ယင်ကန်းနှင့် လီကျွင်း အပြိုင်
Vol. 55 Ch. 770
လီကျွင်းက ကောင်းကင် မည်မျှမြင့်မားကြောင်းကိုပင် မသိသည့် အရူးတစ်ယောက်ကို သတ်ဖြတ်ပြီးစဉ် တစ်စုံတစ်ခုကို ခံစားမိလိုက်သည်။ သူ့ရှေ့တွင် အာကာပြင် အတက်အကျကို ခံစားမိပြီးသည့်နောက် အဖွဲ့တစ်ဖွဲ့ ထွက်ပေါ်လာ၏။
လီကျွင်းက မျက်မှောင်ကြုတ်ကာ
“ယင်ကန်း”
ယင်ကန်းက သူ့တပ်ဖွဲ့နှင့်အတူ တည်တည်ငြိမ်ငြိမ် ရောက်ရှိလာသည်။ သူက လီကျွင်းကို ကြည့်ကာ ပြောလိုက်သည်။
“ဝမ်ချုံးရဲ့ မျိုးဆက်က ဘယ်မှာလဲ။ အခု ငါ လက်စားချေရမဲ့ အချိန်ပဲ။ ငါ့ရဲ့ ခန္ဓာတာအိုချိုင့်ဝှမ်းက ခန္ဓာကိုယ်လေ့ကျင့်ရေး အကောင်းဆုံးမျိုးဆက် ဖြစ်တယ်ဆိုတာကို ကမ္ဘာကို ပြရမယ်”
လီကျွင်းက မျက်မှောင်ကြုတ်ပြီးသည့်နောက် နှာခေါင်းရှုံ့ကာ
“ကျုပ်တို့ကို အနိုင်ယူနိုင်တယ်ဆိုရင်တောင် ဘာမှ သက်သေပြနိုင်မှာမဟုတ်ဘူးဆိုတာကို သိသင့်တယ်”
“မင်းက ဘာကို ပြောချင်တာလဲ”
“ကျုပ်တို့ အဖွဲ့ရဲ့ ရှုံးနိမ့်မှုက ကျုပ်တို့က ဘိုးဘေးတွေလောက် မတော်ဘူးဆိုတာ ပြသဖို့ပဲ ဖြစ်မှာပဲ။ တကယ်လို့ ခင်ဗျားရဲ့ ကျမ်းက အကောင်းဆုံးဖြစ်တာကို သက်သေပြချင်တယ်ဆိုရင် ကျုပ်တို့ဘိုးဘေးကို ကိုယ်တိုင် အနိုင်ယူသင့်တယ်”
ယင်ကန်းက ခေတ္တမျှစဉ်းစားလိုက်ပြီးသည့်နောက်တွင် သူ့မျက်ဝန်းအထက် အကြည့်တစ်ချက် ဖြတ်ပြေးသွားသည်။
“ကောင်စုတ်လေး … မင်းရဲ့ စကားလုံးနဲ့ ငါ့စိတ်အခြေအနေအပေါ် သက်ရောက်မှုရှိအောင် ကြိုးစားနေတာလား” ယင်ကန်းက အေးစက်စက် ပြောလိုက်သည်။
“မင်း ဘာပြောပြော ကိစ္စမရှိဘူး။ ငါက သူ့မျိုးဆက်အပေါ် အရင်လက်စားချေရမှာပဲ။ အခု ဝမ်ချုံးရဲ့ ကျင့်ကြံဆင့်က ဧကရာဇ်အဆင့်ထက် ကျော်လွန်နေလောက်ပြီဆိုပေမဲ့ ငါက သူ့ကို အမှီလိုက်နိုင်မယ်ဆိုတာ ယုံကြည်တယ်။ အဲဒီအခါကျရင် ငါတို့တွေ နောက်ထပ် ထိပ်တိုက်ရင်ဆိုင်ရမှာပဲ”
ယင်ကန်းက သူ့အနာဂတ်အတွက် ထူးကဲသည့် အစီအစဉ်တစ်ခု ရှိထားသောကြောင့် လီကျွင်း၏ စကားများနှင့် ပတ်သက်ပြီး သက်ရောက်မှုမရှိပေ။
“အချိန်ဖြုန်းမနေနဲ့။ ဝမ်ဝေ့က ဘယ်မှာလဲ။ သူက ငါ့ကို တွေ့မှာလား။ မတွေ့ဘူးလား”
“ကျုပ်ကို အရင်ဖြတ်ကျော်သွား” လီကျွင်းက အရှိန်အဝါစုစည်းကာ ပြောလိုက်သည်။
ပထမအကြိမ်အနေဖြင့် ယင်ကန်းက လီကျွင်းကို သေသေချာချာကြည့်မိပြီး ထိုသူဆီမှ ခြိမ်းခြောက်မှုကို ခံစားမိလိုက်သည်။ ထို့ကြောင့် သူက အလေးအနက် ဖြစ်လာ၏။
သူ့အမိန့်အောက်တွင် ယင်ကန်း၏ အဖွဲ့သားများက လှုပ်ရှားလာကြသည်။ သူက အရင်ဆုံးစမ်းသပ်ဖို့ အဖွဲ့တစ်ဖွဲ့ကို စေလွှတ်လိုက်၏။ လီကျွင်းကလည်း နောက်ကောက်မကျန်ပေ။ သူ့သတ်ဖြတ်ရေးတပ်ဖွဲ့နှင့် ထျဲ့ကန်၏ မသေနိုင်သော တပ်ဖွဲ့တို့က လင်းလက်ကြယ် ဝေဟင်ထဲတွင် စီတန်းလိုက်ကြပြီး အသားအရည်ဖြူဖျော့ကာ အဝါရောင်မျက်လုံးများရှိသည့် လူအုပ်စုကို ရင်ဆိုင်လိုက်ကြသည်။
တပ်ဖွဲ့သန်းတစ်ရာတွင် ပုံမှန်ခေါင်းဆောင် နှစ်ယောက်နှင့် ထူးကဲသည့် ခေါင်းဆောင်တစ်ယောက် ပါဝင်ပြီး တစ်ဦးချင်းစီက ဧကရာဇ်တစ်ပိုင်းအဆင့် ဖြစ်ကြသည်။ သူတို့နောက်တွင် အထွတ်အထိပ်နယ်ပယ်အဆင့်ရှိသည့် လက်ထောက်ရာချီ ပါဝင်၏။
သူတော်စင်အဆင့် ကျင့်ကြံသူ ဆယ်သန်း ပါဝင်လေသည်။ ကျန်ရှိနေသည့်သူများက လေဟာနယ်ဖြိုခွင်းခြင်းအဆင့် ဖြစ်ကြ၏။
လီကျွင်းက အချိန်မဖြုန်းဘဲ သူ့လူများကို အမိန့်ပေးလိုက်သည်။ ထို့ကြောင့် ပုံမှန် ခေါင်းဆောင်နှစ်ယောက်က သူတို့၏ ဧကရာဇ်ခန္ဓာကိုယ်ကို အသက်သွင်းကာ ဧရာမလူသားအဖြစ် ပြောင်းလဲပြီး တိုက်ပွဲကို စတင်တိုက်ခိုက်လာသည်။
လက်ထောက်များကမူ သူတို့၏ ဓမ္မခန္ဓာကိုယ်ကို ဆင့်ခေါ်ပြီး စွမ်းအားအမြင့်ဆုံး ရအောင် လုပ်လိုက်သည်။ တပ်ဖွဲ့တစ်ခုလုံးက သတ်ဖြတ်ရေးနှင့် စစ်ပွဲ ပိုင်နက်နှင့် တူညီသည့်အရာကို ကျင့်ကြံထားကြသည်။ သူတို့က သူတို့ပိုင်နက်နှင့် ပေါင်းစပ်ဖို့ အစီအရင်ကို အသုံးမပြုခင် အသက်သွင်းလိုက်ကြသည့်အတွက် တိုက်ပွဲစွမ်းရည် သိသိသာသာ တိုးမြင့်လာသည်။
ဗလာကျင်းနေသည့် လေဟာနယ်ထဲ အလင်းပြောက်များ ပေါ်ထွက်လာပြီး လီကျွင်း၏ တပ်ဖွဲ့က သူတို့၏ စွမ်းအားကို အသုံးပြုကာ အကြွင်းမဲ့တိုက်ခိုက်ရေးအဖြစ် ပြောင်းလဲသွားသည်။ သို့သော်လည်း ရလဒ်က သူ ထင်ထားသလောက် ကျေနပ်စရာ မကောင်းပေ။ တိုက်ကွက်က ယင်ကန်း၏ လူအများစုကို သတ်နိုင်သော်လည်း တိုက်ပွဲက သူ ထင်ထားသလို တစ်ဖက်သတ်မျိုးတော့ မဟုတ်ခဲ့ပေ။
“ဖုတ်ကောင်တွေပဲ” လီကျွင်းက ကြည့်ရင်းပြောလိုက်သည်။ သူက ထိုတပ်သားအများစုသည် ဖုတ်ကောင်များ ဖြစ်ကြောင်း ပြောနိုင်လေ၏။ သူတို့က အားကောင်းသည့် ခန္ဓာကိုယ် ရှိထားပြီး တိုက်ကွက်အများစုကို မကြောက်ကြသလို ခန္ဓာကိုယ်၏ အရေးပါသည့် အစိတ်အပိုင်း မဖျက်ဆီးခံရသရွေ့ အသက်ရှင်နိုင်သည်။
“ဒီစာရင်းတွေအရဆိုရင်တော့ လူတွေက မင်းကို အကောင်းဆုံး စစ်သူကြီးလို့ ပြောကြတယ်။ တချို့က မင်းက မင်းရဲ့ ဘုရင်အတွက် ကောင်းကင်အလိုဆန္ဒတိုက်ပွဲကိုတောင် အနိုင်ယူနိုင်တယ်လို့ ပြောကြတယ်။ တကယ်ကို ရယ်စရာ ကောင်းတာပဲ” ယင်ကန်းက နှာခေါင်းရှုံ့ကာ ပြောလိုက်၏။
လီကျွင်းက သူ့အား မတုံ့ပြန်ပေ။
“ဒီလိုသာဆက်ဖြစ်နေမယ်ဆိုရင် ငါတို့တွေ အနိုင်ရဖို့ တန်ကြေး ကြီးကြီးမားမား ပေးဆပ်ရလိမ့်မယ်”
“အဲဒါဆို ဘာလုပ်ချင်လဲ” ယန်းလီလင်းက မေးလိုက်သည်။
“ချိုက်စုန့်ကို လွှတ်လိုက်”
“မစောလွန်းဘူးလား”
“မစောတော့ဘူး”
ယန်းလီလင်းက မျက်မှောင်ကြုတ်ပြီးသည့်နောက်
“သူမက ယင်ကန်းရဲ့ တပ်ဖွဲ့ကို ဖျက်ဆီးမယ်ဆိုရင် တန်ကြေးပေးရမှာ။ အဲဒါက ဖြုန်းတီးနေသလို မဖြစ်ဘူးလား”
“ရုပ်သေးရုပ်တပ်ဖွဲ့က အစကတည်းက ပိုက်ဆံဖြုန်းတီးရေး စီးပွားရေးတစ်ခုပဲလေ။ ပြီးတော့ သူမက ပစ္စည်းတွေကို ပြန်ပြီးတော့ အားဖြည့်နိုင်တယ်” လီကျွင်းက ရှင်းပြလိုက်သည်။
“ရှင် ပြောချင်တာက … ”
“ဟုတ်တယ်။ အဲဒီဖုတ်ကောင်တွေရဲ့ အလောင်းတွေက သာမန်ရုပ်သေးရုပ် လုပ်ဖို့ ပြီးပြည့်စုံတဲ့ ပစ္စည်းတွေပဲ” လီကျွင်းကပြောလိုက်သည်။
“အဲဒါက အစီအစဉ်ကောင်းပဲ”
လီကျွင်းက ထူးကဲသည့် ခေါင်းဆောင် ချိုက်စုန့်ကို ဆင့်ခေါ်လိုက်သည်။
ယင်ကန်းက တိုက်ပွဲကို တည်တည်ငြိမ်ငြိမ် ကြည့်နေလေ၏။
တစ်ဖက်လူ၏ တပ်ဖွဲ့က အမှန်တကယ် လက်ရွေးစင်များ ဖြစ်ပြီး ကျင့်ကြံဆင့် မြင့်မားကာ ကောင်းကောင်းလေ့ကျင့်ထားကြသည်။ ထို့အပြင် သူတို့က ထူးကဲသည့် နည်းစနစ်တချို့ သို့မဟုတ် ပင်ကိုစွမ်းရည်မှ အသက်ဓာတ် မျှဝေထားသည့်အတွက် သတ်ဖို့ရာ အင်မတန်ခက်ခဲလှသည်။
သို့သော်လည်း သူက မစိုးရိမ်ပေ။ တိုက်ပွဲကွင်းပြင်တွင် သေဆုံးမှု များပြားလာသည်နှင့်အမျှ သူက ကျန်ရှိနေသည့် စစ်သားများကို အားကောင်းစေဖို့ ယင်ချီကို စုဆောင်းနိုင်သည်။ ထို့ကြောင့် သူ့တွင်ရှိသည့် တပ်သားများက နည်းလာလေလေ သူတို့က ပိုမိုအားကောင်းလာလေလေ ဖြစ်၏။
အချိန်က ငါ့ဘက်မှာ ရှိနေတယ်…
သူက တွေးလိုက်မိပြီး ထိုသို့သာ ယုံကြည်ထားလေသည်။ လေဟာနယ်က ရုတ်ချည်းဆိုသလို တုန်ခါသွားပြီးသည့်နောက် ယင်ကန်း၏ အမူအရာက ပျက်ယွင်းသွား၏။ ထို့နောက် လူများစွာက သူ့အမြင်အာရုံထဲ ရောက်ရှိလာသည်။
မဖြစ်နိုင်တာ။ သန်းတစ်ရာတပ်ဖွဲ့က ကန့်သတ်ချက် မဟုတ်ဘူးလား။
ယင်ကန်းက တွေးလိုက်မိသည်။ ထိုလူများ ပေါ်ထွက်လာသည်နှင့် သူတို့က သူ့တပ်ဖွဲ့ဆီ ပြေးဝင်လာကာ တိုက်ခိုက်ကြတော့သည်။
ထိုသူများက ဒဏ်ရာများ၊ နာကျင်မှုနှင့် သက်လုံကိုပင် ဂရုမစိုက်ဘဲ တိုက်ခိုက်မှုကိုသာ အာရုံစိုက်ထားပြီး တစ်ဖက်လူကို အသေသတ်ကြသည်။
ဝုန်း
ထိုတပ်သားထောင်ချီက သူတို့ကိုယ်သူတို့ ဖောက်ခွဲပစ်ပြီး သူ့လူများကို သတ်ပစ်ခဲ့သည်။
မဟုတ်သေးဘူး။ သူတို့က လူသားတွေ မဟုတ်ဘူး။ ရုပ်သေးရုပ်တွေပဲ…
ယင်ကန်းက အံကြိတ်ကာ သူ့လူများ သတ်ဖြတ်ခံနေရသည်ကို ကြည့်လိုက်သည်။ ထိုရုပ်သေးရုပ်များက အရေအတွက် များပြားပြီး သူတို့အင်အားအပေါ် သက်ရောက်မှု ရှိစေသည့် အကြောက်တရားကဲ့သို့ အဆိုးမြင် ခံစားချက်မျိုး မရှိပေ။
သူတို့က စိတ်ကင်းမဲ့နေသည့် သတ်ဖြတ်ရေး စက်ယန္တရားများသာ ဖြစ်၏။
ရုပ်သေးရုပ်တာအိုက ဒီလောက်အထိ အလားအလာရှိမယ်ဆိုတာ ဘယ်သူက သိမှာလဲ…
ယင်ကန်းက တည်တည်ငြိမ်ငြိမ် နေဖို့ ကြိုးစားရင်း တွေးလိုက်မိသည်။ ရုပ်သေးရုပ်တာအိုက အရင်းအမြစ် လောင်ကျွမ်းရေး ကျွမ်းကျင်အတတ်ပညာ တစ်ခု ဖြစ်သော်လည်း ဧကရာဇ်တာအို စစ်ပွဲကဲ့သို့ ထိပ်တိုက်ရင်ဆိုင်မှုမျိုးအတွက် အမှန်တကယ် အကျိုးရှိလှသည်။
သူ့ဘက်ကလူတွေ များများသေအောင်အထိ စောင့်ချင်ပေမဲ့ အခုတော့ ငါ ပိုပြီးတော့ ရက်စက်ရတော့မယ်…
ထို့နောက် သူက သူ့လူများ ပျောက်ကွယ်သွားသည်ကို တည်တည်ငြိမ်ငြိမ် ကြည့်နေလိုက်သည်။ လီကျွင်း၏ တပ်ဖွဲ့က ယင်ကန်း၏ တည်ငြိမ်မှုနှင့် ပတ်သက်ပြီး တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားမိလိုက်စဉ် မျက်မှောင်ကြုတ်လိုက်ကြသည်။ ဤသို့သော အမြောက်အများ သေဆုံးပြီးသည့်နောက်တွင် သူက တိုက်ပွဲကို ရပ်တန့်လိုက်သည်မျိုး သို့မဟုတ် နည်းဗျူဟာကို ပြောင်းလဲပစ်သည်မျိုး လုပ်သင့်သည်။ သို့သော်လည်း သူက ဘာမှမလုပ်ခဲ့ပေ။
“ငါတို့ သတိကြီးကြီး ထားသင့်တယ်” လီကျွင်းက အဖွဲ့ကိုပြောလိုက်ပြီး အံ့ဖွယ်အသိစိတ်မှတဆင့် ဆက်တိုက်ဆက်သွယ်နေသည်။
“သူ့လူတွေကို အသက်ပြန်သွင်းမဲ့ နည်းလမ်းများ ရှိတာလား” ထျဲ့ကန်က မေးလိုက်သည်။
“အဲဒါက သူ့အစီအစဉ်ဆိုရင်တော့ အပြီးသတ်သွားပြီ” လီကျွင်းက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ သူက ဟွမ်ယွမ်နှင့် အတွေ့အကြုံများကို သင်ယူပြီး သူ့တပ်သားများအား အစစ်အမှန် သေခြင်းတရားနည်းစနစ်ကို ကောင်းချီးပေးထားပြီး သူတို့သတ်သမျှ တပ်သားတိုင်း ပြန်လည်ရှင်သန်ဖို့ရာ မဖြစ်နိုင်အောင် လုပ်ဆောင်ထားခဲ့သည်။
“ကိစ္စတွေက ထင်ရသလောက် မရိုးရှင်းဘူး” ယန်းလီလင်းက ပြောစဉ် လီကျွင်းကလည်း သဘောတူလေသည်။
နာရီဝက်အတွင်း ယင်ကန်း၏ တပ်ဖွဲ့က လူတစ်သောင်းလောက်သာ ကျန်ရှိတော့သည်။
“အစီအရင်ကို အသက်သွင်းလိုက်” သူက သူ့လူများကို တိတ်တဆိတ် အမိန့်ပေးလိုက်၏။
ဘန်း
လေဟာနယ်ထဲ သင်္ကေတအမြောက်အများ ထွက်ပေါ်လာကာ ကြယ်တာရာများထက်ပင် ကြီးမားသည့် အနက်ရောင် ခေါင်းတလားတစ်ခု ထွက်ပေါ်လာသည်။ ယင်ကန်း၏ တပ်ဖွဲ့မှ အသွေးအသားများနှင့်အတူ ယင်ချီ ပမာဏအမြောက်အများက ခေါင်းတလားအတွင်း ဝင်ရောက်သွား၏။
“အား”
ခေါင်းတလားမှ စူးရှသည့် အသံတစ်သံ ထွက်ပေါ်လာပြီး မရဏအငွေ့အသက် ထွက်ပေါ်လာသည်။ ထို့နောက် မိုးထိလုမတတ် မြင့်မားသည့် လက်သည်းတစ်ခုက ခေါင်းတလားကို ဖွင့်လာလေ၏။ ထိုသက်ရှိက အပြာရောင်ဝတ်ရုံ ဝတ်ဆင်ထားပြီး မီးခိုးရောင် အသားအရည်နှင့် ရွှေရောင်မျက်ဝန်း ရှိလေသည်။
ငါ့ရဲ့ ကြယ်တာရာ သားရဲဖုတ်ကောင်ပဲ…
ယင်ကန်းက လျှပ်တစ်ပြက် တွေးလိုက်သည်။ သူက ကြယ်တာရာသားရဲကမ္ဘာမှ လှုံ့ဆော်မှုရရှိပြီး ဤနောက်ဆုံးတိုက်ပွဲအတွက် ဤဖုတ်ကောင်ကို ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။
သူက လီကျွင်း၏ တပ်ဖွဲ့ကို ကြည့်လိုက်၏။
ငါသာ ဒီလူတွေကို အနိုင်ပိုင်းလိုက်မယ်ဆိုရင် ဒီတပ်ဖွဲ့ကို ဖုတ်ကောင်အဖြစ် ပြောင်းလဲပြီးတော့ ငါ့ရဲ့ ဆုံးရှုံးမှုတွေ အားလုံးကို ကာမိသွားလိမ့်မယ်…
ယင်ကန်းက တွက်ချက်လိုက်သည်။
အဆိုးဆုံးအခြေအနေနဲ့ဆိုရင် ငါက ဒီတပ်ဖွဲ့တွေကို ကြယ်တာရာသားရဲ ဖုတ်ကောင်ဆီကို စတေးပြီးတော့ ဒုတိယမြောက်တစ်ခု လုပ်နိုင်တယ်…
သူက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် သတ်ဖြတ်ရေးတပ်ဖွဲ့ဆီ ဦးတည်နေသည့် ကြောက်မက်ဖွယ် လက်ဝါးချက်ကို ဖန်တီးလိုက်သည်။ ဤတိုက်ကွက်တစ်ခုဖြင့် ယင်ကန်းက တပ်သားသန်းတစ်ရာကို ရှင်းထုတ်နိုင်လိမ့်မည်။
ဘန်း
လီကျွင်းက ပေါ်ထွက်လာကာ သူ့ကို တားဆီးလိုက်သည်။
ယင်ကန်းက အံ့ဩခြင်း မရှိပေ။ ထိုအရာက သူ၏ နဂိုဦးတည်ချက်သာ ဖြစ်၏။ သူက ယန်းလီလင်း၏ အစီအရင်ကို ကျော်လွှားဖို့ အချိန်ဖြုန်းမနေလိုပေ။ ထို့ကြောင့် သူတို့ကို ခေါ်ထုတ်လိုက်ခြင်း ဖြစ်၏။
“ဟမ်” ယင်ကန်းက သူ့အထက် လက်သီးချက်ဖြင့် မထိုးခွင်းခင် ရေရွတ်လိုက်သည်။
ဝုန်း
ဒုတိယ လီကျွင်း ပေါ်ထွက်လာပြီးသည့်နောက်တွင် သူ့အား ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လိုက်၏။
ကိုယ်ပွားလား…
သူက ယခင်တိုက်ကွက်ကို တားဆီးနေသည့်သူအား ကြည့်ရင်း တွေးလိုက်မိသည်။
ဒါမှမဟုတ် ငါးစာလား…
အဆုံးသတ်တွင် အရေးမပါပေ။
“မင်းက ဒီလိုမျိုး နိမ့်ကျတဲ့ ခိုးကြောင်ခိုးဝှက်တိုက်ခိုက်မှုမျိုး လုပ်လိမ့်မယ်လို့ ထင်မထားခဲ့မိဘူး။” သူက လှောင်ပြောင်လိုက်၏။
“ကိုယ့်လူတွေကို စတေးတဲ့သူဆီကနေ ပြောထားလိုက်ဦးပေါ့” လီကျွင်းက ပြောလိုက်သည်။ လုပ်ကြံသတ်ဖြတ်မှုက သူ့သတ်ဖြတ်ရေးတာအို၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည့်အတွက် ထိုအရာမှ နည်းစနစ်တချို့ကို အသုံးပြုဖို့ စိတ်ထဲမထားပေ။
ထို့အပြင် ဤသည်က ကောင်းကင်အလိုဆန္ဒ တိုက်ပွဲဖြစ်ပြီး ကျင့်ကြံသူများက မဟာဧကရာဇ် ဖြစ်လာဖို့အတွက် သူတို့၏ အမေနှင့် ညီမများကိုပင် ရောင်းစားကြမည့် နေရာတစ်ခု ဖြစ်ပေသည်။
ဤပြိုင်ပွဲက လူတချို့သည် ဘယ်လိုနိမ့်ကျသည့် နည်းဗျူဟာသုံးသုံး လှောင်ပြောင်မခံရသည့် အကြိမ်ရေတချို့ထဲမှ တစ်ခု ဖြစ်၏။ အနှစ်ချုပ်အားဖြင့် သူတို့သာ အနိုင်ရရှိမည်ဆိုလျှင် သူတို့က ချီးကျူးခံရမည် ဖြစ်ကာ အသင်္ချေအင်ပါယာကမ္ဘာတွင် ထာဝရဂုဏ်ပြုခံရမည့် သမိုင်းဝင်ပုဂ္ဂိုလ်များ ဖြစ်လာလိမ့်မည်။
“မျှတသားပဲ” ယင်ကန်းက သူ့ဖုတ်ကောင်များအား တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်သည်။ ထိုစဉ် ထျဲ့ကန်က ဖုတ်ကောင်များကို ရင်ဆိုင်ဖို့ ရှေ့ထွက်လာ၏။
***