← Chapters

မိန်းကလေးနန်ကုန်း ကိုယ့်ကိုယ်ကိုယ် လေးစားပါဦး

Vol. 13 Ch. 241

မိန်းကလေးနန်ကုန်း ကိုယ့်ကိုယ်ကိုယ် လေးစားပါဦး

Vol. 13 Ch. 241

ဝိညာဉ်သခင်မျိုးနွယ်ကြီးလေးခု…

အရှေ့ဘက်သည် အစိမ်းရောင်၊ အနောက်ဘက်သည် အဖြူရောင်၊ တောင်ဘက်သည် အနီရောင်နှင့် မြောက်ဘက်သည် အပြာရောင်တို့ဖြစ်သည် မှာ သံသယဝင်ဖွယ်ရာမရှိပေ။ သို့သော် တုန်ဖန်းကျောက် အစိမ်းရောင်မဝတ် သည်မှာတော့ တခြားကိစ္စ ဖြစ်သွားပြီဖြစ်၏။

“အစ်ကိုတုန်ဖန်းကျောက်”

အံ့ဩနေသောအသံတစ်သံထွက်လာသည်။ နန်ကုန်းမိသားစုစုဝေးရာ အနီရောင်ဧရိယာမှ အနီရောင်ပုံရိပ်တစ်ခုသည် တုန်ဖန်းကျောက်အား ခုန်အုပ်လေသည်။ သူမသည် မစောင့်နိုင်တော့ဘဲ သူ့ဆီသို့ အားပါပါပျံသွား၏။ သူမ၏ ရနံ့သည် စူးရှလှသည်။ ပေထင်းဟွမ်သည် သူမပါ ဝင်ပါသွားမည်ကိုစိုးသဖြင့် ဘေးသို့ရွှေ့ပေးလိုက်သည်။

တုန်ဖန်းကျောက်သည် သူမခုန်အုပ်သည်ကို ခံလိုက်ရ၏။ သူမ၏ ခြေလက်များသည် ရေဘဝဲလက်များသဖွယ် တုန်ဖန်းကျောက်ကို ရစ်ပတ်ထားလေသည်။ သူမသည် သူမ၏မျက်နှာကို တုန်ဖန်းကျောက်၏ ပခုံးနှင့်မြှုပ်ထားကာ ချိုသာသော အချစ်စကားများပြောနေသည် “အစ်ကိုတုန်ဖန်းကျောက်.. ချွင်းအာ ဘယ်လောက်လွမ်းနေလဲသိရဲ့လား… အစ်ကိုက အပြင်ထွက်နေတာ နှစ်နှစ်ရှိနေပြီ ချွင်းအာဆို ညတိုင်းအိပ်လို့ကို မပျော်ဘူး”

သေစမ်း

ပေထင်းဟွမ်သည် မနက်ကစားလာသည့် မှော်သားရဲအသားကိုပင် အန်ထုတ်မိတော့မလိုပင်။ သူမ ဤနေရာသို့ ရောက်လာချိန်တွင် ယခုလို မြင်ကွင်းမျိုးမြင်ရမည်ကိုသာ သိရမည်ဆိုလျှင် နောက်ကျမှ လာမည်ဖြစ်သည်။ ထိုမိန်းကလေး၏ခန္ဓာကိုယ်မှ မျက်နှာချေအနံ့သည် ပြင်းလွန်းကာ သူမကဲ့သို့ အဆင့်မြင့် ကြယ်အဆင့် ၃ ဝိညာဉ်သခင်ကြီးပင်လျှင် အသက်ကောင်းကောင်း မရှူနိုင်ပေ။

“အဲတော့ အစ်ကိုကြီးတုန်ဖန်း မင်းက ဒီလိုပုံစံကြိုက်တာကိုး” ပေထင်းဟွမ်သည် ကလေးများကဲ့သို့ ပူးကပ်နေသော အမျိုးသားအမျိုးသမီး နှစ်ဦးကို အကဲဖြတ်လိုက်သည်။ သူတို့သည် လူမြင်ကွင်းတွင် ရှိနေခြင်းဖြစ်၏။ သူမ ပိုသတိထားသင့်တာ မဟုတ်ဘူးလား။

အရေးအကြီးဆုံးမှာ သူတို့၏ စိတ်နေစိတ်ထားသည် ဆန့်ကျင်ဖီလာ ဖြစ်နေ၏။

တုန်ဖန်းကျောက်သည် ရှက်ရွံ့စွာဖြင့် နန်ကုန်းချွင်းကို ခန္ဓာကိုယ်မှ ဆွဲခွာလိုက်သည်။ သူသည် ပေထင်းဟွမ်ဘက်သို့ တိုးကာ နန်ကုန်းချွင်းနှင့် ခပ်ခွာခွာ နေလိုက်၏။ သူသည် ရှက်ရွံ့မှုကိုဖုံးကွယ်ရန် လည်ချောင်းရှင်းကာ သူ၏ နေရာကိုပါ ဖော်ပြလေသည် “မိန်းကလေးနန်ကုန်း ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် လေးစားပါ”

သူမသည် အနီရောင် ဝတ်ဆင်ထားကာ ချိုမြသော ပုံစံရှိသည်။ သူမ၏ ပုံရိပ်သည် သာမန်မိန်းကလေးထက်ပင် ပိုကောင်းသည်။ သူမတွင် လှပသော ကောက်ကြောင်း၊ စွဲလမ်းစေသည့် ရောင်ဝါရှိသည်။ နဂိုက သူမ၏သရုပ်မှန်၊ အသွင်အပြင်နှင့် ခွန်အားကို ယုံကြည်ချက်ရှိသော မိန်းကလေးသည် ယခုအခါ ဖြူဖျော့သွားသည်။

“မိန်းကလေးနန်ကုန်း ကိုယ့်ကိုယ်ကိုယ် လေးစားပါ”

မိသားစုကြီးလေးခု၏ လူငယ်မျိုးဆက်များရှေ့တွင် အစ်ကိုတုန်ဖန်းကျောက်သည် သူမကို လေးစားရန်ပြောခဲ့သည်။ ပြီးခဲ့တဲ့ နှစ်နှစ် လုံး သူ မှော်သားရဲတောမှာရှိပြီး သူမက ထောင့်လေးထောင့်မြို့မှာ ရှိတဲ့အချိန် သူ့ကို ဘယ်လောက်တောင် လွမ်းခဲ့လဲဆိုတာ သိရဲ့လား။ အရင်ကဆိုလျှင် သူသည် သူမအပေါ်တွင် ကောင်းပေးသည်။ သူသည် သူမအား သူမ၏ပထမဆုံး မှော်သားရဲပေးခဲ့သည်။ နှစ်နှစ်သာ ကြာသေးသည်။ သူမအကြောင်းများမေ့သွားပြီလား။

“အစ်ကိုတုန်ဖန်းကျောက် ကျွန်မ ချွင်းအာလေ နန်ကုန်းချွင်း မေ့သွားပြီ လား” နန်ကုန်းချွင်းသည် လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားကာ သူမ၏ မျက်လုံးများမှာလည်း မျက်ရည်များပြည့်လာသည်။ သူမသည် တုန်ဖန်းကျောက်အား အသည်းနှလုံးမရှိသည့် လူတစ်ယောက်ကဲ့သို့ ကြည့်လေသည်။

ပေထင်းဟွမ်သည် အနည်းငယ် ထိတ်လန့်မိသည်။ ဒါက ဘာငိုစရာလိုလို့ လဲ။ သူမသည် တုန်ဖန်းကျောက်အားကြည့်သည်။ ပြီးနောက် နန်ကုန်းချွင်းအား ကြည့်လိုက်၏။ သူတို့နှစ်ယောက်အကြားတွင် ဇာတ်လမ်းတစ်ပုဒ်ရှိနေသေးပုံပင်။ သူမသည် သူတို့ကိုမနှောင့်ယှက်လိုပေ။ ထို့ကြောင့် ချူဖုန်းကိုဆွဲကာ ယီနာအားပြောလိုက်သည် “မိန်းကလေးယီနာ ကျွန်တော်တို့ကို ပင်လယ် နက်ရှိုင်းကျောက်စိမ်းပြာနှစ်ခွက်နဲ့ ချောကလက်ပေါင်မုန့် နှစ်ယောက်စာပေးပါ စာရင်းကိုတော့ တုန်ဖန်းကျောက်ရဲ့နာမည်နဲ့မှတ်လိုက်ပါ”

ယီနာသည် တုန်ဖန်းကျောက်အား မျက်လုံးထောင့်မှကြည့်လိုက်သည်။ တုန်ဖန်းကျောက်သည် ပေထင်းဟွမ်၏ စကားကိုကြားသော်လည်း ငြင်းဆန်မှု မရှိသည်မှာ သေချာသည်။ ထိုအခါမှပင် သူမသည် တုံ့ပြန်ကာ ထွက်သွားပြီး စားပွဲထိုးကို သေရည်နှင့် ပေါင်မုန့်ပြင်ဆင်ရန် ညွှန်ကြားလိုက်သည်။

“ဟေး ကောင်လေး မင်းက ငါ့ပိုက်ဆံကျသုံးပြီး ငါ့အတွက်ကျ မှာမပေးဘူးလား ဒါက အကျင့်ပျက်လွန်းတာပဲ” တုန်ဖန်းကျောက်သည် စောဒကတက်လေသည်။ သူသည် နန်ကုန်းချွင်းကို ရှောင်ရှားသည့်အလား လက်မြှောက်ကာ ပေထင်းဟွမ်၏ပခုံးကို ဖက်လိုက်၏။ သူသည် ပေထင်းဟွမ်၏ပခုံးနှင့် သူ့မျက်နှာကိုကွယ်ကာ ခေါင်းငုံ့ပြီး တံခါးဘေးရှိ စားပွဲအလွတ်ဆီသို့ လျှောက်သွားလိုက်သည်။

“နေဦး”

အနီရောင်အရိပ်တစ်ခု ပျံလာသည်။ နန်ကုန်းချွင်းသည် လက်ဆန့်ထုတ်ကာ ပေထင်းဟွမ်နှင့် တုန်ဖန်းကျောက်တို့အား ပိတ်ပင်လိုက်သည်။ သူမ၏ အဆိပ်ပြင်းသော မျက်လုံးများသည် ပေထင်းဟွမ်အား မြွေတစ်ကောင်၏လျှာကဲ့သို့ စိုက်ကြည့်လေသည် “ရှင်က ဘယ်သူလဲ”

***

All Chapters