆထားကြ၏။ ဟွမ်ယွမ်က နှလုံးသားထဲ အမုန်းတရား များပြားလွန်းလှသည်။ အချစ်နှင့်အမုန်းက အပြန်ပြန်အလှန်လှန် ဖြစ်၏။ သူက သူမကို မဖော်ပြနိုင်လောက်အောင် ချစ်မြတ်နိုးဖူးသည့်အတွက် သူမ သစ္စာဖောက်သည့်အခါ သူ့ချစ်ခြင်းမေတ္တာ အားလုံးက အမုန်းတရားအဖြစ် ပြောင်းလဲသွားရသည်။

လေလွင့်ကျင့်ကြံသူမဟာမိတ်မှ ကျင့်ကြံသူအများစုက ဟွမ်ယွမ်အား သူ့ဇနီးဟောင်းအပေါ် ဤသို့ ဆက်ဆံမည့်အစား သတ်ပစ်သင့်ကြောင်း အကြံပြုခဲ့ကြသည်။ သူသာ ထိုသို့လုပ်လိုက်သည်နှင့် သူ့တာအိုနှလုံးသားသည် သိမ်မွေ့သွားကာ ပြီးပြည့်စုံသွားလိမ့်မည်ဟု ယုံကြည်ထားကြသည်။

နှမြောစရာကောင်းလှသည်က သူက စကားနားမထောင်သည့်အတွက် ထိုသို့ကျဆုံးမှုကို ဖြစ်စေခဲ့သည်။

ထို့ကြောင့် ဖန်ချင်းဟန်၏ လက်အတွင်း သေဆုံးသွားသည်ကို မြင်တွေ့ပြီးသည့်နောက်တွင် သူတို့က ဝဋ်လည်သည်ဟုသာ သက်ပြင်းချလိုက်ကြသည်။ မဟာမိတ်၏ အထက်ပိုင်းများကမူ သေခြင်းရှင်ခြင်းစာအုပ်ကို ဆုံးရှုံးလိုက်ရသည့်အတွက် နှမြောတသ ဖြစ်နေကြသည်။ စာအုပ်က သူတို့၏ ပိုင်ဆိုင်မှုဟု ယူဆ၍ ရသော်လည်း တာအိုအခွင့်အလမ်းဂိုဏ်းဆီမှ ပြန်လည်မတောင်းရဲပေ။

ရှောင်စုန့်ရှီ၏ ကျဆုံးမှုကလည်း အတူတူသာဖြစ်သော်လည်း ပိုင်ရှယ်မျိုးနွယ်မှ လူများအတွက်သာ ဖြစ်ပေသည်။ သူတို့က ကြယ်တာရာဝိဇ္ဇာဆီမှ ရှောင်စုန့်ရှီသည် ဤတိုက်ပွဲကို အနိုင်ရရှိနိုင်ချေ အင်မတန် နည်းပါးကြောင်း သိထားခဲ့ပြီးသားဖြစ်၏။ ကံဆိုးစွာဖြင့် သူတို့ကို စိတ်ပျက်သွားစေသည်က ရှောင်စုန့်ရှီသည် သူ့အစီအစဉ်ကိုပင် မစတင်ရသေးခင် တစ်စုံတစ်ယောက်က သူ့ကို သုတ်သင်သွားခဲ့သည်။

တခြားသော ပင်လယ်မျိုးနွယ်ဝင်များက ရှောင်စုန့်ရှီအပေါ် မျှော်လင့်ချက်များစွာရှိသည့်အတွက် ဝမ်းနည်းနေကြသည်။ သူတို့၏ မျိုးနွယ်က ကြွယ်ဝသော်လည်း ထာဝရဧကရာဇ် လစ်ဟာနေသည့်အတွက် လူသားများနှင့် မယှဉ်နိုင်သေးပေ။

ထို့ကြောင့် သူတို့က ဤကံကြမ္မာနှင့် ကံကောင်းမှု ပြည့်နှက်နေသည့် မျိုးဆက်အတွင်း ထာဝရဧကရာဇ် ပြုစုပျိုးထောင်နိုင်လိမ့်မည်ဟု မျှော်လင့်ထားခဲ့ကြသည်။ ကံဆိုးစွာဖြင့် သူတို့၏ ပင်လယ်မျိုးနွယ်အတွင်း ပါရမီထူးကဲသည့် ကောင်းကင်ရွေးချယ်ခံတချို့ ပေါ်ထွက်လာခဲ့သည်။ လူတချို့က ယီလျန်ချန်းကို အားကိုးကြသော်လည်း ရှင်းလင်းရေးအတွင်း သေဆုံးသွားခဲ့ရသည်။

ထိုစဉ် ရှောင်စုန့်ရှီက လူသားတစ်ဝက် ဖြစ်၏။ သူက သူ့သွေးမျိုးဆက်ကို သန့်စင်ကာ အပြည့်အဝ ပိုင်ရှယ်မျိုးနွယ်ဝင် ဖြစ်လာသော်လည်း လူများစွာကမူ သူ့ကို လူသားအဖြစ်သာ မြင်နေကြဆဲဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူတို့က သူ့အပေါ် အားကိုးရုံမှအပ ရွေးချယ်စရာမရှိပေ။

နှမြောစရာကောင်းလှသည်က သူက ကျရှုံးခဲ့လေသည်။ သူ မြေပြင်ပေါ် ကျသွားသည်ကို ကြည့်နေရင်း သက်ပြင်းသာ ချလိုက်ကြ၏။

ထိုစဉ် နတ်ဆိုးမျိုးနွယ်ကမူ ပျော်ရွှင်ခြင်းနှင့်အတူ စိုးရိမ်မှုကိုပါ ခံစားနေရသည်။ သူတို့က သူတို့၏ ခေါင်းဆောင်၏ အင်အားကြောင့် စိတ်သက်သာရာရသွားမိသည်။ တစ်ချိန်တည်းဆိုသလို တခြားမျိုးနွယ်များက ပူးပေါင်းကာ သူတို့အား သုတ်သင်လာမည်ကို စိုးရိမ်ကြသည်။

ပြောရလျှင် မည်သည့်မျိုးနွယ်ကမှ နတ်ဆိုးမျိုးနွယ်၌ ထာဝရဧကရာဇ် ရှိလာမည်ကို မလိုလားကြပေ။ အသင်္ချေအင်ပါယာကမ္ဘာ၏ အခြေအနေက ထာဝရဧကရာဇ်များ စိတ်တိုင်းကျ လုပ်နိုင်သည့် ရှေးဟောင်းဧကရာဇ်ခေတ်ကာလနှင့် မတူညီတော့သော်လည်း နတ်ဆိုးမျိုးနွယ်ကသာ ဤမျိုးဆက်၏ တိုက်ပွဲအတွင်း နောက်ဆုံးအနိုင်ရရှိသူ ဖြစ်ပါက တခြားမျိုးနွယ်အပေါ် ဆိုးရွားလှသည့် ကပ်ဘေးကို ယူဆောင်လာမည်သာ ဖြစ်သည်။

မည်သူကမှ ကောင်းကင်ဝါးမျိုးခြင်း ဧကရာဇ် သို့မဟုတ် ရွှေရောင်လူဝံဧကရာဇ်တို့ ပုံစံအတိုင်း ထပ်မဖြစ်လိုကြပေ။ ထို့ကြောင့် လူများစွာက နတ်ဆိုးမျိုးနွယ်ကို တိတ်တဆိတ် စောင့်ကြည့်ကာ မြောက်ပိုင်းကုန်းမြေတွင် ထာဝရဧကရာဇ် ပေါ်ထွက်လာသည်နှင့် မည်သို့တုံ့ပြန်ရမည်ကို စီစဉ်ထားကြသည်။

………………………………………………………………………………………..

ကောင်းကင်အလိုဆန္ဒ တိုက်ပွဲကွင်းပြင်၊ မြောက်ဘက်အခြမ်း

မိုရှင်းယွင်က ဝါးမျိုခြင်းစွမ်းအားကို ခံစားမိလိုက်ပြီး ထိုအရာသည် ပိုင်ရှယ်မျိုးနွယ်ဆီမှ ထူးကဲသည့် အရာဖြစ်ကြောင်း သိလိုက်ရသည်။ သူက သူ့ကောင်းကင်ဝါးမျိုခြင်း ရုပ်ခန္ဓာကို ဖန်တီးစဉ်အခါက သူတို့မျိုးနွယ်၏ သွေးမျိုးဆက်ကို လေ့လာခဲ့ဖူးသည့်အတွက် သူတို့မျိုးနွယ်၏ ထူးကဲသည့် အငွေ့အသက်ကို ခံစားမိပြီးသည့်နောက်တွင် သိချင်လာမိသည်။

သူ့သိချင်စိတ်က အောင်းရှန်နှင့် ရှောင်စုန့်ရှီတို့၏ တိုက်ပွဲကို မျက်မြင်ကိုယ်တွေ့ကြုံတွေ့စေခဲ့သည်။ အောင်းရှန်က သူ့အကြည့်ကို သတိထားမိဟန်ဖြင့် သူ့အား ပြန်ကြည့်လာခဲ့သည်။

ထိုသူက ရှောင်စုန့်ရှီ၏ အလောင်းကို မကာ နတ်ဆိုးမျိုးနွယ်ဘက်အခြမ်းသို့ ဝင်ရောက်ပြီး အစီအရင်ကို အသက်သွင်းလိုက်သည်။

မိုရှင်းယွင်က မျက်မှောင်ကြုတ်လိုက်ပြီး သူက အောင်းရှန်၏ အကြည့်မှ လောဘအရိပ်အယောင်ကို ခံစားမိလိုက်သည်။ ထိုသူက သူ့စိတ်ခံစားချက်ကို ထိန်းချုပ်ကာ အလျင်အမြန် ဖယ်ရှားခဲ့သော်လည်း သူက အာရုံခံမိဆဲ ဖြစ်၏။

ဒီလူက ဘာတွေကြံစည်နေတာလဲ…

သူ့အလိုလိုသိစိတ်က ထိုလူသည် နောက်ထပ် အပြောင်းအလဲ ဖြစ်လာနိုင်ကြောင်း ပြောပြနေ၏။

ရှောင်စုန့်ရှီက အလကားဆိုပေမဲ့ ဒီမျိုးဆက်က တကယ်ကို ပါရမီရှင်တွေနဲ့ ပြည့်နှက်နေတာပဲ…

သူက မှတ်ချက် ပေးလိုက်သည်။ သူ့မျိုးဆက်နှင့် နှိုင်းယှဉ်ပါက ဤခေတ်ကာလ၏ ကောင်းကင်ရွေးချယ်ခံအများစုသည် သူနှင့်ပင် ယှဉ်နိုင်လေ၏။ အခွင့်အရေးသာ ပေးလိုက်ပါက ထိုသူအများစုသည် ထာဝရဧကရာဇ်များ ဖြစ်လာကြလိမ့်မည်။

ရှောင်စုန့်ရှီအတွက်မူ …

ဝါးမျိုရေးတာအိုကို ကျင့်ကြံသူတစ်ယောက်အနေဖြင့် သူ့ဆီ ရောက်ရှိလာသည့် အရာအားလုံးကို မဝါးမျိုနိုင်ပေ။ ထို့ကြောင့် သူက ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်၏ အမြင်၌ အလကားအမှိုက်သာ ဖြစ်နေသည်။

ဝါးမျိုခြင်းတာအို၏ အထွတ်အထိပ်က အရာအားလုံးကို ဝါးမျိုနိုင်စွမ်းရှိခြင်း ဖြစ်သည်။ ဧကရာဇ်တစ်ပိုင်းအဆင့်က တတိယတန်းစားဧကရာဇ်၏ တိုက်ကွက်ကို ဝါးမျိုနိုင်လေသည်။ သူတို့က ဝါးမျိုနိုင်သော်လည်း အစာမချေဖြတ်နိုင်ပေ။

သူတို့က ဝါးမျိုထားသည့် စွမ်းအားကို သူတို့၏ သက်လုံတိုးမြင့်ဖို့ သို့မဟုတ် ကုသရေးအတွက် အသက်ဓာတ် တိုးမြှင့်ဖို့အတွက် အသုံးပြုနိုင်လေသည်။ မိုရှင်းယွင်က ဧကရာဇ်တစ်ပိုင်းအဆင့် တစ်ယောက်အတွက် ဤသို့အောင်မြင်မှုမျိုး ရရှိဖို့ရာ သူတို့က ဧကရာဇ်၏ တိုက်ကွက်ကို ဝါးမျိုဖို့ နှစ်သန်းချီကြာ လိုအပ်စဉ် ထိုသူက သူတို့ကို စောင့်ဆိုင်းနေဖို့ လိုအပ်လေသည်။

ထို့အပြင် ဝါးမျိုလိုက်ခြင်းက သူတို့၏ စွမ်းအားကို မြှင့်တင်နိုင်သည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ သူ အသက်ရှင်နေစဉ်ကပင် သူ ဝါးမျိုသမျှ အရာအားလုံးကို မချေဖျက်နိုင်ပေ။

မိုရှင်းယွင်က ခေါင်းအသာယမ်းလိုက်ပြီးသည့်နောက်တွင် အခြေအနေကို လျစ်လျူရှုလိုက်သည်။ သူကလည်း ကြိုတင်စီစဉ်ထားစရာ အစီအစဉ်များ ရှိနေလေ၏။

………………………………………………………………………………….

တောင်ဘက်အခြမ်း

အောင်းရှန်က ရှောင်စုန့်ရှီ၏ အလောင်းကို ကြည့်လိုက်သည်။ သူက ဝမ်ဝေ့နှင့် တိထျန်းတို့၏ စွမ်းအားကို သိပြီးသည့်နောက်တွင် အံ့အားသင့်နေသော်လည်း ယခုအခါ ပိုမိုတည်ငြိမ်လာပြီ ဖြစ်၏။ ယခုတွင် သူက အကျိုးအကြောင်းသင့် ဆင်ခြင်နိုင်သည့် အနေအထားသို့ ရောက်ရှိသွားသည်။

နဂါးမျိုးနွယ်ကို နတ်ဆိုးမျိုးနွယ် အများစု၏ ပုံကြမ်းအဖြစ် အသုံးပြုထားတာပဲ…

သူက တွေးလိုက်မိသည်။

မှတ်တမ်းအများစုတွင် နဂါးများကို ကုလားအုတ်ခေါင်း၊ မြွေခန္ဓာကိုယ်၊ ငါးကြေးခွံ၊ ကျားလက်ဝါး၊ လင်းယုန်လက်သည်း၊ နွားထီးရဲ့ နား၊ သမင်တစ်ကောင်ရဲ့ ချို၊ ယုန်ရဲ့မျက်ဝန်းနဲ့ ခုံးကောင်ရဲ့ ဝမ်းဗိုက်အဖြစ် ဖော်ညွှန်းကြတယ်…

ထိုဖော်ပြချက်များက တစ်ခါတစ်ရံတွင် တိရစ္ဆာန်အမျိုးမျိုးလိုက် ကွဲပြားသော်လည်း အနှစ်သာရကမူ နဂါးများသည် တိရစ္ဆာန်အစိတ်အပိုင်းအမျိုးမျိုးကို ပေါင်းစည်းထားခြင်း ဖြစ်၏။

ငါ အမွေဆက်ခံထားတဲ့ မှတ်ဉာဏ်တွေအရ ပင်ကိုနတ်ဆိုးနဲ့ ကမ္ဘာဦးနတ်ဘုရားတွေက နတ်ဆိုးမျိုးနွယ်တစ်ခုကို ဖန်တီးဖို့ နဂါးတွေရဲ့ ကွဲပြားတဲ့ ပုံစံတွေကို အသုံးပြုထားပြီးတော့ ကျားဖြူလိုမျိုး နောက်ထပ် ပင်ကိုသက်ရှိလိုမျိုးကို ပြန်လည်ဖန်တီးခဲ့ကြတာပဲ…

ငါ့ကို ဖန်တီးဖို့ နတ်ဆိုးမျိုးနွယ်က မျိုးနွယ်စုအသီးသီးရဲ့ သွေးမျိုးဆက်ကို ပေါင်းစည်းခဲ့ပြီးတော့ နဂါးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ထူးခြားတဲ့ ပင်ကိုလက္ခဏာတွေကို အလေးထားခဲ့တယ်။ ဒီနှစ်များစွာ လေ့လာပြီးတော့ ပျက်စီးနေတဲ့ ဟွင်သွမ်းရတနာကို ရယူပြီးတဲ့နောက်မှာ သူတို့ရဲ့ လေ့လာမှုက အောင်မြင်ခဲ့ပြီးတော့ ငါ မွေးဖွားလာတယ်။ ဒါပေမဲ့ မပြီးပြည့်စုံသေးဘူး

အောင်းရှန်က လျူမိန်ရှု ဖွင့်လှစ်သည့် လျှို့ဝှက်နယ်မြေမှ နဂါးသွေးကို စုပ်ယူပြီးသည့်နောက်တွင် ပြီးပြည့်စုံသည့် ပင်ကိုနဂါးတစ်ကောင် ဖြစ်လာခဲ့သည်။

သူက တည်တည်ငြိမ်ငြိမ်ဖြင့် ရှောင်စုန့်ရှီ၏ ရင်ဘတ်ကို ဖွင့်ကာ နှလုံးသားကို ထုတ်ယူလိုက်သည်။ ထို့နောက် လျှို့ဝှက်နည်းစနစ်တစ်ခုကို အသုံးပြုကာ နီရဲနေသည့် သွေး ၉ စက်ကို ထုတ်ယူလိုက်၏။

ငါ့သွေးမျိုးဆက်က နတ်ဆိုးမျိုးနွယ်တွေ အများကြီး ပေါင်းစည်းထားတာဖြစ်နေပြီ။ ဒါပေမဲ့ မလုံလောက်သေးဘူး…

သူက တွေးလိုက်မိသည်။

အခု ပိုင်ရှယ်မျိုးနွယ်ရဲ့ သွေးမျိုးဆက်ကို ပေါင်းစည်းပြီးတော့ တခြားသွေးမျိုးဆက်တွေကို စုပ်ယူရမယ်…

တကယ်လို့ ငါက မျိုးနွယ်များစွာရဲ့ သွေးမျိုးဆက်ကို ပေါင်းစပ်နိုင်ခဲ့မယ်ဆိုရင် ဟွင်သွမ်းနဂါး သွေးမျိုးဆက်ကိုတောင် ဖန်တီးနိုင်လောက်တယ်။ အဲဒီအခါကျရင် ငါ့အင်အားက သိသိသာသာတိုးတက်လာမှာပဲ…

ငါက တာအိုဘိုးဘေး ဒါမှမဟုတ် မဟာဧကရာဇ်အထိ စွမ်းအားရှိတဲ့ ဟွင်သွမ်းနဂါးသွေးမျိုးဆက်ကိုတောင် အသုံးပြုနိုင်လောက်တယ်…

အောင်းရှန်၏ မျက်ဝန်းအထက် ရူးသွပ်သည့် အလင်းတစ်ချက် ဖြတ်ပြေးသွားလေသည်။

အမှောင်ထုက ဟွင်သွမ်းနဲ့ တူညီတဲ့အရာအားလုံး ပါဝင်နေတယ်။ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ အလင်းက လွဲရင်ပေါ့။ အဲဒီအခြေခံပေါ်မူတည်ပြီးတော့ ငါက ဟွင်သွမ်းသွေးမျိုးဆက်အတွက် မျိုးစေ့အဖြစ် အသုံးပြုနိုင်တယ်။ ပိုင်ရှယ်မျိုးနွယ်က ဝါးမျိုခြင်းစွမ်းအားနဲ့ဆိုရင် တခြားကွဲပြားတဲ့ သွေးမျိုးဆက်တွေကို ဝါးမျိုဖို့ ပိုပြီးလွယ်ကူသွားလိမ့်မယ်…

ထိုအစီအစဉ်က ရူးသွပ်ဖွယ် ကောင်းသော်လည်း အောင်းရှန်ကမူ စွန့်စားဖို့ ထိုက်တန်သည်ဟု ခံစားမိနေသည်။ ထို့ကြောင့် သူက တင်ပျဉ်ခွေထိုင်ကာ ရှောင်စုန့်ရှီ၏ သွေးကို စုပ်ယူလိုက်၏။ နတ်ဆိုးမျိုးနွယ်တစ်ခုလုံး၏ အမွေအနှစ်၊ ဗဟုသုတများကို အသုံးချပြီး သူက ပင်ကိုနဂါးသွေးမျိုးဆက်နှင့် ပိုင်ရှယ်မျိုးနွယ်၏ သွေးမျိုးဆက်ကို အသုံးပြုကာ ဟွင်သွမ်းသွေးမျိုးဆက် မျိုးစေ့ကို ဖန်တီးခဲ့သည်။

ပထမအဆင့်ကတော့ ပြီးသွားပြီ…

သူကသူ့ခန္ဓာကိုယ်ထဲမှ သွေးမျိုးဆက် မျိုးစေ့ကို ခံစားမိရင်း တွေးလိုက်မိသည်။ ထို့နောက် သူက သူ့အုပ်ချုပ်မှုအောက်ရှိ နတ်ဆိုးမျိုးနွယ်အားလုံးကို သူတို့၏ သွေးမျိုးဆက် အရင်းအမြစ်သွေး ပေးဖို့ အမိန့်ပေးခဲ့သည်။

နတ်ဆိုးမျိုးနွယ်အများစုက အံ့အားသင့်ကာ ထိတ်လန့်သွားကြ၏။ သွေးမျိုးဆက် အရင်းအမြစ်သွေးစက်က နတ်ဆိုးမျိုးနွယ်၏ သွေးမျိုးဆက်၏ အရည်အသွေးနှင့် သန့်စင်မှုကို ဆုံးဖြတ်ပေးနိုင်သည့်အတွက် အင်မတန် အရေးကြီးလှသည်။ သွေးတစ်စက်ကပင် နတ်ဆိုးမျိုးနွယ်၏ သွေးမျိုးဆက်ကို အားနည်းသွားနိုင်ပြီး အလားအလာနှင့် အင်အားကို လျော့ကျသွားစေနိုင်သည်။

သူတို့က မည်မျှပင် မလိုလားစေကာမူ အများစုက သူတို့၏ မျှော်လင့်ချက်သည် ခေါင်းဆောင်ပေါ်တွင် ရှိကြောင်း သိသည့်အတွက် သွေးတစ်စက်၊ နှစ်စက် ထုတ်ပေးကြသည်။ တချို့နတ်ဆိုးများကမူ ငြင်းဆန်ကြ၏။

သို့သော် အောင်းရှန်က ရက်စက်ကာ ငြင်းဆန်နေသူများအားလုံးကို သတ်ပစ်ခဲ့သည်။

ထို့နောက် သူက ရက်ရက်စက်စက်ဖြင့် သူတို့သွေးမျိုးဆက်အားလုံးကို စုပ်ယူပစ်ခဲ့သည်။

အောင်းရှန်က ထိုသွေးမျိုးဆက် အားလုံးကို စုပ်ယူဖို့အတွက် ယာယီ သီးသန့်ကျင့်ကြံရေးတစ်ခု ဝင်ရောက်သွားခဲ့သည်။

***

All Chapters